လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည် (အပိုင်း တစ်)

အနှစ်ခြောက်ထောင်ကျော်ကြာ ဆောင်ရွက်ခဲ့သည့် အမှုအလုံးစုံသည် မတူညီသော ခေတ်များ ကုန်လွန်သည်နှင့်အမျှ တဖြည်းဖြည်း ပြောင်းလဲလာပြီးဖြစ်သည်။ ဤအမှုထဲက အပြောင်းအလဲများသည် ကမ္ဘာလောက၏ ယေဘုယျ အခြေအနေများနှင့် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းကြောင်းတို့အပေါ် တစ်ပေါင်းတစ်စည်းတည်း အခြေခံပြီးဖြစ်ပေသည်။ စီမံခန့်ခွဲခြင်း အမှုသည်လည်း တဖြည်းဖြည်းသာ လျော်ညီစွာ ပြောင်းလဲပေပြီ။ ယင်းမှာ ဖန်ဆင်းခြင်းအစမှ အားလုံး စီစဉ်ထားခဲ့သည် မဟုတ်ချေ။ ကမ္ဘာလောကကြီးကို မဖန်ဆင်းမီတွင် သို့မဟုတ် ဖန်ဆင်းပြီးနောက် သိပ်မကြာမီတွင်၊ ယေဟောဝါသည် မောဘ၏ သားစဉ်မြေးဆက်အချို့နှင့် သူ ပထမဦးဆုံး စတင်ပြီး ဤမှတစ်ဆင့် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်မည် ဖြစ်သည့် ပညတ်တော်နှင့်ဆိုင်သည့် အမှု၏ ပထမအဆင့်၊ ကျေးဇူးတော်နှင့်ဆိုင်သည့် အမှု၏ ဒုတိယအဆင့် သို့မဟုတ် သိမ်းပိုက်ခြင်းနှင့် ဆိုင်သည့် အမှု၏ တတိယအဆင့်တို့ကို မစီစဉ်ထားခဲ့သေးပေ။ ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက်တွင်၊ သူသည် ဤစကားများကို မည်သည့်အခါမျှ မပြောဆိုခဲ့သကဲ့သို့၊ မောဘ ပြီးသည့်နောက်တွင်လည်း ယင်းတို့ကို တစ်ကြိမ်တစ်ခါမျှ မပြောဆိုခဲ့ပေ။ အမှန်စင်စစ် လောတ မတိုင်မီတွင်၊ ယင်းတို့ကို သူ လုံးဝ မမိန့်မြွက်ခဲ့ပေ။ ဘုရားသခင်၏ အမှုအားလုံးကို ကောက်ကာငင်ကာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အမှု တိုးတက်လာပြီးဖြစ်သည့်ပုံ အတိအကျ ဖြစ်သည်။ ကမ္ဘာလောကကို မဖန်ဆင်းမီတွင် သူသည် “လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အနှစ်ချုပ်ဇယား” တစ်ခုကဲ့သို့သော ပုံစံ တစ်ခုဖြင့် ထိုသို့သော အစီအစဉ်တစ်ခုကို သူ လုံးဝ မရေးသားခဲ့ပေ။ ဘုရားသခင်၏ အမှုတွင် သူ၏ ဖြစ်ခြင်းကို သူတိုက်ရိုက် ဖော်ပြသည်။ အစီအစဉ်တစ်ခုကို ဖော်ထုတ်ရန် သူသည် ဦးနှောက်ခြောက်အောင် မစဉ်းစားချေ။ ဟုတ်ပေ၏၊ ပရောဖက် အနည်းငယ်တို့သည် ကြီးမြတ်သည့် ပရောဖက်ပြုချက်များစွာကို ပြောဆိုကြပြီး ဖြစ်သည်၊ သို့သော်လည်း ယင်းမှာ ဘုရားသခင်၏ အမှုသည် အမြဲ ရှင်းလင်းတိကျသည့် စီမံကိန်းတစ်ခု ဖြစ်လေပြီဟု ပြော၍ မရနိုင်ပေ။ ထိုပရောဖက်ပြုချက်များကို ထိုအချိန်က ဘုရားသခင်၏ အမှုနှင့်အညီ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ သူလုပ်ဆောင်သည့် အမှုအားလုံးသည် အစစ်မှန်ဆုံးသော အမှု ဖြစ်သည်။ သူသည် ယင်းကို ခေတ်ကာလ အသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ ဆောင်ရွက်ပြီး အမှုအရာများ ပြောင်းလဲပုံအပေါ် ယင်းကို အခြေပြုခဲ့သည်။ သူ့အတွက်၊ အမှုကို ဆောင်ရွက်ခြင်းသည် အနာနှင့်ဆေး သင့်တော်အောင်ပေးခြင်းနှင့် ဆင်တူသည်။ သူ၏ အမှုကို လုပ်ဆောင်စဉ်တွင်၊ သူစောင့်ကြည့် လေ့လာပြီး သူ၏ လေ့လာချက်များ အတိုင်း သူ၏ အမှုကို ဆက်လက် လုပ်ဆောင်လေသည်။ သူ့အမှု၏ အဆင့်တိုင်းတွင်၊ ဘုရားသခင်သည် သူ၏ ကြီးမားသည့် ဉာဏ်ပညာနှင့် အစွမ်းအစတို့ကို ဖော်ပြနိုင်စွမ်း ရှိသည်။ သူသည် သီးသန့် မည်သည့် ခေတ်မဆို၏ အမှုအတိုင်း သူ၏ ကြွယ်ဝသော ဉာဏ်ပညာနှင့် ဩဇာအာဏာတို့ကို ထုတ်ဖော်ပြပြီး၊ ထိုခေတ်အတွင်းတွင် သူ ဆောင်ကြဉ်းခဲ့သည့် လူတို့အားလုံးကို သူ၏ စိတ်သဘောထား အလုံးစုံအား တွေ့မြင်ခွင့်ပေးလေသည်။ သူသည် သူ လုပ်သင့်သည့် မည်သည့်အမှုကိုမဆို လုပ်ဆောင်ရင်း၊ ခေတ်အသီးသီးတွင် လုပ်ဆောင်ဖို့ လိုအပ်သည့် အမှုနှင့်အညီ လူတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးလေသည်။ စာတန်က ၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည့် အတိုင်းအတာအပေါ် အခြေခံပြီး ၎င်းတို့ လိုအပ်သည့်အရာကို လူတို့အား သူ ထောက်ပံ့သည်။ ယင်းမှာ ယေဟောဝါက အာဒံနှင့် ဧဝကို ကနဦး ဖန်ဆင်းခဲ့ချိန်တွင်၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်ကို ထင်ရှားစေဖို့ ၎င်းတို့အား တတ်နိုင်စေရန်နှင့် ဖန်ဆင်းခြင်းအလယ်တွင် ဘုရားသခင်၏ သက်သေကို ၎င်းတို့ ခံနိုင်ကြဖို့အလို့ငှာ သူ လုပ်ဆောင်ခဲ့ပုံကဲ့သို့ ဖြစ်သည်။ သို့သော် ဧဝသည် မြွေ၏ သွေးဆောင်ခြင်းကို ခံရပြီးနောက် အပြစ်ပြုခဲ့ပြီး၊ အာဒံက အလားတူ လုပ်ဆောင်ခဲ့သည်။ ဥယျာဉ်ထဲတွင် ၎င်းတို့နှစ်ဦးလုံးသည် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကို စားခဲ့ကြသည်။ ထို့ကြောင့် ယေဟောဝါသည် ၎င်းတို့အပေါ် နောက်ထပ်အလုပ် ဆောင်ရွက်ရန် ရှိခဲ့သည်။ ၎င်းတို့၏ ကိုယ်လုံးတီးဖြစ်မှုကို မြင်သည့်အခါ၊ သူသည် ၎င်းတို့၏ ကိုယ်ခန္ဓာများကို တိရစ္ဆာန်သားရေများဖြင့် ပြုလုပ်ထားသည့် အဝတ်အစားဖြင့် ဖုံးစေခဲ့သည်။ ထို့နောက်တွင် သူက အာဒံကို၊ “ထိုအပင်၏ အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။...သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင်...အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်” ဟု ဆိုခဲ့သည်။ သူက မိန်းမကို၊ “သင်၌ ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန် များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်။” ဟု ပြောခဲ့သည်။ ထိုအချိန်မှစပြီး သူသည် ၎င်းတို့ကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့ပြီး ခေတ်ပေါ်လူသားက ယခု ကမ္ဘာမြေပေါ်တွင် နေထိုင်သကဲ့သို့ ဥယျာဉ်၏ ပြင်ပတွင် နေထိုင်စေခဲ့သည်။ အစအဦး၌ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ချိန်တွင်၊ ဖန်ဆင်းခံရပြီးနောက် လူသားကို မြွေ၏ သွေးဆောင်ခြင်းကို ခံရစေပြီး၊ ထို့နောက် လူသားနှင့် မြွေကို ကျိန်ဆိုဖို့မှာ သူ၏ အစီအစဉ် မဟုတ်ခဲ့ပေ။ သူသည် ထိုသို့သော အစီအစဉ်တစ်ခု အမှန်တကယ် မရှိခဲ့ပေ။ ယင်းမှာ သူ၏ ဖန်ဆင်းခြင်းအလယ်တွင် လုပ်ဆောင်ဖို့ အမှုသစ်ကို သူ့အား ပေးသည့် အမှုအရာများ ဖြစ်ပေါ်သည့်ပုံစံ သက်သက် ဖြစ်သည်။ ယေဟောဝါသည် ကမ္ဘာမြေပေါ်တွင် ဤအမှုကို အာဒံနှင့် ဧဝတို့အလယ် ဆောင်ရွက်ခဲ့ပြီးသည့်နောက်တွင်၊ လူသားမျိုးနွယ်သည် နှစ်ထောင်ပေါင်းများစွာ ဆက်လက် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ သို့သော်လည်း “မြေကြီးပေါ်တွင် လူ၏ ဒုစရိုက်အပြစ် ကြီးမားပြီး သူ၏ စိတ်နှလုံးအကြံအစည်အားလုံး အစဉ်မပြတ် ဆိုးညစ်ကြောင်းကို ယေဟောဝါ သိမြင်တော်မူ၏။ ယင်းက မြေကြီးပေါ်မှာ လူကို ဖန်ဆင်းသည်ကို ယေဟောဝါအား နောင်တရစေပြီး သူ၏ စိတ်နှလုံးကို ဝမ်းနည်းကြေကွဲ စေသည်။...သို့သော် နောဧသည် ယေဟောဝါ၏ အမြင်တွင် အသရေရှိသောသူ ဖြစ်သည်။” ဤအချိန်တွင် သူဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်သည် မြွေ၏သွေးဆောင်ခြင်းကို ခံရပြီးသည့်နောက်တွင် အပြစ်အလွန် ကြီးထွားလာသည့်အတွက် ယေဟောဝါသည် နောက်ထပ် လုပ်ဆောင်စရာ အမှုအသစ် ရှိခဲ့သည်။ ဤအခြေအနေများကို ထောက်ဆလျှင်၊ လူသားမျိုးနွယ် အားလုံးထဲတွင် ယေဟောဝါသည် နောဧ၏ မိသားစုကို ချမ်းသာရာရစေဖို့ ရွေးချယ်ခဲ့ပြီး၊ ထို့နောက် ရေလွှမ်းမိုးခြင်းဖြင့် ကမ္ဘာကို ဖျက်ဆီးခြင်းနှင့်ဆိုင်သည့် သူ၏အမှုကို ဆောင်ရွက်ခဲ့သည်။ လူသားမျိုးနွယ်သည် တိုး၍တိုး၍ ဖောက်ပြန်ပျက်စီးလာလျက်၊ ဤနေ့အထိ ဤပုံစံဖြင့် ဆက်လက်ဖွံ့ဖြိုး တိုးတက်ခဲ့ကာ၊ လူသားမျိုးနွယ်၏ တိုးတက်မှုက ယင်း၏ အထွတ်အထိပ်သို့ ရောက်ရှိသည့် အချိန် ရောက်လာသည့်အခါတွင်၊ ယင်းသည် လူသားမျိုးနွယ်၏ အဆုံးသတ် သဘောသက်ရောက်ပေလိမ့်မည်။ အစအဦးမှ ကမ္ဘာလောက၏ အဆုံးသတ်အထိ၊ သူ့အမှု၏ အတွင်း သမ္မာတရားသည် ဤပုံစံ အမြဲ ဖြစ်ပြီးသကဲ့သို့ အမြဲ ဖြစ်လိမ့်မည် ဖြစ်သည်။ ယင်းမှာ လူတို့သည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရမည့် ပုံကဲ့သို့ပင် ဖြစ်သည်။ ယင်းမှာ လူအယောက်စီတိုင်းသည် အတန်းအစား တစ်ခုခုနှင့် သက်ဆိုင်ဖို့ အစအဦး၌ ခွဲခန့်မှတ်သားထားခံရသည်ဆိုသကဲ့သို့ ဖြစ်ဖို့ ဝေးပါသေးသည်။ ယင်းထက် အယောက်တိုင်းသည် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တစ်ခုကို ကြုံရပြီးသည့်နောက်မှသာ တဖြည်းဖြည်း အမျိုးအစား ခွဲခံရပေသည်။ အဆုံးတွင် ပြီးပြည့်စုံသော ကယ်တင်ခြင်း ဆောင်ကြဉ်းပေး၍ မရသည့်သူ မည်သူမဆိုသည် ၎င်းတို့၏ “ဘိုးဘေးများ”ထံ ပြန်သွားကြရလိမ့်မည်။ လူသားမျိုးနွယ်အလယ် ဘုရားသခင်၏ အမှုထဲမှ မည်သည့်အရာကမျှ ကမ္ဘာလောကကို ဖန်ဆင်းခြင်းနှင့်တစ်ပြိုင်နက် ပြင်ဆင်ထားနှင့်ခဲ့ပြီးဖြစ်သည် မဟုတ်ပေ။ ထို့ထက် ဘုရားသခင်အား လူသားမျိုးနွယ်အလယ် သူ၏ အမှုကို တစ်ဆင့်ချင်းနှင့် သာ၍ စစ်မှန်ကာ လက်တွေ့ကျသည့် ပုံစံဖြင့် ဆောင်ရွက်ခွင့်ပေးပြီးဖြစ်သည်မှာ အမှုအရာများ၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သည်။ ဥပမာအားဖြင့် ယေဟောဝါသည် မိန်းမကို သွေးဆောင်ရန် မြွေကို မဖန်ဆင်းခဲ့ပေ။ ယင်းမှာ သူ၏ တိကျသော အစီအစဉ် မဟုတ်သကဲ့သို့၊ သူ တမင်တကာ ခွဲခန့်မှတ်သားထားသည့် အရာတစ်ခုလည်း မဟုတ်ခဲ့ချေ။ ဤသည်မှာ မျှော်လင့်မထားခဲ့သည့် အဖြစ်အပျက် တစ်ခု ဖြစ်ခဲ့သည်ဟု ပြော၍ရနိုင်သည်။ ထို့ကြောင့် ယေဟောဝါသည် အာဒံနှင့်ဧဝကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့ပြီး လူကို မည်သည့်အခါမျှ တစ်ဖန် မဖန်ဆင်းဖို့ သန္နိဋ္ဌာန်ပြုခဲ့သည်မှာ ဤအရာကြောင့် ဖြစ်သည်။ သို့သော်လည်း လူတို့သည် ဤအခြေခံအုတ်မြစ်အပေါ်တွင် ဘုရားသခင်၏ ဉာဏ်ပညာကိုသာ တွေ့ရှိကြလေသည်။ ယင်းမှာ ယခင်က ငါပြောခဲ့သည့်အတိုင်းသာ ဖြစ်သည်- “ငါသည် ငါ၏ ဉာဏ်ပညာကို စာတန်၏ အကြံအစည်များပေါ် အခြေခံ၍ ကျင့်သုံးသည်။” လူသားမျိုးနွယ်သည် မည်သို့ တိုး၍ ဖောက်ပြန်ပျက်စီးသည် ဖြစ်စေ သို့မဟုတ် မြွေက ၎င်းတို့ကို မည်သို့ သွေးဆောင်သည် ဖြစ်စေ၊ ယေဟောဝါသည် သူ၏ဉာဏ်ပညာ ရှိနေဆဲ ဖြစ်သည်။ ထိုသို့ဖြင့် သူသည် ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကတည်းက အမှုသစ်တွင် ပါဝင်ပတ်သက်ပြီး ဖြစ်သကဲ့သို့၊ ဤအမှု၏ အဆင့်များထဲမှ မည်သည့်အဆင့်ကိုမျှ တစ်ကြိမ်တစ်ခါမျှ ထပ်မလုပ်ဖူးပေ။ စာတန်သည် အကြံအစည်များကို အဆက်မပြတ် အသက်သွင်းလေသည်၊ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အဆက်မပြတ် ခံရပြီးဖြစ်ကာ၊ ယေဟောဝါ ဘုရားသခင်သည် သူ၏ ဉာဏ်ပညာရှိသည့် အမှုကို မရပ်မနား ဆောင်ရွက်ပြီး ဖြစ်သည်။ သူသည် မည်သည့်အခါမျှ မကျရှုံးဖူးသကဲ့သို့၊ ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကတည်းက အမှုပြုခြင်းကို မရပ်တန့်ဖူးပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ် ဖြစ်ခဲ့သည့် ရန်သူ၊ ၎င်းကို အနိုင်ယူဖို့ လူသားမျိုးနွယ်အလယ်တွင် အမှုပြု‌မြဲပြုနေပြီး ဖြစ်သည်။ ဤတိုက်ပွဲသည် အစအဦးကတည်းက သဲကြီးမဲကြီး ဖြစ်ပွားခဲ့ပြီး ကမ္ဘာအဆုံးအထိ ဆက်လက်ဖြစ်ပွားလိမ့်မည် ဖြစ်သည်။ ဤအမှု အားလုံးကို လုပ်ဆောင်ရာတွင်၊ ယေဟောဝါ ဘုရားသခင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားများကို သူ၏ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိခွင့် ပေးပြီးသည်သာမက၊ သူ၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် ဩဇာအာဏာတို့ကိုလည်း တွေ့မြင်ခွင့် ပေးပြီးဖြစ်သည်။ ထို့အပြင် အဆုံးတွင် သူသည်- ဆိုးယုတ်သူကို အပြစ်ပေးပြီး ကောင်းမြတ်သည့်သူကို ဆုချီးမြှင့်ရင်း- သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို လူသားမျိုးနွယ်ကို မြင်ခွင့်ပေးမည် ဖြစ်သည်။ သူသည် စာတန်ကို ဤနေ့အထိ တိုက်ခိုက်ပြီးဖြစ်ကာ မရှုံးနိမ့်ဖူးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူသည် ဉာဏ်ပညာ ရှိသည့် ဘုရားသခင် ဖြစ်ပြီး သူ၏ ဉာဏ်ပညာကို စာတန်၏ အကြံအစည်များအပေါ် အခြေခံကာ ကျင့်သုံးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိသမျှ အရာတိုင်းကို သူ၏ဩဇာအာဏာအား ကျိုးနွံနာခံစေသည်သာမက၊ ကမ္ဘာမြေပေါ်ရှိသည့် အရာတိုင်းကိုလည်း သူ၏ ခြေတင်ရာ ခုံအောက်တွင် အနားပေးထားကာ၊ အနည်းဆုံးအနေဖြင့် သူသည် လူသားမျိုးနွယ်ကို ကျူးကျော်ကာ နှောင့်ယှက်သည့် ဆိုးယုတ်သူများကို သူ၏ ပြစ်တင်ဆုံးမမှုအတွင်းသို့ ကျရောက်စေသည်။ ဤအမှု၏ အကျိုးရလဒ် အားလုံးသည် သူ၏ ဉာဏ်ပညာကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူသည် ကောင်းကင်၊ မြေကြီးပေါ် သို့မဟုတ် စကြဝဠာ တစ်ခုလုံး၌ မည်သည့်နေရာတွင်မဆို ရန်သူ မရှိသကဲ့သို့၊ သဘာဝအလယ်တွင် ကျူးကျော်ဝင်ရောက်သည့် မည်သည့် အမှောင်အင်အားစုများ မရှိခဲ့သည့်အတွက်၊ သူသည် သူ၏ဉာဏ်ပညာကို လူသားမျိုးနွယ် မတည်ရှိမီတွင် လုံးဝ မထုတ်ဖော်ပြခဲ့ဖူးပေ။ ကောင်းကင်တမန်မင်းက သူ့ကို သစ္စာဖောက်ခဲ့သည့်နောက်တွင်၊ သူသည် ကမ္ဘာပေါ်၌ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး သူသည် ကောင်းကင်တမန်မင်း ဖြစ်သည့် စာတန်နှင့် နှစ်ထောင်ချီကြာသည့် သူ၏ စစ်ပွဲကို- ဆက်တိုက်အဆင့်အတိုင်းတွင် တိုး၍ ပြင်းထန်လာသည့် စစ်ပွဲတစ်ခုကို- တရားဝင် စတင်ခဲ့သည်မှာ လူသားမျိုးနွယ်ကြောင့် ဖြစ်သည်။ သူ၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့သည် ဤအဆင့်များ အသီးသီးတွင် ပါရှိသည်။ ထိုအခါမှသာ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာရာတိုင်းသည် ဘုရားသခင်၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် အထူးသဖြင့် ဘုရားသခင်၏ စစ်မှန်မှုကို မျက်မြင်တွေ့ကြရလေသည်။ သူသည် ယနေ့အထိ ဤသူ၏ အမှုကို အလားတူ ဤစစ်မှန်သည့် နည်းဟန်ဖြင့် ဆောင်ရွက်နေဆဲ ဖြစ်သည်။ ထို့အပြင် သူ၏အမှုကို သူ ဆောင်ရွက်သည်နှင့်အမျှ၊ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့ကိုလည်း သူ ထုတ်ဖော်ပြလေသည်။ သူသည် သင်တို့ကို အမှု၏ အဆင့်အသီးသီးနှင့်ဆိုင်သည့် အတွင်းကျကျ သမ္မာတရားကို မြင်ခွင့်၊ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သို့ရှင်းပြရမည်ဆိုသည်ကို အတိအကျ မြင်ခွင့်အပြင်၊ ဘုရားသခင်၏ စစ်မှန်မှုနှင့်ဆိုင်သည့် ခိုင်မာသော ရှင်းပြချက် တစ်ခု မြင်ခွင့်ပေးလေသည်။

ယေရှုကို ယုဒ၏ သစ္စာဖောက်ခြင်းနှင့်စပ်လျဉ်း၍၊ လူအချို့က- ကမ္ဘာလောကကို ဖန်ဆင်းခြင်း မတိုင်မီတွင် သူသည် ခွဲခန့်မှတ်သားထားခံရပြီးဖြစ်သည် မဟုတ်လောဟု တွေးကြသည်။ အမှန်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် အချိန်၏ လက်တွေ့အရှိတရားပေါ် အခြေခံ၍ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ရန်ပုံငွေများကို အမြဲ အလွဲသုံးစားလုပ်တတ်သည့် ယုဒဟူသော အမည်နှင့် လူတစ်ဦး ရှိခဲ့သည်၊ ထို့ကြောင့် ဤလူသည် ဤအခန်းကဏ္ဍကို လုပ်ဆောင်ဖို့နှင့် ဤနည်းဖြင့် အစေခံခြင်းပြုဖို့ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ ဤသည်မှာ အနီးအနားရှိ အရင်းအမြစ်များကို အသုံးပြုခြင်းနှင့်ဆိုင်သည့် မှန်ကန်သည့် ဥပမာတစ်ခု ဖြစ်သည်။ ယေရှုသည် ပထမတွင် ဤအရာကို သတိမထားမိခဲ့ပေ။ ယုဒ ဖော်ထုတ် ခံရသည့်နောက်တွင်၊ ယင်းနှင့်ပတ်သက်၍ သူသိသွားခဲ့ခြင်း ဖြစ်သည်။ အခြားတစ်စုံတစ်ဦးသည် ဤအခန်းကဏ္ဍကို လုပ်ဆောင်နိုင်စွမ်း ရှိခဲ့မည်ဆိုပါက၊ ထိုလူသည် ယုဒအစား လုပ်ဆောင်ပြီး ဖြစ်ပေမည်။ ကြိုတင်ခွဲခန့်မှတ်သားထားပြီးဖြစ်သည့်အရာသည် အမှန်တွင် သန့်ရှင်းသော ဝိညာဉ်တော်က ထိုအခိုက်အတန့်တွင် လုပ်ဆောင်ခဲ့သည့် အရာတစ်ခု ဖြစ်ခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် အမြဲ ကောက်ကာငင်ကာ လုပ်ဆောင်ခြင်း ဖြစ်သည်။ သူသည် အချိန်မရွေး သူ၏ အမှုကို စီစဉ်နိုင်ပြီး၊ အချိန်မရွေး ဆောင်ရွက်နိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် စစ်မှန်ပြီး၊ ယင်းသည် အမြဲ သစ်လွင်သည်၊ မည်သည့်အခါမျှ မအိုဟောင်းသကဲ့သို့ အမြင့်ဆုံး အတိုင်းအတာအထိ အမြဲ လတ်ဆတ်သည်ဟု အဘယ်ကြောင့် ငါအမြဲ ပြောသနည်း။ ကမ္ဘာလောကကို ဖန်ဆင်းခဲ့ချိန်တွင် သူ၏အမှုကို စီစဉ်ခဲ့နှင့်ပြီးသား မဟုတ်ပေ။ ယင်းမှာ ဖြစ်ပျက်ခဲ့သည့်အရာ လုံးဝ မဟုတ်ချေ။ အမှု၏ အဆင့်တိုင်းသည် သူနှင့်သက်ဆိုင်ရာ အချိန်ကာလအတွက် ယင်း၏ သင့်တော်သည့် အကျိုးတရားကို ရရှိပြီး အဆင့်များသည် အချင်းချင်း ဝင်ရောက် စွက်ဖက်ခြင်း မရှိပေ။ အကြိမ်များစွာ သင့်စိတ်ထဲတွင် ရှိကောင်းရှိမည့် အစီအစဉ်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နောက်ဆုံး အလုပ်များနှင့် တကယ့်ကိုကိုက်ညီမှုမရှိပေ။ သူ၏ လုပ်ဆောင်ချက်သည် လူသား တွေးခေါ်မြော်မြင်မှုလောက် မရိုးရှင်းသကဲ့သို့၊ လူသား စိတ်ကူးသလောက် မရှုပ်ထွေးချေ- ယင်းမှာ လူတို့အား ၎င်းတို့၏ လတ်တလော လိုအပ်ချက်များနှင့်အညီ အချိန်မရွေးနှင့် နေရာမရွေး ထောက်ပံ့ခြင်း ပါဝင်သည်။ လူသား၏ အနှစ်သာရနှင့်ပတ်သက်၍ သူ့ထက် မည်သူမျှ သာ၍ မရှင်းလင်းသကဲ့သို့၊ လူတို့၏ စစ်မှန်သော လိုအပ်ချက်များကို သူ၏ အမှု လုပ်ဆောင်သလောက် မည်သည့်အရာကမျှ ကောင်းစွာ မဖြည့်ဆည်းနိုင်သည်မှာ ဤအရာကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသား ရှုထောင့်တစ်ခုမှ၊ သူ၏ အမှုကို ထောင်စုနှစ်အချို့တွင် ကြိုတင် စီစဉ်ထားပြီးဖြစ်သည်ဟု ထင်ရသည်။ ယခု သူသည် သင်တို့အလယ်တွင် အမှုပြုသည်နှင့်အမျှ၊ သင်တို့ ရှိကြသည့် အခြေအနေများကို သူ စောင့်ကြည့်သည်နှင့်အမျှ၊ အမှုပြုကာ စကားပြောနေစဉ်တွင်၊ သူသည် လူတို့ လိုအပ်သည့်အရာ အတိအကျဖြစ်သည့် နှုတ်ကပတ်တော်များကို ပြောဆိုရင်း အခြေအနေ အမျိုးအစားတစ်ခုစီတိုင်းကို တွေ့ကြုံရာတွင် ပြောဖို့ မှန်ကန်သော နှုတ်ကပတ်တော်များ သူ၌ ရှိလေသည်။ သူ၏ အမှု ပထမအဆင့်- ပြစ်တင်ဆုံးမခြင်း အချိန်ကာလကို- ကြည့်လော့။ ယင်းနောက်တွင်၊ ဘုရားသခင်သည် လူများ ထင်ရှားပြသည့်အရာ၊ ၎င်းတို့၏ပုန်ကန်လိုမှု၊ ယင်းတို့မှ ထွက်ပေါ်လာသည့် အပြုသဘောဆောင်သည့်အခြေအနေများနှင့် အပျက်သဘောဆောင်သည့် အခြေအနေများအပြင်၊ ထိုအပျက်သဘောဆောင်သည့် အခြေအနေများက အတိုင်းအတာ တစ်ခုကို ရောက်သည့်အခါတွင် လူများ ကျရှုံးနိုင်သည့် အနိမ့်ဆုံး အတိုင်းအတာတို့ပေါ်တွင် အခြေခံ၍ သူ၏အမှုကို ပြုခဲ့သည်။ ပြီးလျှင် သူ၏အမှုမှ သာ၍ များစွာ ကောင်းမွန်သည့် ရလဒ်တစ်ခု စွမ်းဆောင်ရရှိဖို့ ဤအရာများကို လက်မလွှတ်တမ်း အသုံးချလေသည်။ ဆိုလိုသည်မှာ သူသည် လူများ အလယ်တွင် မည်သည့်အချိန်တွင်မဆို ၎င်းတို့၏ လတ်တလော မည်သည့်အခြေအနေပေါ်တွင်ဖြစ်စေ အခြေခံ၍ အားဖြည့်ပေးခြင်းအမှုကို လုပ်ဆောင်လေသည်။ သူသည် လူတို့၏ တကယ့် အခြေအနေများအတိုင်း သူ့အမှု၏ အဆင့်တိုင်းကို ဆောင်ရွက်လေသည်။ ဖန်ဆင်းခြင်း အားလုံးသည် သူ့လက်ထဲတွင် ရှိသည်။ ယင်းတို့ကို သူ အဘယ်သို့ မသိနိုင်ရမည်နည်း။ သူသည် လူများ၏ အခြေအနေများနှင့်အညီ လုပ်ဆောင်သင့်သည့် အမှု၏ နောက်တစ်ဆင့်ကို အချိန်မရွေး နေရာမရွေး ဆောင်ရွက်သည်။ ဤအမှုကို နှစ်ထောင်ပေါင်းများစွာက ကြိုတင်စီစဉ်ထားခြင်း လုံးဝ မဟုတ်ပေ။ ယင်းမှာ လူသား အယူအဆတစ်ခု ဖြစ်သည်။ သူသည် သူ့အမှု၏ အကျိုးသက်ရောက်မှုကို ကြည့်ရှုလေ့လာသည်နှင့်အမျှ အမှုပြုပြီး၊ သူ၏ အမှုသည် အဆက်မပြတ် နက်သည်ထက်နက်လာပြီး တိုးတက်လေသည်။ အချိန်တိုင်းတွင်၊ သူ့အမှု၏ ရလဒ်များကို ကြည့်ရှုလေ့လာပြီးနောက်၊ သူ့အမှု၏ နောက်ထပ်အဆင့်ကို သူအကောင်အထည် ဖော်လေသည်။ သူသည် ဖြည်းဖြည်းချင်း ကူးပြောင်းဖို့နှင့် အချိန်လွန်သည်နှင့်အမျှ လူတို့အား သူ၏ အမှုသစ်ကို မြင်၍ရနိုင်စေဖို့ အမှုအရာများစွာကို သူ အသုံးပြုလေသည်။ ဘုရားသခင်သည် လူများကို အလွန်ကောင်းစွာ သိရှိသည့်အတွက်၊ ဤအမှုပြုခြင်းပုံစံသည် လူတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်ပေသည်။ ဤသည်မှာ ကောင်းကင်ဘုံမှ သူ၏ အမှုကို သူ ဆောင်ရွက်သည့်ပုံ ဖြစ်သည်။ ထိုနည်းတူ လူ့ဇာတိခံ ဘုရားသခင်သည် တကယ့် အခြေအနေများအတိုင်း အစီအစဉ်များ ပြုလုပ်ရင်းနှင့် လူသားများအလယ် အမှုပြုရင်း၊ အလားတူ နည်းလမ်းဖြင့် သူ၏ အမှုကို လုပ်ဆောင်လေသည်။ သူ၏အမှုထဲမှ မည်သည့်အရာကိုမျှ ကမ္ဘာလောကကို မဖန်ဆင်းမီက စီစဉ်ထားခဲ့ပြီးဖြစ်သည် မဟုတ်သကဲ့သို့၊ အသေးစိတ် ကြိုတင် စီစဉ်ထားခဲ့ပြီးဖြစ်သည်လည်း မဟုတ်ပေ။ ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက် အနှစ်နှစ်ထောင်အကြာတွင်၊ လူသားမျိုးနွယ်သည် အလွန် ဖောက်ပြန်ပျက်စီးလာခဲ့ပြီး ဖြစ်သည်ကို ယေဟောဝါ မြင်ခဲ့ပြီး၊ ပညတ်တော်ခေတ် အဆုံးသတ်ခဲ့ပြီးသည့်နောက်၊ ကျေးဇူးတော်ခေတ်၌ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းနှင့်ဆိုင်သည့် သူ့အမှုအား သူဆောင်ရွက်မည်ကို ကြိုတင်ဟောကိန်းထုတ်ဖို့ ပရောဖက် ဟေရှာယ၏ နှုတ်ကို အသုံးပြုခဲ့သည်။ ဟုတ်ပေ၏၊ ဤသည်မှာ ယေဟောဝါ၏ အစီအစဉ် ဖြစ်ခဲ့သည်၊ သို့သော် ဤအစီအစဉ်ကိုလည်း ထိုအချိန်က သူ လေ့လာကြည့်ရှုနေခဲ့သည့် အခြေအနေများအတိုင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အာဒံကို ဖန်ဆင်းပြီးသည့်နောက် ချက်ချင်း သူသည် ယင်းကို သေချာပေါက် မတွေးမိခဲ့ပေ။ ဟေရှာယသည် ပရောဖက်ပြုချက် တစ်ခုကို ဖွင့်ဟရုံမျှ ဖွင့်ဟခဲ့သော်လည်း၊ ယေဟောဝါသည် ပညတ်တော်ခေတ် အတွင်းတွင် ဤအမှုအတွက် ပြင်ဆင်မှုများ ကြိုတင် ပြုလုပ်ခဲ့ပြီးခြင်း မဟုတ်ပေ။ ယင်းထက် ဘုရားသခင်သည် လူ့ဇာတိခံယူမည် ဖြစ်သည်ဆိုသည့် သတင်းစကားဖြင့် သူ့ကို အသိဉာဏ်ပွင့်လင်းစေဖို့ ယောသပ်၏ အိပ်မက်ထဲ၌ စေတမန် ပေါ်လာခဲ့ချိန်၊ ကျေးဇူးတော်ခေတ်၏ အစတွင် ယင်းကို သူ အသက်သွင်းခဲ့ပြီး၊ ထို့နောက်တွင်မှ သူ၏ လူ့ဇာတိခံယူခြင်းအမှု စတင်ခဲ့ပေသည်။ ဘုရားသခင်သည် လူများထင်သကဲ့သို့ ကမ္ဘာလောကကို ဖန်ဆင်းပြီးပြီးချင်း သူ၏လူ့ဇာတိခံယူခြင်းအမှုကို ပြင်ဆင်ထားခဲ့သည် မဟုတ်ပေ။ ယင်းကို လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ဖြစ်သည့် အတိုင်းအတာနှင့် စာတန်နှင့် သူ၏ စစ်ပွဲအခြေအနေအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်သည်။

ဘုရားသခင် လူ့ဇာတိခံယူချိန်တွင်၊ သူ၏ဝိညာဉ်တော်သည် လူသားတစ်ဦးအပေါ် သက်ဆင်းသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ယူတင် ဝတ်ဆင်ခြင်း ဖြစ်သည်။ သူသည် အကန့်အသတ်ရှိသည့် အဆင့်အချို့ကို သူနှင့်အတူ ဆောင်ကြဉ်းဖို့ မဟုတ်ဘဲ၊ ကမ္ဘာပေါ်၌ သူ၏အမှုကို လုပ်ဆောင်ဖို့ ကြွလာပေသည်။ သူ၏ အမှုသည် လုံးဝ အကန့်အသတ်မဲ့ ဖြစ်သည်။ လူ့ဇာတိ၌ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်သည့် အမှုကို သူ့အမှု၏ ရလဒ်များအားဖြင့် သတ်မှတ်ထားခြင်း ဖြစ်နေဆဲ ဖြစ်ပြီး၊ သူသည် လူ့ဇာတိ၌ ရှိစဉ် သူ အမှုပြုမည့် အချိန်ကာလကြာရှည်မှုကို ဆုံးဖြတ်ဖို့ ထိုသို့သော အရာများကို အသုံးပြုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ လိုက်လျောသည်နှင့်အမျှ သူ၏ အမှုကို ဆန်းစစ်ရင်း၊ သူ၏အမှု၏ အဆင့်အသီးသီးကို တိုက်ရိုက် ထုတ်ဖော်ပြသည်။ ဤအမှုသည် လူ၏ စိတ်ကူးစိတ်သန်း အကန့်အသတ်များကို ဆွဲဆန့်ဖို့ကဲ့သို့ အလွန် သဘာဝလွန်ဖြစ်သောအရာ တစ်ခုမျှမရှိပေ။ ဤသည်မှာ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းရာတွင် ယေဟောဝါ၏ အမှုကဲ့သို့ ဖြစ်သည်။ သူသည် တစ်ပြိုင်နက် စီစဉ်ပြီး အမှုပြုခဲ့သည်။ သူသည် အလင်းကို အမှောင်မှ ခွဲထုတ်ပြီး၊ မနက်နှင့် ညတို့ ဖြစ်တည်လာခဲ့သည်- ဤအရာက တစ်ရက်ကြာသည်။ ဒုတိယနေ့တွင် မိုးကောင်းကင်ကို သူ ဖန်ဆင်းပြီး ယင်းသည်လည်း တစ်ရက်ကြာခဲ့သည်။ ထို့နောက် သူသည် ကမ္ဘာမြေကြီး၊ ပင်လယ်များနှင့် ယင်းတို့ကို မှီတင်းနေထိုင်သည့် သတ္တဝါအားလုံးကို ဖန်ဆင်းခဲ့သည်၊ ယင်းသည် နောက်ထပ်တစ်ရက် လိုအပ်ခဲ့ပေသေး၏။ ဤသည်မှာ ဘုရားသခင်က လူသားကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေပေါ်ရှိ အရာခပ်သိမ်းကို စီမံခွင့်ပေးသည့်အချိန် ခြောက်ရက်မြောက်နေ့အထိ ဆက်ဖြစ်ခဲ့သည်။ ထို့နောက် အရာခပ်သိမ်းကို ဖန်ဆင်းခြင်း အဆုံးသတ်ခဲ့ပြီးချိန် ခုနှစ်ရက်မြောက်နေ့တွင် သူ အနားယူခဲ့သည်။ ဘုရားသခင်သည် ခုနှစ်ရက်မြောက်နေ့ကို ကောင်းချီးပေးပြီး သန့်ရှင်းသည့် နေ့တစ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။ သူသည် အရာခပ်သိမ်းကို မဖန်ဆင်းမီတွင် မဟုတ်ဘဲ၊ ဖန်ဆင်းခဲ့နှင့်ပြီးသည့်နောက်တွင်သာ ဤသန့်ရှင်းသည့်နေ့ကို ပြဌာန်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဤအမှုကိုလည်း တစ်ပြိုင်နက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အရာခပ်သိမ်းကို မဖန်ဆင်းမီတွင် သူသည် ကမ္ဘာလောကကို ခြောက်ရက်ဖြင့် ဖန်ဆင်းပြီး၊ ထို့နောက် ခုနှစ်ရက်မြောက် နေ့တွင် အနားယူရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည် မဟုတ်ပေ။ ယင်းမှာ အမှန်တရားများနှင့် လုံးဝ မကိုက်ညီပေ။ သူသည် ထိုသို့သော အရာတစ်ခုကို မဖွင့်ဟခဲ့သကဲ့သို့၊ ယင်းကို မစီစဉ်ခဲ့ပေ။ အရာခပ်သိမ်းကို ဖန်ဆင်းခြင်းသည် ခြောက်ရက်မြောက်နေ့၌ ပြီးစီးမည် ဖြစ်ပြီး ခုနှစ်ရက်မြောက်နေ့တွင် သူအနားယူမည်ဟု လုံးဝ သူ မပြောခဲ့ဖူးပေ။ ထို့ထက် ထိုအချိန်က ကောင်းသည်ဟု သူထင်မြင်သည့် အရာများအတိုင်း ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ အရာရာတိုင်းကို ဖန်ဆင်းခြင်းအား သူ အပြီးသတ်ခဲ့ပြီးသည်နှင့်တစ်ပြိုင်နက်၊ ခြောက်ရက်မြောက်နေ့ ဖြစ်နှင့်ခဲ့လေသည်။ အရာရာကို ဖန်ဆင်းခြင်းအား သူ အပြီးသတ်ခဲ့ချိန်တွင် ငါးရက်မြောက်နေ့ ဖြစ်ခဲ့မည်ဆိုပါက၊ ထို့ကြောင့် ခြောက်ရက်မြောက်နေ့ကို သန့်ရှင်းသည့် နေ့အဖြစ် သူ သတ်မှတ်ပြီးဖြစ်ပေမည်။ သို့သော်လည်း သူသည် အရာရာကို ဖန်ဆင်းခြင်းအား ခြောက်ရက်မြောက်နေ့တွင် ဧကန်အမှန် အပြီးသတ်ခဲ့ပြီး၊ ထိုသို့ဖြင့် ခုနှစ်ရက် မြောက်နေ့သည် သန့်ရှင်းရာနေ့ ဖြစ်လာခဲ့သည်၊ ယင်းကို ဤနေ့အထိ လက်ဆင့်ကမ်းလာကြပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ လတ်တလော အမှုကို ဤတူညီသည့် နည်းဟန်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ သူသည် သင်တို့၏ အခြေအနေများနှင့်အညီ သင်တို့၏ လိုအပ်ချက်များအတွက် စကားပြောဆိုပြီး ထောက်ပံ့ပေးသည်။ ဆိုလိုသည်မှာ ဝိညာဉ်တော်သည် လူများ၏ အခြေအနေများနှင့်အညီ စကားပြောဆိုပြီး အမှုပြုပေသည်။ သူသည် ခြုံငုံလျက် စောင့်ကြည့်ပြီး အချိန်မရွေးနှင့် နေရာမရွေး အမှုပြုမြဲပြုလေသည်။ သင်တို့အပေါ် ငါ လုပ်ဆောင်၊ ပြောဆို၊ ထားရှိပြီး သင်တို့အပေါ် အပ်နှင်းသည့်အရာသည် ခြွင်းချက်မရှိ သင်တို့ လိုအပ်သည့်အရာ ဖြစ်သည်။ ထို့ကြောင့် ငါ့အမှု၏ မည်သည့်အရာကမျှ လက်တွေ့အရှိတရားနှင့် ကင်းကွာခြင်း မရှိပေ။ “ဘုရားသခင်၏ ဝိညာဉ်တော်သည် အရာခပ်သိမ်းကို စောင့်ကြည့်လျက် ရှိ၏။” ဆိုသည်ကို သင်တို့ သိကြသည့်အတွက် အားလုံး စစ်မှန်ပေသည်။ ဤအရာအားလုံးကို အချိန်စော၍ ဆုံးဖြတ်ထားခဲ့ပြီးဖြစ်ပါက၊ အားလုံးသည် ကြိုတင်ခင်းကျင်းပြီးသားလည်း ဖြစ်မည်မဟုတ်လော။ ဘုရားသခင်သည် ထောင်စုနှစ်ခြောက်ခုလုံး အသေးစိတ် အစီအစဉ် ရေးဆွဲခဲ့ပြီး၊ ထို့နောက် လူသားမျိုးနွယ်ကို ပုန်ကန်တတ်ဖို့၊ ခုခံတတ်ဖို့၊ မရိုးဖြောင့်ဘဲ၊ လှည့်စားတတ်ဖို့နှင့် ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးမှု၊ ဆိုးယုတ်သော စိတ်သဘောထား၊ မျက်စိ၏တပ်မက်ခြင်းနှင့် တစ်ဦးချင်း စိတ်အလိုလိုက်ခြင်းတို့ကို ပိုင်ဆိုင်ဖို့ ကြိုတင်ခွဲခန့် မှတ်သားထားခဲ့သည်ဟု သင်ထင်သည်။ ယင်းတို့ထဲမှ မည်သည့်အရာကိုမျှ ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားထားခဲ့ခြင်း မဟုတ်ဘဲ၊ ထို့ထက် စာတန်၏ ဖျက်ဆီးမှု အကျိုးဆက်အနေဖြင့် အားလုံး ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ အချို့က “စာတန်သည်လည်း ဘုရားသခင်၏ လက်အတွင်းတွင် ရှိသည်မဟုတ်လော။ စာတန်က လူသားများကို ဤပုံစံဖြင့် ဖောက်ပြန်ပျက်စီးစေဖို့ ကြိုတင်ခွဲခန့် ထားခဲ့ပြီးဖြစ်ကာ၊ ထို့နောက်တွင် ဘုရားသခင်သည် လူသားအလယ် သူ၏ အမှုကို ဆောင်ရွက်ခဲ့သည်။” ဟု ပြောကောင်း ပြောကြပေမည်။ စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေဖို့ ဘုရားသခင် အမှန်တကယ် ကြိုတင်ခွဲခန့်မှတ်သား ထားခဲ့မည်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ပုံမှန် အသက်ရှင်ခွင့်ပေးဖို့သာ အလွန် စိတ်အားထက်သန်လေသည်၊ ထို့ကြောင့် သူသည် ၎င်းတို့၏ အသက်တာများကို အမှန်တကယ် ဝင်ရောက် စွက်ဖက်မည်လော။ ထိုသို့ဖြစ်ပါက စာတန်ကို အနိုင်ယူခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းသည် အချည်းနှီးသော အားထုတ်မှုတစ်ခု ဖြစ်မည် မဟုတ်လော။ လူသားမျိုးနွယ်၏ ပုန်ကန်ခြင်းကို အဘယ်သို့ ကြိုတင်ခွဲခန့် မှတ်သားထားပြီး ဖြစ်နိုင်မည်နည်း။ ယင်းမှာ စာတန်၏ နှောင့်ယှက်မှုကြောင့် ဖြစ်ပျက်ပြီးဖြစ်သည့် အရာတစ်ခု ဖြစ်သည်၊ ထို့ကြောင့် ယင်းကို ဘုရားသခင်က ကြိုတင်ခွဲခန့်မှတ်သားထားပြီး ဖြစ်နိုင်မည်နည်း။ သင်တို့ စိတ်ကူး၍ရနိုင်သော ဘုရားသခင် လက်တွင်းရှိ စာတန်သည် ငါ ပြောဆိုသည့် ဘုရားသခင်၏ လက်တွင်းရှိ စာတန်နှင့် အလွန် ကွဲပြားသည်။ “ဘုရားသခင်သည် အနန္တတန်ခိုးရှိပြီး စာတန်သည် သူ၏ လက်တွင်းတွင် ရှိသည်။” ဟု သင်တို့ ပြောဆိုချက်များအရ၊ စာတန်သည် သူ့ကို လုံးဝ သစ္စာဖောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် အနန္တတန်ခိုးရှိသည်ဟု သင် ပြောခဲ့သည် မဟုတ်လော။ သင်တို့၏ အသိပညာသည် စိတ်ကူးသက်သက် ဖြစ်လွန်းပြီး၊ လက်တွေ့အရှိတရားနှင့် လက်ပွန်းတတီး မရှိပေ။ လူသားသည် ဘုရားသခင်၏ အတွေးများကို လုံးဝ ဉာဏ်မမီနိုင်သကဲ့သို့ သူ၏ ဉာဏ်ပညာကိုလည်း တစ်ကြိမ်တစ်ခါမျှ နားမလည်နိုင်ပေ။ ဘုရားသခင်သည် အနန္တတန်ခိုးရှိ၏။ ဤသည်မှာ မုသားတစ်ခု လုံးဝ မဟုတ်။ ဘုရားသခင်သည် ကနဦးက ဩဇာအာဏာ ဝေစုတစ်ခုကို ပေးခဲ့သောကြောင့်၊ ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ခြင်း ဖြစ်သည်။ ဟုတ်ပေ၏၊ ဤသည်မှာ ဧဝသည် မြွေ၏ စုံစမ်းသွေးဆောင်မှုကို မလွန်ဆန်နိုင်ခဲ့သည့်အချိန်ကကဲ့သို့ပင်၊ မျှော်လင့်မထားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် စာတန်သည် သူ၏ သစ္စာဖောက်ဖျက်မှုကို မည်သို့ ဆောင်ရွက်သည်ဖြစ်စေ၊ ဘုရားသခင်လောက် အနန္တတန်ခိုးနှင့် မပြည့်စုံသေးချေ။ သင်တို့ ပြောပြီးသကဲ့သို့၊ စာတန်သည် တန်ခိုးကြီးရုံမျှကြီးသည်။ သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားသခင်၏ ဩဇာအာဏာသည် ၎င်းကို အမြဲ အနိုင်ယူလိမ့်မည်။ ဤသည်မှာ၊ “ဘုရားသခင်သည် အနန္တတန်ခိုးနှင့် ပြည့်စုံ၍ စာတန်သည် သူ၏လက်ထဲတွင်ရှိ၏။” ဟူသည့် ပြောဆိုခြင်းနောက်ကွယ်က စစ်မှန်သည့် အဓိပ္ပာယ် ဖြစ်သည်။ ထို့ကြောင့် စာတန်နှင့် စစ်ပွဲကို တစ်ဆင့်ချင်း ဆောင်ရွက်ရပေမည်။ ထို့အပြင် ဘုရားသခင်သည် စာတန်၏ လှည့်ကွက်များကို တုံ့ပြန်ရာတွင် သူ၏အမှုကို စီစဉ်သည်- ဆိုလိုသည်မှာ သူသည် ခေတ်နှင့် သင့်တော်သည့် ပုံစံတစ်ခုဖြင့် လူသားမျိုးနွယ်ထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းပြီး သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့ကို ထုတ်ဖော်ပြလေသည်။ ထိုနည်းတူ နောက်ဆုံးသောကာလ၏ အမှုကို ကျေးဇူးတော်ခေတ်မတိုင်မီ စောစော ကြိုတင်ခွဲခန့် မှတ်သားထားခဲ့ခြင်း မဟုတ်ပေ။ ကြိုတင်ခွဲခန့် မှတ်သားထားမှုများကို ဤကဲ့သို့ အင်မတန် စနစ်ကျသည့်ပုံစံတစ်ခုဖြင့် ပြုထားသည် မဟုတ်ပေ။ ပထမဦးစွာ လူသား၏ ပြင်ပ စိတ်သဘောထားကို ပြောင်းလဲစေခြင်းဖြစ်သည်။ ဒုတိယအနေနှင့် လူသားကို သူ၏ ပြစ်တင်ဆုံးမမှုနှင့် စမ်းသပ်ခြင်းများကို ခံစေခြင်းဖြစ်သည်။ တတိယအနေနှင့် လူသားအား သေခြင်းတရား၏ စမ်းသပ်မှုကို ကြုံစေခြင်း ဖြစ်သည်။ စတုတ္ထအနေနှင့် လူသားကို ဘုရားသခင်အား ချစ်ခြင်း အချိန်ကာလကို ကြုံတွေ့စေခြင်းနှင့် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ သန္နိဌာန်ကို ဖော်ပြစေခြင်း ဖြစ်သည်။ ပဉ္စမအနေနှင့် လူသားအား ဘုရားသခင်၏ အလိုကို မြင်ခွင့်ပေးခြင်းနှင့် ဘုရားသခင်ကို လုံးဝ သိခွင့်ပေးခြင်း၊ ပြီးလျှင် နောက်ဆုံးတွင် လူကို စုံလင်စေခြင်း ဖြစ်သည်။ သူသည် ဤအရာအားလုံးကို ကျေးဇူးတော်ခေတ် အတွင်းတွင် မစီစဉ်ခဲ့ပေ။ ယင်းထက် သူသည် လက်ရှိခေတ်တွင် ယင်းတို့ကို စတင် စီစဉ်နေခဲ့သည်။ ဘုရားသခင် အလုပ်လုပ်နေသကဲ့သို့၊ စာတန်သည် အလုပ်လုပ်နေ၏။ စာတန်သည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ပြသည်၊ ဘုရားသခင်မူကား ရိုးရိုးစင်းစင်း စကားပြောဆိုကာ ပဓာနကျသော အရာတစ်ချို့ကို ထုတ်ဖော်ပြလေသည်။ ဤသည်မှာ ယနေ့ လုပ်ဆောင်လျက်ရှိသည့် အမှုဖြစ်ပြီး၊ ကမ္ဘာလောကကို ဖန်ဆင်းခြင်းနောက်တွင်၊ အချိန်ကြာမြင့်စွာက အသုံးပြုခဲ့သည့် အလားတူ အမှုပြုခြင်း အခြေခံသဘောတရား ရှိပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။