သင်၏အနာဂတ်သာသနာပြုလုပ်ငန်းကို မည်သို့အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း

ခေတ်ကာလနှင့်ပတ်သက်သည့် ဘုရားသခင်၏စိတ်သဘောထားကို ခေတ်ကာလအလိုက် အရေးပါမှုရှိသော သင့်တော်ရာ ဘာသာစကားဖြင့် သင်ဖော်ပြနိုင်ပါသလား။ ဘုရားသခင်၏အလုပ်နှင့် သင်ကြုံတွေ့ခဲ့သည့် အတွေ့အကြုံများမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကို သင်အသေးစိတ် ဖော်ပြနိုင်ပါသလား။ ထိုဖော်ပြမှုမှတဆင့် အခြားသူများမှ သင်၏အတွေ့အကြုံများအကြောင်းကို သိနိုင်စေရန်အလို့ငှာ ၎င်းအား မည်ကဲ့သို့အံဝင်ခွင်ကျစွာနှင့် ဆီလျော်မှုရှိစွာ သင်ဖော်ပြနိုင်ပါမည်လဲ။ ဖြောင့်မတ်မှုကို ဆာလောင်ငတ်မွတ်နေလျက် သင်၏ဉီးဆောင်လမ်းပြမှုကို စောင့်မျှော်နေသည့် သနားစရာကောင်းပြီး၊ ဆင်းရဲမွဲတေနေသော၊ ဘာသာတရားကို ရိုသေကိုင်းရှိုင်းစွာ ကိုးကွယ်ယုံကြည်သူများအား သင်၏တွေ့မြင်မှုများနှင့် အတွေ့အကြုံများကို မည်သို့လက်ဆင့်ကမ်းပေးမည်နည်း။ မည်သို့သောသူများက ၎င်းတို့အား ဦးဆောင်လမ်းပြပေးရန်အတွက် သင့်ကို စောင့်မျှော်နေကြသနည်း။ သင်တွေးတော စိတ်ကူးကြည့်နိုင်ပါသလား။ သင့်အတွက် ဝန်ထုပ်ဝန်ပိုးများ၊ စေခိုင်းထားသည့်လုပ်ငန်းနှင့် သင်၏တာဝန်ဝတ္တရားများကို သိရှိပါသလား။ သမိုင်းတွင်သော သာသနာပြုလုပ်ငန်းတစ်ရပ်အတွက် သင်၏ခံယူမှုမှာ အဘယ်နည်း။ နောင်လာမည့်ခေတ်အတွက် ကောင်းမွန်သောအကြီးအကဲတစ်ဉီးအဖြစ် သင် မည်သို့တာဝန်ထမ်းဆောင်မည်နည်း။ အကြီးအကဲကောင်းတစ်ဦးထားရမည့် စိတ်ဓါတ်မျိုး သင့်တွင်ရှိသလော။ အရာခပ်သိမ်းတို့၏အရှင်သခင်ဟူသည်ကို သင်အဘယ်သို့ရှင်းပြမည်နည်း။ ထိုအရာက ကမ္ဘာပေါ်ရှိ အရာဝတ္ထုမှန်သမျှနှင့် သတ္တဝါခပ်သိမ်းတို့၏အရှင်သခင်လော။ အလုပ်၏နောင်လာမည့် အဆင့်အတွက် တိုးတက်မှုရှိစေရန် သင့်တွင် မည်သည့်အစီအစဉ်များရှိပါသနည်း။ သင်၏ ဦးဆောင်လမ်းပြမှုကို စောင့်စားနေသည့်သူ မည်မျှရှိနေပါသနည်း။ သင်၏တာဝန်သည် ကြီးလေးသော လုပ်ငန်းတာဝန်တစ်ခုလော။ ထိုသူများမှာ ဆင်းရဲမွဲတေလျက် သနားဖွယ်ရာ လမ်းပျောက်နေသူ မျက်ကန်းများဖြစ်၍ "လမ်းဘယ်မှာလဲ" ဟုဆိုကာ အမှောင်ထဲတွင် ငိုကြွေးမြည်တမ်းနေကြသည်။ ထိုသူများမှာ လူသားတို့အား နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ထားသည့် အမှောင်ထု၏အင်အားကို ဖြိုခွင်း၍ ကြယ်တံခွန်ကဲ့သို့ ရုတ်တရက် ဆင်းသက်လာမည့် အလင်းရောင်ကို အလွန်တမ်းတနေသူများဖြစ်သည်။ ထိုအလင်းရောင်ကို ၎င်းတို့မည်မျှ စိုးရိမ်တကြီးဖြင့် မျှော်လင့်နေကြသည်၊ နေ့ရောညပါ အောက်မေ့တမ်းတနေကြသည်ကို မည်သူသိနိုင်မည်နည်း။ ဒုက္ခအလွန်အမင်းခံစားနေရသော ထိုသူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက် ကင်းစွာဖြင့်၊ အလင်းရောင် လျှပ်တပြက်ဖြတ်သန်းသည့်နေ့တွင်ပင်၊ အမှောင်လွှမ်းသည့်အကျဉ်းတိုက်များထဲတွင် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့မငိုတော့ဘဲနေမည်နည်း။ မည်သည့်အချိန်ကမျှ အနားမရခဲ့သော ထိုကြေမွလွယ်သည့် ဝိညာဉ်များမှာ ဆိုးရွားလှသည့်ကံကြမ္မာကို အမှန်တကယ်ပင် အလူးအလဲခံနေရပါသည်။ ရပ်တန့်နေသည့်သမိုင်းတွင် ၎င်းတို့ သည် ရက်စက်လှသည့် အကြင်နာမဲ့ကြိုးများဖြင့် ချုပ်နှောင်ထားခြင်းခံနေရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ထိုသူတို့၏ ငိုကြွေးသံကို မည်သူကြားဖူးပါသနည်း။ ထိုသူတို့၏ စိတ်မချမ်းမြေ့သော မျက်နှာသွင်ပြင်ကို မည်သူမြင်ဖူးပါသနည်း။ ဘုရားသခင်၏စိတ်နှလုံးသည် မည်မျှ စိုးရိမ်ပူပန်၍ ဝမ်းနည်းပူဆွေးနေမည်ကို သင်တွေးမိပါလော။ ဘုရားသခင်သည် သူ့လက်ဖြင့်ကိုယ်တိုင်ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားများ ဤမျှညှဉ်းဆဲမှုဒဏ် ခံစားရနေသည်ကို မြင်ရန် ခံနိုင်ရည် မည်သို့ ရှိနိုင်မည်နည်း။ တကယ်တမ်းမူ လူသားမျိုးနွယ်မှာ အဆိပ်ခတ်ခံခဲ့ရသည့် ကံဆိုးသူများဖြစ်ပေသည်။ ဤနေ့အထိ ထိုသူတို့ အသက်ရှင်ကျန်ရစ် နေသော်လည်း ၎င်းတို့သည် မာရ်နတ်၏ အဆိပ်ခတ်ခြင်းကို ခံခဲ့ရသည်မှာ နှစ်ပေါင်းကြာမြင့်ပြီဟု မည်သူက တွေးခဲ့မိနိုင်မည်နည်း။ သင်သည်လည်း အဆိပ်ခတ်ခံရသူများထဲမှ တစ်ယောက်ဟူသည်ကို မေ့နေပြီလော။ ဘုရားသခင်ကို ချစ်ခင်လေးစားသမှုဖြင့် ထိုအသက်ရှင်ကျန်ရစ်သူများကို သင်ကယ်တင်ဖို့ ကြိုးစားလိုစိတ် မရှိပေဘူးလော။ လူသားမျိုးနွယ်အား သူ၏သွေးသားသဖွယ်ချစ်ခင်သည့် ဘုရားသခင်၏ကျေးဇူးကို ပြန်လည်ပေးဆပ်ရန် သင်၏ ကြိုးစားအားထုတ်မှုမှန်သမျှကို အသုံးမချလိုဘူးလော။ သင်၏အံ့မခန်းထူးကဲလှတဲ့ဘဝကို နေထိုင်နိုင်ရန်အတွက် ဘုရားသခင်၏အသုံးပြုခြင်းကို သင်မည်သို့အဓိပ္ပါယ်ကောက်ယူသနည်း။ ဘာသာတရားကိုင်းရှိုင်း၍ ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်သူတစ်ယောက်အဖြစ် အဓိပ္ပာယ်ရှိသောဘဝတွင် နေထိုင်သွားရန် သန္နိဌာန်နှင့် မိမိကိုယ်ကိုယ်ယုံကြည်စိတ် သင့်တွင်အမှန်တကယ်ရှိပါသလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။