ကျရှုံးမှု၊ ပြိုလဲမှု၊ စမ်းသပ်မှု၊ စစ်ဆေးမှုတို့အား မည်သို့ တွေ့ကြုံရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၆၁)
လူတိုင်းသည် အတိုင်းအတာ အနည်းနှင့်အများဆိုသလို ပြစ်မှားမှုများ ကျူးလွန်ပြီးကြပြီးဖြစ်သည်။ တစ်စုံတစ်ရာက ပြစ်မှားခြင်းဖြစ်သည်ကို သင်မသိသည့်အခါ ယင်းကို မရှင်းလင်းသော စိတ်အခြေအနေတစ်ခုဖြင့် သဘောထားလိမ့်မည်၊ သို့မဟုတ် သင်သည် သင်၏ကိုယ်ပိုင်အယူအဆများ၊ လက်တွေ့လုပ်ဆောင်မှုများနှင့် သိနားလည်မှု နည်းလမ်းများကို ဖက်တွယ်ဦးမည်မှာ ဖြစ်ကောင်းဖြစ်မည်။ သို့သော် တစ်နေ့တွင် ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုခြင်းမှတစ်ဆင့်ဖြစ်စေ၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယ ဖွဲ့ခြင်းမှတစ်ဆင့်ဖြစ်စေ၊ ဘုရားသခင်၏ ထုတ်ဖော်ခြင်းအားဖြင့်ဖြစ်စေ ဤအရာက ပြစ်မှားခြင်းတစ်ခုနှင့် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း ဖြစ်သည်ကို သင့်အနေဖြင့် သင်ယူရလိမ့်မည်။ ထိုအခါ သင်၏သဘောထားက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်သည် သင်၏ ကိုယ်ပိုင် အယူအဆများကို ဖက်တွယ်လျက် သင် လုပ်ဆောင်သည့်အရာက သမ္မာတရားနှင့် မကိုက်ညီသော်လည်း ထိုမျှကြီးမားသည့် ပြဿနာတစ်ခုလည်း မဟုတ်ဟု ယုံကြည်လျက် သင်သည် အမှန်တကယ် နောင်တရလိမ့်မည်လော သို့မဟုတ် အကျိုးသင့်အကြောင်းသင့် စဉ်းစားကာ ငြင်းခုံနေလိမ့်မည်လော။ ဤသည်မှာ ဘုရားသခင်အပေါ် သင် ရှိသည့် သဘောထားနှင့် ဆက်စပ်သည်။ ဒါဝိဒ်သည် သူ၏ ပြစ်မှားခြင်းအပေါ် မည်သည့် သဘောထား ရှိခဲ့သနည်း။ (နောင်တရသည်။) နောင်တရသည်။ ယင်းမှာ သူသည် သူ၏ စိတ်နှလုံးတွင် မိမိကိုယ်ကို မုန်းကာ ထိုပြစ်မှားခြင်းကို နောက်တစ်ဖန် လုံးဝ ကျူးလွန်မည်မဟုတ်ဟု ဆိုလိုသည်။ သို့ဆိုလျှင် မည်သည့်အရာကို သူ လုပ်ဆောင်ခဲ့သနည်း။ သူသည် သူ့ကို အပြစ်ပေးရန် ဘုရားသခင်ကို တောင်းလျှောက်ရင်း ဆုတောင်းကာ “ဤအမှားကို ကျွန်ုပ် တစ်ဖန် ပြုမိလျှင် ဘုရားက ကျွန်ုပ်ကို အပြစ်ဒဏ်ပေးကာ သေအောင်ပြုပါစေ”ဟု ပြောလေသည်။ ယင်းမှာ သူ၏ စိတ်ဆုံးဖြတ်ချက်ဖြစ်သည်။ ယင်းမှာ စစ်မှန်သော နောင်တဖြစ်သည်။ သာမန်လူတို့သည် ဤအရာကို စွမ်းဆောင်ရရှိနိုင်သလော။ သာမန်လူတို့အတွက် ၎င်းတို့သည် အကျိုးသင့်အကြောင်းသင့်ပြောရန် မကြိုးစားလျှင် သို့မဟုတ် သွယ်ဝိုက်၍ အမှားကို ဝန်ခံနိုင်လျှင် ယင်းမှာ အတော်လေး ကောင်းနှင့်နေပြီဖြစ်သည်။ သိက္ခာကျမည် ကြောက်သည့်အတွက် ကိစ္စရပ်ကို တစ်ဖန် ထုတ်ပြောရန် မလိုလားခြင်းသည် စစ်မှန်သော နောင်တဖြစ်သလော။ ထိုအရာမှာ သိက္ခာကျမည့်အပေါ် စိတ်ဖိစီးကာ ဝမ်းနည်းခြင်းဖြစ်သည်။ နောင်တ မဟုတ်ပေ။ စစ်မှန်သော နောင်တမှာ မကောင်းမှုပြုခြင်းအတွက် မိမိကိုယ်ကို မုန်းခြင်း၊ မကောင်းမှု လုပ်နိုင်စွမ်းရှိခြင်းအတွက် နာကျင်မှုနှင့် မသက်မသာဖြစ်ခြင်းကို ခံစားခြင်း၊ မိမိကိုယ်ကို အပြစ်တင်ခြင်းနှင့် မိမိကိုယ်ကိုပင် ကျိန်ဆဲခြင်း ဖြစ်သည်။ ယင်းမှာ နောက်ပိုင်းတွင် ထိုသို့သော မကောင်းမှုကို တစ်ဖန် လုံးဝ မလုပ်ရန် သစ္စာဆိုနိုင်ခြင်းနှင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို လက်ခံရန်နှင့် မကောင်းမှုကို တစ်ကြိမ်တစ်ခါမျှ ထပ်လုပ်မိလျှင် စိတ်မချမ်းမြေ့စရာ သေခြင်းကို ခံစားရန် လိုလားခြင်း ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော နောင်တဖြစ်သည်။ အကြင်သူသည် မည်သည့် မကောင်းမှုမျှ မလုပ်ဆောင်ခဲ့ကြောင်းနှင့် ၎င်းတို့၏ လုပ်ရပ်များက စည်းမျဉ်းများနှင့် မကိုက်ညီရုံမျှသာဖြစ်ကြောင်း သို့မဟုတ် ဉာဏ်ပညာကင်းမဲ့သောကြောင့် ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း မိမိ၏ စိတ်နှလုံးတွင် အမြဲ ခံစားကာ ၎င်းက တိတ်တဆိတ် ပြုမူဆောင်ရွက်လျှင် မည်သည့်အရာမျှ မှားယွင်းသွားလိမ့်မည် မဟုတ်ဟု ယုံကြည်လျှင် ဤသို့ စဉ်းစားခြင်းဖြင့် စစ်မှန်သော နောင်တကို ၎င်းတို့ ခံစားနိုင်သလော။ လုံးဝ မခံစားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့၏ မကောင်းမှုပြုခြင်းနှင့်ဆိုင်သည့် အနှစ်သာရကို မသိကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အနည်းငယ်မျှ စက်ဆုပ်လျှင်ပင် အမြော်အမြင်မရှိခြင်းအတွက်သာလည်းကောင်း၊ အခြေအနေကို ကောင်းစွာ မကိုင်တွယ်ခြင်းအတွက်သာလည်းကောင်း မိမိတို့ကိုယ်ကို မုန်းကြသည်။ မကောင်းမှုကို ၎င်းတို့ လုပ်ဆောင်နိုင်ရသည့် အကြောင်းရင်းမှာ ၎င်းတို့ သဘာဝ အနှစ်သာရနှင့်ပတ်သက်သည့် ပြဿနာတစ်ခုကြောင့်သာဖြစ်ကြောင်း၊ ၎င်းတို့၏ လူ့သဘာဝ ကင်းမဲ့ခြင်းကြောင့်၊ ၎င်းတို့၏ မကောင်းသည့် စိတ်သဘောထားနှင့် အကျင့်ပျက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း အမှန်တကယ် သဘောမပေါက်ကြပေ။ ဤကဲ့သို့သော လူများသည် မည်သည့်အခါတွင်မျှ စစ်မှန်သော နောင်တရှိကြလိမ့်မည် မဟုတ်။ လူတို့သည် တစ်စုံတစ်ရာကို တလွဲလုပ်ဆောင်မိသည့်အခါ သို့မဟုတ် ပြစ်မှားခြင်းများကို ကျူးလွန်မိသည့်အခါ၊ ဘုရားသခင်ရှေ့မှောက်၌ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန် အဘယ်ကြောင့် လိုအပ်သနည်း။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် မိမိကိုယ်ပိုင် သဘာဝ အနှစ်သာရကို သိခြင်းသည် မလွယ်ကူသောကြောင့် ဖြစ်သည်။ မိမိက အမှားတစ်ခု ပြုလုပ်မိပြီဖြစ်ကြောင်းကို ဝန်ခံခြင်းနှင့် အမှားက မည်သည့်နေရာတွင်ရှိသည်ကို သိခြင်းတို့သည် လုပ်ဆောင်ရန် လွယ်ကူသည်။ သို့သော် မိမိအမှားများ၏ ရင်းမြစ်နှင့် မည်သည့် စိတ်သဘောထားမျိုးက အတိအကျ ထုတ်ဖော်သည်ဟူသည်တို့ကို သိရှိရန်မှာ မလွယ်ကူပေ။ ထို့ကြောင့် လူအများစုက တစ်စုံတစ်ရာကို တလွဲလုပ်ဆောင်မိပြီးသည့်အခါ ၎င်းတို့ မှားယွင်းကြောင်းကိုသာ ဝန်ခံသော်လည်း ၎င်းတို့ စိတ်နှလုံးထဲတွင် နောင်တ မခံစားရသကဲ့သို့ မိမိတို့ကိုယ်ကို မမုန်းတီးကြပေ။ ဤနည်းဖြင့် စစ်မှန်သည့်နောင်တကို ၎င်းတို့ စံမမီကြပေ။ စစ်မှန်သည့် နောင်တကို ရရှိရန် အကြင်သူသည် မိမိလုပ်ဆောင်ခဲ့သည့် မကောင်းမှုကို စွန့်ပစ်ရမည်ဖြစ်ပြီး ထိုမကောင်းမှုကို တစ်ဖန် လုံးဝ လုပ်မည်မဟုတ်ဟု အာမခံနိုင်ရမည်ဖြစ်သည်။ ထိုအခါတွင်သာ စစ်မှန်သော နောင်တကို ရရှိနိုင်ပေသည်။ သင်သည် မည်သည့်အခါတွင်မျှ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ခြင်း၊ သို့မဟုတ် သိရှိခြင်း မရှိဘဲ ကိစ္စရပ်များကို သင်၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများပေါ် အခြေခံ၍ ချဉ်းကပ်ပြီး ဝတ်ကျေတမ်းကျေပုံစံဖြင့် ဟန်ဆောင်လုပ်ပြရုံသာ လုပ်ပြလျှင် သင်သည် အမှန်တကယ် နောင်တမရခဲ့သကဲ့သို့ အမှန်တကယ် လုံးဝ ပြောင်းလဲခြင်းမရှိလေပြီ။ ဘုရားသခင်က သင့်ကို ထုတ်ဖော်လိုလျှင် ဤအရာကို သင် မည်သို့ ချဉ်းကပ်သင့်သနည်း။ သင်၏ သဘောထားက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ (ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ကျွန်ုပ် လက်ခံမည်။) ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို လက်ခံခြင်း။ ဤသည်မှာ သင် ရှိရမည့် သဘောထားမျိုး ဖြစ်သည်။ တစ်ချိန်တည်းတွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံရမည်။ သင့်အနေဖြင့် မိမိကိုယ်ကို အမှန်တကယ်သိရှိကာ အမှန်တကယ် နောင်တရနိုင်ရန်အလို့ငှာ ဤနည်းလမ်းက ပိုကောင်းမွန်ပေသည်။ လူတစ်ဦးတွင် စစ်မှန်သည့် နောင်တမရှိလျှင် မကောင်းမှုလုပ်ဆောင်ခြင်းကို ရပ်တန့်ရန် ၎င်းတို့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်။ အချိန်မရွေး နေရာမရွေး ၎င်းတို့သည် မိမိတို့၏ နည်းလမ်းဟောင်းများဆီသို့ ပြန်သွားနိုင်စွမ်း ရှိလိမ့်မည်၊ မိမိတို့၏ စာတန်ဆန်သော စိတ်သဘောထားအတိုင်း အသက်ရှင်နိုင်စွမ်းရှိလိမ့်မည် ဖြစ်ပြီး အကြိမ်ကြိမ် တစ်ပုံစံတည်းသော အမှားများကိုပင် ပြုလုပ်နိုင်စွမ်း ရှိလိမ့်မည်။ ထို့ကြောင့် ၎င်းတို့သည် အမှန်တကယ် နောင်တရသည့် လူတစ်ဦး မဟုတ်ပေ။ ဤနည်းဖြင့် ၎င်းတို့သည် လုံးလုံးလျားလျား ထုတ်ဖော်ခံရသည်။ ထို့ကြောင့် ပြစ်မှားခြင်းများမှ မိမိတို့ကိုယ်ကို လုံးဝ လွတ်မြောက်စေရန် လူတို့သည် မည်သည့်အရာကို လုပ်ဆောင်နိုင်ကြသနည်း။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်နိုင်ရမည်ဖြစ်သည်။ ဤသည်မှာ လူတို့အတွက် သမ္မာတရားအပေါ် ရှိရမည့် မှန်ကန်သည့် သဘောထား ဖြစ်သည်။ သို့ဆိုလျှင် လူတို့သည် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ မည်သည့် စုံစမ်းသွေးဆောင်မှုများ သို့မဟုတ် စမ်းသပ်မှုများကို သင် ကြုံရသည်ဖြစ်စေ သင်သည် သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမှန်တကယ် ဆုတောင်းကာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံရမည်ဖြစ်သည်။ အချို့သော စမ်းသပ်မှုများက စုံစမ်းသွေးဆောင်မှုများလည်း ဖြစ်သည်။ ဘုရားသခင်က အဘယ်ကြောင့် သင့်ကို ထိုသို့သောအရာများ ကြုံခွင့်ပေးသနည်း။ သင့်ထံ ဘုရားသခင်က ထိုသို့သောအရာများ ဖြစ်ခွင့်ပြုသည်မှာ မတော်တဆ မဟုတ်သကဲ့သို့ အမှတ်တမဲ့လည်း မဟုတ်ပေ။ ဘုရားသခင်က သင့်ကို စမ်းသပ်ကာ စစ်ဆေးနေခြင်း ဖြစ်သည်။ ဤစစ်ဆေးမှုကို သင် လက်မခံလျှင်၊ ဤကိစ္စရပ်ကို သင် အာရုံမစိုက်လျှင် ဘုရားသခင်အပေါ် သင်၏ သဘောထားသည် ဤအချိန်တွင် ထုတ်ဖော်ခြင်းခံရသည် မဟုတ်လော။ ဘုရားသခင်အပေါ် သင်၏ သဘောထားမှာ အဘယ်နည်း။ သင်သည် သင့်အတွက် ဘုရားသခင် ခင်းကျင်းပေးသည့် ပတ်ဝန်းကျင်များနှင့် သင့်ကို ဘုရားသခင်ပေးသည့် စမ်းသပ်မှုများအပေါ် စိတ်မဝင်စားသကဲ့သို့ မထီမဲ့မြင်ပြုသော သဘောထားတစ်ခု ရှိကာ သင်သည် ဆုလည်းမတောင်းသကဲ့သို့ ရှာဖွေခြင်းလည်းမရှိဘဲ ထိုအရာမှတစ်ဆင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို ရှာမတွေ့လျှင် ဤအရာက သင်သည် ဘုရားသခင်အပေါ် ကျိုးနွံနာခံတတ်သော သဘောထားတစ်ခု မရှိသည်ကို ထုတ်ဖော်ပေသည်။ ထိုသို့သော လူတစ်ဦးကို ဘုရားသခင်က မည်သို့ ကယ်တင်နိုင်မည်နည်း။ ၎င်းတို့အတွက် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရရန်မှာ ဖြစ်နိုင်သလော။ လုံးဝ မဖြစ်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်အပေါ် ကျိုးနွံနာခံတတ်သော သဘောထားမရှိသောကြောင့်ဖြစ်ပြီး ဘုရားသခင်က သင့်အတွက် ပတ်ဝန်းကျင်တစ်ခု စီစဉ်လျှင်ပင် ထိုအရာကို သင် တွေ့ကြုံခံစားလိမ့်မည် မဟုတ်သကဲ့သို့ ထိုအရာနှင့်ပတ်သက်၍ ပူးပေါင်းလုပ်ဆောင်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်ပေသည်။ ဤအရာက ဘုရားသခင်အတွက် သင်၏ မထီမဲ့မြင်ပြုခြင်း၊ ဘုရားသခင်၏ အမှုတော်ကို သင် အလေးအနက် မထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားများကိုပင် သင် ဘေးဖယ်ထားနိုင်စွမ်း ရှိခြင်းတို့ကို ပြသည်။ ယင်းက သင်သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံနေခြင်းမရှိကြောင်းကို ပြသည်။ ထိုအခြေအနေတွင် သင်သည် ကယ်တင်ခြင်းကို မည်သို့ ရရှိနိုင်မည်နည်း။ သမ္မာတရားကို မချစ်သောသူတို့သည် ဘုရားသခင်၏ အမှုတော်ကို မတွေ့ကြုံနိုင်ပေ။ ဘုရားသခင်ကို ဤပုံစံဖြင့် ယုံကြည်နေစဉ်တွင် ကယ်တင်ခြင်းကို ရရှိရန် နည်းလမ်း မရှိပေ။ ဤသည်မှာ ဘုရားသခင်နှင့် သမ္မာတရားအပေါ် မိမိ၏ သဘောထားသည် အလွန် အရေးကြီးပြီး ထိုအရာသည် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိနှင့် တိုက်ရိုက် ဆက်စပ်သည်ဟု ဆိုလိုပေသည်။ ဤအရာကို အာရုံမစိုက်သောလူတို့သည် မိုက်မဲပြီး မသိနားမလည်ဖြစ်ကြပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။