ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိရှိမည့် နည်းလမ်း (အပိုင်း သုံး)
လူနှင့် ဘုရားသခင်သည် မည်သို့ ဆက်သွယ်ကြသနည်း။ သင်သည် ဘုရားသခင်ကို မည်သို့ သိရှိနိုင်သနည်း။ လူ့အပေါ် မည်သို့ သူ အမှုပြုသနည်း။ သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းအားဖြင့် ဖြစ်သည်။ ယင်းမှတစ်ဆင့် သူသည် သူ၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ပြသည်၊ သင် လျှောက်သင့်သည့် လမ်းကြောင်းဆီသို့ သင့်ကို လမ်းပြသည်၊ သင့်ကို စမ်းသပ်ပြီး သင့်အတွက် သူ၏ သတ်မှတ်ချက်များနှင့် စံနှုန်းများကို ပြောပြသည်။ သိပင်မသိလိုက်ဘဲနှင့် လူတို့သည် ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရား၏ သွင်ပြင်လက္ခဏာအားလုံးကို နားလည်ကြသည်။ လူတို့အား မည်သို့ဆက်ဆံပြီး ကိစ္စရပ်များအား မည်သို့ ကိုင်တွယ်ရမည်၊ မိမိတို့၏ ညီအစ်ကို မောင်နှမများ၊ အသင်းတော် အလုပ်နှင့် မိမိတို့၏ တာဝန်ကို မည်သို့ သဘောထားပြုမူရမည်၊ စမ်းသပ်မှုများအား မည်သို့ တွေ့ကြုံရမည်၊ ဘုရားသခင်ကို မည်သို့ သစ္စာစောင့်သိရမည်၊ မည်သို့ စွန့်လွှတ်ရမည်၊ ဘာသာမဲ့သူများ၏ လောကကို မည်သို့ သဘောထားပြုမူရမည် စသည်တို့နောက်ကွယ်ရှိ စည်းမျဉ်းများ ဖြစ်လေသည်။ ဤအရာအားလုံး ဘုရားနှုတ်ကပတ်တော်တွင် ရှိပြီး သူက လူသားမျိုးနွယ်အား ပြောပြပြီး ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် လူက ထိုအရာကို မည်သည့် အတိုင်းအတာထိ တွေ့ကြုံသနည်း။ လူတို့သည် ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များတွင် တွေ့မြင်နိုင်ပြီး သူနှင့် မျက်နှာချင်းဆိုင်လာနိုင်သည်။ တစ်စုံတစ်ဦးက “သင် ယုံကြည်သည့် ဘုရားသခင်က မည်သည့်နေရာတွင် ရှိသနည်း”ဟု မေးကောင်းမေးနိုင်သည်။ ထိုအရာကို မတွေ့ကြုံသေးသည့် သူတို့သည် နားမလည်နိုင်ပေ။ “ဟုတ်ပါသည်၊ ဘုရားသခင် အဘယ်မှာနည်း။ သူသည် ကျွန်ုပ်ထံ လုံးဝ မပေါ်ထွန်းဖူးပါ။ သူသည် တတိယကောင်းကင်ဘုံတွင်ရှိသည်ဟု အမြဲ ပြောသော်လည်း သူ့ကို ကျွန်ုပ် လုံးဝ မတွေ့ဖူးပါ။ ဘုရားသခင် အမှန်တကယ် မည်မျှ ကြီးမားသည်၊ မည်မျှ မြင့်မားသည် သို့မဟုတ် မည်မျှ အနန္တတန်ခိုးရှိပြီး အရာခပ်သိမ်းသိသည်ကို ကျွန်ုပ် မသိပါ”ဟူ၍ ဖြစ်သည်။ အတွေ့အကြုံရှိသည့်သူတို့က “ထိုအရာများသည် အရေးမကြီးပါ။ ဘုရားသခင်ကို ကျွန်ုပ် စယုံကြည်သည့်ရက်ကတည်းက ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် ထိတွေ့ခဲ့သည်။ ယခု သူ့ကို ကျွန်ုပ် အနှစ်နှစ်ဆယ်၊ သုံးဆယ်ကြာ ယုံကြည်ပြီးဖြစ်ကာ သူ၏ နှုတ်ကပတ်တော်များတွင် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ကျွန်ုပ် မြင်ပြီး သူ့အပေါ် သိနားလည်မှုနှင့် သိကျွမ်းမှုအချို့ ကျွန်ုပ် ရှိသည်။ ဤနှစ်ကာလများတစ်လျှောက်လုံးတွင် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံပြီးနောက် တစ်နေ့တွင် ဘုရားသခင်က ကျွန်ုပ်ထံ လာပြီး ကျွန်ုပ်နှင့် စကားပြောလျှင်၊ ကျွန်ုပ်နှင့် ပတ်သက်လျှင် သူသည် ထိုနှုတ်ကပတ်တော်များကို ဖော်ပြခဲ့သည့် ဘုရားသခင် ဖြစ်ကြောင်း၊ သူသည် ကျွန်ုပ် ယုံကြည်သည့်သူဖြစ်ကြောင်းကို သံသယမရှိဘဲ ကျွန်ုပ် အတည်ပြုနိုင်မည်ဖြစ်သည်။ သူ မည်သည့်အရာနှင့် တူသည်ဖြစ်စေ၊ သူ၏ နှုတ်ကပတ်တော်များနှင့် ဤအရာများက တစ်ခုတည်းသော အရင်းအမြစ်နှင့် သက်ဆိုင်သရွေ့ သူသည် ကျွန်ုပ် ယုံကြည်သည့် ဘုရားသခင်၊ ကောင်းကင်ဘုံမှလာသည့် ဘုရားသခင်၊ ကျွန်ုပ်၏ ကံကြမ္မာနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည့် သူဖြစ်သည်။ ယင်းမှာ သူသာဖြစ်သည်”ဟု ပြောကြမည်ဖြစ်သည်။ ဤအချိန်တွင် ဘုရားသခင်အနေဖြင့် သင့်ကို ကောင်းကင်ဘုံမှ စကားပြောရန် လိုအပ်ဦးမည်လော။ (မလိုအပ်ပါ။) ဘုရားသခင်က မည်သည့် ပုံစံ သို့မဟုတ် ပုံသဏ္ဌာန် ဆောင်ယူသည်ဖြစ်စေ ထိုအရာကို သင် မြင်ရန်မလိုပေ။ မလိုအပ်ပေ။ သင်သည် ထိုသိချင်စိတ်ပြင်းပြခြင်း ရှိမည်မဟုတ်။ သို့သော် အဘယ်ကြောင့်နည်း။ ဤသို့ နှစ်ချီတွေ့ကြုံပြီးနောက်တွင် ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် သူ့ကို သင် သိကျွမ်းကြောင်း သို့မဟုတ် အလွန် ရင်းနှီးကြောင်း သင် မပြောနိုင်သော်လည်း အနည်းဆုံးအနေဖြင့် သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့်လည်းကောင်း၊ ထိုနှုတ်ကပတ်တော်များနှင့် သူ၏ အမှုတော်တို့ကို သင်၏ အတွေ့အကြုံမှတစ်ဆင့်လည်းကောင်း သင်သည် သူနှင့် သူစိမ်းတစ်ဦး မဟုတ်တော့ပေ။ သူသည် သင်၏ ဘဝကို လမ်းပြလျက် သင်နှင့်အတူ ရှိသည်၊ သင်၏ နေ့ရက်စဉ်တိုင်းနှင့် သင်၏ ကံကြမ္မာတို့အပေါ် အချုပ်အခြာအာဏာရှိလေသည်။ သင်၏ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသနှင့် ပျော်ရွှင်မှုအားလုံးကို အလွန်ကောင်းစွာ သူ နားလည်ပြီး သူနှင့်ပတ်သက်သော ထိုအရာများကိုလည်း သင် သိလေသည်။ သင်သည် သူ့ကို အထင်မလွဲ သို့မဟုတ် သူနှင့်ပတ်သက်၍ မညည်းညူတော့သည့်အပြင် သင်၏ စိတ်နှလုံးရှိ သူ၏ နေရာမှာ သူ နန်းထိုင်ပြီး ဘုရင်အဖြစ် စိုးစံသည်၊ သင်၏ ဖြစ်တည်မှုတစ်ခုလုံးကို ထိန်းချုပ်နိုင်သည်ဟုပင် သင် ပြောနိုင်လေသည်။ “ဘုရင်အဖြစ် စိုးစံ”ခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်များကို သင် အသုံးပြုပြီး သူ၏ နှုတ်ကပတ်တော်များက သင့်စိတ်နှလုံး၏ ဆရာသခင်ဖြစ်သည်ဟု ဆိုလိုပေသည်။ သင်သည် ဆရာသခင် မဟုတ်တော့ပေ။ သင်၏ အသိပညာနှင့် သညာ၊ သင် ဖတ်ရှုခဲ့သည့် စာအုပ်များ၊ သင့်ဘဝ၏ အတွေ့အကြုံများနှင့် အဖြစ်အပျက်များဖြစ်သည့် ဤအရာအားလုံးက သင့်ကို မဦးဆောင်နိုင်ပေ။ ဘုရားနှုတ်ကပတ်တော်များက အရာရာတွင် သင့်ကို ဦးဆောင်လမ်းပြလိမ့်မည်။ ယင်းတို့သည် သင့်ဘဝ၏ လမ်းညွှန်စာအုပ် ဖြစ်လာလိမ့်မည်၊ သင်၏ လက်တွေကျသည့် ဘဝတွင် နေ့စဉ် ထုတ်ဖော်ကာ အသက်ရှင်နေထိုင်လိမ့်မည်။ ဤသည်မှာ သမ္မာတရား လက်တွေ့ကျမှုများကို သင် ရမည့်နည်းလမ်း ဖြစ်သည်။ ထိုအချိန်တွင် တစ်စုံတစ်ဦးက သင့်ကို “ဘုရားသခင်ကို သင် ယုံကြည်သဖြင့် သူ့ကို သင် သိသလော”ဟု တစ်ဖန်မေးလျှင် သင်က “ဘုရားသခင်ကို ကျွန်ုပ် အနည်းငယ် သိပါသည်။ သူ မည်မျှ အစွမ်းတန်ခိုးကြီးပြီး ဉာဏ်ပညာရှိသည်ကို ဖော်ပြရန် စကားလုံးများကို ကျွန်ုပ် အသုံးမပြုဝံ့သကဲ့သို့ သူ့ကို ကျွန်ုပ် မသတ်မှတ်ဝံ့ပါ။ သို့သော် အနည်းဆုံးအနေဖြင့် ဘုရားသခင်သည် ဉာဏ်မမီနိုင်ဖွယ်ဖြစ်ကြောင်း၊ အလွန် ဉာဏ်ပညာရှိပြီး အံ့ဖွယ်ဖြစ်ကြောင်းနှင့် လူသားမျိုးနွယ်ကို အလွန် ချစ်ကြောင်းကို ကျွန်ုပ် သိပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန် ကြီးမား၊ အလွန် စစ်မှန်ပြီး သူ၏ စိတ်သဘောထားက အလွန် ဖြောင့်မတ်သည်”ဟု ပြောပေမည်။ ဤသိမြင်မှု အနည်းငယ်မျှသည် လူတို့၏ စိတ်ကူးယဉ်မှုဖြစ်ပြီး စိတ်ကူးယဉ်ဖန်တီးထားသော အယူအဆများနှင့် စိတ်ကူးများထက် သာ၍ တန်ဖိုးရှိသည် မဟုတ်လော။ (ရှိပါသည်။) သို့ဆိုလျှင် ဤတန်ဖိုးရှိသော အရာများက မည်သည့်နေရာမှ လာသနည်း။ ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းမှ လာသည်။ ဆိုလိုသည်မှာ ဤနှစ်များတစ်လျှောက်လုံးတွင် ဘုရားနှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပေးခြင်းခံရပြီးနောက် ယင်းတို့သည် သင့်အထဲတွင် အမြစ်တွယ်ပြီး အစို့အညှောက်ထွက်၊ အပွင့်ပွင့်ပြီး အသီးသီးကာ သင်သည် သူ့နှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုကို အသက်ရှင်နေထိုင်ပြီးဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်စဉ် ဤအကျိုးတရားကို သင် မည်သို့ စွမ်းဆောင်ရရှိသနည်း။ (လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် ဘုရားသခင်၏ အစီအစဉ်များကို နည်းနည်းချင်း တွေ့ကြုံခြင်းအားဖြင့် ဖြစ်သည်။) ထိုအရာသည် အတွေ့အကြုံမှလာသည်၊ အတိအကျပြောရလျှင် ဤကာလအတောအတွင်းတွင် ဘုရားနှုတ်ကပတ်တော်များကို စဉ်ဆက်မပြတ် အတည်ပြုစစ်ဆေးခြင်း၊ ဘုရားနှုတ်ကပတ်တော်တစ်ခုစီတိုင်းက သမ္မာတရားဖြစ်ပြီး သင်၏ အသက်တွင် သင် လိုအပ်သည့်အရာဖြစ်သည်ကို အတည်ပြုချက်မှ လာပေသည်။ ထိုအချိန်တွင် တစ်စုံတစ်ဦးက “သင် ယုံကြည်သည့် ဘုရားသခင်သည် ဘုရားမဟုတ်။ သူ မတည်ရှိ၊ သူ့ကို မမြင်ရပါ”ဟု ပြောလျှင် သင်က “လူတစ်ဦးသည် ဘုရားသခင်၏ တည်ရှိခြင်းနှင့် အချုပ်အခြာအာဏာကို ဆုံးဖြတ်ခွင့်မရှိပါ။ ဆုံးဖြတ်သူမှာ ဘုရားသခင်ဖြစ်သည်။ အဆုံးအဖြတ်ပေးသည်မှာ ဘုရားသခင်၏ တည်ရှိခြင်းနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာနှင့် ဆိုင်သည့် အမှန်တရား ဖြစ်သည်။ အဆုံးအဖြတ်ပေးသည်မှာ ဤနှစ်ကာလများတွင် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ကျွန်ုပ်၏ တကယ့် အတွေ့အကြုံ ဖြစ်သည်။ အဆုံးအဖြတ် ပေးသည်မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်း သက်သေခံချက်အားလုံး ဖြစ်သည်။ ဤသည်မှာ သက်သေဖြစ်သည်”ဟု ပြောလိမ့်မည်။ ဤသည်မှာ ဘုရားသခင်ကို သက်သေခံခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးက “ဘုရားသခင် အဘယ်မှာနည်း”ဟု တစ်ဖန်မေးလျှင် သင် မည်သို့ ပြန်ဖြေမည်နည်း။ (သူ့ကို ယုံကြည်သည့် လူတိုင်း၏ စိတ်နှလုံးတွင် ရှိသည်။) ဘုရားသခင်က လူတို့၏ စိတ်နှလုံးများတွင် နေထိုင်နှင့်ပြီးဖြစ်သော်လည်း သူသည် အရာခပ်သိမ်းအတွင်းတွင်လည်းကောင်း၊ အလယ်တွင်လည်းကောင်း ကျွန်ုပ်တို့ အနီးဝန်းကျင်တွင်လည်း ရှိသည်။ ဤသည်မှာ ဘုရားသခင်၏ တည်ရှိခြင်း ဖြစ်သည်။ ထိုအရာကို သင် ငြင်း၍ မရနိုင်သကဲ့သို့ သင် တွေ့ကြုံသည့်အရာသည် သင် မြင်သည့်အရာထက် သာ၍ စစ်မှန်သည်။ ဘုရားသခင်ကို သင် မြင်လျှင်ပင် သူ့ကို သင် မှတ်မိမည်လော။ (မှတ်မိမည် မဟုတ်ပါ။) ဘုရားသခင်၏ ဝိညာဉ် ခန္ဓာက လူတို့ကြား ဆင်းသက်ပြီး “ငါ ဘုရားသခင်ဖြစ်သည်”ဟု ပြောလျှင် သင်သည် အလန့်တကြား ဖြစ်သွားပြီး “သင် ဘုရားသခင်လော။ သင့်ကို ကျွန်ုပ် မမှတ်မိသည်မှာ အဘယ်သို့ဖြစ်သနည်း။ သင်ကဲ့သို့သော ဘုရားသခင်ကို ကျွန်ုပ် လက်မခံပါ”ဟု ပြောပေမည်။ အမှန်တွင် သင် ကြောက်မည်ဖြစ်သည်။ ဤတုံ့ပြန်မှုမျိုး သင် အဘယ်ကြောင့် ရှိမည်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သင် မသိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်သည် သူ့အပေါ် ဤသဘောထားနှင့် အပြုအမူမျိုး ထားခြင်းဖြစ်သည်။
ဘုရားသခင်ကို ယုံကြည်သည့်အခါ အာရုံစိုက်ရန် အရေးအကြီးဆုံးသော အရာမှာ အဘယ်နည်း။ သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းက အရေးအကြီးဆုံး ဖြစ်သည်ဟု သင် ဆိုနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံသည့် ဖြစ်စဉ်တွင် လူတို့တွင် မည်သည့် မှားယွင်းသော အခြေအနေများ၊ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သို့မဟုတ် ပုန်ကန်သည့် အခြေအနေများ ရှိသည်ဖြစ်စေ၊ မည်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်များ ရှိသည်ဖြစ်စေ ဤအရာအားလုံး ပြောင်းလဲရမည်ဖြစ်ပြီး သမ္မာတရားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ ဤနည်းဖြင့် သင်၏ အတွင်းပိုင်း အခြေအနေက တဖြည်းဖြည်း တိုးတက်လိမ့်မည်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက တိုး၍ ပုံမှန် ဖြစ်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကိုလည်း သင် ခံစားရလိမ့်မည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက ပုံမှန်မဟုတ်လျှင် ဘုရားသခင်၏ တည်ရှိခြင်းကို သင် ခံစားရလိမ့်မည် မဟုတ်။ ဤအရာအားလုံးတွင် သမ္မာတရား ရှိသည် မဟုတ်လော။ အားလုံးတွင် သမ္မာတရား ရှိ၏။ လူတို့သည် မည်သည့်အရာနှင့်အမျှ ထိတွေ့ဆက်ဆံခြင်းမရှိဘဲ၊ မည်သည့်အရာကိုမျှ မြင်ခြင်း၊ မည်သည့်အရာကိုမျှ သိခြင်း မရှိဘဲ ချိုးခြံသောအကျင့်ကျင့်သည့် တာအို ဘုန်းကြီးများနှင့် သီလရှင်များကဲ့သို့ အပြင်လောကကို လျစ်လျူရှုလျက် လေဟာနယ်တစ်ခုတွင် အသက်ရှင်နေကြသည့်အလား ဘုရားသခင်ကို ယုံကြည်ကြလျှင် ထိုအရာသည် မှန်သော လမ်းခရီး မဟုတ်ပေ။ လူတို့သည် စောင့်ကြည့်လေ့လာနိုင်လျှင်၊ သဘောပေါက်နားလည်ပြီး တွေ့ကြုံနိုင်လျှင် အမှုအရာများစွာတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို တွေ့မြင်နိုင်ကြလိမ့်မည်။ သို့သော် လတ်တလောတွင် လူအများစုအတွက် အလွန် နက်နဲလွန်းပြီး အလှမ်းမမီနိုင်သည့် ကိစ္စရပ်အချို့ရှိသည်။ ထို့ကြောင့် အဝေးတွင် ရှိသည့်အရာကို ရှာဖွေဖို့ အနီးတွင်ရှိသည့်အရာကို သင် မစွန့်သင့်ပေ။ ဘုရားနှုတ်ကပတ်တော်များကိုသာ အာရုံစိုက်ပြီး ထိုနှုတ်ကပတ်တော်များနှင့် သင့်ကိုယ်သင် မည်သို့ တိုင်းတာရမည်ကိုသာ သင်ယူလော့။ ယင်းတို့နှင့် သင့်ကိုယ်သင် တိုင်းတာခြင်းအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအရာမှာ သင့်အနေဖြင့် ဘုရားနှုတ်ကပတ်တော်များတွင် ဖော်ထုတ်ထားသည့် အမျိုးမျိုးသော အခြေအနေများ ရှိမရှိ၊ မည်သည့် အခြေအနေတွင် သင် ရှိသည်၊ ဘုရားနှုတ်ကပတ်တော်များက မည်သည့်အရာကို ရည်ညွှန်းသည်ဆိုသည်နှင့် လူသား၏ မည်သည့်အခြေအနေများကို သူ ပြောဆိုနေသည်ဟူသည်တို့ကို သိမြင်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို ရှင်းလင်းစွာ ဆန်းစစ်ပြီး နားလည်ရမည် ဖြစ်သည်။ တစ်ခါတစ်ရံ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို တစ်ကြိမ်တစ်ခါ ကြားလိမ့်မည်ဖြစ်သော်လည်း ထိုနှုတ်ကပတ်တော်များက နားတစ်ဖက်မှ ဝင်ပြီး အခြားတစ်ဖက်မှ ထွက်ကာ “ဘုရားနှုတ်ကပတ်တော်များက ငါ့ကို ရည်ရွယ်ခြင်း မရှိပါ။ ငါ့ထံတွင် ဤအခြေအနေ မရှိပါ။ အခြားလူများအကြောင်းကို ဘုရားသခင် ပြောနေခြင်း ဖြစ်သည်”ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ ယင်းတို့ကို နားလည်ရန် မှားယွင်းသော နည်းလမ်းဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များကို သင် နားမလည်သေးကြောင်း၊ ထိုနှုတ်ကပတ်တော်များက သင့်အပေါ် သက်ရောက်မှု မရှိသေးကြောင်းနှင့် ယင်းတို့သည် သင့်ထဲတွင် နှလုံးသွင်းခြင်း မရှိသေးကြောင်းကို ပြပေသည်။ ဘုရားနှုတ်ကပတ်တော်များက လူတို့ကို ဖော်ထုတ်နေသည်ကို သင် ကြားသည့် နေ့ရက် ရောက်မလာမီထိ အတွေ့အကြုံ ရယူလော့။ ပြီးလျှင် သင်က “ဘုရားသခင်က ကျွန်ုပ်အကြောင်းကို ပြောနေခြင်းဖြစ်သည်”ဟု ပြောလိမ့်မည်။ ဤသည်မှာ သင့်ကိုယ်သင် ဘုရားနှုတ်ကပတ်တော်များနှင့် တိုင်းတာခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာ အစသာရှိသေးသည်။ ဘုရားနှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်း၏ အစသာဖြစ်သည်။ သူ ပြောဆိုသည့် ဤအခြေအနေက မည်သည့်အရာ အမှန်တကယ်ဖြစ်သည်ကို သင် သိကောင်းသိမည် မဟုတ်ပေ။ ထို့ကြောင့် သင့်အနေဖြင့် သမ္မာတရားက မည်သည့်အရာဖြစ်သည်၊ သူ၏ သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်ဆိုသည်နှင့် လူသားမျိုးနွယ်ကို မည်သည့် လမ်းကြောင်း သူ ပေးသည်ဆိုသည်တို့ကို ဘုရားသခင် ပြောသည့်အရာထဲတွင် သင် ရှာဖွေရသည့် ကာလတစ်ခု ကြုံရမည်ဖြစ်သည်။ ဤအရာတွင် အသေးစိတ် အချက်များပါဝင်၏။ အပြင်ပန်း အခြေအနေတစ်ခုကို သင် ဆန်းစစ်ရုံဆန်းစစ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးကာ ပြီးလိုက်ခြင်းမျှသာ မဟုတ်ပေ။ လူတို့၏ အခြေအနေကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် ၎င်းတို့အား ဆန်းစစ်ခိုင်းရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့ကို ပြောင်းလဲစေရန် ဖြစ်သည်။ ဤသည်မှာ မှားယွင်းသည့် အခြေအနေဖြစ်ကြောင်းနှင့် ဤအခြေအနေမျိုးတွင် သင် အသက်ရှင်လျှင်၊ သို့မဟုတ် ဤအမြင်မျိုးရှိလျှင်၊ ဘုရားသခင်ကို သင် အတိုက်အခံ လုပ်နိုင်ကြောင်း ဘုရားသခင်က ပြောသည်။ ဤသည်မှာ ပုန်ကန်မှုဖြစ်သည်။ ဘုရားသခင်ကို သဘောမကျ ဖြစ်စေပြီး စာတန်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဖြစ်ကာ သမ္မာတရားနှင့် မကိုက်ညီပေ။ လမ်းကြောင်းကို သင် ပြောင်းလဲရမည်။ လမ်းကြောင်း ပြောင်းလဲနေစဉ်တွင် ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်၊ ဤသတ်မှတ်ချက်များတွင် သမ္မာတရား ရှိသည်ဆိုသည်တို့ကို သင် နားလည်ရမည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ကာ “ဤကိစ္စရပ်တွင် ဘုရားသခင်က မည်သည့်အရာကို တောင်းဆိုသနည်း။ လမ်းကြောင်းကို ငါ အဘယ်သို့ ပြောင်းလဲရမည်နည်း၊ ဤအခြေအနေမျိုးမှ ငါ့ကိုယ်ငါ လွတ်မြောက်စေပြီး မည်သို့ ဖြေရှင်းရမည်နည်း”ဟု စဉ်းစားဆင်ခြင်ရမည်။ ဤအရာတွင် သမ္မာတရားကို ရှာဖွေခြင်း ပါဝင်သည်။ ဘုရားနှုတ်ကပတ်တော်များနှင့် သင့်ကိုယ်သင် တိုင်းတာခြင်းက မလုံလောက်ပေ။ ဤအရာအပြင် သမ္မာတရားကို သင် နားလည်ရန် လိုအပ်ပြီး သင့်ကိုယ်သင် သိနိုင်ရမည်။ ထို့နောက် လူသားတို့အတွက် ဘုရားသခင်၏ တောင်းဆိုချက်များက အလွန်ကောင်းသည်ဟု သင် ခံစားမိလိမ့်မည်ဖြစ်ပြီး သူ့ကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းနိုင်လိမ့်မည်။ “ဘုရားသခင် အလွန် ဉာဏ်ပညာရှိသည်။ လူ၏ အတွင်းအကျဆုံး စိတ်နှလုံးကို စိစစ်နေသည်။ ဘုရားသခင်သည် ကျွန်ုပ်၏ အခြေအနေကို ဖော်ထုတ်သည်၊ ထိုအခြေအနေ ရှိကြောင်းပင် ကျွန်ုပ် မသိခဲ့ပါ၊ သို့သော်လည်း ဘုရားသခင်က အရာခပ်သိမ်းကို သိလေသည်”ဟူ၍ဖြစ်သည်။ ထိုသို့ ဖြစ်သလော။ ထိုအရာသည် အတော်အလှမ်းဝေးပြီး ဘုရားသခင် တောင်းဆိုသည့်အရာ မဟုတ်ပေ။ သူသည် သင့်ကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖြစ်ပေါ်လာသည့် ထိုအပျက်သဘောဆောင်သည့်၊ မှားယွင်းသည့် အခြေအနေများကို လက်လွှတ်ရန် တောင်းဆိုပြီး ယင်းတို့ကို သင် ဖြေရှင်းပြီးသည်နှင့် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ သင်၏ သမ္မာတရား သိနားလည်ခြင်းက တဖြည်းဖြည်း နက်သည်ထက် နက်လာသည်နှင့်အမျှ သင်၏ အတွင်းပိုင်း အခြေအနေက လုံးဝ ပြောင်းလဲသွားလိမ့်မည် ဖြစ်ပြီး အမှုအရာများအပေါ် သင်၏ ယခင်အမြင်ကို သင် လက်လွှတ်လိမ့်မည်၊ ထိုအမြင်က မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည်ကို သိမြင်လိမ့်မည်၊ အမှားက မည်သည့်နေရာတွင် ရှိပြီး ထိုအရာ၏ အနှစ်သာရ မည်သည့်အရာဖြစ်သည်ဆိုသည်ကို သိလိမ့်မည်ဖြစ်ကာ ထိုသို့ဖြင့် ဖြေရှင်းနိုင်လိမ့်မည်။ လောကီဆိုင်ရာ အမှုအရာများနှင့် စာတန်ဆန်သော အမြင်များကို သင် လုံးဝ လက်လွှတ်နိုင်သည့်အခါ အတွင်းတွင် သင် အနှစ်မဲ့သည်ဟု ခံစားရကောင်း ခံစားရမည်ဖြစ်သော်လည်း သင် နားလည်ပြီးဖြစ်သည့် သမ္မာတရားသည် သင်၏ စိတ်နှလုံးကို စတင်၍ နေရာယူလိမ့်မည်ဖြစ်သည်။ ဘုရားသခင်က သင့်အား မည်သည့် မှန်ကန်သော အမြင်ကို ထားရှိစေလိုသည်၊ မည်သည့်အရာကို သင့်အား သူ ပိုင်ဆိုင်စေလိုသည်၊ မည်သည့်အမြင်များက ထားရှိရန် မှန်ကန်ပြီး မည်သည့်အမြင်များက မှားယွင်းသည်ဟူသည့် ဤအရာများကို သိနားလည်ခြင်းအတွက် သမ္မာတရားကို စဉ်ဆက်မပြတ် ရှာဖွေပြီး သာ၍ နက်ရှိုင်းစွာ ဝင်ရောက်ရန် သင့်ကို တောင်းဆိုသည့် ဖြစ်စဉ်တစ်ခုရှိပြီး သမ္မာတရားကို သင် အမှန်တကယ် နားလည်ပြီးသည့်အခါ သင်၏ စိတ်နှလုံးသည် လုံးလုံးလျားလျား ကျေနပ်ကာ စိတ်ချသွားလိမ့်မည်ဖြစ်သည်။ လူတစ်ဦးအတွက် သမ္မာတရားကို ယုံကြည်ပြီး လက်ခံရန် မလွယ်ကူပေ။ လူအားလုံးတွင် တက်ကြွရှင်သန်သော အတွေးများရှိသည်။ ၎င်းတို့အားလုံးတွင် အတွေးအခေါ်များ၊ စိတ်ကူးများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြပြီး ၎င်းတို့တွင် လုပ်စရာဘာမျှ မရှိသည့်အခါ ဘုရားနှုတ်ကပတ်တော်များက မှန်ကန်ခြင်း သို့မဟုတ် မှားယွင်းခြင်း ရှိမရှိဟူသည်ကို အမြဲ လေ့လာကာ စိစစ်ကြလိမ့်မည် ဖြစ်သည်။ သမ္မာတရားကို နားလည်ပြီး ၎င်း၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ဝေမျှသည့် လူတစ်ဦးနှင့်ဆုံလျှင် ၎င်းတို့သည် အကျိုးကျေးဇူးနှင့် တည်ဆောက်မှုတစ်ခုခု ရရှိမည်ဖြစ်သည်။ သို့သော် အခြေအမြစ် မရှိသောအရာများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မရှိသည့် အမြင်များကို ပြောသည့် လူတစ်ဦးကို ၎င်းတို့ ကြုံရလျှင် ထိုသူကြောင့် ၎င်းတို့ ယိမ်းယိုင်သွားမည်ဖြစ်သည်။ ဤသည်မှာ ပုံမှန်အခြေအနေတစ်ခု ဖြစ်၏။ သို့သော် အတော်အတန် တွေ့ကြုံပြီးနောက်တွင် တစ်နေ့၌ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းကို ၎င်းတို့ လုံးဝ အသိအမှတ်ပြုလိမ့်မည် ဖြစ်ပြီး ၎င်းတို့ မည်သည့်နေရာတွင် မှားယွင်းသည်ကို သဘောပေါက်ကြလိမ့်မည်။ သို့သော် ထိုအရာကို သဘောပေါက်ခြင်းက သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်သည်ဟု ဆိုလိုနိုင်သလော။ (မဆိုလိုနိုင်ပါ။) ၎င်းတို့သည် “ထိုသို့ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ပစ်လိုက်ရမည်လော”ဟု တွေးလျက် မလိုမလား ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ဆက်လက် စိစစ်လိုကြဆဲဖြစ်ပြီး မိမိတို့ စိတ်နှလုံးများတွင် မည်သည့်အရာကို စဉ်းစားသည်ဖြစ်စေ၊ ၎င်းတို့၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက အမြဲ ရှိနေသည်။ ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန် လွယ်ကူသည်မဟုတ်ပေ။ ၎င်းတို့သည် ထိုအရာကို သမ္မာတရားအဖြစ် အလွန် ရိုးရှင်းစွာ သို့မဟုတ် ဖြူစင်စွာ တိုက်ရိုက် လက်ခံနိုင်ခြင်း မရှိပေ။ ထိုအရာက သမ္မာတရားဖြစ်သည်ကို ၎င်းတို့ ရှင်းလင်းစွာ သိကြလျှင်ပင် ထိုအရာကို မြန်ဆန်စွာနှင့် အပြည့်အဝ လက်တွေ့မလုပ်ဆောင်နိုင်ကြသေးပေ။ ဤအရာက လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စာတန်ဆန်သော အနှစ်သာရတစ်ခုရှိသည်ဟူသည့် အချက်ကို အတည်ပြုသည်။ ဘုရားအမှုတော်၏ ရည်ရွယ်ချက်နှင့် သမ္မာတရား ဖော်ပြချက်သည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်၊ ဖောက်ပြန်ပျက်စီးမှုကို နည်းနည်းချင်း နှိုက်နှိုက်ချွတ်ချွတ် ဖော်ထုတ်ရန်၊ ထိုဖောက်ပြန်ပျက်စီးမှုကို နည်းနည်းချင်း ဖြေရှင်းပြီး နည်းနည်းချင်း သန့်စင်စေရန်ဖြစ်သည်။ လူတစ်ဦး၏ အမြင်များသည် ဘုရားသခင်၏ အမြင်နှင့် တဖြည်းဖြည်း ကိုက်ညီလိမ့်မည်ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သည့်အရာက သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်။ မည်သည့် ကဏ္ဍ၌ ဘုရားသခင်နှင့် သင် သဟဇာတဖြစ်သည်ဖြစ်စေ ထိုရှုထောင့်တွင် သူ့ကို သင် အထင်လွဲမည် မဟုတ်။ ဘုရားသခင်နှင့်ပတ်သက်၍ သင် အထင်လွဲသည့် နေရာတိုင်းသည်၊ သင် သမ္မာတရားကို ရှာဖွေပြီး ထိုအထင်လွဲခြင်းကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုသင့်သည့်နေရာ ဖြစ်သည်။ သင့်အနေဖြင့် သင်၏ အထင်လွဲခြင်းက မှန်ကန်ပြီး ယုတ္တိရှိသည်၊ ထိုအမြင်ကို ကျင့်သုံးသည့်နေရာတိုင်းတွင် ခိုင်လုံပြီး အဓိပ္ပာယ်ရှိသည်ဟု အမြဲတွေးထင်လျက် မိမိ၏ အမြင်ကို အမြဲ မလျှော့တမ်း မကိုင်စွဲသင့်ပေ။ ဤသည်မှာ ရယ်ဖွယ်ရာ ဖြစ်သည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ ၎င်းတို့အတွက် အနည်းငယ် မာနထောင်လွှားခြင်းသည် ပုံမှန်ဖြစ်သည်။ သမ္မာတရားကို လက်ခံသရွေ့ ၎င်းတို့ ပြောင်းလဲနိုင်သည်။ ၎င်းတို့အနေဖြင့် မှားယွင်း၍ အဓိပ္ပာယ်မဲ့ပြီး အမှုအရာများအပေါ် မမှန်ကန်သည့် အမြင်များကို ကိုင်စွဲလျှင် အန္တရာယ်များပြီး ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန် လွယ်မည်မဟုတ်သည့်အပြင် ထိုအရာကို မကြာခဏ အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူကြလိမ့်မည် ဖြစ်သည်။ ဤလူစားမျိုးများသည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိရန်နှင့် ဘုရားသခင်အပေါ် ဆန့်ကျင်လိုရန် အလားအလာ အရှိဆုံး ဖြစ်သည်။ ၎င်းတို့သည် စာတန်၏ အမျိုးအစားဖြစ်သည်။ ဘုရားသခင်ကို အထင်လွဲခြင်းနှင့် စပ်လျဉ်း၍ လူတစ်ဦးသည် သမ္မာတရားကို မရှာဖွေလျှင် ဘုရားသခင် လုပ်ဆောင်သည့်အရာက မှားယွင်းသည်ဟု တွေးထင်လိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ပြိုင်ဆိုင်ကာ တိုက်ခိုက်လျက်၊ တိုက်ခိုက်ကာ ပြိုင်ဆိုင်လျက် ဤနည်းဖြင့် အမြဲ “တရားစွဲ”လျှင် နောက်ဆုံး၌ ကျရှုံးမှုဖြင့် အဆုံးသတ်သွားရလိမ့်မည်ဖြစ်ပြီး လုံးဝ အရှက်ကွဲသွားရလိမ့်မည် ဖြစ်သည်။ သမ္မာတရားနှင့် ဘုရားသခင်သည် အမြဲ အောင်မြင်လျက် ပေါ်ထွက်လိမ့်မည်။ သင့်အနေဖြင့် ကျိုးနွံနာခံတတ်သော စိတ်နှလုံးတစ်ခု ထိန်းသိမ်းနိုင်ပြီး ဘုရားသခင်နှင့် သင်၏ ပြိုင်ဆိုင်မှုနှင့် တိုက်ခိုက်မှုတွင် သမ္မာတရားကို ရှာဖွေကာ လက်ခံနိုင်လျှင် ထိုအခါမှသာ သင်၏ စိတ်နှလုံး ပြောင်းလဲနိုင်ပြီး နောက်ဆုံးတွင် ဘုရားနှုတ်ကပတ်တော်ရှေ့၌ သင် ကျိုးနွံနာခံရလိမ့်မည်။ ဤဖြစ်စဉ်ကို တွေ့ကြုံခြင်းသည် ဘုရားသခင်က လူကို ကယ်တင်ခြင်းနှင့် ရရှိခြင်း ဖြစ်စဉ်ဖြစ်ပြီး သမ္မာတရားကို လက်ခံသည်ထက် သေဆုံးလိုသောသူတို့သည် ထုတ်ဖော်ခံရကာ ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားသခင်၏ ရှေ့တွင် ကျိုးနွံနာခံနိုင်လျှင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသည့် လူတစ်ဦးဖြစ်သည်၊ သူနှင့် သဟဇာတဖြစ်ခြင်းကို ရရှိနိုင်ပြီး သူ့ကို မည်သည့်အခါတွင်မျှ တစ်ဖန် ပုန်ကန်မည်မဟုတ် သို့မဟုတ် အတိုက်အခံလုပ်လိမ့်မည် မဟုတ်သည့်သူတစ်ဦး ဖြစ်သည်။ တစ်စုံတစ်ဦးက ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ပြီး သူ့ကို ကျိုးနွံနာခံရာတွင် အောင်မြင်နိုင်သရွေ့ နောက်ဆုံးတွင် အားလုံးက ၎င်းတို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်ကြသည်။ သင့်ကို ဥပမာတစ်ခု ငါ ပေးမည်။ သင်က ရုက္ခဗေဒ သို့မဟုတ် စိုက်ပျိုးရေးကို လေ့လာပြီး မြေတွင် သစ်သီးစေ့ ဆယ်စေ့ကို မျိုးစေ့ကြဲသည်ဆိုပါစို့။ သင် သင်ယူပြီးသည့်အရာမှကြည့်လျှင် ဤမျိုးစေ့ဆယ်စေ့က သစ်ပင်ဆယ်ပင် ပေါက်စေနိုင်သည်ကို သင် သိသည်။ ဤသည်မှာ သိပ္ပံဆိုင်ရာအခြေခံအုတ်မြစ်နှင့် သဘောတရားပေါ် အခြေခံသည့် ကောက်ချက်တစ်ခုဖြစ်ပြီး ဤကောက်ချက်ကို သင် လိုက်နာစောင့်ထိန်းသည်။ ထို့ကြောင့် ဘုရားသခင်က မျိုးစေ့ဆယ်စေ့သည် သစ်ပင်ဆယ့်တစ်ပင် ပေါက်စေနိုင်သည်ဟု ပြောသည့်အခါ သင် ယုံမည်မဟုတ်။ “ဖြစ်နိုင်သလော။ မျိုးစေ့ဆယ်စေ့က အဘယ်သို့ သစ်ပင်ဆယ့်တစ်ပင် ပေါက်စေနိုင်မည်နည်း”ဟူ၍ဖြစ်သည်။ အမှန်တွင် သင် မမြင်ခဲ့သည့် ကွယ်ဝှက်ထားသော မျိုးစေ့တစ်စေ့ ရှိလေသည်။ သင်၏ ကိုယ်ပိုင် အမြင်ကို ဖက်တွယ်ထားခြင်းအတွက် အခြေခံမှာ အဘယ်နည်း။ ထိုအရာမှာ သင် သင်ယူခဲ့သည့် သိပ္ပံပညာဆိုင်ရာ သက်သေအထောက်အထားနှင့် အသိပညာဖြစ်သည်။ ဤအရာများက သင်၏ တွေးခေါ်မှုကို ထိန်းချုပ်ပြီး ထိုနယ်ပယ်ကို ကျော်လွန်၍ သင် မမြင်နိုင်ပေ။ သင်သည် ယင်းကို သင်၏ စံနှုန်းအဖြစ် ယူလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စံနှုန်းအဖြစ် ယူနေခြင်း မဟုတ်ပေ။ ပြီးလျှင် ယင်းမှာ လူသား ပုန်ကန်မှုဖြစ်သည်။ သင်က၊ “ငါ့ထံတွင် အခြေခံအကြောင်းရင်းတစ်ခု ရှိသည်။ ထို့ကြောင့် ငါ၏ ကောက်ချက်က သမ္မာတရားမဟုတ်ဟု ကိုယ်တော်က အဘယ်သို့ ပြောနိုင်သနည်း။ ကိုယ်တော် ပြောသည့်အရာသည် အခြေအမြစ်မရှိပါ။ ထို့ကြောင့် ကိုယ်တော်၏ စကားများက သမ္မာတရားဖြစ်သည်ဟု အဘယ်ကြောင့် ကိုယ်တော် ပြောနိုင်သနည်း။ ယင်းတို့သည် အခြေခံအကြောင်းရင်း လုံးဝ မရှိပါ။ လူမည်မျှက ထိုအရာကို သက်သေပြခဲ့သနည်း။ မည်သူက သက်သေပြခဲ့သနည်း။ အဘယ်သူ မြင်ခဲ့သနည်း။ အဖြစ်မှန်များက အဘယ်မှာနည်း”ဟု တွေးမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမြဲမေးခွန်းထုတ်လျက် သူ့ကို အမြဲ ငြင်းပယ်ရင်း “ဘုရားသခင် ပြောသည့်အရာ မှားယွင်းသည်။ ငါ၏ ကောက်ချက်က သက်သေပြခံရပြီးဖြစ်သောကြောင့် မှန်ကန်သည့် ကောက်ချက်တစ်ခုဖြစ်သည်။ ဤနယ်ပယ်တွင် ငါက ပညာတတ်တစ်ဦး၊ အတတ်ပညာရှင်တစ်ဦး ဖြစ်သောကြောင့် ငါ၏ ကောက်ချက်က အမှန်အဖြစ် မှတ်သားခံရသင့်သည်”ဟု အမြဲ ခံစားရင်း အဖြစ်မှန်များကို မမြင်မီ ဘုရားနှုတ်ကပတ်တော်များကို သင် ငြင်းပယ်လေသည်။ သင်သည် မျိုးစေ့ဆယ်စေ့ကို သစ်ပင် ဆယ်ပင်ပေါက်ခြင်းနှင့် တန်းတူထားသည်။ ထို့ကြောင့် ဘုရားသခင်က သစ်ပင်ဆယ့်တစ်ပင် ပေါက်လိမ့်မည်ဟု ပြောသည့်အခါ သင် မယုံပေ။ သို့သော် နောက်ဆုံးရလဒ်နှင့် အဖြစ်မှန်က သစ်ပင်ဆယ့်တစ်ပင် ပေါက်သည်ဆိုလျှင် သင် ယုံကြည်လက်ခံလိမ့်မည်လော။ (ယုံကြည်ပါမည်။) သင်သည် လုံးဝ ယုံကြည်လက်ခံလိမ့်မည်လော။ အဘယ်သို့ဖြစ်သနည်း။ (အဖြစ်မှန်များကို ကျွန်ုပ် မြင်ခဲ့သောကြောင့်ဖြစ်သည်။) အဖြစ်မှန်များကို သင် မြင်သည့်အခါ သင် ဆည်းပူးခဲ့သည့် အသိပညာနှင့် သင်၏ ကောက်ချက်ကို သင် စတင် ငြင်းပယ်ပြီး သင်၏ စိတ်နှလုံးတွင် ရုန်းကန်မှုတစ်ခု ရှိဖို့ သေချာသလောက်ဖြစ်လိမ့်မည်။ “ငါ အဘယ်သို့ မှားနိုင်ရမည်နည်း။ သိပ္ပံပညာသည် အမှန်တကယ် မှားနိုင်မည်လော”ဟူ၍ဖြစ်သည်။ ဤဖြစ်စဉ်တွင် ဘုရားနှုတ်ကပတ်တော်များက မှန်ခြင်း၊ မှားခြင်း ရှိမရှိဟူသည်ကို လူတို့ လေ့လာကာ စိစစ်ကြလိမ့်မည်ဖြစ်ပြီး ယင်းတို့ကို နှိုင်းယှဉ်ကြလိမ့်မည်။ “မည်သည့်အရာက မှန်ကန်သနည်း။ ဘုရားနှုတ်ကပတ်တော်များလော သို့မဟုတ် သိပ္ပံဆိုင်ရာ အကြောင်းပြချက်များလော။ မည်သည်က သာ၍ မှန်ကန်နိုင်ဖွယ် ရှိသနည်း”ဟူ၍ဖြစ်သည်။ အဖြစ်မှန်များက ရှေ့တွင်ရှိသော်လည်း ယင်းတို့ကို လူတို့က အပြည့်အဝ လက်ခံနိုင်ခြင်း မရှိကြသေးဘဲ ဘုရားသခင် လုပ်ဆောင်သည့်အရာကို ၎င်းတို့ အပြည့်အဝ ယုံကြည်လက်ခံနိုင်ပြီး အမှန်တကယ် လက်ခံနိုင်ခြင်းမရှိမီ နှစ်အတော်ကြာ ၎င်းတို့ စောင့်ဆိုင်းကြရမည်ဖြစ်သည်။ ဘုရားသခင်သည် အခြေခံအုတ်မြစ်မရှိဘဲ စကားပြောခြင်း သို့မဟုတ် ပြုမူဆောင်ရွက်ခြင်း မရှိပေ။ သူ၏ လုပ်ရပ်များ၏ လုပ်ငန်းစဉ်က သင့်အား ရလဒ်များက မည်သည့်အရာဖြစ်သည်ကို မြင်စေသည်ထိတိုင် သင့်ဘာသာ တွေ့ကြုံပြီး သင်ယူခွင့်ပေးသည်။ ဤလုပ်ငန်းစဉ်မှ မည်သည့်အရာကို သင် ရရှိသနည်း။ ထိုအရာက သင့်အား ဘုရားသခင်၏ လုပ်ရပ်များပေါ် စစ်မှန်သည့် အတည်ပြုချက်တစ်ခု ရရှိခွင့်ပေးသည်။ သူသည် သင့်အား “ကိုယ်တော်သည် ဘုရားသခင်ဖြစ်ပါသည်။ ကိုယ်တော်သည် ကြီးမြတ်ပြီး မြင့်မြတ်သည်၊ ဉာဏ်ပညာရှိပြီး အံ့ဩဖွယ်ဖြစ်သည်”ဟု အခြေအမြစ်မရှိဘဲ ပြောခွင့်မပေးပေ။ သူက သင့်ကို ထိုသို့ သက်သေခံခွင့် မပေးပေ။ ထိုအစား သူသည် သင့်ဘာသာ တွေ့ကြုံကာ သိမြင်ခွင့်ပေးရန် ဤအဖြစ်မှန်များကို အသုံးပြုသည်။ မျိုးစေ့ဆယ်စေ့က သစ်ပင်ဆယ်ပင် ပေါက်စေလိမ့်မည်ဟူသည်မှာ မှားသည်ဟု ဘုရားသခင် သင့်ကို ပြောမည်မဟုတ်။ သူသည် သင့်ကို ချေပမည်မဟုတ်၊ သို့မဟုတ် ငြင်းခုံမည်မဟုတ်ဘဲ အကြောင်းအချက်ကို သက်သေပြရန် အဖြစ်မှန်များကို အသုံးပြုမည်ဖြစ်ပြီး သင့်ဘာသာ မြင်ခွင့်ပေးမည် ဖြစ်သည်။ သင် အသက်နှစ်ဆယ်အရွယ်တွင် ဘုရားသခင်က ဤအရာကို သင့်အား ပြောပြခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူက “ငါသည် သမ္မာတရားဖြစ်ပြီး သင် ငါ့စကားကို နားထောင်ရမည်”ဟု မပြောခဲ့ပေ။ ဘုရားသခင်က ထိုသို့မပြောခဲ့။ သူက လုပ်ဆောင်ရုံသာ လုပ်ဆောင်ခဲ့ပြီး သင် အသက်သုံးဆယ်အရွယ် ရောက်သည့်အခါ ရလဒ်ကို သင် မြင်ရလေသည်။ ယင်းမှာ ထိုမျှ ကြာလေသည်။ ဤအချိန်အတောအတွင်းတွင် ဘုရားသခင်က သင်နှင့် ငြင်းခုံခဲ့သလော။ (မငြင်းခုံခဲ့ပါ။) သို့ဆိုလျှင် မည်သူက ငြင်းခုံနေသနည်း။ ဘုရားသခင်နှင့် ငြင်းခုံပြီး “ဘုရားသခင် မှားသည်။ သူ ပြောဆိုပြီး လုပ်ဆောင်သည့်အရာက သိပ္ပံနည်းမကျသကဲ့သို့ ကျိုးကြောင်းမသင့်ပါ”ဟု အမြဲတွေးသည့်သူများမှာ လူများဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့် ငြင်းခုံရသည်ကို နှစ်သက်ကြသော်လည်း သူသည် နှုတ်ဆိတ်ရုံနှုတ်ဆိတ်နေပြီး ဆက်လက် ပြုမူဆောင်ရွက်လေသည်။ ဆယ်နှစ်လွန်ပြီးနောက်တွင် သင်သည် အဖြစ်မှန်တစ်ခုကို သိရှိပြီး လန့်သွားလိမ့်မည်။ “အို၊ လက်စသတ်တော့ ငါ၏ ရှုထောင့် မှားခဲ့ပါတကား” ဟူ၍ဖြစ်သည်။ သင် မှားသည်ဟု ဝန်ခံသည့်အချိန်တွင် ထိုကိစ္စရပ်၏ ကောက်ချက်သည် အမှန်တကယ် ပုံပေါ်နှင့်ပြီးဖြစ်သည်။ သို့သော် ထိုအရာကို သင် လက်ခံနိုင်သလော။ သင်သည် ဖြစ်ရပ်တစ်ခုကိုသာ လက်ခံနေသော်လည်း သင်၏ စိတ်နှလုံးတွင် မည်သည့်အရာ ဖြစ်နေသည်ကို သင် အမှန်တကယ် မသိသေးပေ။ နောက်ထပ် သင် နှစ်ပေါင်းမည်မျှ အတွေ့အကြုံ လိုအပ်သနည်း။ ဤကိစ္စရပ်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာနှင့်ဆိုင်သော ကောက်ချက်က မှန်ကန်ကြောင်းနှင့် သင် မှားယွင်းစဉ်တွင် ဘုရားသခင်သည် သမ္မာတရားဖြစ်ကာ မှန်ကန်ကြောင်း သင် အတည်မပြုနိုင်မီတွင် ထိုအရာကို နောက်ထပ် ဆယ်စုနှစ်တစ်ခုကြာ သင့်ဘာသာ တွေ့ကြုံရန် လိုအပ်ကောင်း လိုအပ်နိုင်ပေသည်။ သင် အသက်လေးဆယ်ရောက်သည်နှင့် လုံးလုံး ယုံကြည်လက်ခံလိမ့်မည် ဖြစ်ပြီး “ဘုရားသခင်သည် သမ္မာတရားဖြစ်သည်။ သူသည် အမှန်တကယ် ဘုရားသခင်ဖြစ်ပြီး ဘုရားသခင် လုပ်ဆောင်သည့်အရာက အလွန် အံ့ဩဖွယ်ဖြစ်ကာ စစ်မှန်သည်။ ဘုရားသခင် အလွန် ဉာဏ်ပညာရှိသည်”ဟု သင် ပြောလိမ့်မည်။ သင့်ကိုယ်သင် ငြင်းပယ်သည်။ ကြည့်လော့၊ ထိုအရာက နှစ်ပေါင်းမည်မျှ အတွေ့အကြုံ လိုအပ်ခဲ့သနည်း။ (အနှစ်နှစ်ဆယ်ဖြစ်သည်။) ပြီးလျှင် ဤအနှစ်နှစ်ဆယ်တွင် ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်လေပြီနည်း။ သူသည် သင့်ကို ပြောပြရန် နယူတန်၏ နိယာမက မည်သည့်အရာဖြစ်သည်ကို ရှင်းပြခြင်းကဲ့သို့သော ပုံသေနည်းကို မသုံးခဲ့ပေ။ အချို့သော အရာများကို သင့်အား မြင်တွေ့စေရန် သူသည် အဖြစ်မှန်များကို အသုံးပြုပြီး ယင်းတို့ကို သင့်အနီးဝန်းကျင်တွင် ဖြစ်ပျက်နေသည့် ဖြစ်စဉ်များနှင့် အဖြစ်အပျက်များမှတစ်ဆင့် နားလည်ရန် သင့်ကို ဉာဏ်အလင်းပေးပြီး လမ်းပြခဲ့သည်။ သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာပြီးနောက်တွင် သင်သည် သိနားလည်မှု အနည်းငယ် ရရှိလိမ့်မည်ဖြစ်ပြီး “ကျွန်ုပ် မှားခဲ့ပါသည်။ သို့သော် ကျွန်ုပ် လုံးလုံး မှားခဲ့ပါသလော”ဟု ပြောလိမ့်မည်။ နောက်ထပ် တွေ့ကြုံလော့၊ ပြီးလျှင် ဘုရားသခင်က သင့်အတွက် အဖြစ်မှန် အချို့ကို စီစဉ်ပေးလိမ့်မည်ဖြစ်ပြီး သင် အသက်လေးဆယ်ဖြစ်သည့်အခါ နောက်ထပ် ဆယ်စုနှစ်ပြီးနောက်တွင် သင် မှားခဲ့ကြောင်း ဝန်ခံလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် အမှုပြုပုံဖြစ်သည်။ ဤသည်တို့မှာ သူ လုပ်ဆောင်သည့် အမှုအရာများ ဖြစ်သည်။ သင် မှားယွင်းပြီး ဘုရားသခင် မှန်သည်ဟု မည်သည့် ဖြစ်စဉ်မှတစ်ဆင့် သင် အသိအမှတ်ပြုနိုင်သနည်း။ ဤအသိတရား သင် ရှိလာမည်မှာ အဖြစ်မှန်များကို ကြုံခြင်းဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းအောက်တွင် ဖြစ်သည်။ ထိုသို့သော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်ကို ကောက်ချက်တစ်ခု ပေးရုံမျှမပေးသကဲ့သို့ အခြေခံအကြောင်းရင်း မရှိဘဲနှင့် သင့်ကို မယုံကြည်စေပေ။ ဘုရားသခင်က သင့်ကို အတင်းအကျပ် နားလည်စေခဲ့လျှင် အဆင်ပြေမည်လော။ သင့်အား နားလည်စေရန် ဘုရားသခင်က သင့်ကို အတင်းအဓမ္မ ထိန်းချုပ်ခဲ့လျှင် သင် နားလည်မည်ဖြစ်ပြီး ဘုရားသခင် မှန်ကန်သည်ကို တစ်နည်းနည်းဖြင့် သင် သိမည်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူတို့အား စက်ရုပ်များအဖြစ်သို့ ပြောင်းရန် မဟုတ်။ ယင်းမှာ သူ အလိုရှိသောအရာ မဟုတ်ပေ။ သူသည် လူတို့အား သမ္မာတရားကို နားလည်စေလိုသည်၊ မိမိတို့ကိုယ်ပိုင် ရွေးချယ်မှုများ ပြုလုပ်စေလိုပြီး သူ့ကို ကျိုးနွံနာခံနိုင်စေလိုသည်။ သို့သော် ဤရလဒ်ကို စွမ်းဆောင်ရရှိခြင်းက အချိန်ကြာသည်။
ယခုတွင် ဘုရားသခင်၏ အမှုတော်က လက်တွေ့ကျသည်ဟု သင်တို့ တွေ့ကြုံပြီလော။ (တွေ့ကြုံပါပြီ။) အလွန် လက်တွေ့ကျပေသည်။ ဘုရားအမှုတော်၏ လက်တွေ့ကျခြင်းသည် လူ၏ စိတ်ကူးသက်သက်၊ မရေရာသော အမြင်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့ကြောင့် သင့်အထဲတွင် စိတ်ကူးသက်သက်ဖြစ်သည့်အရာများ သို့မဟုတ် အနှစ်မဲ့ပြီး လက်တွေ့မကျသည့်အရာများ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်တွင် အခြေခံမရှိသည့် အရာများကို သင် သုံးသပ်ဆင်ခြင်ရန် လိုအပ်သည်။ ဤအရာများအားလုံးကို ငြင်းပယ်ခြင်းသည်သာ သင့်အတွက် မှန်ကန်သည်။ ထိုအရာက မုချ မှန်ကန်ပြီး ဤနည်းဖြင့် သင် တွေ့ကြုံရန်လိုအပ်သည်။ အရာခပ်သိမ်း၏ ဖန်ဆင်းရှင်ဖြစ်သည့် ဘုရားသခင်သည် အမှုအရာ မည်မျှကို ဖန်ဆင်းခဲ့သနည်း။ သူ မည်မျှ ဉာဏ်ပညာ ရှိရမည်နည်း။ ဤအရာကို သုံးနှစ် သို့မဟုတ် ငါးနှစ်အတွင်း သင် လုံးလုံးလျားလျား တွေ့ကြုံကာ နားလည်နိုင်မည်ဟု သင် ထင်လျှင် မဖြစ်နိုင်ပေ။ တစ်သက်တာ အတွေ့အကြုံဖြင့်ပင် ထိုအရာကို သင် နားလည်နိုင်မည် မဟုတ်။ ထို့ကြောင့် သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံသည့်အခါတွင် လက်တွေ့ကျရမည်။ အသေးစိတ် အချက်အလက်များမှ စတင်လျက် သေးငယ်သောအရာဖြင့် အစပြုပြီး သမ္မာတရား စည်းမျဉ်းများကို ရှာဖွေလော့။ သင် နားမလည်နိုင်သည့် တစ်စုံတစ်ရာနှင့် ရင်ဆိုင်ရသည့်အခါ ပူပန်သောကရောက်ခြင်း သို့မဟုတ် စိတ်မရှည်ခြင်း မဖြစ်ဘဲ ဘုရားသခင်ရှေ့တွင် သင့်ကိုယ်သင် ငြိမ်သက်စေပြီး သမ္မာတရားကို ရှာဖွေရန် သင်ယူလော့။ ဘုရားသခင်ရှေ့တွင် မည်သို့ ငြိမ်သက်နိုင်မည်နည်း။ သင်၏ စိတ်နှလုံးက သူ့ကို ဆုတောင်းပြီး သူနှင့်အတူ မိတ်သဟာယပြုရမည်ဖြစ်ပြီး သင် ငြိမ်သက်လာခြင်း မရှိနိုင်လျှင် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီး တွေးဆနိုင်သည် သို့မဟုတ် ဘုရားနှုတ်ကပတ်တော် ဓမ္မတေးသီချင်းများကို သီဆိုနိုင်သည်။ ဤအရာအားလုံးက ဘုရားသခင်ရှေ့တွင် ငြိမ်သက်ခြင်း ရလဒ်ကို စွမ်းဆောင်ရရှိစေလိမ့်မည် ဖြစ်သည်။ လူတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင်ရှေ့သို့ ပြန်လာသည့်အခါ ငြိမ်သက်လာလိမ့်မည် ဖြစ်သည်။ အမှုအရာများကို လုပ်ဆောင်ခြင်း သို့မဟုတ် အပြင်တွင် လျှောက်ပြေးလွှားနေခြင်းက မည်သည့်အရာမျှ မရရှိစေဘဲ အကျိုးမရှိဟု ၎င်းတို့ ခံစားရလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည်ဖြစ်စေ၊ သမ္မာတရားကို မိတ်သဟာယပြုသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ကို ချီးမွမ်းရာတွင် ဓမ္မတေးများကို သီဆိုသည်ဖြစ်စေ ဘုရားသခင်ရှေ့တွင် ၎င်းတို့ ငြိမ်သက်နေသရွေ့ ၎င်းတို့၏ စိတ်ဝိညာဉ်က တစ်စုံတစ်ရာကို ရရှိလိမ့်မည်ဖြစ်ပြီး ဉာဏ်အလင်းပေးခြင်းခံရလိမ့်မည် ဖြစ်ကာ ၎င်းတို့၏ စိတ်နှလုံးက အားဖြည့်ခံရပြီး ကျေနပ်အားရလိမ့်မည်ဖြစ်သည်။ တဖြည်းဖြည်းနှင့် ဘုရားသခင်၏ အမှုတော်ကို သင် ရှင်းလင်းစွာ မြင်လိမ့်မည်။ သူ့ကို ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားနှင့် အသက်ကို ရရှိနိုင်လိမ့်မည်။ လူတို့သည် သမ္မာတရားကို ရရှိပြီး ဘုရားသခင်ကို ရရှိလိုလျှင် ၎င်းတို့အနေဖြင့် စွန့်လွှတ်စတေးမှုများ ပြုလုပ်ရမည်၊ ဆင်းရဲဒုက္ခများစွာ သည်းညည်းခံရမည်ဖြစ်ပြီး နှစ်များစွာအတောအတွင်း ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရာတွင် အချိန်နှင့် အားအင် ကုန်ဆုံးရမည်ဖြစ်သည်။ ထိုအခါတွင်သာ ၎င်းတို့သည် သမ္မာတရားနှင့် အသက်အပြင် ဘုရားသခင်၏ ကယ်တင်ခြင်းအားလုံးကို ရရှိနိုင်ပေသည်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။