လူ့သဘာဝကို သိရှိရန် နည်းလမ်း (အပိုင်း နှစ်)
လူ၏သဘာဝကို သင်မည်သို့ နားလည်သနည်း။ အရေးကြီးဆုံးသော အရာမှာ ယင်းကို လူသား၏ လောကအမြင်၊ ဘဝအမြင်နှင့် စံနှုန်းများ၏ ရှုထောင့်မှ ခွဲခြားသိမြင်ရန် ဖြစ်သည်။ နတ်ဆိုးနှင့်သက်ဆိုင်သော သူအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက် အသက်ရှင်ကြ၏။ ၎င်းတို့၏ ဘဝအမြင်များနှင့် ဆိုရိုးများက၊ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” “လူဆိုတာကြံရင်းသေကြသလို ငှက်ဆိုတာပျံရင်းသေကြတယ်” နှင့် အခြားသော ထိုအတွေးများကဲ့သို့ စာတန်၏ ဆိုရိုးစကားများမှ အဓိက လာလေသည်။ ထိုနတ်ဆိုးဘုရင်များ၊ ကြီးမြတ်သူများနှင့် အတွေးအခေါ်ပညာရှင်များက ပြောဆိုသည့် ဤစကားများအားလုံးသည် လူသား၏ တကယ့်ဘဝ ဖြစ်လာကြသည်။ အထူးသဖြင့် တရုတ်လူမျိုးများ၏ “ပညာရှိ” ဟု အမွှမ်းတင်ခြင်းကို ခံရသူ ကွန်ဖြူးရှပ်၏ စကားအများစုမှာ လူသား၏ ဘဝ ဖြစ်လာပြီးဖြစ်သည်။ ဗုဒ္ဓဘာသာနှင့် ဒေါင်အယူဝါဒတို့၏ နာမည်ကျော် စကားပုံများနှင့် နာမည်ကျော် ပုဂ္ဂိုလ်အမျိုးမျိုးတို့၏ မကြာခဏ ကိုးကားခံရသည့် ဂန္တဝင် ဆိုရိုးစကားများလည်း ရှိပေသည်။ ဤအရာအားလုံးသည် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ သဘာဝတို့၏ အနှစ်ချုပ်များ ဖြစ်ကြသည်။ ၎င်းတို့သည် စာတန်၏ သဘာဝနှင့်ဆိုင်သော အကောင်းဆုံး သာဓကများနှင့် ရှင်းပြချက်များလည်း ဖြစ်ကြသည်။ လူသား၏ စိတ်နှလုံးထဲသို့ သွင်းပေးခံခဲ့ရသည့် ဤအဆိပ်များအားလုံး စာတန်ထံမှ လာပြီး ၎င်းတို့ထဲမှ နည်းနည်းမျှ ဘုရားသခင်ထံမှ မလာပေ။ ထိုသို့သော ဆိုးယုတ်သည့် စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်လည်း တိုက်ရိုက် ဆန့်ကျင်လျက် ရှိ၏။ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားများသည် ဘုရားသခင်ထံမှ လာပြီး၊ လူသားကို အဆိပ်ခတ်သည့် အပျက်သဘောဆောင်သော အရာများအားလုံးက စာတန်ထံမှ လာသည်မှာ လုံးဝ ရှင်းသည်။ ထို့ကြောင့်၊ သင်သည် လူပုဂ္ဂိုလ်တစ်ဦး၏ သဘာဝဗီဇနှင့် သူသည် မည်သူနှင့် သက်ဆိုင်ကြောင်းကို သူ၏ဘဝအမြင်များနှင့် တန်ဖိုးများကို ကြည့်ရှုခြင်းဖြင့် ထိုးထွင်းသိမြင်နိုင်သည်။ စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသည့် လူသိများသော ဆိုးယုတ်သော ဆိုရိုးတစ်ခုဖြစ်သည်။ ဤဆိုရိုးက လူ့အသက် ဖြစ်လာသည်။ ဤကဲ့သို့သော လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့၊ အထင်အမြင်မှားစေဖို့နှင့် ဖောက်ပြန်ပျက်စီးစေဖို့ နိုင်ငံတစ်နိုင်ငံစီ၏ ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူအချို့သည် လူမှုအဖွဲ့အစည်းတွင် အစိုးရဝန်ထမ်းများအဖြစ် ဆယ်စုနှစ်ချီ အမှုထမ်းပြီးဖြစ်သည်။ အောက်ပါမေးခွန်းကို ၎င်းတို့အား မေးသည်ဟု စိတ်ကူးကြည့်လော့။ “ဤစွမ်းဆောင်ရည်ဖြင့် အလွန်ကောင်းစွာ သင် လုပ်ဆောင်ပြီးဖြစ်သည်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများမှာ အဘယ်နည်း။” “ကျွန်ုပ် နားလည်သည့် တစ်ခုတည်းသော အရာမှာ ‘အရာရှိများသည် တံစိုးလက်ဆောင် ပေးသူများအတွက် အမှုအရာများကို ခက်ခဲအောင် မလုပ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။’ ဟူ၍ ဖြစ်သည်” ဟု ၎င်းတို့ ပြောကောင်း ပြောလိမ့်မည်။ ဤသည်မှာ ၎င်းတို့ အလုပ်အကိုင်က အခြေပြုထားသည့် ဆိုးယုတ်သော အတွေးအခေါ်ဖြစ်သည်။ ဤစကားများသည် ထိုသို့သောလူ၏ သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့်နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ရေးနှင့် အလုပ်အကိုင် အောင်မြင်ရေးတို့သည် ၎င်းတို့၏ ပန်းတိုင်များ ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် သူတို့၏ ဒဿနများ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ဤအရာအားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်နှင့် သက်ဆိုင်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူ၏ သဘာဝက ဖောက်ပြန်ပျက်စီးသည်၊ ကောက်ကျစ်ဆိုးယုတ်သည်၊ ရန်လိုတတ်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ရာတွင်ရှိကာ စာတန်၏ အတွေးအခေါ်များနှင့် အဆိပ်များဖြင့် ပြည့်ကာ နှစ်မြှုပ်သည်ဟု ဆိုနိုင်ပေသည်။ ယင်းသည် လုံးလုံးလျားလျား စာတန်၏ သဘာဝ အနှစ်သာရ ဖြစ်လာပြီး ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။ ဤနည်းဖြင့် ၎င်း၏သဘာဝကို ခွဲခြမ်းစိတ်ဖြာကြည့်၍ရပါက၊ လူသားသည် သူ့ကိုယ်သူ အလွယ်တကူ သိလာနိုင်သည်။
လူတို့တွင် ဘုရားသခင်၏ စိတ်သဘောထားအပေါ် စစ်မှန်သော သိနားလည်မှုရှိသောအခါ၊ ဘုရားသခင်၏ စိတ်သဘောထားသည် စစ်မှန်ကြောင်း၊ အမှန်တကယ် သန့်ရှင်းကြောင်းနှင့် အမှန်တကယ် ဖြောင့်မတ်ကြောင်း ၎င်းတို့ မြင်နိုင်သည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ချီးမွမ်းနိုင်သောအခါ ဘုရားသခင်ကို အမှန်တကယ် သိကြလိမ့်မည်။ သမ္မာတရားကို ရရှိကြပြီး ဖြစ်လိမ့်မည်။ လူတို့သည် ဘုရားသခင်ကို သိကျွမ်းသည့်အခါမျှသာလျှင်၊ အလင်း၌ အသက်ရှင်ကြလေသည်။ ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းခြင်း၏ တိုက်ရိုက်အကျိုးတရားသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်ခြင်းနှင့် ကျိုးနွံနာခံနိုင်ခြင်းပင် ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းကာ သမ္မာတရားကို နားလည်ပြီး ရရှိသည့်လူများ၌ အသက်အပေါ် ၎င်းတို့၏ လောကအမြင်နှင့် သဘောထားတို့တွင် စစ်မှန်သော ပြောင်းလဲမှုတစ်ခုရှိသည်။ ယင်းနောက်တွင် ၎င်းတို့၏ အသက်စိတ်သဘောထား၌လည်း စစ်မှန်သော ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာသည်။ လူများ၌ မှန်ကန်သည့် ဘဝရည်မှန်းချက်များ ရှိသည့်အခါ၊ သမ္မာတရားကို လိုက်စားနိုင်ပြီး သမ္မာတရားအတိုင်း မိမိတို့ကိုယ်ကိုယ် ကျင့်ကြံပြုမူကြသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို အကြွင်းမဲ့ ကျိုးနွံနာခံပြီး သူ့နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်သည့်အခါ၊ မိမိတို့ စိတ်နှလုံး၏ နက်ရှိုင်းရာအထိ ငြိမ်းချမ်းခြင်းကို ခံစားရပြီး အလင်းပေးခြင်းခံရသည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးများသည် မှောင်မိုက်ခြင်း ကင်းသည့်အခါ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ လုံးလုံးလျားလျား လွတ်လွတ်လပ်လပ် အထိန်းအချုပ်မဲ့ အသက်ရှင်နိုင်သည့်အခါ၊ ထိုအခါမှသာ ၎င်းတို့သည် စစ်မှန်သော လူ့အသက်တာများကို ရှင်သန်နေထိုင်နိုင်ပြီး ထိုအခါမှသာ ၎င်းတို့သည် သမ္မာတရားနှင့် လူ့သဘာဝတို့ကို ပိုင်ဆိုင်သည့်သူများ ဖြစ်လာကြပြီးဖြစ်သည်။ ထို့အပြင် သင်နားလည်ပြီး ရရှိခဲ့သည့် သမ္မာတရားအားလုံးသည် ဘုရားနှုတ်ကပတ်တော်နှင့် ဘုရားသခင်ကိုယ်တော်တိုင်ထံမှ လာသည်။ ဖန်ဆင်းရှင်ဖြစ်လေသူ အမြင့်ဆုံးသော ဘုရား၏ နှစ်သက်လက်ခံမှုကို သင်ရရှိသောအခါမှသာ၊ ထို့ပြင် သင်သည် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နေသော အရည်အသွေး ပြည့်မီသည့် ဖန်ဆင်းခံတစ်ဦးဖြစ်သည်ဟု ဘုရားက ပြောဆိုသောအခါမှသာ သင်၏ ဘဝသည် အဓိပ္ပာယ်အရှိဆုံး ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရရှိခြင်းဟူသည်မှာ သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်ကြောင်း၊ သင်သည် သမ္မာတရားနှင့် လူ့သဘာဝတို့ ပိုင်ဆိုင်သည့် သူတစ်ဦးဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။ စာတန်၏ အုပ်စိုးခြင်းခံရသည့် ယနေ့လောကထဲနှင့် သမိုင်း၏အနည်းဆုံးနှစ်ထောင်ပေါင်းများစွာကြာ၊ လူသားမျိုးနွယ်အားလုံးကြားတွင် မည်သူက စစ်မှန်သောလူသားအသက်ကို ရရှိပြီးဖြစ်သနည်း။ မည်သူမျှ မရရှိပေ။ လူတို့သည် စာတန်၏ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်သကဲ့သို့ စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်သောကြောင့်၊ ၎င်းတို့ လုပ်သမျှတိုင်းသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး ၎င်းတို့၏ လှစ်ဟချက်စကားများနှင့် သီအိုရီတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ ပေါက်ဖွားလာကာ ဘုရားနှုတ်ကပတ်တော်များကို တိုက်ရိုက်ရွံမုန်းနေသောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် လူစားမျိုးများ အတိအကျ ဖြစ်ကြပေသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ လက်မခံပါက ပြောပလောက်စရာ အသက်လုံးဝမရှိဘဲ ထာဝရပြစ်ဒဏ်နှင့် ပျက်စီးခြင်းထဲသို့ ကျဆင်းသွားကြပေမည်။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်နောက် လိုက်ကြ၏၊ ကြီးမြတ်သည့်လူတစ်ဦးဦး သို့မဟုတ် ကျော်ကြားသည့်လူတစ်ဦးဦးဖြစ်ရန် ကြိုးစားကြပြီး “လာမည့် မျိုးဆက်များတစ်လျှောက် မိမိတို့၏ အမည်နာမများ လက်ဆင့်ကမ်းခံရရန်” နှင့် “သမိုင်းတစ်လျှောက်လုံး ကျော်ကြားရန်” မျှော်လင့်ကြသည်။ ဤသည်မှာ အဓိပ္ပာယ်မရှိသကဲ့သို့ အလွန်အမင်း မခိုင်လုံပေ။ အမှန်တွင် ကြီးမြတ်သည့်၊ သို့မဟုတ် ကျော်ကြားသည့် ပုဂ္ဂိုလ်တိုင်းသည် စာတန်၏ မျိုးနွယ်ဝင် ဖြစ်ပြီး လုံးဝ ပြန်လည်လူဝင်စားခြင်းမရှိရန် ဆယ့်ရှစ်ထပ်မြောက် ငရဲဘုံထဲသို့ အပြစ်ဒဏ်ခံရဖို့ ကျဆင်းသွားသည်မှာ ကြာပြီဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဤလူများကို ကြည်ညိုလေးစားပြီး ၎င်းတို့၏ ဆိုးယုတ်သော စကားများနှင့် အတွေးမှားများကို လက်ခံကြသည့်အခါ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် စာတန်နှင့် နတ်ဆိုးတို့၏ သားကောင်ဖြစ်လာလေသည်။ ဖန်ဆင်းခံများသည် ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်သင့်၏။ ဘုရားသခင်သည်သာ သမ္မာတရား ဖြစ်သည့်အတွက် ဤအရာသည် လုံးဝ သဘာဝကျပြီး ခိုင်လုံသည်။ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဘုရားသခင် ထိန်းချုပ်ပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးလေသည်။ ဘုရားသခင်ကို မယုံကြည်ခြင်းနှင့် ဘုရားသခင်ကို နာခံမှုမရှိခြင်းမှာ သမ္မာတရားကို မရရှိနိုင်ခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်လျှင် သင်၏ စိတ်နှလုံး နက်ရှိုင်းသည့်နေရာများတွင် အားတက်မှုကို ခံစားရမည် ဖြစ်ပြီး အေးအေးသက်သာ ရှိလိမ့်မည်။ နှိုင်းဆမရနိုင်သည့် ချိုမြိန်မှုတစ်ခုကိုလည်း သင် မွေ့လျော်ရလိမ့်မည်ဖြစ်သည်။ ဤသို့ ဖြစ်ပျက်သည့်အချိန်တွင် သင်သည် အမှန်တကယ် အသက်ရရှိပြီး ဖြစ်လိမ့်မည်။ လောကီသိပ္ပံပညာရှင်များ၏ အောင်မြင်မှုများ မည်မျှကြီးမားသည်ဖြစ်စေ၊ ၎င်းတို့ သေခြင်းတရားနှင့်နီးကပ်သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် လက်ချည်းသက်သက်ဖြစ်ကာ မည်သည့်အရာမျှ မရှိလေပြီဟု ခံစားရလိမ့်မည်ဖြစ်သည်။ အိုင်းစတိုင်းနှင့် နယူတန်တို့ပင်၊ အဆင့်မြင့်မားသော ဤပညာရှင်များပင်လျှင် အနှစ်မဲ့မှု ခံစားရသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၌ သမ္မာတရား မရှိကြသောကြောင့် ဖြစ်ပြီး ဘုရားသခင်အပေါ် စစ်မှန်သော သိနားလည်မှု မရှိကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြသော်လည်း ဘုရားသခင်၏ တည်ရှိခြင်းကိုသာ ယုံကြည်ကြခြင်း ဖြစ်သည်။ သို့သော် သမ္မာတရားကို ၎င်းတို့ မလိုက်စားခဲ့ကြချေ။ ၎င်းတို့သည် ဘုရားသခင်တစ်ပါး အမှန်တကယ်ရှိသည်ကို ရှာဖွေတွေ့ရှိရန်နှင့် သက်သေပြရန် သိပ္ပံပညာအပေါ်သာ အမှီပြုလိုခဲ့ကြသည်။ ရလဒ်အနေနှင့် ၎င်းတို့တစ်ဦးချင်းစီသည် တစ်သက်လုံး သုတေသနများ လုပ်ခဲ့သော်လည်း ဘာဆိုဘာမျှ မရရှိခဲ့ကြချေ။ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဘုရားသခင်ကို ယုံကြည်ခဲ့သော်လည်း သမ္မာတရားကို လုံးဝ မရရှိသွားကြချေ။ ၎င်းတို့သည် သိပ္ပံဆိုင်ရာ အသိပညာကိုသာ ရှာဖွေခဲ့ကြသည်။ သို့သော် ဘုရားသခင်ကို သိကျွမ်းဖို့ မရှာဖွေခဲ့ကြပေ။ ၎င်းတို့သည် သမ္မာတရားကို မရရှိခဲ့ကြသကဲ့သို့၊ စစ်မှန်သည့် အသက်ကိုလည်း မရရှိခဲ့ကြချေ။ သင်တို့ ယနေ့ လျှောက်လှမ်းနေကြသည့် လမ်းကြောင်းသည် ၎င်းတို့ လျှောက်လှမ်းခဲ့ကြသည့် လမ်းကြောင်းမဟုတ်ပေ။ သင်တို့ ရှာဖွေသည်မှာ ဘုရားသခင်ကို သိကျွမ်းဖို့၊ သူ့ကို မည်သို့ ကျိုးနွံနာခံရမည်၊ သူ့ကို မည်သို့ ကိုးကွယ်ရမည်ဆိုသည်နှင့် အဓိပ္ပာယ်ရှိသည့် အသက်တာတစ်ခုကို မည်သို့ အသက်ရှင်နေထိုင်ရမည်ဆိုသည်တို့ ဖြစ်သည်။ ဤအရာအားလုံးသည် ၎င်းတို့ ရှာဖွေခဲ့သည့်အရာနှင့် လုံးဝ ကွဲပြားပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောလူများ ဖြစ်ကြသော်လည်း သမ္မာတရားကိုကား မရရှိခဲ့ကြ။ ယခုတွင် လူ့ဇာတိခံ ဘုရားသခင်သည် သမ္မာတရား၏ ရှုထောင့်တိုင်းကို သင်တို့အား ပြောပြပြီးဖြစ်ကာ သမ္မာတရားနှင့် အသက်၏လမ်းခရီးကို သင်တို့အပေါ် အပ်နှင်းပြီး ဖြစ်သည်။ သမ္မာတရားကို သင်တို့မလိုက်စားလျှင် မိုက်မဲရာကျပေလိမ့်မည်။
ယခုတွင် သင်တို့၏ သမ္မာတရားအပေါ် သိနားလည်မှုသည် မလုံလောက်ပေ။ အနှစ်မဲ့သည့် သီအိုရီကိုသာ သင်တို့ ပြောနိုင်သည်။ သင်တို့ တာဝန်ယူရသည့် အလုပ်တိုင်းနှင့် ပတ်သက်၍ ချို့တဲ့မှုနှင့် မသေချာမှုတို့ကို သင်တို့ ခံစားရဆဲဖြစ်သည်။ ဤအရာက သင်တို့၏ အသက်ဝင်ရောက်မှုသည် အလွန်အပေါ်ယံဆန်လွန်းပြီး သမ္မာတရားကို သင်တို့မရရှိသေးကြောင်း ပြပေသည်။ သမ္မာတရားကို သင် အမှန်တကယ် နားလည်ပြီး ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်သည့်အခါ သင်သည် အားအင်ရှိလိမ့်မည်၊ သင်၏ ခန္ဓာကိုယ်ကို ဖြည့်ဆည်းသည့် မကုန်ခမ်းနိုင်သော အားအင်ရှိလိမ့်မည်။ ထိုအချိန်တွင် စိတ်ထဲ၌ သင်သည် သာ၍ ကြည်လင်ရွှင်ပြလိမ့်မည်ဖြစ်ပြီး သင် လျှောက်လှမ်းလေ လမ်းကြောင်းက သာ၍ လင်းလာလေ ဖြစ်လိမ့်မည်။ ဤခေတ်တွင် ဘုရားသခင်ကို ယုံကြည်သောလူအများစုသည် မှန်ကန်သည့် လမ်းကြောင်းပေါ် မစတင်ကြသေးသကဲ့သို့ သမ္မာတရားကို နားမလည်လာကြသေးချေ။ ထို့ကြောင့် စိတ်ထဲတွင် အနှစ်မဲ့ကြောင်း၊ ဘဝက ဆင်းရဲဒုက္ခခံစားနေရကြောင်းနှင့် မိမိတို့တာဝန်များကို ထမ်းဆောင်ရန် အားအင်မရှိကြကြောင်းတို့ကို ၎င်းတို့ ခံစားရဆဲ ဖြစ်သည်။ ဤသည်မှာ လူတို့ဘုရားသခင်ကိုယုံကြည်ရာ၌ မိမိတို့ စိတ်နှလုံးများတွင် ရူပါရုံမရှိသောအချိန်က ဖြစ်သည့်ပုံစံဖြစ်သည်။ လူတို့သည် သမ္မာတရား မရရှိကြသေးသကဲ့သို့ ဘုရားသခင်ကိုလည်း မသိကြသေးသောကြောင့် ဝမ်းမြောက်ပျော်ရွှင်ခြင်း များစွာ မခံစားကြရသေးချေ။ အထူးသဖြင့် သင်တို့အားလုံးသည် အိမ်ပြန်လာရာတွင် နှိပ်စက်ညှဉ်းပန်းမှုကို ခံစားကြရပြီးဖြစ်ကာ အခက်အခဲကြုံကြရပြီး ဖြစ်သည်။ သင်တို့ ဆင်းရဲဒုက္ခခံစားချိန်တွင် သေရန်အတွေးများနှင့် အသက်မရှင်လိုသည့် စိတ်တစ်ခုလည်း ရှိကြသည်။ ဤသည်တို့မှာ ခန္ဓာ၏ အားနည်းချက်များ ဖြစ်သည်။ လူအချို့က “ဘုရားသခင်ကို ယုံကြည်မှုသည် ပျော်စရာဖြစ်သင့်သည်။ ကျေးဇူးတော်ခေတ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အပေါ် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ပေးသနားခဲ့သည်။ ယခုတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း နည်းပါးလွန်းပြီး ကျေးဇူးတော်ခေတ်အတွင်း ရှိခဲ့သည့် ဝမ်းမြောက်ပျော်ရွှင်မှုမျိုး မရှိပါ။ ယနေ့ခေတ်တွင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန့်အလွန် ဦးနှောက်ခြောက်စရာ ဖြစ်သည်” ဟုပင် ဆိုကြသည်။ ဇာတိခန္ဓာ၏ ပျော်ရွှင်မှုသည် အခြားမည်သည့်အရာမဆိုထက် ကောင်းသည်ဟုသာ သင် သိ၏။ ယနေ့ခေတ်တွင် ဘုရားသခင်က မည်သည့်အမှု ပြုနေသည်ကို သင် မသိ။ သင်တို့၏ စိတ်သဘောထားကို ပြောင်းလဲစေရန်အလို့ငှာ ဘုရားသခင်သည် သင်တို့၏ ဇာတိခန္ဓာကို ဆင်းရဲဒုက္ခခံစားခွင့် ပေးရပေသည်။ သင်၏ ဇာတိခန္ဓာက ဆင်းရဲဒုက္ခခံရသော်လည်း သင်သည် ဘုရားနှုတ်ကပတ်တော်ရှိပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာရှိသည်။ သင် သေချင်လျှင်ပင် မသေနိုင်ပေ။ ဘုရားသခင်ကို မသိကျွမ်းခြင်းနှင့် သမ္မာတရားကို မရရှိခြင်းအဖြစ်အား သင် ကြိတ်မှိတ်လက်ခံ၍ ရသလော။ ယခုတွင် အများအားဖြင့် လူတို့သည် သမ္မာတရားကို မရရှိကြသေးခြင်းသာဖြစ်ပြီး ၎င်းတို့သည် အသက်မရှိကြချေ။ ၎င်းတို့သည် ကယ်တင်ခြင်း ရှာဖွေလက်စ ဖြစ်သောကြောင့် ဤလုပ်ငန်းစဉ်တွင် ၎င်းတို့ အနည်းငယ် ဆင်းရဲဒုက္ခခံရပေမည်။ ယနေ့တွင် လောကရှိ လူတိုင်း စမ်းသပ်မှုများကို ကြုံနေရသည်။ ဘုရားသခင်ပင်လျှင် ဆင်းရဲဒုက္ခခံစားနေရသည်။ ထို့ကြောင့် သင်တို့ ဆင်းရဲဒုက္ခမခံစားရလျှင် သင့်လျော်ပါ၏လော။ ကြီးမားသော ကပ်ဘေးများမှတစ်ဆင့် စစ်ဆေးခြင်းမရှိဘဲ စစ်မှန်သည့် ယုံကြည်ခြင်း မရှိနိုင်သကဲ့သို့ သမ္မာတရားနှင့် အသက်ကိုလည်း မရရှိနိုင်။ စမ်းသပ်မှုများနှင့် စစ်ဆေးမှုမရှိခြင်းသည် ဖြစ်မည်မဟုတ်ပေ။ ပေတရုကိုသာ ကြည့်လော့။ သူသည် နောက်ဆုံးတွင် စမ်းသပ်မှုများကို ခုနစ်နှစ်တာ ကြုံခဲ့၏ (သူ့အသက် ငါးဆယ့်သုံးနှစ် ပြည့်ပြီးနောက်တွင်)။ ထိုခုနစ်နှစ်တာတစ်လျှောက်လုံးတွင် စမ်းသပ်မှုရာချီ သူ ကြုံခဲ့ရသည်။ ရက်အနည်းငယ်ကြာတိုင်း ဤစမ်းသပ်မှုများထဲမှတစ်ခုကို သူ ဖြတ်သန်းခဲ့ရ၏။ စမ်းသပ်မှုမျိုးစုံကို သူ ကြုံရပြီးသည့်နောက်တွင်သာ အသက်ကို ရရှိခဲ့ကာ သူ၏ စိတ်သဘောထား ပြောင်းလဲမှုကို တွေ့ကြုံခဲ့ရသည်။ သင်သည် သမ္မာတရားကို အမှန်တကယ် ရရှိပြီး ဘုရားသခင်ကို သိရှိလာသည့်အခါ ဘုရားသခင်အတွက် သင် အသက်ရှင်သင့်သည်ဟု ခံစားရလိမ့်မည်။ ဘုရားသခင်အတွက် သင် အသက်မရှင်ပါက ဝမ်းနည်းရလိမ့်မည်။ သင်သည် သင်၏ ကျန်ရှိသည့် နေ့ရက်ကာလများကို ခါးသီးသော နောင်တနှင့် အဆုံးစွန်သော ဝမ်းနည်းမှုဖြင့် အသက်ရှင်နေထိုင်ရလိမ့်မည်။ သင် သေ၍မရသေး။ သင်၏ လက်သီးများကို ကျစ်ကျစ်ဆုပ်ကာ ပြတ်ပြတ်သားသား ဆက်အသက်ရှင်ရမည်။ ဘုရားသခင်အတွက် ဘဝတစ်ခုကို သင် အသက်ရှင်ရမည်။ လူတို့သည် ၎င်းတို့အတွင်း၌ သမ္မာတရားရှိသည့်အခါ ဤစိတ်ဆုံးဖြတ်ချက်ရှိပြီး သေလိုသည့်ဆန္ဒ နောက်ထပ် လုံးဝမရှိတော့ချေ။ သေခြင်းတရားက သင့်ကို ခြိမ်းခြောက်သည့်အခါ သင်က “အို ဘုရားသခင်၊ ကျွန်ုပ် မသေချင်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မသိသေးပါ။ ကိုယ်တော်၏ မေတ္တာကို ပြန်မဆပ်ရသေးပါ။ ကိုယ်တော်ကို ကောင်းစွာ မသိမချင်း ကျွန်ုပ် သေ၍ မဖြစ်ပါ” ဟု ပြောလိမ့်မည်။ သင်သည် ယခု ဤအခြေအနေ၌ ရှိသလော။ မရှိသေးချေ၊ ဟုတ်ပါသလော။ လူအချို့သည် မိသားစုနှင့်သက်ဆိုင်သည့် စိတ်ဆင်းရဲမှုကို ရင်ဆိုင်ရသည်။ အချို့မှာ အိမ်ထောင်ရေးနှင့်ဆိုင်သည့် စိတ်ဆင်းရဲမှုကို ရင်ဆိုင်ရသည်။ အချို့မှာ နေထိုင်စရာ နေရာတစ်ခုပင် မရှိဘဲ နှိပ်စက်ညှဉ်းပန်းမှုကို ခံစားရသည်။ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အခြားတစ်စုံတစ်ဦး၏ နေအိမ်ဖြစ်နေပြီး ၎င်းတို့သည် မိမိတို့စိတ်နှလုံး၌ နာကျင်မှုခံစားရသည်။ ယခု သင် တွေ့ကြုံနေသည့် နာကျင်မှုသည် ဘုရားသခင် ခံစားခဲ့သည့် နာကျင်မှုဝေဒနာ ဖြစ်သည်မဟုတ်လော။ သင်သည် ဘုရားသခင်နှင့်အတူ ဆင်းရဲဒုက္ခခံနေပြီး ဘုရားသခင်က ဆင်းရဲဒုက္ခထဲတွင် လူသားများနှင့်အတူ ပါရှိသည်။ သင်တို့အားလုံးသည် ယနေ့တွင် ခရစ်တော်၏ ဆင်းရဲဒုက္ခ၊ နိုင်ငံတော်နှင့် သည်းခံမှုတို့တွင် တစ်စိတ်တစ်ဒေသ ပါဝင်ကြပြီး အဆုံးတွင် ဘုန်းအသရေ ရရှိကြလိမ့်မည်။ ဤဆင်းရဲဒုက္ခသည် အဓိပ္ပာယ်ရှိ၏။ ထိုသို့ ဖြစ်သည် မဟုတ်လော။ သင်သည် ဤစိတ်ဆန္ဒ ကင်းမဲ့၍မရပေ။ ယနေ့တွင် ဆင်းရဲဒုက္ခ ခံစားရခြင်း၏ အဓိပ္ပာယ်နှင့် ဆင်းရဲဒုက္ခများစွာ ခံစားရသည့် အကြောင်းရင်းကို သင် နားလည်ရမည်။ သင်သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားအလိုတော်ကို သိနားလည်ရမည်ဖြစ်သည်။ ထို့နောက်တွင် သင်သည် ဆင်းရဲဒုက္ခခံရန် လိုအင်ဆန္ဒ ရှိလိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို သင် နားမလည်သကဲ့သို့ ဆင်းရဲဒုက္ခအကြောင်းကို တွေးရုံမျှတွေးပါက ထိုအကြောင်းကို သင် တွေးလေ၊ ကသိကအောက်ဖြစ်လာလေ ဖြစ်ကာ သင်၏ ဘဝလမ်းကြောင်းက အဆုံးသို့ ရောက်လာနေသည့်အလား ပို၍ အပျက်သဘောဆောင်လာလေ ဖြစ်သည်။ သင်သည် သေခြင်းတရား၏ ညှဉ်းဆဲမှုကို စတင် ခံစားရလိမ့်မည်။ သင်သည် သမ္မာတရားထဲသို့ စိတ်နှစ်ကာ အစွမ်းကုန် အားထုတ်ပြီး သမ္မာတရားကို နားလည်နိုင်ပါက သင်၏ စိတ်နှလုံးသည် လင်းလက်လိမ့်မည်ဖြစ်ကာ ပျော်ရွှင်မှုကို သင် တွေ့ကြုံရလိမ့်မည်။ ဘဝတွင် သင်၏ စိတ်နှလုံးအတွင်း၌ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို သင် ရှာတွေ့လိမ့်မည်ဖြစ်ပြီး နာမကျန်းဒဏ် ခံရကာ သေခြင်းတရားက နီးကပ်လာချိန်တွင် သင်က “ငါသည် သမ္မာတရား မရသေးသောကြောင့် သေ၍မဖြစ်။ ဘုရားသခင်အတွက် ငါ ကောင်းစွာ အသုံးခံရမည်။ ဘုရားသခင်ကို ကောင်းစွာ သက်သေခံပြီး ဘုရားမေတ္တာကို ပြန်ဆပ်ရမည်။ အဆုံးတွင် ငါ မည်သို့သေဆုံးမည်မှာ အရေးမကြီး။ အဘယ်ကြောင့်ဆိုသော် ငါသည် စိတ်ကျေနပ်ဖွယ်ရာ ဘဝတစ်ခုကို အသက်ရှင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ မည်သို့ဆိုစေ ငါသေ၍ မဖြစ်သေး။ ငါ မဆုတ်မနစ်ကြိုးပမ်းကာ ဆက်အသက်ရှင်ရမည်” ဟု ပြောလိမ့်မည်။ ယခုတွင် သင်သည် ဤကိစ္စရပ်တွင် ရှင်းလင်းမှု ရှိရမည်ဖြစ်ပြီး ဤအရာများမှ သမ္မာတရားကို နားလည်ရမည်။ လူတို့သည် သမ္မာတရား ရှိသည့်အခါ ခွန်အားရှိကြသည်။ သမ္မာတရား ရှိသည့်အခါ ၎င်းတို့ ခန္ဓာကိုယ်ကို ဖြည့်ဆည်းသည့် မကုန်ခမ်းနိုင်သော အားအင်တစ်ခု ပိုင်ဆိုင်ကြ၏။ ၎င်းတို့ သမ္မာတရား ရှိကြသည့်အခါ စိတ်ပိုင်းဖြတ်မှု ရှိကြသည်။ သမ္မာတရား မရှိလျှင် လူများသည် ပုပ်ဆွေးသော ဟင်းသီးဟင်းရွက်များလောက် ပျော့ညံ့ကြသည်။ သမ္မာတရား ပိုင်ဆိုင်ကြသည့်အခါ သံမဏိလောက် မာကျောလာကြလေသည်။ အမှုအရာများက မည်မျှ ခါးသီးသည်ဖြစ်စေ ၎င်းတို့က ခါးသီးသည်ဟု လုံးဝ ခံစားလိမ့်မည် မဟုတ်။ သင်တို့၏ အနည်းငယ်သော ဆင်းရဲဒုက္ခသည် မည်သည့်အရာနှင့် ညီမျှသည်ဟု သင်တို့ တွေးထင်ပါသနည်း။ လူ့ဇာတိခံ ဘုရားသခင်သည် ဆင်းရဲဒုက္ခခံစားနေဆဲ ဖြစ်သည်။ သင်တို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်သောသူများနှင့် မိမိတို့၏ သဘာဝက ဘုရားသခင်ကို သစ္စာဖောက်သော လူများ ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်သည့် အရာများစွာကို အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်မိပြီးဖြစ်ကာ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ထိုက်တန်ကြ၏။ နာမကျန်းဖြစ်သူများကို ကုသရမည်ဖြစ်သည့်အတိုင်းပင် ဆင်းရဲဒုက္ခကို ကြောက်ရွံ့ရန် ၎င်းတို့အတွက် သင့်လျော်ပါ၏လော။ သင်တို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြ၏၊ ထို့ကြောင့် သင်တို့သည် မည်သည့် နာကျင်မှုဝေဒနာမျှ လုံးဝမရှိဘဲ သင်တို့၏ စိတ်သဘောထားကို ပြောင်းလဲပြီး အသက်ရရှိနိုင်သည်ဟု သင်တို့ တွေးထင်ကြသလော။ သင်တို့၏ ဆင်းရဲဒုက္ခကို သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဖြစ်စေခြင်း ဖြစ်သည်။ ယင်းသည် ထိုက်တန်ပြီး သည်းခံရမည်။ ယင်းသည် အပြစ်မကင်းသကဲ့သို့ ဘုရားသခင်က ချမှတ်ထားခြင်းလည်း မဟုတ်ပေ။ လတ်တလောတွင် သင် ကြံ့ကြံ့ခံရသည့် ဆင်းရဲဒုက္ခသည် သင်၏ တာဝန်၌ ပြေးလွှားလှုပ်ရှားခြင်းနှင့် ကြိုးစားအလုပ်လုပ်ခြင်းထက် အနည်းငယ်ပိုသည်။ တစ်ခါတစ်ရံ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား လုံးဝ မပြောင်းလဲသည်ကို သင် တွေ့ရပြီး ထို့ကြောင့် စစ်ဆေးမှုအချို့ကို သင် ကြုံရ၏။ တစ်ခါတစ်ရံ ဘုရားနှုတ်ကပတ်တော်ကို သင် နားမလည်၊ နှုတ်ကပတ်တော်များက ဖတ်ရသည်မှာ နာကျင်စရာဖြစ်သောကြောင့် ဘုရားနှုတ်ကပတ်တော်ရှိ စစ်ဆေးခြင်းမှ သင် ဆင်းရဲဒုက္ခအနည်းငယ် ခံရသည်။ သို့မဟုတ် သင်သည် သင်၏ တကယ့်အလုပ်ကို ဆိုးရွားစွာ လုပ်ဆောင်ပြီး သင်၏ တာဝန်တွင် အမှားများ ဆက်လုပ်နေမိခြင်း ဖြစ်နိုင်သည်။ သင်၏ အလုပ်ကို မလုပ်နိုင်ခြင်းအတွက် အပြစ်ရှိသည့်စိတ်နှင့် မိမိကိုယ်ကို မုန်းတီးစိတ်ကို သင် ခံစားရပြီး ဤအရာက သင့်ကို ဆင်းရဲဒုက္ခအချို့ ဖြစ်စေသည်။ အခြားသူများ တိုးတက်နေကြသည်ကို သင် မြင်ရပြီး သင့်ကိုယ်ပိုင် တိုးတက်မှုက အလွန် နှေးနေကြောင်း၊ ဘုရားနှုတ်ကပတ်တော်ကို သဘောပေါက်နားလည်မှု တိုးတက်အောင် လုပ်ရန် သင့်အတွက် အချိန်အလွန်ကြာနေကြောင်း၊ သိနားလည်မှု အလွန်နည်းပါးကြောင်း သင် ခံစားရပြီး ဤကိစ္စရပ်များက သင့်ကို ဆင်းရဲဒုက္ခအချို့ဖြစ်စေခြင်း ဖြစ်နိုင်သည်။ အဆင်းနီသော နဂါးကြီး၏ အဖမ်းအဆီးများနှင့် နှိပ်စက်ညှဉ်းပန်းမှုကြောင့် တစ်ခါတစ်ရံ သင်၏ ရန်လိုသော ပတ်ဝန်းကျင်၏ ခြိမ်းခြောက်မှုကို သင် ခံစားရသည်။ ထို့ကြောင့် သင်သည် အမြဲ ကြောက်လန့်၏၊ မငြိမ်မသက်ဖြစ်ကာ ကြောက်ရွံ့မှုဖြင့် အသက်ရှင်၏။ ဤအရာက သင့်ကို ဆင်းရဲဒုက္ခအချို့ ဖြစ်စေသည်။ ဤဆင်းရဲဒုက္ခအပြင် အခြားမည်သည့် ဆင်းရဲဒုက္ခကို သင် တွေ့ကြုံပြီးပြီနည်း။ သင်တို့သည် ပြင်းထန်သော ကာယအလုပ်ကြမ်းများ လုပ်ခိုင်းခြင်း မခံရသကဲ့သို့ သင်တို့ကို ရိုက်နှက်ကာ ကြိမ်းမောင်းသည့် အထက်လူကြီးများ၊ သို့မဟုတ် အကြီးအကဲများလည်း မရှိ၊ ပြီးလျှင် သင်တို့ကို ကျွန်များကဲ့သို့ မည်သူကမျှ မဆက်ဆံပေ။ ထိုသို့သော ဆင်းရဲဒုက္ခကို သင်တို့ မခံစားရ။ အမှန်တွင် သင်တို့ သည်းညည်းခံရသည့် ဤဆင်းရဲဒုက္ခများသည် အမှန်တကယ် ဆင်းရဲဒုက္ခများမဟုတ်ပေ။ ထိုအကြောင်းကို တွေးကြည့်လော့။ ဤသည်မှာ အမှန်ဖြစ်သည်မဟုတ်လော။ ဘုရားသခင်အတွက် အသုံးခံရန် သင်၏ မိသားစုကို စွန့်လွှတ်ခြင်း၏ အဓိပ္ပာယ်မှာ မည်သည့်အရာဖြစ်ပြီး ယင်းကို သင်တို့ အဘယ်ကြောင့်လုပ်နေရသည်ဆိုသည်တို့ကို သင်တို့ နားလည်ရမည်။ သင်သည် သမ္မာတရားနှင့် အသက်ကို လိုက်စားရန်နှင့် တစ်ချိန်တည်းတွင် သင်၏တာဝန်ကို ဖြည့်ဆည်းကာ ဘုရားသခင်၏ မေတ္တာကို ပြန်ပေးဆပ်ရန် ထိုအရာကို လုပ်ဆောင်ပါက ဤသည်မှာ လုံးဝ တရားမျှတ၏။ အပြုသဘောဆောင်သော အရာတစ်ခုဖြစ်၏။ ယင်းသည် လုံးဝ သဘာဝကျပြီး ခိုင်လုံသည်။ သင်သည် ထိုအရာကို မည်သည့်အခါတွင်မျှ နောင်တရလိမ့်မည်မဟုတ်။ သင်၏ မိသားစုနှင့် ပတ်သက်၍ မည်သည့်အရာဖြစ်ပါစေ သင် လက်လွှတ်နိုင်သည်။ ဤအဓိပ္ပာယ်ကို ရှင်းလင်းစွာ သင် နားလည်ပါက မည်သည့်နောင်တမျှ ရှိလိမ့်မည်မဟုတ်သကဲ့သို့ အပျက်သဘောဆောင်လိမ့်မည်လည်း မဟုတ်။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် အစစ်အမှန် အသုံးခံနေခြင်း မရှိသကဲ့သို့ ကောင်းချီးများရရှိဖို့သာ အားထုတ်ကြိုးပမ်းနေခြင်း ဖြစ်ပါက ဤသည်မှာ အဓိပ္ပာယ်ကင်းမဲ့ပေသည်။ ဤကိစ္စရပ်ကို သင် နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် ပြဿနာ ပြေလည်သွားပြီး သင်၏ မိသားစုနှင့်ပတ်သက်၍ သင် စိုးရိမ်စရာလိုလိမ့်မည် မဟုတ်။ အရာရာသည် ဘုရားသခင်၏ လက်တွင်ရှိ၏။ ယခုဆိုလျှင် သင်တို့အားလုံးသည် စမ်းသပ်မှုအချို့ကို တွေ့ကြုံခဲ့ကြရပြီး ဖြစ်သည်။ လူအချို့သည် သမ္မာတရား အချို့ရရှိပြီးဖြစ်၏။ သို့သော် အချို့မှာ အယူဝါဒအချို့ကို နားလည်ရုံသာ ရှိသော်လည်း မည်သည့်သမ္မာတရားကိုမျှ မရရှိကြသေးချေ။ အချို့မှာ အစွမ်းအစကောင်းရှိသောကြောင့် အတော်အတန် နက်ရှိုင်းသော သဘောပေါက်နားလည်နိုင်စွမ်း ရှိကြသည်။ ညံ့ဖျင်းသော အစွမ်းအစရှိသူ အချို့မှာ အတော်အတန် ပေါ့တန်သော သဘောပေါက်နားလည်နိုင်စွမ်း ရှိကြသည်။ သင်၏ သဘောပေါက်နားလည်နိုင်စွမ်းက နက်ရှိုင်းသည်ဖြစ်စေ၊ ပေါ့တန်သည်ဖြစ်စေ သမ္မာတရားအချို့ကို သင် နားလည်ပြီး စမ်းသပ်မှုတစ်ခုကို သင် ခံစားနေရချိန်တွင် သင်၏ သက်သေခံချက်၌ ခိုင်ခိုင်မာမာ ရပ်တည်နိုင်သရွေ့ သင်၏ ဆင်းရဲဒုက္ခခံခြင်းသည် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိပေသည်။ သင်သည် အမှုအရာများကို ဘုရားသခင်ထံမှ မရရှိနိုင်သကဲ့သို့ အမှုအရာများကို လူသားအယူအဆနှင့် စိတ်ကူးများဖြင့် အမြဲချဉ်းကပ်ပါက သင် မည်မျှဆင်းရဲဒုက္ခခံရသည်ဖြစ်စေ စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် လုံးဝ ရှိလိမ့် မည်မဟုတ်ပေ။ သင်သည် သမ္မာတရား မရရှိသေးသောကြောင့် သင်၏ဆင်းရဲဒုက္ခက တန်ဖိုးရှိလိမ့်မည်မဟုတ်ပေ။
သင်သည် အရာခပ်သိမ်းတွင် ဘုရားသခင်၏ အလိုကို ရှာဖွေသင့်ပြီး အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေရမည်။ ဥပမာအားဖြင့် အစားအစာ၊ အဝတ်အစား၊ ဘဝထဲရှိ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကဲ့သို့သော အရေးကိစ္စများတွင် သမ္မာတရားကို သင် မည်သို့ ရှာဖွေသနည်း။ ဤအရာများတွင် ရှာဖွေရမည့်သမ္မာတရားများ ရှိသလော။ လူအချို့က “ဘုရားသခင်ကို သင် ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ပျော်ရွှင်ခြင်းသည် ကောင်းစွာ စားရခြင်းနှင့် ဝတ်ရခြင်းဖြစ်သည်။ ထိုအရာမရှိလျှင် အရာခပ်သိမ်းက ဒုက္ခဖြစ်သည်” ဟု ဆိုကြ၏။ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီပါသလော။ ဇာတိပကတိနှင့်ဆိုင်သော အပျော်အပါးများကို မက်မောသည့်၊ အစားကောင်းများနှင့် ဝတ်ကောင်းစားလှများဖြင့် ပေါများသော ဘဝများကို အသက်ရှင်နေထိုင်ကြသည့် လူများစွာရှိသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် အရာရာကို စွန့်လွှတ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို အလွယ်တကူ လက်ခံကြမည်မဟုတ်၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ကြမည် မဟုတ်ပေ။ ထိုလူစားမျိုးသည် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရမည်မဟုတ်သကဲ့သို့ နောက်ဆုံးတွင် ငိုကြွေးရင်းနှင့် မိမိတို့သွားများကို ကြိတ်လျက် ကပ်ဘေးများထဲသို့ အားလုံး ကျဆင်းသွားလိမ့်မည် ဖြစ်သည်။ ထိုလူစားမျိုးသည် ပြောပလောက်သည့် ပျော်ရွှင်မှုတစ်ခုတလေ ရှိနိုင်သလော။ လူအများအပြားသည် အလုပ်သမား သို့မဟုတ် လယ်သမား မိသားစုများတွင် မွေးဖွားခဲ့ကြပြီး ကလေးဘဝကတည်းက အတော်များများ ဆင်းရဲဒုက္ခခံရပြီး ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပါက သမ္မာတရားကို လက်ခံကာ လက်တွေ့လုပ်ဆောင်ရန် အလားအလာရှိပြီး ဆင်းရဲဒုက္ခကို ကြောက်ရွံ့ခြင်း မရှိဘဲ ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်နိုင်ကာ မိမိတို့ကိုယ်ကို အသုံးခံနိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်အတွက် မိမိတို့၏ သစ္စာစောင့်သိမှုကို ဖြည့်ဆည်းနိုင်ကြပြီး အချို့မှာ မိမိတို့၏ တကယ့်အသက်များကို ဘုရားသခင်အတွက် ပေးသည်အထိပင် လုပ်ဆောင်ကြသည်။ ထိုလူစားမျိုးသည် ဘုရားအိမ်တော်တွင် အသိအမှတ်ပြုခြင်းခံရ၏။ လူများစွာတို့သည် ဇာတိပကတိ၏ အပျော်အပါးများအပေါ် အလွန် အာရုံစိုက်ကြသည်။ ကောင်းမွန်သော အစားအစာနှင့် အဝတ်အစားကောင်းများ ရှိခြင်းသည် အမှန်တကယ် အရေးကြီးသည်ဟု သင်တို့ ပြောမည်လော။ လုံးဝ မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို စိတ်ရင်းအမှန်ဖြင့် သိကျွမ်းနိုင်ပြီး သမ္မာတရားကို ရရှိနိုင်ပါက ထိုလူ လုပ်ဆောင်သည့် အရာတိုင်းတွင် သူသည် ဘုရားသခင်ကို သက်သေခံပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေပေသည်။ ထိုသို့သော လူတစ်ဦးသည် မည်မျှ ဆိုးရွားစွာ စားသည်ဖြစ်စေ၊ ဝတ်ဆင်သည်ဖြစ်စေ သူ၏ ဘဝတွင် တန်ဖိုးရှိနေဆဲဖြစ်ပြီး ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို သူ ရရှိနိုင်ပေသည်။ ဤသည်မှာ အဓိပ္ပာယ် အရှိဆုံးသောအရာ ဖြစ်သည် မဟုတ်လော။ စားကောင်းသောက်ဖွယ်များ စားခြင်း၊ သို့မဟုတ် ဝတ်ကောင်းစားလှများ ဝတ်ဆင်ခြင်းက သင်သည် ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မည်ဟု အာမမခံပေ။ သင်သည် ဘုရားသခင်ကို ပုန်ကန်ပါက၊ သို့မဟုတ် မှားယွင်းသည့် လမ်းကြောင်းကို လျှောက်ပါက ကျိန်ဆဲခြင်း ခံရဆဲဖြစ်ပေလိမ့်မည်။ စုတ်စုတ်ချာချာ ဝတ်ဆင်ပြီး ညံ့ညံ့ဖျင်းဖျင်း စားသောက်ရသော်လည်း သမ္မာတရားကို ရရှိထားသည့် လူတစ်ဦးကမူ မည်သို့ဖြစ်ဖြစ် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ အစားအစာနှင့် အဝတ်အစားတို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် သင်တို့ သဘောထားသင့်ပုံတွင် ရှာဖွေရမည့် သမ္မာတရားရှိပြီး၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင် သဘောထားသင့်ပုံတွင် ရှာဖွေရမည့် သမ္မာတရား သာ၍ပင် ရှိပေသည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန့်အလွန် အရေးကြီးသည်။ ဤအရာသည် အလွန်လေးနက်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ လူတို့အပေါ် ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့ အပြစ်ဒဏ်ပေးခံရသင့်ပေသည်။ လူသားများသည် ၎င်းတို့အား ဘုရားသခင်အပ်နှံသည့် မည်သည့် တာဝန်ပေးစေခိုင်းချက်များကိုမဆို ပြီးမြောက်အောင် လုပ်သင့်သည်မှာ လုံးဝ သဘာဝကျပြီး ခိုင်လုံသည်။ ဤသည်မှာ လူ၏ အထွတ်အထိပ် တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ တကယ့် အသက်တမျှပင် အရေးကြီးပေသည်။ ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်။ ဤတွင် သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။ လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင် အပ်နှံသည့်အရာကို သဘောထားပုံနှင့်ပတ်သက်၍ အကုန်အစင် သိနားလည်မှုတစ်ခု ရရှိရမည်ဖြစ်ပြီး၊ အနည်းဆုံးအနေဖြင့် လူသားမျိုးနွယ်ကို သူ အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်များသည် ဘုရားသခင်ထံမှ ချီးမြှောက်ခြင်းများနှင့် အထူး မျက်နှာသာပေးခြင်းများ ဖြစ်ကြောင်း၊ ၎င်းတို့သည် ဂုဏ်ကျက်သရေအရှိဆုံးသော အရာများ ဖြစ်ကြောင်းကို သဘောပေါက်ရမည်။ အခြားအရာအားလုံးကို စွန့်ပစ်နိုင်သည်။ လူတစ်ဦးသည် မိမိ၏ အသက်ကို စွန့်လွှတ်ရမည်ဆိုလျှင်ပင် သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းမြဲ ဖြည့်ဆည်းရမည်။ တွေ့သလော၊ ဤနေရာတွင် ရှာဖွေရမည့် သမ္မာတရား မရှိသလော။ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရရှိခြင်းသည် သမ္မာတရားကို ရှာဖွေခြင်းနှင့် အတွင်းကျကျ ဆက်နွှယ်နေလေသည်။ လူတို့ အဘယ်ကြောင့် အသက်ရှင်သည်ဆိုသည်နှင့် ဘဝကို သင် မည်သို့ ရှုမြင်သင့်သည်ဆိုသည့် သမ္မာတရားကို သင် နားလည်ပါက၊ သင်၏ ဘဝအမြင်သည် ပြောင်းလဲလိမ့်မည် မဟုတ်လော။ ဤနေရာတွင် ရှာဖွေရမည့် သမ္မာတရား ပို၍ပင် ရှိနေပေသည်။ ဘုရားသခင်ကို ချစ်ခြင်းတွင် မည်သည့် သမ္မာတရားကို တွေ့ရှိနိုင်သနည်း။ လူသားများသည် အဘယ်ကြောင့် သူ့ကို ချစ်ရမည်နည်း။ သူ့ကို ချစ်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ လူတစ်ဦးသည် ဘုရားသခင်ကို ချစ်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားကို ရှင်းလင်းသည့် သိနားလည်မှုတစ်ခု ရှိပြီး သူ့စိတ်နှလုံး နက်ရှိုင်းရာထဲတွင် ဘုရားကို ချစ်နိုင်ကာ ဘုရားသခင်ကို ချစ်သည့်စိတ် အနည်းငယ် ရှိပါက သူသည် စစ်မှန်သည့် အသက်တစ်ခု ရှိပြီး ကောင်းချီးမင်္ဂလာ အခံစားရဆုံးသော သူများထဲက ဖြစ်ပေသည်။ အရာခပ်သိမ်းတွင် သမ္မာတရား ရှာဖွေသူတို့သည် ဘဝတွင် အမြန်ဆုံး တိုးတက်ကြပြီး စိတ်သဘောထား၏ ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်ကြသည်။ ဘုရားသခင် ချစ်သည့်သူများမှာ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေသူများ အတိအကျ ဖြစ်ပေသည်။ လူတစ်ဦးသည် အယူအဆများနှင့် အယူဝါဒများကို အားထားပါက သို့မဟုတ် အရာခပ်သိမ်းတွင် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက သူသည် တိုးတက်လိမ့်မည်မဟုတ်။ သူသည် သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည်မဟုတ်သကဲ့သို့ အနှေးနှင့်အမြန် ဖယ်ရှားခံရလိမ့်မည်ဖြစ်သည်။ အားလုံးထဲတွင် ဤလူစားမျိုးကို ဘုရားသခင် မနှစ်မြို့ဆုံး ဖြစ်သည်။
နွေဦးရာသီ၊ ၁၉၉၉
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။