သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁) အပိုင်း တစ်

သမ္မာတရား လိုက်စားခြင်းအတွက် ပထမဆုံး လက်တွေ့လုပ်ဆောင်မှု- လက်လွှတ်ခြင်း

သမ္မာတရားကို မည်သို့လိုက်စားရမည်ဟူသည့် ဤခေါင်းစဉ်နှင့်ပတ်သက်၍ ငါတို့သည် အတော်ကြာ အချိန်အထိ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်၊ ပြီးလျှင် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာအားလုံးသည် သမ္မာတရားကို မည်သို့လိုက်စားရမည်နှင့်ပတ်သက်၍ လက်တွေ့လုပ်ဆောင်ခြင်း၏ ကဏ္ဍတစ်ခုဖြစ်သည့် လက်လွှတ်ခြင်းနှင့် သက်ဆိုင်ခဲ့သည်။ ဆိုလိုသည်မှာ ငါတို့ မိတ်သဟာယ၏ အကြောင်းအရာအားလုံးသည် လူတို့က ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း လုပ်ငန်းစဉ်တွင် လက်လွှတ်သင့်သည့် အရာများအကြောင်း ဖြစ်ခဲ့ပြီး ယင်းတို့သည် လူတို့က မိမိတို့၏ အသက်တာများနှင့် မိမိတို့ လျှောက်လှမ်းသည့် အသက်လမ်းကြောင်းတွင် လက်လွှတ်သင့်သည့် အရာများလည်း ဖြစ်ကြသည်။ ဤသည်တို့မှာ လူတို့၏ သမ္မာတရားကို လိုက်စားခြင်းအပေါ် လွှမ်းမိုးမှုရှိသော အရာအချို့ အတိအကျပင် ဖြစ်သည်။ သို့ဆိုလျှင် လက်လွှတ်ခြင်းနှင့်ပတ်သက်သည့် ငါတို့၏ အကြောင်းအရာ၏ ပထမအချက်မှာ အဘယ်နည်း။ (လူတို့၏ အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များကို လက်လွှတ်ခြင်း ဖြစ်ပါသည်။) ဒုတိယအချက်မှာရော အဘယ်နည်း။ (လူတို့၏ လိုက်စားမှုများ၊ ရည်သန်မျှော်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို လက်လွှတ်ခြင်း ဖြစ်ပါသည်။) လက်လွှတ်ခြင်းနှင့်ပတ်သက်သည့် ငါတို့ အကြောင်းအရာ၏ ပထမအချက်မှာ အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များကို လက်လွှတ်ခြင်းဖြစ်ပြီး ဒုတိယအချက်မှာ လူတို့၏ လိုက်စားမှုများ၊ ရည်သန်မျှော်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို လက်လွှတ်ခြင်း ဖြစ်သည်။ အချက်တစ်ချက်စီတွင် ခေါင်းစဉ်ငယ်များနှင့် အသေးစိတ်အချက်အတော်များများစီ ပါဝင်သည် မဟုတ်လော။ (ပါဝင်ပါသည်။) မည်သည့်အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်ဖြစ်စေ၊ ဤအကြောင်းအရာအတွင်း မည်သည့်အမျိုးအစားများနှင့် အချက်များ ရှိခဲ့သည်ဖြစ်စေ၊ ဥပမာ မည်မျှပေးခဲ့သည်ဖြစ်စေ၊ အခြေအနေ မည်မျှနှင့် ပြဿနာများ၏ အနှစ်သာရ မည်မျှကို ဖော်ထုတ်ခဲ့သည်ဖြစ်စေ အတိုချုပ်အားဖြင့် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အကြောင်းအရာအားလုံးသည် လူတို့က ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း လုပ်ငန်းစဉ်တွင် သို့မဟုတ် ၎င်းတို့၏ လက်တွေ့အသက်တာများတွင် ကြုံတွေ့ရသော အမျိုးမျိုးသော ပြဿနာများနှင့် သက်ဆိုင်သည့်အပြင် ဤပြဿနာများကို ရင်ဆိုင်ရသည့်အခါတိုင်း လူတို့ ရွေးချယ်သင့်သည့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများနှင့် ၎င်းတို့ စောင့်ထိန်းလိုက်နာသင့်သည့် သမ္မာတရား စည်းမျဉ်းများနှင့်လည်း သက်ဆိုင်သည်။ ဤပြဿနာများတွင် ပါဝင်သည့် အမျိုးမျိုးသော ကဏ္ဍများသည် အနှစ်မဲ့ခြင်း မရှိသကဲ့သို့ လူတို့၏ အတွေးအခေါ်များ သို့မဟုတ် ဝိညာဉ်ရေးရာနယ်ပယ်များတွင်သာ တည်ရှိခြင်းလည်း မဟုတ်ပေ။ ထိုအစား ယင်းတို့သည် လူတို့၏ လက်တွေ့အသက်တာများတွင် တည်ရှိကြသည်။ သို့ဖြစ်၍ သင်သည် သမ္မာတရားကို လိုက်စားရန် ဆန္ဒရှိပါက မည်သို့သော ပြဿနာမျိုးကို သင် ကြုံတွေ့ရသည်ဖြစ်စေ သင်သည် သမ္မာတရားကို ရှာဖွေကာ သက်ဆိုင်ရာ သမ္မာတရား စည်းမျဉ်းများကို ရှာတွေ့၍ သင်၏ အခြေခံအဖြစ် မှတ်ယူလျက် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာဖွေတွေ့ရှိပြီး ထိုသို့ဖြင့် ဤပြဿနာများ သင့်အပေါ် ကျရောက်သည့်အခါတိုင်း လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိနိုင်မည်ဟု ငါမျှော်လင့်သည်။ ဤသည်မှာ ဤအကြောင်းအရာအားလုံးကို မိတ်သဟာယဖွဲ့ခြင်း၏ အခြေခံကျသော ရည်ရွယ်ချက်တစ်ခု ဖြစ်သည်။ ဤသမ္မာတရားအားလုံးကို ငါတို့ မိတ်သဟာယဖွဲ့ပြီး ဖြစ်သော်လည်း လူတို့သည် ဤသမ္မာတရား လက်တွေ့ကျမှုများထဲသို့ ဝင်ရောက်ရန် အချိန်အနည်းငယ် ကြာမြင့်ဦးမည် ဖြစ်သည်။ လူတို့သည် ဤသမ္မာတရားများကို မိတ်သဟာယဖွဲ့ခြင်းဖြင့် စတင်သင့်ပြီး အမျိုးမျိုးသော သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့၏ အခြေခံအဖြစ် မှတ်ယူကာ၊ အရာအမျိုးမျိုးအပေါ် ၎င်းတို့၏ ရှုမြင်ပုံများ၊ ဘဝနေထိုင်မှု သဘောထားများနှင့် တည်ရှိခြင်းနည်းလမ်းများကို ပြောင်းလဲသင့်သည်။ ထိုသို့ဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်း လုပ်ငန်းစဉ်တွင် သို့မဟုတ် အသက်ရှင်ခြင်းနှင့် တည်ရှိခြင်း လုပ်ငန်းစဉ်တွင် ဤသမ္မာတရား စည်းမျဉ်းများကို လက်ခံလာခြင်းအားဖြင့် လူတို့သည် မိမိတို့ကိုယ်တိုင် သတိမပြုမိဘဲ ယခင်က တည်ရှိနှင့်သော၊ ဟောင်းနွမ်းသော၊ စာတန်ထံမှ မြစ်ဖျားခံသော ၎င်းတို့၏ အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးအခေါ်များ၊ ရှုမြင်ပုံများ သို့မဟုတ် သဘောထားများနှင့် တည်ရှိခြင်းအတွက် နည်းလမ်းများကို ပြောင်းလဲနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ငါတို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့သော ဤနှုတ်ကပတ်တော်များနှင့် အနာဂတ်တွင် ငါတို့ မိတ်သဟာယဖွဲ့မည့် နှုတ်ကပတ်တော်များသည် အသိပညာတစ်မျိုးလည်းမဟုတ်၊ ပညာရပ်တစ်မျိုးလည်းမဟုတ်၊ သီအိုရီတစ်ခုလည်း မဟုတ်သည်မှာ သေချာသည်။ ထိုအစား ယင်းတို့ကို လူတို့သည် မိမိတို့၏ နေ့စဉ်အသက်တာများတွင် ကြုံတွေ့ရသော အမျိုးမျိုးသော ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းရာ၌ လမ်းညွှန်ရန်၊ ညွှန်ကြားရန်နှင့် ကူညီရန် အသုံးပြုသည်။ သင်သည် ပြဿနာတစ်ခုကို ကြုံတွေ့ရသည့်အခါတိုင်း၊ သို့မဟုတ် အခြေအနေတစ်ခု၊ သို့မဟုတ် လူတစ်ဦး၊ ဖြစ်ရပ်တစ်ခု၊ အမှုအရာတစ်ခုကို ကြုံတွေ့ရသည့်အခါတိုင်း သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သင်၏ ဟောင်းနွမ်းပြီး မမှန်ကန်သော ယခင် ရှုမြင်ပုံများအတိုင်း လက်တွေ့လုပ်ဆောင်မည့်အစား သမ္မာတရားကို သင်၏ အခြေခံနှင့် စံသတ်မှတ်ချက်အဖြစ်ထား၍ လုပ်ဆောင်နိုင်ရန်အလို့ငှာ သင်စောင့်ထိန်းလိုက်နာသင့်ပြီး လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရား စံသတ်မှတ်ချက်များကို ငါတို့၏ မိတ်သဟာယ အကြောင်းအရာထဲတွင် ရှာဖွေနိုင်သည်။ လူတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ သမ္မာတရားကို လိုက်စားရန် ဖြစ်သော်လည်း သမ္မာတရားကို လိုက်စားခြင်း၏ ရည်ရွယ်ချက်မှာ လူတို့၏ အနှစ်မဲ့သောဘဝများကို ဖြည့်ဆည်းရန် သို့မဟုတ် ၎င်းတို့၏ အနှစ်မဲ့သောဘဝများကို ပြောင်းလဲရန် သို့မဟုတ် ၎င်းတို့၏ ဝိညာဉ်ရေးရာနယ်ပယ်များကို ကြွယ်ဝစေရန် မဟုတ်ပေ။ သမ္မာတရားကို လိုက်စားခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့အတွက် ရည်ရွယ်ချက်မှာ ကယ်တင်ခြင်းခံရရန် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် ဖြစ်သည်၊ ပြောစရာမလိုသည်မှာ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရန်လည်း ဖြစ်သည်။ သို့သော် ဘုရားသခင်အတွက်မူ လူတို့ သမ္မာတရားကို လိုက်စားခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ ထိုမျှ သာမညမဟုတ်ပေ၊ ယင်းမှာ လူတစ်ဦး ကယ်တင်ခြင်းခံရခြင်းအကြောင်းမျှသာ မဟုတ်ပေ။ ထိုအစား ယင်းမှာ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အရူးလုပ်ခြင်းကို မခံရတော့သည့် လူတစ်ဦးကို ဘုရားသခင် ရရှိခြင်းအကြောင်း ဖြစ်သည်၊ ပြီးလျှင် ပြောစရာမလိုသည်မှာ ယင်းမှာ ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်သော လူအမျိုးအစားတစ်ရပ်ကို ရရှိခြင်းအကြောင်းလည်း ဖြစ်သည်၊ ပို၍အရေးကြီးသည်မှာ ယင်းမှာ ဖန်ဆင်းခံ လူသားမျိုးနွယ်ထဲမှ သူအလိုရှိသော လူအမျိုးအစားတစ်ရပ်၊ အရာခပ်သိမ်းကို စီမံခန့်ခွဲနိုင်ပြီး အရာခပ်သိမ်းနှင့်အတူ ထာဝရ တည်ရှိနိုင်သော လူအမျိုးအစားတစ်ရပ်ကို ဘုရားသခင် ရရှိနိုင်ခြင်းအကြောင်း ဖြစ်သည်။ ဤအဓိပ္ပာယ်သည် လူတို့အတွက်ဖြစ်သည့်အလား ကယ်တင်ခြင်းခံရရုံကဲ့သို့ မရိုးရှင်းပေ။ ထို့ကြောင့် လူတို့အတွက်ဖြစ်စေ၊ ဘုရားသခင်အတွက်ဖြစ်စေ သမ္မာတရားကို လိုက်စားခြင်းသည် အလွန် အရေးကြီးသည်။ ယင်းသည် ဤမျှ အရေးကြီးသောကြောင့် သမ္မာတရားကို လိုက်စားခြင်းနှင့်ပတ်သက်သည့် လက်တွေ့လုပ်ဆောင်ခြင်း၏ ကဏ္ဍတစ်ခုဖြစ်သော “လက်လွှတ်ခြင်း” ၏ အကြောင်းအရာသည် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိရန် လိုက်စားလိုသူတိုင်းအတွက် အလွန်အရေးကြီးသည်။ “လက်လွှတ်ခြင်း” ကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဤမျှ အရေးကြီးသောကြောင့် “လက်လွှတ်ခြင်း” နှင့် သက်ဆိုင်သော အမျိုးမျိုးသော သမ္မာတရား စည်းမျဉ်းများအပြင် ဖော်ထုတ်ပြီးဖြစ်သော “လက်လွှတ်ခြင်း” ကို လက်တွေ့လုပ်ဆောင်ရာတွင် ဖြစ်ပေါ်လာသည့် အမျိုးမျိုးသော အခြေအနေများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထုတ်ဖော်မှုများ၊ ဖောက်ပြန်ပျက်စီးသော အတွေးအခေါ်များနှင့် ရှုမြင်ပုံများသည် လူတို့ စေ့စေ့စပ်စပ် နားလည်ရမည့်အရာများ ဖြစ်ကြသည်။ လူတို့သည် နေ့စဉ်အသက်တာတွင် မကြာခဏ ထုတ်ဖော်ပြသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးအခေါ်များနှင့် ရှုမြင်ပုံများအပြင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဖောက်ပြန်ပျက်စီးခြင်း၏ ထုတ်ဖော်မှုများကို ဆန်းစစ်ပြီး နားလည်ကာ ထိုသို့ဖြင့် မိမိတို့ကိုယ်ကို သိရှိလာပြီး သမ္မာတရား၏ ကဏ္ဍတစ်ခုကို နားလည်လက်ခံကာ ထို့နောက် သက်ဆိုင်ရာ သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်မှသာလျှင် သမ္မာတရားကို လိုက်စားခြင်း၏ ရည်ရွယ်ချက်ကို ၎င်းတို့ စွမ်းဆောင်ရရှိကြလိမ့်မည်။ သမ္မာတရားကို မည်သို့လိုက်စားရမည်ဟူသည့်အထဲမှ “လက်လွှတ်ခြင်း” ၏ အဓိကကျသော အချက်ကြီးနှစ်ချက်နှင့်ပတ်သက်ပြီး ဤအချိန်ကာလအတွင်း ငါတို့၏ မိတ်သဟာယပြုခြင်းမှာ အခြေခံအားဖြင့် အဆုံးသတ်လိုက်ပြီ ဖြစ်သည်။ ပထမအချက်မှာ အဘယ်နည်း။ လူတို့၏ အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များကို လက်လွှတ်ခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အဘယ်နည်း။ လူတို့၏ လိုက်စားမှုများ၊ ရည်သန်မျှော်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို လက်လွှတ်ခြင်း ဖြစ်သည်။ ဤအချက်နှစ်ချက်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယတွင် အကြောင်းအရာများစွာ ပါဝင်ခဲ့သော်လည်း ပို၍အရေးကြီးသည်မှာ ဤခေါင်းစဉ်များတွင် ပါဝင်သော တိကျသည့် သမ္မာတရား စည်းမျဉ်းတစ်ခုစီကို သင်နားလည်ရန် လိုအပ်ခြင်း ဖြစ်သည်။ လူတို့ သမ္မာတရား စည်းမျဉ်းများကို နားလည်မှသာလျှင် ၎င်းတို့၏ နေ့စဉ်အသက်တာများနှင့် ၎င်းတို့၏ အသက်လမ်းကြောင်းတွင် ဤသမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူကျင့်ကြံပြီး လုပ်ဆောင်နိုင်မည်ဖြစ်ကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ တဖြည်းဖြည်း ဝင်ရောက်နိုင်မည်ဖြစ်ပြီး သမ္မာတရားကို လိုက်စားခြင်း လုပ်ငန်းစဉ်တွင် သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်း၏ အကျိုးရလဒ်များကို တဖြည်းဖြည်းချင်း စွမ်းဆောင်ရရှိကြပေသည်။

မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမှုကို လက်လွှတ်ခြင်း

ငါတို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည့် သမ္မာတရားကို မည်သို့လိုက်စားရမည်ဟူသည့်အထဲမှ “လက်လွှတ်ခြင်း” ကို လက်တွေ့လုပ်ဆောင်ခြင်း၏ အချက်နှစ်ချက်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ၎င်းတို့၏ အမျိုးမျိုးသော အတွေးအခေါ်များနှင့် ရှုမြင်ပုံများ၊ ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် ၎င်းတို့ ကြုံတွေ့ရသော အမျိုးမျိုးသော ပြဿနာများနှင့် သက်ဆိုင်သည်။ သို့သော် “လက်လွှတ်ခြင်း” အတွင်း၌ ငါတို့ အမှန်တကယ် မဖြစ်မနေ မိတ်သဟာယဖွဲ့ရမည့် ပို၍အရေးကြီးသည်ဟုပင်ဖြစ်စေ၊ ကြီးမားသည်ဟုပင်ဖြစ်စေ ဆိုနိုင်သော အခြားအချက်တစ်ချက် ရှိနေသေးသည်။ ထိုအချက်မှာ အဘယ်နည်း။ ယင်းတွင် ဘုရားသခင်အပေါ် လူတို့ ထားရှိသော သဘောထားများ၊ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အတွေးအခေါ်များနှင့် ရှုမြင်ပုံများ၊ ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် ဘုရားသခင်ကို ဆက်ဆံသည့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ ပါဝင်သည်။ ဤအချက်သည် ပထမအချက်နှစ်ချက်ထက် အနည်းငယ် ပို၍အရေးကြီးသည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ ဤအချက်သည် လူတို့၏ ဘုရားသခင်အပေါ်ထားရှိသော သဘောထားများ၊ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အတွေးအခေါ်များနှင့် ရှုမြင်ပုံများ၊ လူနှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးတို့နှင့် တိုက်ရိုက်သက်ဆိုင်သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ဤသည်မှာ “လက်လွှတ်ခြင်း” ဟူသည့် ဤအချက်အောက်တွင် ငါတို့ပြောဆိုမည့် နောက်ဆုံးအချက်ဖြစ်သလို အရေးအကြီးဆုံးသော အချက်လည်း ဖြစ်သည်။ ငါတို့ ယခင်က ဆွေးနွေးခဲ့သော အချက်နှစ်ချက်အတွင်းရှိ ခေါင်းစဉ်အချို့သည် လူတို့က ဘုရားသခင်နှင့်ပတ်သက်၍ ထားရှိသော အချို့သော သဘောထားများနှင့် ရှုမြင်ပုံများ သို့မဟုတ် လူနှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးတို့နှင့် သက်ဆိုင်သော်လည်း ငါတို့၏ မိတ်သဟာယတွင် ငါတို့ခံယူခဲ့သော ရပ်တည်ချက်ရှုထောင့်အရမူ ငါတို့သည် လူတို့နှင့်ဆိုင်သော အမျိုးမျိုးသော ပြဿနာများကို လူ့ရှုထောင့်မှ အခြေခံအားဖြင့် စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည်၊ ငါတို့သည် လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် ရှုမြင်ပုံများကို ၎င်းတို့၏ မတူညီသော ပြဿနာအမျိုးအစားများ၏ နောက်ခံအခြေအနေအတွင်း၌ စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည်။ ယနေ့ ငါတို့ မိတ်သဟာယဖွဲ့မည့်အရာမှာ လူတို့၏ ဘုရားသခင်အပေါ်ထားရှိသော သဘောထားများနှင့် ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အတွေးအခေါ်များနှင့် ရှုမြင်ပုံများနှင့် သက်ဆိုင်သည်။ ဤသည်တို့မှာ လူတို့သည် သမ္မာတရားကို လိုက်စားခြင်း လုပ်ငန်းစဉ်တွင် လက်လွှတ်ရမည့် အရေးအကြီးဆုံးသော အရာများ ဖြစ်ကြသည်။ ဤအချက်သည်လည်း ထိုသို့ မရိုးရှင်းပေ၊ အကြောင်းမှာ ၎င်းတို့သည် မည်သူပင်ဖြစ်စေ၊ မည်သည့်လူအမျိုးအစားပင်ဖြစ်စေ မည်သူမျှ ဘုရားသခင်အပေါ် သဘောထားတစ်မျိုးတည်း သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ အတွေးအခေါ်နှင့် ရှုမြင်ပုံတစ်မျိုးတည်း မရှိသောကြောင့်ဖြစ်ပြီး ပြောစရာမလိုသည်မှာ လူနှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးသည်လည်း ဆက်ဆံရေးတစ်မျိုးတည်းသာ မဟုတ်သကဲ့သို့ လူ့အခြေအနေတစ်မျိုးတည်းနှင့်သာ သက်ဆိုင်ခြင်းလည်း မဟုတ်ပေ။ လူတို့၏ ဘုရားသခင်အပေါ်ထားရှိသော အမျိုးမျိုးသော သဘောထားများကြောင့်လည်းကောင်း၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် ပုံသဏ္ဌာန်တို့အပေါ် လူတို့ထားရှိသော အမျိုးမျိုးသော အတွေးအခေါ်များနှင့် ရှုမြင်ပုံများကြောင့်လည်းကောင်း၊ အခြားသောအကြောင်းရင်းများကြောင့်လည်းကောင်း လူနှင့် ဘုရားသခင်ကြားတွင် အမျိုးမျိုးသော ဆက်ဆံရေးများ ပေါ်ပေါက်လာသည်။ သို့ဖြစ်၍ ယနေ့ ငါတို့သည် ဤအချက်ကို မိတ်သဟာယဖွဲ့ပြီး လူနှင့် ဘုရားသခင်ကြားတွင် မည်သည့်ဆိုးရွားသော ပြဿနာများ သို့မဟုတ် မဖြေရှင်းနိုင်သော ပဋိပက္ခများ ရှိနေသေးသည်ကိုလည်းကောင်း၊ လူတို့ အခြားမည်သည့်အရာများကို အတိအကျ လက်လွှတ်ရန် လိုအပ်သည်ကိုလည်းကောင်း ကြည့်ရှုကြမည်။ ဤအရာကို နားလည်ပြီးနောက် သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦးဖြစ်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် တိုးတက်လာမည်ဖြစ်ပြီး ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏ ရှုမြင်ပုံသည် မှန်ကန်ခြင်း၊ အပြုသဘောဆောင်ခြင်း သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီခြင်းသို့ တဖြည်းဖြည်း ပို၍နီးကပ်လာလိမ့်မည်။ လက်လွှတ်ခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာ၏ တတိယအချက်မှာ မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမှုကို လက်လွှတ်ရန် ဖြစ်သင့်သည်၊ ဤသည်မှာ လူတို့ လက်လွှတ်သင့်သည့် အရာများ၏ တတိယအချက် ဖြစ်သည်။ ဤခေါင်းစဉ်ကို ငါတို့ အထူးတလည် မိတ်သဟာယမဖွဲ့မီ နေ့စဉ်အသက်တာရှိ မည်သည့်ပြဿနာများတွင် လူနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် လူတို့၏ ရန်လိုမှုတို့ ပါဝင်သည်ကို ဦးစွာ အကျဉ်းချုံး ဆွေးနွေးကြစို့။ လူတို့ကိုယ်တိုင်နှင့်ဆိုင်သော ပုဂ္ဂလဓိဋ္ဌာန်ကျသည့် ပြဿနာအချို့အပြင် လူတို့ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း လုပ်ငန်းစဉ်တွင် လူတို့ ဘုရားသခင်ကို ဆက်ဆံပုံ၌ အမျိုးမျိုးသော ပြဿနာများ မရှိပေလော။ လူတို့သည် အမျိုးမျိုးသော ဖြစ်ရပ်များနှင့် အမှုအရာများကို ဆက်ဆံပုံ၌ အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးအခေါ်များနှင့် ရှုမြင်ပုံများ၊ မမှန်ကန်သော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ ရှိကြပြီး ထိုနည်းတူစွာပင် ၎င်းတို့သည် ဘုရားသခင်ကို ဆက်ဆံပုံ၌လည်း အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးအခေါ်များနှင့် ရှုမြင်ပုံများ၊ မမှန်ကန်သော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ ရှိကြသည်။ လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးအတွက် သင်သည် ၎င်းတို့ကို သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ဆက်ဆံပြီး လက်တွေ့လုပ်ဆောင်နိုင်မည်ဆိုလျှင်၊ ဆိုလိုသည်မှာ သင်သည် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးနှင့်ပတ်သက်၍ သင်ထားရှိသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးအခေါ်များနှင့် ရှုမြင်ပုံများကို သိရှိလာပြီး တစ်ချိန်တည်းတွင် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးအခေါ်များနှင့် ရှုမြင်ပုံများကို ပြုပြင်ကာ လက်လွှတ်လိုက်ပြီးနောက် ဘုရားသခင်က လူတို့ကို ပြောပြသော မှန်ကန်သည့် အတွေးအခေါ်များနှင့် ရှုမြင်ပုံများအတိုင်း အမျိုးမျိုးသော ပြဿနာများကို ရင်ဆိုင်ဖြေရှင်းလျှင် သင်သည် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးကို ဆက်ဆံပုံအတွက် သင်၏ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများသည် သမ္မာတရား စည်းမျဉ်းများနှင့် အတော်အတန် ကိုက်ညီနေလိမ့်မည်။ ဤသည်မှာ လူတစ်ဦး ကယ်တင်ခြင်းခံရသည့် လက္ခဏာတစ်ခုအဖြစ် မှတ်ယူနိုင်သလော။ ယခုကြည့်လျှင် မမှတ်ယူနိုင်ပေ။ ငါသည် ယနေ့ မိတ်သဟာယ၏ အကြောင်းအရာကို ထုတ်မပြောခဲ့ပါက လူတို့သည် “အမှုအရာအမျိုးမျိုးနှင့်ပတ်သက်လာလျှင် ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များရှိ သမ္မာတရား စည်းမျဉ်းများနှင့်အညီ ရှုမြင်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည်၊ ထို့ကြောင့် ကျွန်ုပ်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး၊ သမ္မာတရားကို လိုက်စားရာတွင် အကျိုးရလဒ်များ စွမ်းဆောင်ရရှိပြီးသူတစ်ဦး၊ ကယ်တင်ခြင်းခံရသူတစ်ဦး ဖြစ်သည်ဟု ကျွန်ုပ်ထင်သည်” ဟု တွေးထင်ကောင်း တွေးထင်ကြလိမ့်မည်။ ယနေ့ ငါထုတ်ပြောခဲ့သော အကြောင်းအရာဖြစ်သည့် လူတို့ ဘုရားသခင်အပေါ်ထားရှိသော အမျိုးမျိုးသော သဘောထားများကို အခြေခံ၍ အကဲဖြတ်ကြည့်လျှင် ၎င်းတို့၏ ဤစိတ်ကူးသည် အမှန်တရားများနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ယင်းသည် အဖြစ်မှန်များနှင့် မကိုက်ညီသည်မှာ အလွန် သိသာထင်ရှား၏။ သင်သည် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးကို ဆက်ဆံပုံ၌ အချို့သော အခြေခံနှင့် အချို့သော အပြုသဘောဆောင်သည့် သဘောထား ရှိသော်လည်း သင်နှင့် ဘုရားသခင်ကြားတွင် အမျိုးမျိုးသော အတားအဆီးများ ရှိနေဆဲဖြစ်ပြီး အမျိုးမျိုးသော ပြဿနာများနှင့်ပတ်သက်လာလျှင် ဘုရားသခင်အပေါ် သင်၏ သဘောထားသည် ရန်လိုနေဆဲ ဖြစ်သည်။ ဤပြဿနာသည် ဆိုးရွားပြီး ပြဿနာအားလုံးထဲတွင် အကြီးမားဆုံးသော ပြဿနာ ဖြစ်သည်။ သင် ဘုရားသခင်နောက်လိုက်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်နေသည့် ကာလအတွင်း ကဏ္ဍအားလုံး၌ သင်၏ စွမ်းဆောင်မှုသည် အခြားသူများအတွက် အတော်အတန် လျောက်ပတ်ပုံရပြီး အပြင်ပန်းအားဖြင့် သမ္မာတရားနှင့် စည်းမျဉ်းများနှင့် ကိုက်ညီပုံရသည်။ သို့သော် သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများစွာနှင့် သင်နှင့် ဘုရားသခင်ကြားတွင် အတားအဆီးများ ရှိနေပြီး ပြဿနာများစွာနှင့် ကြုံတွေ့ရသည့်အခါ ဘုရားသခင်အပေါ် ရန်လိုသော သဘောထားကိုပင် သင်ထားရှိနေဆဲ ဖြစ်သည်။ ဤပြဿနာများသည် အလွန်ဆိုးရွားသည်။ ဤပြဿနာများသည် သင်၏ စိတ်နှလုံးထဲတွင် ရှိနေပါက ဤသည်မှာ သင်သည် ကယ်တင်ခြင်းခံရသူတစ်ဦးဖြစ်ကြောင်း သက်သေမပြပေ။ အကြောင်းမှာ သင်နှင့် ဘုရားသခင်ကြားတွင် အတားအဆီးများစွာ ရှိနေဆဲဖြစ်ပြီး အဓိကကျသော၊ အရေးပါသော ပြဿနာများနှင့်ပတ်သက်လာလျှင် ဘုရားသခင်အပေါ် ရန်လိုသော သဘောထားကို သင်ထားရှိနေဆဲဖြစ်သောကြောင့် သင်သည် ကယ်တင်ခြင်းခံရသူတစ်ဦး မဟုတ်ရုံသာမက အန္တရာယ်ရှိသူတစ်ဦးလည်း ဖြစ်သည်။ သင်သည် အသက်တာတွင် ပြဿနာများစွာ ကြုံတွေ့ရသည့်အခါ သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်နိုင်သည်ဟုလည်းကောင်း၊ သင်၏ လုပ်ဆောင်ချက်များသည် သမ္မာတရားနှင့် အတော်အတန် ကိုက်ညီသည်ဟုလည်းကောင်း သင်ယုံကြည်လျှင်ပင် ဤသည်မှာ အပြင်ပန်း အသွင်အပြင်မျှသာဖြစ်ပြီး သင်သည် ကယ်တင်ခြင်းခံရပြီးဖြစ်ကြောင်း သက်သေမပြနိုင်ဟု ဆိုနိုင်ပေသည်။ အကြောင်းမှာ သင်သည် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးတွင် သဟဇာတဖြစ်မှုကို စွမ်းဆောင်ရရှိခြင်း မရှိသေးဘဲ ဘုရားသခင်ကို သင်ကျိုးနွံနာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အမျိုးမျိုးသော အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါတိုင်း သင်၏ အပြင်ပန်း အပြုအမူ သို့မဟုတ် သင်၏ အတွေးအခေါ်များနှင့် ရှုမြင်ပုံများသည် သင်သည် သမ္မာတရား စည်းမျဉ်းများကို စွဲကိုင်မည့်အစား ဤကိစ္စများတွင် သင်မှန်ကန်သည်ဟု ယုံကြည်သော အယူဝါဒများ၊ ဆောင်ပုဒ်များနှင့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခဲ့ကြောင်းကိုသာ ပြသနိုင်သည်။ ဤသည်မှာ ဤနေရာတွင် ဆင်ခြင်ကောက်ချက်ချခြင်း ဆက်နွှယ်မှုမျိုး ဖြစ်ကောင်းဖြစ်နိုင်ပြီး ရှုပ်ထွေးသည်ဟု ထင်ရနိုင်သော်လည်း မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမှုကို လက်လွှတ်ခြင်း၏ တိကျသော အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့ပြီးနောက် လူတို့သည် စေ့စေ့စပ်စပ် ဆန်းစစ်မှု ပြုလုပ်ပြီးသည့်အခါ ငါ၏ နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို နားလည်ကြလိမ့်မည်။

မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမှုကို လက်လွှတ်ခြင်းဟူသည့် ခေါင်းစဉ်ကို တရားဝင် မိတ်သဟာယမဖွဲ့မီ၊ လူနှင့် ဘုရားသခင်ကြားတွင် မည်သည့်အတားအဆီးများ တည်ရှိသည်ကို ဦးစွာ ဆွေးနွေးကြစို့။ သင်၏ နေ့စဉ်အသက်တာတွင် သင်ခံစားနိုင်ပြီး သတိပြုမိသော သို့မဟုတ် အခြားလူများတွင် ဖြစ်ပေါ်သော လူနှင့် ဘုရားသခင်ကြားရှိ မည်သည့်အတားအဆီးများနှင့် ဘုရားသခင်အပေါ် ရန်လိုမှုများ ရှိသနည်း။ ဤသရုပ်သကန်များသည် မုချ တည်ရှိသည်။ ယင်းတို့သည် နေ့စဉ် လူတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ပြီး နေ့စဉ် သင့်အပေါ်တွင်လည်း ဖြစ်ပျက်သည်၊ သို့ဖြစ်၍ သင်သည် တွေးတောရန် စွမ်းအင်များစွာ အသုံးမပြုရပေ၊ သင် ပါးစပ်ဟလိုက်သည့်အခါ ဤပြဿနာများစာရင်းသည် ချက်ချင်း ထွက်လာလိမ့်မည်။ ဤသည်မှာ ထိုသို့မဟုတ်လော။ (ဟုတ်ပါသည်။) လူနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများမှာ အတိအကျအားဖြင့် အဘယ်နည်း။ “အတားအဆီးများ” ဟူသည့် ဝေါဟာရတွင် မည်သည့်အရာများ ပါဝင်သည်ကို ဦးစွာ ပြောကြစို့။ ယင်းတွင် ပဋိပက္ခ၊ မနာခံခြင်း၊ အယူအဆများ၊ နားလည်မှုလွဲခြင်းများနှင့် အလားတူအရာများ ပါဝင်သည် မဟုတ်လော။ ငါ့ကို ထပ်ပြောလော့။ (တစ်စုံတစ်ဦးသည် မိမိ၏ တာဝန်ကို ထမ်းဆောင်နေစဉ် ထုတ်ဖော်ခြင်း သို့မဟုတ် ပြုပြင်ခြင်းခံရသည့်အခါ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အချို့သော နားလည်မှုလွဲခြင်းများ ရှိနိုင်ပြီး မိမိတို့ ထမ်းဆောင်သည့် တာဝန်က ပို၍အရေးကြီးလေ၊ ပို၍ လျင်မြန်စွာ ဖော်ထုတ်ခံရလေဟု တွေးထင်လျက် ကိုယ်တော့်အပေါ် သတိဖြင့် ကာကွယ်လာနိုင်သည်။ ထို့ကြောင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့နှင့် ဘုရားသခင်ကြား၌ အချို့သော အတားအဆီးများ ရှိလာမည်ဖြစ်ပြီး အချို့သော တာဝန်များနှင့် တာဝန်ပေးစေခိုင်းချက်များကို စင်ကြယ်၍ ပွင့်လင်းသော စိတ်နှလုံးဖြင့် လက်မခံနိုင်ကြတော့ပေ။) ဤနေရာတွင် အတားအဆီးမှာ အဘယ်နည်း။ (သတိထားရှောင်ခြင်းနှင့် နားလည်မှုလွဲခြင်းများ ဖြစ်သည်။) သတိထားရှောင်ခြင်းနှင့် နားလည်မှုလွဲခြင်းများဖြစ်၏။ ဤသည်မှာ အတားအဆီးတစ်မျိုး ဖြစ်သည်။ မည်သူ ထပ်ဖြည့်စွက်နိုင်သေးသနည်း။ သင်တို့ထဲမှ ကျန်သောသူများနှင့် ဘုရားသခင်ကြားတွင် အတားအဆီးများ မရှိကြသလော။ သင်တို့၏ စိတ်နှလုံးများသည် သန့်ရှင်းစင်ကြယ်နေပြီလော။ သင်တို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အပျက်သဘောဆောင်သည့် အတွေးအခေါ်များကိုမျှ မထားရှိဖူးသလော။ (ဘုရားသခင်၊ ကျွန်တော် တစ်စုံတစ်ခု ထပ်ဖြည့်စွက်နိုင်ပါသည်။ ဘုရားသခင်က ကျွန်တော်အတွက် စီစဉ်ညွှန်ကြားပေးသော အခြေအနေများတွင် အမှုအရာများ အတော်အတန် ချောမွေ့နေသည့်အခါတိုင်း ကျွန်တော်နှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးသည် အတော်အတန် ပုံမှန်ဖြစ်ပုံရပါသည်။ သို့သော် ကျွန်တော်သည် အခက်အခဲ သို့မဟုတ် ကျွန်တော်၏ အယူအဆများနှင့် မကိုက်ညီသော တစ်စုံတစ်ခုနှင့် ကြုံတွေ့ရပါက ဘုရားသခင်က မည်သို့ပြုလုပ်မည်၊ ကျွန်တော်ထံ နောက်ထပ် မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်၊ အဆုံးသတ်မှာ မည်သို့ဖြစ်မည်တို့ကို ကျွန်တော် စတင်၍ မှန်းဆလေသည်။ ကျွန်တော်သည် များစွာ တွေးတောပြီး ကျွန်တော်၏ စိတ်ထဲတွင် ဘုရားသခင်ကို စောဒကတက်ခြင်းများပင် ပြုလုပ်ကာ ဝေဖန်ပြီး နားလည်မှုလွဲကာ ထိုအခါတွင် ကျွန်တော်၏ စိတ်နှလုံးသည် ပိတ်သွားတော့သည်။ ကျွန်တော် မြင်တွေ့ခဲ့ရသော အရာတစ်ခုအကြောင်းကိုလည်း ပြောလိုပါသည်။ အချို့လူများသည် မလိုလားအပ်သော အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် စိတ်နှလုံးထဲ၌ အတိုက်အခံပြုသည်ဟု ခံစားရပြီး “ဘုရားသခင်က ကျွန်တော့်ကို ဤအခြေအနေများနှင့် အဘယ်ကြောင့် ကြုံတွေ့စေရသနည်း။ အခြားလူများအပေါ် အဘယ်ကြောင့် မကျရောက်ရသနည်း” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသော အခြေအနေများကို မနာခံနိုင်ကြဘဲ ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် ပဋိပက္ခ ဖြစ်ပေါ်လာပါသည်။) သင် ပထမဦးစွာ ဖော်ပြခဲ့သော ပြဿနာမှာ လူနှင့် ဘုရားသခင်ကြားတွင် အတားအဆီးများ ရှိနေခြင်း၊ အချို့သော အခြေအနေများ၏ အကျင့်ပါနေသော တုံ့ပြန်မှုတစ်ခုအဖြစ် လူတို့သည် မိမိတို့နှင့် ဘုရားသခင်ကြားတွင် အတားအဆီးများ၊ ဘုရားသခင်အပေါ် သတိဖြင့် ကာကွယ်ခြင်းနှင့် ဘုရားသခင်နှင့်ပတ်သက်သည့် နားလည်မှုလွဲခြင်းများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သင် ဒုတိယ ဖော်ပြခဲ့သော ပြဿနာမှာ လူတို့သည် စိတ်အတွင်း၌ မနာခံသောကြောင့် ဘုရားသခင်အပေါ် ရန်လိုလာခြင်း ဖြစ်သည်။ အခြားမည်သူ ထပ်ဖြည့်စွက်နိုင်သေးသနည်း။ (ကျွန်မသည် အထက်၏ ပြုပြင်ခြင်းကို ခံရပြီး ကျွန်မ၏ ညံ့ဖျင်းသော အစွမ်းအစ ဖော်ထုတ်ခံရသည့်အခါတိုင်း ကျွန်မသည် မိမိကိုယ်ကို သတ်မှတ်လိုက်ပြီး ကယ်တင်ခြင်းမခံရနိုင်ဟု တွေးထင်ကာ သမ္မာတရားကို လိုက်စားလိုသော်လည်း လိုက်စားရန် စိတ်အားထက်သန်မှု မရှိတော့ပါ။ ဤသည်မှာ ဘုရားသခင်နှင့်ပတ်သက်သည့် နားလည်မှုလွဲခြင်းတစ်မျိုး ဖြစ်ပါသည်။ ထို့အပြင် အချို့သော ညီအစ်ကိုမောင်နှမများသည် နာမကျန်းဖြစ်ပြီး သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့က “ငါ ကိုယ်တော့်အတွက် ပြေးလွှားပြီး အသုံးခံခဲ့သမျှကို ဘုရားသခင်က မအောက်မေ့ဘူးလား” ဟု တွေးထင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ဘုရားသခင်နှင့် အငြင်းအခုံပြုကြသည်၊ ကိုယ်တော့်ကို ပွက်လောရိုက်ကြသည်၊ ကိုယ်တော့်ကို ဆန့်ကျင်တိုက်ခိုက်ကြသည်။ ဤအခြေအနေမျိုးသည် အတော်ပင် အဖြစ်များပါသည်။) မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် ရန်လိုမှုတို့နှင့်ပတ်သက်၍ လူအများစု ဖော်ပြသည့် ပြဿနာများမှာ အနည်းနှင့်အများဆိုသလို သတိထားရှောင်ခြင်းနှင့် နားလည်မှုလွဲခြင်းများအပြင် လူတို့သည် အချို့သော အမှုအရာများနှင့် ကြုံတွေ့ရသည့်အခါ ဖော်ပြသည့် မနာခံခြင်းနှင့် မကျေနပ်ခြင်းတို့ ဖြစ်ပြီး တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်အပေါ် ရန်လိုမှု ဖြစ်သည်။ အခြေခံအားဖြင့် ထိုမျှသာ ဖြစ်သည်။ လူတို့၏ ဘုရားသခင်အပေါ်ထားရှိသော စိတ်အတွင်းပိုင်း သဘောထားများနှင့်ဆိုင်သော အမျိုးမျိုးသော ပြဿနာများသည် အမှန်တကယ်တွင် သင်တို့ မိတ်သဟာယဖွဲ့ခဲ့သော ပြဿနာများ၏ အတိုင်းအတာကို များစွာ ကျော်လွန်သည်။ သင်တို့ သတိမပြုမိသော ပြဿနာအချို့ ရှိနေသည်။ တစ်ဖက်တွင် ဤသည်မှာ လူတို့သည် အမျိုးမျိုးသော အခြေအနေများကို တွေ့ကြုံခံစားရသည့်အခါတိုင်း မိမိတို့ကိုယ်၌ မည်သည့်ပြဿနာများ တည်ရှိသည်ကို မဆန်းစစ်သောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင် လူတို့သည် ဘုရားသခင်နှင့် မိမိတို့၏ ဆက်ဆံရေးသည် အတိအကျ မည်သို့ရှိသည်ကို သို့မဟုတ် လူတို့ ဘုရားသခင်အပေါ် ထားရှိသင့်သော မှန်ကန်သည့် သဘောထားများနှင့် ရှုမြင်ပုံများမှာ အဘယ်အရာဖြစ်သည်ကို မည်သည့်အခါမျှ စေ့စေ့စပ်စပ် မစဉ်းစားခဲ့ကြသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ လူတို့၏ မတူညီသော သရုပ်သကန်များနှင့် လက်ရှိတွင် လူတို့၌ အမှန်တကယ် တည်ရှိနေသော ဤအခြေအနေများကို အခြေခံ၍ ယနေ့ ငါတို့သည် လူနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် လူတို့၏ ရန်လိုမှုတို့၏ မတူညီသော သရုပ်သကန်များအကြောင်းကို အတိအကျ မိတ်သဟာယဖွဲ့ကြမည်။ ဤမတူညီသော သရုပ်သကန်များကို မိတ်သဟာယဖွဲ့ခြင်း၏ ရည်မှန်းချက်မှာ လူတို့သည် မိမိတို့၏ နေ့စဉ်အသက်တာများတွင် ဤအရာများ ၎င်းတို့၌ ဖြစ်ပေါ်သည့်အခါတိုင်း မိမိတို့နှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် ၎င်းတို့ထားရှိသော ရန်လိုမှုကို တက်ကြွစွာ လက်လွှတ်နိုင်စေရန်၊ ကိုယ်တော်နှင့် သဟဇာတဖြစ်သော ဆက်ဆံရေးကို ရရှိစေရန်နှင့် နောက်ဆုံးတွင် ကိုယ်တော်နှင့် အပြည့်အဝ သဟဇာတဖြစ်လာစေရန် ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် မိမိတို့နှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ရန်လိုမှုကို လုံးဝ ဖယ်ရှားပြီးဖြစ်လိမ့်မည်၊ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့ကာ ကိုယ်တော်အား အမှန်တကယ် ကျိုးနွံနာခံလာကြလိမ့်မည်။ ဤသည်သာလျှင် လူနှင့် ဘုရားသခင်ကြားရှိ ပုံမှန်ဆက်ဆံရေးဖြစ်ပြီး ဤကဲ့သို့သော လူတို့သာလျှင် စစ်မှန်သော ဖန်ဆင်းခံများ ဖြစ်ကြသည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။