သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃) အပိုင်း တစ်
သမ္မာတရား လိုက်စားခြင်းအတွက် ပထမဆုံး လက်တွေ့လုပ်ဆောင်မှု- လက်လွှတ်ခြင်း
မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမှုကို လက်လွှတ်ခြင်း
၁။ ဘုရားသခင်နှင့်ပတ်သက်သော မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်း- ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သော မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်း
ကျွန်ုပ်တို့သည် သမ္မာတရားကို လိုက်စားခြင်းဟူသည့် ခေါင်းစဉ်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့နေခဲ့ကြသည်မှာ အတော်ပင်ကြာခဲ့ပြီဖြစ်သည်။ ဤခေါင်းစဉ်တွင် ပါဝင်သည့် အကြောင်းအရာသည် အတော်အတန် ကျယ်ပြန့်သော်လည်း အကြောင်းအရာ မည်မျှပင် ကျယ်ပြန့်သည်ဖြစ်စေ ယင်းသည် လူများနှင့် အမှုအရာများကို ၎င်းတို့ မည်သို့ ရှုမြင်ပုံ၊ မည်သို့ကျင့်ကြံပြုမူပုံတို့နှင့် သက်ဆိုင်သော နေ့စဉ်အသက်တာတွင် လူတို့ကြုံတွေ့ရသည့် အချို့သော ပြဿနာများနှင့် ကင်းကွာ၍မရပေ။ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများသည် လူတို့၏ အသက်တာများထဲမှ လက်တွေ့ကျသော ပြဿနာများ ဖြစ်ကြသည်။ ၎င်းတို့သည် လူတို့၏ နေ့စဉ်ဘဝများနှင့် ကင်းလွတ်ခြင်းမရှိသကဲ့သို့ လူတို့၏ ပုံမှန် လူ့သဘာဝနှင့်လည်း ကင်းလွတ်ခြင်းမရှိပေ။ ဤပြဿနာများတွင် အမျိုးမျိုးသော အမှုအရာများအပေါ် လူတို့၏ သဘောထားများနှင့် ရှုမြင်ပုံများအပြင် ၎င်းတို့၏ ဖြစ်တည်မှုတွင်လည်းကောင်း၊ ၎င်းတို့၏ ဘဝခရီးလမ်းများတွင်လည်းကောင်း လူတို့ကြုံတွေ့ရသည့် ကြီးမားသော ကိစ္စရပ်အမျိုးမျိုးတို့ ပါဝင်သည်။ ကျွန်ုပ်တို့၏ ပြီးခဲ့သည့်အကြိမ်က မိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာသည် “သမ္မာတရားကို လိုက်စားရန်နည်းလမ်း” ထဲရှိ “လက်လွှတ်ခြင်း” အတွင်းမှ လက်တွေ့လုပ်ဆောင်ခြင်း၏ ကဏ္ဍတစ်ခုဖြစ်သည့် မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမှုကို လက်လွှတ်ခြင်းနှင့် သက်ဆိုင်သည်။ ဤလက်တွေ့လုပ်ဆောင်ခြင်းတွင် အဘယ်အရာ ပါဝင်သနည်း။ ယင်းသည် လူများနှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးနှင့် သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။) လွန်ခဲ့သော မိတ်သဟာယဖွဲ့ခြင်း အနည်းငယ်၏ အကြောင်းအရာသည် ဘုရားသခင် တောင်းဆိုသော စည်းမျဉ်းများနှင့် စံနှုန်းများအတိုင်း လူတစ်ဦးသည် လူအမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးကို မည်သို့ ရှုမြင်သင့်သည်နှင့်လည်းကောင်း၊ လူအမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးကို မည်သို့ ကိုင်တွယ်သင့်သည်တို့နှင့်လည်းကောင်း သက်ဆိုင်သည်။ ကျွန်ုပ်တို့၏ ပြီးခဲ့သော မိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာသည် လူများနှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးနှင့် သက်ဆိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီသော၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် မကိုက်ညီသော၊ သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီသော အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးများကို လူတို့ မည်သို့ လက်လွှတ်သင့်သည်ကို အသိပေးခဲ့သည်။ ဤအရာများသည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ ခရီးလမ်းတွင်နှင့် တည်ရှိခြင်း၏ ဖြစ်စဉ်တွင် လူများနှင့် ဘုရားသခင်ကြား၌ တည်ရှိသော လက်တွေ့ကျသည့် ပြဿနာများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် “မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမှုကို လက်လွှတ်ခြင်း” ဟူသည့် ဤခေါင်းစဉ်ကြီးကို ကဏ္ဍလေးခုအဖြစ် ပိုင်းခြားခဲ့သည်၊ ပထမတစ်ခုမှာ အယူအဆများနှင့် စိတ်ကူးများ၊ ဒုတိယတစ်ခုမှာ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုမှုများ၊ တတိယတစ်ခုမှာ သတိထားရှောင်ခြင်းနှင့် သံသယဖြစ်ခြင်း၊ စတုတ္ထတစ်ခုမှာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် စပ်စုခြင်းတို့ ဖြစ်သည်။ ကျွန်ုပ်တို့သည် အယူအဆများနှင့် စိတ်ကူးများဖြင့် ကျွန်ုပ်တို့၏ မိတ်သဟာယဖွဲ့ခြင်းကို စတင်ခဲ့သည်။ အယူအဆများနှင့် စိတ်ကူးများအတွင်းမှ ပထမအချက်သည် ဘုရားသခင်၏ အလုပ်နှင့် သက်ဆိုင်သည်၊ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ မည်သည့် အယူအဆများနှင့် စိတ်ကူးများ ရှိကြသည်ဟူ၍ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအပေါ်တွင် မိတ်သဟာယဖွဲ့ခြင်းအချို့ ပြုလုပ်ခဲ့သည်။ ဤအချက်အပေါ် ကျွန်ုပ်တို့၏ မိတ်သဟာယဖွဲ့ခြင်းသည် လူတို့ ဘုရားသခင်၏ အလုပ်ကို မည်သို့ ရှုမြင်ကြသည်နှင့်လည်းကောင်း၊ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ ၎င်းတို့၏ သိနားလည်မှုနှင့် အတွေးအခေါ်များတွင် မည်သည့် သွေဖည်ခြင်းများ၊ အယူအဆများနှင့် စိတ်ကူးများ ရှိကြသည်တို့နှင့်လည်းကောင်း သက်ဆိုင်သည်၊ ဤအယူအဆများနှင့် စိတ်ကူးများသည် လူတို့ လက်လွှတ်သင့်သည့် အရာတစ်ခု ဖြစ်သည်။ လူတို့သည် ဤအယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ပြီး သမ္မာတရားကို ရှာဖွေပါက ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို သိနိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စင်ကြယ်သော သဘောပေါက်နားလည်မှုတစ်ခု ရှိကြလိမ့်မည်။ ဘုရားသခင်၏ အလုပ်သည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများနှင့် မကိုက်ညီသောအခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရန် ကြိုးစားသင့်သည့်အပြင် ဘုရားသခင်၏ အလုပ်သည် မည်သို့ ဖြစ်သင့်သည်ကိုဖြစ်စေ၊ ဘုရားသခင်၏အလုပ်ဖြင့် လူတို့၌ ရရှိစေရန် သူရည်ရွယ်သည့် အကျိုးသက်ရောက်မှုသည် မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ တိုင်းတာရန် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများအပေါ် မှီခိုမည့်အစား မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကိုလည်း လက်လွှတ်သင့်သည်။ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ လူတို့၏ အယူအဆများနှင့် စိတ်ကူးများသည် လူတို့၏ အသက် ဝင်ရောက်မှုနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားအပေါ် တိုက်ရိုက် သက်ရောက်မှုရှိသဖြင့်၊ ဤအယူအဆများနှင့် စိတ်ကူးများသည်လည်း လူတို့ လက်လွှတ်ရမည့် အရာတစ်ခု ဖြစ်သည်။ ဥပမာအနေနှင့် ဘုရားသခင်သည် လူတို့၏ ပင်ကိုအစွမ်းအစ၊ ပင်ကိုစရိုက်၊ ပင်ကိုယ်သဘာဝ စသည်တို့ကို မပြောင်းလဲကြောင်း၊ လူတို့ မွေးဖွားလာကတည်းက ပါလာသော မွေးရာပါ အရည်အချင်းများနှင့် ၎င်းတို့၏ ဇာတိပကတိ၏ ပင်ကိုယ်သဘာဝတို့သည် ဘုရားသခင်၏ အလုပ်၏ ပစ်မှတ်များ မဟုတ်ကြောင်းနှင့် သူ၏အလုပ်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လူတို့အတွင်း၌ ဘုရားသခင်ကို ပုန်ကန်ပြီး ဘုရားသခင်နှင့် သဟဇာတမဖြစ်သော အရာများကို ပစ်မှတ်ထားကြောင်း ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် ဘုရားသခင်၏ အလုပ်က ၎င်းတို့၏ အစွမ်းအစ၊ ၎င်းတို့၏ ပင်ကိုယ်သဘာဝများနှင့် ၎င်းတို့၏ ပင်ကိုစရိုက်၊ အလေ့အကျင့်များ၊ နေထိုင်မှုပုံစံများ စသည်တို့ကိုပင် ပြောင်းလဲရန် ရည်ရွယ်သည်ဟု စိတ်ကူးပါက နေ့စဉ်အသက်တာ၌ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း၏ ကဏ္ဍတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများ၏ လွှမ်းမိုးခြင်းနှင့် စိုးမိုးခြင်းကို ခံရမည်ဖြစ်ပြီး လွဲချော်သော အပိုင်းများ သို့မဟုတ် အစွန်းရောက်သော အရာများစွာ မလွဲမသွေ ရှိလာမည်ဖြစ်သည်။ ဤလွဲချော်သော အပိုင်းများနှင့် အစွန်းရောက်သော အရာများသည် သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီဘဲ လူတို့အား ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့မှ သွေဖည်စေမည်ဖြစ်ပြီး ပုံမှန် လူ့သဘာဝ၏ လမ်းကြောင်းမှ ကင်းကွာစေမည်ဖြစ်သည်။ ဥပမာဆိုပါစို့ သင်၏ အယူအဆများနှင့် စိတ်ကူးများထဲတွင် ဘုရားသခင်သည် လူတို့၏ အစွမ်းအစ၊ စွမ်းရည်များနှင့် ၎င်းတို့၏ ပင်ကိုယ်သဘာဝများကိုပင် ပြောင်းလဲလိုသည်ဟု သင်ယုံကြည်သည်၊ ဤအရာများသည် ဘုရားသခင် ပြောင်းလဲလိုသည့် အရာများဖြစ်သည်ဟု သင်ထင်ပါက သင်သည် မည်သို့သော လိုက်စားမှုမျိုးများ ရှိမည်နည်း။ သင်သည် လွဲမှား၍ အစွဲအလမ်းကြီးသော လိုက်စားမှုများ ရှိလိမ့်မည်။ သာလွန်သော အစွမ်းအစကို လိုက်စားလိုမည်ဖြစ်ပြီး သာလွန်သော အစွမ်းအစနှင့် သာလွန်သော စွမ်းရည်များ၊ သာလွန်သော ထိုးထွင်းသိမြင်မှုနှင့် မိမိကိုယ်ကို ပြုစုပျိုးထောင်မှု၊ သာမန်လူများ၏ စွမ်းရည်များထက် သာလွန်သော စွမ်းဆောင်နိုင်ရည်အချို့ပင် ရရှိလာစေရန် အမျိုးမျိုးသော ကျွမ်းကျင်မှုများကို သင်ယူခြင်းနှင့် အမျိုးမျိုးသော အသိပညာများကို ကျွမ်းကျင်အောင်ပြုလုပ်ခြင်းအပေါ် အာရုံစိုက်လိမ့်မည်။ ဤနည်းအားဖြင့် အပြင်ပန်း စွမ်းရည်များနှင့် ပင်ကိုစွမ်းရည်များကို အာရုံစိုက်ပေလိမ့်မည်။ သို့ဆိုလျှင် ထိုသို့သော လိုက်စားမှုများ၏ အကျိုးဆက်များသည် လူတို့အပေါ် မည်သို့ ရှိသနည်း။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်း၏ လမ်းစဉ်ပေါ်သို့ စတင်ရန် ပျက်ကွက်မည်သာမက ထိုအစား ဖာရိရှဲတို့၏ လမ်းစဉ်ကိုလည်း လိုက်ကြလိမ့်မည်။ ၎င်းတို့သည် မည်သူက သာလွန်သော အစွမ်းအစရှိသည်၊ မည်သူက သာလွန်သော ဆုကျေးဇူးများရှိသည်၊ မည်သူက သာလွန်သော အသိပညာရှိသည်၊ မည်သူက ပိုကြီးမားသော စွမ်းဆောင်နိုင်ရည်များရှိသည်၊ မည်သူက ပိုများသော အားသာချက်များရှိသည်၊ မည်သူက လူတို့ကြားတွင် ပိုမြင့်သော ဂုဏ်သတင်းရှိပြီး အခြားသူများ၏ လေးစားကြည်ညိုခြင်းနှင့် အထင်ကြီးခြင်းကို ခံရသည်တို့ကို သိရှိရန် အချင်းချင်း အပြိုင်အဆိုင်ပြုကြလိမ့်မည်။ ဤနည်းအားဖြင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူနိုင်မည်လည်း မဟုတ်ဘဲ ထိုအစား သမ္မာတရားနှင့် ဝေးကွာရာသို့ ဦးတည်သော လမ်းကြောင်းအတိုင်း လျှောက်လှမ်းကြလိမ့်မည်။
စ။ ဘုရားသခင်၏ အမှုတော်သည် လူတို့၏ ပင်ကိုအခြေအနေများကို မပြောင်းလဲပေ- ယင်းက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန် ရည်ရွယ်သည်
၁။ ဘုရားသခင်၏ အမှုတော်သည် လူတို့၏ ပင်ကိုအခြေအနေများကို မပြောင်းလဲပေ
ဘုရားသခင်၏ အလုပ်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သမ္မာတရားကို ချိုးဖောက်သည့် ၎င်းတို့၏ အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် ရှုမြင်ပုံများကို ၎င်းတို့၏ ပုံမှန် လူ့သဘာဝ ဘောင်အတွင်း၌ ပြောင်းလဲရန်ဖြစ်ပြီး ထိုသို့ဖြင့် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် ပြန်လည်ရရှိပြီး စုံလင်လာမည် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သင်သည် သမ္မာတရားကို ပို၍ နားလည်လေလေ၊ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် ပို၍ ပုံမှန်ဖြစ်လာလေလေ ဖြစ်မည်ဖြစ်ပြီး ၎င်းတို့သည် အကျိုးရှိသော ဦးတည်ရာတစ်ခု၌ ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်၊ ဤသည်မှာ လုံးဝ သဘာဝလွန်ခြင်း မဟုတ်ပေ။ ဤ “ပုံမှန်” ဟူသော စကားလုံးဖြင့် ကျွန်ုပ်သည် အဘယ်အရာကို ဆိုလိုသနည်း။ လူတို့တွင် အသိစိတ်နှင့် တရားမျှတစိတ်တစ်ခု ရှိပါက ၎င်းတို့သည် ကြင်နာတတ်လာလိမ့်မည်၊ လူ့စကားဖြင့် ပြောရလျှင် ၎င်းတို့သည် နားလည်တတ်သော၊ ဖြောင့်မတ်သော၊ ကျိုးကြောင်းဆီလျော်သောသူများ ဖြစ်လာမည်ဖြစ်ပြီး ခေါင်းမာပြီး လွဲချော်တတ်သောသူများ ဖြစ်ကြမည် မဟုတ်ပေ။ ဤသည်မှာ လူတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ ဘုရားသခင် ရရှိစေရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှု ဖြစ်သည်။ လူတို့သည် သမ္မာတရားကို တဖြည်းဖြည်း ပို၍ နားလည်လာသည်နှင့်အမျှ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတစ်ခုမှာ ၎င်းတို့၏ လူ့သဘာဝသည် တဖြည်းဖြည်း ပို၍ ပုံမှန်ဖြစ်လာခြင်း ဖြစ်သည်။ သို့ရာတွင် လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း လိုက်စားပါက ဤအယူအဆများနှင့် စိတ်ကူးများသည် ၎င်းတို့၏ လိုက်စားမှုများအပေါ် အလွန်များပြားသော အပျက်သဘောဆောင်သည့် လွှမ်းမိုးမှုနှင့် အပျက်သဘောဆောင်သည့် လမ်းညွှန်မှုကို သက်ရောက်စေမည်ဖြစ်ပြီး ၎င်းတို့အား လွဲချော်၍ အစွဲအလမ်းကြီးသော၊ အစွန်းရောက်သော၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော လမ်းကြောင်းအမျိုးမျိုးပေါ်သို့ ပို့ဆောင်လိမ့်မည်။ ဥပမာအနေနှင့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများထဲတွင် ဘုရားသခင်၏ အလုပ်သည် လူတို့၏ လူ့သဘာဝကို မြှင့်တင်ရန်နှင့် လူတို့အား လူ့ပင်ကိုယ်သဘာဝများ၊ လူ့အစွမ်းအစ၊ လူ့အသက်အရွယ်နှင့် လိင်ကိုပင် ကျော်လွန်နိုင်စေရန် ရည်ရွယ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ လူတို့တွင် ဤကဲ့သို့သော အယူအဆများ ရှိသောအခါ ၎င်းတို့သည် ဤဦးတည်ရာအတိုင်း လိုက်စားမည်၊ ကြိုးပမ်းမည်ဖြစ်ပြီး စမ်းတဝါးဝါး လျှောက်လှမ်းကြလိမ့်မည်။ သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာများကို အာရုံစိုက်ကြမည်နည်း။ ကဏ္ဍတစ်ခုအနေနှင့် ၎င်းတို့သည် အသိပညာ၊ စွမ်းရည်များ၊ ကျွမ်းကျင်မှုများ၊ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်များကို အာရုံစိုက်ကြလိမ့်မည်၊ အခြားကဏ္ဍတစ်ခုအနေနှင့် ၎င်းတို့သည် သဘာဝလွန်ခြင်းကို အာရုံစိုက်ကြလိမ့်မည်။ သဘာဝလွန်ခြင်း၏ သရုပ်သကန်များမှာ အဘယ်အရာဖြစ်သည်ကို သင်တို့ သိကြသလော။ (ယင်းမှာ အချို့သောအရာများတွင် လူတို့သည် အဖိုးအခမပေးရဘဲ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို တိုက်ရိုက် ကြုံတွေ့ရမည်ဟု ဆိုလိုပါသလော။) ယင်းမှာ တစ်စုံတစ်ဦးသည် ပုံမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်သော်လည်း ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခြင်းကဲ့သို့ ဖြစ်သည်၊ သို့မဟုတ် တစ်စုံတစ်ဦးသည် သီချင်းဆိုခြင်း သို့မဟုတ် ကခုန်ခြင်းကို မည်သည့်အခါကမျှ မလုပ်နိုင်ခဲ့သော်လည်း လှုံ့ဆော်ခံရပြီး ၎င်းတို့ ရုတ်တရက် သီချင်းဆိုနိုင်၊ ကခုန်နိုင်လာပြီး အတော်ပင် ကောင်းမွန်စွာ ကခုန်နိုင်ခြင်းကဲ့သို့ ဖြစ်သည်၊ သို့မဟုတ် တစ်စုံတစ်ဦးသည် နိုင်ငံခြားဘာသာစကားတစ်ခုကို မည်သည့်အခါကမျှ မသင်ယူခဲ့ဖူးသော်လည်း ရုတ်တရက် ၎င်းတို့ နိုင်ငံခြားဘာသာစကားတစ်ခုကို ပြောနိုင်ခြင်းကဲ့သို့ ဖြစ်သည်။ ဤအရာများသည် သဘာဝလွန်ခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) ဥပမာအနေနှင့် သင်သည် အရေးကြီးသော ကိစ္စတစ်ခုအတွက် အပြင်ထွက်ရန် လိုအပ်သော်လည်း ကားမမောင်းတတ်ဟု ဆိုပါစို့၊ သင် အရေးပေါ် အခြေအနေတွင် ဆုတောင်းလိုက်ရာ ချက်ချင်းပင် သင် စိတ်အားထက်သန်လာသည်ဟု ခံစားရပြီး ရုတ်တရက် သင် ကားမောင်းတတ်လာကာ အတွေ့အကြုံရှိသော ယာဉ်မောင်းတစ်ဦးကဲ့သို့ပင် တည်ငြိမ်စွာ မောင်းနှင်လေသည်။ တစ်စုံတစ်ဦးက သင့်အား “သင် မည်သို့ဖြစ်၍များ ဤမျှ ကောင်းမွန်စွာ ကားမောင်းတတ်သနည်း” ဟု မေးသည်။ သင်က “ကျွန်ုပ်လည်း မသိပါ။ ဤအရာအားလုံးကို ဘုရားသခင်က ပြုလုပ်တော်မူခြင်း ဖြစ်သည်၊ ကျွန်ုပ် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကိုခံခဲ့ရသည်။ ကြည့်ပါဦး၊ ကျွန်ုပ်၏ ဤလက်များသည် ကျွန်ုပ်၏ ကိုယ်ပိုင်လက်များ မဟုတ်တော့ပါ၊ ယင်းတို့ကို သန့်ရှင်းသောဝိညာဉ်တော်က ကိုင်ထားခြင်း ဖြစ်သည်” ဟု ပြောသည်။ အမှန်တကယ်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ဤသို့ ပြုလုပ်နေခြင်း မဟုတ်ပေ၊ ထိုအစား အခြားသော ဝိညာဉ်တစ်မျိုးသည် သင့်အတွင်းသို့ ဝင်ရောက်ပြီး သင့်ကို ကြိုးကိုင်ညွှန်ကြားနေခြင်း ဖြစ်ရာ သင်သည် အခြားသူတစ်ဦး ဖြစ်လာပြီး သင့်ကိုယ်သင် မထိန်းချုပ်နိုင်တော့ပေ။ ဤသည်မှာ လူတစ်ဦး၏ ပင်ကိုယ်သဘာဝများကို ကျော်လွန်ခြင်း မဟုတ်လော။ ဤသည်မှာ သဘာဝလွန်ခြင်း ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သဘာဝလွန်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ကောင်းသော ဖြစ်စဉ်တစ်ခုလော။ (မဟုတ်ပါ၊ ဤသည်မှာ လူတစ်ဦးကို ပုံမှန်မဟုတ်အောင် ပြုလုပ်ပါသည်။) သင်သည် အချိန်ကာလတစ်ခုကြာ လေ့လာခြင်းမရှိဘဲ သို့မဟုတ် မည်သည့် ကျွမ်းကျင်သူ၏ လမ်းညွှန်မှုကိုမျှ မခံယူဘဲ ဘာသာစကားတစ်ခုကို ရုတ်တရက် သိရှိနိုင်လျှင်ဖြစ်စေ၊ ကျွမ်းကျင်မှုတစ်ခု ရှိနိုင်လျှင်ဖြစ်စေ၊ အသိပညာအချို့ကို နားလည်နိုင်လျှင်ဖြစ်စေ ယင်းမှာ သဘာဝလွန်ခြင်း ဖြစ်သည်။ လူတစ်ဦး၏ အသက်စိတ်သဘောထားသည် ၎င်းတို့ သမ္မာတရားကို လိုက်စားရန်၊ ရှာဖွေရန်၊ စောင့်ဆိုင်းရန် သို့မဟုတ် အမှုအရာများကို တွေ့ကြုံခံစားရန် မလိုအပ်ဘဲ ပြောင်းလဲသွားခဲ့ပါက ဤသည်မှာ ကြောက်မက်ဖွယ်ရာ ကိစ္စရပ်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ စိတ်ထဲတွင်လည်းကောင်း၊ သင်၏ မသိစိတ်ထဲတွင်လည်းကောင်း အယူအဆများနှင့် စိတ်ကူးများ၏ အရာများစွာ ရှိနေသေးပါက သင်သည် ၎င်းတို့ကို လက်လွှတ်သင့်ပြီး မလိုက်စားသင့်ပေ၊ အကြောင်းမှာ ယင်းတို့သည် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် စစ်မှန်သော သိနားလည်မှု မဟုတ်သကဲ့သို့ ယင်းတို့သည် ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော နည်းလမ်းများ၊ စည်းမျဉ်းများနှင့်လည်း မကိုက်ညီသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် သင်၏ ပုံမှန် လူ့သဘာဝကို လုံးဝ ကျော်လွန်မည် မဟုတ်သကဲ့သို့ သင့်အပေါ် ဘုရားသခင်၏ အလုပ်ဖြင့် ရရှိသည့် အကျိုးသက်ရောက်မှုသည် သင်၏ ပုံမှန် လူ့သဘာဝကို ပို၍မြင့်မားသော၊ သဘာဝလွန် လူ့သဘာဝတစ်ခု အဖြစ်သို့ ပြောင်းလဲခြင်း လုံးဝ မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်သည် သင့်အား ပုံမှန်လူတစ်ဦးမှ ထူးဆန်းသော ပုဂ္ဂိုလ်တစ်ဦးအဖြစ်သို့ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားခြင်း ဖြစ်စဉ်တွင် သင်၏ အသိစိတ်သည် တဖြည်းဖြည်း ပို၍ နိုးကြားလာပြီး သင်သည် ပိုကြီးမားသော ရှက်ကြောက်စိတ် ဖြစ်ပေါ်လာသည်ဟု ဆိုကြပါစို့။ သင်သည် ကြင်နာတတ်လာသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်လာသည်၊ အသင်းတော်၏ အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်လာသည်။ ထို့အပြင် သင်၏ စကားများနှင့် လုပ်ဆောင်ချက်များသည် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို မဆန့်ကျင်ပေ၊ သင်သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ တဖြည်းဖြည်း ပြုမူနိုင်လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးကို ပိုင်းခြားသိမြင်နိုင်သည်။ ဤသည်မှာ သင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ လျှောက်လှမ်းနေသော လမ်းကြောင်းသည် မှန်ကန်ကြောင်း သက်သေပြသည်။ သို့သော် သင် ဆုတောင်းသောအခါ အသံတစ်ခုခုကို ကြားရန် အာရုံစိုက်နေဆဲဖြစ်ပြီး ဘုရားသခင်ထံမှ သင် ရှာဖွေပြီး တောင်းပန်လျှောက်ထားသောအခါ လှုံ့ဆော်မှုတစ်ခုခု၊ အလင်းတန်းတစ်ခု သို့မဟုတ် သဘာဝလွန် ဗျာဒိတ်တော်တစ်ခုခုကို စောင့်မျှော်နေဆဲဖြစ်သည်ဟု ဆိုကြပါစို့။ ထို့အပြင် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် မည်သည့်နည်းနှင့်မျှ ပြန်လည်ရရှိခြင်း သို့မဟုတ် ပြုပြင်ခြင်း မခံရသေးသကဲ့သို့ သင်၌ တရားမျှတစိတ် ရှိမလာသေးခြင်း သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းလည်း မရှိသေးပေ။ ဤသည်မှာ သင်၏ လိုက်စားမှုနှင့် သင် လျှောက်လှမ်းနေသော လမ်းစဉ်တွင် ပြဿနာများ ရှိနေကြောင်း သက်သေပြပြီး သင်သည် သမ္မာတရားကို လိုက်စားခြင်း၏ လမ်းကြောင်းပေါ်သို့ လုံးဝ စတင်လျှောက်လှမ်းခြင်း မရှိသေးဟုလည်း ဆိုနိုင်ပေသည်။ သင်သည် သဘာဝလွန် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် မသိစိတ်ထဲ၌ မကြာခဏ လိုက်စားနေဆဲဖြစ်ပြီး သင်သည် ဇာတိပကတိကို ကျော်လွန်သင့်သည်ဟု မကြာခဏ ခံစားရသည်၊ အစာမစားဘဲ မဆာလောင်ခြင်း၊ ရက်အတန်ကြာ မအိပ်စက်၊ မနားနေဘဲ မပင်ပန်း၊ မအိပ်ငိုက်ခြင်းတို့ ဖြစ်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်စဉ်တွင် သင် အရေးတကြီး လိုအပ်သောအခါ သင် နားမလည်သော သို့မဟုတ် မသင်ယူဖူးသော အရာများကို ရုတ်တရက် နားလည်ပြီး ကျွမ်းကျင်လာရန်ပင် သင် ကြိုးစားသည်။ သဘာဝလွန် အရာများနှင့်ပတ်သက်သည့် ဤစိတ်ကူးများသည် လူ့အယူအဆများနှင့် စိတ်ကူးများမှ လာခြင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ အလုပ်ကို မတွေ့ကြုံဖူးသောကြောင့် ၎င်းတို့သည် ဘုရားသခင်၏အလုပ်နှင့်ပတ်သက်၍ စိတ်ကူးများဖြင့် အလိုအလျောက် ပြည့်နှက်နေကြသည်။ အမှန်တကယ်တွင် ဘုရားသခင်၏ အလုပ်သည် အစစ်မှန်ဆုံးနှင့် လက်တွေ့အကျဆုံးသော အရာများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း မည်သည့်အခါမျှ ပြုမူတော်မမူပေ၊ ဘုရားသခင်သည် လူတို့အပေါ် ဤသို့သောအလုပ်မျိုးကို မည်သည့်အခါမျှ လုပ်ဆောင်တော်မမူပေ။ ဘုရားသခင်သည် အလွန်ထူးခြားသော အခြေအနေများအောက်တွင်သာလည်းကောင်း၊ အလွန်နည်းပါးသော လူအနည်းငယ်အပေါ်တွင်သာလည်းကောင်း သဘာဝလွန် အလုပ်အနည်းငယ်ကို လုပ်ဆောင်တော်မူသော်လည်း ဤအလုပ်သည် ကာလတိုမျှသာဖြစ်ပြီး အထူးအခြေအနေများတွင် လိုအပ်သည့်အရာတစ်ခု ဖြစ်သည်၊ ယင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်းအတွင်း လူတို့၌ မကြာခဏ ထင်ရှားပေါ်လွင်သော အလုပ်လုပ်သည့် နည်းလမ်းတစ်ခု မဟုတ်ပေ။ သူ၏ စီမံခန့်ခွဲမှုအလုပ်တွင် ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်ရန်နှင့် ကယ်တင်ခြင်းကို ရရှိနိုင်ရန် ရည်ရွယ်ပြီး ဘုရားသခင် အလုပ်လုပ်သည့် အခြေခံနည်းလမ်းမှာ လူတို့အား သမ္မာတရားကို ပေးသနားရန်ဖြစ်ပြီး သို့မှသာ ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီးနောက် သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် သင်၏စိတ်ထဲတွင်လည်းကောင်း၊ သင်၏ မသိစိတ်ထဲတွင်လည်းကောင်း မည်သို့သော အယူအဆများနှင့် စိတ်ကူးများ ရှိသည်ဖြစ်စေ၊ သင်၏ အယူအဆများနှင့် စိတ်ကူးများသည် မည်မျှပင် ယုတ္တိတန်သည်ဖြစ်စေ၊ သင်၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များကို မည်မျှပင် ဖြည့်ဆည်းပေးသည်ဖြစ်စေ၊ အကြောင်းပြချက်များ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် အယူအဆများနှင့် စိတ်ကူးများသာ အမြဲဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် ယင်းတို့ကို လက်လွှတ်သင့်ကာ စွဲကိုင်မထားသင့်ပေ။ ဘုရားသခင်၏ အလုပ်သည် မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်ပြီးသည်ဖြစ်စေ၊ မည်မျှကြာအောင် ဆက်လက်လုပ်ဆောင်နေသည်ဖြစ်စေ လူတို့သည် လူများသာ အစဉ်အမြဲ ဖြစ်မည်ဖြစ်ပြီး ၎င်းတို့သည် ကောင်းကင်တမန်များ ဘယ်သောအခါမျှ ဖြစ်လာမည် မဟုတ်ပေ။ သင်သည် ဦးခေါင်းမှ ခြေဖျားအထိ အဖြူရောင်ဖြစ်သွားလျှင်ပင်၊ ဆံပင်ဖြူ၊ မျက်နှာကို အဖြူရောင်သုတ်လိမ်းပြီး အင်္ကျီအဖြူနှင့် ဘောင်းဘီအဖြူကို ဝတ်ဆင်ကာ တောင်ပံနှစ်ခုကိုလည်း တပ်ဆင်ထားလျှင်ပင် သင်သည် ကောင်းကင်တမန်တစ်ပါး ဖြစ်မလာနိုင်ပေ၊ လူတို့သည် လူများသာ အစဉ်အမြဲ ဖြစ်လိမ့်မည်။ ထို့အပြင် ဤနေရာရှိ “လူများ” ဟူသည်မှာ ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများကို ရည်ညွှန်းသည်၊ ထူးခြားသော ပုဂ္ဂိုလ်များကို မဟုတ်သကဲ့သို့ ထူးဆန်းသော ပုဂ္ဂိုလ်များမှာ သာ၍ပင် မဟုတ်ချေ။ ဤလူများသည် လုံးဝ သဘာဝလွန်ခြင်း မရှိသော်လည်း ၎င်းတို့သည် မကောင်းမှု မပြုလုပ်ခြင်း၊ သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်လည်းကောင်း၊ စာတန်က လူတို့၌ သွတ်သွင်းသော အမျိုးမျိုးသော အတွေးအခေါ်များနှင့် ရှုမြင်ပုံများဖြင့်လည်းကောင်း အသက်ရှင်ခြင်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ ဘုရားသခင်၏ တောင်းဆိုချက်များ၊ သမ္မာတရား စည်းမျဉ်းများအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်ရန်၊ ကျင့်ကြံပြုမူရန်နှင့် လုပ်ဆောင်ရန် နားလည်ခြင်းတို့၌ ဘုရားသခင်ကို မယုံကြည်သော ဘာသာတရား မရှိသူများနှင့် သိသာထင်ရှားစွာ ကွဲပြားကြလေသည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်တွင် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း မည်မျှကြာအောင် လိုက်စားခဲ့သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ရရှိခဲ့သည်ဟု ခံစားရသည်ဖြစ်စေ ယင်းသည် ဘုရားသခင်၏ အမြင်တွင် အကျုံးမဝင်သကဲ့သို့ ဘုရားသခင်ကလည်း ယင်းတို့ထဲမှ တစ်ခုကိုမျှ အမှတ်မရပေ။ ဤသို့ပြောရာတွင် ကျွန်ုပ်သည် အဘယ်အရာကို ရည်ညွှန်းနေသနည်း။ ဆိုလိုသည်မှာ သင်သည် သင်၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ သင်၏ ဇာတိပကတိ၏ အမျိုးမျိုးသော ပုံမှန် လိုအပ်ချက်အားလုံးကို ချုပ်တည်းလျှင် သို့မဟုတ် သင်၏ ပင်ကိုယ်သဘာဝများ၊ အစွမ်းအစ၊ စွမ်းရည်များ၊ ပင်ကိုစရိုက်၊ နေထိုင်မှုပုံစံများနှင့် ဘဝအလေ့အထများကို ပြောင်းလဲရန် ကြိုးစားလျှင် ဤအရာများကို ချုပ်တည်းရန်နှင့် ပြောင်းလဲရန် သင် မည်မျှပင် ကြိုးစားသည်ဖြစ်စေ သင်သည် အကျိုးရလဒ်အချို့ကို ရရှိနိုင်လျှင်ပင် ယင်းမှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းပေါ်တွင် တစ်စုံတစ်ရာ ရရှိပြီးဖြစ်သည်ဟု မဆိုလိုသကဲ့သို့ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဖြစ်နှင့်ပြီးဖြစ်သည်ဟု သာ၍ပင် မဆိုလိုပေ၊ ဘုရားသခင်သည် ဤအရာများကို အမှတ်မရပေ။ သင်တို့ နားလည်ပြီလော။ (နားလည်ပါပြီ။)
လူတို့၏ အယူအဆများနှင့် စိတ်ကူးများသည် မမြင်နိုင်သော်လည်း အပြင်ပန်းအားဖြင့် လူတို့အား တစ်စုံတစ်ခုကို ပြောဆိုရန် သို့မဟုတ် လုပ်ဆောင်ရန်၊ သို့မဟုတ် မည်သည့်လမ်းစဉ်မျိုးကိုမဆို လျှောက်လှမ်းရန် အတင်းအကျပ်ပြုလုပ်ပုံ မရသော်လည်း ၎င်းတို့သည် လူတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာနှင့် ၎င်းတို့၏ မသိစိတ်ထဲတွင် လူတို့၏ အတွေးအခေါ်များနှင့် အတွင်းစိတ်တို့ကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ အကြောင်းမှာ လူတို့ ချစ်မြတ်နိုးပြီး လိုက်စားသော အရာများသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများနှင့် အလွန်အမင်း ကိုက်ညီနေပြီး ဤအရာများသည် လူ့ဇာတိပကတိ၏ လိုအပ်ချက်များကို အလိုလိုက်ကျေနပ်စေကာ လူ့လိုအင်ဆန္ဒများနှင့် စူးစမ်းလိုစိတ် အမျိုးမျိုးကိုလည်း ဖြည့်ဆည်းပေးသောကြောင့် ဖြစ်သည်။ ဥပမာအနေနှင့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများထဲတွင် ဘုရားသခင်၏ အလုပ်သည် ၎င်းတို့အား သာမန်လူများနှင့် ကွဲပြားသော ထူးခြားသည့် ပုဂ္ဂိုလ်များအဖြစ်သို့ ပြောင်းလဲရန် ရည်ရွယ်သည်ဟု ၎င်းတို့ ယုံကြည်ကြပြီး ၎င်းတို့ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းခံရသောအခါ ဘာသာစကားအချို့ကို ပြောနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ လူတို့၏ ပင်ကိုယ်သဘာဝများနှင့် ပုံမှန် လူ့သဘာဝ၏ ဘောင်ကို သိသာစွာ ကျော်လွန်သော်လည်း ၎င်းသည် ၎င်းတို့၏ အချည်းနှီးသောမာန၊ စူးစမ်းလိုစိတ်နှင့် ပြိုင်ဆိုင်လိုစိတ်တို့ကို အလွန်ကြီးမားသော အတိုင်းအတာအထိ ကျေနပ်စေသည်။ တစ်နည်းအားဖြင့်ဆိုသော် လူတို့သည် သမ္မာတရားကို မရရှိမီတွင် ၎င်းတို့သည် သဘာဝလွန် အရာအချို့ကို နှစ်သက်ကြပြီး ဤအရာများက ၎င်းတို့အား အရေးပါသည်ဟု ခံစားရစေကာ သာမန်လူများထက် သာလွန်ပြီး ကွဲပြားသည်ဟု ခံစားရစေသည်၊ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က အတိအကျ ချစ်မြတ်နိုးပြီး တောင့်တသည့်အရာ ဖြစ်သည်။ လူတိုင်းသည် လူသားမျိုးနွယ်ကြားတွင် ထူးချွန်ပြောင်မြောက်သူတစ်ဦး ဖြစ်ရန်၊ အခြားလူတိုင်းနှင့် ကွဲပြားရန်၊ တစ်မူထူးခြားပြီး တစ်ဦးတည်းဖြစ်ရန်၊ အခြားသူများ၏ လေးစားကြည်ညိုခြင်းနှင့် အထင်ကြီးခြင်းကို ခံရရန် မျှော်လင့်ကြသည်။ ဥပမာအနေနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် ဖြစ်စဉ်တစ်ခု ရှိသည်မှာ တစ်စုံတစ်ခုကို တစ်ခုတည်းသာ ထုတ်လုပ်ပါက ချမ်းသာပြီး ထင်ရှားကျော်ကြားသော ထိုလူများသည် ယင်းကို ဝယ်ယူရန် အပြင်းအထန် ပြိုင်ဆိုင်ကြလိမ့်မည်။ ၎င်းတို့သည် မည်သည့်အတိုင်းအတာအထိ ဤသို့ ပြုလုပ်ကြမည်နည်း။ ဤထုတ်ကုန်သည် ၎င်း၏ မူလဈေးနှုန်းထက် အဆပေါင်းအတန်ငယ် သို့မဟုတ် ဆယ်ဆကျော်ပင် မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချခြင်းခံရသည့် အတိုင်းအတာအထိ ဖြစ်သည်။ ယင်းကို ဝယ်ယူနိုင်ခဲ့သူက “ကြည့်ပါဦး၊ ကမ္ဘာပေါ်တွင် တစ်ခုတည်းရှိသော ဤအရာကို ငါ လုယူနိုင်ခဲ့သည်။ ငါသည် အမှန်တကယ် အာဏာကြီးသည် မဟုတ်လော။ ငါသည် အခြားသူများထက် ပိုသာသည် မဟုတ်လော။ မည်သူမျှ ငါ့လောက် စွမ်းဆောင်နိုင်ခြင်း မရှိပါတကား” ဟု တွေးသည်။ ၎င်းတို့၏ စိတ်ထဲတွင် မိမိတို့ကိုယ်ကို သဘောကျကျေနပ်ကြပြီး ၎င်းတို့သည် အထူးဖြစ်သည်၊ ထူးခြားသည်၊ အလွန်စွမ်းဆောင်နိုင်သည်ဟု ခံစားကြရသည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ (မာနထောင်လွှားခြင်း ဖြစ်ပါသည်။) ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားကြောင့် ဖြစ်ရခြင်း ဖြစ်သည်။ အချို့လူများသည် အခြားသူတစ်ဦးနှင့် တူညီသော အဝတ်အစားကို ဝတ်ဆင်ရသောအခါ မသက်မသာ ခံစားရသည်။ ၎င်းတို့သည် အခြားလူများ မတတ်နိုင်သော၊ မည်သည့်အခါကမျှ မမြင်ဖူးသော အဝတ်အစားတစ်ခုကို ဝတ်ဆင်ပြီး ယင်းကို မြင်သူတိုင်းက အားကျကြပါက ၎င်းတို့ မည်သို့ ခံစားရသနည်း။ (မိမိတို့ကိုယ်ကို သဘောကျကျေနပ်ကြပါသည်။) ၎င်းတို့သည် မိမိတို့ကိုယ်ကို အထူးသဖြင့် သဘောကျကျေနပ်ကြပြီး ၎င်းတို့သည် အခြားသူများနှင့်မတူ၊ အခြားသူများထက် သာလွန်သည်ဟု ထင်ကြသည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားကြောင့် ဖြစ်ရသနည်း။ (မာနထောင်လွှားခြင်း ဖြစ်ပါသည်။) ဤသည်မှာလည်း မာနထောင်လွှားသော စိတ်သဘောထားကြောင့် ဖြစ်ရခြင်း ဖြစ်သည်။ ကြည့်ပါဦး၊ လူများ၏ ၁၀၀ ရာခိုင်နှုန်းနီးပါးသည် ဤသို့သော စိတ်ဓာတ်ရှိကြသည်၊ ၎င်းတို့သည် နည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို ကျွမ်းကျင်ပါက ၎င်းတို့သည် အခြားသူများထက် ပိုတော်ပြီး ၎င်းတို့လောက် တော်သူ တစ်ဦးတစ်ယောက်မျှ မရှိဟု ထင်ကြသည်။ အခြားတစ်စုံတစ်ဦးကလည်း တူညီသော နည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို ကျွမ်းကျင်ပါက ၎င်းတို့သည် ထိုသူကို မနာလိုဖြစ်မည်ဖြစ်ပြီး မည်သူမျှ ၎င်းတို့နှင့် မယှဉ်နိုင်စေရန် အသည်းအသန် ဆန္ဒရှိကြလိမ့်မည်။ အဘယ်ကြောင့် ၎င်းတို့တွင် ထိုသို့သော စိတ်ဓာတ်ရှိကြသနည်း။ (၎င်းတို့သည် အခြားသူများနှင့်မတူသည်ကို ဖြစ်ချင်ကြပါသည်။) ၎င်းတို့သည် ဤပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို ကျွမ်းကျင်သော တစ်ဦးတည်းသောသူ ဖြစ်ပါက ၎င်းတို့သည် ၎င်းတို့၏ အုပ်စုအတွင်းရှိ သာမန်လူထက် သာလွန်သည်။ ဤနည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၏ အသိပညာရှိသဖြင့် ၎င်းတို့သည် အခြားသူများ ၎င်းတို့ထံမှ သင်ယူသွားမည်ကို ကြောက်ရွံ့ကြသည်။ အခြားသူများက ၎င်းတို့ထံမှ အကူအညီ တောင်းပါက ၎င်းတို့ သင်ပေးမည်လော။ (မဟုတ်ပါ၊ ၎င်းတို့ သင်ပေးမည်မဟုတ်ပါ။) ၎င်းတို့သည် သင့်အား ရိုးရှင်းသောအရာအချို့ကိုသာ သင်ပေးလိမ့်မည်၊ အရေးကြီးဆုံးနှင့် အခရာကျဆုံးသော အရာများအတွက်မူ ၎င်းတို့သည် ထိုအရာများကို မည်သူ့ကိုမျှ သင်ပေးမည်မဟုတ်ဘဲ သင့်အား သင်ကိုယ်တိုင် နားလည်စေရန် ထားခဲ့လိမ့်မည်။ ၎င်းတို့ အမှန်တကယ် မည်သည့်အရာများကို တွေးနေကြသနည်း။ “ငါက သင့်အား ဤအရာ သင်ပေးလိုက်လျှင် မည်သို့များ ထင်ပေါ်နိုင်တော့မည်နည်း။ လူတိုင်းသာ လုပ်ဆောင်နိုင်လျှင် ငါသည် သာမန်လူတစ်ဦး ဖြစ်သွားမည် မဟုတ်လော။ သင်တို့ထဲက မည်သူမျှ ဤအရာကို မည်သို့လုပ်ဆောင်ရကောင်းမှန်း မသိကြလျှင် ဤနေရာတွင် ငါသည် အသာလွန်ဆုံးသူဖြစ်၏၊ ပြီးလျှင် သင်တို့အားလုံးသည် ငါ့ကို မျက်နှာလုပ်ရလိမ့်မည်၊ ထိုနည်းနှင့် ငါသည် အရေးပါသည်ဟု ခံစားရမည်ဖြစ်သည် မဟုတ်လော။ သင်တို့ကြားတွင် အမြင့်ဆုံးအဆင့်အတန်းရှိပြီး အစွမ်းဆောင်နိုင်ဆုံးဖြစ်သူမှာ ငါ ဖြစ်သည် မဟုတ်လော။ သင်တို့အလယ်တွင် ထိပ်ဆုံးမှလူသည် ငါသာ ဖြစ်သည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ပညာရပ်ဆိုင်ရာ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၏ အသိပညာအချို့ ရှိသဖြင့် ၎င်းတို့သည် အခြားသူများ ၎င်းတို့ထံမှ သင်ယူသွားမည်ကို အလွန်အမင်း ကြောက်ရွံ့ကြပြီး အခြားသူများ ၎င်းတို့နှင့် တူညီသည်ကို မလိုလားကြပေ။ မည်သူမဆို ၎င်းတို့နှင့် တူညီသော ပညာရပ်ဆိုင်ရာ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု သို့မဟုတ် အထူးကျွမ်းကျင်မှု ရှိပါက ၎င်းတို့ စိတ်မသက်မသာ ခံစားရမည်ဖြစ်သဖြင့် ၎င်းတို့သည် အခြားသူများကို သာလွန်ကျော်လွှားရန် တစ်စုံတစ်ခုကို သင်ယူရန် နည်းလမ်းများကို အမြဲတမ်း စဉ်းစားနေကြသည်။ ၎င်းတို့သည် အခြားသူများထက် သာလွန်လိုပြီး အရေးပါသည်ဟု ခံစားရရန် အခြားသူများကို အမြဲတမ်း သာလွန်ကျော်လွှားလိုကြသည်။ ဤသည်မှာ မှန်ကန်သော လိုက်စားမှုလော။ (မဟုတ်ပါ။) ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ထိုသို့သော တောင့်တမှုများနှင့် လိုက်စားမှုများ ရှိသောကြောင့် ၎င်းတို့သည် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးအမျိုးမျိုးကို သဘာဝအတိုင်း ဖြစ်ပေါ်စေပြီး အခြားလူများထက် သာလွန်ရန်၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာရှိရန်၊ အရေးပါသည်ဟု ခံစားရရန်၊ အခြားသူများနှင့်မတူဘဲ ဖြစ်လာရန်၊ အခြားသူများ၏ အမြင်တွင် လူစွမ်းကောင်းများ သို့မဟုတ် ထူးခြားသော ပုဂ္ဂိုလ်များ ဖြစ်လာရန်ပင် လိုက်စားကြသည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သည့် ဤအယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်သင့်သည်။ အသေးစိတ်အရ ဤအရာကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သာလွန်ကောင်းမွန်သော ဆုကျေးဇူးများ သို့မဟုတ် ပါရမီများကို မလိုက်စားနှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အစွမ်းအစ သို့မဟုတ် ပင်ကိုယ်သဘာဝများကို ပြောင်းလဲခြင်းအား မလိုက်စားဘဲ၊ ထိုအစား သင်၏ ပင်ကို အခြေအနေများဖြစ်သည့် ထိုသို့သော အစွမ်းအစ၊ အရည်အချင်းများနှင့် ပင်ကိုယ်သဘာဝများအောက်တွင် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်၏ တာဝန်ကို ထမ်းဆောင်ကာ ဘုရားသခင် စေခိုင်းသည့်အရာအတိုင်း အမှုအရာတစ်ခုစီကို လုပ်ဆောင်လော့။ သင်၏ အရည်အချင်းများ သို့မဟုတ် အစွမ်းအစကို ကျော်လွန်သည့်အရာအား ဘုရားသခင် မတောင်းဆိုပေ။ သင့်အတွက် အမှုအရာများကို ခက်ခဲအောင်လည်း သင် မပြုလုပ်သင့်ပေ။ သင် သိနားလည်သည့်အရာနှင့် သင် စွမ်းဆောင်ရရှိနိုင်သည့်အရာပေါ် အခြေခံ၍ သင် အစွမ်းကုန် လုပ်ဆောင်ပြီး သင်၏ ကိုယ်ပိုင် အခြေအနေများက အခွင့်ပေးသည့်အရာအတိုင်း လက်တွေ့လုပ်ဆောင်ပါက အဆင်ပြေပေသည်။ ဥပမာအနေနှင့် သင်၏ အစွမ်းအစနှင့် ပင်ကိုစွမ်းရည်များက သင့်အား အဖွဲ့ခေါင်းဆောင်၏ အခန်းကဏ္ဍအတွက်သာ သင့်တော်စေလျှင် အဖွဲ့ခေါင်းဆောင်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်လော့၊ ဤအခန်းကဏ္ဍ၏ ဘောင်အတွင်းရှိ အလုပ်များနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအားလုံးကို စီစဉ်ခွဲခြားပြီး ၎င်းတို့ကို တစ်ခုပြီးတစ်ခု ကျွမ်းကျင်အောင် လုပ်ဆောင်ကာ ဘုရားသခင်က သင့်အား သင်ပေးခဲ့သော နည်းလမ်းများနှင့် စည်းမျဉ်းများအတိုင်း အကောင်အထည်ဖော်လော့၊ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေလိမ့်မည်။ သင်သည် သင်၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း လိုက်ပြီး “ငါသည် အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်စွမ်းရှိသည်၊ ငါ ပိုကောင်းအောင် ပိုမိုကြိုးစားပြီး အခက်အခဲ အနည်းငယ်ကို ခံနိုင်ရည်ရှိကာ အဖိုးအခအနည်းငယ်ကို ပေးဆပ်ပြီး သန့်ရှင်းသောဝိညာဉ်တော်က ငါ့အပေါ် ကြီးမားသည့်အလုပ်ကို လုပ်ဆောင်လျှင် ငါသည် အသင်းတော်ခေါင်းဆောင် သို့မဟုတ် ဆုံးဖြတ်ချက်ချသည့်အဖွဲ့၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်လော။ ငါ့ထံတွင် ထိုအရည်အချင်း မရှိဟု လူများက ထင်ကောင်းထင်လိမ့်မည်၊ သို့သော် ငါသည် ဘုရားသခင်ထံ တောင်းလျှောက်မည်၊ ဘုရားသခင်အတွက် ဖြစ်မြောက်အောင်မြင်ဖို့ ခက်ခဲသည့်အရာ တစ်ခုမျှ မရှိပါ။ ငါ အဖွဲ့ခေါင်းဆောင် မလုပ်ချင်ပါ။ ငါ့အား ပိုကြီးမားသည့်အလုပ်ကို ထမ်းဆောင်ခွင့်ပေးရန်နှင့် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ယောက် ဖြစ်ခွင့်ပေးရန် ဘုရားသခင်ထံ ဆုတောင်းမည်” ဟု တွေးသည်ဟု ဆိုကြပါစို့။ ဤသို့သော လိုက်စားမှုမျိုးသည် မှန်ကန်သလော။ (ယင်းမှာ မှားယွင်းပါသည်။) အဘယ်ကြောင့် ယင်းမှာ မှားယွင်းသည်ဟု သင်တို့ ဆိုသနည်း။ (ထိုသို့သော လူများသည် မိမိတို့၏ အစွမ်းအစနှင့် စွမ်းရည်များထက် ကျော်လွန်သော အရာများကို အမြဲတမ်း လုပ်ချင်ကြပြီး မိမိတို့၏ သင့်တော်သော နေရာတွင် နေကာ မိမိတို့၏ အစွမ်းအစနှင့် ပင်ကိုစွမ်းရည်များအပေါ် အခြေခံ၍ မိမိတို့၏ အလုပ်ကို ဇောက်ချလုပ်ဆောင်ခြင်း မပြုနိုင်ကြပါ။) အစဉ်သဖြင့် လူစွမ်းကောင်းတစ်ဦး ဖြစ်ချင်နေခြင်းသည် မသင့်လျော်ပေ၊ ဤသည်မှာ ပုံမှန်လူတစ်ဦး လိုက်စားသင့်သည့်အရာ မဟုတ်ပေ။
လူအချို့က “ဘုရားသခင်အတွက် ခက်ခဲသောအရာမရှိ” ဟု မကြာခဏ ပြောလေ့ရှိကြသည်။ ဤစကားသည် အမှန်တရားတစ်ခုဖြစ်ပြီး လူတိုင်းက ယင်းကို နားလည်နိုင်သည်။ သို့သော် လူအချို့တွင် လွဲချော်သော နားလည်သဘောပေါက်မှု ရှိကြပြီး ၎င်းတို့က လူတို့အတွက် လုပ်ဆောင်ရန် မဖြစ်နိုင်သည့် မည်သည့်အရာမဆို ဘုရားသခင်ထံ ဆုတောင်းရုံမျှဖြင့် ဘုရားသခင်က ၎င်းတို့အတွက် ပြီးမြောက်အောင်မြင်စေနိုင်သည်ဟုလည်းကောင်း၊ ဤနည်းလမ်းဖြင့် ဘုရားသခင်ကို မှီခိုခြင်းအားဖြင့် လူတို့သည် မိမိတို့၏ ကိုယ်ပိုင်ပင်ကိုယ်သဘာဝများကို ကျော်လွှားပြီးလျှင် စွမ်းအားရှင်များ ဖြစ်လာနိုင်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤသည်မှာ အမှန်တကယ်ပင် ထိုသို့ ဖြစ်သလော။ (မဟုတ်ပါ။) “ဘုရားသခင်အတွက် ခက်ခဲသောအရာမရှိ” ဟူသော စကားသည် ဘုရားသခင်၏ တန်ခိုးနှင့် အနှစ်သာရ၊ ဘုရားသခင်၏ အနန္တတန်ခိုးအပြင် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲမှုကိုလည်း သိသာထင်ရှားစွာ ရည်ညွှန်းသည်၊ ဘုရားသခင် ပြီးမြောက်အောင်မြင်နိုင်ခြင်း မရှိသည့်အရာ တစ်ခုမျှ မရှိပေ။ သို့ရာတွင် ယင်းက လူတို့သည် ပုံမှန် လူ့သဘာဝကို ကျော်လွှားပြီးလျှင် သဘာဝလွန် ဖြစ်လာရမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ဘုရားသခင်သည် မည်မျှပင် အနန္တတန်ခိုးနှင့် ပြည့်စုံစေကာမူ သူက လူတို့အပေါ် လုပ်ဆောင်သည့်အမှုသည် ၎င်းတို့၏ ပုံမှန် လူ့သဘာဝအပေါ် အခြေခံပြီး ပုံမှန် လူ့သဘာဝ၏ ဘောင်အတွင်း၌ လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို စီစဉ်ညွှန်ကြားပြီး ခန့်ခွဲတော်မူသည်။ ဘုရားသခင်သည် အမျိုးမျိုးသော အမှုအရာများကို ပြီးမြောက်အောင်မြင်စေခြင်းအတွက် အစေခံစေရန် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ခန့်ခွဲတော်မူပြီး ဘုရားသခင် ပြီးမြောက်အောင်မြင်စေတော့မည့် အဖြစ်မှန်များကို ပြီးမြောက်အောင်မြင်စေသည်။ ဘုရားသခင်က အမျိုးမျိုးသော အမှုအရာများကို ပြီးမြောက်အောင်မြင်စေသည့် ကာလအတောအတွင်းတွင် လူတို့သည် ပုံမှန် လူ့သဘာဝ၌ ရှိနေဆဲဖြစ်သည်၊ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အရာမျှ ပြောင်းလဲသွားခြင်းမရှိဘဲ ၎င်းတို့သည် လူများဖြစ်နေဆဲ ဖြစ်သည်။ ဘုရားသခင်သည် မည်မျှပင် အနန္တတန်ခိုးနှင့် ပြည့်စုံစေကာမူ ဘုရားသခင်က တစ်စုံတစ်ခုအပေါ် အချုပ်အခြာအာဏာ ကျင့်သုံးရန် သို့မဟုတ် တစ်စုံတစ်ခုကို ပြီးမြောက်အောင်မြင်စေရန် မည်သည့်နည်းလမ်းများကို အသုံးပြုသည်ဖြစ်စေ၊ ဖန်ဆင်းခံလူသားများသည် အစဉ်အမြဲ ဖန်ဆင်းခံလူသားများသာ ဖြစ်ကြသည်၊ ၎င်းတို့သည် ပုံမှန် လူ့သဘာဝ၌ နေထိုင်နေဆဲဖြစ်ပြီး မည်သည့်နည်းနှင့်မျှ သဘာဝလွန် မဟုတ်ကြပေ။ ဤအရာများသည် အဖြစ်မှန်များဖြစ်သည်ဟု သင်တို့အားလုံး ဆိုမည်လော။ (ဟုတ်ပါသည်။) “သဘာဝလွန် မဟုတ်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်က လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စီစဉ်ညွှန်ကြားသည့်အခါ လူတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် နေထိုင်ခြင်း၊ အသက်ရှင်ရပ်တည်ခြင်း၊ အမှုအရာတစ်ခုစီကို လုပ်ဆောင်ခြင်းနှင့် ပစ္စုပ္ပန်အခိုက်အတန့်တွင် နေထိုင်ခြင်းမှတစ်ပါး အခြားမတတ်နိုင်ဟု ဆိုလိုသည်။ သို့သော် သင်သည် ပစ္စုပ္ပန်အခိုက်အတန့်တွင် နေထိုင်သည့်အခါ သင်၏ အသိစိတ်သည် ဝေဝါးနေသလော။ (မဝေဝါးပါ။) သင်သည် ကြည်လင်နေဆဲဖြစ်သည်။ သို့ဆိုလျှင် သင်၏ အစွမ်းအစသည် ချက်ချင်း တိုးတက်လာခဲ့သလော သို့မဟုတ် ပြောင်းလဲသွားခဲ့သလော။ (မပြောင်းလဲပါ။) ယင်းမှာ မူလအတိုင်းပင် ရှိနေသည်။ သို့ဆိုလျှင် သင်၏ ပင်ကိုယ်သဘာဝများသည် ချက်ချင်း ပြောင်းလဲသွားခဲ့သလော။ ယင်းတို့လည်း မပြောင်းလဲခဲ့ပေ။ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများအောက်တွင် သင်သည် အမှုအရာမည်မျှပင် တွေ့ကြုံရစေကာမူ သင်၏ ပင်ကိုစရိုက်၊ အလေ့အထများ၊ နေထိုင်မှုပုံစံများနှင့် သင်၏ ပုံမှန် လူ့သဘာဝ၏ အစွမ်းအစ၊ စွမ်းရည်များနှင့် အမျိုးမျိုးသော လုပ်ဆောင်ချက်များတွင် မည်သို့သော ပြောင်းလဲမှုမျှ လုံးဝမရှိပေ။ လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံခံစားသည့်အခါ ၎င်းတို့သည် မိမိတို့၏ သက်ဆိုင်ရာ ပတ်ဝန်းကျင်များတွင် အမှုအရာအမျိုးမျိုးနှင့် လူအမျိုးမျိုးကို တွေ့ကြုံခံစားရပြီး အဆုံးသတ်ရလဒ်မှာ ဘုရားသခင်၏ အမှုကို တွေ့ကြုံခံစားသည့် ဖြစ်စဉ်အတွင်းတွင် ၎င်းတို့သည် အတွင်းကျကျသိမြင်မှု ရရှိပြီး သင်ခန်းစာအချို့ကို သင်ယူရခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများဖြစ်ပါက ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်ကို သိကျွမ်းခြင်းတို့နှင့်ပတ်သက်၍ အကျိုးကျေးဇူးကို ရိတ်သိမ်းနိုင်ကြသည်။ ဘုရားသခင်၏ အမှုကို တွေ့ကြုံခံစားသည့် ဖြစ်စဉ်တွင် လူတို့၏ တွေးခေါ်မှုသည် ပုံမှန်ဖြစ်သည်၊ ၎င်းတို့၏ အသိစိတ်သည် မဝေဝါးပေ၊ ၎င်းတို့၏ အစွမ်းအစ၊ စွမ်းရည်များနှင့် ပင်ကိုယ်သဘာဝများသည် မည်သည့်ပြောင်းလဲမှုမျှမရှိဘဲ မူလအတိုင်းပင် ရှိနေသည်။ ထို့ကြောင့် “ဘုရားသခင်အတွက် ခက်ခဲသောအရာမရှိ” ဟူသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဘုရားသခင်၏ အရာခပ်သိမ်းအား စီစဉ်ညွှန်ကြားခြင်းကို ရည်ညွှန်းသည်။ ယင်းသည် လူတို့ကို သဘာဝလွန်ဖြစ်စေခြင်း သို့မဟုတ် ဖန်ဆင်းခံလူသားများ၏ အနှစ်သာရကို ပြောင်းလဲခြင်းကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ အနှစ်သာရကို မပြောင်းလဲပေ၊ လူသားများသည် လူသားများသာ ဖြစ်နေဆဲဖြစ်ပြီး သင်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ဤကိစ္စနှင့်ပတ်သက်၍ မည်သို့သော ပြောင်းလဲမှုမျှ လုံးဝမရှိပေ။ ဘုရားသခင်သည် အရာခပ်သိမ်းကို စီစဉ်ညွှန်ကြားပြီး ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်းဖြစ်ပြီး ဤသည်မှာ ဘုရားသခင် ပိုင်ဆိုင်သည့်အရာ ဖြစ်သည်။ “ဘုရားသခင်အတွက် ခက်ခဲသောအရာမရှိ” ဟူသည်မှာ လူတို့သည် သဘာဝလွန်ဖြစ်လာသည်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ လူတို့သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်သူများ ဖြစ်သည်ဟုလည်း ဆိုလိုခြင်းမဟုတ်ပေ။ အချို့သော တစ်ဦးတစ်ယောက်ချင်းစီသည် တစ်ခါတစ်ရံတွင် ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစထက် သို့မဟုတ် ၎င်းတို့၏ ရုပ်ခန္ဓာဆိုင်ရာ ပင်ကိုယ်သဘာဝများထက် ကျော်လွန်သည့် အချို့သောအရာများကို ပြီးမြောက်အောင်မြင်နိုင်လျှင်ပင် ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်။ ဤဆုကျေးဇူးကို ၎င်းတို့အား ပေးအပ်ခဲ့သူမှာ ဘုရားသခင်ဖြစ်သည်၊ ၎င်းတို့သည် ဤစွမ်းရည်ဖြင့် မွေးဖွားလာခဲ့ခြင်း မဟုတ်ပေ။ အကြောင်းမှာ ဖန်ဆင်းခံလူသားများသည် ဘုရားသခင် အမိန့်ဖြင့်ပြဋ္ဌာန်းထားသည့် ဤအရာအားလုံးကို ပြောင်းလဲနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ လူ့ပင်ကိုယ်သဘာဝ ကိစ္စနှင့်ပတ်သက်၍ ငါသည် ရိုးရှင်းသော ဥပမာတစ်ခုကို ပေးမည်။ ဥပမာအနေနှင့် လူတို့သည် ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခုကို ကြားသည့်အခါ ၎င်းတို့သည် ကြောက်ရွံ့မှုကို ခံစားရမည်ဖြစ်ပြီး အလိုလို တွန့်ဆုတ်သွားကြလိမ့်မည်။ သင်သည် မည်သည့်အရွယ်ပင်ဖြစ်စေကာမူ သင်သည် ငယ်စဉ်ကတည်းက ဤသို့ဖြစ်ခဲ့ပြီး သင်သေဆုံးသည့်တိုင်အောင် ဤသို့ပင် ဖြစ်နေဦးမည်၊ ဤသည်မှာ ပင်ကိုယ်သဘာဝ ဖြစ်သည်။ “ပင်ကိုယ်သဘာဝ” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ရုပ်ခန္ဓာ၏ မွေးရာပါ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ယင်းသည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ပင်ကိုယ်သဘာဝများကို ပိုင်ဆိုင်ခြင်းအားဖြင့်သာလျှင် ပုံမှန်လူတစ်ဦးသည် ပုံမှန် လူ့သဘာဝ၏ အသက်နှင့် အသက်ရှင်ရပ်တည်မှုကို ထိန်းသိမ်းထားနိုင်သည်၊ ထို့ကြောင့် လူ့ပင်ကိုယ်သဘာဝများသည် ဘုရားသခင် ပြောင်းလဲရန် ရည်ရွယ်သည့်အရာတစ်ခု မဟုတ်ပေ။ ဤအရာကို သင်တို့ နားလည်ပြီလော။ (နားလည်ပါပြီ။) “ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်သည်” ဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ (ယင်းမှာ ဘုရားသခင်၏ ကိုယ်ပိုင်သြဇာအာဏာနှင့် ဘုရားသခင်၏ အနန္တတန်ခိုးကို ရည်ညွှန်းပါသည်။) ယင်းသည် လူတို့နှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ (ယင်းမှာ လူတို့နှင့် တစ်စုံတစ်ရာ မသက်ဆိုင်ပါ၊ ပြီးလျှင် ယင်းက လူတို့သည် သဘာဝလွန်အမှုအရာများကို လုပ်ဆောင်နိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။) ယင်းက ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် လူတို့သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်သူများ ဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ၊ လူတို့သည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အခါ၌ပင် ၎င်းတို့သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်ခြင်းကို မရရှိနိုင်ကြပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ (အကြောင်းမှာ လူတို့သည် ဘုရားသခင် မဟုတ်သောကြောင့် ဖြစ်ပါသည်၊ လူတို့သည် ဖန်ဆင်းခံများသာဖြစ်ပြီး ဘုရားသခင်မှာမူ အတုမရှိသောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်၊ ထိုသို့ပင် ဖြစ်သည်။ လူတို့သည် အစဉ်အမြဲ လူများသာ ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် အခြားမျိုးစိတ်တစ်ခု ဖြစ်လာမည်မဟုတ်သကဲ့သို့ ဘုရားသခင် ဖြစ်လာမည်မှာ ပို၍ပင် မဟုတ်သည်မှာ သေချာသည်၊ လူတို့၏ သဘာဝလက္ခဏာများသည် ပြောင်းလဲမည်မဟုတ်ပေ။ လူတို့၏ သဘာဝလက္ခဏာများသည် ပြောင်းလဲမည်မဟုတ်ချေ၊ သို့ဆိုလျှင် ၎င်းတို့၏ ပင်ကိုယ်သဘာဝများက ပြောင်းလဲမည်လော။ (မပြောင်းလဲပါ။) လူတို့၏ ပင်ကိုယ်သဘာဝများသည် ပြောင်းလဲမည်မဟုတ်သကဲ့သို့ ၎င်းတို့၏ ဘဝအလေ့အထများနှင့် နေထိုင်မှုပုံစံများ သို့မဟုတ် ဘုရားသခင်က ပေးအပ်ထားသည့် မွေးရာပါ ပင်ကိုစရိုက်များလည်း ပြောင်းလဲမည်မဟုတ်ပေ။ ဥပမာအနေနှင့် နေထိုင်မှုပုံစံများကို ယူကြည့်လော့။ လူသားများသည် သတ္တဝါအများစုကဲ့သို့ပင် နေထွက်ပြီးနောက် အလုပ်လုပ်ကြပြီး နေဝင်ပြီးနောက် အနားယူကြသည်။ ၎င်းတို့သည် နံနက်ခင်းတွင် အိပ်ရာထသည့်အခါ ၎င်းတို့၏ ဦးနှောက်များသည် ကောင်းစွာ အနားရပြီးဖြစ်ကာ ၎င်းတို့၏ ခန္ဓာကိုယ်များက သက်သောင့်သက်သာ ခံစားရသည့်အခါ ၎င်းတို့သည် အလုပ်စတင်ကြသည်၊ ညဘက်တွင် ၎င်းတို့၏ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်လာသည့်အခါ ၎င်းတို့ သမ်းဝေပြီး ၎င်းတို့၏ ဦးနှောက်က ပင်ပန်းနွမ်းနယ်နေသည့်အခါ ၎င်းတို့သည် အနားယူသည့် အခြေအနေသို့ စတင်ဝင်ရောက်သည်၊ ဤသည်မှာ အလွန်ပုံမှန်ကျသော နေထိုင်မှုပုံစံတစ်ခု ဖြစ်သည်။ ဤသည်မှာ လူသားများ၏ ဘုံလက္ခဏာတစ်ခုဖြစ်ပြီး လူ့ပင်ကိုယ်သဘာဝတစ်ခုလည်းဖြစ်ကာ လူသားမျိုးနွယ်အတွက် ဘုရားသခင်က သတ်မှတ်ထားသည့် နေထိုင်မှုပုံစံတစ်ခုလည်း ဖြစ်သည်မှာ သေချာသည်။ ဤပုံစံသည် နေ၊ လနှင့် ကြယ်များ၏ လည်ပတ်မှုနှင့် နေဝင်ခြင်းနှင့် နေထွက်ခြင်းတို့အရ သတ်မှတ်ထားခြင်းဖြစ်သည်။ သင်သည် ဤနေထိုင်မှုပုံစံကို ချိုးဖောက်လျှင် ရေတိုတွင် ကြီးမားသော ပြဿနာများ ရှိမည်မဟုတ်ပေ၊ သင်သည် တစ်ခါတစ်ရံ မောပန်းပြီး အိပ်ချင်သည့်အခါ သင်သည် မိမိကိုယ်ကို ချုပ်တည်းပြီး လက်ဖက်ရည် သို့မဟုတ် ကော်ဖီအချို့ သောက်နိုင်သည်၊ သင်၏ ရုပ်ပိုင်းဆိုင်ရာ မောပန်းမှုသည် အနည်းငယ် သက်သာသွားလိမ့်မည်၊ သို့သော် ရေရှည်တွင်မူ သင်၏ ခန္ဓာကိုယ်၌ ပြဿနာများ ဖြစ်ပေါ်လာလိမ့်မည်။ အဘယ်ကြောင့် ပြဿနာများ ဖြစ်ပေါ်လာမည်နည်း။ အကြောင်းမှာ သင်သည် လူတို့အတွက် ဘုရားသခင် သတ်မှတ်ထားသည့် နေထိုင်မှုပုံစံကို ချိုးဖောက်ခဲ့သောကြောင့် ဖြစ်သည်။ သင်၏ ခန္ဓာကိုယ်၌ ပြဿနာများ ဖြစ်ပေါ်ပြီး သင် ဆရာဝန်ထံ သွားပြသည့်အခါ ၎င်းတို့က “သင်သည် ညဘက်တွင် စောစောအိပ်ရာဝင်ရမည်၊ ၁၀ နာရီတွင် အနားယူပြီး၊ နံနက် ၄ နာရီ သို့မဟုတ် ၅ နာရီတွင် အိပ်ရာထရမည်၊ လအနည်းငယ်အတွင်းတွင်၊ သင်သည် ပြန်လည်ကောင်းမွန်လာလိမ့်မည်” ဟု ပြောလိမ့်မည်။ ဆရာဝန်၏ အကြံပြုချက်ကို လိုက်နာပြီး သုံးလအကြာတွင် သင်၏ ခန္ဓာကိုယ်ဆိုင်ရာ မအီမသာဖြစ်မှု လက္ခဏာအားလုံးသည် အခြေခံအားဖြင့် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ရာ သင်က “ဖြစ်ချင်တော့ ငါ၏ ခန္ဓာကိုယ်ရှိ ပြဿနာများသည် ဆိုးရွားသော ရောဂါတစ်ခုခု မဟုတ်ခဲ့ဘဲ ငါ၏ ဘဝတွင် ပုံမှန်ပုံစံအတိုင်း ငါ လိုက်နာခြင်း မရှိသောကြောင့်ဖြစ်သည်” ဟု မိမိကိုယ်ကို တွေးလိမ့်မည်။ မြင်သလော၊ လူတို့၏ နေထိုင်မှုပုံစံများကို ချိုးဖောက်၍မရဟု သင်ဆိုမည်မဟုတ်လော။ (ဟုတ်ပါသည်။) လူသားများ၏ ဤနေထိုင်မှုပုံစံသည် အခြားသတ္တဝါများ၏ နေထိုင်မှုပုံစံနှင့် တူညီသည်၊ ၎င်းတို့အားလုံးသည် နေထွက်ပြီးနောက် အလုပ်လုပ်ကြပြီး နေဝင်ပြီးနောက် အနားယူကြသည်။ ဇီးကွက်များကဲ့သို့ နေ့ဘက်တွင် အနားယူပြီး ညဘက်တွင် ထွက်၍ လှုပ်ရှားတက်ကြွသော သတ္တဝါအချို့ ရှိသည်မှာလည်း အမှန်ပင်၊ ၎င်းတို့၏ နေထိုင်မှုပုံစံသည် လူသားများနှင့် အခြားသတ္တဝါများနှင့် မတူညီပေ၊ သို့သော် သင်သည် ၎င်းတို့၏ ဤပုံစံကို ချိုးဖောက်လိုလျှင်မူ ယင်းမှာ မဖြစ်နိုင်ပေ။ ထို့အပြင် အချို့သတ္တဝါများသည် ဆောင်းရာသီတွင် ဆောင်းခိုကြသည်။ လူသားများတွင် ဤပုံစံရှိသလော။ (မရှိပါ။) မရှိပေ၊ လူသားများသည် ဆောင်းခိုရန် မလိုအပ်ပေ။ လူသားများ၏ ဘဝတွင် ပုံစံတစ်ခုရှိသည်၊ ၎င်းတို့သည် တစ်ပတ်လျှင် တစ်ရက် သို့မဟုတ် နှစ်ရက် အနားယူကြသည်၊ ၎င်းတို့သည် နေထွက်ပြီးနောက် အလုပ်လုပ်ပြီး နေဝင်ပြီးနောက် အနားယူကြကာ ဤပုံမှန် အလုပ်နှင့် အနားယူမှုပုံစံကို အဆက်မပြတ် ထိန်းသိမ်းထားကြသည်၊ ဤနည်းအားဖြင့် ၎င်းတို့၏ ဘဝများကို ကာကွယ်စောင့်ရှောက်နိုင်ပြီး ၎င်းတို့၏ အသက်ရှင်ရပ်တည်မှုကို ထိန်းသိမ်းထားနိုင်သည်။ လူသားများတွင် ၎င်းတို့၏ ကိုယ်ပိုင်နေထိုင်မှုပုံစံများ ရှိကြပြီး ဤနေထိုင်မှုပုံစံများကို ဘုရားသခင်က သတ်မှတ်ခဲ့သည်။ ၎င်းတို့အားလုံးသည် အဓိပ္ပာယ်ရှိပြီး လူသားမျိုးနွယ်၏ ပုံမှန်ဘဝနှင့် အသက်ရှင်ရပ်တည်မှုကို ထိန်းသိမ်းရန် ရည်ရွယ်ချက်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုသည် လူတို့ စိတ်ကူးထားသကဲ့သို့ လူ့ဘဝနှင့် အသက်ရှင်ရပ်တည်မှုပုံစံများကို လုံးဝ ချိုးဖောက်လိမ့်မည်မဟုတ်ဘဲ သင်သည်လည်း ဤအယူအဆနှင့် စိတ်ကူးကို လက်လွှတ်သင့်သည်။ လူသားများသည် ၎င်းတို့အတွက် ဘုရားသခင် သတ်မှတ်ထားသည့် ဤပုံစံများကို အတင်းအကျပ် ချိုးဖောက်မည်ဆိုလျှင်၊ သို့မဟုတ် လူသားများသည် သဘာဝလွန်အရာများနှင့်ပတ်သက်သည့် အချို့သော အတွေးအခေါ်များ၏ စိုးမိုးမှုကြောင့် ၎င်းတို့ကို အဆက်မပြတ် ပြောင်းလဲလိုမည်ဆိုလျှင် ယင်းမှာ မိုက်မဲခြင်းသာ ဖြစ်ပေမည်။ သင်သည် ၎င်းတို့ကို ပြောင်းလဲခြင်းက သင်၏ ဘဝကို မြှင့်တင်ပေးမည်ဖြစ်ပြီး သင်၏ လူ့သဘာဝကို တိုးတက်ကောင်းမွန်စေမည်ဟု ထင်လျှင် ၎င်းတို့ကို ပြောင်းလဲကြည့်ပြီး သင်သည် မည်မျှကြာကြာ အသက်ရှင်နိုင်သည်ကို ကြည့်လော့၊ နောက်ဆက်တွဲ ရက်များတွင် အမှုအရာများ မည်သို့ ပြောင်းလဲသည်ကိုလည်းကောင်း၊ သင်၏ ပုံမှန် လူ့သဘာဝသည် မြင့်တက်လာခြင်းရှိမရှိကိုလည်းကောင်း၊ သင်သည် စွမ်းအားရှင်တစ်ဦး သို့မဟုတ် ကောင်းကင်တမန်တစ်ပါး ဖြစ်လာခြင်း ရှိမရှိကိုလည်းကောင်း ကြည့်လော့။ သင်သည် ဘုရားသခင်၏ အမှုတွင် သဘာဝလွန် အစိတ်အပိုင်းတစ်ခု ပါဝင်သင့်သည်ဟုလည်းကောင်း၊ ယင်းက သင်၏ နေထိုင်မှုပုံစံများကို ပြောင်းလဲသင့်သည်ဟုလည်းကောင်း ယုံကြည်ပြီး မိမိကိုယ်ကို သာမန်ထက် ထူးကဲသောသူ ဖြစ်လာစေရန် ယင်းတို့ကို အတင်းအကျပ် ပြောင်းလဲလိုလျှင် သင်သည် စမ်းကြည့်နိုင်သည်။ နှစ်အနည်းငယ် ကြိုးစားပြီးနောက် သင်သည် သင်၏ ဘဝနှင့် အသက်ရှင်ရပ်တည်မှုပုံစံများကို အမှန်တကယ် ပြောင်းလဲသွားနိုင်ကောင်း ပြောင်းလဲသွားနိုင်သည်။ ဤသို့ဖြစ်နိုင်သည့် အခြေအနေတစ်ခုတည်းသာ ရှိသည်၊ ယင်းမှာ သင်၏ ရုပ်ခန္ဓာသည် နောက်ထပ် တည်ရှိတော့မည် မဟုတ်သည့်အခါဖြစ်ပြီး ထိုအချိန်တွင် သင်သည် အမှန်တကယ် သဘာဝလွန်ဖြစ်ကာ မီးခိုးငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး “ကောင်းကင်ဘုံသား” အဖြစ်သို့ ပြောင်းလဲကာ မသေမျိုး ဖြစ်လာလိမ့်မည်။ သင်၏ ရုပ်ခန္ဓာကို ပုံမှန်ဖြစ်ပြီး ကျန်းမာနေစေလိုလျှင် ပုံမှန်အခြေအနေတွင် ရှိနေစဉ် ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်လိုလျှင် သင်သည် သင်၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ သဘာဝလွန်လူသားဟုခေါ်သောသူ ဖြစ်လာရန် မကြိုးစားသင့်သကဲ့သို့ မြှင့်တင်ထားသော လူ့သဘာဝဟုခေါ်သည့်အရာကို မလိုက်စားသင့်ပေ၊ ထိုသို့ပြုမည့်အစား သင်သည် ပုံမှန် လူ့သဘာဝ၌ နေထိုင်သင့်သည်၊ သင်၏ ပုံမှန် လူ့သဘာဝ၏ ဘဝနှင့် အသက်ရှင်ရပ်တည်မှုပုံစံကို ထိန်းသိမ်းသင့်ပြီး သင်၏ ပုံမှန် လူ့သဘာဝ၏ ပင်ကိုယ်သဘာဝများကိုလည်း ထိန်းသိမ်းသင့်သည်။ ဘုရားသခင်ထံ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုမှုများ မပြုနှင့်၊ ဤကျိုးကြောင်းမဆီလျော်သော တောင်းဆိုမှုများအားလုံးသည် သင်၏ စိတ်ကူးများနှင့် အယူအဆများမှ လာသည်။ သင်၏ ပင်ကိုသဘာဝများ၊ နေထိုင်မှုပုံစံများ အစရှိသည်တို့သည် ဘုရားသခင် ပြောင်းလဲရန် ရည်ရွယ်သည့်အရာများ မဟုတ်သကဲ့သို့ ဘုရားသခင်က သူ၏ အမှုဖြင့် ပြောင်းလဲရန် ရည်ရွယ်သည့်အရာများလည်း မဟုတ်ပေ။ ကယ်တင်ခြင်းရရှိသူတစ်ဦးသည် အယူအဆများနှင့် စိတ်ကူးများဖြင့် ပြည့်နေသူတစ်ဦး မဟုတ်သည်မှာ သေချာပြီး ၎င်းသည် သဘာဝလွန်လူသားတစ်ဦး သို့မဟုတ် ထူးခြားသောလူတစ်ဦး ပို၍ပင် မဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ၎င်းတို့သည် ပုံမှန် လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူတစ်ဦး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလေးဂရုပြု နားထောင်နိုင်ပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်သည်၊ ၎င်းတို့သည် အမှုအရာအားလုံးတွင် ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်သူတစ်ဦးဖြစ်ပြီး လုံးဝ သဘာဝလွန်မဟုတ်ဘဲ ၎င်းတို့၏ လူ့သဘာဝသည် အထူးသဖြင့် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည်။