သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅) အပိုင်း နှစ်

သမ္မာတရား လိုက်စားခြင်းအတွက် ပထမဆုံး လက်တွေ့လုပ်ဆောင်မှု- လက်လွှတ်ခြင်း

မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမှုကို လက်လွှတ်ခြင်း

၁။ ဘုရားသခင်နှင့်ပတ်သက်သော မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်း- ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သော မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်း

စ။ ဘုရားသခင်၏ အမှုတော်သည် လူတို့၏ ပင်ကိုအခြေအနေများကို မပြောင်းလဲပေ- ယင်းက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန် ရည်ရွယ်သည်

“သမ္မာတရားကို လိုက်စားရန်နည်းလမ်း” ဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ဤကာလအတောအတွင်းတွင် ငါတို့သည် “သမ္မာတရားကို လိုက်စားရန်နည်းလမ်း” အတွင်းရှိ “လက်လွှတ်ခြင်း” နှင့် သက်ဆိုင်သော အကြောင်းအရာကို ဆွေးနွေးနေဆဲဖြစ်ပြီး “ဘုရားသခင်နှင့် မိမိတို့ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိတို့၏ ရန်လိုမှုကို လက်လွှတ်ခြင်း” ဟူသည့် အဓိကအကြောင်းအရာကြီးကို ပြောဆိုနေကြသည်။ ဤအကြောင်းအရာ၏ ပထမဆုံးအချက်မှာ ဘုရားသခင်နှင့်ပတ်သက်သည့် လူတစ်ဦး၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ခြင်း ဖြစ်သည်။ ဤကဏ္ဍတွင် ငါတို့သည် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဆွေးနွေးခဲ့ကြပြီးဖြစ်ကာ ယင်းတွင် အတော်အတန် ရှုပ်ထွေးသော ပြဿနာတစ်ခု ပါဝင်လေသည်။ ယင်းမှာ ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတို့ကြားရှိ ကွဲပြားခြားနားချက်များ ဖြစ်သည်။ ဤအထဲတွင် အသေးစိတ်အချက်များစွာ ရှိသည်။ လူတို့သည် နေ့စဉ်ဘဝတွင် ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် အယူအဆများကို အစဉ်သဖြင့် ရောထွေးကြပြီး အချို့သောပြဿနာသည် မည်သည့်အမျိုးအစားနှင့် သက်ဆိုင်သည်ကိုဖြစ်စေ၊ ၎င်းတို့ကို မည်သို့ခွဲခြားရမည်ကိုဖြစ်စေ ရှင်းလင်းစွာ မပိုင်းခြားနိုင်ကြပေ။ ဥပမာအားဖြင့် အချို့သော သရုပ်သကန်များနှင့်ပတ်သက်၍ ၎င်းတို့သည် လူ့သဘာဝနှင့် သက်ဆိုင်ခြင်း ရှိမရှိကိုဖြစ်စေ၊ ပင်ကိုအခြေအနေများနှင့် သက်ဆိုင်ခြင်း ရှိမရှိကိုဖြစ်စေ လူတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ အခြားသော သရုပ်သကန်အချို့အတွက်မူ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သို့မဟုတ် လူ့သဘာဝနှင့် သက်ဆိုင်သော ပြဿနာများ ဟုတ်မဟုတ်ကို လူတို့ မခွဲခြားနိုင်ကြပေ။ လူတို့သည် ဤအမှုအရာများကို မပိုင်းခြားနိုင်ကြပေ။ လူတို့သည် ပင်ကိုအခြေအနေများ၏ အချို့သော ပြဿနာများနှင့် ချို့ယွင်းချက်များကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအဖြစ် မကြာခဏ မှတ်ယူကြသည် သို့မဟုတ် လူ့သဘာဝ၏ အချို့သော ချို့ယွင်းချက်များနှင့် ပြဿနာများကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအဖြစ် မှတ်ယူကြသည်။ တစ်ခါတစ်ရံတွင် ယင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ထုတ်ဖော်ခြင်းဖြစ်သည့်တိုင် ၎င်းတို့က ယင်းကို မပြောင်းလဲနိုင်သော ပင်ကိုအခြေအနေတစ်ခု၏ ထုတ်ဖော်ခြင်းအဖြစ် မှတ်ယူကြသည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း လုပ်ငန်းစဉ်အတွင်း ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ အလွန် မရှင်းမလင်းဖြစ်သည်ဟု မကြာခဏ ခံစားရပြီး ၎င်းတို့ကို မပိုင်းခြားနိုင်ကြပေ။ လွန်ခဲ့သောတစ်ကြိမ်က ငါတို့သည် ဤအကြောင်းအရာ၏ အစိတ်အပိုင်းတစ်ခုကို မိတ်သဟာယဖွဲ့ခဲ့ကြပြီး ဥပမာအချို့ကိုလည်း ပေးခဲ့ကြသည်မှာ မှန်သော်လည်း ယင်းမှာ လုံလောက်သော တိကျမှု မရှိဟု ငါခံစားရသည်။ ယနေ့တွင် ငါတို့သည် ဤအမျိုးအစားသုံးခုအတွင်းရှိ ပြဿနာများကို ယူ၍ ယင်းတို့အပေါ် ပို၍ တိတိကျကျ မိတ်သဟာယဖွဲ့ကြမည်။ ငါသည် အချို့သော တိကျသည့် သရုပ်သကန်များနှင့် ဥပမာများကို ပြောပြမည်ဖြစ်ပြီး ထို့နောက်တွင် သင်တို့သည် ၎င်းတို့ မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သည်ကို ပိုင်းခြားသိမြင်ရမည်။ ယင်းတို့မှာ ပင်ကိုအခြေအနေများ၊ လူ့သဘာဝ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ သင်တို့ ပိုင်းခြားသိမြင်နိုင်ခြင်းမရှိပါက ငါတို့သည် ယင်းတို့ကို အတူတကွ စူးစမ်းလေ့လာကြမည်။ သင်တို့ မည်သို့ထင်သနည်း။ (ကောင်းပါသည်။) လွန်ခဲ့သောတစ်ကြိမ်က ငါတို့သည် ပင်ကိုအခြေအနေများအပေါ် အနည်းငယ်ပို၍ မိတ်သဟာယဖွဲ့ခဲ့ကြသောကြောင့် ဤကိစ္စနှင့်ပတ်သက်၍ သင်တို့၏ ပိုင်းခြားသိမြင်မှုသည် အမှန်ပင် အနည်းငယ် ပို၍ ရှင်းလင်းပေသည်။ သို့ရာတွင် အတော်အတန် ခွဲခြားရန်မပြတ်သားသော သို့မဟုတ် လူ့သဘာဝအတွင်းရှိ ကဏ္ဍများနှင့် ဆင်တူသော အရာအချို့ ရှိနေဆဲဖြစ်ပြီး ယင်းတို့ကို ပင်ကိုအခြေအနေများ သို့မဟုတ် လူ့သဘာဝအောက်တွင် အမျိုးအစား ခွဲခြားသင့်သလားဆိုသည်ကို လူတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးပေ။ ငါသည် အချို့သော သရုပ်သကန်များ သို့မဟုတ် အချို့သော အပြုအမူများနှင့် လုပ်ဆောင်ချက်များကို တင်ပြမည်ဖြစ်ပြီး ထို့နောက်တွင် သင်တို့သည် ယင်းတို့ကို မည်သည့်ကဏ္ဍအောက်တွင် အမျိုးအစား ခွဲခြားသင့်သည်ကို ပြောရမည်။ ဤနည်းလမ်းဖြင့် မိတ်သဟာယဖွဲ့ခြင်း၏ အကျိုးကျေးဇူးကား အဘယ်နည်း။ အချို့သော သရုပ်သကန်သည် မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သည်ကို သင်သိသည်နှင့်တစ်ပြိုင်နက် သင်သည် ယင်းကို မည်သို့ချဉ်းကပ်ရမည်နှင့် မည်သို့ကိုင်တွယ်ရမည်ကို သိလာလိမ့်မည်။

၆။ ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သရုပ်သကန်အမျိုးမျိုး

အမှုအရာများကို လုပ်ဆောင်ရာတွင် ဇွဲလုံ့လရှိခြင်းနှင့် ပျင်းရိခြင်း

ပထမဆုံး သရုပ်သကန်ဖြင့် စလိုက်ကြစို့။ ယင်းမှာ အမှုအရာများကို လုပ်ဆောင်ရာတွင် ဇွဲလုံ့လရှိခြင်းဖြစ်ပြီး လူတစ်ဦးသည် အလွန်အလုပ်ကြိုးစားသည်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သနည်း။ (ဤသည်မှာ လူတစ်ဦး၏ လူ့သဘာဝနှင့်ဆိုင်သော သရုပ်သကန်တစ်ခု ဖြစ်ပါသည်။) သို့ဆိုလျှင် ဤသည်မှာ လူ့သဘာဝ၏ အားသာချက်လော သို့မဟုတ် ချို့ယွင်းချက်လော။ (လူ့သဘာဝ၏ အားသာချက် ဖြစ်ပါသည်။) အလွန် ဇွဲလုံ့လရှိခြင်းနှင့် အလုပ်ကြိုးစားခြင်းသည် လူ့သဘာဝ၏ အားသာချက်တစ်ခု ဖြစ်သည်။ သပ်ရပ်သန့်ရှင်းမှုကို နှစ်သက်ခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို ထိန်းသိမ်းခြင်း၊ ဤသည်မှာ မည်သို့သော သရုပ်သကန်မျိုး ဖြစ်သနည်း။ (လူ့သဘာဝ၏ အားသာချက် ဖြစ်ပါသည်။) (ဤသည်မှာ ကောင်းမွန်သော နေထိုင်မှုအလေ့အထ တစ်ခုဖြစ်ပြီး လူတစ်ဦး၏ ပင်ကိုအခြေအနေများနှင့် သက်ဆိုင်ပါသည်။) ဤသည်မှာ ပင်ကိုအခြေအနေတစ်ခုလော။ ဤသည်မှာ လူတစ်ဦး၏ လူ့သဘာဝနှင့်ဆိုင်သော အားသာချက်နှင့် အားကောင်းသည့်အချက်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) စောစောက ဤသည်မှာ ပင်ကိုအခြေအနေတစ်ခုဖြစ်သည်ဟု တစ်စုံတစ်ဦးက ပြောခဲ့သည်၊ ဤသည်မှာ မမှန်ကန်ပေ။ ဤသည်မှာ လူတစ်ဦး၏ လူ့သဘာဝအပြင် နေထိုင်မှုအလေ့အထများနှင့်လည်း သက်ဆိုင်သည်။ ဤသည်မှာ လူ့သဘာဝ၏ အားသာချက်နှင့် အားကောင်းသည့် အချက်တစ်ခုလည်း ဖြစ်သည်မှာ သေချာပါသည်။ နောက်ထပ်သရုပ်သကန်မှာ အချို့သောလူများသည် ပျင်းရိကြသည်၊ ၎င်းတို့သည် သက်သောင့်သက်သာရှိမှုကို နှစ်သက်ကြပြီး အလုပ်လုပ်ပေးရခြင်းကို မုန်းတီးကာ အလုပ်လုပ်ရသည်ကို မကြိုက်ကြပေ။ အလုပ်မလုပ်သည့်အခါတွင် ၎င်းတို့သည် အထူးသဖြင့် စိတ်အေးလက်အေးရှိသော်လည်း အလုပ်စလုပ်သည့်အခါတွင် ၎င်းတို့၏ စိတ်အခြေအနေသည် ဆိုးလာသည်၊ ၎င်းတို့သည် စိတ်ညစ်လာကာ စိတ်တိုပြီး ဒေါသထွက်လာကြသည့်အပြင် အလုပ်လုပ်ခြင်းမှ ပင်ပန်းသည့်အခါတွင် ၎င်းတို့ ညည်းညူကြ၏။ အလုပ်လုပ်စရာရှိသည့်အခါ ၎င်းတို့သည် လေးလံထိုင်းမှိုင်းပြီး အားအင်ကုန်ခန်းနေသည်ဟု ခံစားရကာ အလုပ်မလုပ်ချင်ကြပေ။ သို့ရာတွင် စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းကိစ္စများသို့ ရောက်လာသည့်အခါ ၎င်းတို့တွင် အဆုံးမရှိသော ခွန်အား ရှိကြသည်။ ပျင်းရိခြင်း၊ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ (လူ့သဘာဝမကောင်းခြင်း ဖြစ်ပါသည်။) အနည်းဆုံးအနေဖြင့် ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု၊ လူ့သဘာဝအတွင်းရှိ အားနည်းချက်တစ်ခုနှင့် သိသာထင်ရှားသော ပြဿနာတစ်ခု ဖြစ်သည်။ ယင်းမှာ လူ့သဘာဝမကောင်းခြင်းအဆင့်သို့ မရောက်သေးပေ။ ထိုသို့သောလူများသည် အခြားသူများကို ခိုင်းစေခြင်းနှင့် အမြတ်ထုတ်ခြင်းတို့ကို နှစ်သက်ပြီး မိမိတို့ကိုယ်တိုင် မည်သည့်အလုပ်မျှမလုပ်ဘဲ အခြားသူများကို အလုပ်လုပ်စေပါက ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ (လူ့သဘာဝမကောင်းခြင်း ဖြစ်ပါသည်။) အလုပ်အချို့လုပ်ရန် တောင်းဆိုခံရသည့်အခါ ၎င်းတို့သည် ယင်းကိုရှောင်လွှဲရန် အကြောင်းပြချက်အမျိုးမျိုးနှင့် ဆင်ခြေအမျိုးမျိုးကို ရှာကြသည်၊ ၎င်းတို့သည် အလုပ်မလုပ်ချင်ကြရုံသာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ရည်ရွယ်ချက်များကို ပေါ်ပေါ်တင်တင် ပြောဆိုရမည့်အစား အပန်းဖြေမှုကို ခံစားရန် အလုပ်ကိုရှောင်ရှားနေစဉ် အခြားသူများကို အလုပ်လုပ်စေရန် ကြိုးပမ်းလျက် နည်းလမ်းအမျိုးမျိုး၊ ပရိယာယ်အမျိုးမျိုး သို့မဟုတ် လိမ်လည်မှုများနှင့် လှည့်စားမှုများကို အသုံးပြုကြသည်။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ဖြစ်ပါသည်။) ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျှသာလော။ အခြားသူများကို အသုံးချရန်နှင့် ခိုင်းစေရန် နှစ်သက်သောလူများသည် ပထမဦးစွာ လူ့သဘာဝမကောင်းခြင်းနှင့် ယုတ်ညံ့သော ကိုယ်ကျင့်စရိုက်ရှိကြသည်။ ဒုတိယအချက်အနေဖြင့် အခြားသူများကို ဩဇာပေးရာတွင် ၎င်းတို့၏ စဉ်းလဲသော နည်းလမ်းများသည် ၎င်းတို့၏ လှည့်ဖြားတတ်သော၊ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ဖော်ထုတ်သည်။ ၎င်းတို့၏ အမြတ်ထုတ်ရန်နှင့် ဩဇာပေးရန် နှစ်သက်ခြင်းဆိုင်ရာ သရုပ်သကန်များသည် ၎င်းတို့ လူ့သဘာဝမကောင်းသည်ကိုလည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဆိုးရွားပြီး လှည့်ဖြားတတ်ကာ ကောက်ကျစ်ဆိုးယုတ်သည်ကိုလည်းကောင်း နှစ်မျိုးလုံးကို ပြသသည်။ သင်မြင်သလော၊ အချို့သော သရုပ်သကန်များသည် လူ့သဘာဝမကောင်းခြင်း သို့မဟုတ် လူတစ်ဦး၏ လူ့သဘာဝအတွင်းရှိ အားနည်းချက်တစ်ခုကိုသာ ထင်ဟပ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအဆင့်သို့ မရောက်ရှိပေ။ သို့ရာတွင် အချို့သော သရုပ်သကန်များသည် ယုတ်ညံ့သော လူ့သဘာဝကို အခြေခံ၍ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ထို့ကြောင့် မည်သည့်သရုပ်သကန်မျှ ထိုမျှ ရိုးရှင်းခြင်း မရှိပေ။ အချို့သော သရုပ်သကန်များသည် ပြဿနာတစ်ခုတည်းနှင့်သာမက နှစ်ခုနှင့် သက်ဆိုင်သည်။

အပေါ်ယံသဘောသာရှိခြင်း

နောက်ထပ် သရုပ်သကန်တစ်ခုကို ပြောရလျှင် အပေါ်ယံသဘောသာဖြစ်ခြင်းဟူသည်မှာ မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သနည်း။ (ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) မှန်သည်၊ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကို အလှဆင်ခြင်း၊ မိမိကိုယ်ကို လှပအောင်ပြုလုပ်ခြင်းနှင့် ရုပ်ရည်ချောမောခြင်း၊ လှပခြင်း၊ ကြည့်ကောင်းခြင်း သို့မဟုတ် နုပျိုခြင်းတို့နှင့်ပတ်သက်၍ ချီးကျူးစကားများ လက်ခံရရှိခြင်းကို နှစ်သက်ခြင်းမျှသာဖြစ်ပါက၊ ဆိုလိုသည်မှာ အခြားသူများက မိမိ၏ရုပ်ရည်အသွင်အပြင်အပေါ် အကောင်းမြင်ခြင်း သို့မဟုတ် အပြုသဘောဆောင်သောအမြင် ရှိစေလိုခြင်းဖြစ်ပါက ဤသည်မှာ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခုမျှသာ ဖြစ်သည်။ လူ့သဘာဝ၏ မည်သို့သော ပြဿနာမျိုးနည်း။ ရှင်းရှင်းပြောရလျှင် ဤသည်မှာ အားသာချက်မဟုတ်ဘဲ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ အချို့လူများက “လူတိုင်းတွင် အလှတရားကို ချစ်မြတ်နိုးစိတ်ရှိသည်၊ ဤသည်မှာ ချို့ယွင်းချက်တစ်ခု မည်သို့ဖြစ်နိုင်မည်နည်း။” ဟု ပြောကောင်းပြောနိုင်သည်။ သို့ဆိုလျှင် အပေါ်ယံသဘောသာ ရှိခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုဖြစ်သည်ဟု ငါ အဘယ်ကြောင့် ပြောရသနည်း။ အပေါ်ယံသဘောသာရှိခြင်းသည် ချို့ယွင်းချက်တစ်ခု ဖြစ်သောကြောင့် ယင်း၏ သရုပ်သကန်များသည် တရားနည်းလမ်းကျခြင်းမရှိပေ။ အပေါ်ယံသဘောသာရှိခြင်းသည် သင့်တော်သော၊ ဘာသာတရားကိုင်းရှိုင်းသော၊ တည်ကြည်သော၊ သို့မဟုတ် ဂုဏ်သိက္ခာရှိပုံပေါက်သော အခြားသူများအား ဂုဏ်သိက္ခာနှင့် သိက္ခာသမာဓိ၏ ခံစားချက်ကို ပေးခြင်းတို့နှင့် မသက်ဆိုင်ပေ။ ဤသည်မှာ သင့်တော်သောပုံပေါက်ခြင်းအဆင့်တွင် မရှိဘဲ၊ သင့်တော်သောပုံပေါက်ရန် တရားနည်းလမ်းကျသော အာရုံစိုက်မှုထက် ပို၍ လွန်ကဲပြီး ဆိုးရွားသည်။ လူတို့သည် အပေါ်ယံသဘောသာရှိသောအခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလှဆင်ခြင်းနှင့် မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသခြင်း၊ အခြားသူများကို ၎င်းတို့၏ ပုံရိပ်အပေါ် အာရုံစိုက်စေခြင်းတို့ကို အထူးဂရုပြုကြပြီး အနည်းငယ် အရှက်မရှိသည့်အဆင့်အထိပင် ရောက်ရှိကြသည်၊ တစ်နည်းအားဖြင့်ဆိုသော် ဤလူများသည် ကိစ္စရပ်များစွာတွင် ရုပ်ရည်အသွင်အပြင်၏ လွှမ်းမိုးမှုနှင့် ဘောင်ခတ်ခြင်းတို့ကို ခံကြရသည်။ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများသည် မိတ်ကပ်မလိမ်းဘဲ အပြင်ထွက်ရမည်ကို ရှက်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပေါ် ရေမွှေးအချို့ မဖျန်းထားပါက အခြားသူများနှင့် တွေ့ဆုံရမည်ကို ရှက်ကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်များကိုသာ အစဉ်သဖြင့် အာရုံစိုက်နေကြပြီး အခြားလူများက ၎င်းတို့ကို အထင်ကြီးပြီး နှစ်သက်စေရန် မိမိတို့ကိုယ်ကို အလွန်အကျွံ အလှဆင်လိုကြသည်။ ဤသည်မှာ အလွန်အမင်း အပေါ်ယံသဘောသာရှိခြင်းဖြစ်သည်၊ ဤအခြေအနေတွင် ယင်းသည် ချို့ယွင်းချက်တစ်ခု ဖြစ်လာသည်။ ဤချို့ယွင်းချက်သည် ပုံမှန် လူ့သဘာဝ၏ အတိုင်းအတာနှင့် သတ်မှတ်ထားသော စံနှုန်းများကို ကျော်လွန်သွားခဲ့ပြီးဖြစ်သည်။ အလွန်အမင်း အပေါ်ယံသဘောသာ ရှိခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤသရုပ်သကန်နှင့်ပတ်သက်၍ ငါတို့၏ ဆွေးနွေးမှုကို ဤတွင် အဆုံးသတ်သည်။

ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်း

နောက်တစ်မျိုးမှာ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်း ဖြစ်သည်။ ဤသည်မှာ မည်သို့သော သရုပ်သကန်မျိုးဖြစ်သနည်း။ (ဤသည်မှာ လူတစ်ဦး၏ လူ့သဘာဝနှင့်ဆိုင်သော အားနည်းချက်တစ်ခု ဖြစ်ပါသည်၊ ဤသည်မှာ မိမိကိုယ်ကို ရှေ့တန်းတင်ခြင်းကို နှစ်သက်ခြင်း၊ မိမိကိုယ်ကို ကိုယ်ရည်သွေးရခြင်းကို နှစ်သက်ခြင်း ဖြစ်ပါသည်။) သို့ဆိုလျှင် ဤအထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသလော။ (ရှိပါသည်၊ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးသည် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ပါက ၎င်းတို့သည် ထင်ရှားပေါ်လွင်လိုလျက် မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးလိုကြသောကြောင့် ဖြစ်ပါသည်။) ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းနှင့် မိမိကိုယ်ကို အမြဲတစေ ကိုယ်ရည်သွေးလိုခြင်း၊ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့တွင် ခေါင်းဆောင်နိုင်စွမ်းရှိသောကြောင့်လော သို့မဟုတ် ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး ဝန်တာထားလိုစိတ်ရှိသောကြောင့်လော။ ၎င်းတို့သည် ဝန်တာထားလိုစိတ်ရှိပြီး အလုပ်လုပ်နိုင်စွမ်းရှိကာ အလုပ်တစ်ခုကို တာဝန်ယူနိုင်ပါက ဤသည်မှာ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်း မဟုတ်ပေ။ သို့ဖြစ်လျှင် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းသည် မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ ရှုထောင့်တစ်ခုအနေဖြင့် ဤသည်မှာ လူတစ်ဦး၏ လူ့သဘာဝနှင့်ဆိုင်သော ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤအမျိုးအစားဝင်လူများသည် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ကြသည်။ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးရန် နှစ်သက်ကြပြီး အခြားသူများက ၎င်းတို့ကို မမြင်မည်ကို စိုးရိမ်ကြသည်။ ၎င်းတို့သည် အတော်အတန် ပကာသနဆန်သော၊ ချဲ့ကားပြောဆိုသော၊ ကျယ်လောင်သော နည်းလမ်းဖြင့်လည်း စကားပြောကြသည်။ လူများများရှိလေ ၎င်းတို့သည် စကားပြောရန် ပို၍ စိတ်အားထက်သန်လေဖြစ်ပြီး လူအုပ်ထဲတွင် နေရာတစ်နေရာ အစဉ်သဖြင့် ရလိုကြသည်။ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းကို လူ့သဘာဝမကောင်းခြင်း၏ သရုပ်သကန်တစ်ခုအဖြစ် မှတ်ယူ၍ မရနိုင်ပေ။ ဤသည်မှာ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်နှင့်မသက်ဆိုင်ဘဲ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု၊ အားနည်းချက် သို့မဟုတ် ပြဿနာတစ်မျိုးမျှသာ ဖြစ်သည်။ ဤသည်မှာ လူ့သဘာဝ၏ အားနည်းချက် သို့မဟုတ် ပြဿနာတစ်ခု ဖြစ်သည်ဟု ငါ အဘယ်ကြောင့် ပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ ဤလူတို့သည် ထင်ပေါ်စေရန် အဆက်မပြတ် ကြိုးစားနေကြသော်လည်း အလုပ်ကို တာဝန်ယူထမ်းဆောင်နိုင်စွမ်း အမှန်တကယ် ရှိသလော။ ၎င်းတို့သည် အဘယ်ကြောင့် ထင်ပေါ်ကျော်ကြားမှုကို အမြဲတစေ လိုလားနေရသနည်း။ ဤသည်မှာ ၎င်းတို့သည် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့၏ တွန်းအားပေးခြင်းကို ခံရသောကြောင့်လော။ ဤသည်မှာ ၎င်းတို့သည် အဆင့်အတန်းကိုလည်းကောင်း၊ ချီးမြှောက်ခံရခြင်းကိုလည်းကောင်း၊ မိမိတို့ကိုယ်ကို အာရုံစိုက်မှု၏ ဗဟိုချက် ဖြစ်စေခြင်းကိုလည်းကောင်း နှစ်သက်သောကြောင့်လော။ ဤသည်မှာ ၎င်းတို့သည် လူတို့ကြားတွင် ဂုဏ်သတင်းရှိခြင်းကို နှစ်သက်ကာ အခြားသူများထက် သာလွန်ခြင်းနှင့် အခြားသူများကို ဦးဆောင်ရန် နှစ်သက်ခြင်းတို့ကြောင့်လော။ (ဟုတ်ပါသည်။) ဤသို့သောလူစားမျိုး၏ လူ့သဘာဝသည် ဖော်ထုတ်ခြင်းမခံရသလော။ ဤသည်မှာ မည်သို့သော လူ့သဘာဝမျိုးဖြစ်သနည်း။ ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့သည်။ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ရှုထောင့်တစ်ခုအားဖြင့် ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ အခြားရှုထောင့်တစ်ခုအားဖြင့် ဤသို့သောလူစားမျိုးသည် ရံဖန်ရံခါမျှသာ မိမိတို့ကိုယ်ကို ရှေ့တန်းတင်ခြင်း သို့မဟုတ် ကိုယ်ရည်သွေးခြင်းမဟုတ်ဘဲ ၎င်းတို့သည် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့၏ တွန်းအားပေးခြင်းကို ခံရသောကြောင့်၊ အဆင့်အတန်း၊ အာဏာနှင့် ဆုံးဖြတ်ပိုင်ခွင့် ရှိခြင်းတို့ကို နှစ်သက်သောကြောင့် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ကြခြင်းဖြစ်သည်။ သို့ဆိုလျှင် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့်လည်း သက်ဆိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မည်သို့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးဖြစ်သနည်း။ (မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ဖြစ်ပါသည်။) ဤသည်မှာ မာနထောင်လွှားမှု ဖြစ်သည်။ ၎င်းတို့အား ထင်ပေါ်ကျော်ကြားအောင် လုပ်ခွင့် အဘယ်အရာက ပေးသနည်း။ အခြားသူများအပေါ် ဆုံးဖြတ်ပိုင်ခွင့်နှင့် ဦးဆောင်ပိုင်ခွင့်ကို ၎င်းတို့အား အဘယ်အရာက ပေးသနည်း။ အချို့လူများက “ကျွန်ုပ်သည် သမ္မာတရားကို နားလည်ပြီး ဝန်တာထားစိတ်ရှိသည်” ဟု ပြောကြသည်။ သင်သည် ဝန်တာထားစိတ်ရှိလျှင်ပင် သင်သည် အမှန်တကယ် အလုပ်လုပ်နိုင်ခြင်း ရှိမရှိကို ကြည့်ရှုရန် လိုအပ်နေဆဲဖြစ်သည်။ သင်သည် ဝန်တာထားလိုစိတ်ရှိပြီး ယင်းကို လုပ်လိုသည့်အတွက်ကြောင့်သာ သင်သည် ယင်းကို အမှန်တကယ် ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ဟု မဆိုလိုပေ။ ဤအရာနှစ်ခုကြားတွင် ယုတ္တိရှိသော ဆက်စပ်မှု မရှိပေ။ ယင်းကို လုပ်လိုခြင်းနှင့် လုပ်ရန်နှစ်သက်ခြင်းသည် သင် လုပ်နိုင်သည် သို့မဟုတ် သင်သည် ခေါင်းဆောင်ပိုင်းအလုပ်တွင် အရည်အချင်းပြည့်မီသည်ဟု မဆိုလိုပေ။ သင်သည် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်သည်၊ သင်သည် အဆင့်အတန်းကို နှစ်သက်သည်၊ ယင်းက လူတိုင်းသည် သင့်ကို ရွေးကောက်တင်မြှောက်ရမည်ဟု အဓိပ္ပာယ်ရသလော။ အသင်းတော်ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ စည်းမျဉ်းများမှာ အဘယ်နည်း။ (ဤသည်မှာ လူတစ်ဦးတွင် အလုပ်လုပ်နိုင်စွမ်းရှိမရှိ၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဟုတ်မဟုတ်နှင့် ၎င်းတို့သည် မှန်ကန်သောသူတစ်ဦး ဟုတ်မဟုတ်အပေါ် အခြေခံရမည် ဖြစ်ပါသည်။) အနည်းဆုံးအနေဖြင့် သင်သည် မှန်ကန်သောသူတစ်ဦး ဖြစ်ရမည်။ သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိရမည်၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းရှိရမည်၊ ထို့အပြင် အလုပ်လုပ်နိုင်စွမ်းလည်း ရှိရမည်။ သို့မှသာ သင်သည် ပျိုးထောင်ခံရရန် အခြေအနေများနှင့် ကိုက်ညီပြီး ပျိုးထောင်ဖို့အတွက် သင့်တော်သူ တစ်ဦး ဖြစ်လာမည်။ သင်သည် ဤသတ်မှတ်ချက်အားလုံးနှင့် ကိုက်ညီရမည်။ သင်သည် ဤသတ်မှတ်ချက်တစ်ခုနှင့်မျှ မကိုက်ညီပါက သင်သည် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ရုံမျှဖြင့် လူတိုင်းက သင့်ကို ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်မည်လော။ ထိုသို့ ဘယ်သောအခါမျှ ဖြစ်မည်မဟုတ်ပေ။ သို့ဆိုလျှင် သင်သည် ထင်ပေါ်ကျော်ကြားမှုကို အစဉ်သဖြင့် နှစ်သက်ပြီး မိမိကိုယ်ကို အစဉ်သဖြင့် ကိုယ်ရည်သွေးလိုပါက ဤသည်မှာ မာနထောင်လွှားမှု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို အထင်ကြီးခြင်း ဖြစ်သည်။ မာနထောင်လွှားမှုသည် လူ့သဘာဝ၏ ရှုထောင့်မှကြည့်လျှင် ဆင်ခြင်တုံတရားကင်းမဲ့ခြင်း ဖြစ်သည်။ သမ္မာတရားဖြင့် တိုင်းတာပါက ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်ပြီး စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်း၏ သရုပ်သကန်သည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုဖြစ်သကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုလည်းဖြစ်ရာ ပြဿနာနှစ်ခုနှင့် သက်ဆိုင်သည်။ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းသည် ညံ့ဖျင်းသော သို့မဟုတ် မကောင်းသော လူ့သဘာဝရှိခြင်းအဆင့်သို့ မရောက်ရှိသော်လည်း ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း၏ တိကျသော သရုပ်သကန်တစ်ခုဖြစ်သကဲ့သို့ မာနထောင်လွှားသော စိတ်သဘောထား၏ သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။ လူတစ်ဦးသည် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ရုံမျှသာဖြစ်ပြီး ၎င်းတို့သည် လူများကို မနှိပ်ကွပ် သို့မဟုတ် မညှဉ်းပန်းဘဲ၊ ရန်တိုက်ပေးရန် သို့မဟုတ် ဂိုဏ်းဂဏဖွဲ့ရန် ဆိုးယုတ်သောလူများ၏ နည်းလမ်းများကို အသုံးမပြုပါက ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် ဆိုးယုတ်သောလူများ သို့မဟုတ် အန္တိခရစ်များ၏ သရုပ်သကန်များကို ပြသပြီး အချို့သော ဒုစရိုက်အမှုများတွင်လည်း ပါဝင်ပါက ဤလူ့သဘာဝ၏ ချို့ယွင်းချက်သည် ပိုမိုဆိုးရွားလာသည်၊ ဤသည်မှာ အဘယ်အရာ ဖြစ်လာသနည်း။ ထိုသို့သော လူ့သဘာဝကို ညံ့ဖျင်းသည်၊ ဆိုးရွားသည်၊ ဆိုးယုတ်သည်ဟု ဤရှုထောင့်များဖြင့် သတ်မှတ်သည်။ ထို့အပြင် ထိုသို့သောလူများ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သရုပ်သကန်များတွင် မာနထောင်လွှားမှုနှင့် ရက်စက်ကြမ်းကြုတ်ခြင်း နှစ်မျိုးလုံး ပါဝင်သည်၊ ပို၍ တိကျသော သရုပ်သကန်များလည်း ရှိသည်မှာ သေချာသည်။ သို့ဖြစ်၍ ထိုသို့သောလူများ၏ လူ့သဘာဝကို ၎င်းတို့ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည့် အတိုင်းအတာအပေါ် အခြေခံ၍ သတ်မှတ်သင့်သည်။ ၎င်းတို့သည် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ရုံမျှသာဖြစ်ပြီး ဆိုးယုတ်သော လူ့သဘာဝ၏ ဤသရုပ်သကန်များကို ပြသခြင်းမရှိဘဲ ၎င်းတို့သည် လူများကို ဖိနှိပ်ချုပ်ချယ်ခြင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း မပြုကြသည့်အပြင် ဂိုဏ်းဂဏဖွဲ့ပြီး တိတ်တဆိတ် သီးသန့်နိုင်ငံတော် မတည်ထောင် သို့မဟုတ် လူများကို အထင်အမြင်မှားစေပြီး နာခံအောင် ပြုလုပ်ရန် သမားရိုးကျ မဟုတ်သော နည်းလမ်းများကို အသုံးပြုခြင်း မပြုကြပါက ဤထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်သည်။ သို့သော် ထိုသို့သော ဒုစရိုက်အမှုများကို ကျူးလွန်သည်နှင့်တစ်ပြိုင်နက် ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ မဟုတ်တော့ပေ။ သို့ဆိုလျှင် ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ (ဤသည်မှာ ညံ့ဖျင်းသော၊ ဆိုးရွားသော၊ ဆိုးယုတ်သော လူ့သဘာဝ ဖြစ်ပါသည်။) အတိအကျပင်ဖြစ်၏။ ဤသည်မှာ လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ မဟုတ်တော့ဘဲ ဆိုးယုတ်သော လူ့သဘာဝ ဖြစ်သည်။ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်သည်။ ထိုသို့သောလူတစ်ဦးသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု၊ အစွမ်းအစအချို့နှင့် အလုပ်လုပ်နိုင်စွမ်းရှိပါက သင်တို့သည် ၎င်းတို့ကို ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်မည်လော။ (ရွေးချယ်ပါမည်။) အဘယ်ကြောင့် ၎င်းတို့ကို ရွေးချယ်မည်နည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဆိုးယုတ်သောသူတစ်ဦး မဟုတ်သောကြောင့် ဖြစ်ပါသည်။) ၎င်းတို့၏ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ထုတ်ဖော်ခြင်းမျှသာ ဖြစ်သည်။ ၎င်းတို့၏ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းတွင် ဆိုးယုတ်မှု၏ အစိတ်အပိုင်း မရှိဘဲ ၎င်းတို့သည် ဆိုးယုတ်သောသူတစ်ဦး မဟုတ်ပေ။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အခြေအနေများနှင့် ကိုက်ညီသရွေ့ ၎င်းတို့ကို ရွေးကောက်တင်မြှောက်နိုင်ပြီး ဆက်လက်၍ ပျိုးထောင်ပေးနိုင်သည်။ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းသည် လူ့သဘာဝတွင် ဆင်ခြင်တုံတရားနည်းပါးခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သော်လည်း ၎င်းတို့သည် အလုပ်လုပ်နိုင်ခြင်း၊ အလုပ်လုပ်နိုင်စွမ်းရှိခြင်း၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိခြင်း၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းရှိခြင်းနှင့် ထို့အပြင် အလုပ်အချို့လုပ်ရန်နှင့် ကြီးကြပ်ရေးမှူးတစ်ဦးဖြစ်ရန် ဆန္ဒရှိခြင်းတို့ကို ထောက်ရှု၍ ၎င်းတို့ကို ရွေးကောက်တင်မြှောက်နိုင်သည်။ အဘယ်ကြောင့် ၎င်းတို့ကို ရွေးကောက်တင်မြှောက်နိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လူ့သဘာဝသည် ၎င်းတို့၏ အစွမ်းအစကဲ့သို့ပင် စံနှုန်းပြည့်မီသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောသူတစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦး မဟုတ်သရွေ့ ၎င်းတို့သည် လူများကို ညှဉ်းပန်းခြင်း သို့မဟုတ် နှိပ်ကွပ်ခြင်း ပြုမည်မဟုတ်ဘဲ အမှီအခိုကင်းသော တိုင်းပြည်တစ်ခု တည်ထောင်ရန် ကြိုးစားမည်မဟုတ်သောကြောင့် ၎င်းတို့ကို ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်နိုင်သည်။ သို့သော် ၎င်းတို့၏ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းတွင် ဆိုးယုတ်သော လူ့သဘာဝ၏ အစိတ်အပိုင်းများ ပါဝင်နေပါက ထိုသို့သောလူတစ်ဦးကို ရွေးကောက်တင်မြှောက်သင့်သလော။ (ရွေးကောက်တင်မြှောက်ခြင်း မပြုသင့်ပါ။) ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခြင်း မခံရမီကပင် ကောက်ကျစ်သော နည်းလမ်းများကို စတင်အသုံးပြုနေပြီဖြစ်ပြီး တိတ်တဆိတ် ဂိုဏ်းဂဏဖွဲ့ခြင်းနှင့် မဲများကို ပြင်ဆင်ခြယ်လှယ်ခြင်းတို့ကို ပြုလုပ်နေပြီဖြစ်သည်။ မိမိတို့၏ ပန်းတိုင်များ အောင်မြင်ရန်အလို့ငှာ ၎င်းတို့သည် မသမာသော လှည့်ကွက်များ သုံးကြပြီး သမ္မာတရားကို လိုက်စားရာတွင် အတော်အတန် အလေးအနက်ထားပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်သော လူကောင်းအချို့အကြောင်း ကောလာဟလများ လုပ်ကြံဖန်တီးကာ မကောင်းပြောဆိုရန်ပင် စွမ်းဆောင်နိုင်ကြသည်။ ၎င်းတို့သည် သမ္မာတရားနှင့် လူ့ကျင့်ဝတ်သိက္ခာကို ဆန့်ကျင်သော အမှုများစွာကို ပြုလုပ်ပြီး ဒုစရိုက်အမှုအချို့ကို ကျူးလွန်ကြသည်။ သင်တို့သည် ထိုသို့သောလူတစ်ဦးကို ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်နိုင်သလော။ (ရွေးကောက်တင်မြှောက်ခြင်း မပြုနိုင်ပါ။) အဘယ်ကြောင့် ရွေးကောက်တင်မြှောက်ခြင်း မပြုနိုင်သနည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လူ့သဘာဝသည် ဆိုးယုတ်သောကြောင့် ဖြစ်ပါသည်။) တိတိကျကျပြောရလျှင် ဤသည်မှာ ၎င်းတို့သည် ဆိုးယုတ်သောသူတစ်ဦးဖြစ်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် လူများကို အသုံးပြုခြင်းဆိုင်ရာ ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် မကိုက်ညီပေ။ ဘုရားအိမ်တော်သည် ဆိုးယုတ်သောလူများကို အသုံးမပြုပေ။ ဘုရားသခင် ရွေးချယ်ထားသောလူများ ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်ပါက အကျိုးဆက်များမှာ အဘယ်နည်း။ တစ်ချက်အနေဖြင့် ၎င်းတို့သည် ညှဉ်းပန်းခြင်းနှင့် နှိပ်ကွပ်ခြင်းကို ခံရမည်။ နောက်တစ်ချက်အနေဖြင့် အသင်းတော်သည် စည်းလုံးမှုမရှိဘဲ ပြိုကွဲသွားပြီး စည်းကမ်းမဲ့ ဖြစ်လာလိမ့်မည်။ ဤအခြေအနေတွင် သင်သည် သင်၏ တာဝန်များကို ထမ်းဆောင်နေခြင်းမဟုတ်ဘဲ ဆိုးယုတ်သောလူများကို အစေခံခြင်း၊ ဆိုးယုတ်သောလူများ၏ ထိန်းချုပ်ခြင်းကို ခံရခြင်းနှင့် ဆိုးယုတ်သောလူများနောက်သို့ လိုက်နေခြင်းသာ ဖြစ်လိမ့်မည်။ ဤအရာ၏ အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်မည်နည်း။ သင်၏ ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်သည် ပျက်စီးသွားလိမ့်မည်။ ယခု နားလည်ပြီလော။ (နားလည်ပါပြီ။) သို့ဆိုလျှင် လူနှစ်ဦးစလုံးသည် ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ပြီး မာနထောင်လွှားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိကြပါက သင်သည် လူတစ်ဦးကို ခေါင်းဆောင်အဖြစ် မည်သည့်အရာပေါ် အခြေခံ၍ ရွေးချယ်မည်နည်း။ (၎င်း၏ လူ့သဘာဝအပေါ် အခြေခံ၍ ရွေးချယ်ပါမည်။) မှန်သည်၊ ၎င်းတို့၏ လူ့သဘာဝအပေါ် အခြေခံ၍ ဖြစ်သည်။ မာနထောင်လွှားမှု၊ လှည့်ဖြားတတ်ခြင်းနှင့် စိတ်နှလုံးမာကျောခြင်းကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအမျိုးမျိုး၏ ထုတ်ဖော်ခြင်းများသည် လူတိုင်း၌ရှိသော သဘောသဘာဝဖြစ်သည်၊ လူတိုင်းသည် ဤကိစ္စတွင် တူညီကြသည်။ သို့ဆိုလျှင် ကွဲပြားခြားနားချက်မှာ မည်သည့်နေရာတွင် ရှိသနည်း။ လူတို့၏ လူ့သဘာဝတွင် ရှိသည်။ အပေါ်ယံအားဖြင့် အချို့လူများသည် ပို၍ ချုပ်တည်းမှု မရှိကြသော်လည်း အချို့မှာမူ ပို၍ ရှေးရိုးဆန်ကြသည်၊ အချို့မှာ အတော်အတန် နားဝေတိမ်တောင်ဖြစ်ပြီး ဖြစ်ကတတ်ဆန်းနိုင်ကြသော်လည်း အခြားသူများမှာမူ အတော်အတန် လိမ္မာပါးနပ်ပြီး စေ့စပ်သေချာကြသည်။ အချို့မှာ ပို၍ ပွင့်လင်းပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်ကြသော်လည်း အခြားသူများမှာမူ ပို၍ သီးသန့်နေကြသည်။ လူတို့၏ ပင်ကိုစရိုက်များ၏ အပြင်ပန်း သရုပ်သကန်များသည် ကွဲပြားကြပြီး ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရသည်လည်း သေချာပေါက် မတူညီကြပေ။ အချို့လူများတွင် အသိတရားနှင့် ကိုယ်ကျင့်တရားဆိုင်ရာ စည်းများ ရှိကြသော်လည်း အခြားသူများမှာမူ မရှိကြပေ။ အချို့မှာ ဆိုးယုတ်ခြင်း၊ ရက်စက်ခြင်းနှင့် ကြမ်းကြုတ်ခြင်းပင် ရှိကြသည်၊ ၎င်းတို့သည် မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်ပြီး လူကို အရိုးပါမကျန် ဝါးမျိုကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ကြသည်။ ထို့ကြောင့် ဆိုးယုတ်သောလူများအတွက် အခြားသူများကို ညှဉ်းပန်းခြင်းသည် ၎င်းတို့အတွက် ဘာမျှမဟုတ်ပေ။ သင်တို့သည် ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်ပါက သင်တို့၏ နေ့ကောင်းရက်သာများ ကုန်ဆုံးသွားလိမ့်မည်ဖြစ်ပြီး သင်တို့သည် ထိုနောက်ပိုင်းတွင် အမှောင်ထဲ၌ နေထိုင်ရလိမ့်မည်။ တစ်စုံတစ်ဦးသည် ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ကျရောက်ပါက အဆင်းနီသော နဂါးကြီး၏ လက်ထဲသို့ ကျရောက်ခြင်းနှင့် တူညီသည်။ သင်တို့ ဤအရာကို တွေ့ကြုံဖူးသလော။ (တွေ့ကြုံဖူးပါသည်။) ဆိုးယုတ်သောလူများ၏ လူ့သဘာဝနှင့်ပတ်သက်၍ အထင်ရှားဆုံးနှင့် အသိသာဆုံးသော သရုပ်သကန်များမှာ ဆိုးယုတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ ရက်စက်ခြင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ စည်းများမရှိခြင်းနှင့် အသိတရား၏ စံနှုန်းများမရှိခြင်းတို့ ဖြစ်သည်။ ဘုရားသခင်နှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားမှ အကဲဖြတ်ရသော် ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝမရှိပေ။ ၎င်းတို့သည် အသိတရား၏ စည်းများမရှိဘဲ မည်သည့်အရာကိုမဆို လုပ်ဆောင်ဝံ့လျက် မိုက်ရူးရဲဆန်ပြီး မဆင်မခြင်ဖြစ်ကြသည်။ သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးစဉ်းမျှပင် လက်မခံကြပေ။ အပေါ်ယံအားဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များတွင် အားထုတ်နိုင်ပြီး ဒုက္ခခံနိုင်ကာ ပေးကမ်းစွန့်ကြဲမှုများလည်း လုပ်နိုင်ကြသည်။ သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို ဆက်ဆံပုံတွင် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိကြပေ။ ဘုရားသခင်အား သက်သေခံခြင်း၊ လူ့ဇာတိခံ ဘုရားသခင်အား သက်သေခံခြင်း၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို သက်သေခံခြင်း၊ ဘုရားသခင်၏ လုပ်ဆောင်မှုများကို သက်သေခံခြင်း၊ သို့မဟုတ် ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အဖိုးအခကို မည်သို့ပေးချေသည်နှင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏ နှလုံးသွေးကို မည်သို့ အသုံးပြုပြီး လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏အသက်ကို မည်သို့အသုံးပြုသည်ကို သက်သေခံခြင်းတို့နှင့် ပတ်သက်လာတိုင်း ၎င်းတို့တွင် ပြောစရာမရှိဘဲ စကားမပြောလိုကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို မထီမဲ့မြင်ပြုကြသည်။ သို့သော် ၎င်းတို့သည် မိမိတို့ကိုယ်ကို သက်သေခံသည့်အခါတွင်မူ ပြောစရာများစွာရှိပြီး အဆုံးမရှိ စကားပြောကြသည်။ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်းသည် လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခုမျှသာ ဖြစ်သည်။ ထိုသို့သောလူများသည် ဒုစရိုက်မကျူးလွန်ဘဲ အသိတရားနှင့် ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများ ရှိပါက ၎င်းတို့သည် သမ္မာတရားအချို့ကို နားလည်နိုင်သရွေ့ ၎င်းတို့သည် ယေဘုယျအားဖြင့် ကိစ္စရပ်များကို ၎င်းတို့၏ အသိတရား၏ စည်းများအတိုင်း တိုင်းတာနိုင်သည်၊ ၎င်းတို့၏ အသိတရားသည် အလုပ်လုပ်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်တစ်ဦးကို နှစ်သက်ပြီး ချဉ်းကပ်လိုပါက ၎င်းတို့၏ လူ့သဘာဝတွင် အသိတရား၏ စည်းများနှင့် ရှက်စိတ်တို့ရှိသောကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို သဘာဝကျကျ ချုပ်တည်းကြလိမ့်မည်။ သို့ရာတွင် ဆိုးယုတ်သောလူများသည် ထိုသို့သောအရာများကို ဂရုမစိုက်ကြပေ။ ၎င်းတို့သည် တစ်စုံတစ်ဦးကို နှစ်သက်ပါက ၎င်းတို့သည် အတင်းအကျပ် ချဉ်းကပ်ကြလိမ့်မည်၊ အခြားတစ်ဖက်က သဘောမတူပါက ၎င်းတို့သည် ၎င်းတို့ကို ညှဉ်းပန်းရန်၊ အရှုံးပေးအပ်နှံစေရန် သို့မဟုတ် ဒုက္ခပေးရန် နည်းလမ်းအမျိုးမျိုးကို ကြံစည်ကြလိမ့်မည်။ အသိတရား၏ စည်းများရှိသောလူများသည် ၎င်းတို့၏ အသိတရား၏ ချုပ်တည်းခြင်းကို ခံကြရသည်၊ ၎င်းတို့တွင် ရှက်စိတ် ရှိသောကြောင့် ၎င်းတို့ မကျူးလွန်မည့် ပြစ်မှားခြင်းအချို့နှင့် ၎င်းတို့ မချိုးဖောက်အပ်မည့် စည်းအချို့ ရှိနေသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး ယင်းကို ၎င်းတို့၏ လက်ခံမှုသည် အတော်အတန် နက်ရှိုင်းပြီး ခိုင်မာပါက ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်ကို ထိတ်လန့်ပြီး ကြောက်ရွံ့သောကြောင့် စည်းအချို့ကို ယေဘုယျအားဖြင့် မကျော်လွန်ကြပေ။ ထို့ကြောင့် အသိတရား၏ စည်းများရှိသောသူတစ်ဦးကို ခေါင်းဆောင်အဖြစ်ထားရှိခြင်းသည် သင်တို့အတွက် အလွန်အကျိုးရှိသည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် သင့်ကို ဟန့်တားခြင်းဖြစ်စေ၊ ထိခိုက်စေခြင်းဖြစ်စေ ပြုဖို့ မဆိုထားနှင့်၊ သင့်ကို ဒုက္ခပေးမည်မဟုတ်ဘဲ သင်တို့ကို အထောက်အပံ့နှင့် အကူအညီအချို့ကိုလည်း ပေးနိုင်ကြသည်။ သို့ရာတွင် ဆိုးယုတ်သောလူများသည် ကွဲပြားကြသည်။ ၎င်းတို့သည် သင့်ကို အထင်အမြင်မှားစေရန် စကားလုံးများကို အသုံးပြုရုံမျှသာမက သင့်ကို ညှဉ်းပန်းရန်၊ ဖိနှိပ်ရန်နှင့် နင်းခြေရန် နည်းလမ်းအမျိုးမျိုးကိုလည်း အသုံးပြုကြသည်။ သင်သည် ၎င်းတို့ကို မနာခံဘဲ၊ ၎င်းတို့စကားကို နားမထောင်ဘဲ သို့မဟုတ် တစ်စုံတစ်ခုနှင့်ပတ်သက်၍ ၎င်းတို့နှင့် အငြင်းအခုံဖြစ်ပါက ၎င်းတို့သည် သင့်ကို တိုက်ခိုက်ရုံသာမက သင့်ကို ပြစ်တင်ရှုတ်ချခြင်း၊ အရှက်ရစေခြင်းနှင့် သင့်ကို အရှုံးပေးအပ်နှံစေရန် ကြိုးပမ်းခြင်းတို့ကိုပင် ပြုလုပ်ကြလိမ့်မည်။ ဤနည်းအားဖြင့် သင်သည် ၎င်းတို့၏ လက်ထဲသို့ လုံးလုံးကျရောက်သွားလိမ့်မည်။ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများနှင့် ဆိုးယုတ်သောလူများကြား အကြီးမားဆုံး ကွာခြားချက်မှာ ၎င်းတို့၏ လူ့သဘာဝသည် ကောင်းမြတ်ခြင်း ရှိမရှိဖြစ်စေ၊ ဆိုးယုတ်ခြင်း ရှိမရှိဖြစ်စေ၊ ၎င်းတို့၏ အသိတရားသည် အလုပ်လုပ်ခြင်း ရှိမရှိဖြစ်စေ ဟူသည့်အချက်တွင် တည်ရှိသည်။ ဆိုးယုတ်သောလူများတွင် အသိတရားမရှိသောကြောင့် ၎င်းတို့တွင် ရှက်စိတ် မရှိဘဲ မည်သည့်မကောင်းမှုမျိုးကိုမဆို ကျူးလွန်နိုင်စွမ်း ရှိကြသည်။ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများသည် ၎င်းတို့၏ လူ့သဘာဝတွင် ချို့ယွင်းချက်များနှင့် အားနည်းချက်များရှိသော်လည်း အသိတရားနှင့် ဆင်ခြင်တုံတရား၏ ချုပ်တည်းခြင်းကို ခံရသောကြောင့် ၎င်းတို့ မကျော်လွန်နိုင်သော စည်းအမျိုးမျိုး များစွာရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်လျှင်ပင် လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်ပြားခြင်းအမှု သို့မဟုတ် ခိုးမှုကဲ့သို့သော သိသာထင်ရှားသည့် မကောင်းမှုအချို့ကို ကျူးလွန်မည်မဟုတ်ပေ။ စဉ်းစားကြည့်လော့။ သင်သည် ဘုရားသခင်ကို မယုံကြည်မီ၊ လောက၌ ရှိနေစဉ်တွင် တစ်စုံတစ်ဦးက သင့်ကို ခွင့်ပြုပါက သင်သည် ကာမဂုဏ်လိုက်စားခြင်းတွင် ပါဝင်နိုင်မည်လော။ ကာမဂုဏ်လိုက်စားခြင်းသည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ဤသည်မှာ လိင်ဆက်ဆံဖော်များစွာရှိခြင်း၊ အမှားလုပ်မိသောစိတ် သို့မဟုတ် လိပ်ပြာမသန့်ခြင်း တစ်စက်မျှ မခံစားရဘဲ တစ်ချိန်တည်းတွင် ဆန့်ကျင်ဘက်လိင်များစွာနှင့် ပတ်သက်နေခြင်းကိုပင် ရည်ညွှန်းသည်။ သင်တို့သည် ထိုသို့သောအရာကို လုပ်နိုင်မည်လော။ (မလုပ်နိုင်ပါ။) ထိုကာမဂုဏ်လိုက်စားသော အမျိုးသမီးများ၊ ပြည့်တန်ဆာများနှင့် ကာမကြူးသူများကို ကြည့်လော့၊ ၎င်းတို့သည် ထိုသို့သောအရာများကို လုပ်နိုင်ကြသည်။ သင်တို့သည် ဤလူများနှင့် ကွဲပြားကြသည် မဟုတ်လော။ (ကွဲပြားကြပါသည်။) ကွာခြားချက်မှာ မည်သည့်နေရာတွင် ရှိသနည်း။ ဤသည်မှာ လူတစ်ဦးတွင် လူ့သဘာဝ၏ အသိတရားနှင့် ဆင်ခြင်တုံတရား ရှိမရှိဟူသည့်အချက်တွင် တည်ရှိသည်။ အသိတရားနှင့် ဆင်ခြင်တုံတရားသည် သင့်အား ရှက်စိတ်တို့ ပေးသောကြောင့် သင်သည် ကာမဂုဏ်လိုက်စားခြင်းအမှုကို ကျူးလွန်မည် မဟုတ်ဘဲ သင့်တွင် စံတစ်ခုရှိသည်။ “ထိုသို့ ပြုမူကျင့်ကြံခြင်းသည် မကောင်းပေ၊ ငါသည် ထိုသို့သောလူစားမျိုး ဖြစ်မည်မဟုတ်။ ငါသည် ငါ့ကိုယ်ငါနှင့် ထိုလူများကြားတွင် ရှင်းလင်းသောစည်းတစ်ခုကို ခြားထားမည်။ ငါ့ကို သေအောင်ရိုက်လျှင်ပင် ငါသည် ကာမဂုဏ်လိုက်စားခြင်းတွင် ပါဝင်မည်မဟုတ်” ဟူ၍ဖြစ်လေသည်။ ထိုသို့သောအခြေအနေမျိုးသို့ ရောင်းစားခံရပါက အချို့လူများက “ကျွန်ုပ်သည် ထိုသို့သောလူစားမျိုး ဖြစ်လာမည့်အစား သေခြင်းကိုပင် သာ၍နှစ်သက်မည်” ဟု ပြောကြလိမ့်မည်။ အချို့လူများသည် အရှက်ကွဲခြင်းနှင့် မတရားမှုတို့ကို သည်းခံပြီး မလိုလားဘဲ လိုက်ပါလုပ်ဆောင်ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဆန္ဒမရှိဘဲ ထိုအခြေအနေမှ လွတ်မြောက်ရန် မည်သည့်အခွင့်အရေးကိုမဆို အမိအရ ဆုပ်ကိုင်ကြလိမ့်မည်။ သို့ရာတွင် အခြားသူများမှာမူ အခြားသူများက ၎င်းတို့ကို တားဆီးရန် ကြိုးစားလျှင်ပင် ထိုသို့သော ပတ်ဝန်းကျင်ကို မိမိတို့ကိုယ်တိုင် ရှာဖွေကြလိမ့်မည်။ ၎င်းတို့သည် ယင်းမှ ငွေမရလျှင်ပင် ထိုသို့လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် ကာမဂုဏ်လိုက်စားခြင်းကို နှစ်သက်ရုံသာဖြစ်ပြီး အကျိုးအမြတ်ရှိမရှိကို လုံးဝ ဂရုမစိုက်ကြပေ။ ဤလူအမျိုးအစားနှစ်ခုသည် ကွဲပြားကြသည် မဟုတ်လော။ (ကွဲပြားကြပါသည်။) ဤသည်မှာ လူတို့၏ လူ့သဘာဝကြားရှိ ကွာခြားချက်အတိအကျပင် ဖြစ်သည်။ လူ့သဘာဝရှိ ကွာခြားချက်သည် အလွန်အရေးကြီးသည်။ သင်တို့သည် လူအမျိုးအစားအမျိုးမျိုးကြားရှိ လူ့သဘာဝ၏ သရုပ်သကန်များ၌ ကွာခြားချက်များကို ပိုင်းခြားသိမြင်နိုင်ပါက သင်တို့သည် လူများကို ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ ထို့ကြောင့် လူတစ်ဦးကို အကဲဖြတ်ရာတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ်ဖြစ်စေ၊ အချိန်တိုအတွင်း သို့မဟုတ် အဖြစ်အပျက်တစ်ခုအတွင်း ၎င်းတို့၏ သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများအပေါ်ဖြစ်စေ လုံးလုံးအခြေခံ၍မရနိုင်ပေ။ ထိုအစား ၎င်းတို့ အမှန်တကယ် မည်သို့သောလူစားမျိုး ဖြစ်သည်ကို ၎င်းတို့၏ လူ့သဘာဝနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရအပေါ် အခြေခံ၍ အကဲဖြတ်ရမည်။ ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်ခြင်း၏ သရုပ်သကန်နှင့်ပတ်သက်၍ ငါတို့၏ ဆွေးနွေးမှုကို ဤတွင် အဆုံးသတ်သည်။

အမှုအရာများကို နည်းလမ်းတကျ၊ စိတ်တွင် အကြမ်းဖျင်းစိတ်ကူးဖြင့် စနစ်တကျလုပ်ဆောင်ခြင်း

နောက်ထပ် သရုပ်သကန်တစ်ခုကို ဆက်ကြည့်ကြစို့။ အချို့လူများသည် အမှုအရာများကို နည်းလမ်းတကျ၊ စိတ်တွင် အကြမ်းဖျင်းစိတ်ကူးဖြင့် စနစ်တကျ လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် အဘယ်အရာကို အရင်လုပ်ရမည်၊ အဘယ်အရာကို နောက်မှလုပ်ရမည်ကို စဉ်းစားတွေးတောခြင်းနှင့် ဆင်ခြင်ခြင်းတို့ဖြင့် ဆုံးဖြတ်နိုင်သည်။ ၎င်းတို့သည် အမှုအရာများကို မဆင်မခြင်လုပ်ဆောင်မည့်အစား အဆင့်များအတိုင်းလိုက်နာပြီး အစီအစဉ်များရှိကြသည်။ ၎င်းတို့ မည်သည့်အရာကို လုပ်သည်ဖြစ်စေ အဝတ်လျှော်ခြင်းကဲ့သို့ အရှင်းဆုံးအလုပ်အတွက်ပင် အဆင့်များအတိုင်း လိုက်နာကြသည်။ ၎င်းတို့သည် အဝတ်များကို အရောင်အလိုက်ခွဲခြားပြီး အရောင်ရင့်နှင့် အရောင်နုများကို သီးခြားစီလျှော်ဖွပ်ကြသည်၊ ၎င်းတို့သည် အဝတ်လျှော်ဖွပ်ရမည့် ပမာဏအပေါ် မူတည်၍ ရေနှင့် ဆပ်ပြာမှုန့် မည်မျှအသုံးပြုရမည်ကို သိရှိပြီး ဖြုန်းတီးခြင်းကို ရှောင်ကြဉ်ကြသည်၊ ဤအရာအားလုံးသည် အစီအစဉ်ချထားပြီး အလွန်စနစ်ကျကာ အသေးစိတ်ကျပြီး ခြိုးခြံချွေတာသည်။ ဤသည်မှာ မည်သို့သော သရုပ်သကန်မျိုးဖြစ်သနည်း။ (ဤသည်မှာ လူ့သဘာဝ၏ အားသာချက်နှင့် အားကောင်းသည့်အချက်တစ်ခု ဖြစ်ပါသည်။) သို့ဆိုလျှင် ဤအားသာချက်သည် ဤသို့သောလူစားမျိုးတွင် လူ့သဘာဝကောင်းရှိသည်ကို ကိုယ်စားပြုနိုင်သလော။ (ကိုယ်စားမပြုနိုင်ပါ။) ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော အားသာချက်နှင့် အားကောင်းသည့်အချက်တစ်ခုမျှသာ ဖြစ်သည်။ ဤသည်မှာ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက် သို့မဟုတ် ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် သက်ဆိုင်သည့်အဆင့်သို့ မရောက်ရှိသကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့်လည်း မသက်ဆိုင်ပေ။ ဤသည်မှာ ဘဝအလေ့အကျင့်၊ နေထိုင်မှုပုံစံတစ်ခု သို့မဟုတ် ဘဝအပေါ်ထားရှိသော သဘောထားတစ်ခုမျှသာ ဖြစ်သည်။ အချို့လူများသည် အမှုအရာများကို စိတ်တွင် အကြမ်းဖျင်းစိတ်ကူးဖြင့်၊ အစီအစဉ်ဖြင့် လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် ပုံစံများကို နားလည်သဘောပေါက်နိုင်ပြီး အလုပ်ပြီးစီးသောအခါ အခြားသူများက ကျေနပ်ဖွယ်တွေ့ရှိကြသည်။ ဤသူများသည် အစွမ်းအစကောင်းရှိသောလူများ ဖြစ်ကြသည်။ သို့သော် အစွမ်းအစ ညံ့ဖျင်းသူများအတွက်မူ ကွဲပြားသည်၊ ၎င်းတို့သည် အရာအားလုံးကို စိတ်တွင် အကြမ်းဖျင်းစိတ်ကူး သို့မဟုတ် အစီအစဉ်မရှိဘဲ၊ လုံးဝ ဖြစ်ကတတ်ဆန်းနိုင်သော နည်းလမ်းဖြင့် စည်းစနစ်မကျဘဲ ကမောက်ကမ လုပ်ဆောင်ကြရာ နောက်ဆုံးတွင် လုံးဝရှုပ်ထွေးသွားသည်။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ (လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်ပါသည်။) ဤလူ့သဘာဝ၏ ချို့ယွင်းချက်သည် အဘယ်အရာနှင့် သက်ဆိုင်သနည်း။ (အလွန်ညံ့ဖျင်းသော အစွမ်းအစနှင့် သက်ဆိုင်ပါသည်။) အလွန်ညံ့ဖျင်းသော အစွမ်းအစရှိသည့် ထိုသို့သောလူများကို ဦးနှောက်မရှိဟု ရိုးရှင်းစွာ ရည်ညွှန်းကြသည်။ အချို့လူများကို ငါက “သင်က ဝက်ဦးနှောက်လား။ ထိုမျှ ရိုးရှင်းသည့်အရာကို မည်သို့ဖြစ်၍များ နားမလည်နိုင်ရသနည်း” ဟု ပြောသည့်အခါ ၎င်းတို့က “ကျွန်ုပ် ဦးနှောက်မရှိပါ” ဟု ပြန်ဖြေကြသည်။ “ဦးနှောက်မရှိ” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤသည်မှာ အစွမ်းအစမရှိခြင်း သို့မဟုတ် အစွမ်းအစညံ့ဖျင်းခြင်းကို ဆိုလိုသည်၊ ဤသည်မှာ အစွမ်းအစ၏ ပြဿနာတစ်ခု ဖြစ်သည်။ ဤပြဿနာသည် မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ ဤသည်မှာ ပင်ကိုအခြေအနေတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) တစ်စုံတစ်ဦးသည် ပင်ကိုအားဖြင့် ဦးနှောက်မရှိပါက ၎င်းတို့ကို လေ့ကျင့်ပေးရန် အကြောင်းရှိသေးသလော။ ထိုသို့သောလူများသည် အရာအားလုံးကို အစီအစဉ် သို့မဟုတ် စိတ်တွင် အကြမ်းဖျင်းစိတ်ကူးမရှိဘဲ ချဉ်းကပ်ကြသည်။ ရိုးရှင်းသောအလုပ်တစ်ခုက ၎င်းတို့ကို တစ်နေ့လုံး အချိန်ကုန်စေပြီး အရေးကြီးသောကိစ္စများကို နှောင့်နှေးစေသည်။ ဤသည်မှာ အစွမ်းအစမရှိခြင်း သို့မဟုတ် အစွမ်းအစညံ့ဖျင်းခြင်း ဖြစ်သည်။ ဘာသာတရားမရှိသူများသည် လူ့သဘာဝ မကောင်းသောလူများကို အစွမ်းအစမရှိဟု မကြာခဏ ဖော်ပြကြသည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက အခြားတစ်ဦး အမှိုက်ပစ်ခြင်းကိုဖြစ်စေ၊ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်းကိုဖြစ်စေ၊ လူအများကြားတွင် ကျယ်လောင်စွာ အော်ဟစ်ပြီး စာသင်ယူနေသော သို့မဟုတ် အနားယူနေသော အခြားသူများကို အနှောင့်အယှက်ပေးနေသည်ကိုဖြစ်စေ မြင်သည့်အခါ ၎င်းတို့က ထိုလူတွင် အစွမ်းအစမရှိဟု ပြောကောင်းပြောနိုင်သည်။ ငါ့အတွက်မူ ဤသည်မှာ အပြုအမူဆိုင်ရာ စံနှုန်းများကို နားမလည်ခြင်းနှင့် လူ့သဘာဝကင်းမဲ့ခြင်းဖြစ်သည်၊ ဤသည်ကို အစွမ်းအစမရှိဟု မည်သို့ခေါ်ဆိုနိုင်မည်နည်း။ “အစွမ်းအစမရှိခြင်း” သည် ဤအရာကို ရည်ညွှန်းသလော။ “အစွမ်းအစ” သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ဤသည်မှာ အမှုအရာများကို လုပ်ဆောင်ရာတွင် စွမ်းဆောင်ရည်နှင့် ထိရောက်မှုကို ရည်ညွှန်းသည်၊ ဤသည်ကို အစွမ်းအစဟု ခေါ်သည်။ သို့ဆိုလျှင် စိတ်တွင် အကြမ်းဖျင်းစိတ်ကူးမရှိဘဲ အမှုအရာများကို လုပ်ဆောင်သော လူများသည် အစွမ်းအစ ညံ့ဖျင်းကြသလော။ (ဟုတ်ပါသည်။) ဤသည်မှာလည်း လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု ဖြစ်သည်။ ဤချို့ယွင်းချက်သည် ပင်ကိုအားဖြင့် ဖြစ်သလော။ ပြောင်းလဲရန် လွယ်ကူသလော။ လေ့ကျင့်ခြင်းဖြင့် ပြောင်းလဲနိုင်သလော။ ဝက်တစ်ကောင်ကို သစ်ပင်တက်အောင် လုပ်ပေးနိုင်သလော။ ဝက်သည် ထိုသို့ပြုလုပ်နိုင်သည့် အမျိုးအစားမဟုတ်ပေ၊ ၎င်းတွင် ထိုအစွမ်းအစမရှိပေ။ အမှုအရာများကို လုပ်ဆောင်ရာတွင် စိတ်ထဲ၌ အကြမ်းဖျင်းစိတ်ကူးမရှိခြင်းသည် အစွမ်းအစ၏ ပြဿနာတစ်ခု ဖြစ်သည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။