သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆) အပိုင်း လေး

အချက် ၇- အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း

သုံးသပ်ဆုံးဖြတ်နိုင်စွမ်းကို ဆွေးနွေးပြီးသည့်နောက်တွင် နောက်တစ်ဆင့်အနေဖြင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းအကြောင်းကို ပြောကြမည်။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းဟူသည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ အဓိကအားဖြင့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများသည် အပြုသဘောဆောင်သည် သို့မဟုတ် အပျက်သဘောဆောင်သည်၊ မှန်ကန်သည် သို့မဟုတ် မမှန်ကန်သည်၊ အမှန် သို့မဟုတ် အမှားဖြစ်သည်ကို ပိုင်းခြားသိမြင်ခြင်းကို ရည်ညွှန်းသည်။ ယင်းမှာ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ စရိုက်လက္ခဏာကို သရုပ်ဖော်ခြင်း သို့မဟုတ် အမျိုးအစားခွဲခြားခြင်းကို ရည်ညွှန်းသည်၊ သင်ရင်ဆိုင်ရသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အမျိုးအစားအမျိုးမျိုးထဲသို့ ထည့်သွင်းခြင်း ဖြစ်သည်။ ပိုင်းခြားသိမြင်ခြင်း၏ ရည်ရွယ်ချက်နှင့် အဓိကရည်မှန်းချက်မှာ လူတို့ကို ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ရန်နှင့် အပြုသဘောဆောင်သော၊ အပျက်သဘောဆောင်သော အရာများကို ၎င်းတို့၏ အမျိုးအစားအညီ ခွဲခြားသတ်မှတ်ရန် ဖြစ်သည်။ အမျိုးအစားခွဲခြားခြင်းသည် ငှက်များကို ငှက်အမျိုးအစားထဲသို့လည်းကောင်း၊ တိရစ္ဆာန်များကို တိရစ္ဆာန်အမျိုးအစားထဲသို့လည်းကောင်း၊ အပင်များကို အပင်အမျိုးအစားထဲသို့လည်းကောင်း အုပ်စုခွဲခြင်းကို ဆိုလိုခြင်းမဟုတ်သည်မှာ မှန်ပေသည်။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းသည် ယင်းတို့ကို အမှုအရာများအား ပိုင်းခြားသိမြင်နိုင်စွမ်းကို ရည်ညွှန်းခြင်းမဟုတ်ဘဲ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ ဂုဏ်သတ္တိများကို ပိုင်းခြားသိမြင်နိုင်စွမ်းကို ရည်ညွှန်းသည်။ ဥပမာအားဖြင့် သင်သည် လူအမျိုးမျိုး၏ သရုပ်သကန်များ၊ ထုတ်ဖော်ခြင်းများနှင့် အနှစ်သာရကို အမျိုးအစား ခွဲခြားနိုင်သလော။ သင်ကြုံတွေ့ရသော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ ဂုဏ်သတ္တိများကို သင် အဓိပ္ပာယ်ဖွင့်ဆိုနိုင်သလော။ ဥပမာအားဖြင့် မယုံကြည်သူများကို ပိုင်းခြားသိမြင်ရာတွင် ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြောင်း သင့်ကို ရှင်းလင်းစွာ ခွဲခြားနိုင်စေသည့် မယုံကြည်သူများ၏ ထုတ်ဖော်ခြင်းများကို သင် ပိုင်းခြားသိမြင်နိုင်သလော။ သင်သည် မယုံကြည်သူများတွင် မည်သည့်စရိုက်လက္ခဏာများနှင့် ဉာဉ်များ ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့သည် မည်သည့် လူ့သဘာဝဆိုင်ရာ ထုတ်ဖော်ခြင်းများကို ပြသသည်ကိုလည်းကောင်း၊ မည်သည့်စကားများကို ပြောဆိုသည်ကိုလည်းကောင်း၊ မည်သည့်လုပ်ဆောင်ချက်များကို လုပ်ဆောင်သည်ကိုလည်းကောင်း၊ မည်သည့်အတွေးအခေါ်များနှင့် ရှုမြင်ချက်များကို ပိုင်ဆိုင်သည်ကိုလည်းကောင်း သိရှိပါက သင်သည် မယုံကြည်သူများကို ပိုင်းခြားသိမြင်နိုင်သင့်ပေသည်။ ကောင်းသော အစွမ်းအစရှိသူတစ်ဦးသည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ ပေါ်ပေါက်လာသောအခါ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများ ဟုတ်မဟုတ်၊ အပျက်သဘောဆောင်သော အရာများ ဟုတ်မဟုတ်၊ အပြုသဘောဆောင်သော လူများ ဟုတ်မဟုတ်၊ အပျက်သဘောဆောင်သော လူများ ဟုတ်မဟုတ်၊ ၎င်းတို့သည် တရားမျှတခြင်း ရှိမရှိ၊ ဆိုးယုတ်ခြင်း ရှိမရှိ၊ မှန်ကန်ခြင်း ရှိမရှိ၊ မမှန်ကန်ခြင်း ရှိမရှိ ပိုင်းခြားသိမြင်နိုင်သည်။ ၎င်းတို့သည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ ဂုဏ်သတ္တိများကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး ယင်းတို့သည် လူ့သဘာဝ၊ သမ္မာတရားတို့နှင့် ကိုက်ညီမှုရှိမရှိကို ပိုင်းခြားသိမြင်နိုင်သည်။ ဤသည်မှာ ကောင်းသော အစွမ်းအစရှိသူ ဖြစ်သည်။ သို့ဆိုလျှင် သာမန်အစွမ်းအစရှိသော လူများမှာ မည်သို့နည်း။ ၎င်းတို့သည် သိသာထင်ရှားသော ဂုဏ်သတ္တိများရှိသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်သည်။ ဥပမာအားဖြင့် အချို့လူများက “ဘုရားက မည်သို့တည်ရှိနိုင်မည်နည်း။ သူ ဘယ်မှာနည်း။ သူတည်ရှိကြောင်းကို ကျွန်ုပ် အဘယ်ကြောင့် အတည်မပြုနိုင်ရသနည်း” ဟု ပြောကြသည်။ ဘုရားသခင်ကို သိသိသာသာ ငြင်းပယ်သည့် ဤကဲ့သို့သော စကားများအတွက်မူ ၎င်းတို့တွင် ပိုင်းခြားသိမြင်မှုအချို့ရှိပြီး ထိုသို့သောလူများသည် မယုံကြည်သူများနှင့် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း ပိုင်းခြားသိမြင်နိုင်သည်။ ၎င်းတို့သည် သိသာထင်ရှားသော ဆိုးယုတ်မှုနှင့် သိသိသာသာ အပျက်သဘောဆောင်သော၊ မတရားသော၊ ကောက်ကျစ်ဆိုးယုတ်သော အရာများကို ပိုင်းခြားသိမြင်နိုင်သော်လည်း အပေါ်ယံအားဖြင့် မှန်ကန်သလိုထင်ရပြီး မည်သူကမျှ မကြားဖူးသလောက်ဖြစ်ကာ ကြားနေအခြေအနေ သို့မဟုတ် ဒွိဟနယ်မြေထဲသို့ ကျရောက်နေသည့် အချို့အရာများအတွက်မူ ယင်းတို့ကို မခွဲခြားနိုင်သကဲ့သို့ မတူညီစွာ သဘောထားပြုမူနိုင်စွမ်းလည်း မရှိပေ။ ၎င်းတို့တွင် သိသာထင်ရှားသော မကောင်းမှုများကို ကျူးလွန်သည့် ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်နိုင်စွမ်း အမှန်ပင်ရှိသည်။ ထိုသို့သောလူသည် ဆိုးယုတ်ကြောင်း ၎င်းတို့သိပြီး ထိုကဲ့သို့ ဆိုးယုတ်သောလူတစ်ဦးသည် ခေါင်းဆောင်ဖြစ်လာပြီး အဆင့်အတန်းရရှိပါက သူသည် အန္တိခရစ်ဖြစ်လိမ့်မည်ဟု သိကြသည်။ သို့သော် ဤလူသည် စရိုက်ညံ့ဖျင်းပြီး ဒုစရိုက်အမှုများကို မကျူးလွန်သေးပါက သူသည် ဆိုးယုတ်သောလူအဖြစ် အမျိုးအစားခွဲခြားခံရနိုင်ခြင်း ရှိမရှိနှင့် သူသည် မည်သည့်ဆိုးယုတ်သော အမှုများကို ကျူးလွန်နိုင်သည်ကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်မည် မဟုတ်သကဲ့သို့ ဤလူ၏ ဂုဏ်သတ္တိများကိုလည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည် မဟုတ်ပေ။ ဤသည်မှာ သာမန်အစွမ်းအစရှိခြင်း ဖြစ်သည်။ အချို့လူများ၏ အပြုအမူသည် အလွန်သိသာထင်ရှားသည်၊ ဥပမာအားဖြင့် လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်မှုတွင် ပါဝင်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ လောကီအရာများကို လိုက်စားခြင်း၊ အတင်းအဖျင်းပြောခြင်းကို နှစ်သက်ခြင်း၊ အခြားသူများကို မကြာခဏ ဖိနှိပ်ခြင်းနှင့် အနိုင်ကျင့်ခြင်း သို့မဟုတ် လူသတ်ခြင်းနှင့် မီးရှို့ခြင်းတို့ကို ပြုလုပ်ကြရာ ဤလူများသည် လူကောင်းများမဟုတ်ဘဲ ဘုရားသခင် စက်ဆုပ်ရွံရှာသော လူများဖြစ်သည်ဟု ၎င်းတို့က ပြောကြလိမ့်မည်။ ၎င်းတို့သည် ဤသို့ ခွဲခြားနိုင်သည်။ သို့သော် မကြာခဏ အလှူဒါနပေးပြီး အခြားသူများကို ကူညီခြင်း၊ လူများအပေါ် စိတ်ရှည်ခြင်း၊ အခြားသူများနှင့် အတော်အသင့် သင့်မြတ်ခြင်းတို့ဖြင့် အပြင်ပန်းအပြုအမူ အလွန်ကောင်းမွန်ပုံရသော အချို့လူများအတွက်မူ အပေါ်ယံတွင် ထိုသူတို့၏ လူ့သဘာဝသည် အလွန်ကောင်းမွန်ပုံရကာ ထိုသူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များသည် အချိန်အများစုတွင် သမ္မာတရားနှင့် မကိုက်ညီဘဲ ထိုသူတို့၏ လုပ်ဆောင်ချက်များသည် သမ္မာတရားစည်းမျဉ်းများကို မကြာခဏ ချိုးဖောက်နေသည့်တိုင် ထိုသို့သောလူများသည် သမ္မာတရားကို လိုက်စားသူများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ထိုသူတို့သည် မည်သည့်အမျိုးအစားတွင် အတိအကျ ပါဝင်သည်ကိုဖြစ်စေ ၎င်းတို့ ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပေ။ သိသာထင်ရှားပြီး အလွယ်တကူ သမုတ်နိုင်သော ထိုလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအတွက်၊ ၎င်းတို့သည် မှန်ကန်ခြင်း ရှိမရှိ၊ မမှန်ကန်ခြင်း ရှိမရှိ၊ အမှန် ဟုတ်မဟုတ်၊ အမှား ဟုတ်မဟုတ်၊ တရားမျှတခြင်း ရှိမရှိ၊ ကောက်ကျစ်ဆိုးယုတ်ခြင်း ရှိမရှိ၊ ယင်းတို့သည် အပြုသဘောဆောင်ခြင်း ရှိမရှိ၊ အပျက်သဘောဆောင်ခြင်း ရှိမရှိ ၎င်းတို့ ပိုင်းခြားသိမြင်နိုင်သည်။ ၎င်းတို့သည် ထိုသို့သော အပြင်ပန်းကိစ္စများကို ခွဲခြားနိုင်သော်လည်း စည်းမျဉ်းများနှင့် အမှန်တကယ် သက်ဆိုင်ပြီး သမ္မာတရားနှင့် ဆက်စပ်နေသော ထိုလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့် ပတ်သက်လာသောအခါတွင်မူ ၎င်းတို့ မခွဲခြားနိုင်တော့ပေ။ မည်သည့်အရာများသည် သမ္မာတရားနှင့် သိသိသာသာ ကိုက်ညီပြီး မည်သည့်အရာများသည် သမ္မာတရားကို ချိုးဖောက်သည်ကို ၎င်းတို့ မပိုင်းခြားနိုင်ပေ။ ဤသည်မှာ သာမန်အစွမ်းအစရှိခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများသည် အတော်အသင့်ကောင်းမွန်သော အထည်ဖြင့်ပြုလုပ်ထားသည့် အဝတ်အစားများကို ဝတ်ဆင်ကြရာ ယင်းတို့သည် ကျက်သရေရှိပြီး အရည်အသွေးမြင့်ပုံပေါ်ကာ ၎င်းတို့ကို လောကရှိ အဆင့်မြင့်ပုဂ္ဂိုလ်များ သို့မဟုတ် ပညာတတ်အထက်တန်းလွှာများနှင့် တူစေသည်။ ဤအရာကိုမြင်လျက် သာမန်အစွမ်းအစရှိသော လူများက “ဤအဝတ်အထည်များသည် ဘာသာတရားမရှိသူများ နှစ်သက်သည့် အရာများဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သည့် လူများအနေဖြင့် ကျွန်ုပ်တို့သည် ယင်းတို့ကို မနှစ်သက်သင့်ပါ။ ဤအရာများသည် အပြုသဘောဆောင်သည့် အရာများ မဟုတ်ပါ” ဟု ပြောကြသည်။ ဤသို့ပြောခြင်းသည် မမှန်ကန်ပေ။ ဤအဝတ်အစားများသည် ညှို့ယူဖမ်းစားပုံ သို့မဟုတ် စွဲဆောင်မှုရှိပုံ မပေါ်ဘဲ ယင်းအစား ကျက်သရေရှိပြီး တည်ကြည်ကာ သင့်တင့်လျောက်ပတ်ပုံပေါ်သဖြင့် ဝတ်ဆင်သူကို ခံ့ညားစေသည်။ သို့သော် ဤလူများသည် ဝတ်ဆင်သူကို ခံ့ညားစေပြီး ကျက်သရေရှိစေသည့်အပြင် လက်ရှိခေတ်စားနေသော ထိုသို့သောအဝတ်အထည်များကို အပျက်သဘောဆောင်သော အရာများအဖြစ် သတ်မှတ်ပြီး ယင်းတို့သည် ကောက်ကျစ်ဆိုးယုတ်သည်ဟု ပြောကြသည်။ ဤသည်မှာ ဤအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိခြင်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ထိုသို့သောလူများ၏ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းသည် မည်သို့များ ရှိသနည်း။ အလွန်ဆုံးအနေဖြင့် သာမန်အဆင့်သာ ဖြစ်သည်။ ဤသည်မှာ သာမန်အစွမ်းအစရှိခြင်း ဖြစ်သည်။ ထိုသို့သောလူများသည် ဘာသာတရားမရှိသူများပင် ခွဲခြားနိုင်သည့် အချို့အရာများကိုပင် မခွဲခြားနိုင်ကြပေ။ ကောင်းသော အစွမ်းအစရှိသည့် ဘာသာတရားမရှိသူများသည် ကောင်းသော လူ့သဘာဝနှင့် ဆိုးသော လူ့သဘာဝကို ပိုင်းခြားသိမြင်နိုင်သော်လည်း ဤလူများကမူ မပိုင်းခြားနိုင်ကြပေ။ ဘုရားသခင်ကို ယုံကြည်ပြီးနောက် အယူဝါဒအချို့ကို နားလည်သော်လည်း ထိုသို့သောလူများသည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများကြားတွင် မခွဲခြားနိုင်ကြပေ။ ၎င်းတို့သည် သိသာထင်ရှားသော အရာများကို ပိုင်းခြားသိမြင်နိုင်သော်လည်း မသိသာထင်ရှားသော အရာများကိုမူ မပိုင်းခြားနိုင်ကြပေ။ ၎င်းတို့သည် သိသိသာသာ ဆိုးယုတ်သောလူများ၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်ပွားသည့် သိသာထင်ရှားသော ဖြစ်စဉ်များနှင့် စည်းမျဉ်းများကို ချိုးဖောက်သည့် သိသာထင်ရှားသော ဖြစ်စဉ်များကို ပိုင်းခြားသိမြင်နိုင်သော်လည်း အတော်အသင့် ထူးခြားသော၊ ချောက်ချားဖွယ် ဖြစ်ပြီး ထူးဆန်းသော၊ မထင်မရှား လျှို့ဝှက်ဖုံးကွယ်ထားသော အချို့သောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် ပတ်သက်လာသောအခါတွင်မူ ယင်းတို့ကို မပိုင်းခြားနိုင်ကြပေ။ အခြားသူများ၏ မိတ်သဟာယဖွဲ့ခြင်းနှင့် သတိပေးမှုများမှတစ်ဆင့် သို့မဟုတ် ထိုလူများကိုယ်တိုင်က သိသာထင်ရှားသော တစ်စုံတစ်ခုကို လုပ်ဆောင်မှသာ ၎င်းတို့ ပိုင်းခြားသိမြင်နိုင်သည်။ သို့မဟုတ်ပါက ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ ဤသည်မှာ ၎င်းတို့၏ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းသည် သာမန်အဆင့်ဖြစ်ကြောင်း ညွှန်ပြသည်။

မည်သို့သောအခြေအနေတွင်မဆို မည်သည့်လူ၊ ဖြစ်ရပ်၊ အမှုအရာကိုမျှ ပိုင်းခြားသိမြင်ခြင်း သို့မဟုတ် ယင်းတို့၏ ဂုဏ်သတ္တိများကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း မပြုနိုင်သည့် အချို့လူများ ရှိ၏။ ဥပမာအားဖြင့် လူအမျိုးအစားတစ်မျိုး၏ ဂုဏ်သတ္တိများ အတိအကျ မည်သို့ရှိသည်ကို အကဲဖြတ်ရာတွင် ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများ ဟုတ်မဟုတ်၊ မယုံကြည်သူများ ဟုတ်မဟုတ်၊ သမ္မာတရားကို လိုက်စားသူများ ဟုတ်မဟုတ်၊ ပျိုးထောင်ရန် သင့်တော်သူများ ဟုတ်မဟုတ် ဤအရာများကို ၎င်းတို့ မသိရှိကြသကဲ့သို့ မမြင်နိုင်ကြပေ။ ထိုသို့သောလူများသည် သရုပ်သကန်များစွာ ပြသပြီး အလွန်သိသာထင်ရှားသော ပြဿနာများ ရှိသည့်အခါတွင်ပင် ဤလူများကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း သို့မဟုတ် ၎င်းတို့၏ ဂုဏ်သတ္တိများကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခြင်း မရှိသေးပေ။ ဤသည်မှာ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ သာမန်ဖြစ်ပြီး အလွယ်တကူ ပိုင်းခြားသိမြင်နိုင်သော အချို့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ ပေါ်ပေါက်လာလျှင်ပင် ဤလူများသည် လူကောင်းများ ဟုတ်မဟုတ်၊ ဆိုးယုတ်သောလူများ ဟုတ်မဟုတ်၊ ဤအရာများသည် တရားမျှတသော ကိစ္စများ ဟုတ်မဟုတ်၊ ကောက်ကျစ်ဆိုးယုတ်သော ကိစ္စများ ဟုတ်မဟုတ် ၎င်းတို့ ရှင်းလင်းစွာ မပြောနိုင်ကြပေ။ ယင်းတို့ကို မည်သို့ခွဲခြားရမည် သို့မဟုတ် အမျိုးအစား သတ်မှတ်ရမည်ကို ၎င်းတို့မသိသကဲ့သို့ မည်သို့ အမျိုးအစားခွဲခြားရမည်ကိုလည်း မသိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး အခြားသူများနှင့် မိတ်သဟာယဖွဲ့ပြီးသည့်နောက်တွင်ပင် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးပေ။ အဆုံးတွင် ၎င်းတို့က “သင် ယင်းတို့ကို မည်သို့ပင် စရိုက်လက္ခဏာ သရုပ်ဖော်ပါစေ ယင်းမှာ ၎င်းတို့၏ ပကတိအခြေအနေပင် ဖြစ်သည်။ သင် ယင်းတို့ကို တရားမျှတသည်ဟု စရိုက်လက္ခဏာ သရုပ်ဖော်လျှင် ယင်းတို့သည် တရားမျှတသည်၊ သင် ယင်းတို့ကို ကောက်ကျစ်ဆိုးယုတ်သည်ဟု စရိုက်လက္ခဏာ သရုပ်ဖော်လျှင် ယင်းတို့သည် ကောက်ကျစ်ဆိုးယုတ်သည်” ဟု ပြောဆိုကာ အခြားသူများကို ၎င်းတို့အတွက် ဆုံးဖြတ်ခိုင်းကြသည်။ အတိုချုပ်အားဖြင့် ၎င်းတို့ကိုယ်တိုင် အဓိပ္ပာယ်ဖွင့်ဆိုချက်များ မပြုလုပ်နိုင် သို့မဟုတ် ကောက်ချက်မချနိုင်ကြပေ။ မည်သို့သော အခြေအနေတွင်မဆို ကောက်ချက်ချရမည့်အချိန်တိုင်းတွင် ၎င်းတို့သည် မည်သည့်အရာလုပ်ရမှန်းမသိ ဖြစ်သွားပြီး ပြောစရာစကားမရှိတော့ပေ။ ဤသည်မှာ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခြင်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) အရိုးရှင်းဆုံးသော အပြင်ပန်းဖြစ်စဉ်တစ်ခုနှင့်ပင် ယင်း၏သဘောသဘာဝနှင့် ဂုဏ်သတ္တိများ မည်သို့ရှိသည်ကို ပိုင်းခြားသိမြင်ရန် သင်က ၎င်းတို့ကို တောင်းဆိုပါက ၎င်းတို့ မသိကြပေ။ သို့ရာတွင် ၎င်းတို့တွင် လှည့်ကွက်တစ်ခုရှိသည်၊ ၎င်းတို့သည် လူတစ်ဦး ပြောဆိုလုပ်ဆောင်ခဲ့သည်များကို ပြန်လည်ပြောပြရင်း ရေပက်မဝင် မပြီးနိုင်အောင် ပြောဆိုနိုင်သည်။ သို့သော် သင်က ၎င်းတို့ကို “ဤလူသည် အမှန်တကယ် စစ်မှန်သော ယုံကြည်သူ ဟုတ်သလား သို့မဟုတ် မဟုတ်ဘူးလား။ သူသည် ဘုရားသခင်အတွက် ဧရာမ ရည်သန်မျှော်မှန်းချက် ရှိသူတစ်ဦးလား” ဟု မေးပါက ၎င်းတို့က “အင်း၊ သူသည် ဘုရားသခင်ကို ဆယ်နှစ်ကျော်ကြာ ယုံကြည်လာပြီး သူ၏ မိသားစုနှင့် အလုပ်အကိုင်တို့ကို စွန့်လွှတ်ခဲ့သည်။ သူ့ကလေး သုံးနှစ် သို့မဟုတ် လေးနှစ်အရွယ်တွင် သူမအား ညီအစ်ကိုမောင်နှမများထံ အပ်နှံပြီး သူ၏ တာဝန်ကို ထမ်းဆောင်ရန် အိမ်မှ ထွက်ခွာခဲ့သည်” ဟု ပြန်ဖြေကြသည်။ ၎င်းတို့တွင် ကိုယ်ကျိုးရှာ တွက်ချက်မှုများ အမှန်ပင်ရှိသည်၊ ၎င်းတို့ကိုယ်တိုင် ကောက်ချက်ချခြင်းကို ရှောင်ကြဉ်ပြီး သင့်ကို ဆုံးဖြတ်စေသည်။ သင်က ၎င်းတို့ကို “သို့ဆိုလျှင် ဤလူသည် သမ္မာတရားကို လက်ခံသူတစ်ဦးလား” ဟု မေးပါက ၎င်းတို့က “အင်း၊ သူ အသင်းတော်ခေါင်းဆောင် ဖြစ်လာကတည်းက မနက်စောစောထပြီး ညဉ့်နက်မှ အိပ်သည်။ သူ သမ္မာတရားကို လက်ခံသည့်သူ ဟုတ်မဟုတ်နှင့် ပတ်သက်ပါက တစ်ခါက ညီအစ်ကိုမောင်နှမများက သူ၏ ပြဿနာအချို့ကို သူ့အား ထောက်ပြသည့်အခါတွင် သူက သူ ဘုရားသခင်ကို အကြွေးတင်ပြီး ကောင်းကောင်းမလုပ်ခဲ့ပါပြောလျက် ချက်ချင်းပင် ငိုကြွေးခဲ့သည်” ဟု ပြန်ဖြေကြသည်။ “ပြီးလျှင် နောက်ပိုင်း၌ သူနောင်တရပြုပြင်ခဲ့သေးသလား” “အင်း၊ ထိုအချိန်က သူ့သဘောထားသည် အတော်လေး ကောင်းမွန်ပါသည်” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့သည် သင့်အပေါ် သတင်းအချက်အလက်များ ပုံပေးရသည်ကို နှစ်သက်ကြသည်၊ ၎င်းတို့သည် အခြေအမြစ်ရှိကြောင်း၊ အရာအားလုံးကို သိကြောင်း၊ လူများကို မည်သို့ရှုမြင်ရမည်ကို သိကြောင်း သင့်ကိုပြသပြီး သင့်ကို ၎င်းတို့အား လျှော့မတွက်စေရန် တားဆီးကြသည်။ လက်တွေ့တွင်မူ ၎င်းတို့သည် လူများကို မပိုင်းခြားနိုင်သကဲ့သို့ ကောက်ချက်လည်း မချနိုင်ကြပေ။ ၎င်းတို့သည် သင့်အား ဖြစ်စဉ်များနှင့် သတင်းအချက်အလက်များ အစုအပုံလိုက်ကို ပြောပြပြီး ဤလူသည် မည်သို့သောလူစားမျိုးဖြစ်သည်ကို ပိုင်းခြားသိမြင်ရန်နှင့် ဤလူနှင့်ပတ်သက်၍ ကောက်ချက်ချကာ သူ၏ ဂုဏ်သတ္တိများကို အဓိပ္ပာယ်ဖွင့်ဆိုရန် သင့်အပေါ် ပုံအပ်ထားကြသည်။ သင်က “ဤလူကို အခြေခံအားဖြင့် သမ္မာတရားကို လက်ခံသူတစ်ဦးအဖြစ် မှတ်ယူနိုင်သည်။ သူသည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ စိတ်အားထက်သန်မှုရှိပြီး စစ်မှန်သော ယုံကြည်သူဖြစ်သည်။ သူသည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သောကြောင့်သာ သမ္မာတရားကို လက်ခံလိုစိတ် ရှိသော်လည်း လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို မည်သည့်အခါမျှ ရှာမတွေ့နိုင်ဘဲ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်” ဟု ပြောသည်။ ၎င်းတို့က “သူသည် ကျွန်ုပ်၏ အမြင်တွင် သဘောပေါက်နားလည်နိုင်စွမ်း ရှိသူတစ်ဦးနှင့် မတူပါ။ မနှစ်မြို့စရာတစ်ခုခုကို သူပြောလိုက်သည့်အခါတိုင်းတွင် သူ ငိုကြွေးသည်။ ယင်းမှာ အစဉ်သဖြင့် ထိုသဘောထားသာ ဖြစ်သည်” ဟု ပြန်ဖြေကြသည်။ မြင်သလော။ ၎င်းတို့ကိုယ်တိုင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသော်လည်း သူတစ်ပါးစကားကို အမှီပြုပြီး ပြောဆိုရာတွင်မူ အတော်လေး တော်ကြသည်။ ယင်းမှာ ပြဿနာပင် မဟုတ်လော။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောလူများ၏ အဖြစ်အများဆုံး သရုပ်သကန်မှာ ၎င်းတို့သည် ဖြစ်စဉ်များ၊ သတင်းအချက်အလက်များ၊ ခက်ခဲသောပြဿနာများ၊ ဖြစ်ရပ်အဆင့်ဆင့် သို့မဟုတ် အခြေအနေတစ်ခုအကြောင်း ၎င်းတို့လေ့လာတွေ့ရှိခဲ့သမျှ အရာအားလုံးကို သင့်အား ပြောပြရသည်ကို နှစ်သက်ပြီး ထို့နောက်တွင် သင်က ယင်းကို အဓိပ္ပာယ်ဖွင့်ဆိုသည်ကို စောင့်ဆိုင်းကြခြင်း ဖြစ်သည်။ သင် အဓိပ္ပာယ်ဖွင့်ဆိုပြီးနောက်တွင် သင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ကောင်းသည်ဟု ၎င်းတို့ထင်ပြီး လက်ခံနိုင်သည်။ လက်ခံပြီးနောက်တွင်လည်း သင်သည် အဘယ်ကြောင့် ဤသို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်ကို ၎င်းတို့ မသိကြသေးပေ။ သင်၏ကောက်ချက်နောက်ကွယ်ရှိ အခြေခံအကြောင်းရင်း သို့မဟုတ် စည်းမျဉ်းများကို ၎င်းတို့မသိသကဲ့သို့ အဆိုပါလူအမျိုးအစားကို မည်သို့ဆက်ဆံရမည်ကိုဖြစ်စေ၊ မည်သို့ကိုင်တွယ်ရမည်ကိုဖြစ်စေ မသိကြပေ။ ဤအရာများအနက် တစ်ခုကိုမျှ ၎င်းတို့မသိကြပေ။ မိတ်သဟာယဖွဲ့ခြင်းနှင့် လေ့လာခြင်းများ ပြုလုပ်ပြီးသည့်နောက်တွင်ပင် ၎င်းတို့ နားမလည်ကြသေးပေ။ ဤသည်မှာ ၎င်းတို့တွင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိကြောင်း ပြသသည်၊ ဤသည်မှာ အစွမ်းအစမရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် အဖြစ်မှန်များကို လွဲချော်စေခြင်းနှင့် အရာတစ်ခုကို အခြားတစ်ခုနှင့် ရောထွေးခြင်းဟူသော အမှားကိုလည်း မကြာခဏ ကျူးလွန်ကြသည်။ မည်သည့်ပြဿနာကိုပင် ၎င်းတို့ မှတ်ချက်ပေးပါစေ ကိစ္စရပ်၏ အရင်းအမြစ် သို့မဟုတ် အနှစ်သာရကို ဆုပ်ကိုင်ရန် ပျက်ကွက်ပြီး အပြင်ပန်းဖြစ်စဉ်များကိုသာ အခြေခံ၍ ကောက်ချက်ချကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် အန္တိခရစ်၏ မကောင်းမှုပြုခြင်းကို ပြစ်မှားခြင်းတစ်ခုအဖြစ် ဖော်ပြပြီး အန္တိခရစ်က ယင်းကို အသိအမှတ်ပြုနေသမျှ ၎င်းတို့ ပြုပြင်ပြောင်းလဲနိုင်သည်ဟု ယုံကြည်ကြသည်။ ရိုးသားသောသူတစ်ဦး လိမ်ညာပြောဆိုသည်ကို တွေ့မြင်ပါက ၎င်းကို လှည့်ဖြားတတ်သောသူတစ်ဦးအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ကြသည်။ တစ်စုံတစ်ဦးသည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်နေသည်ကို တွေ့မြင်ပါက ၎င်းကို ဆိုးယုတ်သောလူတစ်ဦးအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ကြသည်။ ဤသည်တို့မှာ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောလူများ မကြာခဏ ကျူးလွန်လေ့ရှိသော အမှားအမျိုးအစားများ ဖြစ်သည်။

လူတိုင်းအတွက် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းသည် ဘဝတွင် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့် ရင်ဆိုင်ရသည့်အခါ ပိုင်ဆိုင်သင့်သော အစွမ်းအစတစ်မျိုး ဖြစ်သည်။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းတွင် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အနှစ်သာရကို ပိုင်းခြားသိမြင်ခြင်းသာမက ယင်းတို့၏ ဂုဏ်သတ္တိများကို သတ်မှတ်ခြင်းလည်း ပါဝင်သည်။ ဤဂုဏ်သတ္တိများကို သင် ပို၍တိကျစွာ သတ်မှတ်နိုင်လေ၊ သင်သည် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ပို၍မြင့်မားကြောင်း သက်သေပြလေ ဖြစ်သည်။ သင်၏သတ်မှတ်ချက်များသည် သိပ်မတိကျဘဲ သင်၏သတ်မှတ်ချက်များနှင့် ကိစ္စရပ်၏ အနှစ်သာရနှင့် အရင်းအမြစ်ကြားတွင် ကွာဟချက်တစ်ခုရှိပါက သင်၏ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းသည် သာမန်အဆင့်ဖြစ်ကြောင်း သက်သေပြသည်။ သင်သည် လူ၊ ဖြစ်ရပ်နှင့် အမှုအရာများ၏ ဂုဏ်သတ္တိများကို မသတ်မှတ်နိုင်သကဲ့သို့ ဤဂုဏ်သတ္တိများကို ထွင်းဖောက်မမြင်နိုင်ပါက သင်၌ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိကြောင်း သက်သေပြသည်။ ဥပမာအားဖြင့် လူတစ်ဦးနှင့်ပတ်သက်လာလျှင် သင်သည် သူ၏ သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများစွာကိုသာ ဖော်ပြနိုင်ပြီး သူ၏အနှစ်သာရကို ထွင်းဖောက်မမြင်နိုင်ဟု ဆိုကြပါစို့။ ဆိုလိုသည်မှာ သင်က ဤလူသည် မည်သို့ အပျက်သဘောဆောင်တတ်သည် သို့မဟုတ် သူ့တွင် မည်သည့်အားသာချက်များရှိသည်ကိုသာ ပြောနိုင်သည်၊ ဤလူအပေါ် ဖြစ်ပျက်ခဲ့သော အရာများစွာကိုသာ သင် ပြောနိုင်သည်၊ သို့တိုင်အောင် သူ၏ စရိုက်၊ အစွမ်းအစ သို့မဟုတ် သမ္မာတရားအပေါ် ထားရှိသော သဘောထားကို သင်မသိ၊ ဤအနှစ်သာရပိုင်းဆိုင်ရာ ပြဿနာများကို သင် ထွင်းဖောက်မမြင်နိုင်၊ သူ၏ပတ်ဝန်းကျင်တွင် ပေါ်ပေါက်သော သို့မဟုတ် ဖြစ်ပွားသော လူ၊ ဖြစ်ရပ်နှင့် အမှုအရာများအတွက် သင့်တွင် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပေ။ ထိုသို့သောအရာများသည် မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ တရားမျှတသည်ဖြစ်စေ၊ ကောက်ကျစ်ဆိုးယုတ်သည်ဖြစ်စေ၊ အပြုသဘောဆောင်သော အရာများဖြစ်စေ၊ အပျက်သဘောဆောင်သော အရာများဖြစ်စေ၊ ကောင်းသော လူ့သဘာဝ၏ သရုပ်သကန်များဖြစ်စေ၊ ဆိုးယုတ်သော လူ့သဘာဝ၏ သရုပ်သကန်များဖြစ်စေ ဤအရာများအနက် တစ်ခုကိုမျှ သင် ထွင်းဖောက်မြင်နိုင်ခြင်း သို့မဟုတ် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ သင်သည် သမ္မာတရားမည်မျှ ကြားဖူးသည်ဖြစ်စေ သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မည်မျှ နားထောင်ဖူးသည်ဖြစ်စေ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင် ပိုင်းခြားသိမြင်ခြင်း သို့မဟုတ် ခွဲခြားခြင်း မပြုနိုင်သေးပေ။ သင်၏ စိတ်နှလုံးထဲတွင် လူ၊ ဖြစ်ရပ်နှင့် အမှုအရာ အမျိုးအစားတစ်ခုအတွက်မျှ အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိပေ။ ဤသည်မှာ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခြင်းဖြစ်ပြီး အစွမ်းအစမရှိခြင်း၏ သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။

အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောလူများသည် မိမိကိုယ်ကို သတိပြုမိခြင်းမရှိဘဲ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ပါက ၎င်းတို့ ကျူးလွန်ရန် ဖြစ်နိုင်ချေ အရှိဆုံးသော အမှားမှာ အဘယ်နည်း။ ယင်းမှာ အခြားလူများပြသသော သရုပ်သကန်အနည်းငယ်ကို ဆုပ်ကိုင်ပြီးနောက် ၎င်းတို့ကို မဆင်မခြင် သမုတ်ကာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အချို့လူများသည် အနည်းငယ် ဇွတ်တရွတ်နိုင်သည်ကို ၎င်းတို့မြင်သောအခါ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့်တူသည်၊ နတ်ဆိုးများဖြစ်သည်ဟု ပြောကြသည်၊ ဤသည်မှာ ကြီးမားသော အမှားတစ်ခုပင် မဟုတ်လော။ ထိုလူများသည် အနည်းငယ် ဇွတ်တရွတ်နိုင်ရုံသာဖြစ်ပြီး မိသားစုအခြေအနေ သို့မဟုတ် ကြီးပြင်းလာသော ပတ်ဝန်းကျင်ကြောင့် မကောင်းသော နေထိုင်မှုအလေ့အထအချို့ ဖွဲ့စည်းခဲ့ခြင်း သို့မဟုတ် မကောင်းသော အလေ့အကျင့်များနှင့် အပြစ်အနာအဆာအချို့ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် ဤလူများ၏ စရိုက်သည် ကြင်နာခြင်း မရှိသော်လည်း ဆိုးယုတ်ခြင်းလည်း မရှိသောကြောင့် ၎င်းတို့ကို ဆိုးယုတ်သောလူများဟု မခေါ်နိုင်ပေ။ သို့သော် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောသူများသည် ဤလူများထဲမှ တစ်ဦးပြောသော စကားအနည်းငယ် သို့မဟုတ် ၎င်းလုပ်သော အမှုအရာ တစ်ခုနှစ်ခုကို ဆုပ်ကိုင်ပြီးနောက် “ဤလူသည် ထူးဆန်းပြီး မပေါင်းသင်းတတ်ကာ ဇွတ်တရွတ်နိုင်သော စရိုက်ရှိသည်။ သူသည် ဆိုးယုတ်သောလူတစ်ဦး ဖြစ်သည်” ဟု ပြောဆိုကာ မျက်စိစုံမှိတ် အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်သည် မှားယွင်းသည်။ အမှန်တကယ် ဆိုးယုတ်သောလူများသည် နှစ်လိုဖွယ်စကားများ ပြောဆိုပြီး လူများကို ချော့မော့ပြောဆိုကြလိမ့်မည်။ ၎င်းတို့တွင် နည်းဗျူဟာများ ရှိသည်၊ ၎င်းတို့သည် ဖုံးကွယ်လှည့်ဖြားမည်ဖြစ်ပြီး လူများကို ကစားကြလိမ့်မည်။ အချို့ ဆိုးယုတ်သောလူများသည် ပေးကမ်းစွန့်ကြဲခြင်း၊ အခြားသူများကို ကူညီခြင်းနှင့် စိတ်ရှည်ခြင်းတို့ကိုပင် ပြုလုပ်နိုင်သည်။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောသူများသည် ဤကဲ့သို့သော လူတစ်ဦးအကြောင်း “ဤလူသည် အလွန်ကောင်းသည်၊ သူသည် စစ်မှန်သော ယုံကြည်သူဖြစ်သည်” ဟု ပြောကြလိမ့်မည်၊ သို့သော် လက်တွေ့တွင် ထိုလူသည် ဟန်ဆောင်သော ဖာရိရှဲတစ်ဦး ဖြစ်သည်။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောသူများသည် လူများ၏ အနှစ်သာရကို ထွင်းဖောက်မမြင်နိုင်ကြပေ။ ရွေးကောက်ပွဲများအတွင်းတွင် ၎င်းတို့သည် ဆိုးယုတ်သောလူများကို ခေါင်းဆောင်ဖြစ်လာရန် မဲပင်ပေးကြသည်။ ဤသည်မှာ အဘယ်အရာနှင့် ညီမျှသနည်း။ ဤသည်မှာ မကောင်းမှုကို အားပေးကူညီခြင်းနှင့် ညီမျှသည်။ အချို့ ဆိုးယုတ်သောလူများသည် ၎င်းတို့၏ ဆိုးယုတ်မှုကို အပြုအမူတွင် မပြသကြသကဲ့သို့ ထုတ်လည်း မထုတ်ဖော်ကြပေ။ ၎င်းတို့၏ ဆိုးယုတ်မှုသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ရှိသည်။ ၎င်းတို့လုပ်ဆောင်သော အမှုအရာများသည် ရည်ရွယ်ချက်ရှိရှိဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များအားလုံးတွင် လျှို့ဝှက်သော သဘောသဘာဝတစ်ခု ရှိသည်။ သင်မြင်နိုင်သော ၎င်းတို့လုပ်ဆောင်သည့် အမှုအရာများသည် ၎င်းတို့၏ စစ်မှန်သော ရည်ရွယ်ချက်များကို အမှန်တကယ် ထင်ဟပ်ပြသခြင်းမရှိပေ။ ၎င်းတို့၏ စစ်မှန်သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်ထားလျက်ရှိသည်။ လူတစ်ဦးသည် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး ခွဲခြားသိမြင်နိုင်ခြင်း မရှိပါက ထိုသူတို့ကို လူကောင်းများအဖြစ်၊ သမ္မာတရားကို လိုက်စားသူများအဖြစ် အလွယ်တကူ မှတ်ယူနိုင်သည်။ အချို့လူများသည် ပွင့်လင်းသော စရိုက်ရှိပြီး အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ မည်သည့်နည်းဗျူဟာကိုမျှ အသုံးမပြုကြပေ။ ၎င်းတို့သည် တိုက်ရိုက်ပြောဆိုတတ်ကြပြီး စရိုက်နှင့် စိတ်နေစိတ်ထားအရ အနည်းငယ် စိတ်တိုစိတ်ဆတ်တတ်ကြသည်။ ၎င်းတို့၏ လူ့သဘာဝတွင် အမှန်တကယ် ကြီးမားသော ပြဿနာများမရှိပေ၊ တစ်ခါတစ်ရံ ၎င်းတို့၏ စကားပြောသံသည် ခပ်ပြတ်ပြတ်ဖြစ်ရုံသာ ရှိသည်။ သို့ရာတွင် ၎င်းတို့ထုတ်ဖော်ပြသသောအရာသည် ၎င်းတို့အတွင်းစိတ်ထဲတွင် တွေးထင်နေသည့်အရာ အတိအကျပင်ဖြစ်သည်။ ၎င်းတို့အတွင်းစိတ်ထဲတွင် မည်သည့်အရာကိုတွေးထင်နေပါစေ ၎င်းကို အပြင်သို့ ထုတ်ဖော်ပြသကြသည်။ အခြားသူများက ဤလူများသည် လူတိုင်းနှင့် မည်သို့ရောနှောဆက်ဆံရမည်ကို မသိ၊ မည်သို့ပေါင်းသင်းဆက်ဆံရမည်ကို မသိဟု မကြာခဏ ထင်မြင်ကြပြီး ဤလူများသုံးသော စကားပြောပုံစံကို အသားမကျကြပေ။ ထိုသို့သောလူများသည် အထူးသဖြင့် ခပ်ပြတ်ပြတ်နှင့် တိုက်ရိုက်ပြောဆိုတတ်ကြပြီး အခြားသူများကို အစဉ်သဖြင့် မရည်ရွယ်ဘဲ ထိခိုက်စေတတ်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် လူတိုင်းကို ထိခိုက်စေခဲ့ပြီး လူများသည် ၎င်းတို့အပေါ် ကောင်းသောခံစားချက်များ မထားရှိတော့ပေ။ ပိုင်းခြားသိမြင်မှုမရှိသော အချို့က ဤကဲ့သို့သော လူတစ်ဦးသည် ဆိုးယုတ်သည်ဟု ပြောကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် မဆိုးယုတ်ကြပေ။ သင်က ၎င်းတို့သည် ဆိုးယုတ်သည်ဟု ဆိုပါက ၎င်းတို့ အခြားသူများကို ညှဉ်းပန်းခဲ့သည့် အချက်အလက်များကို ထုတ်ပြလော့။ ၎င်းတို့သည် မည်သူ့ကို ညှဉ်းပန်းခဲ့သနည်း သို့မဟုတ် ဖိနှိပ်ခဲ့သနည်း။ မည်သူ့ကို ထိခိုက်စေခဲ့သနည်း သို့မဟုတ် လှည့်ဖြားခဲ့သနည်း။ ဤလူသည် ဆိုးယုတ်သောလူတစ်ဦးဖြစ်ကြောင်း သက်သေပြသည့် အဖြစ်မှန် အကြောင်းရင်း အမှန်တကယ်ရှိပါက ၎င်းသည် စကားဖြင့်သာ အခြားသူများကို ထိခိုက်စေခြင်းမဟုတ်ဘဲ ၎င်း၏ စိတ်နှလုံးနက်ရှိုင်းရာတွင်လည်း ဆိုးယုတ်မှုရှိပြီး အခြားသူများကို အမှန်တကယ် ထိခိုက်စေပါက ၎င်းကို ဆိုးယုတ်သောလူတစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။ ၎င်းသည် အခြားသူများကို ထိခိုက်စေရန် ရည်ရွယ်ချက်မရှိပါက ၎င်းသည် ဆိုးယုတ်သောလူတစ်ဦး မဟုတ်ပေ။ ၎င်းသည် ပွင့်လင်းသော စရိုက်ရှိပြီး ခပ်ပြတ်ပြတ် ပြောဆိုတတ်ရုံသာဖြစ်သည်။ ဤသည်မှာ မွေးရာပါဖြစ်သည်။ ခပ်ပြတ်ပြတ် ပြောဆိုခြင်းသည် အလွန်ဆုံးအနေဖြင့် ၎င်းတို့၏ လူ့သဘာဝ၏ အပြစ်အနာအဆာနှင့် ချို့ယွင်းချက်တစ်ခုသာ ဖြစ်သည်။ ၎င်းတို့သည် စကားပြောသည့်အခါ လိမ္မာပါးနပ်စွာပြောဆိုရန်နှင့် မိမိတို့ကိုယ်ကို အခြားသူများနှင့် တန်းတူထားရန် မသိကြ၊ အခြားလူများအပေါ် သည်းခံခွင့်လွှတ်မှုပြသရန်၊ အခြားသူများကို လိုက်လျောညီထွေရှိရန်နှင့် သည်းခံတတ်ရန်၊ အခြားသူများ၏ ခံစားချက်များကို အလေးထားရန် မသိကြပေ။ ဤအရာများအနက် တစ်ခုကိုမျှ ၎င်းတို့မသိကြပေ။ ၎င်းတို့၏ လူ့သဘာဝတွင် ချို့တဲ့နေသော အရာများရှိသည်။ သို့သော် ပိုင်းခြားသိမြင်မှုမရှိသော အချို့လူများသည် ထိုသို့သော ပုဂ္ဂိုလ်များကို ဆိုးယုတ်သောလူများအဖြစ် မှတ်ယူကြသည်။ အမှန်တကယ်တွင် ဤပုဂ္ဂိုလ်များသည် အမှုအရာများကို လုပ်ဆောင်သည့်အခါ အချိန်အများစုတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြသည်။ ၎င်းတို့သည် အခြားသူများနှင့် စကားပြောသည့်အခါ အနည်းငယ် ခပ်ပြတ်ပြတ်ရှိသော်လည်း မည်သူ့ကိုမျှ မထိခိုက်စေခဲ့သကဲ့သို့ လူများကို ထိခိုက်စေလိုသော ရည်ရွယ်ချက်လည်း မရှိကြပေ။ ၎င်းတို့သည် စကားပြောရာတွင် နည်းလမ်းမကျခြင်းနှင့် အခြေအနေကို မထောက်ထားခြင်းသာ ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်များ၏ လူ့သဘာဝတွင် အချို့သော ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများကြောင့် အခြားလူများစွာက ၎င်းတို့ကို ဆိုးယုတ်သောလူများဟု မှားယွင်းစွာ ထင်မြင်ကြသည့်တိုင် ၎င်းတို့ မကောင်းမှုပြုခဲ့သည့် သက်သေအထောက်အထား တစ်ခုမျှ မပြနိုင်ကြပေ။ ဤသည်မှာ မှားယွင်းသော သုံးသပ်ဆုံးဖြတ်ချက်ဖြစ်ပြီး ထိုသို့သော ပုဂ္ဂိုလ်များကို မှားယွင်းစွာ စရိုက်လက္ခဏာ သတ်မှတ်ခြင်း ဖြစ်သည်။ အမှန်တကယ် ဆိုးယုတ်သော ပုဂ္ဂိုလ်များသည် အပြင်ပန်းအားဖြင့် အခြားသူများကို မထိခိုက်စေကာမူ ၎င်းတို့သည် အလှူဒါနပေးပြီး အခြားသူများကို ကူညီတတ်ကာ ၎င်းတို့၏ စကားများသည် နားလည်မှု၊ စာနာမှု၊ ဂရုစိုက်မှုနှင့် လိုက်လျောညီထွေရှိမှုကို ပြသနိုင်ပြီး ဤပုဂ္ဂိုလ်များသည် အခြားသူများအပေါ် သည်းခံခွင့်လွှတ်မှုနှင့် ချစ်ခြင်းမေတ္တာကိုပင် ပြသနိုင်သည်၊ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်ချက်များသည် အလွန်ကောင်းမွန်ပုံရနိုင်သည်၊ သို့သော် အချို့သော အထူးအခြေအနေများ သို့မဟုတ် အထူးကိစ္စရပ်များတွင် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင်မူ ၎င်းတို့သည် အခြားသူများကို ဖိနှိပ်ခြင်း၊ ထိခိုက်စေခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်းတို့ကို ပြုလုပ်နိုင်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို လုံးဝပင် ကာကွယ်စောင့်ရှောက်မည် မဟုတ်ပေ။ တစ်စုံတစ်ခုသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် မသက်ဆိုင်လျှင်ပင်၊ အသေးအဖွဲမျှသာ လုပ်ဆောင်ရမည်ဆိုလျှင်ပင် ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည် မဟုတ်သေးပေ။ ထိုသို့သော ပုဂ္ဂိုလ်များ အပြင်ပန်းအားဖြင့် အသက်ရှင်နေထိုင်သည့်အရာသည် အလွန်ကောင်းမွန်ပုံရပြီး အပြင်ပန်းမှကြည့်လျှင် ၎င်းတို့၏ လူ့သဘာဝတွင် အပြစ်အနာအဆာများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်သော်လည်း ၎င်းတို့သည် အမှန်တကယ်တွင် ဆိုးယုတ်သောလူများ စစ်စစ်ဖြစ်ကြသည်။ လူများစွာသည် ထိုသို့သော ပုဂ္ဂိုလ်များကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြဘဲ ၎င်းတို့၏ နည်းဗျူဟာများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ အတွေးအခေါ်များနှင့် ၎င်းတို့၏ အကြံအစည်များနှင့် ပရိယာယ်များကြောင့် မျက်စိကွယ်နေကြသည်။ ဤအမျိုးအစားဝင် ပုဂ္ဂိုလ်တစ်ဦး၏ သဘာဝ အနှစ်သာရနှင့် ၎င်းတို့၏ မကောင်းမှုပြုခြင်းဆိုင်ရာ အချက်အလက်များ ဖော်ထုတ်ခံရပါက ဤလူများသည် ၎င်းကို လက်မခံရုံသာမက ထိုပုဂ္ဂိုလ်ကို လူကောင်းတစ်ဦးအဖြစ်၊ ဘုရားသခင်၏ အိမ်တော်က ပျိုးထောင်ပြီး အရေးကြီးသော အခန်းကဏ္ဍပေးသင့်သည့် သူတစ်ဦးအဖြစ် မှတ်ယူကြသေးသည်။ ၎င်းတို့သည် ထိုသို့သော ပုဂ္ဂိုလ်များကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ကြသည်။ ဤလူများသည် လူတစ်ဦးကို ဘုရားသခင်၏ နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားစည်းမျဉ်းများနှင့်အညီ အကဲဖြတ်နိုင်ခြင်း ရှိမရှိကို မပြောဘဲ ၎င်းတို့၏ အစွမ်းအစကိုသာ ကြည့်ကြစို့၊ ၎င်းတို့သည် ဤသိသာထင်ရှားသော ဆိုးယုတ်သည့် ပုဂ္ဂိုလ်များကိုပင် လူကောင်းများအဖြစ် မှတ်ယူကြပြီး ဤပုဂ္ဂိုလ်များ၏ မကောင်းမှုပြုခြင်းဆိုင်ရာ အချက်အလက်များ ရှိသည့်အခါတွင်ပင် ၎င်းတို့ကို လူကောင်းများအဖြစ် ဆက်လက်မှတ်ယူကြသည်။ ဤသည်မှာ ၎င်းတို့သည် လုံးဝ နားဝေတိမ်တောင်ဖြစ်ကြောင်း ဆိုလိုသည်။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောလူများသည် ဉာဏ်ရည်နိမ့်ကျသူများနှင့် အရူးအနှမ်းဖြစ်ရုံသာမက နားဝေတိမ်တောင်လည်း ဖြစ်ကြသည်။ ဤဆိုးယုတ်သော ပုဂ္ဂိုလ်များသည် အခြားသူများကို ဖိနှိပ်ပြီး ညှဉ်းပန်းခဲ့ကာ လူများကို ကစားရန် နည်းဗျူဟာအမျိုးမျိုးကို အသုံးပြုခဲ့ကြသည့်တိုင် ဤလူများသည် ဤအရာကို ဆိုးယုတ်သည်ဟု မမှတ်ယူဘဲ ယင်းသည် ဆိုးယုတ်ကြောင်း မမြင်နိုင်ကြပေ။ ထို့အပြင် ဆိုးယုတ်သောလူများ၏ သိသာထင်ရှားသော သရုပ်သကန်တစ်ခု ရှိသေးသည်၊ ယင်းမှာ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မည်သည့်အခါမျှ မကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည်။ တစ်ကြိမ်တစ်ခါမျှပင် မကာကွယ်ပေ။ ၎င်းတို့သည် စကားတစ်ခွန်းသာ ပြောရမည် သို့မဟုတ် အသေးအဖွဲမျှသာ လုပ်ဆောင်ရမည်ဆိုလျှင်ပင် ယင်းတို့ကို ကာကွယ်စောင့်ရှောက်ဦးမည် မဟုတ်သေးပေ၊ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးလုံခြုံမှု သို့မဟုတ် ၎င်းတို့၏ အဆင့်အတန်း ဂုဏ်သတင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက်မူ ပြောစရာပင်မရှိပေ။ ထိုသို့သောအခြေအနေများတွင် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ပို၍ပင် ကာကွယ်စောင့်ရှောက်မည် မဟုတ်ပေ။ အချို့လူများသည် ဤသိသာထင်ရှားသော ဆိုးယုတ်သည့် ပုဂ္ဂိုလ်များကို ထွင်းဖောက်မမြင်နိုင်ကြပေ။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများတွင် အစွမ်းအစ ရှိသလော။ ဆိုးယုတ်သောလူများတွင် ဆိုးယုတ်သော အနှစ်သာရရှိသည်၊ ၎င်းတို့သည် မည်သူ့ကိုမဆို ဖိနှိပ်လိမ့်မည်။ မည်သူပင်ဖြစ်စေ၊ လူတစ်ဦးသည် ၎င်းတို့၏ အဆင့်အတန်း သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်နေသမျှကာလပတ်လုံး ထိုလူသည် ၎င်းတို့၏ ဖိနှိပ်မှုပစ်မှတ် ဖြစ်လာသည်။ ပိုင်းခြားသိမြင်မှုမရှိသောသူများသည် ဤကိစ္စရပ်များကို ထွင်းဖောက်မမြင်နိုင်ကြပေ။ ပိုင်းခြားသိမြင်မှု မရှိသောလူများသည် နားဝေတိမ်တောင်ဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဆိုးယုတ်သောလူများက ၎င်းတို့ကို ဖိနှိပ်မည် ဟုတ်မဟုတ်ကိုပင် ၎င်းတို့မသိကြပေ။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများသည် မည်သည့်အတိုင်းအတာအထိ နားဝေတိမ်တောင်ဖြစ်နေကြသနည်း။ ၎င်းတို့သည် လုံးဝ နားဝေတိမ်တောင်ဖြစ်နေကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) အချို့ ဆိုးယုတ်သော ပုဂ္ဂိုလ်များ ဖြုတ်ချခံရပြီးနောက်တွင် လုံးဝ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသော အချို့လူများသည် ထိုဆိုးယုတ်သော ပုဂ္ဂိုလ်များသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ခြင်း၊ ဆုကျေးဇူးအချို့ ပိုင်ဆိုင်ခြင်း၊ စကားပြောကောင်းခြင်း၊ နည်းဗျူဟာများရှိခြင်း၊ အပြင်ပန်းအားဖြင့် အမှုအရာများကို စွန့်လွှတ်ခြင်း၊ မိမိကိုယ်ကို အသုံးခံခြင်းနှင့် ဒုက္ခခံနိုင်ခြင်းတို့ ရှိရုံဖြင့် ၎င်းတို့အတွက် ခုခံပြောဆိုခြင်း၊ ၎င်းတို့ကို ကာကွယ်ခြင်းနှင့် ၎င်းတို့ခံစားခဲ့ရသော မတရားမှုများအကြောင်း အော်ဟစ်ပြောဆိုခြင်းတို့ကိုပင် ပြုလုပ်ကြသည်။ ဤလူများသည် ဤဆိုးယုတ်သော ပုဂ္ဂိုလ်များ မည်မျှဆိုးယုတ်မှု ပြုခဲ့သည်ကို မပြောကြပေ။ ယင်းအစား၊ ၎င်းတို့က “ထိုသူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သည်၊ သစ္စာစောင့်သိသော စိတ်ဖြင့် ဘုရားသခင်နောက်သို့ စွဲစွဲမြဲမြဲ လိုက်ခဲ့သည်၊ ပြီးလျှင် ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံခဲ့သည်။ ထိုသူတို့သည် အဆင်းနီသောနဂါးကြီး၏ ဖမ်းဆီးခြင်းကိုပင် ခံရကာ ထောင်ထဲတွင် ညှဉ်းပန်းနှိပ်စက်မှုကို ခါးစည်းခံပြီး အပြစ်ဒဏ်ကျခံခဲ့သည်၊ ပြီးလျှင် ညီအစ်ကိုမောင်နှမ မည်သူမည်ဝါကိုပင် ကူလည်းကူညီခဲ့သည်” ဟု ပြောကြသည်။ ၎င်းတို့သည် ဤအရာများကိုသာ ကြည့်ပြီး ထိုပုဂ္ဂိုလ်များ၏ ဒုစရိုက်အမှုများကို လျစ်လျူရှုကာ ၎င်းတို့ မည်မျှဆိုးယုတ်မှု ပြုခဲ့သည်ကို မပြောဘဲနေကြသည်။ ၎င်းတို့သည် အလွန် နားဝေတိမ်တောင်ဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) လုံးဝ နားဝေတိမ်တောင် ဖြစ်သောသူများသည် ကယ်တင်၍မရတော့ပေ၊ ၎င်းတို့သည် ကုရာနတ္ထိ ဆေးမရှိပေ။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း မပိုင်ဆိုင်သောလူများသည် အစွမ်းအစ မရှိသောလူများဖြစ်သည်၊ ၎င်းတို့တွင် မည်သည့်စွမ်းရည်မျှ လုံးဝမရှိပေ။ ထိုသို့သောလူများသည် တစ်စုံတစ်ခုသည် မှန်ကန်ခြင်း ရှိမရှိကိုဖြစ်စေ၊ မမှန်ကန်ခြင်း ရှိမရှိကိုဖြစ်စေ၊ လူတစ်ဦးသည် အပြုသဘောဆောင်သော ပုဂ္ဂိုလ် ဟုတ်မဟုတ်ကိုဖြစ်စေ၊ အပျက်သဘောဆောင်သော ပုဂ္ဂိုလ် ဟုတ်မဟုတ်ကိုဖြစ်စေ မသိကြသကဲ့သို့ ပိုင်းခြားသိမြင်နိုင်ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် လူတစ်ဦး၏ အပြုအမူ၊ သရုပ်သကန်များ၊ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများနှင့် ထိုသူ၏ မကောင်းမှုပြုခြင်းဆိုင်ရာ အချက်အလက်များစွာမှတစ်ဆင့် လူတစ်ဦး၏ အနှစ်သာရနှင့် သဘာဝကို ရှင်းလင်းစွာ မမြင်နိုင်၊ သို့မဟုတ် ထိုလူ၏ ဂုဏ်သတ္တိများကို အနှစ်ချုပ်မဖော်ပြနိုင်ပေ။ ထိုလူသည် အသင်းတော်ထဲတွင် ရှိနေသမျှကာလပတ်လုံး ဤလူများသည် ၎င်းကို ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးအဖြစ် ဆက်ဆံမည်ဖြစ်ပြီး စိတ်နှလုံးထဲမှ ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံမည်ဖြစ်သည်။ ၎င်းတို့သည် မည်သူ့ကိုမျှ ပိုင်းခြားသိမြင်မှုမရှိဘဲ မည်သူ့ကိုမျှ စည်းမျဉ်းများနှင့်အညီ မဆက်ဆံနိုင်ကြပေ။ ထိုသို့သောလူများတွင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိပေ။ ၎င်းတို့သည် ကိစ္စရပ်အမျိုးမျိုးသည် တရားမျှတခြင်း ရှိမရှိကိုဖြစ်စေ၊ ကောက်ကျစ်ဆိုးယုတ်ခြင်း ရှိမရှိကိုဖြစ်စေ၊ လူများအပေါ် အပြုသဘောဆောင်သော သို့မဟုတ် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှု ရှိမရှိကိုဖြစ်စေ၊ ၎င်းတို့ကို မှန်ကန်သည်ဟု မှတ်ယူပြီး လက်ခံသင့်ခြင်း ရှိမရှိကိုဖြစ်စေ၊ မမှန်ကန်ဟု မှတ်ယူပြီး ပိုင်းခြားသိမြင်ကာ ငြင်းပယ်ပြီး အတိုက်အခံပြုသင့်ခြင်း ရှိမရှိကိုဖြစ်စေ မသိကြသကဲ့သို့ ပိုင်းခြားသိမြင်နိုင်ခြင်းလည်း မရှိကြပေ။ သင်က ၎င်းတို့အား ကိစ္စတစ်ခုကို ရှင်းပြရန် ဥပမာတစ်ခုပေးသည့်အခါ ထိုသို့သောကိစ္စများသည် မကောင်းကြောင်း၊ သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီကြောင်း၊ ဘုရားသခင်၏ အိမ်တော်တွင် အသုံးပြု၍ မရကြောင်း ၎င်းတို့သိကြသည်။ သို့သော် နောက်တစ်ကြိမ် အလားတူကိစ္စ ပေါ်ပေါက်လာသည့်အခါ ၎င်းကို မည်သို့ချဉ်းကပ်ရမည်ကို ၎င်းတို့ မသိသေးဘဲ စည်းမျဉ်းများကို အသုံးမချနိုင်ကြပေ၊ သင်က ၎င်းတို့အား နောက်ထပ်ဥပမာတစ်ခုပေးမှသာ ၎င်းတို့နားလည်ကြသည်။ ကလေးတစ်ဦးကို သင်ယူရန် သင်ကြားပေးသည့် နည်းလမ်းကို အသုံးပြု၍ ကိစ္စရပ်များကို တစ်ခုပြီးတစ်ခု ၎င်းတို့အား ရှင်းပြမှသာ ၎င်းတို့နားလည်ကြသည်။ ဤသည်မှာ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ လူဖြစ်စေ၊ အမှုအရာဖြစ်စေ ၎င်းသည် တရားမျှတခြင်း ရှိမရှိ၊ ကောက်ကျစ်ဆိုးယုတ်ခြင်း ရှိမရှိ မသိ၊ မှန်ကန်ခြင်း ရှိမရှိ၊ မမှန်ကန်ခြင်း ရှိမရှိကို မသိ၊ ယင်းမှာ အပြုသဘောဆောင်သော အရာ ဟုတ်မဟုတ်၊ အပျက်သဘောဆောင်သော အရာ ဟုတ်မဟုတ်မသိ၊ သမ္မာတရားနှင့် ကိုက်ညီမှု ရှိမရှိ၊ လူ့သဘာဝလိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိကို မသိသည့်အပြင်၊ ဘုရားသခင်ကို ယုံကြည်သူများက ၎င်းကို မည်သို့ရှုမြင်သင့်သည်ကိုဖြစ်စေ ၎င်းတို့မသိကြချေ၊ ဤအရာများအနက် တစ်ခုကိုမျှ ၎င်းတို့မသိကြပေ။ ဤသည်မှာ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် လူတစ်ဦး၏ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း အဆင့်ကို အကဲဖြတ်ရန် အခြေခံမှာ အဘယ်နည်း။ ယင်းမှာ အရာအမျိုးမျိုး၏ ဂုဏ်သတ္တိများဆိုင်ရာ သင်၏အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် တိကျမှုရှိမရှိအပေါ် အခြေခံသည်။ သင်၏အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် တိကျမှန်ကန်ပါက သင်၌ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းရှိသည်။ အရာအမျိုးမျိုး၏ ဂုဏ်သတ္တိများဆိုင်ရာ သင်၏အဓိပ္ပာယ်ဖွင့်ဆိုချက်များ၏ တိကျမှုသည် ရာခိုင်နှုန်းငါးဆယ်အထက်တွင်ရှိပါက သင်၏ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းသည် သာမန် သို့မဟုတ် သာမန်အထက်တွင် ရှိသည်။ ၎င်းသည် ရာခိုင်နှုန်းငါးဆယ် မပြည့်မီပါက သင်၏ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းသည် ညံ့ဖျင်းသည်။ တိကျမှုသည် ရာခိုင်နှုန်းတစ်ခုပင် မရှိပါက သင်၌ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲ အစွမ်းအစမရှိသောလူတစ်ဦး ဖြစ်သည်။ တစ်စုံတစ်ဦးတွင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းရှိမရှိကို ဤနည်းလမ်းဖြင့် ပိုင်းခြားသိမြင်သည်။ ဤစွမ်းရည်နှင့်ပတ်သက်၍ ငါ နောက်ထပ်ဥပမာများ မပေးတော့ပေ။ သင်တို့ကိုယ်တိုင် ၎င်းအကြောင်းကို မိတ်သဟာယဖွဲ့နိုင်သည်၊ ဤအကြောင်းအရာကို သင်တို့အတွက် ဤမျှဖြင့် ငါထားခဲ့မည်။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။