သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇) အပိုင်း တစ်

လူတစ်ဦး၏ အစွမ်းအစကို အကဲဖြတ်ခြင်းအတွက် စံနှုန်း ၁၁ခု

ပြီးခဲ့သည့် စုဝေးပွဲတွင် အစွမ်းအစဟူသည် အဘယ်အရာဖြစ်ကြောင်းနှင့် လူတစ်ဦး၏ အစွမ်းအစကို မည်သို့ အကဲဖြတ်ရမည်ဟူသည်တို့နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ လူတစ်ဦး၏ အစွမ်းအစကို အကဲဖြတ်ရန်အတွက် စံနှုန်းမည်မျှကို ငါတို့ စုစုပေါင်း စာရင်းပြုစုခဲ့သနည်း။ (တစ်ဆယ့်တစ်ချက် ဖြစ်ပါသည်။) ဤစံနှုန်း တစ်ဆယ့်တစ်ချက်ကို တစ်ဖန် ပြန်လည်ရွတ်ဆိုကြစို့။ (သင်ယူနိုင်စွမ်း၊ အမှုအရာများကို နားလည်နိုင်စွမ်း၊ သဘောပေါက်နားလည်နိုင်စွမ်း၊ အမှုအရာများကို လက်ခံနိုင်စွမ်း၊ အမှုအရာများကို သိမြင်နားလည်နိုင်စွမ်း၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း၊ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း၊ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့် ဆန်းသစ်တီထွင်နိုင်စွမ်းတို့ ဖြစ်ပါသည်။) ဤစွမ်းရည် တစ်ဆယ့်တစ်ချက်ထဲမှ တစ်ခုချင်းစီသည် လူတစ်ဦး၏ ဘက်စုံပြည့်ဝသော အစွမ်းအစကို အကဲဖြတ်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က ငါတို့သည် ယင်းတို့ထဲမှ ဆယ်ချက်အကြောင်းကို မိတ်သဟာယဖွဲ့ခဲ့ကြပြီး အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းအထိ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ စွမ်းရည်တစ်ခုစီအတွက် အစွမ်းအစကောင်းမွန်ခြင်း၊ အစွမ်းအစ သာမန်ဖြစ်ခြင်း၊ အစွမ်းအစညံ့ဖျင်းခြင်းနှင့် အစွမ်းအစမရှိခြင်းတို့၏ သရုပ်သကန်များနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အစွမ်းအစမရှိသော လူတို့တွင် အခြေခံအားဖြင့် မည်သည့် ထူးချွန်မှုများမျှ မရှိသကဲ့သို့ စစ်မှန်သော ဝါသနာများ သို့မဟုတ် စိတ်ဝင်စားမှုများ မရှိကြပေ။ မည်သည့်အရာကို ကြုံတွေ့ရသည်ဖြစ်စေ ၎င်းတို့တွင် ကိုယ်ပိုင်အမြင်များ မရှိသကဲ့သို့ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းလည်း မရှိကြပေ။ ၎င်းတို့တွင် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ခွဲခြားသိမြင်နိုင်စွမ်း မရှိပေ။ ၎င်းတို့တွင် မည်သည့်အရာကိုမဆို လက်ခံနိုင်စွမ်းလည်း မရှိကြပေ။ သေချာပေါက်ပင် တုံ့ပြန်နိုင်စွမ်း သို့မဟုတ် ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိသည်ဟု ဆိုဖွယ်ရာ သာ၍ပင် မရှိတော့ပေ။ ထိုသို့သောလူများတွင် အားသာချက်များ မရှိသောကြောင့် ၎င်းတို့သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့် သာ၍ပင် မသက်ဆိုင်ကြပေ။

အချက် ၁၀- အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း

အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် စုဝေးပွဲတွင် ယင်း၏ အကြောင်းအရာ တစ်စိတ်တစ်ပိုင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းသည် အဓိကအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ အကဲဖြတ်ခြင်းသည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အတွေးအခေါ်များ၊ အမြင်များ၊ ရပ်တည်ချက်များနှင့် ထောက်ခံအားပေးသော အကြောင်းအရာများကို ခွဲခြားသိမြင်နိုင်စွမ်းဟူသည့် သဘောအရ လူတို့ခေါ်ဆိုသော ခွဲခြားသိမြင်ခြင်းကို ရည်ညွှန်းသည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းသည် အဓိကအားဖြင့် အချို့သော ပြဿနာများနှင့်စပ်လျဉ်းသည့် လူတစ်ဦး၏ အတွေးအခေါ်များနှင့် အမြင်များ ပါဝင်ပတ်သက်သည်၊ ဆိုလိုသည်မှာ အတွေးအခေါ် နယ်ပယ်နှင့် ဆက်စပ်သော အရာများဖြစ်သည်။ သင်သည် ဤအရာများကို ခွဲခြားသိမြင်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိပါက သင်သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းရှိသော လူတစ်ဦး ဖြစ်သည်။ သင်သည် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များဆိုင်ရာ ဤပြဿနာများကို မည်သို့ကြည့်ရှုရမည်ကို မသိဘဲ အခြေခံအားဖြင့် သဘောမပေါက်နိုင်ပါက သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိသည်ဟု ယူဆ၍မရနိုင်ပေ။ ဤစွမ်းရည်သည် သင်နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သို့ရာတွင် သင်သည် တစ်စုံတစ်ရာကို ကြုံတွေ့ရသောအခါ ဤအရာ၏ ဇာစ်မြစ်နှင့် ယင်း၏နောက်ကွယ်ရှိ ရည်ရွယ်ချက်ကို သင် ခွဲခြားသိမြင်နိုင်ပြီး ယင်းက ဖော်ပြကာ ထောက်ခံအားပေးသော အတွေးအခေါ်များနှင့် အမြင်များသည် မှန်ကန်ခြင်း ရှိမရှိ သင် ခွဲခြားသိမြင်နိုင်ကာ ဤအတွေးအခေါ်များနှင့် အမြင်များသည် ခိုင်လုံမှု ရှိမရှိ၊ ယင်းတို့သည် အပြုသဘောဆောင်သော အရာများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ အပျက်သဘောဆောင်သော အရာများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ယင်းတို့သည် အမှုအရာများ၏ ဖွံ့ဖြိုးတိုးတက်မှု နိယာမများနှင့် ကိုက်ညီမှု ရှိမရှိကိုဖြစ်စေ၊ ဘုရားသခင် ဖန်ဆင်းထားသော အရာခပ်သိမ်းကို အုပ်စိုးသည့် နိယာမများအတွင်းရှိ ဖြစ်စဉ်များနှင့် နီးစပ်မှု ရှိမရှိကိုဖြစ်စေ သင် ခွဲခြားသိမြင်နိုင်ပါက ဆိုလိုသည်မှာ သင့်တွင် ဤကဲ့သို့သော အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိပါက သင်၏ အစွမ်းအစသည် အတော်အတန် ကောင်းမွန်ကြောင်း သက်သေပြနေသည်။ ဤအရာက ထောက်ခံအားပေးသော အတွေးအခေါ်များနှင့် အမြင်များ သို့မဟုတ် ယင်းက မြှင့်တင်ပေးသော ဦးတည်ချက်နှင့် ပန်းတိုင်များတွင် အမှားများ၊ လွဲချော်မှုများ၊ လူ့သဘာဝနှင့်ဖြစ်စေ၊ စဉ်းစားတွေးခေါ်မှု ယုတ္တိနှင့်ဖြစ်စေ မကိုက်ညီသော အရာများ၊ သို့မဟုတ် ဘုရားသခင် ဖန်ဆင်းထားသော အရာခပ်သိမ်းကို အုပ်စိုးသည့် ဓမ္မဓိဋ္ဌာန်ကျသော နိယာမများနှင့် အခြေခံအားဖြင့် လိုက်လျောညီထွေမရှိသော အရာများ ပါဝင်နေပါက၊ သင်သည် ဤအရာအားလုံးကို သတိပြုမိနိုင်ပြီး မည်သည့်အရာက မှန်ကန်သည်၊ မည်သည့်အရာက မမှန်ကန်သည် နှစ်ခုစလုံးကို သင် သတိပြုမိနိုင်ပါက ဤသည်မှာ သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိကြောင်းနှင့် သင်၏ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မြင့်မားကြောင်း သက်သေပြရန် လုံလောက်ပေသည်။ သင့်တွင် ဤစွမ်းရည်ရှိသည်ဟူသော အချက်က သင်၏ အစွမ်းအစ အလွန်ကောင်းမွန်သည်ဟု ဆိုလိုသည်။ ဥပမာအားဖြင့် အသင်းတော်မှ ညီအစ်ကိုမောင်နှမတစ်ဦး ရေးသားထားသော ဆောင်းပါးတစ်ပုဒ်ကို သင် ဖတ်ရှုသောအခါ အမှုအရာများအပေါ် ၎င်းတို့၏ နားလည်မှု၊ လူတို့၏ သဘာဝအနှစ်သာရအပေါ် ၎င်းတို့၏ နားလည်မှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ နားလည်မှုတို့သည် သမ္မာတရား စည်းမျဉ်းများနှင့် လိုက်လျောညီထွေ ရှိမရှိ၊ ဆောင်းပါးထဲတွင် ဖော်ပြထားသော အမြင်ရှုထောင့်များသည် လွဲချော်နေခြင်း ရှိမရှိ၊ ၎င်းတို့ ခံယူထားသော ရှုထောင့်နှင့် ရပ်တည်ချက်သည် မှန်ကန်ခြင်း ရှိမရှိဟူသည်တို့ကို သင် သတိပြုမိနိုင်သည်၊ သင်သည် ဤအရာအားလုံးကို သတိပြုမိနိုင်သည်။ ဆောင်းပါးထဲရှိ မှန်ကန်သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို သင် သဘောတူနိုင်ပါက၊ ဆောင်းပါးထဲရှိ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကိုလည်း သင် ခွဲခြားသိမြင်နိုင်ပြီး ပြုပြင်နိုင်ပါက၊ ထိုသို့သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် အဘယ်ကြောင့် မမှန်ကန်ကြောင်း၊ စဉ်းစားတွေးခေါ်မှု ယုတ္တိ၏ မည်သည့် ကဏ္ဍများ သို့မဟုတ် အပြုသဘောဆောင်သော အရာများ၏ မည်သည့် ဓမ္မဓိဋ္ဌာန်ကျသော နိယာမများကို ယင်းတို့က ချိုးဖောက်ကြောင်း သင် သိရှိပါက၊ ပို၍နက်ရှိုင်းသော အဆင့်တွင် ဘုရားသခင်က လူသားမျိုးနွယ်ကို သတိပေးဆုံးမထားသည့် သမ္မာတရား စည်းမျဉ်းများ၏ မည်သည့် ကဏ္ဍကို ယင်းတို့က ချိုးဖောက်ကြောင်း သင် မြင်တွေ့နိုင်ပါက ဤသည်မှာ သင်၏ အစွမ်းအစ ကောင်းမွန်ကြောင်း သက်သေပြနေသည်။ တစ်ချက်အနေဖြင့် ဤဆောင်းပါးထဲတွင် လေ့လာသင်ယူထိုက်သော မည်သည့် အပြုသဘောဆောင်သော အရာများ ရှိသည်ကို သင် မြင်တွေ့နိုင်ပြီး ယင်းက လူတို့အား မည်သည့် အပြုသဘောဆောင်သော လမ်းညွှန်မှုကို ပေးသည်၊ မည်သည့် အပြုသဘောဆောင်သော ထောက်ပံ့မှု၊ အကူအညီနှင့် ပံ့ပိုးမှုတို့ကို ယူဆောင်လာသည်ကိုလည်း သင် အကဲဖြတ်နိုင်ပါက၊ ထို့အပြင် ဆောင်းပါးတွင် မည်သည့် ဆိုးကျိုးပေးသော၊ အပျက်သဘောဆောင်သောနှင့် လွဲချော်သော အရာများ ပါဝင်သည်၊ လူတို့၏ တွေးခေါ်မှုကို မကောင်းသော လမ်းကြောင်းဆီသို့ ဦးတည်သွားစေနိုင်သည့် မည်သည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ ပါဝင်သည်၊ ယင်းတို့က လူတို့အပေါ် မည်သည့် အပျက်သဘောဆောင်သော သက်ရောက်မှုများ ရှိနိုင်သည်၊ ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို မည်သို့ ပြုပြင်သင့်သည်၊ လူတို့အား ပို၍ကြီးမားသော အကျိုးကျေးဇူး ယူဆောင်လာပေးနိုင်ရန် အချို့သော လိုကွက်များကို မည်သို့ ဖြည့်ဆည်းပေးသင့်သည်တို့ကို သင် သိရှိနိုင်ပါက ဤသည်မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် အကပညာကို သင်ယူရာတွင် အကဖျော်ဖြေမှုကို သင် ကြည့်ရှုလေ့လာသောအခါ မည်သည့် လှုပ်ရှားမှုများသည် လူ့သဘာဝ ဆန်သည်၊ လူ့သဘာဝအတွင်းရှိ အတွေးများနှင့် ဆန္ဒများကို ဖော်ပြသည်၊ လူ့သဘာဝ ရှုထောင့်မှ မြစ်ဖျားခံသည်၊ လူ့သဘာဝတွင် အခြေပြုပြီး ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား လိုအပ်ချက်များနှင့် အလွန် လိုက်လျောညီထွေ ရှိသည်တို့ကို သင် သတိပြုမိနိုင်သည်။ ပြီးလျှင် မည်သည့် လှုပ်ရှားမှုများ၊ မျက်နှာအမူအရာများနှင့် ကိုယ်ဟန်အနေအထား ဖော်ပြမှုနည်းလမ်းများ၊ ထို့အပြင် ယင်းတို့အတွင်း ထောက်ခံအားပေးသော အတွေးများသည် အပြုသဘောဆောင်ပြီး လူတစ်ဦး၏ ဝိညာဉ်ရေးရာ ကမ္ဘာကို ကြွယ်ဝစေနိုင်သည်တို့ကို သင် သတိပြုမိနိုင်သည်၊ သင်သည် ဤအရာအားလုံးကို မြင်တွေ့နိုင်သည်။ သင်သည် ကခုန်နိုင်ရုံ သို့မဟုတ် ရိုးရှင်းသော လှုပ်ရှားမှုအချို့ကို ဖျော်ဖြေနိုင်ရုံမျှ မဟုတ်ဘဲ ထိုအစား အကဖျော်ဖြေမှုတစ်ခုတွင် ထောက်ခံအားပေးသော အတွေးများကို သင် မြင်တွေ့နိုင်သည်။ သင်သည် ယင်းအတွင်းရှိ အတွေးများ၏ အဓိပ္ပာယ်ကိုလည်းကောင်း၊ ဤအတွေးများ၏ လမ်းညွှန်မှုအောက်တွင် အသုံးပြုထားသော အကပုံစံများကိုလည်းကောင်း နားလည်သဘောပေါက်နိုင်သည်။ အက၏ ပုံစံများနှင့် ကိုယ်ဟန်အနေအထားသည် လူတို့အတွက် အကျိုးရှိပြီး သင် သင်ယူသင့်၊ လက်ခံသင့်ကာ နမူနာယူသင့်သော အရာတစ်ခု ဖြစ်ပါက၊ သင်သည် ဤအရာများကို မြင်တွေ့နိုင်ပြီး သင်ယူနိုင်ကာ ယင်း၏ အပြုသဘောဆောင်သော အစိတ်အပိုင်းများကို လက်ခံနိုင်ပါက ဤသည်မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထိုအကသည် လူ့သဘာဝနှင့် မကိုက်ညီသော လွဲချော်သည့် အတွေးအချို့ကို တင်ဆက်နေပါက၊ သင်သည် ယင်းတို့ကိုလည်း သဘောပေါက်နိုင်ပြီး အမှားများ မည်သည့်နေရာတွင် ရှိသည်ကို ခွဲခြားသိမြင်နိုင်ပါက၊ ဤတင်ဆက်မှုပုံစံတွင် မည်သည့်အရာ မှားယွင်းနေကြောင်းနှင့် ယင်း၏နောက်ကွယ်ရှိ လမ်းညွှန်သော အတွေးများမှာ အဘယ်အရာဖြစ်ကြောင်းတို့ကိုလည်း သင် သိရှိပါက၊ သင်သည် ဤအရာအားလုံးကို မြင်တွေ့နိုင်ပြီး ခွဲခြားသိမြင်နိုင်ပါက ဤသည်မှာလည်း အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်မှာ အမှန်ပင်ဖြစ်၏။ ဤဥပမာနှစ်ခုကို ပေးပြီးနောက်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ဟူသည် အဘယ်အရာဖြစ်ကြောင်း သင်တို့ ယခု နားလည်ကြသလော။ တစ်စုံတစ်ဦးတွင် အစွမ်းအစကောင်းမွန်ခြင်းနှင့် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိမရှိ တိုင်းတာရန်အတွက် ဤစံနှုန်းကို သတ်မှတ်ပြီးပြီလော။ (သတ်မှတ်ပြီးပါပြီ။)

သင်သည် တစ်စုံတစ်ရာကို မြင်တွေ့ပြီး ယင်းက ထောက်ခံအားပေးသော အတွေးအခေါ်များနှင့် အမြင်များ သို့မဟုတ် ယင်းက ခံယူထားသော ရှုထောင့်နှင့် ရပ်တည်ချက်ကို သိရှိသော်လည်း ဤအတွေးအခေါ်များနှင့် အမြင်များသည် မှန်ကန်ခြင်း ရှိမရှိ သင် မသိပါက သင့်တွင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း သိပ်မရှိပေ။ သင်သည် ဤအရာကို လုပ်ငန်းနယ်ပယ် ရှုထောင့်မှ သို့မဟုတ် အသိပညာ ရှုထောင့်မှသာ ကြည့်ရှုလေ့လာပြီး သင်ယူလျက် “ဤအကသည် အတော်အတန် ကောင်းသည်၊ ဤဆောင်းပါးသည် အတော်အတန် ကောင်းသည်၊ ဤရုပ်ရှင်သည် အတော်အတန် ကောင်းသည်၊ ယင်းတွင် အနုပညာ တန်ဖိုးရှိပြီး ယင်း၏ အနုပညာနည်းစနစ်များသည် ကောင်းမွန်သည်” ဟုသာ ခံစားရကောင်း ခံစားရနိုင်သော်လည်း ဤအရာက ထောက်ခံအားပေးသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် မှန်ကန်သည်ကိုဖြစ်စေ၊ မမှန်ကန်သည်ကိုဖြစ်စေ၊ အမှန်ဖြစ်သည်ကိုဖြစ်စေ၊ အမှားဖြစ်သည်ကိုဖြစ်စေ၊ အပြုသဘောဆောင်သည်ကိုဖြစ်စေ၊ အပျက်သဘောဆောင်သည်ကိုဖြစ်စေ သင် ဆုံးဖြတ်နိုင်စွမ်း မရှိပေ။ ပြီးလျှင် သင်က “ဤအတွေးအခေါ်များနှင့် အမြင်များသည် သမ္မာတရားနှင့် ကိုက်ညီသလော။ ဤလုပ်ရပ်သည် လူ့သဘာဝနှင့် လိုက်လျောညီထွေရှိသလော။ ယင်းသည် အမှုအရာများ၏ ဖွံ့ဖြိုးတိုးတက်မှု နိယာမများနှင့် ကိုက်ညီသလော။ ထိုသို့သောလူများ တည်ရှိသလော။ ထိုသို့သော ဖြစ်ရပ်များ ဖြစ်ပွားခဲ့သလော။ ဤသည်မှာ အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သလော” ဟူသည်တို့ကဲ့သို့သော မေးခွန်းများကို မေးကောင်းမေးနိုင်သည်။ သင် ပြောဆိုသော ဝါကျတိုင်း၏ အဆုံးသတ်တွင် မေးခွန်း အမှတ်အသားတစ်ခု ပါဝင်နေပါက သင့်တွင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့နေသည်။ သင်သည် ပါဝင်ပတ်သက်နေသော နည်းပညာပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာ သို့မဟုတ် အသိပညာအခြေပြု ကဏ္ဍများကိုသာ သိရှိပြီး အတွေးအခေါ် အဆင့်ရှိ အမှုအရာများနှင့် ပတ်သက်လာသောအခါ ယင်းတို့ မှန်ကန်သည်ကိုဖြစ်စေ၊ မမှန်ကန်သည်ကိုဖြစ်စေ၊ အမှန်ဖြစ်သည်ကိုဖြစ်စေ၊ အမှားဖြစ်သည်ကိုဖြစ်စေ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း ကင်းမဲ့နေပါက ဤအရာက သင်၏ အစွမ်းအစနှင့်ပတ်သက်၍ မည်သည့်အရာကို ဆိုနေသနည်း။ ဤသည်မှာ သင့်တွင် သာမန် အစွမ်းအစရှိကြောင်း ဖော်ပြနေသည်။ သင့်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း အချို့ ရှိသော်လည်း သင်၏ စွမ်းရည်သည် စာရေးသူ၏ အတွေးများကို ပညာရှင်နည်းစနစ်၊ လုပ်ငန်းပိုင်းဆိုင်ရာ ရှုထောင့်မှ တန်ဖိုးထားခြင်း၌သာ အကန့်အသတ် ရှိနေသည်။ သင်သည် စာရေးသူက ၎င်းလုပ်ဆောင်ခဲ့သည့်အရာကို အဘယ်ကြောင့် လုပ်ဆောင်ခဲ့သည်ကိုသာ သဘောပေါက်နိုင်သော်ငြားလည်း၊ နားလည်နိုင်သော်ငြားလည်း ၎င်းတို့ ထောက်ခံအားပေးသော အတွေးအခေါ်များနှင့် အမြင်များသည် မှန်ကန်ခြင်း ရှိမရှိ၊ ယင်းတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်မဖြစ်၊ သို့မဟုတ် ဤအတွေးအခေါ်များနှင့် အမြင်များကို တင်ပြလိုက်သည်နှင့်တစ်ပြိုင်နက် လူတို့အပေါ် သက်ရောက်မှု မည်မျှ ကြီးမားသည်၊ ယင်းမှာ အပြုသဘောဆောင်သော သက်ရောက်မှုလော သို့မဟုတ် အပျက်သဘောဆောင်သော သက်ရောက်မှုလော၊ သို့မဟုတ် ယင်းတို့က လူတို့ထံ မည်သည့် အကျိုးဆက်များ ယူဆောင်လာသည်ဟူသည်တို့ကို သင် အကဲမဖြတ်နိုင်ပေ။ သင်သည် ဤအရာ တစ်စုံတစ်ရာကိုမျှ မသိပေ။ ဤအဆင့်ကို အခြေခံ၍ ထိုသို့သောလူများ၏ အစွမ်းအစသည် သာမန်မျှသာ ဖြစ်သည်။ ၎င်းတို့သည် တန်ဖိုးထားနိုင်သော်လည်း အကဲမဖြတ်နိုင်ပေ။ ထို့ကြောင့် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိခြင်းဟူသည့် အစွမ်းအစကို မရောက်နိုင်ကြပေ။ အချို့လူများသည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း အလွန် ညံ့ဖျင်းကြသည်။ အမှုအရာများကို မည်သည့်နည်းဖြင့်မဆို လုပ်ဆောင်သည်ဖြစ်စေ လက်ခံနိုင်ဖွယ်ရှိသည်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့၏ အမြင်များနှင့် သဘောထားများသည် အလွန် နောက်ကျိပြီး လုံးဝ မရှင်းလင်းပေ။ အခြားမည်သူက မည်သည့်အရာကို ပြောသည်ဖြစ်စေ တိကျမှန်ကန်သော အမြင်များ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ မရှိဘဲ ၎င်းတို့ လက်ခံနိုင်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် မည်သည့်တာဝန်ကိုမျှ ကောင်းစွာ မထမ်းဆောင်ကြပေ။ ၎င်းတို့သည် မည်သည့်အလုပ်ကို တာဝန်ယူသည်ဖြစ်စေ ၎င်းတို့၏ အလုပ်တွင် ပေါ်ပေါက်လာသော အမျိုးမျိုးသော အတွေးအခေါ်များနှင့် အမြင်များ၏ အပြုသဘောဆောင်ခြင်း သို့မဟုတ် အပျက်သဘောဆောင်ခြင်း၊ မှန်ကန်ခြင်း သို့မဟုတ် မှားယွင်းခြင်းတို့နှင့်စပ်လျဉ်း၍ ပိုင်းခြားသတ်မှတ်ခြင်းနှင့် စည်းထားခြင်းတို့ ပြုလုပ်ရမည့်အချိန်တွင် အထူးသဖြင့် နောက်ကျိပြီး မရှင်းလင်းကြပေ။ လူများက ၎င်းတို့ကို “ဤကဲ့သို့သော အတွေး သို့မဟုတ် အမြင် ပေါ်ပေါက်လာသည်၊ ယင်းမှာ မှန်ကန်သလော” ဟု မေးသောအခါ ၎င်းတို့က “လူတို့၏ စိတ်များသည် လွတ်လပ်သည်။ ယင်းတို့ကို ကန့်သတ်မထားသင့်။ ကွဲပြားစုံလင်မှု ရှိရမည်။ မည်သည့် အတွေးအမျိုးအစားကိုမဆို တင်ပြခွင့်နှင့် ဖော်ပြခွင့် ပေးသင့်သည်” ဟု ပြောဆိုကြသည်။ ဤသည်မှာ အမျိုးမျိုးသော အတွေးများ တည်ရှိခြင်းနှင့်စပ်လျဉ်းသည့် ၎င်းတို့၏ အမြင်ဖြစ်သည်။ ဆိုလိုသည်မှာ မည်သည့် အတွေးအခေါ်များ သို့မဟုတ် အမြင်များ ပေါ်ပေါက်လာသည်ဖြစ်စေ၊ ယင်းတို့ အမှန်အမှား၊ အဆိုးအကောင်းဖြစ်ပါစေ ယင်းတို့အားလုံးကို တည်ရှိခွင့် ပေးသင့်ကြောင်းနှင့် ယင်းတို့ကို လွတ်လပ်စွာ တင်ပြသင့်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ တစ်စုံတစ်ဦးက တစ်နည်းနည်းဖြင့် တွေးတောသရွေ့၊ တစ်စုံတစ်ဦးတွင် လိုအပ်ချက်တစ်ခု ရှိနေသရွေ့၊ အတွေးတစ်ခုအတွက် ပရိသတ် သို့မဟုတ် ယင်းကို ထောက်ခံသော လူများ ရှိနေသရွေ့ ယင်း၏ တည်ရှိမှုတွင် တန်ဖိုးရှိသည်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့၏ ဤအတွေးနှင့် အမြင်သည် အလွန် နောက်ကျိသည်။ ဘာသာတရား မရှိသူများ၏ စကားဖြင့်ဆိုရလျှင် ယင်းသည် နယ်နိမိတ်များ မရှိသော “မီးခိုးရောင် နယ်မြေ” တစ်ခုတွင် တည်ရှိလေ့ရှိသည်။ ဤလူများတွင် အမှုအရာများ မှန်ကန်ခြင်း ရှိမရှိ သုံးသပ်ဆုံးဖြတ်ရန်အတွက် တင်းကျပ်သော စံနှုန်းများ သို့မဟုတ် စံသတ်မှတ်ချက်များ မရှိကြပေ။ ထိုသို့သောလူများတွင် ရပ်တည်ချက် မရှိ၊ စစ်မှန်သော အတွေးအခေါ်များ သို့မဟုတ် အမြင်များ မရှိဟုလည်း ပြောနိုင်သည်။ သေချာပေါက်ပင် ဤလူများတွင် မည်သည့်အရာနှင့် ပတ်သက်၍မဆို အပြုသဘောဆောင်သော ထောက်ခံတင်ပြချက် မရှိဟုလည်း ပြောနိုင်သည်။ သို့ဆိုလျှင် ထိုသို့သောလူများသည် သမ္မာတရားကို လက်ခံနိုင်သလော။ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်သလော။ အမှန်တကယ် ပြောရ ခက်ခဲလှသည်။ အစွမ်းအစညံ့ဖျင်းခြင်းသည် ပြဿနာရှိသည်။ အစွမ်းအစညံ့ဖျင်းသော လူများသည် အတွေးအခေါ် သို့မဟုတ် အမြင် နှစ်မျိုး တစ်ချိန်တည်း ပေါ်ပေါက်လာသည်ကို ကြုံတွေ့ရသောအခါ ၎င်းတို့တွင် ကိုယ်ပိုင်အမြင် မရှိကြပေ။ မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက မမှန်ကန်ကြောင်း ၎င်းတို့ မသိကြပေ။ မည်သည့်ဘက်က ပို၍ အားကောင်းသည်ဖြစ်စေ ၎င်းတို့သည် ထိုဘက်သို့ လိုက်ကြသည်။ ဤသည်ကို ရပ်တည်ချက်မရှိခြင်းဟု ခေါ်သည်။ ထိုသို့သောလူများသည် နားဝေတိမ်တောင် ဖြစ်သောသူများ ဖြစ်ကြသည်။ ၎င်းတို့၏ လူ့သဘာဝ လိုက်စားမှု မည်သို့ရှိသည်၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ကျင့်စရိုက် မည်သို့ရှိသည်ကို ငါတို့ ဆွေးနွေးမည် မဟုတ်ပေ။ ၎င်းတို့၏ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှုထောင့်မှ ပြောရလျှင် ဤကဲ့သို့သော လူများအတွက် ၎င်းတို့၏ အစွမ်းအစသည် သာမန်မျှသာ ဖြစ်သည်။ ငါ အဘယ်ကြောင့် ဤသို့ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အစွမ်းအစက ၎င်းတို့အား အတွေးအခေါ် အဆင့်ရှိ အချို့သော အရာများကို တန်ဖိုးထားနိုင်စေသော်လည်း အမှုအရာများ၏ အစစ်အမှန်ဖြစ်မှုကို အကဲဖြတ်ရန်နှင့် အမှုအရာများသည် အမှန်အမှားဖြစ်စေ၊ အဆိုးအကောင်းဖြစ်စေဟူသည်ကို ခွဲခြားသိမြင်ရန် စွမ်းရည် ကင်းမဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အစွမ်းအစကို သာမန်ဟု သတ်မှတ်သည်။ အဘယ်ကြောင့်ဆိုသော် အမှုအရာများကို အကဲဖြတ်ရာတွင် ၎င်းတို့၏ အတွေးအခေါ်များ၊ အမြင်များနှင့် ရပ်တည်ချက်များသည် အလွန် နောက်ကျိပြီး အပြုသဘောဆောင်သော အရာများဟူသည့် အခြေခံ သို့မဟုတ် စံသတ်မှတ်ချက် မရှိသောကြောင့် ၎င်းတို့သည် ကောင်းမှုအချို့ကို ပြုလုပ်နိုင်သော်လည်း မကောင်းမှုအချို့ကိုလည်း ပြုလုပ်နိုင်ကြသည်။ ၎င်းတို့သည် အခြားသူများကို အကျိုးပြုပြီး လူ့သဘာဝကို အထောက်အကူပြုသည့် အတော်အတန် မှန်ကန်သော အရာအချို့ကို လုပ်ဆောင်နိုင်သော်လည်း တစ်ချိန်တည်းမှာပင် အခြားသူများကို ထိခိုက်နာကျင်စေပြီး ထိုသူတို့အပေါ် ဆိုးကျိုးသက်ရောက်စေသည့် အရာများကို လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် ထိုသို့သောလူများ၏ အစွမ်းအစသည် သာမန်မျှသာ ဖြစ်သည်။ ဥပမာအားဖြင့် ရုပ်ရှင်တစ်ကား ရှိသည်ဟု ဆိုကြပါစို့။ ယင်းတွင် ဒါရိုက်တာ ထောက်ခံအားပေးသော အတွေးများသည် အတော်အတန် အပြုသဘောဆောင်ပြီး အတော်အတန် လူ့သဘာဝ ဆန်ကာ လူ့သဘာဝ၏ လိုအပ်ချက်များနှင့် အတော်အတန် လိုက်လျောညီထွေရှိသော အရာများ ဖြစ်သည်။ ထိုလိုအပ်ချက်များမှာ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနှင့် အခြားသော အပြုသဘောဆောင်သည့် အရာများကဲ့သို့ ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် တရားမျှတမှန်ကန်သော အရာများ ဖြစ်သည်။ ဒါရိုက်တာသည် လူတို့အား ဤအရာများကို သိရှိလာစေရန် ကူညီပေးဖို့ ရုပ်ရှင်မှတစ်ဆင့် လူ့အတွေးများ၏ နက်ရှိုင်းသော နေရာတွင်ရှိသည့် ဤအရာများကို ထုတ်ဖော်ပြသသည်။ အစွမ်းအစ သာမန်ရှိသော လူတစ်ဦးသည် ဤရုပ်ရှင်ကို ကြည့်ရှုပါက ထိုအတွေးများသည် ကောင်းမွန်ပြီး မှန်ကန်ကြောင်း အသိအမှတ်ပြုနိုင်သည်။ ထိုအတွေးများသည် ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် အတော်အတန် ရေပန်းစားပြီး အလေးထားခံရကြောင်း မြင်တွေ့နိုင်သည်။ ဒါရိုက်တာ ထောက်ခံအားပေးသော အတွေးများ၏ မှန်ကန်မှုကို ၎င်းက သဘောပေါက်နိုင်သည်။ သို့သော် ဤရုပ်ရှင်ထဲတွင် ဒါရိုက်တာသည် အတော်အတန် လူနည်းစုသာ လက်ခံသည့် အတွေးအချို့ကိုလည်း ထောက်ခံအားပေးပါက ဆိုလိုသည်မှာ အရွယ်ရောက်ပြီးသူ အများစုနှင့် သဘောပေါက်နားလည်နိုင်စွမ်းရှိသူ အများစု မတွေးမိနိုင်သော အရာများ၊ အလွန် အစွန်းရောက်ပြီး အမှုအရာများ၏ ပုံမှန် ဖွံ့ဖြိုးတိုးတက်မှု နိယာမများအရ တွေ့ရခဲသော သို့မဟုတ် ဖြစ်ပျက်ရန် မဖြစ်နိုင်သလောက်ရှိသော အရာများ ဖြစ်ပါက အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း သာမန်သာ ရှိသော လူတို့သည် ရုပ်ရှင်ကို ကြည့်ရှုသောအခါ ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပေ။ ၎င်းတို့က “ဒါရိုက်တာ ထောက်ခံအားပေးသော ဤသီးခြားအတွေးများသည် မမှားယွင်းပါ။ ဤအရာများသည် လူနည်းစုကသာ နှစ်သက်ပြီး လက်ခံသည့် အရာများ ဖြစ်လျှင်ပင် ဤအတွေးများကို ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် အလေးထားသင့်ပါသေးသည်။ လူတိုင်း သိရှိပြီး လက်ခံနိုင်ရန်အလို့ငှာ ယင်းတို့ကို လူသိရှင်ကြား ဖြစ်စေသင့်ပါသည်” ဟုပင် တွေးထင်ကြမည်။ သင် မြင်သလော၊ ရုပ်ရှင်ကား တစ်ကားတည်းတွင် ဒါရိုက်တာ ထောက်ခံအားပေးသော အရာများသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ လူတို့အပေါ် အပျက်သဘောဆောင်သော လွှမ်းမိုးမှု ရှိသည်ဖြစ်စေ ၎င်းတို့သည် ယင်းတို့ကို လက်ခံလိမ့်မည်ဖြစ်ပြီး အထူးပင် တန်ဖိုးထားလိမ့်မည်။ ၎င်းတို့အတွက် မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်းကြားတွင် ရှင်းလင်းသော သို့မဟုတ် တိကျသော ခြားနားချက် မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် ဤရုပ်ရှင်ထဲရှိ အပြုသဘောဆောင်သော အရာများကို လက်ခံနိုင်သကဲ့သို့ အပျက်သဘောဆောင်သော အရာများကိုလည်း လက်ခံနိုင်သည်။ ၎င်းတို့သည် ဤအရာများကို လက်ခံနိုင်သောကြောင့် ယင်းတို့ကို အသုံးချကြလိမ့်မည်။ ၎င်းတို့သည် ဤအရာများကို မိမိတို့၏ ကိုယ်ပိုင် အတွေးအခေါ်များနှင့် အမြင်များကို ဖော်ပြသည့် လက်ရာများထဲသို့ ထည့်သွင်းလိမ့်မည်၊ သို့မဟုတ် နေ့စဉ်ဘဝတွင် အခြားသူများထံ သွတ်သွင်းပေးလျက် အခြားသူများကို လွှမ်းမိုးလိမ့်မည်။ အပြုသဘောဆောင်သော အရာများသည် လူတို့အပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သော်လည်း အပျက်သဘောဆောင်သော အရာများသည် လူတို့အပေါ် ဧကန်မုချ အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။ ထို့ကြောင့် ထိုသို့သောလူများသည် ကောင်းမှုပြုနေစဉ်တွင် မကောင်းမှုအချို့ကိုလည်း ပြုလုပ်ကြလိမ့်မည်။ ဆိုလိုသည်မှာ သင် ဗိုက်ဆာသောအခါ ဥပမာအားဖြင့် ၎င်းတို့က သင့်ကို ဆန်ပြုတ်တစ်ပန်းကန် ပေးလိမ့်မည်ဖြစ်သော်လည်း ယင်းမှာ သန့်ရှင်းမည်မဟုတ်ဘဲ သဲအချို့နှင့် ရောနှောနေမည်ဖြစ်ကာ အချိန်ကြာမြင့်စွာ စားသုံးခြင်းက သင်၏ ကျန်းမာရေးကို ထိခိုက်စေလိမ့်မည်။ သို့မဟုတ် ၎င်းတို့က သင့်ကို အစားအစာတစ်ပန်းကန် ပေးလိမ့်မည်ဖြစ်သော်လည်း ယင်းမှာ ယင်ကောင်များနှင့် ခြင်များကဲ့သို့သော အရာများနှင့် ရောနှောနေလိမ့်မည်။ သင်က အရသာရှိသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း ယင်းတွင် ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိသော ဘက်တီးရီးယားအချို့ ပါဝင်နေသည်။ ထိုသို့သောလူများသည် သင်၏ ဆာလောင်မှုကို ဖြေရှင်းပေးခဲ့ကာ သင့်ကို ဗိုက်ဝစေခဲ့သော်လည်း ၎င်းတို့သည် သင်၏ ခန္ဓာကိုယ်အပေါ် ဆိုးကျိုးအချို့ကိုလည်း သက်ရောက်စေပြီး ဖြစ်လိမ့်မည်။ ထိုနည်းတူစွာပင် သင့်တွင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ပါက လက်ရာတစ်ခုကို သင် ကြည့်ရှုသောအခါ ယင်းမှ မှားယွင်းသော အတွေးအခေါ်များနှင့် အမြင်အချို့ကို သင် လက်ခံမိရန် အလွန် အလားအလာရှိပြီး ယင်း၏ အထင်အမြင်မှားစေခြင်းနှင့် အဆိပ်သင့်စေခြင်းကို ခံရပေမည်။ ထို့ကြောင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ပိုင်ဆိုင်ခြင်းသည်လည်း အလွန် အရေးကြီးသည်။ ဤသည်တို့မှာ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှုထောင့်မှကြည့်လျှင် အစွမ်းအစ သာမန်ရှိသော လူများ၏ သရုပ်သကန်များ ဖြစ်သည်။

နောက်တစ်ဆင့်မှာ အစွမ်းအစညံ့ဖျင်းသော လူများ ဖြစ်သည်။ အစွမ်းအစညံ့ဖျင်းသော လူများတွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မရှိကြပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် မည်သည့်အရာကို မြင်တွေ့သည်ဖြစ်စေ မည်သည့် အတွေးအခေါ်များနှင့် အမြင်များကို ပိုင်ဆိုင်ထားခြင်းက မှန်ကန်သည်ကို မသိကြသကဲ့သို့ မည်သည့် ရှုထောင့် သို့မဟုတ် ရပ်တည်ချက်ကို ခံယူခြင်းက မှန်ကန်သည်ကိုလည်း မသိကြပေ။ ဤကိစ္စတွင် လူတို့၌ မည်သည့် မှားယွင်းသော အတွေးအခေါ်များနှင့် အမြင်မျိုး ရှိသည်ကိုပင် ၎င်းတို့ မသိကြပေ၊ သို့မဟုတ် ထိုသို့သော ကိစ္စရပ်များကို ရင်ဆိုင်ရသောအခါ လူတို့သည် ယခင်က မည်သည့် အတွေးများ၏ လွှမ်းမိုးမှုကို ခံခဲ့ရသည်ကိုပင် မသိကြပေ။ ဤသည်မှာ စဉ်းစားတွေးခေါ်မှု ယုတ္တိနှင့် သက်ဆိုင်ပြီး အစွမ်းအစညံ့ဖျင်းသော လူများသည် ဤအရာကို လုံးဝ လက်လှမ်းမမီကြပေ။ ထို့ကြောင့် ၎င်းတို့သည် အမှုအရာများကို တန်ဖိုးထားနိုင်သည်ဟု ဆိုဖွယ်ရာ မရှိတော့ပေ။ လူတစ်ဦးသည် အမှုအရာများကို တန်ဖိုးထားတတ်ပြီးမှသာ အမှုအရာများအပေါ် ၎င်းတို့၏ ခံစားမှု မည်သို့ရှိသည်၊ သို့မဟုတ် ၎င်းတို့တွင် အမှုအရာများကို အကဲဖြတ်နိုင်စွမ်း ရှိမရှိဟူသည်ကို ပြောဆိုနိုင်သည်။ ၎င်းတို့သည် အမှုအရာများကို ခံစားခြင်းပင် မပြုနိုင်ပါက ၎င်းတို့တွင် အကဲဖြတ်နိုင်စွမ်း ရှိမရှိ ဆွေးနွေးခြင်းသည် အဓိပ္ပာယ်ပင် မရှိတော့ပေ။ ဥပမာအားဖြင့် ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြီးနောက်တွင် အချို့လူများက “ဤဆောင်းပါးသည် ဝေါဟာရ အသုံးအနှုန်း ကြွယ်ဝပြီး အလွန် ချောမွေ့ပြေပြစ်စွာ ဖော်ပြထားကာ အတော်လေး ဟာသမြောက်သည်။ ဆောင်းပါး ရေးသားထားပုံမှာ အလွန် ကောင်းမွန်ပါသည်” ဟု ပြောဆိုကြသည်။ တစ်စုံတစ်ဦးက “ဤဆောင်းပါးတွင် စာရေးသူက မည်သည့် အတွေးအခေါ်များနှင့် အမြင်များကို ဖော်ပြရန် ရည်ရွယ်ခဲ့သနည်း။ ဤကဲ့သို့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း” ဟု မေးမြန်းသည်။ “ဪ၊ သဘောထားတစ်ခု ရှိသလော။ ယင်းတွင် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များလည်း ပါဝင်သလော။ ကျွန်ုပ် သတိမထားမိပါ။ မည်သို့ပင်ဖြစ်စေ ၎င်းတို့၏ ဆောင်းပါး ရေးသားထားပုံ ကောင်းသည်ဟု ကျွန်ုပ် ထင်ပြီး ဖတ်ရသည်ကို နှစ်သက်ပါသည်” ဟူ၍ ဖြစ်သည်။ တစ်ဖက်လူက “သို့ဆိုလျှင် ၎င်းတို့ ဖော်ပြခဲ့သည့် မည်သည့် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို သင် နှစ်သက်သနည်း။ မည်သည့် စာပိုဒ် သို့မဟုတ် ဇာတ်လမ်းက စာရေးသူ၏ မည်သည့် အတွေးအခေါ်များနှင့် အမြင်မျိုးကို ဖော်ပြသည်၊ ဆောင်းပါး၏ အဓိက အယူအဆမှာ အဘယ်အရာ ဖြစ်သည်တို့ကို သင် သိသလော” ဟု မေးမြန်းသည်။ ၎င်းတို့က “ကျွန်ုပ် ထိုအရာကို နားမလည်သေးပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် ယင်းကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ထပ်ဖတ်သော်လည်း ဆောင်းပါး ရေးသားထားပုံ ကောင်းမွန်ပြီး စာပေအရေးအသား ကောင်းမွန်သည်ဟုသာ ခံစားရဆဲဖြစ်သည်။ ယင်းက မည်သည့် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို ဖော်ပြခြင်းနှင့်ပတ်သက်၍မူ ၎င်းတို့ မသိမြင်နိုင်ကြချေ။ ဤသည်မှာ ၎င်းတို့၏ အစွမ်းအစ မည်သို့ရှိကြောင်းကို ဖော်ထုတ်နေသည် မဟုတ်လော။ ၎င်းသည် ဤဆောင်းပါးကို ဖတ်ရှုပြီး ဆောင်းပါးက ရှင်းပြထားသည့် အတွေးအခေါ်များနှင့် အမြင်များကို သဘောမပေါက်နိုင်ပါက ၎င်းတွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ပြီး အစွမ်းအစညံ့ဖျင်းသော လူတစ်ဦးဖြစ်သည်ဟုသာ ပြောဆိုနိုင်သည်။ ဆောင်းပါးတွင် မှန်ကန်သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များကို ရှင်းပြထားပြီးဖြစ်သည့် ရှင်းလင်းသော စကားလုံးများ ပါဝင်သော်လည်း ၎င်းတို့ မသိမြင်နိုင်သေးပါက ဤသည်မှာ ၎င်းတို့၏ အစွမ်းအစ အလွန်အမင်း ညံ့ဖျင်းကြောင်း သက်သေပြနေသည်။ ၎င်းတို့က “ဆောင်းပါး ရေးသားထားပုံ ကောင်းသည်၊ စကားလုံးများ ချောမွေ့ပြေပြစ်ပြီး စာပေအရေးအသား ပုံစံ ကောင်းသည်” ဟုသာ ပြောဆိုနိုင်သော်လည်း ဆောင်းပါးတွင် ဆွေးနွေးထားသော အချက်အလက်များသည် ဓမ္မဓိဋ္ဌာန်ကျခြင်း ရှိမရှိ၊ ယင်းက စာဖတ်သူများကို မည်သို့ ခံစားရစေသည်၊ သို့မဟုတ် စာဖတ်သူများက ယင်းမှ မည်သည့်အရာကို သင်ယူနိုင်ပြီး ရယူနိုင်သည်တို့ကို ၎င်းတို့ မသိကြပေ၊ နားမလည်ကြပေ။ ၎င်းတို့သည် စာရေးသူကို မေးမြန်းရန် လိုအပ်နေဦးမည် ဖြစ်သည်။ ဤသည်မှာ ထိုသို့သောလူများတွင် အစွမ်းအစ ညံ့ဖျင်းကြောင်း လုံးဝ သက်သေပြနေသည်။ ၎င်းတို့၏ အစွမ်းအစညံ့ဖျင်းခြင်းသည် မည်သို့ ထုတ်ဖော်ပြသနည်း။ ၎င်းတို့၏ အစွမ်းအစညံ့ဖျင်းခြင်းသည် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များဟူသည် အဘယ်အရာဖြစ်ကြောင်း ၎င်းတို့ နားမလည်ခြင်း၊ အမှုအရာများကို မည်သို့ တန်ဖိုးထားရမည်ကို နားမလည်ခြင်းတို့တွင် ထုတ်ဖော်ပြပြီး အမှုအရာများကို အကဲဖြတ်ရန် လုံးဝ မစွမ်းဆောင်နိုင်ခြင်းတွင် သာ၍ပင် ပေါ်လွင်ထင်ရှားသည်။ ခြုံငုံ၍ ဤသည်ကို အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ခြင်းဟု ခေါ်ဆိုသည်။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့သော လူများသည် အစွမ်းအစ သာမန်ရှိသော လူများထက် ပို၍ဆိုးရွားသည့် ပုံစံမှာ ၎င်းတို့သည် အမှုအရာများကို အကဲဖြတ်နိုင်စွမ်း ကင်းမဲ့ရုံသာမက အမှုအရာများကို တန်ဖိုးထားနိုင်စွမ်းပင် ကင်းမဲ့နေခြင်း ဖြစ်သည်။ ထို့ကြောင့် အတွေးအခေါ်များနှင့် အမြင်များ အဆင့်၊ စဉ်းစားတွေးခေါ်မှု ယုတ္တိ၊ သို့မဟုတ် တစ်စုံတစ်ရာသည် လူ့သဘာဝနှင့် သို့မဟုတ် အမှုအရာများ၏ ဓမ္မဓိဋ္ဌာန်ကျသော နိယာမများနှင့် ကိုက်ညီမှု ရှိမရှိဟူသည်တို့နှင့် ပတ်သက်လာသောအခါ ၎င်းတို့သည် ယင်းတို့ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသကဲ့သို့ မည်သို့ ခံစားရမည်ကို မသိကြပေ။ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် မှန်ကန်ခြင်း ရှိမရှိ ခွဲခြားသိမြင်ဖို့ဆိုသည်မှာ ဝေးစွ၊ ဤဆောင်းပါးက အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ တစ်စုံတစ်ရာကို ရှင်းပြထားခြင်း ရှိမရှိကိုပင် ၎င်းတို့ သဘောမပေါက်နိုင်ကြပေ။ ၎င်းတို့ ကျောင်းတက်ဖူးသောကြောင့်သာ စကားလုံးများ၊ အသိပညာ၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အတတ်ပညာတို့နှင့် သက်ဆိုင်သော အရာများကို ဖတ်ရှုနိုင်ခြင်း ဖြစ်သော်လည်း ၎င်းတို့သည် အမှုအရာများကို တန်ဖိုးထားနိုင်ခြင်း မရှိဘဲ ဖတ်ရှုနိုင်၊ ကြည့်ရှုနိုင်၊ နားထောင်နိုင်သည့် အဆင့်တွင်သာ ရှိနေကြသည်။ ထိုသို့သောလူများသည် အစွမ်းအစညံ့ဖျင်းသော လူများ ဖြစ်ကြသည်။ အစွမ်းအစညံ့ဖျင်းသော လူများသည် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အတတ်ပညာများ သို့မဟုတ် အသိပညာ အဆင့်နှင့် သက်ဆိုင်သော အရာများကို ပြောဆိုနိုင်သည်။ တစ်စုံတစ်ရာသည် မည်သည့် နာမည်ကြီးပုဂ္ဂိုလ်၏ လက်ရာဖြစ်သည်၊ မည်သည့် နာမည်ကြီးပုဂ္ဂိုလ်၏ ကျော်ကြားသော စကားကို ကိုးကားထားသည်၊ မည်သည့် ဖော်ပြမှုပုံစံကို ရည်ညွှန်းထားသည်၊ သို့မဟုတ် ယင်းကို ပြီးမြောက်အောင်မြင်စေရန် မည်သည့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု သို့မဟုတ် အတတ်ပညာကို အသုံးပြုထားသည် စသည်တို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို သိမြင်နိုင်သည်။ သို့ရာတွင် ဤအတတ်ပညာများနှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ သို့မဟုတ် အသိပညာ အဆင့်အပေါ် အခြေခံ၍ ထောက်ခံအားပေးပြီး ဖော်ပြနေသော အယူအဆများကို ၎င်းတို့ နားမလည်ကြပေ။ ထို့အပြင် ဤအရာများကို ပုံဖော်ခြင်းနှင့် တင်ဆက်ခြင်း နောက်ကွယ်ရှိ အယူအဆများ၊ အခြေခံများ သို့မဟုတ် အခြေခံသဘောတရားများမှာ အဘယ်အရာ ဖြစ်သည်ကိုလည်း ၎င်းတို့ နားမလည်ကြပေ။ ဤသည်မှာ အစွမ်းအစညံ့ဖျင်းခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ ထိုသို့သောလူများတွင် ထူးခြားသော လက္ခဏာတစ်ခု ရှိသည်။ ၎င်းတို့သည် ပြဿနာများကို မည်သို့ တွေးတောဆင်ခြင်ရမည်ကို မသိကြပေ။ တစ်စုံတစ်ရာကြောင့် ဖြစ်ပေါ်လာသော ဖြစ်စဉ်များ၏ အခြေခံအကြောင်းရင်းနှင့် အနှစ်သာရကို မည်သို့ ခွဲခြားသိမြင်ရမည်၊ သုံးသပ်ဆုံးဖြတ်ရမည်၊ သို့မဟုတ် သိရှိရမည်ကို ၎င်းတို့ မသိကြပေ။ သို့မဟုတ် ဤဖြစ်စဉ်များ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်နှင့် ယင်းတို့က လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် သက်ရောက်မည့် လွှမ်းမိုးမှုကို ၎င်းတို့ မသိကြပေ။ ထိုသို့သောလူများတွင် ပုံမှန် တွေးခေါ်မှု မရှိကြပေ။ ၎င်းတို့ နားလည်နိုင်သော အရာများနှင့် ၎င်းတို့ သဘောပေါက်နိုင်သော ဘဝအတွေ့အကြုံများသည် အလွန် အကန့်အသတ် ရှိသည်။ ၎င်းတို့သည် မည်မျှ ရှုပ်ထွေးသော ကိစ္စရပ်များကို ကြုံတွေ့ရသည်ဖြစ်စေ ယင်းတို့ကို နားမလည်နိုင်ကြပေ၊ သို့မဟုတ် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် တစ်စုံတစ်ရာနှင့်ပတ်သက်၍ အပေါ်ယံတွင် ၎င်းတို့ ကြားရသော စကားလုံးများနှင့် မြင်ရသော စာသားများကိုသာ စဉ်းစားနိုင်ပြီး ပါဝင်ပတ်သက်နေသော အပြင်ပန်း ပုံသဏ္ဌာန်များနှင့် နည်းလမ်းများကိုသာ စဉ်းစားနိုင်သည်။ ဤအဆင့်အထိသာ ရောက်ရှိသည်။ အမျိုးမျိုးသော အရာများကြားရှိ ဆက်နွှယ်မှုများ၊ ယုတ္တိနှင့် အပြန်အလှန် လွှမ်းမိုးမှုများကဲ့သို့သော ပို၍နက်ရှိုင်းသည့် ကဏ္ဍများနှင့်ပတ်သက်၍မူ ၎င်းတို့သည် ယင်းတို့ကို မစဉ်းစားကြသကဲ့သို့ စဉ်းစားနိုင်စွမ်းလည်း မရှိကြပေ။ အချို့လူများသည် အစားအသောက်ပျက်သည်အထိ၊ အအိပ်ပျက်သည်အထိ သို့မဟုတ် စိတ်ဓာတ်ကျသည်အထိ တစ်စုံတစ်ရာကို စဉ်းစားသော်လည်း ယင်းကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြသေးပေ။ ဤသည်မှာ အစွမ်းအစညံ့ဖျင်းခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ လူတစ်ဦးတွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ရှိမရှိ အကဲဖြတ်ခြင်းသည် ကိစ္စရပ်တစ်ခုကို ကြုံတွေ့ရသောအခါ အမျိုးမျိုးသော အရာများကြားရှိ ရှုပ်ထွေးသော ဆက်နွှယ်မှုများ၊ ချိတ်ဆက်မှုများ သို့မဟုတ် အပြန်အလှန် လွှမ်းမိုးမှုများအပြင် ယင်းတို့ ရရှိလာနိုင်မည့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများနှင့် စပ်လျဉ်း၍ ဖြစ်နိုင်ချေ အမျိုးမျိုးကို ဖော်ထုတ်ရန် ၎င်းတို့ သုံးသပ်ဆုံးဖြတ်နိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ လူတစ်ဦးသည် တစ်စုံတစ်ယောက်က မည်သည့်အရာ ပြောဆိုခဲ့သည် သို့မဟုတ် လုပ်ဆောင်ခဲ့သည်ကိုသာ ပြောဆိုနိုင်ပြီး မည်သည့် ပိုင်းခြားသိမြင်မှုမျှ မရှိဘဲ၊ မည်သည့် ပြဿနာကိုမျှ သိမြင်ခြင်းမရှိဘဲ ၎င်းတို့ ကြားခဲ့သည့် သို့မဟုတ် မြင်ခဲ့သည့်အရာကို ပြန်လည်ပြောပြရုံသာ ပြုလုပ်နိုင်ပါက ဤသည်မှာ ၎င်းတို့တွင် ပုံမှန် တွေးခေါ်မှု မရှိကြောင်း ဖော်ပြနေသည်။ တွေးခေါ်နိုင်စွမ်း ကင်းမဲ့သော လူများသည် အမှုအရာများကို တန်ဖိုးထားနိုင်စွမ်း ကင်းမဲ့ကြသည်။ သေချာပေါက်ပင် ၎င်းတို့သည် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းလည်း ကင်းမဲ့ကြပြီး မည်သို့ တွေးခေါ်ရမည်ကို မသိကြပေ။ သို့ဆိုလျှင် ဤစွမ်းရည်အကြောင်း ငါတို့ အဘယ်ကြောင့် ဆွေးနွေးရန် လိုအပ်သနည်း။ လူတို့တွင် ရုပ်ဝတ္ထုကမ္ဘာကို တန်ဖိုးထားနိုင်သည့် စွမ်းရည်အမျိုးမျိုး ကင်းမဲ့ပါက ဤလူများ၏ အစွမ်းအစသည် ညံ့ဖျင်းသည်။ ၎င်းတို့သည် မည်သို့ တွေးခေါ်ရမည်ကို မသိကြသကဲ့သို့ ၎င်းတို့၏ တွေးခေါ်မှုတွင် ယုတ္တိကင်းမဲ့သောကြောင့် ထိုသို့သောလူများသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်တွင် သမ္မာတရားသည် လူတို့၏ လက်တွေ့ဘဝများတွင်ရှိသော ပြဿနာများ၏ ကဏ္ဍအသီးသီးနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပယ်ရှားရန်အလို့ငှာ ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းအမျိုးမျိုးနှင့်လည်း သက်ဆိုင်သည်။ သေချာပေါက်ပင် ယင်းသည် လူတို့ လက်တွေ့ဘဝတွင် ကြုံတွေ့ရသော တစ်ဖက်သတ် ပြဿနာ အမျိုးအစားအမျိုးမျိုးနှင့်ဖြစ်စေ၊ ရှုပ်ထွေးပြီး ဘက်ပေါင်းစုံပါဝင်သည့် ပြဿနာ အမျိုးအစားအမျိုးမျိုးနှင့်ဖြစ်စေ၊ ယင်းတို့ကြားရှိ ဆက်နွှယ်မှုများနှင့်ဖြစ်စေ သာ၍ပင် သက်ဆိုင်သည်။ သမ္မာတရား တစ်ခုတည်းအကြောင်း ပြောဆိုသည်ဖြစ်စေ၊ အပြန်အလှန် ဆက်စပ်နေသော သမ္မာတရား အများအပြားအကြောင်း ပြောဆိုသည်ဖြစ်စေ မည်သည့် သမ္မာတရားမျှ စည်းမျဉ်းစည်းကမ်းတစ်ခု မဟုတ်ပေ။ ထိုအစား ယင်းတို့သည် အမှုအရာ အမျိုးအစားတစ်ခုကို တိုင်းတာရန်အတွက် စည်းမျဉ်းများ သို့မဟုတ် စံသတ်မှတ်ချက်များ ဖြစ်ကြသည်။ စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များအကြောင်း ပြောရလျှင် ယင်းတို့သည် တစ်ပေါင်း တစ် ညီမျှခြင်း နှစ်ကဲ့သို့သော စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် ပုံသေနည်းများ မဟုတ်ကြပေ။ ယင်းတို့သည် ပုံသေနည်းများ မဟုတ်သောကြောင့် လက်တွေ့ဘဝတွင် ကိစ္စရပ်များကို ကြုံတွေ့ရသောအခါ လူ့သဘာဝ၏ မည်သည့် ပြဿနာများ ပါဝင်ပတ်သက်နေသည်၊ ဤကဏ္ဍတွင် လူ့သဘာဝ၏ ထုတ်ဖော်မှုများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အစိတ်အပိုင်းများ ပါဝင်ခြင်း ရှိမရှိ၊ တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အမျိုးအစားအတွက် မည်သည့် အခြေအနေများနှင့် ထုတ်ဖော်ပြသမှုများ ရှိသည်၊ ပြီးလျှင် ယင်းကို ပြောင်းလဲရန်အလို့ငှာ လူတို့သည် သမ္မာတရား၏ မည်သည့် ကဏ္ဍများကို လက်တွေ့လုပ်ဆောင်သင့်ပြီး လိုက်နာသင့်သည်တို့ကို လူတို့ တွေးတောဆင်ခြင်နိုင်ရန်နှင့် ရှာဖွေနိုင်ရန် လိုအပ်သည်။ ဤအရာအားလုံးကို လူတို့ နားလည်ရန် လိုအပ်သည်။ သင်သည် သမ္မာတရား၏ စကားလုံးများကိုသာ သိရှိပြီး သမ္မာတရား၏ ဤကဏ္ဍတွင် ပြောဆိုထားသော စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို မသိပါက သင်သည် ယင်းကို လက်တွေ့ဘဝ အမှုအရာများနှင့် မည်သို့ ဆက်စပ်ရမည်ကို သိရှိမည်မဟုတ်သကဲ့သို့ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း သိရှိမည်မဟုတ်ပေ။ သင့်တွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိပါက သင်သည် ယင်းကို သင့်ကိုယ်တိုင်၌ ရှိသော ပြဿနာများနှင့်ဖြစ်စေ၊ လက်တွေ့ဘဝတွင် သင် ကြုံတွေ့ရသော ပြဿနာများနှင့်ဖြစ်စေ ဆက်စပ်နိုင်မည် မဟုတ်ပေ။ သမ္မာတရား၏ ကဏ္ဍမည်မျှ ပါဝင်ပတ်သက်နေသည်၊ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှု လမ်းကြောင်းမှာ အဘယ်အရာဖြစ်သည်၊ သို့မဟုတ် သင် ဖြေရှင်းသင့်သည့် ပြဿနာများမှာ အဘယ်အရာဖြစ်သည်တို့ကို သင် သိရှိမည်မဟုတ်ပေ။ သို့ဖြစ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ လူများနှင့် အမှုအရာများကို ရှုမြင်နိုင်မည် သို့မဟုတ် ကျင့်ကြံပြုမူပြီး ဆောင်ရွက်နိုင်မည်ဟု ဆိုဖွယ်ရာ မရှိတော့သကဲ့သို့ သမ္မာတရား စည်းမျဉ်းများကို လိုက်နာနိုင်မည် သို့မဟုတ် သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်မည်ဟု ဆိုဖွယ်ရာ မရှိတော့ပေ။ သင့်တွင် လူ့ဘဝနှင့် သက်ဆိုင်သော အချို့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို တန်ဖိုးထားခံစားနိုင်စွမ်း ကင်းမဲ့နေပါက၊ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့် အတွေးအခေါ်များ သို့မဟုတ် အမြင်များမျှ မရှိဘဲ အတွေးအခေါ် အဆင့်နှင့် သက်ဆိုင်သော အရာများကို အခြေခံအားဖြင့် သဘောမပေါက်နိုင်ပါက ယင်းတို့ကို တန်ဖိုးထားနိုင်စွမ်း မရှိသည့်အပြင် အကဲဖြတ်နိုင်စွမ်း သာ၍ပင် မရှိပါက သင့်တွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိဟု ပြောဆိုနိုင်သည်။ သင့်တွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိဘဲ သမ္မာတရားကို နားမလည်နိုင်ပါက သင်၏ လူ့သဘာဝရှိ ချို့ယွင်းချက်များကို ပြောင်းလဲရန်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပယ်ရှားရန် သင် မည်သည့်အရာကို အသုံးပြုမည်နည်း။ သင့်တွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိပါက သင့်ရှေ့ရှိ ကိစ္စရပ်တွင် သမ္မာတရား စည်းမျဉ်း မည်သည့်အရာ ပါဝင်ပတ်သက်နေသည်ကို သင် သိရှိမည်မဟုတ်ပေ။ သို့ဖြစ်၍ သင် လိုက်နာစောင့်ထိန်းသင့်သည့် သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုလည်း သင် သိရှိမည်မဟုတ်ပေ။ ထိုအခြေအနေမျိုးတွင် သင်သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း သို့မဟုတ် အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ ပြုမူခြင်း သို့မဟုတ် ထိုသို့မဟုတ်ပါက မဆင်မခြင် ဒုစရိုက်အမှုပြုခြင်းဖြင့် ကျိုးကြောင်းမမြင် ပြုမူပေလိမ့်မည်။ သမ္မာတရားကို နားမလည်ခြင်းသည် ဤအကျိုးဆက်များ၊ ဤသရုပ်သကန်များကို ဖြစ်ပေါ်စေသည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။