သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇) အပိုင်း လေး
လူတစ်ဦး၏ အစွမ်းအစကို စေ့စေ့စပ်စပ် အကဲဖြတ်နည်း
ငါတို့သည် လူတစ်ဦး၏ အစွမ်းအစကို အကဲဖြတ်ရန်အတွက် စွမ်းရည်တစ်ဆယ့်တစ်မျိုးထဲမှ နောက်ဆုံးတစ်မျိုးဖြစ်သည့် ဆန်းသစ်တီထွင်နိုင်စွမ်းကို ယခု ဆွေးနွေးပြီးပြီဖြစ်သည်။ ဤစွမ်းရည် တစ်ဆယ့်တစ်မျိုးနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ပြီးနောက် သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစနှင့်ပတ်သက်၍ အတော်အတန် ရှင်းလင်းသွားပြီလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်တို့သည် ယင်းကို အကဲဖြတ်နိုင်ပြီလော။ သင်တို့၏ ကိုယ်ပိုင်အစွမ်းအစ အမှန်တကယ် မည်သို့ဖြစ်သည်ကို သင်တို့ တိတိကျကျ အကဲဖြတ်နိုင်သလော။ သင်၏ ကိုယ်ပိုင်အစွမ်းအစသည် ကောင်းသည်၊ သာမန်ဖြစ်သည်၊ ညံ့ဖျင်းသည် သို့မဟုတ် လုံးဝမရှိဟူ၍ ဆုံးဖြတ်သတ်မှတ်ခြင်းနှင့်ပတ်သက်လာလျှင် အကဲဖြတ်ခြင်းဆိုင်ရာ စံတစ်ခုရှိသည်၊ သင်သည် ရှုထောင့်တစ်မျိုးတည်းကိုသာ ကြည့်၍မရပေ၊ ယင်းကို ဘက်စုံခြုံငုံ၍ အကဲဖြတ်ရမည်ဖြစ်သည်။ သို့ဆိုလျှင် လူတစ်ဦး၏ အစွမ်းအစ မည်သို့ဖြစ်သည်ကို အကဲဖြတ်ရန် မည်သည့်ရှုထောင့်များကို ကြည့်ရှုသင့်သနည်း။ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သော စွမ်းရည်တစ်ဆယ့်တစ်မျိုး၏ သရုပ်သကန်များမှ အကဲဖြတ်ရသော် လူတစ်ဦးကို အစွမ်းအစကောင်းရှိသည်ဟု အကဲဖြတ်ရန်အတွက် အနည်းဆုံးအားဖြင့် ၎င်းတို့သည် အတော်အတန် အရေးကြီးသော စွမ်းရည်အချို့ကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ ခဏမျှ စဉ်းစားကြည့်လော့၊ စွမ်းရည် တစ်ဆယ့်တစ်မျိုးထဲမှ မည်သည့်အရာများက လူတစ်ဦးတွင် အစွမ်းအစကောင်းရှိကြောင်း သက်သေပြနိုင်သည့် အဓိကစွမ်းရည်များ ဖြစ်ကြသနည်း။ သင်တို့ ဤအရာကို တိုင်းတာချိန်ဆနိုင်သလော။ အစီအစဉ်သည် နောက်ဆုံးစွမ်းရည်မှ ပထမစွမ်းရည်သို့ သွားသင့်သည်၊ အစွမ်းအစကောင်းရှိသောသူတစ်ဦးသည် အနည်းဆုံး ဆန်းသစ်တီထွင်နိုင်စွမ်းကို ပိုင်ဆိုင်ရမည်၊ ထို့နောက်တွင် အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းနှင့် အမှုအရာများကို တုံ့ပြန်နိုင်စွမ်းတို့ ဖြစ်ကြသည်၊ ထို့နောက်တွင် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းနှင့် သိမြင်နားလည်နိုင်စွမ်းတို့ လာသည်၊ နောက်ဆုံးတွင် အမှုအရာများကို လက်ခံနိုင်စွမ်း၊ သဘောပေါက်နားလည်နိုင်စွမ်း၊ အမှုအရာများကို နားလည်နိုင်စွမ်းနှင့် သင်ယူနိုင်စွမ်းတို့ ဖြစ်ကြသည်။ အစီအစဉ်မှာ ဤသို့ဖြစ်၏။ အဘယ်ကြောင့် အစီအစဉ်ကို ပြောင်းပြန်လှန်ထားသနည်း။ ငါတို့ အစပိုင်းတွင် စီစဉ်ခဲ့သော အစီအစဉ်မှာ အောက်မှ အထက်သို့ ဖြစ်သော်လည်း လူတစ်ဦးသည် အစွမ်းအစကောင်း ရှိမရှိကို အကဲဖြတ်ရန်အတွက်မူ ယင်းကို အထက်မှ အောက်သို့ စီစဉ်ထားသည်။ အစွမ်းအစကောင်း ရှိသောသူတစ်ဦးသည် အနည်းဆုံး ဆန်းသစ်တီထွင်နိုင်စွမ်းကို ပိုင်ဆိုင်ရမည်ဖြစ်သည်။ ဤအရာကို ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းနှင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ပြီးဖြစ်သည့် အခြေခံအုတ်မြစ်ပေါ်တွင် ရရှိခြင်းဖြစ်သည်။ သင်သည် အမှုအရာများကို သိမြင်နားလည်နိုင်ကာ ပိုင်းခြားသိမြင်နိုင်၍ သုံးသပ်ဆုံးဖြတ်နိုင်လျှင် သင်သည် အမှုအရာများကို နားလည်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်ပြီး ထို့နောက် သင် ဆန်းသစ်တီထွင်နိုင်ပါက ယင်းက သင့်ကို အစွမ်းအစကောင်းရှိသောသူတစ်ဦး ဖြစ်စေသည်။ ထိုသို့သောလူများသည် ခေါင်းဆောင်နိုင်စွမ်းရှိသူများ၊ ဆုံးဖြတ်ချက်ချသည့်အဆင့်သို့ ဝင်ရောက်နိုင်စွမ်းရှိသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ခေါင်းဆောင်များဖြစ်ရန် ပင်ကိုစွမ်းရည်ရှိကြပြီး အလုပ်၏ ကဏ္ဍတစ်ခုကို ကြီးကြပ်အုပ်ချုပ်နိုင်သည်။ ဤသူတို့သည် အစွမ်းအစကောင်း ရှိသောသူများ ဖြစ်ကြသည်။ အစွမ်းအစ သာမန်ဖြစ်သောသူများမှာ ဆန်းသစ်တီထွင်နိုင်စွမ်းမှအစ သင်ယူနိုင်စွမ်းအထိ ရှုထောင့်အားလုံးရှိ ၎င်းတို့၏ စွမ်းရည်များအားလုံး သာမန်ဖြစ်သောသူများ ဖြစ်ကြသည်။ အမှုအရာများကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် ရလဒ်များမှာ နှစ်မျိုးလုံး သာမန်ဖြစ်ကြသည်။ ဤသူတို့သည် အစွမ်းအစ သာမန်ဖြစ်သောသူများ ဖြစ်ကြသည်။ အစွမ်းအစ သာမန်ဖြစ်သောသူများ၏ အဓိက သရုပ်သကန်တစ်ခုမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ စည်းမျဉ်းများနှင့်ပတ်သက်၍ ၎င်းတို့၏ သဘောပေါက်နားလည်မှုနှင့် သိနားလည်မှုတို့သည် နက်နဲမှုမရှိဘဲ သိပ်တိကျမှန်ကန်မှုမရှိခြင်း ဖြစ်သည်။ အကောင်အထည်ဖော်ပြီး လက်တွေ့လုပ်ဆောင်သောအခါတွင် လစ်ဟာမှုများနှင့် သွေဖည်မှုများ အစဉ်သဖြင့် ရှိနေသည်။ ၎င်းတို့သည် အမှုအရာများကို အစဉ်သဖြင့် လွဲချော်နေတတ်သည်၊ ဤအရာမေ့၊ ထိုအရာမေ့ ဖြစ်တတ်ပြီး အရာရာတိုင်းကို ဘက်စုံခြုံငုံ၍ ထည့်သွင်းစဉ်းစားနိုင်ခြင်းမရှိပေ။ ဥပမာအားဖြင့် ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များအဖြစ် ရွေးချယ်ခံရသော်လည်း အလုပ်၏ ရှုထောင့်အားလုံးကို ဘက်စုံခြုံငုံ၍ တာဝန်ယူနိုင်စွမ်းမရှိကြပေ။ ၎င်းတို့သည် ဧဝံဂေလိအလုပ်အတွက် တာဝန်ရှိသောအခါ ဧဝံဂေလိအလုပ်ကိုသာ အာရုံစိုက်ပြီး အခြားအလုပ်များကို ဂရုမစိုက်နိုင်ကြပေ။ ၎င်းတို့သည် ဧဝံဂေလိအလုပ်ကို စတင်လုပ်ဆောင်နိုင်သော်လည်း စာနှင့်ပတ်သက်သောအလုပ် သို့မဟုတ် ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန် အချိန်မရှိကြပေ။ ဤသည်မှာ အဘယ်ကြောင့်ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အစွမ်းအစမှာ လုံးလုံးလျားလျား သာမန်ဖြစ်ပြီး အလုပ်၏ ရှုထောင့်တစ်မျိုးကိုသာ ကိုင်တွယ်နိုင်သောကြောင့်ဖြစ်သည်၊ ၎င်းတို့သည် အလုပ်၏ နယ်ပယ်တစ်ခုအတွက် အရည်အချင်းပြည့်မီရန် အနိုင်နိုင် စီမံနိုင်သော်လည်း အခြားအလုပ်များကိုပါ ဂရုစိုက်ရန် တောင်းဆိုခံရသည်နှင့်တစ်ပြိုင်နက် ခါးသီးစွာ ညည်းညူကြပြီး မည်သည့်အလုပ်ကိုမျှ ကောင်းစွာ မလုပ်နိုင်ဘဲ အလွန်အမင်း စိတ်ဖိစီးသွားကြသည်။ ၎င်းတို့၏ အလုပ်တွင် ၎င်းတို့လုပ်ဆောင်သည့်အရာကို ကြီးကြပ်ရန်၊ သတိပေးရန်၊ စစ်ဆေးရန်နှင့် စိစစ်အတည်ပြုရန် တစ်စုံတစ်ဦး အစဉ်သဖြင့်ရှိနေရသည်။ ၎င်းတို့အနားတွင် ၎င်းတို့ကို ထောက်ပံ့ရန်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန်၊ အလုပ်၏ စည်းမျဉ်းများနှင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော အမျိုးမျိုးသော သွေဖည်မှုများနှင့် ဟာကွက်များကို ထပ်ခါတလဲလဲ အလေးပေးပြောဆိုရန် တစ်စုံတစ်ဦး အစဉ်သဖြင့် ရှိနေရသည်။ ၎င်းတို့ကို သတိပေးရန် တစ်စုံတစ်ဦး အစဉ်သဖြင့်ရှိနေရသည်။ အဘယ်ကြောင့် ၎င်းတို့အား သတိပေးရန်နှင့် လမ်းညွှန်ချက်များပေးရန် တစ်စုံတစ်ဦး အစဉ်သဖြင့်လိုအပ်နေရသနည်း။ ယင်းမှာ ၎င်းတို့၏ အလုပ်အတွေ့အကြုံ မလုံလောက်သောကြောင့်မဟုတ်ဘဲ ၎င်းတို့၏ အစွမ်းအစ သာမန်ဖြစ်သောကြောင့် ဖြစ်သည်။ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော အခြေအနေများနှင့် ပြဿနာများကို ၎င်းတို့ မမျှော်မှန်းနိုင်ပေ၊ သို့မဟုတ် ၎င်းတို့ မျှော်မှန်းနိုင်သည့်အရာမှာ အလွန်အကန့်အသတ် ရှိသည်။ ထို့ကြောင့် ၎င်းတို့အနားတွင် လမ်းပြရန်၊ စိစစ်အတည်ပြုရန်နှင့် နောက်ဆက်တွဲလုပ်ဆောင်ရန် တစ်စုံတစ်ဦး အစဉ်သဖြင့် ရှိနေရပြီး ၎င်းတို့ကို မကြာခဏ စစ်ဆေးမေးမြန်းရန် လိုအပ်သည်။ စစ်ဆေးမေးမြန်းသောအခါတွင် ၎င်းတို့သည် ဤအလုပ်အပိုင်းကို မလုပ်ရသေးခြင်း သို့မဟုတ် ထိုအလုပ်အပိုင်းကို မေ့နေခြင်း ဖြစ်နေသည်၊ သို့မဟုတ်ပါက ရှုထောင့်တစ်ခုခုကို လျစ်လျူရှုထားခြင်း သို့မဟုတ် မည်သို့ဆက်လုပ်ရမည်ကို မသိခြင်းဖြစ်ပြီး သို့တိုင်အောင် မည်သူ့ကိုမေးရမည် သို့မဟုတ် မည်သို့ရှာဖွေရမည်ကိုလည်း မသိသေးဘဲ စောင့်ဆိုင်းနေဆဲသာ ဖြစ်နေသည်။ အတိုချုပ်အားဖြင့် အလုပ်အတွက် အရည်အချင်းပြည့်မီရန် ၎င်းတို့၏ စွမ်းရည်မှာ အလွန်သာမန်ဖြစ်သည်။ ဤ “သာမန်” ဟူသည်မှာ ၎င်းတို့တွင် စိတ်ပိုင်းဖြတ်ချက် မည်မျှရှိသည်၊ မည်မျှ စိတ်ဓာတ်ကြံ့ခိုင်သည်၊ အလုပ်လုပ်ရသည်ကို မည်မျှ နှစ်သက်သည်၊ သို့မဟုတ် မည်မျှ ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးနိုင်သည်ဟူသည်တို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ၊ ဤအရာများနှင့် မသက်ဆိုင်ပေ။ ထိုအစား ယင်းမှာ ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်း သာမန်ဖြစ်သည်ကိုသာ ရည်ညွှန်းသည်။ အခြားတစ်ဖက်တွင်မူ အစွမ်းအစကောင်း ရှိသောသူများသည် ၎င်းတို့၏ အလုပ်တွင် အခြေခံအားဖြင့် အမှားကြီးများ မလုပ်ကြပေ။ ၎င်းတို့ လိုက်နာသော စည်းမျဉ်းများ၊ ဦးတည်ချက်နှင့် ကျယ်ပြန့်သော ဘောင်တို့သည် အခြေခံအားဖြင့် တိကျသည်။ ၎င်းတို့သည် အချို့သော အသေးစိတ်အချက်လေးများကို မကြာခဏ လျစ်လျူရှုမိနိုင်သော်လည်း ဤအသေးစိတ်အချက်များသည် အလုံးစုံအလုပ်၏ စွမ်းဆောင်ရည်နှင့် ရလဒ်များကို မထိခိုက်ပေ။ ဤသူတို့သည် အစွမ်းအစကောင်းရှိသောသူများ ဖြစ်ကြသည်။ ဟုတ်ပေသည်၊ မည်သည့်လူသားမျှ စုံလင်ခြင်းမရှိပေ။ အစွမ်းအစကောင်း ရှိသောသူများပင်လျှင် ၎င်းတို့၏ အလုပ်တွင် သေးငယ်သော ဟာကွက်အချို့ ရှိနိုင်သည်၊ တစ်ခါတစ်ရံ တစ်စုံတစ်ခုကို ခဏတာ လျစ်လျူရှုမိခြင်း၊ သို့မဟုတ် လတ်တလောတွင် အခြားအလုပ်တစ်ခုဖြင့် အလုပ်များနေသောကြောင့် အလုပ်အပိုင်းတစ်ခုကို အနည်းငယ် လျစ်လျူရှုမိခြင်းတို့ ဖြစ်နိုင်သည်။ သို့သော် ၎င်းတို့၏ အစွမ်းအစအရပင်လျှင် ၎င်းတို့သည် အခြေအနေကို လျင်မြန်စွာ ပြုပြင်ပြောင်းလဲနိုင်ပြီး ယင်းကို စီမံခန့်ခွဲကာ ထိန်းချုပ်နိုင်သည်၊ အလုပ်၏ အဘက်ဘက်သည် အခြေခံအားဖြင့် အမှားကင်းကြောင်းနှင့် အလုံးစုံအလုပ်သည် ယေဘုယျအားဖြင့် သမ္မာတရား စည်းမျဉ်းများ၊ အလုပ်အစီအစဉ်များ သို့မဟုတ် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ဆောင်ပြီး စနစ်တကျ ရှေ့ဆက်နေကြောင်း သေချာစေသည်။ ၎င်းတို့၏ အလုပ်နယ်ပယ်အတွင်း၌ အန္တိခရစ်များ သို့မဟုတ် ဆိုးယုတ်သောလူများက အနှောင့်အယှက်များ ဖြစ်စေရန် ပေါ်လာသည့်အခါတွင်ပင် ၎င်းတို့သည် အမှုအရာများကို တုံ့ပြန်နိုင်စွမ်း ပိုင်ဆိုင်သောကြောင့် အခြေအနေကို လျင်မြန်စွာ ကိုင်တွယ်လိမ့်မည်။ ၎င်းတို့သည် ကိစ္စရပ်ကို ပထမဆုံးအခွင့်အရေးမှာပင် ကိုင်တွယ်ဖြေရှင်းလိမ့်မည်ဖြစ်ပြီး အသင်းတော်အလုပ် လမ်းကြောင်းမှန်ပေါ်သို့ လျင်မြန်စွာ ပြန်ရောက်ကြောင်းနှင့် ညီအစ်ကိုမောင်နှမများ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် ပတ်ဝန်းကျင် မထိခိုက်ကြောင်း သေချာစေသည်။ မမျှော်လင့်ထားသော အခြေအနေများ ပေါ်ပေါက်လာသည့်အခါတွင်ပင် အစွမ်းအစကောင်း ရှိသောသူများသည် မည်သို့ကိုင်တွယ်ရမည်ကို သိကြသည်။ ထိုသို့သော အခြေအနေများကို ယခင်က မကိုင်တွယ်ဖူးလျှင်ပင် ၎င်းတို့သည် စည်းမျဉ်းများကို မည်သို့ရှာဖွေရမည်ကို သိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်းနှင့် သိမြင်နားလည်နိုင်စွမ်းတို့ကို ပိုင်ဆိုင်သောကြောင့်ဖြစ်သည်၊ ၎င်းတို့သည် ပြဿနာများကို စည်းမျဉ်းများနှင့်အညီ လျင်မြန်စွာ ဖြေရှင်းလိမ့်မည်။ ၎င်းတို့တွင် ပြဿနာများကို ဖြေရှင်းနိုင်စွမ်း ဧကန်မုချ ရှိသည်။ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း၊ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းနှင့် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းတို့က ၎င်းတို့ကို မမျှော်လင့်ထားသော အခြေအနေများကို လျင်မြန်စွာ ပြေလည်ပြီး ငြိမ်းအေးစေနိုင်သည်၊ အသင်းတော်အလုပ်၏ ပုံမှန်နှင့် စနစ်ကျသော တိုးတက်မှုကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကို ဖြစ်မြောက်အောင်မြင်စေပြီး ထိုသို့သော အခြေအနေများ ထပ်မဖြစ်ပွားစေရန် သို့မဟုတ် အချိန်ကြာမြင့်စွာ မပြေငြိမ်းဘဲ မကျန်ရှိစေရန် သေချာစေသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ အမှုအရာများကို ကိုင်တွယ်သည့် စည်းမျဉ်းများနှင့် ၎င်းတို့ ရရှိသည့် နောက်ဆုံးရလဒ်များ နှစ်မျိုးစလုံးသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်သည်။ စွမ်းဆောင်ရည်မြင့်မားခြင်းနှင့် ရလဒ်ကောင်းများမှာ အစွမ်းအစကောင်းရှိသောသူများ ၎င်းတို့၏ အလုပ်တွင် စွမ်းဆောင်ရရှိနိုင်သည့်အရာ ဖြစ်သည်။ သို့သော် အစွမ်းအစ သာမန်ဖြစ်သောသူများက အသင်းတော်အလုပ် သို့မဟုတ် နေ့စဉ်ဘဝတွင် ဖြစ်ပေါ်သော ပြဿနာများကို ကိုင်တွယ်သောအခါ ၎င်းတို့သည် အတော်အတန် မနိုင်မနင်းဖြစ်ကြပြီး အနည်းငယ် ခက်ခဲသည်ဟု မြင်ကြသည်။ ၎င်းတို့၏ ပြဿနာများကို ကိုင်တွယ်ခြင်းမှာ မကြာခဏ စွမ်းဆောင်ရည်နိမ့်ပြီး အလွန်နှေးကွေးသည်။ တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ဖြေရှင်းသင့်သော ကိစ္စရပ်များအတွက် ၎င်းတို့သည် ထိုးထွင်းမမြင်နိုင်သောကြောင့် စောင့်ဆိုင်းရနိုင်ပြီး သုံးရက်မှ ငါးရက်အထိ စဉ်းစားဆင်ခြင်နေရနိုင်သည်။ ၎င်းတို့သည် အခြေအနေကို ပြုပြင်ပြောင်းလဲရန်အတွက် ပြတ်သားသော ဆုံးဖြတ်ချက်များ မချနိုင်ဘဲ ထိုအစား အားကိုးရာမဲ့ဖြစ်နေကာ အခြေအနေကို ဆက်လက် ဆိုးရွားသွားစေရုံသာ ရှိနိုင်သည်။ ၎င်းတို့သည် အချက်အလက်များကို အတည်ပြုခြင်း၊ သက်ဆိုင်ရာလူများအား အခြေအနေနှင့်ပတ်သက်၍ မေးမြန်းခြင်း သို့မဟုတ် ပြဿနာများကို စီခွဲပြီး အထက်သို့ တင်ပြခြင်းကဲ့သို့သော ရိုးရှင်းသည့် တာဝန်အချို့ကိုသာ ကိုင်တွယ်နိုင်သည်။ အခြားသူများ နှစ်ရက်အတွင်း ဖြေရှင်းနိုင်သော ပြဿနာများမှာမူ ၎င်းတို့အတွက် လတစ်ဝက်ကြာနိုင်သည်။ ပြဿနာများကို နောက်ဆုံးတွင် ဖြေရှင်းပြီးသော်လည်း ကြာရှည်စွာ ကြန့်ကြာခြင်းက အသင်းတော်အလုပ်အတွက် ဆုံးရှုံးမှုအချို့ကို ဖြစ်စေသည်။ ဤအချိန်အတောအတွင်း အချို့လူများသည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရနိုင်သည်၊ ပူဇော်သက္ကာများ ဆုံးရှုံးနိုင်သည် သို့မဟုတ် ပြဿနာများကို အချိန်မီ မဖြေရှင်းနိုင်သောကြောင့် အလုပ်၏ ကဏ္ဍအချို့တွင် ဆုံးရှုံးမှုများ ခံစားရနိုင်သည်။ နောက်ပိုင်းတွင် နစ်နာကြေး သို့မဟုတ် အစားထိုးပေးခြင်းများ ရှိသော်လည်း ကိုင်တွယ်သင့်သောလူများကို နောက်ဆုံးတွင် ကိုင်တွယ်ပြီးသော်လည်း ရလဒ်နှင့် စွမ်းဆောင်ရည်မှာ အလွန်သာမန်ဖြစ်သည်။ ယင်းမှာ မီးသတ်ခြင်းနှင့်တူသည်၊ အစွမ်းအစကောင်းရှိသောသူများသည် မီးငြှိမ်းသတ်ရာတွင် ကျွမ်းကျင်မှုရှိပြီး ရလဒ်ကောင်းများ စွမ်းဆောင်ရရှိကာ ငွေကြေးဆုံးရှုံးမှုများကို ကာကွယ်နိုင်သည်။ သို့သော် အစွမ်းအစ သာမန်ဖြစ်သောသူများမှာမူ မသင့်လျော်သော နည်းလမ်းများ၊ အရေးပေါ်အစီအမံများ မရှိခြင်း၊ နှေးကွေးစွာ လုပ်ဆောင်ခြင်းနှင့် ပြတ်သားသော ဆုံးဖြတ်ချက်များချရန်နှင့် ပြဿနာကို ဖြေရှင်းရန် အဓိကအချက်များကို အမိဖမ်းနိုင်စွမ်း မရှိခြင်းတို့ကြောင့် နောက်ဆုံးတွင် ပိုကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်စေသည်။ အချို့လူများက “ကျွန်ုပ်ဖြစ်စေခဲ့သော ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးလိုပါသည်” ဟု ဆိုကြသည်။ ယင်းမှာ စီးပွားရေးဆုံးရှုံးမှုမျှသာဖြစ်ပါက လျော်ကြေးက ပြဿနာကို ဖြေရှင်းနိုင်သည်။ သို့သော် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးမှုများနှင့် ရင်ဆိုင်ရပြီး သင်က ယင်းကို ကောင်းစွာမကိုင်တွယ်နိုင်ဘဲ အသင်းတော်အလုပ်အတွက် ဆုံးရှုံးမှုများကို ဖြစ်စေပါက သင် ထိုအရာအတွက် လျော်ကြေးပေးနိုင်သလော။ ကြန့်ကြာသွားသော အလုပ်နှင့် ဆုံးရှုံးသွားသော အချိန်၏ တန်ဖိုးကို သင် လျော်ကြေးပေးနိုင်စွမ်းရှိသလော။ မမျှော်လင့်ထားသော ဖြစ်ရပ်များ ဖြစ်ပေါ်လာသောအခါ အစွမ်းအစ သာမန်ဖြစ်သောသူများ၏ အမှုအရာများကို တုံ့ပြန်နိုင်စွမ်း၊ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း၊ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းပင်လျှင် အားလုံး သာမန်ဖြစ်သောကြောင့် ၎င်းတို့သည် ပြဿနာများကို နှေးကွေးစွာနှင့် အလွန်နိမ့်သော စွမ်းဆောင်ရည်ဖြင့် ကိုင်တွယ်ကြသည်၊ ၎င်းတို့၏ အရေးပေါ်အစီအမံများမှာ အကျိုးသက်ရောက်မှုမရှိဘဲ နောက်ဆုံးတွင် စိတ်ကျေနပ်မှုမရှိသော အလုပ်ရလဒ်များနှင့် ဆုံးရှုံးမှုအချို့ကို ဖြစ်ပေါ်စေသည်။ ပြဿနာများကို နောက်ဆုံးတွင် ဖြေရှင်းပြီးသော်လည်း ကြာရှည်စွာ ကြန့်ကြာမှုများ ဖြစ်ပေါ်ပြီး စွမ်းဆောင်ရည် ကျဆင်းသောကြောင့် ဤသည်မှာ ဆုံးရှုံးမှုတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် ဤလူများကို အစွမ်းအစ သာမန်ရှိသည်ဟု သတ်မှတ်ခြင်းဖြစ်သည်။ အချို့လူများက “ဤသည်မှာ တရားမမျှတပါ။ ၎င်းတို့လည်း ကြိုးစားအားထုတ်ခဲ့သည်၊ ကြိုးစားလုပ်ဆောင်ခဲ့သည်၊ ပြဿနာများကိုလည်း ဖြေရှင်းခဲ့သည်။ ၎င်းတို့၏ အစွမ်းအစက သာမန်ဖြစ်သည်ဟု ကိုယ်တော်က အဘယ်ကြောင့်များ ပြောနေရသနည်း” ဟု ဆိုကြသည်။ ထိုသို့သော ကိစ္စရပ်များကို အကဲဖြတ်ရာတွင် စိတ်ခံစားချက်များ သို့မဟုတ် တွယ်တာမှုများကို အခြေခံ၍ မရနိုင်ပေ။ ဓမ္မဓိဋ္ဌာန်ကျကျနှင့် မျှတစွာ ပြောရသော် လူတစ်ဦး၏ အစွမ်းအစ ရောက်ရှိနိုင်သည့် အဆင့်အရ သင်၏ အစွမ်းအစမှာ သာမန်ဖြစ်သည်။ အဘယ်ကြောင့် သာမန်ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် သင့်ထက် အစွမ်းအစ ပိုမြင့်သောသူများ ရှိသောကြောင့်ဖြစ်သည်၊ ၎င်းတို့၏ လူ့သဘာဝသည် သင်နှင့် အကြမ်းဖျင်း တူညီသော အခြေအနေများတွင် အစွမ်းအစကောင်း ရှိသောသူများသည် ပြဿနာများကို သင့်ထက် ပိုကောင်းသော စွမ်းဆောင်ရည်နှင့် ရလဒ်များဖြင့် ကိုင်တွယ်ကြပြီး ဆုံးရှုံးမှုများမှာ သင့်ထက် ပိုနည်းသည်။ ထို့ကြောင့် သင်၏ အစွမ်းအစကို သာမန်အဖြစ်သာ အမျိုးအစားခွဲခြားနိုင်သည်။ သင်တို့ နားလည်ပြီလော။ (နားလည်ပါပြီ။) ထိုသို့သောလူများကို အစွမ်းအစ သာမန်ရှိသည်ဟု သတ်မှတ်ရသည့်အကြောင်းရင်းမှာ အစွမ်းအစကောင်းရှိသောသူများက ၎င်းတို့ထက် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် ပိုကောင်းသော စွမ်းဆောင်ရည်နှင့် ရလဒ်များကို ရရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အစွမ်းအစမှာ သာမန်ဖြစ်သည်။ ဤရှင်းပြချက်မှာ မျှတပြီး ကျိုးကြောင်းဆီလျော်သည်။ အချို့လူများက “၎င်းတို့တွင် စိတ်ရင်းခံရှိသည်၊ ပြီးလျှင် ၎င်းတို့က ဤလုပ်ငန်းဆောင်တာကို စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ဆောင်ခဲ့သည်၊ ၎င်းတို့ ဒုက္ခဆင်းရဲများစွာ ခံခဲ့ပြီး အဖိုးအခလည်း မနည်းမနော ပေးခဲ့သည်” ဟု ဆိုကြသည်။ ထိုသို့ပြောခြင်းက အဘယ်အသုံးဝင်သနည်း။ ယင်းက ၎င်းတို့တွင် အစွမ်းအစကောင်းရှိသည်ဟု ဆိုလိုသလော။ ၎င်းတို့၏ လူ့သဘာဝ၊ စိတ်ခံစားချက်များ သို့မဟုတ် ဆန္ဒများ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့၏ အစွမ်းအစအရ၊ ဤအရာများသည် အစွမ်းအစ သာမန်ရှိခြင်း၏ သရုပ်သကန်များသာ ဖြစ်ကြသည်။
အစွမ်းအစ ညံ့ဖျင်းသောသူများ၏ သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ အမျိုးမျိုးသော စွမ်းရည်များ၏ ရှုထောင့်မှ ကြည့်လျှင် အစွမ်းအစ ညံ့ဖျင်းသောသူများသည် သင်ယူနိုင်စွမ်းနှင့် အမှုအရာများကို နားလည်နိုင်စွမ်းအချို့ကို အတော်အတန် ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် အသိပညာ၊ သီအိုရီ၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု သို့မဟုတ် ပညာရပ်ဆိုင်ရာ ဘာသာရပ်အချို့ကို သင်ယူသောအခါ အဓိကအချက်များကို ၎င်းတို့၏ မှတ်စုစာအုပ်များတွင် မှတ်သားလျက် ယင်းတို့ကို ခိုင်ခိုင်မာမာနှင့် တိတိကျကျ မှတ်မိနိုင်သည်။ ၎င်းတို့သည် ပညာသင်ကြားဖူးသောကြောင့် အမှုအရာများကို နားလည်နိုင်စွမ်းမှာ သိပ်မညံ့ဖျင်းပေ၊ သာမန်အဆင့်သို့ ရောက်ရှိနိုင်သည်။ သို့သော်လည်း ၎င်းတို့သည် အမှုအရာများကို လက်ခံနိုင်စွမ်းနှင့် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းကဲ့သို့သော သဘောပေါက်နားလည်နိုင်စွမ်းပြီးနောက် လာသည့် စွမ်းရည်များကို မပိုင်ဆိုင်ကြပေ။ ဆိုလိုသည်မှာ ၎င်းတို့၏ စွမ်းရည်များသည် သဘောတရားများ၊ အသိပညာ၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု သို့မဟုတ် အတတ်ပညာများကို စာတွေ့အဆင့်တွင် သင်ယူခြင်းနှင့် နားလည်ခြင်း၌သာ ကန့်သတ်နေသည်။ လက်တွေ့ဘဝတွင် လူများကို ရှုမြင်ခြင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ခြင်း၊ ပြဿနာများကို ဖြေရှင်းခြင်းနှင့် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းတို့နှင့် ပတ်သက်လာလျှင် ၎င်းတို့ စံမမီနိုင်ကြပေ။ ၎င်းတို့၏ စွမ်းရည်များသည် သင်ယူနိုင်စွမ်းနှင့် အမှုအရာများကို နားလည်နိုင်စွမ်း၌သာ ကန့်သတ်နေသည်၊ ၎င်းတို့သည် သဘောပေါက်နားလည်နိုင်စွမ်းကို ရရှိနိုင်သော်လည်း အမှုအရာများကို လက်ခံနိုင်စွမ်းနှင့် ပတ်သက်လာလျှင် စံမမီနိုင်ကြပေ။ အမှုအရာများကို လက်ခံနိုင်စွမ်း ပိုင်ဆိုင်သောသူများသည် ဤစည်းမျဉ်းများ၊ သဘောတရားများနှင့် အခြေခံသဘောတရားများက မည်သည့်လက်တွေ့ဘဝ အမှုအရာများနှင့် ကိုက်ညီသည်ကိုလည်းကောင်း၊ မည်သည့်အရာများက လက်တွေ့ကျပြီး အသုံးဝင်သည်ကိုလည်းကောင်း၊ မည်သည့်အရာများက လက်တွေ့မကျသည်ကိုလည်းကောင်း၊ မည်သည့်အရာများက မိမိတို့အတွက် သင့်လျော်ပြီး မည်သည့်အရာများက မသင့်လျော်သည်ကိုလည်းကောင်း သိနိုင်သည်။ သို့သော် အစွမ်းအစ ညံ့ဖျင်းသောသူများမှာမူ ဤအရာများကို ထိုးထွင်းမမြင်နိုင်ကြပေ။ ဥပမာအားဖြင့် အွန်လိုင်းတွင် အမျိုးမျိုးသော ကျန်းမာရေးအသိပညာနှင့် ကြံ့ခိုင်ရေးလေ့ကျင့်ရေးဆိုင်ရာ အကြောင်းအရာများ ရှိသည်။ အစွမ်းအစ ညံ့ဖျင်းသောသူများသည် ဤအရင်းအမြစ်များမှ မည်သို့လေ့ကျင့်ခန်းလုပ်ရမည်နှင့် မိမိတို့ကိုယ်ကို မည်သို့ဂရုစိုက်ရမည်ကိုလည်း သင်ယူနိုင်သည်။ ၎င်းတို့သည် သင်ယူနိုင်စွမ်း၊ အမှုအရာများကို နားလည်နိုင်စွမ်းနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ကြပြီး မိမိတို့ကြိုက်နှစ်သက်ရာကို ရှာဖွေရကောင်းမှန်းကိုလည်း သိကြသည်။ သို့သော် ဤအရာများထဲမှ မည်သည့်အရာများက လက်တွေ့ကျသည်၊ အကျိုးသက်ရောက်မှုရှိသည်၊ လူတို့ အမှန်တကယ် လိုအပ်သည်ဟူသည်နှင့် ပတ်သက်လာလျှင် အစွမ်းအစ ညံ့ဖျင်းသောသူများသည် ဤအရာကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် အမှုအရာများကို လက်ခံနိုင်စွမ်းနှင့် ပတ်သက်လာလျှင် စံမမီနိုင်ကြပေ။ ယနေ့ အွန်လိုင်းတွင် ဟင်းနုနွယ်ကို တို့ဟူးနှင့်ပြုတ်စားလျှင် အလွန်အာဟာရဖြစ်သည်ဟု ဆိုသောကြောင့် ၎င်းတို့သည် နေ့စဉ်စားကြသည်။ သို့သော် အချိန်အတန်ကြာ စားပြီးနောက်တွင် အကျိုးသက်ရောက်မှုများ မည်သို့ရှိသည် သို့မဟုတ် အွန်လိုင်းတွင် ပြောထားသည့် အာနိသင်ရှိမရှိကို ၎င်းတို့ လုံးဝမသိကြပေ။ နောက်ပိုင်းတွင် အွန်လိုင်း၌ ဟင်းနုနွယ်နှင့် တို့ဟူးသည် မတည့်ဟု ဆိုပြန်သည်၊ ဤသည်ကို ကြားပြီးနောက်တွင် ၎င်းတို့သည် ဟင်းနုနွယ်နှင့် တို့ဟူးပြုတ်ကို မည်သည့်အခါမျှ ထပ်မချက်တော့ပေ။ ဟင်းနုနွယ်နှင့် တို့ဟူးသည် အမှန်တကယ် အလွန်အာဟာရဖြစ်သည် သို့မဟုတ် မတည့်သည်နှင့်ပတ်သက်၍မူ ၎င်းတို့ မသိသည့်အပြင် မေးလည်းမေးမည်မဟုတ်ပေ၊ မစဉ်းမစား လိုက်လုပ်ရန်သာ သိကြသည်။ ယနေ့ခေတ်တွင် သတင်းအချက်အလက်များ အလွန်ပင် ဖွံ့ဖြိုးတိုးတက်နေသည်၊ အမျိုးမျိုးသော သတင်းများမှာ အလွန်ရှုပ်ထွေးသည်။ ၎င်းတို့သည် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် မိမိတို့ ယခင်က မကြားဖူးသည့်အရာ၊ အသစ်အဆန်းဖြစ်သည့်အရာ သို့မဟုတ် နက်နဲပုံရသည့်အရာမှန်သမျှ ကောင်းသည်ဟု ယုံကြည်လျက် အရာရာတိုင်းကို ဖတ်ရှုနားထောင်ကြသည်။ ဥပမာအားဖြင့် အွန်လိုင်းတွင် ချောကလက်စားခြင်းသည် နှလုံးအတွက် ကောင်းသည်ဟု ဆိုသောကြောင့် ၎င်းတို့သည် နေ့စဉ် ချောကလက်စားကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အတွင်းအပူများဖြစ်လာပြီး ပါးစပ်တွင် အနာများပေါက်ကာ မျက်လုံးများနီရဲပြီး နားအူခြင်းကို တွေ့ကြုံရသည်။ အမှန်တွင် ပြောဆိုခဲ့သည်မှာ ချောကလက်ကို တော်ရုံသင့်ရုံ စားခြင်းသည် နှလုံးအတွက် ကောင်းသည်ဟု ဖြစ်သော်လည်း ၎င်းတို့သည် “တော်ရုံသင့်ရုံ” ဟူသော စကားလုံးများကို မမှတ်မိခဲ့ကြပေ။ ၎င်းတို့သည် အဓိကအချက်ကို သဘောပေါက်နိုင်စွမ်းမရှိဘဲ နောက်ဆုံးတွင် ကိုယ့်ဒုက္ခကိုယ်ရှာခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် အွန်လိုင်းတွင် “ချောကလက်စားခြင်းသည် နှလုံးအတွက် မကောင်းပါ၊ အများကြီးစားလျှင်လည်း ဝိတ်တက်လွယ်သည်” ဟု ဆိုပြန်သည်။ ပိုင်းခြားသိမြင်နိုင်သောသူများဆိုလျှင် အများကြီးစားခြင်းသည် ခန္ဓာကိုယ်အတွက် မကောင်းသော်လည်း တော်ရုံသင့်ရုံ စားခြင်းမှာ အဆင်ပြေကြောင်း သိလိမ့်မည်။ သို့သော် ၎င်းတို့သည် ဤအရာကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ၊ ဤသည်ကို ကြားပြီးနောက်တွင် ၎င်းတို့သည် ချောကလက်ကို လုံးဝမစားတော့ပေ။ ၎င်းတို့သည် အစွန်းတစ်ဖက်မှ အခြားတစ်ဖက်သို့ ကူးပြောင်းသွားကြသည်၊ ဘယ်ဘက်သို့ အလွန်အမင်း ယိမ်းသည်ဖြစ်စေ၊ ညာဘက်သို့ အလွန်အမင်း ယိမ်းသည်ဖြစ်စေ မိမိတို့ကိုယ်ကို ခေတ်မီသည်ဟု ထင်နေကြသည်၊ “ကြည့်ပါ၊ အင်တာနက်က ကောင်းသည်ဟု ပြောသည့် မည်သည့်အရာကိုမဆို ငါစားသည်၊ မကောင်းဟုပြောသည့် မည်သည့်အရာကိုမဆို ငါ မစားပါ။ ငါသည် ခေတ်၏ ရေစီးကြောင်းနောက်ကို အမီလိုက်နိုင်သူဖြစ်သည်” ဟူ၍ ဖြစ်သည်။ အမှန်တွင် ၎င်းတို့သည် အမှုအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသော၊ လူအုပ်နောက် မစဉ်းမစား လိုက်တတ်သော နားဝေတိမ်တောင်ဖြစ်သည့်သူများ ဖြစ်ကြသည်။ အွန်လိုင်းတွင် သတင်းအချက်အလက် အမျိုးမျိုးရှိပြီး ပြောဆိုချက်အများစုမှာ မတိကျပေ။ ဟုတ်ပေသည်၊ မှန်ကန်သော သတင်းအချက်အလက်နှင့် ပြောဆိုချက် အနည်းငယ်လည်း ရှိသည်။ သင်သည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ရန် လိုအပ်သည်။ မည်သည့်သတင်းအချက်အလက်ကို လက်ခံရမည်နှင့်ပတ်သက်၍မူ သင်၏ လိုအပ်ချက်များအရ သင့်အတွက် အကျိုးရှိမရှိနှင့် သတင်းအချက်အလက်သည် အပြုသဘောဆောင်ခြင်း ရှိမရှိတို့အရ အကဲဖြတ်ရမည်။ အစွမ်းအစ ညံ့ဖျင်းသောသူများသည် ထိုသို့သော အရာများကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ကြသည်။ ၎င်းတို့သည် လက်ခံနိုင်စွမ်းအဆင့်မှစ၍ နောက်ပိုင်းစွမ်းရည်အားလုံးကို မမီနိုင်ကြပေ။ ၎င်းတို့သည် အမှုအရာများကို စာတွေ့၊ သဘောတရားအရနှင့် အသိပညာအဆင့်များတွင် သင်ယူခြင်းနှင့် နားလည်ခြင်း၌သာ ကန့်သတ်နေပြီး သဘောပေါက်နားလည်နိုင်စွမ်းအချို့ကို ပိုင်ဆိုင်ကြသည်။ သို့သော် အမျိုးမျိုးသော ပြောဆိုချက်များ၏ မှန်ကန်မှုကို ထပ်မံပိုင်းခြားသိမြင်ခြင်းနှင့် ယင်းတို့ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိမရှိနှင့် ပတ်သက်၍မူ အစွမ်းအစ ညံ့ဖျင်းသောသူများသည် ဤအရာကို သုံးသပ်ဆုံးဖြတ်ရန်နှင့် ပိုင်းခြားသိမြင်ရန် စွမ်းရည်မရှိကြပေ။ နောက်တစ်ခုမှာ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းဖြစ်ပြီး ယင်းကိုလည်း အစွမ်းအစ ညံ့ဖျင်းသောသူများ အလားတူ မပိုင်ဆိုင်ကြပေ။ လက်တွေ့ဘဝတွင် သို့မဟုတ် ရှင်သန်မှုလမ်းခရီးတွင် ပေါ်ပေါက်လာသော အမျိုးမျိုးသော ပြဿနာများနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် မိမိတို့သိရှိသော သို့မဟုတ် သဘောပေါက်ထားသော သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ယင်းတို့ကို မကိုင်တွယ်နိုင်ကြပေ။ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများ မည်မျှပင် ပြောနိုင်သည်ဖြစ်စေ ဤအရာများသည် အနှစ်မဲ့ပြီး လက်တွေ့မကျပေ။ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် သို့မဟုတ် ရှင်သန်မှုလမ်းခရီးတွင် ဖြစ်ပေါ်သော ပြဿနာများအတွက် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ဉာဏ်နီဉာဏ်နက်များကို အားကိုး၍ ကိုင်တွယ်ကြသည်၊ ၎င်းတို့သည် ဆုံးရှုံးမှုများကို ရှောင်ရှားရန်သာ ကြိုးစားကြပြီး ထိုမျှသာဖြစ်သည်၊ မိမိတို့ သဘောပေါက်ထားသော စည်းမျဉ်းများကို တွေ့ကြုံခံစားခြင်း၊ သိမြင်နားလည်ခြင်း သို့မဟုတ် အတည်ပြုခြင်းအဆင့်သို့ မရောက်ရှိနိုင်ကြပေ။ ထို့အပြင် အစွမ်းအစ ညံ့ဖျင်းသောသူများသည် သိမြင်နားလည်နိုင်စွမ်းလည်း မရှိကြပေ။ ဆိုလိုသည်မှာ မည်သည့်ပြဿနာ ပေါ်ပေါက်လာသည့်အခါတွင်မဆို ၎င်းတို့သည် အမှုအရာများကို မည်သည့်ကောက်ချက်ချခြင်းမျှ မပြုနိုင်ချေ၊ သို့မဟုတ် ကိစ္စရပ်၏ အနှစ်သာရ၊ ယင်း၏ နောက်ကွယ်ရှိ အရင်းခံအကြောင်းတရား သို့မဟုတ် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို မသိရှိနိုင်ကြပေ။ အစွမ်းအစ ညံ့ဖျင်းသောသူများသည် ဤအရာများနှင့်ပတ်သက်၍ မည်သို့စဉ်းစားရမည်ကို လုံးဝမသိကြပေ၊ ထိုသို့သော ပြဿနာများကို ရင်ဆိုင်ရန်နှင့် ကိုင်တွယ်ရန် မိမိတို့ သဘောပေါက်ထားသော သမ္မာတရား သို့မဟုတ် အမျိုးမျိုးသော အမှုအရာများ၏ စည်းမျဉ်းများနှင့် နိယာမများကို အသုံးချနိုင်ဖို့ရန်မှာမူ သာ၍ပင် အလှမ်းဝေးလှသည်။ ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့် ၎င်းတို့၏ တွေးခေါ်မှုသည် ရိုးစင်းပြီး အပေါ်ယံကျကာ ကိစ္စရပ်များအပေါ် ၎င်းတို့၏ ရှုမြင်ပုံ၌ သွေဖည်ခြင်းများ ရှိနေ၏။ ထို့အပြင် ပို၍ပင် ပြဿနာရှိသည်မှာ ၎င်းတို့သည် အမှုအရာများကို မည်သည့်ရှုထောင့်မှ မှန်ကန်စွာ ရှုမြင်နိုင်သည်ကို မသိခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်အရာ၏ အနှစ်သာရကိုမျှ ထိုးထွင်းမမြင်နိုင်သကဲ့သို့ မည်သည့်အရာ၏ မှန်ကန်မှု သို့မဟုတ် အမှားအမှန်ကိုမျှ သုံးသပ်ဆုံးဖြတ်နိုင်ခြင်း မရှိကြပေ။ သုံးသပ်ဆုံးဖြတ်နိုင်စွမ်း မရှိဘဲ ၎င်းတို့သည် ခွဲခြားသိမြင်နိုင်ခြင်း မရှိပေ၊ ဟုတ်ပေသည်၊ ထို့နောက်တွင် ၎င်းတို့သည် ဆုံးဖြတ်ချက်ချနိုင်စွမ်း မဆိုထားနှင့်၊ အမှုအရာများကို တုံ့ပြန်နိုင်စွမ်းလည်း မရှိကြပေ။ အချို့လူများက “အစွမ်းအစ ညံ့ဖျင်းသောသူများလည်း နေ့စဉ် မည်သည့်အရာစားရမည်၊ မည်သည့်အရာ ဝတ်ရမည်ကို သိကြပြီး သူတို့၏ နေ့စဉ်ဘဝကို စီမံခန့်ခွဲနိုင်ကြပါသည်” ဟု ဆိုကြသည်။ ယင်းမှာ အစွမ်းအစရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ အစွမ်းအစ ရှိခြင်းဆိုသည်မှာ ဘဝနှင့် ရှင်သန်မှုလမ်းခရီးတွင် ကြုံတွေ့ရသော အမျိုးမျိုးသော အနှစ်သာရရှိသည့် ပြဿနာများကို လူတစ်ဦး နားလည်သော သမ္မာတရား စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်စွမ်းရှိခြင်းကို ရည်ညွှန်းသည်။ ဘဝတွင် ကြုံတွေ့ရသော အမျိုးမျိုးသော ပြဿနာများတွင် လူတစ်ဦးကို အကဲဖြတ်ခြင်း၊ ကိစ္စရပ်တစ်ခုကို ကိုင်တွယ်ခြင်း စသည်တို့ ပါဝင်သည်။ ရှင်သန်မှုလမ်းခရီးတွင် ကြုံတွေ့ရသော ပြဿနာများတွင် အမှားအမှန်နှင့်ဆိုင်သော အဓိကကိစ္စရပ်များကို ရင်ဆိုင်ခြင်း၊ ဘုရားသခင်က သင့်အတွက် စီစဉ်ဖွဲ့စည်းပေးသော ပတ်ဝန်းကျင်များ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ အလားအလာများနှင့် ခရီးဆုံးပန်းတိုင်တို့ပါဝင်သော ကိစ္စရပ်များနှင့် ရှေ့ဆက်ရမည့်လမ်းကို မည်သို့ရွေးချယ်ရမည် စသည်တို့ ပါဝင်သည်၊ ဤအရာအားလုံးသည် ရှင်သန်မှုနှင့်သက်ဆိုင်သော ပြဿနာများတွင် အကျုံးဝင်သည်။ တစ်စုံတစ်ဦးသည် ဘဝ သို့မဟုတ် ရှင်သန်မှုလမ်းခရီးတွင် ဖြစ်ပေါ်သော ပြဿနာများကို ကိုင်တွယ်ရန် စွမ်းရည်မရှိပါက ဤသည်မှာ ၎င်းတို့တွင် ဆုံးဖြတ်ချက်ချနိုင်စွမ်း ကင်းမဲ့သည်ဟု ဆိုလိုသည်။ ထိုသို့သောလူများသည် အတွေးအခေါ်ပိုင်းတွင် ဗလာနတ္ထိဖြစ်နေကြသည်၊ ထို့ကြောင့် ၎င်းတို့နှင့်ပတ်သက်၍ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းအကြောင်း ပြောဆိုခြင်းသည် အနည်းငယ် ကျိုးကြောင်းဆီလျော်မှု မရှိပေ။ ဟုတ်ပေသည်၊ နောက်ဆုံးစွမ်းရည်ဖြစ်သည့် ဆန်းသစ်တီထွင်နိုင်စွမ်းမှာမူ အစွမ်းအစ ညံ့ဖျင်းသောသူများအတွက် သာ၍ပင် လက်လှမ်းမမီနိုင်ပေ။ ယင်းမှာ ခြင်္သေ့နှင့် ကျားတို့အနက် မည်သည့်အကောင်သည် သားရဲတိရစ္ဆာန်တို့၏ ဘုရင်ဖြစ်သည်ကို ဆွေးနွေးခြင်းနှင့်တူသည်။ အနည်းဆုံးအနေဖြင့် နှစ်ကောင်စလုံးသည် သတ်မှတ်ချက်ပြည့်မီသော ယှဉ်ပြိုင်သူများ ဖြစ်ကြသည်၊ အဘယ်ကြောင့်ဆိုသော် ခြင်္သေ့နှင့် ကျားတို့သည် သားရဲတိရစ္ဆာန်များကြားတွင် အုပ်စိုးသူ၏ ဟန်ပန်နှင့် စွမ်းရည်များကို တစ်ကောင်ချင်းစီ ပိုင်ဆိုင်သောကြောင့်ဖြစ်သည်။ ၎င်းတို့ တစ်ကောင်ချင်းစီတွင် ကိုယ်ပိုင်အားသာချက်ရှိပြီး တစ်ကောင်နှင့်တစ်ကောင် ယှဉ်ပြိုင်သောအခါတွင် မတိမ်းမယိမ်း ဖြစ်နိုင်သည်၊ ဤအချက်က ၎င်းတို့ကို သားရဲတိရစ္ဆာန်တို့၏ ဘုရင်ဘွဲ့အတွက် ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီစေသည်။ သင်သည် သားရဲတိရစ္ဆာန်တို့၏ ဘုရင် မည်သူဖြစ်သည်ကို ဆုံးဖြတ်ရန် တောရိုင်းနွားများ၊ သမင်ကြီးများ သို့မဟုတ် တိဗက်နွားများကို ခြင်္သေ့နှင့် ကျားတို့နှင့် နှိုင်းယှဉ်ပါက လူများက သင့်ကို ရယ်မောကြလိမ့်မည်။ အဘယ်ကြောင့် ၎င်းတို့က သင့်ကို ရယ်မောကြမည်နည်း။ (အဘယ်ကြောင့်ဆိုသော် ဤတိရစ္ဆာန်များသည် နှိုင်းယှဉ်၍မရသောကြောင့် ဖြစ်ပါသည်။) ၎င်းတို့သည် အဆင့်အတန်းတူ မဟုတ်ကြပေ၊ ၎င်းတို့သည် နှိုင်းယှဉ်၍မရပေ။ အလားတူပင် အစွမ်းအစ ညံ့ဖျင်းသောသူများသည် အတွေးအခေါ်များ မရှိကြသည့်အပြင် မည်သည့်လူ၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာကိုမဆို အတွေးအခေါ်ပိုင်းဆိုင်ရာအဆင့်တွင် အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် ထိုသို့သောလူများ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်း ပိုင်ဆိုင်ခြင်း ရှိမရှိကို ပြောရန်ပင် မထိုက်တန်ပေ။ အမှုအရာများကို အကဲဖြတ်ပြီး တန်ဖိုးထားနိုင်စွမ်းသည် အတော်အတန် အဆင့်မြင့်ပြီး အစွမ်းအစကောင်းရှိသောသူများနှင့် သက်ဆိုင်သည်။ သို့ဆိုလျှင် ဆန်းသစ်တီထွင်နိုင်စွမ်းမှာ အစွမ်းအစကောင်း ရှိသောသူများနှင့် သာ၍ပင် သက်ဆိုင်သည်။ ဆန်းသစ်တီထွင်နိုင်စွမ်းကို လူတစ်ဦး၏ လက်တွေ့ဘဝတွင် မည်သည့်အရာကိုမဆို လက်တွေ့ကျကျ ကိုင်တွယ်နိုင်စွမ်းဖြင့် အကဲဖြတ်သည်။ အစွမ်းအစ ညံ့ဖျင်းသောသူများသည် ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို အတွေးအခေါ်များနှင့် အဆင့်များ ကင်းမဲ့သည်သာမက အမှုအရာများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်းလည်း မရှိကြပေ၊ ထို့ကြောင့် ၎င်းတို့တွင် ဆန်းသစ်တီထွင်နိုင်စွမ်း တစ်စက်မျှ ရှိသည်ဟု မဆိုနိုင်ပေ။ သို့ဆိုလျှင် အစွမ်းအစ လုံးဝ မရှိသောသူများတွင် မည်သည့်စွမ်းရည်များ ရှိသနည်း။ အစွမ်းအစ လုံးဝမရှိသောသူအများစုတွင် ဘုံလက္ခဏာတစ်ခုရှိသည်၊ ၎င်းတို့တွင် အားသာချက်များ မရှိခြင်းဖြစ်သည်။ ဖော်ပြနိုင်စွမ်းကိုကြည့်သော် ၎င်းတို့တွင် တစ်ခုမျှမရှိ၊ မည်သည့်နည်းပညာ သို့မဟုတ် အတတ်ပညာဆိုင်ရာ အားသာချက်များအရလည်း ၎င်းတို့တွင် တစ်ခုမျှမရှိပေ၊ သန့်ရှင်းရေး လုပ်ခြင်းကဲ့သို့သော အရိုးရှင်းဆုံး လုပ်ငန်းဆောင်တာကို ထမ်းဆောင်ရာတွင်ပင် လျင်မြန်ပြီး ရိုးရှင်းသော ဖြေရှင်းနည်းများ၊ အဆင့်များ၊ အစီအစဉ်တို့ မရှိပေ။ ရိုးရှင်းသောအလုပ်တစ်ခုကို လုပ်ဆောင်ခြင်းမှတစ်ဆင့် အစွမ်းအစ လုံးဝမရှိသောသူများ၏ လက္ခဏာများ အတိအကျမှာ အဘယ်အရာဖြစ်သည်ကို သင် မြင်နိုင်သည်။ အစွမ်းအစ လုံးဝမရှိသောသူများ၏ အထင်ရှားဆုံးလက္ခဏာမှာ ၎င်းတို့သည် ကဏ္ဍတိုင်းတွင် စွမ်းရည်ကင်းမဲ့ခြင်း ဖြစ်သည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် ၎င်းတို့သည် မိမိတို့၏ လူ့ဘဝ သို့မဟုတ် အခြေခံကျသော နေ့စဉ်လိုအပ်ချက်များကိုပင် မစီမံနိုင်ကြပေ၊ ဤအရာအားလုံးသည် လုံးဝ ဖရိုဖရဲဖြစ်နေပြီး စည်းမျဉ်း တစ်စက်မျှ မရှိချေ။ အစွမ်းအစ လုံးဝမရှိသောသူများအတွက် အတိကျဆုံး ဖော်ပြချက်မှာ ၎င်းတို့သည် မည်သည့်အရာကိုမျှ မပြီးမြောက်နိုင်ဘဲ မိမိတို့၏ နေ့စဉ်အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက်သာ အသက်ရှင်ကြသည်၊ ထိုမျှသာဖြစ်သည်။ အစွမ်းအစအဆင့်အမျိုးမျိုးရှိသော လူများ၏ အမျိုးမျိုးသော သရုပ်သကန်များအပြင် ၎င်းတို့ပိုင်ဆိုင်သော အစွမ်းအစနှင့် စွမ်းရည်များ၏ လက္ခဏာများကို အသေအချာ ရှင်းပြပြီးဖြစ်သည်။ သင်တို့ နားလည်သွားပါက အစွမ်းအစအမျိုးမျိုးရှိသော လူများကို မည်သို့ ပိုင်းခြားသိမြင်ပြီး ဆက်ဆံရမည်ကို သင်ယူနိုင်လိမ့်မည်။