သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၈) အပိုင်း တစ်

လူတို့၏ အစွမ်းအစကို ပိုင်းခြားသိမြင်ခြင်းအတွက် စည်းမျဉ်းများ

ဤပြီးခဲ့သည့်နေ့များတွင် ငါတို့၏ မိတ်သဟာယသည် ကဏ္ဍအမျိုးမျိုး၌ အစွမ်းအစကို မည်သို့ ပိုင်းခြားသိမြင်ရမည်ဟူသည့် အကြောင်းအရာနှင့် ပတ်သက်ခဲ့သည်၊ မှန်သလော။ (မှန်ပါသည်။) အစွမ်းအစ၏ ကဏ္ဍအမျိုးမျိုးနှင့် အဆင့်အမျိုးမျိုးတို့၏ တိကျသော သရုပ်သကန်များနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် အစွမ်းအစကောင်းဟူသည် အဘယ်အရာဖြစ်သည်၊ သာမန်အစွမ်းအစဟူသည် အဘယ်အရာဖြစ်သည်၊ ညံ့ဖျင်းသော အစွမ်းအစဟူသည် အဘယ်အရာ ဖြစ်သည်နှင့် အစွမ်းအစ လုံးဝကင်းမဲ့ခြင်းဟူသည် အဘယ်အရာဖြစ်သည်ကို သင်တို့ ကောက်နုတ်ယူနိုင်သလော။ ငါတို့သည် ဤကဏ္ဍနှင့်ပတ်သက်၍ အတော်အတန် များစွာ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သောကြောင့် သင်တို့သည် ဤအကြောင်းအရာကို အကျဉ်းချုပ်သုံးသပ်နိုင်ရန် လိုအပ်ပြီး ထို့နောက် ယင်းကို နေ့စဉ်ဘဝထဲရှိ တိကျသော သရုပ်သကန်များနှင့် နှိုင်းယှဉ်ချိန်ဆရန် လိုအပ်သည်။ ဤသို့ဖြင့် သင်တို့၏ မိမိကိုယ်ကို အကဲဖြတ်ခြင်းနှင့် အခြားသူများကို အကဲဖြတ်ခြင်းသည် အတော်အတန် ပို၍ တိကျလာလိမ့်မည်။ သင်သည် မည်သို့အကျဉ်းချုပ်သုံးသပ်ရမည်ကို မသိရှိပါက နေ့စဉ်ဘဝတွင် အချို့သောလူများနှင့် ကြုံတွေ့ရသည့်အခါ သင်သည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်မည် မဟုတ်သကဲ့သို့ ကဏ္ဍအမျိုးမျိုး၌ သင်၏ ကိုယ်ပိုင်သရုပ်သကန်များနှင့် ထုတ်ဖော်မှုများကိုလည်း ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပေ။ ယင်းသို့ဆိုလျှင် သင်သည် အချည်းနှီး နားထောင်ခဲ့သည်ဟု ဆိုလိုမည် မဟုတ်လော။ သင်သည် အကျဉ်းချုပ်သုံးသပ်ရာ၌ ကျွမ်းကျင်ရမည်။ အကျဉ်းချုပ်သုံးသပ်သည်ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဤကဏ္ဍအမျိုးမျိုးအားလုံး၏ တိကျသော အကြောင်းအရာအတွင်းမှ မတူညီသော အရာအမျိုးအစားများကို ပိုင်းခြားသိမြင်ခြင်း သို့မဟုတ် နားလည်ခြင်းအတွက် စည်းမျဉ်းများကို ရှာဖွေခြင်းကို ဆိုလိုသည်။ ဤသို့ဖြင့် အကျဉ်းချုပ်သုံးသပ်ခြင်း၏ ရည်ရွယ်ချက်သည် အောင်မြင်လေသည်။ သင်သည် စည်းမျဉ်းများကို ရှာတွေ့သောအခါ သင်သည် လူများနှင့် အမှုအရာများကို ရှုမြင်ရန် သမ္မာတရား စည်းမျဉ်းများကို အသုံးပြုနိုင်လိမ့်မည်ဖြစ်ပြီး သင်သည် အခြားသူများကို ပိုင်းခြားသိမြင်နိုင်သည့်အပြင် သင့်ကိုယ်သင်လည်း ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ ဤသည်မှာ သင်သည် သမ္မာတရားကို နားလည်ကြောင်း သက်သေပြသည်။ သင်သည် သမ္မာတရား၏ ကဏ္ဍတစ်ခုကို နားလည်ပြီး ယင်းကို အသုံးချနိုင်သည့်အခါ သင်သည် ဤကဏ္ဍရှိ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းကို ရရှိလိမ့်မည်။ သို့ဆိုလျှင် အစွမ်းအစ၏ ကဏ္ဍအမျိုးမျိုးနှင့်ဆိုင်သော တိကျသည့် အကြောင်းအရာကို ငါတို့ အကျဉ်းချုပ်သုံးသပ်သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါတို့သည် ယင်းကို အကျဉ်းချုပ်သုံးသပ်ရမည်။ ဤနည်းလမ်းဖြင့်သာ သင်တို့သည် အစွမ်းအစနှင့် သက်ဆိုင်သော သမ္မာတရားစည်းမျဉ်းများကို ရှင်းလင်းစွာ နားလည်နိုင်ပေမည်။

လူတို့၏ အစွမ်းအစကို အကဲဖြတ်ရန် သမ္မာတရား စည်းမျဉ်းများကို အသုံးပြုခြင်း

၁။ အစွမ်းအစကောင်း၏ သရုပ်သကန်များ

အစွမ်းအစကောင်းရှိသော လူများကို အလုံးစုံ အကဲဖြတ်မှုတစ်ခု ပြုလုပ်ရန်အလို့ငှာ စည်းမျဉ်းများကို သိရှိရန် လိုအပ်သည်၊ မှန်သလော။ (မှန်ပါသည်။) ငါတို့သည် တိကျသော သရုပ်သကန်များစွာကို အသေးစိတ် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်ကာ လူတစ်ဦး၏ အစွမ်းအစသည် မည်သို့ရှိသည်ကို အကဲဖြတ်ရန် ဤတိကျသော သရုပ်သကန်များကို အသုံးပြုလေသည်။ သို့ဆိုလျှင် အစွမ်းအစကောင်းရှိသော လူများ၏ အလုံးစုံ သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ကျင့်ကြံပြုမူခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းအတွက် ၎င်းတို့၏ စိတ်နှလုံးထဲတွင် တိကျသော စည်းမျဉ်းအချို့ ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သည့်အခါ သို့မဟုတ် သမ္မာတရားကို မကြားဖူးသေးသည့်အခါတွင်ပင် ၎င်းတို့၌ လူများနှင့် အမှုအရာများကို ရှုမြင်ခြင်းအတွက်အပြင် ကျင့်ကြံပြုမူခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းအတွက် အခြေခံအကျဆုံးသော စည်းမျဉ်းအချို့ ရှိကြသည်။ ဆိုလိုသည်မှာ ၎င်းတို့၌ ကျင့်ကြံပြုမူခြင်းအတွက် တိကျသော စည်းအချို့ ရှိကြသည်။ အတိုင်းအတာတစ်ခုအထိ ဤစည်းများသည် သမ္မာတရား စည်းမျဉ်းများနှင့် အတော်အတန် ကိုက်ညီနေသည် သို့မဟုတ် နီးစပ်နေပြီး အနည်းဆုံးအနေဖြင့် လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့၏ စံနှုန်းများနှင့် နီးစပ်နေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ခြင်းကို လက်ခံခြင်းတို့မှတစ်ဆင့် သမ္မာတရားအချို့ကို နားလည်လာကြပြီးနောက် ၎င်းတို့သည် ကိစ္စရပ်များစွာ သို့မဟုတ် အထူးပတ်ဝန်းကျင်များကို မတွေ့ကြုံဖူးလျှင်ပင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရား စည်းမျဉ်းအချို့ကို နားလည်ပြီး သဘောပေါက်နိုင်ကြဆဲဖြစ်သည်။ ထို့နောက် လက်တွေ့ဘဝတွင် ၎င်းတို့သည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ကိုင်တွယ်ရန် ဤစည်းမျဉ်းများကို အသုံးချနိုင်ကြသည်။ အမှန်တွင် ၎င်းတို့သည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ကိုင်တွယ်သောအခါ ယင်းမှာ ကဏ္ဍတစ်ခုတည်းပါသော ရိုးရှင်းသည့် ပြဿနာများကို ကိုင်တွယ်ခြင်းမျှသာ မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ရှုပ်ထွေးပြီး အပြန်အလှန်ဆက်နွှယ်နေသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ကြုံတွေ့ရသည့်အခါ ယင်းတို့ကို ဆက်ဆံရန်နှင့် ကိုင်တွယ်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများကို အသုံးချနိုင်ကြသည်။ ဤသည်မှာ စည်းမျဉ်းများပါဝင်သော ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် အစွမ်းအစကောင်းရှိသော လူများ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစက ကောင်းသောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ခြင်းမှတစ်ဆင့် ၎င်းတို့သည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ရှုမြင်ခြင်းနှင့် ကိုင်တွယ်ခြင်းအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းရှိ စည်းမျဉ်းများကို မိမိတို့ဘာသာ ရှာဖွေနိုင်ကြသည်။ ဤကဲ့သို့ အစွမ်းအစကောင်းရှိသော လူများသည် လုပ်ငန်းကို တစ်ဦးတည်း တာဝန်ယူနိုင်ပြီး တာဝန်တစ်ခုစီကို မိမိတို့ဘာသာ ပြီးမြောက်အောင် လုပ်ဆောင်ကြသည်။ ဤသည်မှာ အစွမ်းအစကောင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အဓိက သရုပ်သကန်မှာ အဘယ်အရာဖြစ်သနည်း။ (အဓိက သရုပ်သကန်မှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းနှင့် ထောက်ပံ့ခြင်းမှတစ်ဆင့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ရှုမြင်ခြင်းနှင့် ကိုင်တွယ်ခြင်းအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းရှိ စည်းမျဉ်းများကို မိမိတို့ဘာသာ ရှာဖွေနိုင်ကြပြီး ပြဿနာများကို မိမိတို့ဘာသာ ဖြေရှင်းနိုင်ကာ လုပ်ငန်းကို တစ်ဦးတည်း တာဝန်ယူနိုင်ခြင်း ဖြစ်ပါသည်။) တိတိကျကျဆိုရလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမှတစ်ဆင့် ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ရှုမြင်ခြင်းနှင့် ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများကို ရှာဖွေနိုင်ကာ အလုပ်ကို မိမိတို့ဘာသာ တာဝန်ယူနိုင်ကြသည်။ ဤအရာကသာ အစွမ်းအစကောင်းရှိသည်ဟု အဓိပ္ပာယ်ရသည်။ ယခင်က ငါတို့သည် အလုပ်ကို မိမိဘာသာ တာဝန်ယူနိုင်ခြင်းသည် အရည်အချင်းအမျိုးမျိုးကို ပိုင်ဆိုင်ရန် လိုအပ်သည်ဟု ပြောဆိုခဲ့ကြသည်။ ယခုမူကား သမ္မာတရား စည်းမျဉ်းများကို အသုံးပြု၍ ဤအရာကို အကဲဖြတ်သောအခါ ဤသည်မှာ အစွမ်းအစကောင်းရှိသော လူများ၏ သရုပ်သကန်တစ်ခု ဖြစ်ပေသည်။

၂။ သာမန် အစွမ်းအစ၏ သရုပ်သကန်များ

သာမန်အစွမ်းအစရှိသော လူများ၏ သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် အစွမ်းအစကောင်းရှိသော သူများထက် သေချာပေါက် များစွာ ပိုညံ့ဖျင်းသည်။ သို့သော် လူများတွင် အစွမ်းအစကောင်းရှိသည်ဖြစ်စေ၊ သာမန်အစွမ်းအစရှိသည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ထောက်ပံ့ခြင်းကို မခံယူမီတွင်လည်းကောင်း၊ သမ္မာတရားကို နားမလည်မီတွင်လည်းကောင်း ကျင့်ကြံပြုမူခြင်းအတွက် မှန်ကန်သော စည်းမျဉ်းများ ရှိကြမည်မဟုတ်ပေ။ ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများကို သဘောပေါက်နားလည်ခြင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ထောက်ပံ့ခြင်းကို ခံယူခြင်းနှင့် သမ္မာတရားကို နားလည်လာခြင်းဟူသည့် အခြေခံအုတ်မြစ်ပေါ်တွင် လုပ်ဆောင်ရမည်ဖြစ်သည်။ အမှန်တကယ်ဖြစ်သော အတွေ့အကြုံများမှတစ်ဆင့်သာ လူတစ်ဦးသည် ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများကို တဖြည်းဖြည်း နားလည်လာနိုင်သည်။ သာမန်အစွမ်းအစရှိသော လူတစ်ဦးဖြစ်ပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ၎င်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖော်ပြထားသော အခြေခံအဓိပ္ပာယ်နှင့် သတ်မှတ်ထားသော စံနှုန်းများကိုသာ နားလည်နိုင်သည်။ ၎င်းတို့သည် ဤအရာများကို အယူဝါဒအရ နားလည်သော်လည်း အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ သမ္မာတရားစည်းမျဉ်းများကို အသုံးချနိုင်စွမ်း မရှိကြသေးပေ။ အခြားသူများ၏ လမ်းပြမှုနှင့် ထောက်ပံ့ခြင်းမှတစ်ဆင့် သို့မဟုတ် အမှုအရာများစွာကို တွေ့ကြုံပြီးမှသာလျှင် ၎င်းတို့သည် အခြေခံ သမ္မာတရားစည်းမျဉ်းအချို့ကို နားလည်လာနိုင်သည်။ ဤနေရာတွင် “အခြေခံ” ဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ၎င်းတို့ နားလည်ပြီး သဘောပေါက်သည့် စည်းမျဉ်းများသည် အဓိကအားဖြင့် ကဏ္ဍတစ်ခုတည်းပါသော အတော်အတန် ရိုးရှင်းသည့် စည်းမျဉ်းများဖြစ်ပြီး သာမန်ပြဿနာများကို ကိုင်တွယ်ပြီး ဖြေရှင်းနိုင်စေသည်ကို ဆိုလိုသည်။ သို့သော် ရှုပ်ထွေးသော အခြေအနေများ သို့မဟုတ် နောက်ခံအကြောင်းအရာများနှင့် ရင်ဆိုင်ရသည့်အခါ စည်းမျဉ်းများအတိုင်း မည်သို့ပြုမူရမည်ကို ၎င်းတို့ မသိကြပေ။ ရှုပ်ထွေးသော ပြဿနာအချို့ သို့မဟုတ် ကဏ္ဍပေါင်းစုံပါသော တာဝန်များကို ကိုင်တွယ်ရန် သမ္မာတရားကို နားလည်သောသူများထံမှ လမ်းပြချက်နှင့် အကူအညီကို ၎င်းတို့ မှီခိုရမည်ဖြစ်သည်။ ဤသည်တို့မှာ သာမန်အစွမ်းအစရှိသော လူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။ သာမန်အစွမ်းအစရှိသော လူများ၏ သရုပ်သကန်များတွင် ထင်ရှားသောအရာမှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို မိမိဘာသာ နားမလည်နိုင် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းမှ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို မရှာဖွေနိုင်ကြပေ။ ဘုရားသခင်၏ သတ်မှတ်ထားသော စံနှုန်းများ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ တိကျစွာ နားမလည်နိုင်ကြပေ။ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ရန်၊ ၎င်းတို့ကို ထောက်ပံ့ရန်နှင့် အမှုအရာများကို စိစစ်ပေးရန် တစ်စုံတစ်ဦးကို လိုအပ်ပြီး ၎င်းတို့ကို ရှင်းလင်းစွာ ပြောပြရန်နှင့် သတိပေးရန်လည်း လိုအပ်သည်။ ဤနည်းလမ်းဖြင့်သာ ၎င်းတို့က “ဤသည်မှာ သမ္မာတရားစည်းမျဉ်းတစ်ခု ဖြစ်သည်။ ကျွန်ုပ် ယင်းကို မှတ်ထားရမည်။ ကျွန်ုပ် ဤအတိုင်း လက်တွေ့လုပ်ဆောင်ရမည်။ ကျွန်ုပ် ဤအလုပ်အစီအစဉ်အတိုင်း အလုပ်ကို အကောင်အထည် ဖော်ရမည်” ဟု သိရှိကြသည်။ ဤသည်မှာ ၎င်းတို့၏ သဘောပေါက်နားလည်နိုင်စွမ်းနှင့် သက်ဆိုင်သည်။ ဒုတိယအနေဖြင့် အလုပ်လုပ်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့ အတွေ့အကြုံမရှိသော အလုပ်ကို လုပ်သည့်အခါ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးကို ရှုမြင်ရန် သို့မဟုတ် ကိုင်တွယ်ရန် သမ္မာတရားစည်းမျဉ်းများကို လျင်မြန်စွာ အသုံးမချနိုင်ကြပေ။ ၎င်းတို့သည် အခြေခံ သမ္မာတရားစည်းမျဉ်းအနည်းငယ်ကို နားလည်ခြင်းအပေါ် အခြေခံ၍ ကဏ္ဍတစ်ခုတည်းပါသော အလုပ်အချို့ကိုသာ ကိုင်တွယ်နိုင်သည်။ သမ္မာတရားစည်းမျဉ်းများစွာ ပါဝင်သော ရှုပ်ထွေးသည့်အလုပ်နှင့် ရင်ဆိုင်ရသည့်အခါ အမှုအရာများကို စိစစ်ပေးရန်၊ ထောက်ပံ့ရန်နှင့် ဖြည့်ဆည်းပေးရန် အခြားသူများကို လိုအပ်သည်။ ဤသည်တို့မှာ သာမန်အစွမ်းအစရှိသော လူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။ တစ်ကိုယ်ရေ သဘောပေါက်နားလည်နိုင်စွမ်းနှင့်ပတ်သက်၍ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ရန်နှင့် အမှုအရာများကို စိစစ်ပေးရန် အခြားသူများကို လိုအပ်သည်။ ၎င်းတို့သည် များစွာ နားထောင်ရန် လိုအပ်သည်၊ သမ္မာတရား၏ ကဏ္ဍတစ်ခုတည်းကိုသာမက ကဏ္ဍအမျိုးမျိုးကို နားထောင်ရန် လိုအပ်ပြီး အဆုံးတွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ အချို့ကို နားလည်နိုင်ရန်အလို့ငှာ သမ္မာတရား၏ ကဏ္ဍအမျိုးမျိုးနှင့်ဆိုင်သော အခြေခံစည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို ပြောပြရန် တစ်စုံတစ်ဦးကို လိုအပ်သည်။ သို့သော် ရှုပ်ထွေးသော အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ မည်သို့ သဘောပေါက်နားလည်ရမည်ကို ၎င်းတို့ တစ်ဖန် မသိရှိတော့ဘဲ ရှာဖွေရန် လိုအပ်နေဆဲဖြစ်သည်။ ဤသည်မှာ သဘောပေါက်နားလည်နိုင်စွမ်းနှင့် သက်ဆိုင်သည်။ အလုပ်တွင် သို့မဟုတ် လက်တွေ့ဘဝတွင် အမှုအရာအမျိုးမျိုးကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်၍မူ ပြဿနာများကို ကိုင်တွယ်နိုင်သည့် ၎င်းတို့၏ အရည်အချင်းသည် ကဏ္ဍတစ်ခုတည်းပါသော အလုပ်ကို ကိုင်တွယ်ရန် သမ္မာတရားစည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်းဟူသည့် အဆင့်သို့သာ ရောက်ရှိနိုင်သည်။ သမ္မာတရားစည်းမျဉ်းများစွာ ပါဝင်သော ရှုပ်ထွေးသည့်အလုပ်နှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် အတော်အတန် ခက်ခဲသည်ဟု မြင်ကြပြီး ရှာဖွေရန်နှင့် တစ်စုံတစ်ဦးက စိစစ်ပေးရန် လိုအပ်သည်။ ၎င်းတို့ကိုယ်တိုင် အလုပ်ကို ကောင်းမွန်စွာ လုပ်နိုင်မည်ဟု အာမမခံနိုင်သည့်အပြင် ၎င်းတို့လုပ်ဆောင်သည့်အရာသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိကိုလည်း မဆုံးဖြတ်နိုင်ပေ။ တစ်ခါတစ်ရံ ၎င်းတို့၏ အလုပ်တွင် သွေဖည်ခြင်းများ ရှိလိမ့်မည်။ သို့သော် ဤသွေဖည်ခြင်းများသည် သွေဖည်ခြင်းများမျှသာ ဖြစ်ပြီး လွဲချော်မှုများ မဟုတ်ပေ။ ယင်းတို့သည် လွဲချော်မှုများ ဖြစ်ခဲ့ပါက ယင်းက ညံ့ဖျင်းသော အစွမ်းအစကို ညွှန်ပြပေလိမ့်မည်။ သွေဖည်ခြင်းများနှင့် လွဲချော်ခြင်းများအကြား ကွဲပြားမှုတစ်ခု ရှိသည်၊ သွေဖည်ခြင်းများဆိုသည်မှာ အလုပ်သည် သမ္မာတရားစည်းမျဉ်းများနှင့် လုံးလုံးလျားလျား မကိုက်ညီခြင်း၊ လုံလောက်စွာ မလုပ်ဆောင်ခြင်း၊ သို့မဟုတ် လုံလောက်သော ထည့်သွင်းစဉ်းစားမှု ကင်းမဲ့ခြင်းကို ဆိုလိုသော်လည်း ဦးတည်ချက်မှာမူ မမှားပေ။ ယင်းမှာ ၎င်းတို့၌ အလုပ် အတွေ့အကြုံ မလုံလောက်ခြင်း၊ သို့မဟုတ် သမ္မာတရားကို အပေါ်ယံကျကျသာ နားလည်၍ သမ္မာတရား စည်းမျဉ်းများကို လုံလုံလောက်လောက် တိကျစွာ နားလည်သဘောမပေါက်ခြင်းတို့ကြောင့် ၎င်းတို့၏ အလုပ်သည် လုံလောက်စွာ စံနှုန်းပြည့်မီမှု မရှိခြင်းသာ ဖြစ်ပေသည်။ ယင်းသည် စံနှုန်းပြည့်မီခြင်းသို့ ချဉ်းကပ်နိုင်သော်လည်း အပြည့်အဝ စံနှုန်းပြည့်မီရန်အတွက်မူ တိုးတက်ဖို့ လိုအပ်နေဆဲဖြစ်သည်။ ဤသည်တို့မှာ သာမန်အစွမ်းအစရှိသော လူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဤလူစားမျိုး၏ အဓိက လက္ခဏာရပ်မှာ အဘယ်အရာဖြစ်သနည်း။ (၎င်းတို့သည် အလုပ်တစ်ခုကို မိမိဘာသာ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ခြင်း ဖြစ်ပါသည်။ အလုပ်အချို့ကို ပြီးမြောက်ရန် အခြားသူများထံမှ အကူအညီနှင့် ထောက်ပံ့မှုကို လိုအပ်ပါသည်။) ၎င်းတို့၏ လက္ခဏာရပ်မှာ သဘောပေါက်နားလည်နိုင်စွမ်းအရဖြစ်စေ၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ဖြစ်စေ ၎င်းတို့သည် အတော်အတန် ညံ့ဖျင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် ယေဘုယျအားဖြင့် အလုပ်တစ်ခုကို မိမိဘာသာ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ဘဲ အခြားသူများထံမှ ထောက်ပံ့မှု၊ စိစစ်ပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်မှုကို လိုအပ်သည်။ ထို့ကြောင့် သာမန်အစွမ်းအစရှိသော လူများ ပိုင်ဆိုင်သင့်သည့် အခြေခံဆင်ခြင်တုံတရားမှာ အမှုအရာများကို လုပ်ဆောင်သည့်အခါ ပို၍ ရှာဖွေရန်နှင့် ပို၍ စောင့်ဆိုင်းရန် ဖြစ်သည်။ တစ်စုံတစ်ခုကို ထိုးထွင်းမမြင်နိုင်သည့်အခါ ၎င်းတို့သည် ချက်ချင်း နှိမ့်ချစွာ ရှာဖွေသင့်သည်၊ မိမိတို့အတွက် အခြေခံအဖြစ် အသုံးပြုရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်း သို့မဟုတ် အထက်ဦးဆောင်သူများထံမှ ရှာဖွေခြင်းကို ပြုလုပ်သင့်ပြီး မစဉ်းမစားဖြစ်စေ၊ နားဝေတိမ်တောင်ပုံစံဖြင့်ဖြစ်စေ မပြုမူသင့်ပေ။ အချိန်ကာလတစ်ခုကြာ အလုပ်လုပ်ပြီးနောက် သင်သည် အမှုအရာများစွာနှင့်ပတ်သက်၍ မရှင်းမလင်း ဖြစ်နေသည်ကို တွေ့ရှိပါက ယင်းတို့ကို ချက်ချင်း အကျဉ်းချုပ်သုံးသပ်ပြီး မှတ်တမ်းတင်ကာ အထက်ဦးဆောင်သူများထံမှ ရှာဖွေလော့။ ရည်ရွယ်ချက်မှာ ဤကာလအတွင်း သင်လုပ်ဆောင်ခဲ့သော အလုပ်တွင် သွေဖည်ခြင်းများ သို့မဟုတ် လစ်ဟာမှုများ တစ်စုံတစ်ရာ ပါဝင်ခြင်း ရှိမရှိကို သင်၏ အထက်ဦးဆောင်သူများက စိစစ်ပေးပြီး စစ်ဆေးရန် ဖြစ်သည်။ သင့်တွင် အလုပ်အတွေ့အကြုံရှိသည်ဟု တွေးလျက် အလွန်အမင်း မိမိကိုယ်ကို မှန်ကန်သည်ဟု မယူမှတ်နှင့်၊ သင့်ကိုယ်သင် အလွန်အမင်း ကျေနပ်အားရမနေနှင့်။ သင်သည် မိမိကိုယ်ကို သတိပြုမိခြင်း ရှိရမည်။ သာမန်အစွမ်းအစ၏ သရုပ်သကန်များကို ဆွေးနွေးပြီးဖြစ်သည်၊ သို့ဆိုလျှင် သာမန်အစွမ်းအစရှိသော လူများ၏ လက္ခဏာရပ်များမှာ အဘယ်အရာများ ဖြစ်သနည်း။ (၎င်းတို့သည် အလုပ်ကို မိမိဘာသာ မလုပ်ဆောင်နိုင်ကြပါ။ ၎င်းတို့ကို ထောက်ပံ့ရန်၊ ကူညီရန်နှင့် အမှုအရာများကို စိစစ်ပေးရန် အခြားသူများကို လိုအပ်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ လက္ခဏာရပ်များမှာ အဘယ်အရာများ ဖြစ်သနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နားလည်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့သည် အခြေခံစည်းမျဉ်းအချို့ကိုသာ သဘောပေါက်နားလည်နိုင်သော်လည်း ယင်းတို့ကို အလုပ်ထဲတွင် လက်တွေ့ကျကျ အသုံးမချနိုင်ကြပါ။) အလုပ်လုပ်နိုင်စွမ်းနှင့်ပတ်သက်၍ ၎င်းတို့၏ လက္ခဏာရပ်များမှာ အဘယ်အရာများ ဖြစ်သနည်း။ (အလုပ်လုပ်နိုင်စွမ်းနှင့်ပတ်သက်၍ သာမန်အစွမ်းအစရှိသော လူများသည် ပြဿနာအမျိုးမျိုးကို ရှုမြင်ရန် သို့မဟုတ် ကိုင်တွယ်ရန် သမ္မာတရားစည်းမျဉ်းများကို လျင်မြန်စွာ အသုံးမချနိုင်ကြပါ။ ထို့အပြင် ၎င်းတို့သည် အလုပ်တစ်ခုတည်းကိုသာ ထိန်းသိမ်းထားနိုင်သည်၊ အလုပ်များစွာနှင့်ပတ်သက်လာလျှင် စည်းမျဉ်းများကို သဘောမပေါက်နိုင်ကြတော့ပေ။ ၎င်းတို့သည် အလုပ်အမျိုးမျိုးကို ကောင်းမွန်စွာ ပြီးမြောက်စေရန် အရေးကြီးမှု သို့မဟုတ် အရေးပေါ်ဖြစ်သည့်အပေါ် ဦးစားပေးနိုင်စွမ်း မရှိကြသည့်အပြင် အလုပ်ကို ကျိုးကြောင်းဆီလျော်စွာ စီစဉ်ရန် မဆိုထားနှင့်။ ၎င်းတို့၌ အမှုအရာများကို စိစစ်ပေးရန်နှင့် ၎င်းတို့၏ ဦးတည်ရာကို လမ်းပြပေးရန်၊ အစဉ်မပြတ် ကူညီရန်နှင့် ထောက်ပံ့ရန် တစ်စုံတစ်ဦး ရှိရမည်ဖြစ်ပါသည်။) မှန်ပေသည်။ သာမန်အစွမ်းအစရှိသော လူများသည် ကဏ္ဍတစ်ခုတည်းပါသော အလုပ်အချို့ကို မိမိဘာသာ လုပ်ဆောင်နိုင်သည် သို့မဟုတ် အလုပ်အတွေ့အကြုံ အဆင့်တစ်ခု ရှိခြင်းဟူသည့် အခြေခံအုတ်မြစ်ပေါ်တွင် ရိုးရှင်းသော အလုပ်အချို့ကို ကိုင်တွယ်နိုင်သည်။ သို့သော် ရှုပ်ထွေးသော ပြဿနာများ၊ အထူးသဖြင့် သမ္မာတရားစည်းမျဉ်းများစွာ ပါဝင်သော အလုပ်နှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် မရှင်းမလင်း ဖြစ်သွားပြီး မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိတော့ပေ။ တစ်ခဏတွင် ဤသို့လုပ်ဆောင်သင့်သည်ဟု ၎င်းတို့ တွေးထင်ပြီး နောက်တစ်ခဏတွင် ထိုသို့လုပ်ဆောင်သင့်သည်ဟု တွေးထင်သော်လည်း မည်သည့်နည်းလမ်းက သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသည်ကိုမူ ၎င်းတို့ မသိကြပေ။ တာဝန်ကို အဆုံးတွင် ပြီးမြောက်ပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ၎င်းတို့ အကဲမဖြတ်နိုင်ကြပေ။ ထိုသို့သော အခြေအနေများတွင် ၎င်းတို့သည် လမ်းကြောင်းပျောက်သွားကြသည်။ သာမန်အစွမ်းအစရှိသော လူများသည် အလုပ်တစ်ခုအတွက် အရည်အချင်းပြည့်မီနိုင်သော်လည်း၊ အလုပ်များစွာ သို့မဟုတ် အနည်းငယ် ပိုရှုပ်ထွေးသော အလုပ်နှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် မရှင်းမလင်း ဖြစ်သွားကြသည်။ ဥပမာအားဖြင့် သင်တို့အလယ်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်အချို့သည် ၎င်းတို့ထံ အလုပ်တစ်ခု တာဝန်ပေးအပ်သည့်အခါ ယင်းကို ကိုင်တွယ်နိုင်သော်လည်း ၎င်းတို့ထံ အလုပ်နှစ်ခု သို့မဟုတ် သုံးခု တာဝန်ပေးအပ်ပါက ၎င်းတို့ စီမံခန့်ခွဲနိုင်ခြင်း မရှိကြတော့ပေ။ ၎င်းတို့သည် ယင်းတို့ကို ကောင်းမွန်စွာ လုပ်ဆောင်လိုသော်လည်း မပြီးမြောက်နိုင်ကြပေ။ ၎င်းတို့ အလုပ်ရှုပ်နေသည့်အခါ တစ်စုံတစ်ဦးက ပြဿနာတစ်ခု သို့မဟုတ် အခြားတစ်ခုကို ထုတ်ဖော်ပြောဆိုသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မရှင်းမလင်း ဖြစ်သွားပြီး ယင်းတို့ကို မည်သို့ဖြေရှင်းရမည်ကို မသိတော့ပေ။ ရလဒ်အနေဖြင့် အလုပ်တစ်ခုမျှ ကောင်းမွန်စွာ မပြီးမြောက်ပေ။ ဤသည်တို့မှာ သာမန်အစွမ်းအစရှိသော လူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။ သာမန်အစွမ်းအစရှိသော လူများသည် အလုပ်နှစ်ခု သို့မဟုတ် သုံးခုကို တစ်ပြိုင်နက်တည်း တာဝန်မယူနိုင်ကြပေ။ အထူးသဖြင့် ၎င်းတို့သည် ရှုပ်ထွေးသော သို့မဟုတ် အထူးအခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ချက်ချင်း မရှင်းမလင်း ဖြစ်သွားပြီး မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိတော့ပေ။ ရလဒ်အနေဖြင့် ၎င်းတို့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ရမည့် အလုပ်သည် ကောင်းမွန်စွာ မပြီးမြောက်တော့ဘဲ ၎င်းတို့ တာဝန်ယူသည့် အလုပ်များသည် ပြဿနာကြုံရပြီး နှောင့်နှေးကြန့်ကြာသွားသည်။ ထို့ကြောင့် သာမန်အစွမ်းအစရှိသော လူများသည် အလုပ်နှစ်ခု သို့မဟုတ် သုံးခုကို တာဝန်မယူနိုင်ဘဲ ရိုးရှင်းသော၊ တစ်ခုချင်းဖြစ်သော အလုပ်များအတွက်သာ သင့်တော်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်အချို့သည် အလုပ်လုပ်ခြင်းကို အလွန်ရိုးရှင်းသည်ဟု အစဉ်သဖြင့် တွေးထင်ကြသည်။ အခြားလူများက ပြဿနာများကို ထောက်ပြသည့်အခါ ၎င်းတို့သည် အမြဲတစေ ဂရုမပြုဘဲ ယင်းတို့ကို ပြဿနာများအဖြစ် မမြင်သည့်အပြင်၊ ထိုလူများ၏ ခေါင်းထဲတွင် တစ်ခုခုမှားယွင်းနေပြီး ၎င်းတို့က အမှုအရာများကို အလွန်ရှုပ်ထွေးအောင် လုပ်နေသည်ဟုပင် တွေးထင်ကြသည်။ အဆုံးတွင် အကြီးစား ပြဿနာများ ပေါ်ပေါက်လာပြီး ၎င်းတို့ ဖြေရှင်းနိုင်စွမ်းမရှိတော့မှသာ အထက်ဦးဆောင်သူများထံ တင်ပြကြသည်။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အတွေ့အကြုံ အလွန်နည်းပြီး ထိုးထွင်းသိမြင်မှု ကင်းမဲ့ကြသည်။ ၎င်းတို့၏ အလုပ်တွင် ၎င်းတို့သည် အရာအားလုံး အဆင်ပြေချောမွေ့သွားမည်ဟု အစဉ်သဖြင့် တွေးထင်ကြပြီး စည်းမျဉ်းစည်းကမ်းအချို့ကိုသာ ပုံသေစောင့်ထိန်းကာ လမ်းကြောင်းတစ်ခုတည်းကို ခေါင်းမာမာဖြင့် လျှောက်ကြသည်။ ပေါ်ပေါက်လာသော ပြဿနာများ မည်မျှပင် ပြင်းထန်စေကာမူ ၎င်းတို့ သဘောမပေါက်ကြပေ။ ထို့ထက်မက ဤပြဿနာများ မဖြေရှင်းဘဲထားပါက အလုပ်၏အဘက်ဘက်ကို နှောင့်နှေးကြန့်ကြာစေမည်ကိုပင် ၎င်းတို့ သဘောမပေါက်ကြပေ။ ဤသည်တို့မှာ သာမန်အစွမ်းအစရှိသော လူများ၏ သရုပ်သကန်များ ဖြစ်ကြသည်။

ယေဘုယျအားဖြင့် သာမန်အစွမ်းအစရှိသော လူများသည် ၎င်းတို့၏ လူ့သဘာဝ ကဏ္ဍအားလုံးတွင် စံနှုန်းပြည့်မီပါက ကဏ္ဍတစ်ခုတည်းပါသော အလုပ်အတွက် အခြေခံအားဖြင့် အရည်အချင်းပြည့်မီနိုင်သည်။ ၎င်းတို့သည် ဘက်စုံကျသော အလုပ်ကို မိမိဘာသာ မပြီးမြောက်နိုင်ဟု ငါပြောရသည့်အကြောင်းရင်းမှာ ၎င်းတို့၏ အစွမ်းအစက ကဏ္ဍတစ်ခုတည်းပါသော အလုပ်တွင်သာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် ခွင့်ပြုသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များနှင့် သက်ဆိုင်သော အလုပ်အချို့နှင့်ပတ်သက်လာလျှင် ၎င်းတို့၏ အစွမ်းအစအရ ၎င်းတို့သည် ထိုအလုပ်အတွက် အရည်အချင်းပြည့်မီနိုင်သည်။ သို့သော် ကဏ္ဍပေါင်းစုံပါသော အလုပ်၏ ရှုပ်ထွေးမှုများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် မရှင်းမလင်းဖြစ်သွားကြသည်။ ၎င်းတို့တွင် လက်တွေ့ကျသော အတွေ့အကြုံအချို့ ရှိလျှင်ပင် ၎င်းတို့၏ အစွမ်းအစသည် အလုပ်အတွက် မလုံလောက်ပေ။ အချို့လူများက “ဤသည်မှာ ကျွန်ုပ် ငယ်ရွယ်သောကြောင့်လော” ဟု ပြောဆိုကြသည်။ မဟုတ်ပေ။ သင်၏ အစွမ်းအစသည် သာမန်ဖြစ်ပါက သင်သည် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်သို့ ရောက်သည့်အခါတွင်ပင် ကဏ္ဍပေါင်းစုံပါသော အလုပ်ကို တာဝန်ယူရန် အရည်အချင်းပြည့်မီမည် မဟုတ်သေးပေ။ အဘယ်ကြောင့် ငါ ဤသို့ပြောရသနည်း။ အမှန်တကယ် အလုပ်လုပ်ဆောင်ခြင်းမှတစ်ဆင့် အတွေ့အကြုံအချို့ကို စုဆောင်းပြီးနောက် သင်သည် ကဏ္ဍတစ်ခုတည်းပါသော အလုပ်အချို့ကို ကိုင်တွယ်နိုင်စွမ်း ရှိလာနိုင်သည်။ သို့သော် လမ်းပြမှုရှိခြင်း၊ တစ်စုံတစ်ဦးက အမှုအရာများကို စိစစ်ပေးခြင်း၊ သို့မဟုတ် အခြားသူများထံမှ နောက်ဆက်တွဲလုပ်ဆောင်မှုများ ရှိခြင်းဟူသည့် အခြေအနေများတွင်သာ သင်သည် အလုပ်ကို ကောင်းမွန်စွာ မိမိဘာသာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်၊ သင်သည် ကဏ္ဍပေါင်းစုံပါသော အလုပ်ကို မိမိဘာသာ တာဝန်ယူနိုင်စွမ်း ထာဝရ မရှိဘဲ ရှိနေမည်ဖြစ်သည်။ ဤသည်မှာ သင့်တွင် သာမန်အစွမ်းအစရှိကြောင်း ညွှန်ပြသည်။ အချို့လူများသည် နှစ်ပေါင်းများစွာ အခြေအနေအမျိုးမျိုးကို ဖြတ်သန်းခြင်းမှတစ်ဆင့် အတွေ့အကြုံအချို့ကို စုဆောင်းပြီးနောက်လည်းကောင်း၊ သမ္မာတရားစည်းမျဉ်းအချို့ကို နားလည်လာပြီးနောက်တွင်လည်းကောင်း ကဏ္ဍပေါင်းစုံပါသော အလုပ်၊ အထူးသဖြင့် ၎င်းတို့ မိမိဘာသာ တာဝန်ယူရမည့် အလုပ်ကို တာဝန်မယူနိုင်ကြသေးပေ။ ၎င်းတို့သည် ရှုပ်ထွေးသော အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ မရှင်းမလင်း ဖြစ်သွားပြီး တာဝန်များကို အရေးကြီးမှု သို့မဟုတ် အရေးပေါ်ဖြစ်သည့်အပေါ် ဦးစားမပေးနိုင်ကြပေ။ ထိုသို့သော လူများသည် သာမန်အစွမ်းအစရှိသည်မှာ သေချာသည်။ အလုပ်အတွေ့အကြုံသည် လူတစ်ဦး၏ အလုပ်လုပ်နိုင်စွမ်း၏ ကဏ္ဍတစ်ခုကိုသာ ကိုယ်စားပြုသည်၊ ယင်းမှာ အဓိကကျသော အချက် မဟုတ်ပေ။ အဓိကကျသော အချက်မှာ လူတစ်ဦး၏ အစွမ်းအစနှင့် ကဏ္ဍအမျိုးမျိုးရှိ ၎င်းတို့၏ အရည်အချင်းများ ဖြစ်သည်။ အလုပ်အတွေ့အကြုံသည် ရည်ညွှန်းချက်အချို့ကိုသာ ပေးသည်။ အမှန်တွင် အလုပ်အတွေ့အကြုံသည်လည်း တစ်ကိုယ်ရေ အတွေ့အကြုံမှ ပေါ်ပေါက်လာသောကြောင့် တန်ဖိုးရှိသည်မှာ မှန်သော်ငြား ဤလက်တွေ့ကျသော အလုပ်အတွေ့အကြုံသည် ကဏ္ဍပေါင်းစုံပါသော အလုပ်၏ စည်းမျဉ်းများကို ပို၍ တိကျစွာ သဘောပေါက်နိုင်ရန် သင့်ကို ထောက်ကူမပေးနိုင်ပေ။ သင်၏ အစွမ်းအစသည် ကောင်းပြီး သင်သည် သမ္မာတရားစည်းမျဉ်းများကို အမှန်တကယ် နားလည်ပါက၊ သင့်တွင် အလုပ်အတွေ့အကြုံမရှိလျှင် သို့မဟုတ် သင်၏ တစ်ကိုယ်ရေ အတွေ့အကြုံသည် မကျယ်ပြန့်လျှင်ပင် သင်သည် အလုံးစုံအလုပ်ကို မိမိဘာသာ တာဝန်ယူနိုင်ပြီး လုပ်ငန်းကို တစ်ဦးတည်း တာဝန်ယူနိုင်ဆဲဖြစ်သည်။ သို့သော် သာမန်အစွမ်းအစရှိသော လူများသည် အလုံးစုံအလုပ်ကို မိမိဘာသာ မပြီးမြောက်နိုင်ပေ။ ၎င်းတို့သည် ကဏ္ဍတစ်ခုတည်းပါသော အလုပ်ကိုသာ ပြီးမြောက်နိုင်ပြီး မကြာခဏ တိုက်တွန်းနှိုးဆော်မှု၊ စိစစ်ပေးခြင်း၊ အကူအညီနှင့် လမ်းပြမှုကို လိုအပ်သည်။ ထို့ကြောင့်၊ သင်တို့ထဲမှ သာမန်အစွမ်းအစရှိသော သူများအတွက် ကဏ္ဍတစ်ခုတည်းပါသော အလုပ်အချို့တွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်းသည် သင်သည် ကဏ္ဍပေါင်းစုံပါသော အလုပ်အတွက် အရည်အချင်းပြည့်မီနိုင်သည် သို့မဟုတ် လုပ်ငန်းကို တစ်ဦးတည်း တာဝန်ယူနိုင်သည်ဟု ဆိုလိုသည်ဟု မထင်နှင့်။ ဤသည်မှာ ထင်ယောင်ထင်မှား ဖြစ်ခြင်းနှင့် မှားယွင်းသော နားလည်မှုတစ်ခု ဖြစ်သည်။ ကဏ္ဍတစ်ခုတည်းပါသော အလုပ်အချို့ကို သင့်ဘာသာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်းနှင့် ကဏ္ဍပေါင်းစုံပါသော အလုပ်ကို သင့်ဘာသာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်း၊ ဆိုလိုသည်မှာ လုပ်ငန်းကို တစ်ဦးတည်း တာဝန်ယူနိုင်ခြင်းတို့အကြားတွင် ကွာဟချက်တစ်ခု ရှိသည်။ ဤသည်မှာ သင်တို့သည် အတွေ့အကြုံမှတစ်ဆင့် တဖြည်းဖြည်း သိရှိလာမည့်အရာ ဖြစ်သည်။ ဤစကားများသည် နားလည်ရန် လွယ်ကူမည်မဟုတ်ပေ၊ နှစ်ပေါင်းများစွာ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် အမှုထမ်းခဲ့ပြီး လက်တွေ့ကျသော အတွေ့အကြုံရှိသော သူများသာလျှင် ယင်းတို့ကို နားလည်နိုင်သည်။ သာမန် ညီအစ်ကိုမောင်နှမများ နားလည်မည်မဟုတ်ပေ၊ မှန်သလော။ ကဏ္ဍပေါင်းစုံပါသော အလုပ်ကို တာဝန်ယူခဲ့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့ကျသော အတွေ့အကြုံရှိပြီး ဤအတွင်းရှိ ကွဲပြားမှုများကို နားလည်ကြသည်၊ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ပုံတွင် စည်းမျဉ်းများ ရှိကြသည်။ သို့သော် သာမန်အစွမ်းအစရှိသော လူများသည် ဤအဆင့်သို့ စံမမီပေ။ သာမန်အစွမ်းအစရှိသော လူများ၏ သရုပ်သကန်များကို ဤသို့ဖြင့် အပြည့်အစုံ အကျဉ်းချုပ်သုံးသပ်ပြီးဖြစ်သည်။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။