သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၈) အပိုင်း နှစ်

၃။ အစွမ်းအစညံ့ဖျင်းခြင်း၏ သရုပ်သကန်များ

ဆက်လက်၍ အစွမ်းအစ ညံ့ဖျင်းသူများ၏ သရုပ်သကန်များကို အကျဉ်းချုပ် ဖော်ပြကြပါစို့။ အစွမ်းအစ ညံ့ဖျင်းသူများ၏ သရုပ်သကန်များသည် သာမန် အစွမ်းအစရှိသူများ၏ သရုပ်သကန်များထက် ဧကန်မုချ ပို၍ဆိုးပေသည်။ အစွမ်းအစ ညံ့ဖျင်းသူများ၏ သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ယင်းတို့မှာ ၎င်းတို့ကိုယ်တိုင် ရှာဖွေခြင်းအားဖြင့်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဝါကျတစ်ကြောင်းစီနှင့် အပိုဒ်တစ်ပိုဒ်စီ၏ အဓိပ္ပာယ်ကို စာသားအတိုင်း နားလည်နိုင်သည့်အပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များမှာ အဘယ်အရာဖြစ်သည်ကို နားလည်နိုင်သော်ငြားလည်း ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများ သို့မဟုတ် ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းများကို လုံးဝ နားလည်သဘောမပေါက်ကြခြင်းပင် ဖြစ်၏။ ဆိုလိုသည်မှာ လူနှင့် အမှုအရာများကို မည်သို့ရှုမြင်ရမည် သို့မဟုတ် မည်သို့ ကျင့်ကြံပြုမူ၍ ဆောင်ရွက်ရမည်ဟူသော ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းများကို ၎င်းတို့ နားလည်သဘောပေါက်ခြင်း မရှိသကဲ့သို့ ပါဝင်ပတ်သက်နေသော သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုလည်း နားလည်ခြင်းမရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့ဘာသာ စားသောက်သည့်အခါ ဤအရာများကို နားလည်နိုင်ခြင်းမရှိဘဲ နေ့စဉ်အသက်တာ၌ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့်အတူ အတွေ့အကြုံများ ရရှိပြီးနောက်တွင်လည်း ၎င်းတို့သည် နားလည်ခြင်းမရှိကြသေးပေ။ မိတ်သဟာယဖွဲ့ပြီးသည့်နောက်တွင်ပင် သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ ရှင်းလင်းကြခြင်း မရှိသေးပေ။ ဤကဲ့သို့သော လူစားမျိုး၌ လက္ခဏာတစ်ရပ် ရှိ၏။ ယင်းမှာ သမ္မာတရား စည်းမျဉ်းများမှာ အဘယ်အရာ ဖြစ်သည်ကို ၎င်းတို့ နားလည်သဘောပေါက်ခြင်း မရှိသော်လည်း ၎င်းတို့၏ ခံစားချက်များကို အားကိုးခြင်းဖြင့် ပုံသေစောင့်ထိန်းရန် လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို အကျဉ်းချုပ် ဖော်ပြနိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့ မှတ်မိနိုင်သောအရာများမှာ စည်းမျဉ်းစည်းကမ်းများ၊ တင်းကျပ်သော ပုံသေအယူဝါဒတစ်မျိုး သို့မဟုတ် စည်းမျဉ်းတစ်စုံ ဖြစ်၏။ ဥပမာအားဖြင့် ဘုရားသခင်သည် သမ္မာတရား စည်းမျဉ်းများ၏ ရှုထောင့်တစ်ရပ်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့လျက် ဤကိစ္စနှင့်ပတ်သက်၍ လူတို့၏ အပြုသဘောဆောင်သော သရုပ်သကန်များ၊ အပျက်သဘောဆောင်သော သရုပ်သကန်များ၊ စင်ကြယ်သော သဘောပေါက်နားလည်မှုနှင့် လွဲချော်သော သဘောပေါက်နားလည်မှုတို့အပြင် အခြားသော အမျိုးမျိုးသော သရုပ်သကန်များ၏ ဥပမာများကို ပေး၏။ အစွမ်းအစ ညံ့ဖျင်းသူများသည် နောက်ဆုံး၌ ဤအရာမှ အဘယ်အရာကို ရရှိကြသနည်း။ ၎င်းတို့က “ယခု ကျွန်တော် သဘောပေါက်ပြီ။ ဘုရားသခင်က ဤအရာ သို့မဟုတ် ထိုအရာကို လုပ်ခွင့်မပြုပေ။ ဘုရားသခင်က ဤအရာ သို့မဟုတ် ထိုအရာကို စားခွင့်မပြုပေ။ ဘုရားသခင်က ဤစကားလုံးများ၊ ထိုစကားလုံးများကို ပြောဆိုခွင့်မပြုပေ၊ သို့မဟုတ် ထိုအသုံးအနှုန်းများကိုလည်း အသုံးပြုခွင့်မပြုပေ” ဟု ဆိုကြ၏။ ဤသည်မှာ ၎င်းတို့ မှတ်မိသောအရာဖြစ်ပြီး ယင်းတို့သည် သမ္မာတရား စည်းမျဉ်းများဖြစ်သည်ဟု ထင်မှတ်ကာ ဤအရာကို တစ်သဝေမတိမ်း လိုက်နာစောင့်ထိန်းကြ၏။ ၎င်းတို့သည် ဤစည်းမျဉ်းစည်းကမ်းများ၊ အဆိုအမိန့်များနှင့် ပြုမူပုံနည်းလမ်းများကို လိုက်နာစောင့်ထိန်းပါက သမ္မာတရား စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း ဖြစ်သည်ဟု ယုံကြည်ကြ၏။ ဤသည်မှာ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းမျှသာ ဖြစ်ကြောင်း သင်က ၎င်းတို့ကို မည်မျှပင် ပြောစေကာမူ၊ ၎င်းတို့သည် လက်ခံကြမည်မဟုတ်ပေ။ ၎င်းတို့သည် ဤစည်းမျဉ်းစည်းကမ်းများကို မလျှော့တမ်း လိုက်နာစောင့်ထိန်းကြပြီး ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယုံကြည်ကြ၏။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော ထိုကဲ့သို့သော လူများကို ကိုင်တွယ်ရန် နည်းလမ်းမရှိပေ။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းလိုလျှင် စောင့်ထိန်းစေလော့။ ၎င်းတို့၏ ရည်ရွယ်ချက်များ မမှားယွင်းသရွေ့ အဆင်ပြေ၏။ ဥပမာအားဖြင့် တစ်ချိန်က ငါသည် “သင်တို့ ဆုတောင်းသောအခါ ရိုသေကိုင်းရှိုင်းရမည်။ ပေါ့ပေါ့ဆဆ မဆုတောင်းရ။ သင့်တော်သော ပတ်ဝန်းကျင်များတွင် ဒူးထောက်၍ ဆုတောင်းခြင်း၊ ဘုရားသခင်၏ ရှေ့တော်၌ ပျပ်ဝပ်၍ ဆုတောင်းခြင်းသည် အကောင်းဆုံးဖြစ်ပြီး ဆုတောင်းနေစဉ်အတွင်း သင်တို့သည် ဘုရားသခင်၏ ရှေ့တော်၌ မိမိကိုယ်ကို ငြိမ်သက်စေရမည်ဖြစ်ပြီး အာရုံစူးစိုက်သော စိတ်နှလုံးဖြင့် ဆုတောင်းရမည်။ ဤသည်မှာ ရိုသေကိုင်းရှိုင်းခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်း ဖြစ်၏”ဟု ပြောခဲ့သည်။ အစွမ်းအစ ညံ့ဖျင်းသူများသည် ဤစကားကို ကြားပြီးနောက် စည်းမျဉ်းစည်းကမ်းတစ်ခုတည်းကိုသာ မှတ်မိကြ၏။ “ရိုသေကိုင်းရှိုင်းခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြင့် ဆုတောင်းရန် လူတစ်ဦးသည် ဒူးထောက်ရမည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဆုတောင်းရန် ဒူးထောက်ရခြင်းကို သမ္မာတရား စည်းမျဉ်းတစ်ခုအဖြစ် သဘောထားပြီး ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယုံကြည်ကာ ထိုအတိုင်း လိုက်နာစောင့်ထိန်းကြ၏။ ထို့ကြောင့် ပတ်ဝန်းကျင် မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် မရမက ဒူးထောက်၍ ဆုတောင်းကြ၏။ အစာစားချိန်၌ ဆုတောင်းလိုသည့်အခါတွင်ပင် ၎င်းတို့သည် စားပွဲအောက်၌ ဒူးထောက်၍ ဆုတောင်းကြ၏။ လယ်ကွင်းများထဲ၌ အလုပ်လုပ်နေစဉ် မြေကြီးသည် မည်မျှ ညစ်ပတ်နေသည်ဖြစ်စေ၊ မြေဆီလွှာထဲ၌ အဘယ်အရာ ရှိနေနိုင်သည်ဖြစ်စေ ၎င်းတို့သည် ဒူးထောက်၍ ဆုတောင်းကြ၏။ ဘာသာတရား မရှိသူများကြားတွင် ရှိနေစဉ် ကပ်ဘေးများ သို့မဟုတ် အကြီးစား ဖြစ်ရပ်များနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းလိုလျှင် လျှို့ဝှက်သောနေရာတစ်ခုကို ရှာဖွေ၍ ဒူးထောက်ကာ ဆုတောင်းရ၏။ ဤသို့ ဆုတောင်းခြင်းကသာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်ဟု ၎င်းတို့ ယုံကြည်ကြသောကြောင့် အခြေအနေ မည်သို့ပင်ရှိစေကာမူ ၎င်းတို့သည် ဒူးထောက်၍ ဆုတောင်းရ၏။ ဤသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ထင်မှတ်ကြ၏။ ထို့ပြင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားတရား အကိုင်းရှိုင်းဆုံးသောသူများ၊ ဘုရားသခင်၏ လမ်းခရီးကို အနီးကပ်ဆုံး လိုက်လျှောက်သူများ၊ သမ္မာတရားကို အချစ်ဆုံးသူများနှင့် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံနိုင်ခြင်း အရှိဆုံးသော သူများအဖြစ် ရှုမြင်ကြ၏။ သင်မြင်သလော၊ ဤသည်တို့မှာ အစွမ်းအစ ညံ့ဖျင်းသူများ၏ သရုပ်သကန်များ ဖြစ်ကြ၏။ ဤကဲ့သို့သော လူစားမျိုးသည် သဘောပေါက်နားလည်နိုင်စွမ်းတွင် ညံ့ဖျင်းပြီး ပြဿနာရှိ၏။ ၎င်းတို့သည် စည်းမျဉ်းများကို ဝါကျတစ်ကြောင်း သို့မဟုတ် စည်းမျဉ်းစည်းကမ်းတစ်ခုအပေါ်၌ အစဉ်သဖြင့် တစ်သဝေမတိမ်း ပုံသေ သတ်မှတ်ထားကြ၏။ ၎င်းတို့သည် သမ္မာတရားကို နားလည်ရန် စကားလုံးများနှင့် အသိပညာကို နားလည်သည့် နည်းလမ်းကို အသုံးပြုကြပြီး စည်းမျဉ်းစည်းကမ်းများ၊ စကားလုံးများ၊ အဆိုအမိန့်များနှင့် လုပ်ရိုးလုပ်စဉ်များကို လိုက်နာစောင့်ထိန်းခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြသည်မှာလည်း ပြောစရာမလိုပေ။ သင်သည် သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်၍ မည်မျှပင် မိတ်သဟာယဖွဲ့စေကာမူ ယင်းတို့ကို ကြားပြီးနောက် ၎င်းတို့သည် ယင်းတို့ကို ဝါကျများ၊ စည်းမျဉ်းစည်းကမ်းများ၊ ပြုမူပုံနည်းလမ်းများ၊ သို့မဟုတ် ဆောင်ပုဒ်များအဖြစ်သာ ထင်မှတ်ကြ၏။ ၎င်းတို့အဖို့ ယင်းသည် စည်းမျဉ်းများကို လိုက်နာခြင်းမျှသာ ဖြစ်၏။ ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ဤမျှ ရိုးရှင်းသည်ဟုလည်းကောင်း၊ လုပ်နိုင်သောအရာနှင့် မလုပ်နိုင်သောအရာကို လိုက်နာစောင့်ထိန်းခြင်းမျှသာ ဖြစ်သည်ဟုလည်းကောင်း ရှုမြင်ကြပြီး ထိုမျှသာ ဖြစ်လေ၏။

အစွမ်းအစ ညံ့ဖျင်းသော လူများသည် လူများနှင့် အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းတို့တွင် အရာခပ်သိမ်းကို အကဲဖြတ်ပြီး ချဉ်းကပ်ရန် စည်းမျဉ်းစည်းကမ်းများကို အသုံးပြုကြသည်။ ပြင်ပပတ်ဝန်းကျင်နှင့် အနီးအနားရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ မည်သို့ပင် ပြောင်းလဲစေကာမူ ၎င်းတို့သည် ပြောင်းလဲခြင်းမရှိဘဲ စည်းမျဉ်းစည်းကမ်း တစ်ခုတည်းကိုသာ ဇွဲနဘဲနှင့် ပုံသေစောင့်ထိန်းကြသည်။ သင်က ၎င်းတို့သည် သမ္မာတရားကို မချစ်ကြကြောင်းနှင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြကြောင်း ပြောဆိုပါက ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် နစ်နာသည်ဟု ခံစားကြရသည်။ ၎င်းတို့က “ကျွန်ုပ်သည် များစွာ စွန့်လွှတ်ခဲ့ပြီးဖြစ်သည်၊ များစွာသော ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခဲ့ပြီးဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို လိုက်နာစောင့်ထိန်းခဲ့ပြီး ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို လက်တွေ့လုပ်ဆောင်ခဲ့ပြီးဖြစ်သည်၊ သို့ဖြစ်ပါလျက် အဘယ်ကြောင့် ကျွန်ုပ်သည် သမ္မာတရားကို မချစ်ကြောင်းနှင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြောင်း သင် ပြောရသနည်း။ အဘယ်ကြောင့် ကျွန်ုပ်သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းသည်ဟုပင် သင် ပြောရသနည်း။ ကျွန်ုပ် နစ်နာပါတကား” ဟု ပြောဆိုကြသည်။ ၎င်းတို့က ထိုသို့သော စကားများကို ပြောဆိုနိုင်သည်မှာ မည်သည့်ပြဿနာကို ညွှန်ပြသနည်း။ အစွမ်းအစ ညံ့ဖျင်းသော လူများ၏ အဓိက သရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ မည်သည့်နည်းလမ်းများဖြင့် ၎င်းတို့၏ အစွမ်းအစက ညံ့ဖျင်းနေသနည်း။ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း လုံးဝကင်းမဲ့နေသောကြောင့် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာကိုမဆို မည်မျှပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့အတွက်မူ နောက်ဆုံး၌ ယင်းမှာ စည်းမျဉ်းတစ်ခုမဟုတ်ဘဲ ပြုမူဆောင်ရွက်သည့် နည်းလမ်းတစ်ခု၊ စည်းကမ်းချက်တစ်ခု၊ စကားစုတစ်ခု သို့မဟုတ် လုပ်ရိုးလုပ်စဉ်တစ်ခု အဖြစ်သို့ ရောက်သွားသည်။ တစ်စုံတစ်ဦးက ၎င်းတို့၏ ထိုစည်းကမ်းချက်ကို ချိုးဖောက်သည့် ဝါကျတစ်ကြောင်းကို ပြောဆိုပါက သို့မဟုတ် ဝေါဟာရတစ်ခုကို အသုံးပြုပါက ၎င်းတို့အတွက်မူ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ ဒုက္ခများလှ၏။ သို့ဖြစ်၍ အစွမ်းအစ ညံ့ဖျင်းသော လူများသည် တစ်ဖက်တွင် မိမိတို့ကိုယ်တိုင် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ကြောင်း ဆုံးဖြတ်ရန် အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းများ၊ လုပ်ရိုးလုပ်စဉ်အမျိုးမျိုး၊ စကားလုံးသက်သက်များနှင့် ပြုမူဆောင်ရွက်ခြင်းပုံစံများကို အသုံးပြုကြသည်။ ထို့အပြင် အခြားသော ဒုက္ခများသည့် ကိစ္စတစ်ခု ရှိသေးသည်၊ ၎င်းတို့သည် မိမိတို့ မကြာခဏ ပြောဆိုလေ့ရှိသော အယူဝါဒများနှင့် မိမိတို့ မကြာခဏ လိုက်နာစောင့်ထိန်းလေ့ရှိသော စည်းမျဉ်းစည်းကမ်းများ၊ ပြုမူဆောင်ရွက်ခြင်း ပုံစံများကို အသုံးပြု၍ အခြားသူများကို အကဲဖြတ်ရန်နှင့် ဘုရားသခင်ကိုပင် အကဲဖြတ်ရန် ပြုလုပ်လေ့ရှိကြသည်။ အကဲဖြတ်ခြင်းအပြင် ၎င်းတို့သည် အခြားသူများနှင့် ဘုရားသခင်ကို မကြာခဏ ဝေဖန်ကဲ့ရဲ့လေ့ရှိကြသည့်အပြင် အခြားသူများနှင့် ဘုရားသခင်ကို ဘောင်ခတ်လေ့ရှိကြသည်။ ဥပမာအားဖြင့် တစ်ချိန်က “ငါသည် ယေဘုယျအားဖြင့် အအေးစာများကို မစားရဲပေ။ ယင်းတို့ကို စားပြီးနောက်တွင် ငါ၏ အစာအိမ်က မခံနိုင်ပေ၊ သို့ဖြစ်၍ ငါသည် ဤအစိမ်းများနှင့် အအေးစာများကို အခြေခံအားဖြင့် မစားပေ” ဟု ငါ ပြောခဲ့ဖူးသည်။ အစွမ်းအစ ညံ့ဖျင်းသော လူတစ်ဦးက ဤသည်ကို ကြားပြီး “ယခု ကိုယ်တော့်ကို ကျွန်ုပ် နားလည်ပါပြီ။ နောင်တွင် ကိုယ်တော့်အား အစိမ်းများနှင့် အအေးစာများ မပေးမိစေရန် ကျွန်ုပ် သတိထားရပါမည်။ မည်သည့်အခြေအနေမျိုးတွင် ဖြစ်ပါစေ ကိုယ်တော့်ကို အစိမ်းများနှင့် အအေးစာများ မည်သည့်အခါမျှ မကျွေးတော့ပါ” ဟု ပြောဆိုခဲ့သည်။ သို့သော် နွေခေါင်ခေါင်သို့ ရောက်ရှိပြီး ရာသီဥတု အလွန်ပူပြင်းကာ လယ်တောထဲရှိ စတော်ဘယ်ရီသီးများ မှည့်နေခဲ့ပြီး တစ်နေ့တွင် ငါသည် လယ်တောထဲ၌ စတော်ဘယ်ရီသီး နှစ်လုံး စားခဲ့သည်ကို မြင်သောအခါ သူ၌ အတွေးများ ရှိလာသည်၊ “ကိုယ်တော်သည် အစိမ်းများနှင့် အအေးစာများကို မည်သည့်အခါမျှ မစားဘူး မဟုတ်လော။ စတော်ဘယ်ရီသီးများက အေးသည် မဟုတ်လော။ အအေးစာများကို စားခြင်းက ကိုယ်တော်၏ အစာအိမ်ကို မအီမသာဖြစ်စေသည်ဟု ကိုယ်တော် ယခင်က ပြောခဲ့သည် မဟုတ်လော။ သို့ဆိုလျှင် အဘယ်ကြောင့် ကိုယ်တော်သည် ယနေ့ စတော်ဘယ်ရီသီးများကို စားနေရသနည်း။ ကိုယ်တော်သည် လိမ်ညာနေခြင်း မဟုတ်လော” ဟူ၍ ဖြစ်သည်။ သူသည် ဤသို့ သူ၏ စိတ်နှလုံးထဲတွင် စဉ်းစားခဲ့သည်၊ သူ အသံထွက် မပြောခဲ့ခြင်းသာ ဖြစ်သည်။ ငါ့ကို ပြောလော့၊ အမှုအရာများအပေါ် သူ၏ အမြင်သည် တိကျခဲ့သလော။ (မဟုတ်ပါ။) မည်သို့ မတိကျခဲ့သနည်း။ (သူသည် ဘုရားသခင် ပြောဆိုခဲ့သည့် ရှေ့နောက်စကား အဆက်အစပ်ကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ဘုရားသခင်၏ စကားတစ်ခွန်းကို အမှုအရာများကို အကဲဖြတ်ရန် စည်းမျဉ်းစည်းကမ်းတစ်ခုအဖြစ် မှတ်ယူခဲ့ပါသည်။) သူသည် ငါ၏ ဤစကားများက မည်သည့်အရာကို ရည်ညွှန်းသည်ကို မသိခဲ့ပေ။ ပုံမှန်အခြေအနေများအောက်တွင် အစိမ်းများနှင့် အအေးစာများကို စားခြင်းက ငါ၏ အစာအိမ်ကို မအီမသာဖြစ်စေသော်လည်း ခြွင်းချက်များ ရှိသည်။ ဥပမာအားဖြင့် ငါသည် ကာယအလုပ်တစ်ခုခု လုပ်ဆောင်ခဲ့ပြီး ငါ၏ ခန္ဓာကိုယ် ပူနွေးနေချိန်တွင် အပူချိန် ဒီဂရီသုံးဆယ်ခန့်အထိ ရောက်ရှိသော ပူပြင်းသည့် ရာသီဥတုနှင့် ပေါင်းစပ်ကာ ထိုအစိမ်းများနှင့် အအေးစာများက မအေးနေသောအခါ ထိုသို့သော အခြေအနေများတွင် ငါသည် အနည်းငယ် စားသုံးနိုင်သည်။ ငါ လုံးဝ မစားနိုင်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ငါက “မစားနိုင်” ဟု ပြောသောအခါ ငါသည် သာမန်အခြေအနေများကို ရည်ညွှန်းနေခြင်း ဖြစ်သည်၊ အလွန်ပူပြင်းသော နွေရာသီတွင် ငါသည် အနည်းငယ် စားရသည်ကို အဆင်ပြေပါသည်။ အစွမ်းအစ ညံ့ဖျင်းသော ထိုသူသည် ဤစကားများကို နားမလည်နိုင်ခဲ့ပေ။ သူသည် ယင်းတို့ကို ကြားသောအခါ စည်းမျဉ်းစည်းကမ်းတစ်ခု သို့မဟုတ် ပုံသေနည်းတစ်ခုအဖြစ် သဘောထားခဲ့သည်။ အထူးအခြေအနေများ ပေါ်ပေါက်လာသောအခါ သူသည် ယင်းတို့ကို ဤပုံသေနည်းနှင့် အံဝင်ခွင်ကျဖြစ်စေရန် ကြိုးစားနေခဲ့ဆဲ ဖြစ်သည်။ ယင်းတို့က မကိုက်ညီသည်ကို သူ မြင်သောအခါ သူ နားမလည်နိုင်တော့ပေ။ “ကိုယ်တော်သည် အစိမ်းများနှင့် အအေးစာများကို မစားနိုင်ဟု ပြောခဲ့သည် မဟုတ်လော။ ယခု အဘယ်ကြောင့် စားရသနည်း။ ကိုယ်တော်သည် လိမ်ညာနေခြင်း မဟုတ်လော” ဟူ၍ ဖြစ်သည်။ ငါ၏ စကားများကို သူ နားမလည်နိုင်ခြင်းနှင့်ပတ်သက်၍ သူ၏ ချို့ယွင်းချက်မှာ မည်သည့်နေရာတွင် ရှိသနည်း။ (သူ့တွင် သဘောပေါက်နားလည်နိုင်စွမ်း မရှိခဲ့ပါ။) သူ၏ ချို့ယွင်းချက်မှာ ပတ်ဝန်းကျင်၏ ပြောင်းလဲမှုများနှင့် အထူးအခြေအနေများအပေါ် အခြေခံ၍ ဤကိစ္စရပ်ကို ဝေဖန်သုံးသပ်ရန်နှင့် နားလည်သဘောပေါက်ရန် မစွမ်းဆောင်နိုင်ခြင်းတွင် တည်ရှိသည်။ လုံလောက်သော အစွမ်းအစရှိသည့် လူတစ်ဦးက ဤသည်ကို မြင်ပါက အလုပ်လုပ်ပြီးနောက် ငါ၏ ခန္ဓာကိုယ် ပူနွေးနေချိန်တွင် ပူပြင်းသော ရာသီဥတုနှင့် ဤအသီးများက သိပ်မအေးသည့်အချက်တို့နှင့် ပေါင်းစပ်ကာ အနည်းငယ် စားသုံးခြင်းသည် ငါ့အတွက် ပြဿနာမဟုတ်ကြောင်းနှင့် ဤသည်မှာ အလွန် ပုံမှန်ဖြစ်ကြောင်းကို ၎င်းတို့ သိကြလိမ့်မည်။ ၎င်းတို့သည် ဤကိစ္စရပ်ကို နားလည်နိုင်ပြီး သဘောပေါက်နိုင်သည်။ သို့သော် အစွမ်းအစ ညံ့ဖျင်းသော လူတစ်ဦးမှာမူ ယင်းကို သဘောမပေါက်နိုင်ပေ၊ ၎င်းတို့သည် ဤအချက်တွင် တစ်နေကြပြီး မိမိတို့၏ စိတ်နှလုံးထဲတွင် အယူအဆများ ဖြစ်ပေါ်လာကြသည်။ အယူအဆများ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အကျိုးဆက်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းက ၎င်းတို့ကို ဝေဖန်ကဲ့ရဲ့ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းဆီသို့ အလွယ်တကူ ဦးတည်စေသည်။ ဤသည်မှာ မှန်ကန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မှန်ပေသည်၊ ဤသေးငယ်သော ကိစ္စရပ်မှာ ကြီးမားသော ပြဿနာတစ်ခု မဟုတ်သော်လည်း ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ယင်းကို လက်မလွှတ်နိုင်ကြပေ၊ “ဤသည်မှာ လိမ်ညာခြင်း မဟုတ်လော။ သို့ဆိုလျှင် ကိုယ်တော်သည်လည်း လိမ်ညာပါတကား” ဟူ၍ ဖြစ်သည်။ သင် မြင်သလော၊ ၎င်းတို့သည် ဤမျှ သေးငယ်သော ကိစ္စရပ်အပေါ်၌ပင် ဘောင်ခတ်၍ ဝေဖန်သုံးသပ်ရာတွင် လျင်မြန်ကြသည်။ ထို့ပြင် ကြီးမားသော ပြဿနာများကို မထိတွေ့ရသေးမီကပင် ၎င်းတို့၏ အယူအဆများက ဖြစ်ပေါ်နှင့်ပြီး ဖြစ်နေသည်။ အစွမ်းအစ ညံ့ဖျင်းသော လူများသည် ထိုသို့သော သေးငယ်သည့် ကိစ္စရပ်များကိုပင် ထိုးထွင်းမမြင်နိုင်ကြသည့်အပြင် မည်သည့်ပိုင်းခြားသိမြင်မှုမျှ လုံးဝမရှိကြပေ။ ၎င်းတို့သည် မည်သည့်ပြဿနာကို ရှုမြင်နေသည်ဖြစ်စေ စည်းမျဉ်းစည်းကမ်းများကို တစ်သဝေမတိမ်း အသုံးချကြသည်။ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းနိုင်သူများသာ သမ္မာတရားရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များသည် မည်သို့ပင် သမ္မာတရား၏ စည်းမျဉ်းများနှင့် ကိုက်ညီနေစေကာမူ ထိုသို့သော လူများ၏ အယူအဆများ၊ စိတ်ကူးများနှင့် ဆန့်ကျင်နေသရွေ့၊ ၎င်းတို့ အသိအမှတ်ပြုထားသော စည်းမျဉ်းစည်းကမ်းများနှင့် ပဋိပက္ခဖြစ်နေသရွေ့ ၎င်းတို့သည် သင့်ကို မိမိတို့၏ စိတ်နှလုံးထဲတွင် ဝေဖန်သုံးသပ်ပြီး ပြစ်တင်ရှုတ်ချကြလိမ့်မည်။ ၎င်းတို့ အသံထွက် မပြောဆိုလျှင်ပင် သင့်အပေါ် အယူအဆများ သို့မဟုတ် အာဃာတများ ဖြစ်ပေါ်လာကြလိမ့်မည်။ ဤအစွမ်းအစ ညံ့ဖျင်းသော လူများသည် မည်မျှပင် တရားဒေသနာများကို ကြားရသည်ဖြစ်စေ သို့မဟုတ် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာများကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ အရာခပ်သိမ်းကို ပြောဆိုချက်တစ်ခုတည်း၊ ပြုမူဆောင်ရွက်ခြင်းပုံစံတစ်ခုတည်း သို့မဟုတ် စည်းမျဉ်းစည်းကမ်းတစ်ခုတည်းအဖြစ်သို့ အစဉ်သဖြင့် လျှော့ချကြပြီး ၎င်းတို့သည် ဤပြောဆိုချက်များ၊ ပြုမူဆောင်ရွက်ခြင်းပုံစံများနှင့် စည်းမျဉ်းစည်းကမ်းများကို အလွန် စိတ်အားထက်သန်စွာဖြင့် ပုံသေစောင့်ထိန်းကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူများ ဖြစ်သည်ဟုပင်၊ သမ္မာတရားကို အမှန်တကယ် ကျိုးနွံနာခံပြီး ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့သည်ဟုပင် ယုံကြည်ကြသည်။ ၎င်းတို့သည် တစ်ခါတစ်ရံ မိမိတို့ကိုယ်ကို မျက်ရည်ကျသည်အထိပင် စိတ်လှုပ်ရှားစေလျက် ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သည်ဟုလည်းကောင်း၊ လောကတွင် ၎င်းတို့ထက် ဘုရားသခင်ကို ပို၍ချစ်သောသူ မည်သူမျှမရှိဟုလည်းကောင်း တွေးထင်ကြသည်။ လက်တွေ့တွင်မူ ၎င်းတို့ ပုံသေစောင့်ထိန်းသည့်အရာမှာ စည်းမျဉ်းစည်းကမ်း တစ်ခုတည်း သို့မဟုတ် ပြုမူဆောင်ရွက်ခြင်း ပုံစံတစ်ခုတည်းမျှသာ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ လက်တွေ့လုပ်ဆောင်မှုကို ဤနည်းလမ်းဖြင့် လုပ်ဆောင်ကြပြီး ပြောင်းလဲခြင်းမရှိဘဲ ယင်း၌ ဇွဲဖြင့် လုပ်ဆောင်နိုင်ကြကာ မိမိတို့သည် သမ္မာတရားကို ရရှိပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းကို ခံရပြီးဖြစ်ကြောင်း ယုံကြည်ကြသည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ ဒုက္ခများသည် မဟုတ်လော။ (ဟုတ်ပါသည်။)

သင်တို့သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းသော လူများ၏ ဥပမာများကို မကြာခဏ မြင်တွေ့ရသလော။ (မြင်တွေ့ရပါသည်။) ဥပမာအားဖြင့် သင်က ထမင်းချက်အား ရာသီဥတု ပိုပူလာနေသောကြောင့် နေ့စဉ် အအေးခံဆေးဖက်ဝင် ရေနွေးကြမ်းအချို့ ပြင်ဆင်သင့်ကြောင်း သို့မဟုတ် အအေးဖျော်ရည်အချို့ ပြုလုပ်သင့်ကြောင်းနှင့် လူတို့၏ အစာစားချင်စိတ်ကို လှုံ့ဆော်ရန် အစားအစာများ ပြင်ဆင်သောအခါ အနောက်တိုင်းသားများက အသုပ်ဟု ရည်ညွှန်းသည့်အရာဖြစ်သည့် အအေးစာ ဟင်းလျာအချို့ကို တည်ခင်းသင့်ကြောင်း ပြောဆိုသည်။ အစွမ်းအစ ညံ့ဖျင်းသော လူတစ်ဦးက ဤသည်ကို အလွတ်ကျက်မှတ်ထားသည်၊ ရာသီဥတု အလွန်ပူသောအခါ လူတို့သည် အအေးစာဟင်းလျာများ စားသုံးသင့်ပြီး အအေးဖျော်ရည်များ သောက်သုံးသင့်သည်ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဤသည်ကို ကောင်းစွာ မှတ်မိပြီး လုံ့လဝီရိယဖြင့် လိုက်နာစောင့်ထိန်းသည်။ သို့ရာတွင် တစ်နေ့တွင် အပူချိန် ကျဆင်းသောအခါ ၎င်းတို့သည် အေးသည်ဖြစ်စေ၊ မအေးသည်ဖြစ်စေ လျစ်လျူရှုပြီး “ယခု နွေရာသီဖြစ်သောကြောင့် ကျွန်ုပ်သည် အအေးစာများနှင့် အအေးဖျော်ရည်များကို ပြုလုပ်ရပေမည်။ သင်တို့ အပြည့်အဝ သုံးဆောင်၍ လုံးဝ အေးမြသွားစေရန် ကျွန်ုပ်သည် ယင်းတို့ကို နေ့စဉ် ပြုလုပ်ပေးမည်။ အပူချိန် ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ကျွန်ုပ် ဂရုမစိုက်ပေ” ဟု တွေးထင်သည်။ ၎င်းတို့သည် အအေးစာဟင်းလျာများ ပြုလုပ်သည်သာမက ခေါက်ဆွဲအတွက်ပင် ရေအေးဖြင့် ဆေးကြောပြီးနောက် အစားအစာစားပြီးနောက် အအေးဖျော်ရည်များ တည်ခင်းကာ ရေခဲတုံးအနည်းငယ်ပင် ထည့်လိုက်သေးသည်။ အချို့လူများက ဤသည်ကို မြင်သောအခါ “ယနေ့ အလွန် ချမ်းအေးလှ၏။ သင်သည် အဘယ်သို့လျှင် အအေးစာဟင်းလျာများကို ပြုလုပ်နေနိုင်သေးသနည်း။ ထို့ပြင် အအေးဖျော်ရည်များထဲသို့ ရေခဲတုံးများပင် ထည့်ထားသေး၏။ သင်သည် ကျွန်ုပ်တို့ကို အေးခဲသွားစေရန် ကြိုးစားနေသလော” ဟု ပြောဆိုကြသည်။ ထမင်းချက်သူက နာကျင်စွာ ခံစားရပြီး “ကျွန်ုပ်သည် ထိုမျှပင် မလိုမုန်းထားသလော။ နွေရာသီသည် အလွန် ပူပြင်းလှ၏။ ကျွန်ုပ်သည် လူတိုင်း အေးမြသွားစေရန်နှင့် အနည်းငယ် ပို၍ စားသုံးနိုင်ရန် ကူညီပေးနေခြင်းသာ မဟုတ်လော။ ဤသည်မှာ စည်းမျဉ်းများကို လိုက်နာခြင်းနှင့် လူတိုင်းကို အလေးထားခြင်းပင် မဟုတ်လော။ ကျွန်ုပ်သည် အဘယ်မှာ မှားယွင်းနေသနည်း။ ယခု သင်တို့က ကျွန်ုပ်သည် သင်တို့ကို အေးခဲသွားစေရန် ကြိုးစားနေသည်ဟု ဆိုကြပြန်ရာ ကျွန်ုပ်သည် အမှန်တကယ်ကို အကျင့်သီလ ကင်းမဲ့နေသလော။ ကျွန်ုပ်၏ လူ့သဘာဝသည် အမှန်တကယ်ကို ညံ့ဖျင်းနေသလော။ သင်တို့အားလုံးသည် ကျွန်ုပ်အပေါ် အလွန်အမင်း အလေးထားမှု ကင်းမဲ့လှပေ၏” ဟု ပြောဆိုသည်။ ထိုနည်းဖြင့် အစားအစာ ပြုလုပ်ခြင်းအားဖြင့် ၎င်းတို့သည် စည်းမျဉ်းများကို လိုက်နာနေခြင်းလော။ ဤနေရာရှိ စည်းမျဉ်းမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ ရာသီဥတုနှင့် အပူချိန်အရ အစားအသောက်ကို ချိန်ညှိရန် ဖြစ်သည်။ နွေရာသီတွင် ရာသီဥတု ပူသောအခါ လူတို့၏ အစာစားချင်စိတ်ကို လှုံ့ဆော်နိုင်သော အတော်အသင့် အေးသည့် အစားအစာများ သို့မဟုတ် ဖျော်ရည်များကို သုံးဆောင်ခြင်းသည် စည်းမျဉ်းတစ်ခု မဟုတ်လော။ ယင်းမှာ စည်းမျဉ်းတစ်ခု ဖြစ်သည်။ သို့သော် ယခု အပူချိန် ရုတ်တရက် ကျဆင်းသွားသောအခါ ဤစည်းမျဉ်းကို မည်သို့ အသုံးချသင့်သနည်း။ (အပူချိန် ရုတ်တရက် ကျဆင်းသွားသောအခါ ထမင်းချက်သည် ယခင်က အကြံပြုထားသကဲ့သို့ အအေးစာဟင်းလျာများ သို့မဟုတ် အသုပ်များ ပြင်ဆင်ခြင်းကို ဆက်လုပ်နေ၍ မရတော့ဘဲ ရာသီဥတုအရ ချိန်ညှိရမည်ဖြစ်ပြီး ပူပူနွေးနွေး အစားအသောက်များကိုသာ ပြုလုပ်ရမည်ဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်း၍ မရနိုင်ပါ။) မှန်ပေသည်။ နွေရာသီတွင် ရာသီဥတု ရံဖန်ရံခါ အေးသွားသောအခါ သင်သည် နွေရာသီတွင် အအေးစာဟင်းလျာများနှင့် အအေးဖျော်ရည်များ ဆက်ပြုလုပ်နေ၍ မရနိုင်ပေ၊ သင်သည် ဤစည်းမျဉ်းစည်းကမ်းကို ပုံသေစောင့်ထိန်း၍ မရနိုင်ပေ။ အပူချိန် ရုတ်တရက် ကျဆင်းသွားသောအခါ လူတို့ စားသုံးသည့် အစားအသောက်သည်လည်း ချက်ချင်း ပြောင်းလဲရမည်ဖြစ်သည်။ အအေးစာဟင်းလျာများနှင့် အအေးဖျော်ရည်များကို ဆက်လက် မပြုလုပ်သင့်တော့ဘဲ ရေခဲတုံးများကိုလည်း လုံးဝ မထည့်သင့်တော့ပေ။ ထိုအစား သင်သည် ပူပူနွေးနွေး ဟင်းလျာများကို ချက်ပြုတ်သင့်သည်၊ ပူပူနွေးနွေး ခေါက်ဆွဲအချို့ ပြုလုပ်သင့်သည်၊ အပူချိန်နှင့် ရာသီဥတုအရ အစားအသောက်ကို ချိန်ညှိရမည်ဖြစ်သည်။ ဤသည်မှာ စည်းမျဉ်း ဖြစ်သည်။ သို့သော် အစွမ်းအစ ညံ့ဖျင်းသော လူမှာမူ နွေရာသီဖြစ်နေသရွေ့ အပူချိန် သို့မဟုတ် ရာသီဥတု အခြေအနေများကို မည်သို့ပင်ဖြစ်စေ ထည့်မစဉ်းစားဘဲ အအေးဖျော်ရည်များနှင့် အအေးစာဟင်းလျာများ ပြုလုပ်ခြင်းကို စွဲကိုင်ထားသည်၊ ဤနေရာရှိ ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ (စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း ဖြစ်ပါသည်။) ဤသည်မှာ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း ဖြစ်ပြီး အခြေအနေများအရ စည်းမျဉ်းများကို အလိုက်သင့် အသုံးမချနိုင်ခြင်း ဖြစ်သည်။ ဤသည်တို့မှာ အမှုအရာများကို လုပ်ဆောင်ပုံနှင့်ပတ်သက်၍ အစွမ်းအစ ညံ့ဖျင်းသော လူများ၏ သရုပ်သကန်များ ဖြစ်သည်၊ ၎င်းတို့သည် ပြောဆိုချက်တစ်ခုကို မှတ်ထားပြီး ယင်းကို ပုံသေစောင့်ထိန်းရန် စည်းမျဉ်းစည်းကမ်းတစ်ခုအဖြစ် သဘောထားကြကာ ပတ်ဝန်းကျင်၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ မည်သို့ပင် ပြောင်းလဲစေကာမူ ကိစ္စရပ်များကို ကိုင်တွယ်ရန် စည်းမျဉ်းများကို အလိုက်သင့် အသုံးမချနိုင်ကြပေ။ အမှန်တကယ်တွင် အစားအသောက်နှင့်ပတ်သက်၍ စည်းမျဉ်းများ ချမှတ်ခြင်းဖြင့် ရရှိရမည့် ရလဒ်မှာ လူတို့သည် မိမိတို့၏ ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်စေသည့် နည်းလမ်းဖြင့် စားသုံးကြရန် သေချာစေဖို့ ဖြစ်သည်။ ထိုသို့သော စည်းမျဉ်းများသည် စည်းမျဉ်းစည်းကမ်းများ လုံးဝမဟုတ်ပေ။ သို့ရာတွင် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းသူများမှာမူ အပူချိန် သို့မဟုတ် ရာသီဥတုကို ထည့်မစဉ်းစားဘဲ သင် စားသုံးရသည်မှာ သက်သောင့်သက်သာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဂရုမစိုက်ဘဲ နွေရာသီဖြစ်နေသရွေ့ အအေးစာဟင်းလျာများနှင့် အအေးဖျော်ရည်များ ပြုလုပ်ခြင်းကို စွဲကိုင်ထားကြသည်၊ ဤသည်ကို စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းဟု ခေါ်သည်။ စည်းမျဉ်းများအရ လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ လုပ်ဆောင်သမျှ အရာအားလုံးသည် ထိုနောက်ဆုံးသော ကောင်းမွန်သည့် ရလဒ်ကို ရရှိရန် အဓိကထား လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ သို့ရာတွင် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းမှာမူ ရလဒ်ကို လျစ်လျူရှုပြီး လုပ်ရိုးလုပ်စဉ်များနှင့် ပြုမူဆောင်ရွက်ခြင်းပုံစံများကိုသာ အဓိကထားသည်။ ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းသော လူများက ပြဿနာများကို ကိုင်တွယ်ပုံ အတိအကျ ဖြစ်သည်၊ မည်သည့်အမှုအရာများ ပေါ်ပေါက်လာသည်ဖြစ်စေ ၎င်းတို့သည် ယင်းတို့ကို ကိုင်တွယ်ရန် ဤချဉ်းကပ်နည်းတစ်ခုတည်းကိုသာ အသုံးပြုကြသည်။

အစွမ်းအစ ညံ့ဖျင်းသော လူများသည် မိမိတို့ ကြုံတွေ့ရသည့် မည်သည့်အရာကိုမျှ ထိုးထွင်းမမြင်နိုင်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ သို့မဟုတ် တရားဒေသနာများကို နားထောင်သည့်အခါတွင်ပင် ၎င်းတို့၏ သဘောပေါက်နားလည်ခြင်းသည် လွဲချော်မှုအချို့ ပါဝင်ပြီး သွေဖည်မှုများလည်း မလွဲမသွေ ပါဝင်သည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများနှင့် လုံးဝကွဲပြားခြားနားသော စည်းမျဉ်းစည်းကမ်းတစ်ခု၊ ပြုမူဆောင်ရွက်ခြင်း လုပ်ရိုးလုပ်စဉ်တစ်ခု သို့မဟုတ် ဓလေ့ထုံးတမ်းတစ်ခုကို ပုံသေစောင့်ထိန်းကြသဖြင့် များစွာသော လွဲချော်သည့်အရာများ ပေါ်ပေါက်လာသည်။ မည်သည့်ကိစ္စရပ်နှင့်ပတ်သက်၍မဆို အစွမ်းအစ ညံ့ဖျင်းသော လူများ၏ သဘောပေါက်နားလည်နိုင်စွမ်းသည် အတော်အတန် လွဲချော်သော သဘောသဘာဝတစ်ခုကို အစဉ်သဖြင့် ဆောင်သည်ဟု ဆိုနိုင်သည်။ ရိုးရှင်းပြီး လွယ်ကူစွာ စီမံခန့်ခွဲနိုင်သော အမှုအရာများတွင် ၎င်းတို့သည် လွဲချော်မှုမပြဘဲ နာခံမှုနှင့် ကျိုးနွံနာခံနိုင်သော်လည်း စည်းမျဉ်းအခြေပြု ကိစ္စရပ်များ သို့မဟုတ် အတော်အတန် ရှုပ်ထွေးသော ပြဿနာများနှင့် ပတ်သက်လာသောအခါ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို သဘောမပေါက်နိုင်ဘဲ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းရန်သာ သိကြသည်။ သင် နားလည်သလော။ (နားလည်ပါသည်။) အစွမ်းအစ ညံ့ဖျင်းသော လူများသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း လုံးဝကင်းမဲ့ပြီး စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းရန်သာ သိကြသည်။ ထိုသို့သော လူများသည်လည်း အတော်အတန် ဒုက္ခပေးသည်။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းရာတွင် အလွန် စိတ်အားထက်သန်ပြီး စိတ်ပိုင်းဖြတ်ထားကြသည်။ သင်က ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး “သင် လုပ်ဆောင်နေသည့်အရာမှာ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းနေခြင်း ဖြစ်ပြီး သမ္မာတရား စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းနေခြင်း မဟုတ်ပေ” ဟု ပြောဆိုပါက ၎င်းတို့ လက်မခံနိုင်ကြပေ။ ၎င်းတို့က “ကျွန်ုပ်သည် စည်းမျဉ်းများကို မြဲမြံစွာ စောင့်ထိန်းနေပြီး အခြားသူများနှင့် အပေးအယူ မလုပ်နိုင်ပါတကား။ အခြားသူများက စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း မရှိသဖြင့် ပြစ်တင်ရှုတ်ချခြင်း ခံရသော်လည်း ကျွန်ုပ်က လိုက်နာစောင့်ထိန်းသောအခါ ကျွန်ုပ်လည်း ပြစ်တင်ရှုတ်ချခြင်းခံရသည်။ ဤသည်မှာ တရားမျှတမှုမရှိပါတကား” ဟု ခံစားကြရသည်။ ၎င်းတို့ မည်မျှ ခေါင်းမာသည်ကို ကြည့်လော့၊ သင်သည် ၎င်းတို့ကို ဖျောင်းဖျ၍မရနိုင်ပေ။ သင်တို့သည် ထိုသို့သော လူများကို ကြုံတွေ့ဖူးသလော။ (တွေ့ကြုံဖူးပါသည်။) ဥပမာအားဖြင့် ငါက အချို့လူများကို “သင်သည် အကသင်ယူလိုပါက အလုပ်မများသောအခါ လေ့ကျင့်ရန် နေ့စဉ် နှစ်နာရီ အချိန်ပေးနိုင်သည်။ သင်သည် အချိန်ကာလတစ်ခုအထိ ဇွဲရှိပါက သင်ယူတတ်မြောက်သွားလိမ့်မည်” ဟု ပြောဆိုသည်။ ၎င်းတို့သည် “နေ့စဉ် နှစ်နာရီ လေ့ကျင့်ရန် ဇွဲရှိပါ” ဟူသော စကားစုကို မှတ်သားထားပြီး ထိုသို့ပြုလုပ်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများကို စောင့်ထိန်းခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ နောက်ပိုင်းတွင် ၎င်းတို့ လုပ်ဆောင်နေသော တာဝန် မည်မျှပင် အလုပ်များနေစေကာမူ ၎င်းတို့သည် နေ့စဉ် နှစ်နာရီ အကလေ့ကျင့်ရန် ဇွဲရှိနေဆဲဖြစ်သည်။ အသင်းတော်အလုပ်သည် နံနက်မှ ညနေအထိ အလွန်အလုပ်များပြီး ၎င်းတို့တွင် တစ်နေ့တာအတွင်း အပိုနှစ်နာရီ အခြေခံအားဖြင့် မရှိသော အချိန်ကာလတစ်ခုအတွင်းတွင် ၎င်းတို့သည် နှစ်နာရီ မရမက အကလေ့ကျင့်နေဆဲဖြစ်သည်။ အခြားသူများက ဤသည်မှာ အသင်းတော်အလုပ်ကို နှောင့်နှေးစေနိုင်ကြောင်း သတိပေးသောအခါ ၎င်းတို့သည် နားထောင်ရန် ငြင်းပယ်ပြီး “ဘုရားသခင်က ကျွန်ုပ်ကို နေ့စဉ် နှစ်နာရီ အကလေ့ကျင့်ရန် ညွှန်ကြားခဲ့သည်။ ကျွန်ုပ် ဤသည်ကို လုပ်ဆောင်ရမည်။ ကျွန်ုပ် ဤသည်ကို မလုပ်ဆောင်ပါက ကျွန်ုပ်သည် မနာခံသူဖြစ်ပြီး ကျိုးနွံနာခံမှုမရှိဟု ဆိုလိုသည်” ဟု ပြောဆိုကြသည်။ သင်က ၎င်းတို့ကို မလုပ်ဆောင်ရန် ပြောဆိုပါက ၎င်းတို့သည် မလိုလားကြပေ။ ၎င်းတို့သည် အလုပ်၏ လိုအပ်ချက်များ သို့မဟုတ် ပတ်ဝန်းကျင်၏ လိုအပ်ချက်များအပေါ် အခြေခံ၍ အမှုအရာများကို အလိုက်သင့် ကိုင်တွယ်ရန် သို့မဟုတ် ငါ၏ စကားများကို အလိုက်သင့် အသုံးချရန် မစွမ်းဆောင်နိုင်ကြပေ။ ၎င်းတို့သည် အဘယ်ကြောင့် နှစ်နာရီ လေ့ကျင့်သင့်သည်ကိုဖြစ်စေ၊ နှစ်နာရီ လေ့ကျင့်ခြင်း၏ အရေးပါမှုမှာ အဘယ်အရာ ဖြစ်သည်ကိုဖြစ်စေ၊ ယင်းက မည်သည့်ရလဒ်ကို ရရှိရန် ရည်ရွယ်သည်ကိုဖြစ်စေ နားမလည်ကြပေ။ ၎င်းတို့သည် ဤအရာများကို နားမလည်ဘဲ မရှင်းလင်းကြပေ။ ၎င်းတို့အတွက်မူ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ ပြောဆိုချက်တစ်ခုတည်း၊ စည်းမျဉ်းစည်းကမ်းတစ်ခု သို့မဟုတ် လုပ်ရိုးလုပ်စဉ်တစ်ခုကို ပုံသေစောင့်ထိန်းခြင်းကိုသာ ဆိုလိုသည်၊ ၎င်းတို့၏ အမြင်တွင်မူ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ မည်သည့်ရလဒ် ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ သို့မဟုတ် ရလဒ်က မည်သို့ပင်ဖြစ်စေ နွားဆယ်ကောင်နှင့်ဆွဲလျှင်ပင် နောက်သို့မလှည့်ဘဲ တစ်လမ်းတည်းကိုသာ ခေါင်းမာစွာ ဆက်သွားကြသည်။ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် သွေဖည်နေလျှင်ပင် ၎င်းတို့သည် ထိုနည်းအတိုင်း အဆက်မပြတ် လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့သည် ယုတ္တိမရှိဟု ပြောဆိုခြင်း ခံရသောအခါတွင်ပင် ယင်းကို မရမက လုပ်ဆောင်ဆဲဖြစ်သည်။ ထိုသို့သော လူများသည် အလွန် ဒုက္ခပေးလှသည် မဟုတ်လော။ မည်သူက ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သည်ဖြစ်စေ အလုပ်မဖြစ်ပေ။ သင်က အမှုအရာများကို ပင်ပင်ပန်းပန်း အသေအချာ ရှင်းပြပြီးနောက်တွင် ၎င်းတို့သည် ယနေ့ ဤကိစ္စရပ်ကို နားလည်ကောင်း နားလည်နိုင်သော်လည်း မနက်ဖြန်တွင် အခြားကိစ္စရပ်တစ်ခု၌ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းကြလိမ့်မည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကို အဆုံးမရှိ ပုံသေစောင့်ထိန်းနေကာ သင်သည် ၎င်းတို့ကို အဆက်မပြတ် ပြုပြင်ပေးနေရမည်ဖြစ်သည်။ ၎င်းတို့သည် ဘယ်ဘက်သို့ သို့မဟုတ် ညာဘက်သို့ ယိမ်းယိုင်နေကြပြီး ဤသို့သော ကိစ္စရပ်မျိုးတွင် သို့မဟုတ် ထိုသို့သော ကိစ္စရပ်မျိုးတွင် သွေဖည်နေကြသည်၊ ၎င်းတို့သည် အဆုံးမရှိ အဆက်မပြတ် သွေဖည်နေကြသည်။ ၎င်းတို့ကို ကြည့်နေရသည်မှာ သင့်ကို ပူပန်ကြောင့်ကြစေသော်လည်း သင် မည်သို့ပင် ကြိုးစားစေကာမူ ၎င်းတို့ကို မပြုပြင်နိုင်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့၏ အစွမ်းအစသည် အလွန် ညံ့ဖျင်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် အပျက်သဘောဆောင်သော အရာများ၊ အမှန်နှင့်အမှား၊ မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်း၊ သမ္မာတရားနှင့် စည်းမျဉ်းစည်းကမ်းများကို မည်သည့်အခါမျှ မခွဲခြားနိုင်ကြပေ။ ၎င်းတို့တွင် ဤကိစ္စရပ်များကို ပိုင်းခြားသတ်မှတ်ရန် စံနှုန်းမရှိ၊ ယင်းတို့ကို ပိုင်းခြားသတ်မှတ်နိုင်စွမ်းမရှိဘဲ ပိုင်းခြားသတ်မှတ်၍ လုံးဝမရနိုင်ပေ။ သို့ဖြစ်၍ အစွမ်းအစ ညံ့ဖျင်းသော လူများသည် နေ့စဉ် ပုံမှန်အချိန်ဇယားအတိုင်း လိုက်နာခြင်း၊ အချိန်တစ်ခုတွင် အရာတစ်ခုကို လုပ်ဆောင်ပြီး အခြားသတ်မှတ်ထားသော အချိန်တစ်ခုတွင် အခြားအရာတစ်ခုကို လုပ်ဆောင်ခြင်းကဲ့သို့သော စည်းမျဉ်းစည်းကမ်းအခြေပြု အလုပ်နှင့် လက်တိုလက်တောင်း အလုပ်များ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများ မပါဝင်သော ကဏ္ဍတစ်ခုကိုသာ လုပ်ဆောင်နိုင်ကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် အချိန်ဇယား၊ လုပ်ရိုးလုပ်စဉ်များနှင့် လုပ်ဆောင်ပုံနည်းလမ်း တစ်ခုကို စွဲကိုင်ခြင်းက အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် လုံလောက်သော ထိုရိုးရှင်းသည့် တာဝန်များကိုသာ ကိုင်တွယ်နိုင်ကြသည်။ သို့သော် ၎င်းတို့သည် အနည်းငယ် ပိုရှုပ်ထွေးသော အလုပ်ကို မကိုင်တွယ်နိုင်ကြပေ။ ၎င်းတို့အား သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူရန်နှင့် အချို့သော ရလဒ်များကို ရရှိရန် လိုအပ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဤသည်ကို မပြီးမြောက်နိုင်ကြပေ။ သင်က ၎င်းတို့အား သမ္မာတရား စည်းမျဉ်းများကို အလိုက်သင့် အသုံးချရန်၊ အမျိုးမျိုးသော ပြဿနာများကို သင့်လျော်သလို ကိုင်တွယ်ရန်နှင့် ပတ်ဝန်းကျင်အရ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရန် လိုအပ်သော အလုပ်တစ်ခုကို တာဝန်ပေးပါက ၎င်းတို့သည် မရှင်းမလင်းဖြစ်သွားပြီး ယင်းကို မပြီးမြောက်နိုင်ကြပေ။ ၎င်းတို့တွင် ကူညီရန်နှင့် ညွှန်ကြားရန် တစ်စုံတစ်ဦး ရှိရမည်ဖြစ်သည်၊ သင်သည် ၎င်းတို့အား အမှီအခိုကင်းကင်းဖြင့် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်မည်ဟု မျှော်လင့်၍မရနိုင်ပေ။ ထိုသို့သော လူများကို မည်သို့ ဆက်ဆံသင့်သနည်း။ ၎င်းတို့သည် နေ့စဉ် ပုံမှန်အတိုင်း မိမိတို့၏ တာဝန်ကို ဇွဲဖြင့် ထမ်းဆောင်နိုင်သော်လည်း မမျှော်လင့်ထားသော အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ မည်သို့ တုံ့ပြန်ရမည်ကို မသိကြဘဲ မိမိတို့၏ တာဝန်ကို ရပ်တန့်လိုက်သည်အထိပင် ဖြစ်နိုင်သည်။ ထိုသို့သော လူများအတွက် ၎င်းတို့၏ အလုပ်ကို မကြာခဏ စုံစမ်းမေးမြန်းပြီး စစ်ဆေးရန် လိုအပ်သည်၊ “ဤအချိန်ကာလအတွင်း အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများ တစ်စုံတစ်ရာ ရှိခဲ့သလော။ သင် မည်သို့ ကိုင်တွယ်ရမည်ကို မသိခဲ့သော ရှုပ်ထွေးသည့် ပြဿနာများ တစ်စုံတစ်ရာ ရှိခဲ့သလော” ဟု မေးမြန်းရမည်ဖြစ်သည်။ စဉ်းစားပြီးနောက်တွင် ၎င်းတို့က “ဤအချိန်ကာလအတွင်း အရာအားလုံး ကောင်းမွန်ခဲ့ပါသည်။ လူတိုင်းက မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကြပြီး ပုံမှန် စုဝေးကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်ကြသည်။ မည်သူမျှ အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုခဲ့ပါ၊ တစ်စုံတစ်ဦးက အခြားသူများကို အထင်အမြင်မှားစေရန် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အယူအဆများ ဖြန့်ဝေနေသည်ဟုလည်း ကျွန်ုပ် မကြားမိပါ” ဟု ပြောဆိုကြသည်။ ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ မဖော်ထုတ်နိုင်ဘဲ မည်သည့်အရာကို အစီရင်ခံရမည်ကို မသိကြသည့်အပြင် မေးခွန်းများပင် မမေးနိုင်ကြပေ။ သို့ဖြစ်၍ သင်သည် ၎င်းတို့အား လက်တွေ့ဘဝတွင် သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ပေါ်ပေါက်လာသော ပြဿနာများကို ကိုယ်တိုင် ကိုင်တွယ်ရန် သို့မဟုတ် ဖြေရှင်းရန် မမျှော်လင့်နိုင်ပေ။ တစ်စုံတစ်ခုကို မည်သို့ ကိုင်တွယ်ရမည်ကို မသိသောအခါ ၎င်းတို့၏ အထက်ဦးဆောင်သူများထံ လမ်းညွှန်မှုတောင်းခံရန် သို့မဟုတ် ၎င်းတို့အား မေးခွန်းများ မေးရန်ကိုလည်း သင် မမျှော်လင့်နိုင်ပေ။ ၎င်းတို့၏ အစွမ်းအစ မလုံလောက်သောကြောင့် ဤအရာတစ်ခုတလေကိုမျှ ၎င်းတို့ မပြီးမြောက်နိုင်ကြပေ။ ထိုသို့သော လူများသည် ၎င်းတို့၏ အထက်ဦးဆောင်သူများထံ ပြဿနာများကို အစီရင်မခံပါက အခြားသူများက ၎င်းတို့တွင် ပြဿနာမရှိဟု ထင်ကောင်းထင်နိုင်သည်။ သို့ရာတွင် ဤသည်မှာ မမှန်ကန်ပေ။ ၎င်းတို့သည် သာမန်ပြဿနာများကိုပင် မဖော်ထုတ်နိုင်ကြပေ၊ ပြဿနာများ ၎င်းတို့၏ ရှေ့တွင် စုပုံနေသည့်အခါတွင်ပင် ၎င်းတို့သည် ယင်းတို့ကို ပြဿနာများအဖြစ် မမြင်ကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် ပြဿနာများကိုလည်း မဖြေရှင်းကြပေ။ ၎င်းတို့တွင် ဦးခေါင်းတစ်ခုရှိပြီး ယင်းတွင် မျက်လုံးနှစ်လုံးနှင့် နားနှစ်ဖက်ရှိသည်၊ ၎င်းတို့သည် မြင်နိုင်သည်၊ ကြားနိုင်သည်၊ စကားပြောဆိုနိုင်သော်လည်း ပြဿနာများကို မဖော်ထုတ်နိုင် သို့မဟုတ် မဖြေရှင်းနိုင်ကြပေ။ အကြောင်းမှာ ၎င်းတို့သည် အစွမ်းအစကိုလည်းကောင်း၊ ပြဿနာများကို ဖော်ထုတ်ရန်နှင့် ကိုင်တွယ်ရန် စွမ်းရည်ကိုလည်းကောင်း လုံးဝ ကင်းမဲ့သောကြောင့်ဖြစ်ပြီး ၎င်းတို့၏ ရုပ်ရည်သွင်ပြင်အရ မည်မျှပင် ပါးနပ်ပုံရစေကာမူ အသုံးမဝင်ပေ။ ၎င်းတို့သည် မိမိတို့ မြင်တွေ့ရသည် သို့မဟုတ် ကြားသိရသည်ကို ယူပြီး ဤသည်တို့မှာ ပြဿနာများ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ယင်းတို့ကို မည်သို့ ကိုင်တွယ်သင့်သည်ကိုဖြစ်စေ စဉ်းစားရန်နှင့် ပိုင်းခြားသိမြင်ရန် မိမိတို့၏ စိတ်ထဲတွင် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများ ပါဝင်သော ပြဿနာများကို မကိုင်တွယ်နိုင်ပါက ၎င်းတို့၏ အထက်ဦးဆောင်သူများထံလည်း အစီရင်ခံကြမည် မဟုတ်ပေ။ ၎င်းတို့သည် ဤအရာတစ်ခုတလေကိုမျှ လုပ်ဆောင်ရန် လုံးဝ စွမ်းဆောင်နိုင်ခြင်း မရှိကြချေ။ ဤသည်မှာ ၎င်းတို့တွင် အစွမ်းအစ ညံ့ဖျင်းကြောင်း မပြသလော။ ဤသည်တို့မှာ အစွမ်းအစ ညံ့ဖျင်းသော လူများ၏ သရုပ်သကန်များ မဟုတ်လော။ (ဟုတ်ပါသည်။) သင်က အစွမ်းအစ ညံ့ဖျင်းသော တစ်စုံတစ်ဦးအား “ဤအချိန်ကာလအတွင်း အလုပ်၌ ပြဿနာတစ်စုံတစ်ရာ ရှိခဲ့သလော။ သင် နားမလည်သော စည်းမျဉ်းများနှင့်ပတ်သက်သည့် ကိစ္စများ တစ်စုံတစ်ရာ ရှိသလော” ဟု မေးမြန်းပါက ၎င်းတို့က “ပြဿနာတစ်စုံတစ်ရာ မရှိပါ၊ လူတိုင်း အလုပ်များနေကြပြီး အမှုအရာများ အတော်လေး ကောင်းမွန်စွာ လည်ပတ်နေသည်” ဟု တုံ့ပြန်ကြသည်။ ၎င်းတို့အတွက်မူ အရာအားလုံး အဆင်ပြေနေသည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်က အရာအားလုံး အဆင်ပြေသည်ဟု ၎င်းတို့ ပြောသောအခါ ယင်းကို ယုံကြည်လိုက်ရုံသာဆိုလျှင် သင်သည် အလွန် စဉ်းစားဉာဏ်မဲ့ပြီး ၎င်းတို့ကဲ့သို့ပင် အစွမ်းအစ ညံ့ဖျင်းသော လူတစ်ဦးသာ ဖြစ်သည်။ အစွမ်းအစ ကောင်းသော လူများသည် ပြဿနာများအကြောင်း လေ့လာသင်ယူတတ်ရုံသာမကဘဲ မိမိတို့ဘာသာလည်း ဖော်ထုတ်နိုင်ရမည်ဖြစ်သည်။ ၎င်းတို့သည် ပြဿနာများကို ပစ်မှတ်ထားသော စကားဝိုင်းများတွင် ပါဝင်နိုင်ပြီး ၎င်းတို့ စကားပြောဆိုသည်နှင့်အမျှ ပြဿနာများမှာ အလိုအလျောက် ပေါ်ထွက်လာသည်။ သင်က ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိပြီး အစွမ်းအစ ညံ့ဖျင်းသော တစ်စုံတစ်ဦးအား ယင်းကို မည်သို့ ကိုင်တွယ်ခဲ့သည်ကို မေးမြန်းသောအခါ ၎င်းတို့က “မည်သည့်ပြဿနာနည်း။ ကျွန်ုပ်သည် ယင်းကို မည်သို့ဖြစ်၍များ သတိမပြုမိရသနည်း” ဟု တုံ့ပြန်ကြသည်။ အစွမ်းအစ ညံ့ဖျင်းသော လူများသည် ပြဿနာများကို မဖော်ထုတ်နိုင်ကြပေ၊ သို့ဖြစ်၍ အလုပ်လုပ်ဆောင်ရာတွင် သင်သည် ပြဿနာများအကြောင်း လေ့လာခြင်းနှင့် ဖော်ထုတ်ခြင်းတို့တွင် ကျွမ်းကျင်ရမည်ဖြစ်ပြီး ပြဿနာများကို ဆုပ်ကိုင်ထားကာ လက်မလွှတ်ဘဲ ထို့နောက် ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီပေးရမည်ဖြစ်သည်။ သင်သည် ပြဿနာများကို ဖော်ထုတ်ရန်အလို့ငှာ အစွမ်းအစ ညံ့ဖျင်းသော လူများနှင့် မည်သို့ စကားစမြည်ပြောဆိုရမည်ကို သိရန် လိုအပ်ပြီး ၎င်းတို့အား မေးခွန်းများ မေးမြန်းကာ စကားစမြည်ပြောဆိုသည့်ပုံစံဖြင့် စုံစမ်းမေးမြန်းရမည်ဖြစ်သည်။ သင် စကားစမြည် ပြောဆိုသည်နှင့်အမျှ ၎င်းတို့သည် မသိလိုက်ဘဲ မိမိတို့ဘာသာ ပြဿနာများကို ထုတ်ပြောလာကြလိမ့်မည်။ ဤသို့ စကားစမြည် မပြောဆိုဘဲနှင့် ဤပြဿနာများကို ဖော်ထုတ်ရန် မဖြစ်နိုင်ပေ။ အကြောင်းမှာ သင်က ၎င်းတို့နှင့် ဤနည်းလမ်းဖြင့် စကားပြောဆိုဆွေးနွေးသောကြောင့် ၎င်းတို့သည် အတွေးအခေါ်ရလာပြီး ဤပြဿနာများကို ရုတ်တရက် ဖော်ထုတ်နိုင်လာကြသောကြောင့်ဖြစ်သည်။ သင်သည် အခြေအနေအကြောင်း လေ့လာရန် ဤချဉ်းကပ်နည်းကို အသုံးမပြုပါက ၎င်းတို့သည် မိမိတို့ မြင်တွေ့ရသော ဤကိစ္စရပ်များကို ပြဿနာများအဖြစ် မြင်ကြမည်မဟုတ်ပေ။ သို့ဖြစ်၍ သင်တို့၏ စကားဝိုင်းများအတွင်း ပြဿနာများ ပေါ်လာသောအခါ သွားတိုက်ဆေးကို ညှစ်ထုတ်သကဲ့သို့ ယင်းတို့ကို တစ်စချင်းစီ ဖော်ထုတ်မေးမြန်းရမည်။ ပြဿနာအားလုံး ဖြေရှင်းပြီးမှသာ ၎င်းတို့သည် အတော်အတန် အရှက်ရသည်ဟု ခံစားကြရလိမ့်မည်။ ဤသည်မှာ ၎င်းတို့တွင် အစွမ်းအစ ညံ့ဖျင်းကြောင်း မပြသလော။ (ပြပါသည်။) ဤသည်တို့မှာ အစွမ်းအစ ညံ့ဖျင်းသော လူများ၏ သရုပ်သကန်များ ဖြစ်သည်၊ ပြဿနာများ ရှိသည့်အခါတွင်ပင် ၎င်းတို့သည် ယင်းတို့ကို မဖော်ထုတ်နိုင်ကြပေ၊ ၎င်းတို့သည် ပြဿနာများကို မဖော်ထုတ်နိုင်သောကြောင့် ယင်းတို့ကို မည်သည့်အခါမျှ ထုတ်ပြောနိုင်ခြင်း သို့မဟုတ် ဖြေရှင်းနိုင်ခြင်း မရှိကြပေ။ ငါ့ကို ပြောလော့၊ ၎င်းတို့သည် ပြဿနာများကို မဖော်ထုတ်နိုင်ပါက မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်လော။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်းဖြင့် မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်လော။ (မလုပ်ဆောင်နိုင်ပါ။) လုံးဝ မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သင်က ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းသည်ဟု ပြောဆိုပါက ၎င်းတို့က “ကျွန်ုပ်၏ အစွမ်းအစက ထူးချွန်လိုက်လေခြင်း။ ဘုရားသခင်က တစ်စုံတစ်ခုအကြောင်း ပြောဆိုပြီးနောက်တွင် ကျွန်ုပ်သည် ပြုမူဆောင်ရွက်ခြင်းပုံစံတစ်ခု သို့မဟုတ် စည်းမျဉ်းစည်းကမ်းတစ်ခုကို ချက်ချင်း သဘောပေါက်ပြီး တစ်သက်တာ ပုံသေစောင့်ထိန်းထားနိုင်သည်။ မြင်သလော။ ကျွန်ုပ်၏ အစွမ်းအစ မကောင်းဘူးလား။ သင်တို့အားလုံးက အဓိကအချက်များကို သဘောမပေါက်နိုင်ကြ၊ ကျွန်ုပ်မှာမူ သဘောပေါက်နိုင်သည်။ ဥပမာအားဖြင့် နွေရာသီတွင် ရာသီဥတု ပူပြီး ကျွန်ုပ်တို့ အအေးစာဟင်းလျာများ စားသုံးသင့်သည်ဟု ကျွန်ုပ်အား ပြောခဲ့သည်။ သို့ဖြစ်၍ ကျွန်ုပ်သည် အအေးစာဟင်းလျာများ ဆက်လုပ်ပြီး အအေးဖျော်ရည်များ ဆက်တည်ခင်းနေသည်၊ ကျွန်ုပ်သည် ဤညွှန်ကြားချက်ကို ပုံသေစောင့်ထိန်းနိုင်သည်။ သင်တို့ မြင်သလော၊ သင်တို့တစ်ယောက်မျှ ယင်းကို ပုံသေစောင့်ထိန်းနိုင်ခြင်း မရှိကြဘဲ သင်တို့က စည်းမျဉ်းများအကြောင်း အစဉ်သဖြင့် ပြောဆိုနေကြသည်။ စည်းမျဉ်းများဆိုသည်မှာ စည်းမျဉ်းစည်းကမ်းများသာ မဟုတ်လော။ သင်သည် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းပါက ယင်းမှာ စည်းမျဉ်းများကို ပုံသေစောင့်ထိန်းနေခြင်း မဟုတ်လော” ဟုပင် တွေးထင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ အစွမ်းအစ ကောင်းသည်ဟုပင် တွေးထင်ကြပြီး ပြဿနာတစ်ခု၏ အဓိကအချက်များကို သဘောပေါက်နိုင်သည်ဟုလည်းကောင်း၊ ရှည်လျားသော တရားဒေသနာတစ်ခုမှ မိမိတို့ လိုက်နာရန် လိုအပ်သည်ဟု ခံစားရသော ပြောဆိုချက်တစ်ခု၊ ပြုမူဆောင်ရွက်ခြင်းပုံစံတစ်ခု၊ စည်းမျဉ်းစည်းကမ်းတစ်ခု သို့မဟုတ် စကားစုတစ်ခု သို့မဟုတ် စကားလုံးတစ်လုံးကိုပင် ကောက်နုတ်နိုင်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ ဒုက္ခပေးလှသည် မဟုတ်လော။ ထိုသို့သော လူများ အတော်များများ ရှိသည်။ သင်က သမ္မာတရား၏ အမျိုးမျိုးသော အသေးစိတ်အချက်များအကြောင်း မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့သည် နားမလည်နိုင်ဘဲ “အလုပ်ရှုပ်လှပါတကား။ သင်သည် စကားကို မရပ်တော့ပါ။ ထိုစကားလုံးများကို မပြောဖို့ သို့မဟုတ် ထိုသို့သောအရာမျိုးကို မလုပ်ဖို့အကြောင်းသာ မဟုတ်လား။ ထိုပြောဆိုချက်တစ်ခုတည်းကိုသာ ပုံသေစောင့်ထိန်းလိုက်လျှင် ထိုမျှသာဖြစ်သည်၊ ဤသည်မှာ ပြောဆိုချက်တစ်ခုတည်း၏ ကိစ္စဖြစ်သည်။ အဘယ့်ကြောင့်များ ထိုမျှ အလုပ်ရှုပ်အောင် လုပ်နေရသနည်း။ သင်သည် အခြေအနေများ၊ ပတ်ဝန်းကျင်များနှင့် လူအမျိုးမျိုးတို့၏ လူ့သဘာဝကိုပင် ခွဲခြားနေသေးသည်။ ပြီးလျှင် လွဲချော်သော သဘောပေါက်နားလည်နိုင်စွမ်းနှင့် စင်ကြယ်သော သဘောပေါက်နားလည်နိုင်စွမ်းတို့အကြား ခွဲခြားနေသေးသည်။ အမှန်တကယ်ပင် ထိုမျှ အသေးစိတ်အချက်များ ပါဝင်နေသလား။ အဘယ့်ကြောင့်များ ထိုမျှ ဇီဇာကြောင်နေရသနည်း။ ကိုယ်တော်သည် အလွန်ပင် ဇီဇာကြောင်လှသည်” ဟုပင် ပြောဆိုကြသည်။ ၎င်းတို့သည် အခြားသူများကိုပင် ပြစ်တင်ရှုတ်ချကြသည်။ ဤသည်တို့မှာ အစွမ်းအစ ညံ့ဖျင်းသော လူများ၏ သရုပ်သကန်များ ဖြစ်လေသည်။

အစွမ်းအစ ညံ့ဖျင်းသော လူများ၏ လက္ခဏာများမှာ အဘယ်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို နားမလည်ကြပေ၊ သမ္မာတရား စည်းမျဉ်းများ၏ မည်သည့်သွင်ပြင်လက္ခဏာပင်ဖြစ်စေ ၎င်းတို့သည် ယင်းကို စည်းမျဉ်းစည်းကမ်းတစ်ခု သို့မဟုတ် ပုံသေနည်းတစ်မျိုးအဖြစ် သဘောထားပြီးနောက် မမောနိုင် မပန်းနိုင်သော စိတ်အားထက်သန်မှုဖြင့် ပုံသေစောင့်ထိန်းကြသည်။ ၎င်းတို့သည် အယူဝါဒများစွာကို ပြောဆိုနိုင်သောကြောင့် မိမိတို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်သည်ဟု တွေးထင်ကြသော်လည်း လက်တွေ့တွင်မူ ၎င်းတို့သည် သမ္မာတရားကို လုံးဝ နားမလည်ကြပေ။ သင်က ခေါင်းဆောင်များနှင့် အမှုဆောင်များ အလုပ်လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းအချို့ကို ရှင်းပြပြီး ထိုသို့သော လူများအား ဤစည်းမျဉ်းများကို နားလည်မှုအပေါ် အခြေခံ၍ အလုပ်လုပ်ဆောင်ရန်နှင့် အမျိုးမျိုးသော ပြဿနာများကို ကိုင်တွယ်ရန် တောင်းဆိုပါက ဤအစွမ်းအစ ညံ့ဖျင်းသော လူများသည် ယင်းတို့ကို လုံးဝ အသုံးမချနိုင်ကြပေ။ ၎င်းတို့သည် ဤသမ္မာတရား စည်းမျဉ်းများကို နားမလည်ကြသည့်အပြင် အလုပ်လုပ်ဆောင်ရန် ဤသမ္မာတရား စည်းမျဉ်းများကို အသုံးလည်းမချနိုင်ကြပေ။ ၎င်းတို့ အလုပ်လုပ်ဆောင်ရန် ဆင်းသွားသောအခါ ယင်းမှာ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းခြင်း၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်းနှင့် အယူဝါဒများကို စက်ယန္တရားကဲ့သို့ အသုံးချခြင်းသာ လုံးလုံးဖြစ်နေသည်။ သမ္မာတရား စည်းမျဉ်းများကို စောင့်ထိန်းလိုသော လူအချို့ ရှိသော်လည်း ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းပြီး သမ္မာတရားကို နားလည်မှုတစ်ခု မရရှိနိုင်သောကြောင့် ၎င်းတို့သည် စည်းမျဉ်းများကို မစောင့်ထိန်းနိုင်ကြပေ။ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် မည်သည့်အရာကို လုပ်ရမှန်းမသိဖြစ်ကြပြီး ခေါင်းမီးတောက်သည်အထိပင် ဖြစ်သည်၊ ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ကြပေ။ အထက်ဦးဆောင်သူများက စည်းမျဉ်းများအကြောင်း မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့သည် ယင်းတို့အားလုံးကို နားလည်ပြီး၊ သဘောပေါက်နားလည်ပြီး၊ ဆုပ်ကိုင်ပြီး၊ မှတ်မိပြီးဖြစ်သည်ဟု ခံစားကြရသည်။ သို့သော် လက်တွေ့ဘဝတွင် ပြဿနာများ ကြုံတွေ့ရသောအခါ ၎င်းတို့ နားလည်ထားသော အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများမှာ အသုံးမဝင်တော့သဖြင့် ၎င်းတို့သည် မရှင်းမလင်း ဖြစ်သွားကြပြီး “ငါသည် ယခုအခါတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် အလုပ်ကို မည်သည့်နေရာမှ စတင်ရမည်ကို မသိကြ၊ အလုပ်လုပ်ဆောင်ရန် မည်သည့်နည်းလမ်းများကို အသုံးပြုရမည်ကို မသိကြ၊ အလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည် ဖော်ရမည်ကို မသိကြသည့်အပြင် အသင်းတော်အလုပ် ပုံမှန်တိုးတက်မှုကို အာမခံရန် လက်ငင်း မည်သည့်ပြဿနာများကို ဖြေရှင်းသင့်သည်ကိုပင် ပို၍မသိကြပေ၊ ၎င်းတို့သည် ဤအရာ တစ်ခုတလေကိုမျှ မသိကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့ မည်မျှကြာအောင် အလုပ်လုပ်သည်ဖြစ်စေ ရလဒ်များ မရှိသည့်အပြင် အလုပ်အစီအစဉ်များကိုလည်း အကောင်အထည်ဖော်၍ မရနိုင်ပေ။ ၎င်းတို့သည် အသင်းတော်အသက်တာကို မည်သို့ ကောင်းမွန်အောင် ပြုလုပ်ရမည်ဟူသော ပြဿနာကိုပင် မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် အခြေခံအကျဆုံးသော အလုပ်ကိုပင် အကောင်အထည် မဖော်နိုင်ကြသည့်အပြင် ယင်းကို မည်သို့ အကောင်အထည် ဖော်ရမည်ကိုလည်း မသိကြပေ။ ၎င်းတို့သည် လူတို့အား အယူဝါဒများကို ပြောဆိုရန်နှင့် စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းရန် တောင်းဆိုဖို့ကိုသာ လုပ်ဆောင်နိုင်သည်။ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း၊ လက်တွေ့ကျသော အသင်းတော်အလုပ်ကို လုပ်ဆောင်ခြင်းတို့နှင့် ပတ်သက်လာသောအခါ ၎င်းတို့သည် စိတ်ရှုပ်ထွေးသွားပြီး ယင်းကို မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် “ဤအလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်သင့်သနည်း။ မည်သည့်စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းသင့်သနည်း” ဟု မိမိတို့ဘာသာ တွေးထင်ကြသည်။ ၎င်းတို့သည် ဤအရာများကို ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ သို့သော် ၎င်းတို့တွင် နောက်ဆုံးအားကိုးရာတစ်ခု ရှိနေသေးသည်၊ ၎င်းတို့သည် စုဝေးပွဲများ ပိုမိုကျင်းပနေသမျှ ကာလပတ်လုံး ပြဿနာများကို ဖြေရှင်းနိုင်သည်ဟု ယုံကြည်ကြသည်။ သို့ဖြစ်၍ ၎င်းတို့၏ အလုပ်လုပ်ဆောင်ပုံနည်းလမ်းမှာ မရပ်မနား စုဝေးပွဲများ ကျင်းပခြင်းနှင့် မရပ်မနား တရားဒေသနာများ ဟောပြောခြင်း ဖြစ်သည်။ ၎င်းတို့၏ တရားဟောပြောခြင်းက လူတိုင်းကို လှုံ့ဆော်ပြီး စိတ်လှုပ်ရှားစေသောအခါ ပြဿနာအားလုံး ဖြေရှင်းပြီး ဖြစ်သည်ဟုလည်းကောင်း၊ ပြဿနာများ မရှိတော့ဟုလည်းကောင်း၊ လူတိုင်း စိတ်အားထက်သန်နေသမျှ ကာလပတ်လုံး အလုပ်အားလုံး ကောင်းမွန်စွာ ပြီးစီးသည်ဟုလည်းကောင်း ၎င်းတို့ တွေးထင်ကြသည်။ သို့သော် ရက်အနည်းငယ်ကြာ စုဝေးပွဲများ ကျင်းပပြီးနောက်တွင် စစ်မှန်သော ပြဿနာများမှာ ဖြေရှင်းပြီးမသွားသည်သာမက လူတို့ လုပ်ဆောင်သော တာဝန်များမှာလည်း ရလဒ်များ မရရှိသေးသည့်အပြင် အသင်းတော်အလုပ်မှာလည်း လုံးဝ တိုးတက်မှုမရှိကြောင်း ထွက်ပေါ်လာသည်။ သို့တိုင် ၎င်းတို့တွင် တရားဒေသနာများ ဟောပြောရန် စိတ်ပါနေဆဲဖြစ်သည်။ အစွမ်းအစ ညံ့ဖျင်းသော လူများသည် မည်မျှကြာအောင် အလုပ်လုပ်သည်ဖြစ်စေ ရလဒ်များ မရရှိကြသည့်အပြင် မည်မျှ အချိန်ပေးခံရသည်ဖြစ်စေ အလုပ်အစီအစဉ်များကို အကောင်အထည် မဖော်နိုင်ကြပေ၊ ၎င်းတို့တွင် စွမ်းဆောင်ရည်လည်းမရှိ၊ ထိရောက်မှုလည်းမရှိပေ။ ဤသည်တို့မှာ အစွမ်းအစ ညံ့ဖျင်းသော လူများ၏ သရုပ်သကန်များ ဖြစ်သည်။ အစွမ်းအစမရှိသူများကိုမူ မဆိုထားနှင့်၊ အစွမ်းအစ ညံ့ဖျင်းသော လူများ၏ သရုပ်သကန်များမှာ ငါ ယခုလေးတင် ဖော်ပြခဲ့သကဲ့သို့ ဖြစ်၏။ ၎င်းတို့ မည်မျှပင် တရားဒေသနာများကို ကြားရသည်ဖြစ်စေ သို့မဟုတ် အခြားသူများက ၎င်းတို့အား သမ္မာတရား မည်မျှ မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို မဆုပ်ကိုင်နိုင်ကြသည့်အပြင် လိုက်နာစောင့်ထိန်းသင့်သည့် အခြေခံအကျဆုံးသော စည်းမျဉ်းစည်းကမ်းများကိုပင် မဆုပ်ကိုင်နိုင်ကြပေ။ တစ်စုံတစ်ဦး၏ အစွမ်းအစသည် ဤအတိုင်းအတာအထိ ညံ့ဖျင်းသောအခါ သမ္မာတရား စည်းမျဉ်းများသည် ၎င်းတို့၏ လက်လှမ်းမမီသောနေရာတွင် ရှိသည်။ အခြားသူများက ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယဖွဲ့လျှင်ပင် ၎င်းတို့သည် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို မရှာဖွေနိုင်ကြဘဲ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိမီ တစ်စုံတစ်ဦးက ၎င်းတို့အား တိကျသော ညွှန်ကြားချက်များ ပေးရမည်ဖြစ်သည်။ ထိုသို့သော လူများသည် သားရဲတိရစ္ဆာန်များမှ လူဝင်စားသည့်အလား ဖြစ်သည်၊ ၎င်းတို့၏ စိတ်များသည် အစဉ်သဖြင့် မြူဆိုင်းပြီး မရှင်းလင်းဘဲ မည်သည်တို့မှာ စည်းမျဉ်းများဖြစ်ပြီး မည်သည်တို့မှာ စည်းမျဉ်းစည်းကမ်းများဖြစ်သည်ကို မည်သည့်အခါမျှ မခွဲခြားနိုင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “ဤအရာများကို ကြားရခြင်းက အဘယ်ကြောင့် ကျွန်ုပ်၏ ခေါင်းကို အစဉ်သဖြင့် ကိုက်စေပြီး ကျွန်ုပ်ကို အိပ်ငိုက်စေရသနည်း” ဟု ပြောဆိုကြသည်။ အဆုံးတွင် ၎င်းတို့သည် ကောက်ချက်တစ်ခုသို့ ရရှိလာသည်၊ “သမ္မာတရား စည်းမျဉ်းများသည် ကျွန်ုပ်၏ လက်လှမ်းမမီသောနေရာတွင် ရှိသည်သာမက ကျွန်ုပ်သည် စည်းမျဉ်းစည်းကမ်းများကိုပင် ပုံသေမစောင့်ထိန်းနိုင်ပေ၊ သို့ဖြစ်၍ နောင်တွင် ကျွန်ုပ်အတွင်း၌ ရှိသမျှသော အပူစွမ်းအားဖြင့် တတ်နိုင်သမျှ လင်းလက်စွာ တောက်ပမည်၊ ကျွန်ုပ်၏ စွမ်းရည်ခွင့်ပြုသလောက် ကြိုးစားအားထုတ်မည်၊ ကျွန်ုပ် လုပ်ဆောင်နိုင်စွမ်းရှိသမျှကိုသာ လုပ်ဆောင်မည်၊ ပြီးလျှင် ယင်းမှာ လုံလောက်ပြီ” ဟူ၍ ဖြစ်သည်။ ဤလူများထဲမှ အချို့က “ကျွန်ုပ်သည် စည်းမျဉ်းစည်းကမ်းများကို မည်သို့ ပုံသေစောင့်ထိန်းရမည်ကို မသိ၊ သမ္မာတရား စည်းမျဉ်းများကိုလည်း နားမလည်ပါ၊ သို့သော် ကျွန်ုပ်တွင် ဘုရားသခင်ကို ချစ်သော စိတ်နှလုံး ရှိပါသည်” ဟု ပြောဆိုလျက် မိမိတို့ကိုယ်ကိုပင် နှစ်သိမ့်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်ပါက ယင်းမှာ မဆိုးပေ၊ သို့သော် ထိုသို့သော ညံ့ဖျင်းသည့် အစွမ်းအစဖြင့် ၎င်းတို့သည် သမ္မာတရားကိုပင် နားမလည်ကြပေ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် စစ်မှန်နိုင်မည်လော။ အစွမ်းအစမရှိသော လူများသည် အဘက်ဘက်တွင် သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ပြီး စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းနိုင်စွမ်းပင် မပိုင်ဆိုင်ကြပေ။ အချို့သော အစွမ်းအစ ညံ့ဖျင်းသော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ အနည်းဆုံးအနေဖြင့် တစ်စိတ်တစ်ပိုင်း နားလည်ထားသော စည်းမျဉ်းတစ်ခု၊ စည်းမျဉ်းစည်းကမ်းတစ်ခု သို့မဟုတ် ပုံသေနည်းတစ်ခုကို ဆုပ်ကိုင်နိုင်ပြီး ထိုသို့ဖြင့် သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်နိုင်သည်။ သို့ရာတွင် အစွမ်းအစမရှိသူများမှာမူ စည်းမျဉ်းအခြေပြု အရာများကိုပင် သဘောမပေါက်နိုင် သို့မဟုတ် ပုံသေမစောင့်ထိန်းနိုင်ကြပေ၊ ဤလူစားမျိုးသည် ပို၍ပင် သနားစရာကောင်းသည်။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။