သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃) အပိုင်း သုံး
နာမကျန်းမှုအပြင်၊ လူတို့သည် မိမိတို့၏ ဘဝများတွင် အခြားသော တကယ့် ပြဿနာအချို့နှင့်ပတ်သက်၍ မကြာခဏ စိတ်ဖိစီးပြီး သောကရောက်ကာ စိုးရိမ်ကြလေသည်။ ဘဝတွင် တကယ့် ပြဿနာများစွာ ရှိ၏။ ဥပမာအားဖြင့်၊ သင့်အိမ်တွင် စောင့်ရှောက်ခြင်း သို့မဟုတ် ပြုစုပျိုးထောင်ခြင်း လိုအပ်သည့် သက်ကြီးရွယ်အိုများ သို့မဟုတ် ကလေးသူငယ်များ၊ သင်၏ သားသမီးများ၏ ကျောင်းစရိတ်နှင့် နေထိုင်မှု အသုံးစရိတ်များအတွက် လိုအပ်သည့် ငွေများ၊ ဆေးကုသရန် ငွေလိုအပ်နေသော သက်ကြီးရွယ်အိုများနှင့် နေ့စဉ် နေထိုင်မှု အသုံးစရိတ်များအတွက် လိုအပ်သည့် များပြားသော ငွေပမာဏများရှိသည်။ သင်သည် မိမိတာဝန်ကို ထမ်းဆောင်လိုသော်လည်း၊ သင်၏ အလုပ်ကို စွန့်လျှင်၊ သင် မည်သို့ အသက်ရှင်နေထိုင်မည်နည်း။ သင်၏ နေအိမ်စုဆောင်းငွေများ အလျင်အမြန် ကုန်ဆုံးသွားလိမ့်မည်ဖြစ်သောကြောင့်၊ ထို့နောက်တွင် မည်သည့်ငွေမျှမရှိဘဲ သင် မည်သည့်အရာကို လုပ်မည်နည်း။ သင် ငွေထွက်ရှာပါက၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် နှောင့်နှေးမှုများ ဖြစ်စေလိမ့်မည်ဖြစ်သည်။ သို့သော် သင်၏တာဝန်ကို ထမ်းဆောင်ရန် သင်၏ အလုပ်ကို စွန့်ပါက၊ အိမ်တွင်ရှိသော အခက်အခဲများကို ဖြေရှင်းရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ လူများစွာတို့သည် ထိုသို့သော အရာများဖြင့် ရုန်းကန်ပြီး စိတ်ရှုပ်ထွေးကြသည်။ ထို့ကြောင့် ဘုရားသခင်၏ နေ့ရက် ရောက်လာဖို့ အားလုံး တောင့်တကြပြီး၊ မည်သည့်အချိန်တွင် ကြီးမားသည့် ကပ်ဘေးများ ကျရောက်လိမ့်မည်ဆိုသည်နှင့် အစားအစာများသိုလှောင်ရန် လိုအပ်ခြင်းရှိမရှိဆိုသည်တို့ကို တွေးကြသည်။ ၎င်းတို့ ပြင်ဆင်ပါက၊ အိမ်တွင် ငွေပိုငွေလျှံ မရှိသကဲ့သို့ ဘဝက အလွန် ခက်ခဲလာသည်။ အခြားလူများက ပိုကောင်းမွန်သည့် အဝတ်အစားများ ဝတ်ဆင်ကြပြီး ပိုကောင်းသည့် အစားအစာများ စားကြသည်ကို ၎င်းတို့ မြင်ကာ မပျော်မရွှင်ဖြစ်ပြီး၊ မိမိတို့၏ ဘဝက အလွန်ခက်ခဲသည်ဟု ခံစားကြလေသည်။ ၎င်းတို့သည် အချိန်အတော်ကြာ အသားမစားဘဲနေပြီး၊ ကြက်ဥအချို့ရှိပါက စားရန် ဝန်လေးကြကာ ထိုကြက်ဥများကို စျေးတွင် အမြန်သွားရောင်းပြီး ဒေါ်လာ အနည်းအကျဉ်း ရကြလေသည်။ ဤအခက်အခဲများအားလုံးကို ၎င်းတို့ တွေးသည်နှင့်အမျှ၊ စတင် စိုးရိမ်လာကြသည်။ “ဤခက်ခဲသည့်နေ့ရက်များ မည်သည့်အချိန်တွင် အဆုံးသတ်လာလိမ့်မည်နည်း၊ ‘ဘုရား၏ နေ့ရက် ရောက်လာတော့မည်၊ ဘုရား၏ နေ့ရက်ရောက်လာတော့မည်’၊ ပြီးလျှင် ‘ဘုရား၏ အလုပ်သည် မကြာမီ အဆုံးသတ်တော့မည်’ ဟု သူတို့ အမြဲ ပြောကြသည်၊ သို့သော် ဤအရာ မည်သည့်အချိန်တွင် အမှန်တကယ် ဖြစ်ပျက်မည်ဆိုသည်ကို တစ်ဦးတလေက မည်သည့်အချိန်တွင် ငါ့ကို ပြောကြလိမ့်မည်နည်း၊ ဤအရာကို အသေအချာ မည်သူ ပြောနိုင်သနည်း”ဟူ၍ ဖြစ်သည်။ လူအချို့သည် အိမ်နှင့်ဝေးရာတွင် တာဝန်ကို ထမ်းဆောင်လျက် နှစ်ချီကုန်ဆုံးကြပြီး၊ ၎င်းတို့က၊ “ငါ့ကလေးများ ယခု မည်မျှကြီးနေသည် သို့မဟုတ် ငါ၏ မိဘများ ကျန်းမာရေး ကောင်းမကောင်းဆိုသည်ကို ငါ မသိပါ။ ဤနှစ်များတစ်လျှောက်လုံး ငါ အိမ်နှင့်အဝေးတွင် ရှိပြီးဖြစ်ကာ သူတို့ကို မစောင့်ရှောက်ခဲ့ပါ၊ သူတို့တွင် အခက်အခဲတစ်ခုခု ရှိကြပါသလား၊ သူတို့ နာမကျန်းဖြစ်လျှင် မည်သို့လုပ်ကြလိမ့်မည်နည်း၊ သူတို့ကို တစ်ဦးတလေက စောင့်ရှောက်လိမ့်မည်လား၊ ငါ့ မိဘများသည် ယခု အသက် ၈၀ သို့မဟုတ် ၉၀ အရွယ် ရှိရပေမည်၊ သူတို့ အသက်ရှင်သေးလားဆိုသည်ကိုပင် ငါ မသိပါ”ဟု မကြာမကြာ တွေးကြလေသည်။ ဤအရာများကို ၎င်းတို့ စဉ်းစားသည့်အခါ၊ အမည်မသိသည့် သောကသည် သူတို့ စိတ်နှလုံးများထဲ ထွက်ပေါ်လာလေသည်။ ၎င်းတို့ သည် စိတ်သောကခံစားခြင်းအပြင်၊ စိုးရိမ်ကြလိမ့်မည်ဖြစ်သော်လည်း စိုးရိမ်ခြင်းက မည်သည့်အရာကိုမျှ လုံးဝ မဖြေရှင်းပေးသောကြောင့်၊ ၎င်းတို့ စတင် စိတ်ဖိစီးလာကြသည်။ ၎င်းတို့ အလွန် စိတ်ဖိစီးကြသည့်အခါ၊ ၎င်းတို့၏ အာရုံစိုက်မှုက ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ နေ့ရက်ဆီသို့ လှည့်သွားပြီး၊ “အဘယ်ကြောင့် ဘုရား၏ နေ့ရက် မရောက်သေးသနည်း၊ ဤသို့ ဟိုယောင်ယောင်သည်ယောင်နှင့်သီးသန့်နေထိုင်ရသည့် ဘဝတစ်ခုကို ငါတို့ အမြဲ အသက်ရှင်ရမည်လား၊ မည်သည့်အချိန်တွင် ဘုရား၏ နေ့ရက် ရောက်ရှိလိမ့်မည်နည်း၊ မည်သည့်အချိန်တွင် ဘုရား၏ အမှုတော် အဆုံးသတ်လာလိမ့်မည်နည်း၊ ဤကမ္ဘာလောကကို ဘုရားက မည်သည့်အချိန်တွင် ဖျက်ဆီးလိမ့်မည်နည်း၊ ဘုရား၏ နိုင်ငံတော်သည် မည်သည့်အချိန်တွင် ကမ္ဘာမြေကြီးပေါ် ထင်ရှားလိမ့်မည်နည်း၊ ဘုရား၏ ဇာတိအဖြစ်တော် ပေါ်ထွန်းသည်ကို မည်သည့်အခါတွင် ငါတို့ မြင်ရလိမ့်မည်နည်း”ဟု တွေးကြလေသည်။ ဤအရာများနှင့် ပတ်သက်၍ ၎င်းတို့ အဖန်ဖန် စဉ်းစားကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးများတွင် စိုးရိမ်မှု၊ သောကနှင့် စိတ်ဖိစီးမှုဆိုင်ရာ အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ထိုးတက်လာလေသည်။ ၎င်းတို့သည် စိုးရိမ်သည့် အမူအရာတစ်ခု ချက်ချင်း ဖြစ်ပေါ်သွားသည်။ ဝမ်းမြောက်ခြင်း မခံစားရတော့ပေ။ နုံးချည့်စွာလမ်းလျှောက်ကြသည်။ မည်သည့်စားချင်စိတ်မျှမရှိဘဲ အစာစားကြပြီး၊ နေ့စဉ် စိတ်ထွေလျက်ဖြင့် အချိန်ကုန်ဆုံးကြသည်။ ထိုသို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများအတွင်း အသက်ရှင်သည်မှာ ကောင်းမွန်သည့် အရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဘဝရှိ သေးငယ်သည့် အခက်အခဲတစ်ခုပင်လျှင် လူတို့ကို ရံဖန်ရံခါ မတက်ကြွခြင်းနှင့်ဆိုင်သည့် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများထဲသို့ ကျဆင်းသွားစေနိုင်ပြီး၊ တစ်ခါတစ်ရံ မည်သည့် အကြောင်းပြချက်မျှ လုံးဝမရှိဘဲ၊ သို့မဟုတ် မည်သည့် အထူး အခြေအနေတစ်ခုမျှမရှိဘဲ၊ သို့မဟုတ် မည့်သည့် လူတစ်ဦးတလေကမျှ အထူးတလည်ဖြစ်သော မည်သည့်အရာမျှ ပြောဆိုခြင်းမရှိဘဲနှင့်ပင်၊ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် လူတို့၏ စိတ်နှလုံးများထဲ အမှုမဲ့အမှတ်မဲ့ တလိပ်လိပ်တက်လာလေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများက လူတို့၏ စိတ်နှလုံးများထဲ တလိပ်လိပ်တက်လာသည့်အခါ၊ ဘုရားသခင်၏ နေ့ရက် ရောက်ရှိဖို့အတွက်၊ သူ၏ အမှုတော် အဆုံးသတ်လာဖို့အတွက်နှင့် သူ၏နိုင်ငံတော် ရောက်လာဖို့အတွက်၊ တမ်းတလျက် လူတို့တွင်ရှိသည့် စိတ်ဆန္ဒများသည် သာ၍ပင် ခိုင်မာလာလေသည်။ လူအချို့သည်၊ “အို ဘုရားသခင်၊ ဤကမ္ဘာလောကနှင့် ဤလူသားမျိုးနွယ်ကို ကျွန်ုပ် မုန်းပါသည်၊ ကျေးဇူးပြုပြီး ဖြစ်နိုင်သမျှ မြန်မြန် အားလုံးကို အဆုံးသတ်ပါ၊ လူတို့၏ သွေးသား ဘဝများကို အဆုံးသတ်ပြီး၊ ဤအခက်အခဲအားလုံးကို အဆုံးသတ်ပေးပါ”ဟု လေးနက်စွာ ဒူးထောက်ပြီး ဘုရားသခင်ထံ မျက်ရည်လှိုင်းများဖြင့်ပင် ဆုတောင်းကြလေသည်။ ၎င်းတို့သည် ရလဒ်မရှိဘဲ ဤသို့ ကြိမ်ဖန်များစွာ ဆုတောင်းကြပြီး၊ စိုးရိမ်မှု၊ သောကနှင့် စိတ်ဖိစီးမှုဆိုင်ရာ အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများသည် ၎င်းတို့ စိတ်နှလုံးများကို ပတ်စည်းကာ ၎င်းတို့ကို နက်နဲစွာ လွှမ်းမိုးပြီး လွှမ်းခြုံလျက်၊ ၎င်းတို့၏ အတွေးများနှင့် စိတ်ဝိညာဉ် အတွင်းနက်နက်တွင် ကျန်ရှိနေပေသည်။ အမှန်တွင်၊ ဘုရားသခင်၏ နေ့ရက် စောစောရောက်လာရန်၊ ဘုရားသခင်၏ အမှုတော် စောစော အဆုံးသတ်လာရန်၊ ၎င်းတို့ ဖြစ်နိုင်သမျှ မြန်မြန် ကောင်းချီးများ ရရှိရန်၊ ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခု ၎င်းတို့ ရှိကြရန်၊ ကောင်းကင်ဘုံထဲသို့ သို့မဟုတ် မိမိတို့ကိုယ်ပိုင် အယူအဆများဖြင့် ၎င်းတို့ စိတ်ကူးပြီး တောင့်တသည့် နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် ၎င်းတို့ တောင့်တသောကြောင့်သာ ဤသို့ဖြစ်ပျက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် ဤအရာများနှင့် ပတ်သက်၍ အမြဲ လှုံ့ဆော်ခံရခြင်း ဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့ လှုံ့ဆော်ခံနေရသည်ကို မိမိတို့ကိုယ်ကို ပြကြသော်လည်း အမှန်တွင် ၎င်းတို့သည် စိတ်ဖိစီး၊ သောကရောက်ပြီး စိုးရိမ်နေကြခြင်း ဖြစ်သည်။ ထိုသို့သော စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုဆိုင်ရာ ခံစားချက်များက လူတို့ကို စဉ်ဆက်မပြတ် ဝန်းရံနေသည့်အခါ၊ “ဘုရားသခင်၏ နေ့ရက် စောစော ရောက်မလာသကဲ့သို့ ဘုရားသခင်၏ အမှုတော်က ဖြစ်နိုင်သမျှ မြန်မြန် ပြီးပြည့်စုံမည်မဟုတ်လျှင်၊ အလုပ်ကြိုးစားလုပ်ဖို့ ငါ၏ ငယ်ရွယ်မှုနှင့် အစွမ်းအစကို ငါ ကောင်းစွာ အသုံးပြုသင့်သည်၊ ငါ အလုပ်လုပ်ပြီး ငွေရှာချင်သည်၊ လောကတွင် အတန်ငယ် အလုပ်ကြိုးစားပြီး၊ ဘဝကို မွေ့လျော်ချင်သည်။ ဘုရားသခင်၏ နေ့ရက် စောစော ရောက်လာခြင်းမရှိလျှင်၊ ငါ အိမ်ပြန်ပြီး ငါ့မိသားစုနှင့် ပြန်ပေါင်းစည်းချင်သည်၊ လက်တွဲဖော် ရှာချင်သည်၊ အတန်ငယ် ကောင်းစွာ အသက်ရှင်ချင်သည်၊ ငါ့မိဘများကို ထောက်ပံ့ချင်သည်၊ ငါ့သားသမီးများကို ပြုစုပျိုးထောင်ချင်သည်၊ ငါ အိုမင်းသည့်အခါ၊ သားသမီးများစွာ ရှိမည်ဖြစ်ပြီး၊ သူတို့က ငါနှင့်အတူ နေထိုင်ကာ မိသားစုဘဝကို ငါတို့ မွေ့လျော်ခံစားကြမည်၊ ကောင်းလိုက်သည့် မြင်ကွင်းပါတကား၊ ချိုမြိန်လိုက်သည့် ပုံရိပ်တစ်ခုပါတကား”ဟု တွေးလျက်၊ နိုးကြားထကြွသော အတွေးတစ်ခု ရကြလေသည်။ ဤသို့ စဉ်းစားလျက်ဖြင့် ထိုဘဝမျိုး မွေ့လျော်ရန် မျှော်လင့်စောင့်စားကြလေသည်။ ဘုရားသခင်၏ နေ့ရက် ဤနေရာသို့ စောစောရောက်လာမည်ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ အမှုတော် မကြာမီ အဆုံးသတ်လာမည်ဖြစ်ကြောင်း လူတို့ စဉ်းစားမိသည့်အခါတိုင်းတွင်၊ ၎င်းတို့၏ ဆန္ဒများ သာ၍ပင် ပြင်းထန်စွာ ပြင်းပြကြပြီး ဘုရားသခင်၏ အမှုတော် ဖြစ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ဖို့အတွက် ၎င်းတို့၏ တမ်းတမှုသည် သာ၍ပင် တိုး၍ ပြင်းထန်လာသည်။ ထိုသို့သော အခြေအနေတစ်ခုတွင်၊ အမှန်တရားများက လူတို့ ဆန္ဒရှိသည့်အရာနှင့် မကိုက်ညီသည့်အခါ၊ ဘုရားသခင်၏ အမှုတော် အဆုံးသတ်ခြင်း သို့မဟုတ် ဘုရားသခင်၏ နေ့ရက် ရောက်ရှိခြင်းနှင့်ဆိုင်သည့် လက္ခဏာတစ်ခုမျှ လူတို့ မမြင်ရသည့်အခါ၊ ၎င်းတို့၏ စိတ်ဖိစီးခြင်း၊ ပူပန်သောကရောက်ခြင်းနှင့် စိုးရိမ်ခြင်း ခံစားချက်များ ယခင်ထက် တိုး၍ ပြင်းထန်လာသည်။ အနည်းငယ်သော နှစ်ကာလအတွင်းတွင် ၎င်းတို့ အိုမင်းသွားကြပြီး ၎င်းတို့ အိုမင်းသည့် အသက်အရွယ်တွင် ၎င်းတို့ကို စောင့်ရှောက်မည့် လက်တွဲဖော် ရှာမတွေ့ကြသည့်အခါ စိုးရိမ်ကြလေသည်။ ဘုရားအိမ်တော်တွင် မိမိတို့၏ တာဝန်ကို စဉ်ဆက်မပြတ် ထမ်းဆောင်ပြီး၊ လူမှုအဖွဲ့အစည်းနှင့် ဆက်နွှယ်မှုအားလုံး ဖြတ်နှင့်ပြီးဖြစ်လျှင်၊ အသက်ရှင်နေထိုင်ရန် အိမ်ပြန်လာသည့်အခါ လူမှုအဖွဲ့အစည်းထဲသို့ ပြန်ပေါင်းစပ်နိုင်လိမ့်မည်လားဆိုသည်ကို ၎င်းတို့ စိုးရိမ်ကြသည်။ နှစ်အနည်းငယ်အတွင်းတွင် စီးပွားရေးလုပ်ငန်းထဲသို့ ၎င်းတို့ ပြန်သွားလျှင် သို့မဟုတ် အလုပ်သွားပြန်လုပ်လျှင်၊ အချိန်ကာလများကို ၎င်းတို့ အမှီလိုက်နိုင်မည်လား၊ လူအုပ်ထဲမှ ၎င်းတို့ ထင်ပေါ်နိုင်လိမ့်မည်လားဆိုသည်နှင့် ၎င်းတို့ ရှင်သန်နိုင်လိမ့်မည်လားဆိုသည်တို့ကို ၎င်းတို့ စိုးရိမ်ကြလေသည်။ ထိုသို့သော အရာများကို ၎င်းတို့ သာ၍ စိုးရိမ်ပြီး၊ ထိုအရာများနှင့်ပတ်သက်၍ ၎င်းတို့ သာ၍ သောကရောက်ပြီး စိတ်ဖိစီးလေ၊ မိမိတို့တာဝန်ကို တည်ငြိမ်စွာ သာ၍ မထမ်းဆောင်နိုင်သကဲ့သို့ ဘုရားအိမ်တော်တွင် ဘုရားသခင်နောက် မလိုက်နိုင်လေ ဖြစ်သည်။ ထိုသို့ဖြင့်၊ မိမိတို့ အနာဂတ်၊ ၎င်းတို့၏ အလားအလာများနှင့် ၎င်းတို့၏ မိသားစု ဘဝနှင့်ပတ်သက်၍ ပိုပိုပြီး စိုးရိမ်ကြသည့်အပြင်၊ အနာဂတ်တွင် ဘဝ၌ ဖြစ်ပေါ်နိုင်သည့် အခက်အခဲအားလုံးနှင့်ပတ်သက်၍ စိုးရိမ်နေကြလေသည်။ ၎င်းတို့သည် တတ်နိုင်သမျှ စဉ်းစားကြသည်၊ တတ်နိုင်သမျှ စိုးရိမ်ကြသည်။ မိမိတို့၏ မြေးများနှင့် ၎င်းတို့၏ မြေးများ၏ သားစဉ်မြေးဆက်များအတွက် ဘဝက မည်သို့ဖြစ်လိမ့်မည်ဆိုသည်တို့ကိုပင် စိုးရိမ်ကြသည်။ ၎င်းတို့၏ အတွေးများသည် ဝေးဝေး ရောက်ကြသည်၊ အလွန် စေ့စေ့စပ်စပ် တွေးကြပြီး အရာရာကို အစမှအဆုံးတိုင် တွေးကြလေသည်။ လူတို့သည် ဤစိုးရိမ်မှုများ၊ သောကများနှင့် စိတ်ဖိစီးမှု ခံစားချက်များရှိကြသည့်အခါ၊ ၎င်းတို့သည် မိမိတို့ တာဝန်များကို တည်ငြိမ်စွာ ထမ်းဆောင်နိုင်ခြင်း ရှိမလာကြသကဲ့သို့၊ ဘုရားသခင်နောက်သို့ တကယ်ကို မလိုက်နိုင်ကြဘဲ၊ ထိုအစား မကြာခဏ နိုးကြားထကြွသည့် အတွေးများရှိကြပြီး၊ သဘောထား ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းကြလေသည်။ ဧဝံဂေလိအလုပ်က အလွန်အဆင်ပြေနေသည်ကို ၎င်းတို့ မြင်သည့်အခါ၊ “ဘုရားသခင်၏ နေ့ရက် မကြာခင် ရောက်လာတော့မည်။ ငါ၏ တာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ရမည်၊ ဟုတ်သည်၊ လုပ်စမ်းပါလေ၊ နောက်ထပ် နှစ်အနည်းငယ် ငါ ဆက်လုပ်ရမည်၊ ယခုတွင် လုပ်ဆောင်ရန်မှာ မကြာတော့ပါ၊ ဤဆင်းရဲဒုက္ခအားလုံး ထိုက်တန်လိမ့်မည်ဖြစ်ပြီး အားလုံး အကျိုးဖြစ်ထွန်းလိမ့်မည်ဖြစ်ကာ ငါ နောက်ထပ် စိုးရိမ်မှုများ ရှိလိမ့်မည်မဟုတ်”ဟု တွေးကြလေသည်။ သို့ရာတွင် အနှစ်အနည်းငယ်ကြာပြီးနောက်၊ ကြီးမားသည့် ကပ်ဘေးများ ရောက်ရှိမလာသေးသကဲ့သို့၊ မည်သူကမျှ ဘုရားသခင်၏ နေ့ရက်ကို မပြောကြသောကြောင့် ၎င်းတို့၏ စိတ်နှလုံးများ အေးစက်သွားကြသည်။ ဤစိတ်ဖိစီးမှု၊ သောကနှင့် စိုးရိမ်မှုတို့အပြင်၊ ၎င်းတို့၏ နိုးကြားထကြွသော အတွေးများသည် သွားလိုက်၊ လာလိုက်ဆက်ဖြစ်နေပြီး ဤသို့ အဖန်ဖန် ထပ်တလဲလဲဖြစ်နေသည်၊ အလုံးစုံသော အခြေအနေနှင့် ဘုရားအိမ်တော်ရှိ အခြေအနေအတိုင်း အဆုံးမဲ့ သံသရာဖြင့် လှည့်လည်ဖြစ်ပေါ်နေပြီး၊ ထိုအရာများကို ထိန်းချုပ်ရန် ၎င်းတို့ လုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိချေ။ တစ်ဦးတလေက မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ ၎င်းတို့ ရောက်ရှိနေသည့် အခြေအနေကို ၎င်းတို့ မပြောင်းလဲနိုင်ကြချေ။ ထိုသို့သော လူများရှိသလော။ (ရှိပါသည်။) ဤကဲ့သို့သော လူများအတွက် ခိုင်မာစွာ ရပ်တည်ရန် လွယ်ကူသလော။ (မလွယ်ကူပါ။) မိမိတို့ တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ သဘောထားနှင့် စိတ်အခြေအနေ၊ ပြီးလျှင် မိမိတို့တာဝန်များအတွက် ၎င်းတို့ ကျင့်သုံးသည့် အားအင်ပမာဏတို့သည် “နောက်ဆုံးရ သတင်း”အပေါ် အားလုံး အခြေခံကြလေသည်။ လူအချို့က၊ “ယုံကြည်စိတ်ချနိုင်သည့် သတင်းအရ၊ ဘုရားသခင်၏ ဧဝံဂေလိတရားသည် အံ့ဖွယ်ရာ ပျံ့နှံ့နေသည်”ဟု ဆိုကြသည်။ ပြီးလျှင် လူအချို့က၊ “နောက်ဆုံးရ သတင်းမှာ ကပ်ဘေးများသည် ကမ္ဘာလောကအနှံ့ ယခု မကြာခဏ ဖြစ်ပျက်နေပြီး၊ သိရသလောက်တွင် ကမ္ဘာလောက၏ အခြေအနေနှင့် ကပ်ဘေးများက ယခုတွင် ဗျာဒိတ်ကျမ်းထဲက ထိုထိုသော ကပ်ဘေးကို ပြီးပြည့်စုံစေသည်။ ဘုရားသခင်၏ အမှုတော်သည် မကြာခင် ပြီးစီးတော့မည်ဖြစ်သည်၊ ဘုရားသခင်၏ နေ့ရက်သည် မကြာခင် ဤနေရာတွင် ရှိလိမ့်မည်ဖြစ်ပြီး၊ ဘာသာရေးလောကတစ်ခုလုံးသည် အုတ်အော်သောင်းတင်း ဖြစ်နေသည်”ဟု ဆိုကြသည်။ “နောက်ဆုံးရ သတင်း” သို့မဟုတ် “ယုံကြည်စိတ်ချရသည့် သတင်း”ကို ၎င်းတို့ ကြားသည့်အခါတိုင်း၊ ၎င်းတို့၏ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့သည် ခဏတာ ရပ်တန့်သွားပြီး၊ ၎င်းတို့ကို နှောင့်မယှက်တော့သကဲ့သို့၊ ၎င်းတို့သည် မိမိတို့၏ နိုးကြားထကြွသည့် အတွေးများကို အချိန်တစ်ခုကြာ ထွက်သွားခွင့်ပေးလိုက်ကြသည်။ သို့ရာတွင်၊ မည်သည့် “ယုံကြည်စိတ်ချရသော သတင်း”တစ်ခုမျှ သို့မဟုတ် မည်သည့် “တိကျမှန်ကန်သော သတင်း”တစ်ခုမျှ လတ်တလော မကြားရသည့်အခါ၊ ၎င်းတို့၏ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့အပြင် ၎င်းတို့၏ နိုးကြားထကြွသော အတွေးများသည် စတင်စီးထွက်လာလေသည်။ အလုပ်အတွက် မည်သည့်နေရာတွင် လျှောက်ရမည်၊ မည်သည့်နေရာတွင် အလုပ်လုပ်ရမည်၊ ကလေးမည်မျှရှိမည်၊ နှစ်အနည်းငယ်အတွင်းတွင် ၎င်းတို့၏ ကလေးများ မည်သည့်နေရာတွင် ကျောင်းသွားရမည်၊ မိမိတို့၏ ကောလိပ်ကျောင်းလခအတွက် မည်သို့ ပြင်ဆင်ရမည်ဆိုသည်တို့ကိုပင် လူအချို့က စဉ်းစားလျက် ပြင်ဆင်ကြပြီး၊ အိမ်တစ်အိမ်၊ မြေ သို့မဟုတ် ကားတစ်စီးကို ဝယ်ဖို့ရန်ပင် စီစဉ်ကြလေသည်။ သို့ရာတွင် “ယုံကြည်စိတ်ချရသည့် သတင်း”ကို ကြားသည်နှင့် ဤအရာများ ခဏတာ တန့်သွားသည်။ ဤသည်မှာ ရယ်စရာတစ်ခုနှင့် တူသည်မဟုတ်လော။ (တူပါသည်။) ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီး ဘုရားသခင်၏ အမှုကို သိရှိလာပြီးသည့်နောက်တွင် လူအချို့သည် “ဘုရားသခင်ကို ယုံကြည်ခြင်းသည် အသက်တာတွင် မှန်ကန်သော လမ်းကြောင်းဖြစ်သည်။ ယင်းသည် အဓိပ္ပာယ် အရှိဆုံးသော အသက်တာ ဖြစ်သည်။ ဤနည်းဖြင့် အသက်ရှင်သန်ခြင်းသည် တန်ဖိုး အရှိဆုံးဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကို မည်သို့ ဦးဆောင်လမ်းပြပါစေ၊ ဘုရားသခင် မည်သည့်အရာကို လုပ်ပါစေ ဘုရားသခင် လုပ်ဆောင်သမျှသည် လူများကို ကယ်တင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ကို ကျွန်ုပ် သေချာသောကြောင့် ဘုရားသခင်ကို ကျွန်ုပ် အဆုံးထိတိုင်အောင် လိုက်လျှောက်မည်။ ကောင်းကင်နှင့် မြေကြီး အိုဟောင်းသွားသည်အထိ၊ နေများက တည်နေရာ ပြောင်းလဲသွားသည်အထိကြာသည်ဖြစ်စေ၊ ပင်လယ်များ ခမ်းခြောက်သွားသည်အထိ၊ ကျောက်ဆောင်များ မြေမှုန့်သို့ ပြောင်းသွားသည်အထိ၊ သို့မဟုတ် ပင်လယ်များ ကုန်းမြေဖြစ်လာကာ ကုန်းမြေသည် ပင်လယ်များဖြစ်လာသည်အထိ ကြာသည်ဖြစ်စေ၊ ကျွန်ုပ်၏ စိတ်နှလုံး မပြောင်းလဲရှိနေပြီး အရိုးစွဲနေသည်။ ကျွန်ုပ် အသက်တာ၏ ကျန်ရှိသည့်အချိန်များအတွက် ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်ထားမည်ဖြစ်ပြီး ဤအသက်တာ၏နောက်တွင် နောက်အသက်တာရှိလျှင် ဘုရားသခင်နောက်သို့ ကျွန်ုပ် လိုက်ဦးမည်ဖြစ်သည်” ဟုပြောလျက် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်။ သို့ရာတွင် မိမိတို့ ဘဝများ၌ အခက်အခဲများစွာရှိကြသည့် ဤလူများသည် ဤသို့ မစဉ်းစားကြချေ။ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းတွင် လောလောဆယ် စောင့်ကြည့်ခြင်းမျှသာ ပါဝင်ပြီး အသက်ရှင်သင့်သည်ဟု မိမိတို့ တွေးထင်သည့် မည်သည့်နည်းလမ်းဖြင့်မဆို မိမိတို့ဘဝများကို ၎င်းတို့ အသက်ရှင်ကြလေသည်။ ဘုရားသခင်ကို ယုံကြည်ရုံဖြင့် ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံများ သို့မဟုတ် နဂိုမူလ လိုက်စားမှုများကို ၎င်းတို့ ပြောင်းလဲမည် မဟုတ်ချေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ လုံးဝ မပြောင်းလဲဘဲ ဘုရားသခင်ကို နှစ်ချီ၍ ယုံကြည်ကြပြီး ဘာသာတရားမရှိသူများကဲ့သို့ပင် ၎င်းတို့ ယခင်က အစဉ်သဖြင့် အသက်ရှင်နေထိုင်ခဲ့ကြသကဲ့သို့ ဆက်လက်၍ အသက်ရှင်နေထိုင်ကြလေသည်။ သို့တိုင်အောင် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ထူးခြားသောအရာတစ်ခု ပါဝင်သည်။ ယင်းမှာ ဘုရားသခင်၏ နေ့ရက်သည် မကြာမီ ရောက်လာတော့မည် ဖြစ်သည်၊ ဘုရားသခင်၏ နိုင်ငံတော်သည် မကြာမီ ရောက်လာတော့မည် ဖြစ်သည်၊ ကြီးမားသော ဘေးဒုက္ခများ ကျရောက်လိမ့်မည် ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သူများသည် ဘေးဒုက္ခများမှ ရုန်းထွက်လွတ်မြောက်နိုင်လိမ့်မည် ဖြစ်သည်၊ ၎င်းတို့သည် ဘေးဒုက္ခများထဲသို့ ကျရောက်မည် မဟုတ်ဘဲ ကယ်တင်ခြင်း ခံရနိုင်သည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်းအား ၎င်းတို့ အလွန့်အလွန် စိတ်ဝင်စားကြသည့် ဤထူးခြားသော အရာကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် အာရုံစိုက်သည့်အရာမှာ အစဉ် ဤအရာတစ်ခုတည်းသာ ဖြစ်သည်။ တရားဒေသနာ မည်မျှ နားထောင်ကြသည်ဖြစ်စေ၊ သို့မဟုတ် လူတို့ မိတ်သဟာယပြုသည့် သမ္မာတရား မည်မျှ ကြားကြသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ကို အချိန်မည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ၊ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည့်နည်းလမ်းသည် တစ်ကြိမ်တစ်ခါမျှ မပြောင်းလဲသကဲ့သို့၊ ထိုအရာကို ၎င်းတို့ လုံးဝ မစွန့်ကြချေ။ ၎င်းတို့ကြားသည့် တရားဒေသနာများကြောင့်ဖြစ်စေ၊ ၎င်းတို့ နားလည်သည့် သမ္မာတရားများကြောင့်ဖြစ်စေ၊ ဘုရားသခင်၌ ယုံကြည်မှုအပေါ် ၎င်းတို့၏ မှားယွင်းသည့် အမြင်များကို ပြောင်းလဲခြင်း မရှိ သို့မဟုတ် လက်လွှတ်ခြင်း မရှိကြချေ။ ထို့ကြောင့်၊ အပြင်လောကရှိ အခြေအနေ သို့မဟုတ် ဘုရားအိမ်တော်တွင် ပြောင်းလဲမှုအချို့ ရှိသည်ဖြစ်စေ၊ ပြောဆိုချက်အချို့ရှိသည်ဖြစ်စေ၊ ထိုအရာက ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် အပူပန်ဆုံးဖြစ်သည့် ဤအရာအပေါ် သက်ရောက်မှုတစ်ခု အမြဲ ရှိလေသည်။ ဘုရားသခင်၏ အမှုတော် မကြာခင် ပြီးစီးတော့မည်ဆိုသည်ကို ၎င်းတို့ ကြားပါက၊ ၎င်းတို့ အလွန့်အလွန် ဝမ်းသာကြသည်။ သို့ရာတွင် ဘုရားသခင်၏ အမှုတော် ပြီးစီးရန် အလွန် စောသေးသည်ကို ကြားရပြီး ၎င်းတို့ ဆက်မရှင်သန်နိုင်ပါက၊ ၎င်းတို့၏ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့သည် တဖြည်းဖြည်း ပို၍ ကြီးထွားလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ အိမ်တော်နှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများကိုအချိန်မရွေး စွန့်ခွာရန်၊ ဘုရားအိမ်တော်နှင့် ပြတ်ပြတ်သားသား ကင်းကွာမှုတစ်ခု ပြုလုပ်ရန် စတင် ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ ညီအစ်ကို မောင်နှမများ၏ ဆက်သွယ်ရေး အချက်အလက်များအားလုံးနှင့် ၎င်းတို့၏ မက်ဆေ့ချ်များအားလုံးကို လုံးဝ ဖျက်ပစ်ပြီး၊ ဘုရားအိမ်တော်က ၎င်းတို့ကို ပေးပို့ခဲ့သည့် ဘုရားနှုတ်ကပတ်တော် စာအုပ်များကို အသင်းတော်ထံ ပြန်ပို့ရန် အချိန်မရွေး စတင် ပြင်ဆင်ကြသူများလည်း ရှိသည်။ ၎င်းတို့က၊ “ဤဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းအား ငါ အမှန်တကယ် ဆက်လိုက်လျှောက်၍ မဖြစ်ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ပျော်ရွှင်သည့် ဘဝတစ်ခု အသက်ရှင်မည်၊ သားသမီးများ ရှိမည်၊ ကောင်းချီးများ ရရှိပြီး ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်မည်ကို ဆိုလိုသည်ဟု ငါ ထင်ခဲ့သည်။ ယခုတွင် ဤလှပသည့် အိမ်မက် ကြေမွပျက်စီးသွားပြီဖြစ်သောကြောင့်၊ ပျော်ရွှင်သည့် ဘဝတစ်ခုကို အသက်ရှင်ရန်၊ သားသမီးများရှိရန်နှင့် ဘဝကို မွေ့လျော်ရန် ငါ ရွေးချယ်ဦးမည်ဖြစ်သည်။ သို့တိုင် ဘုရား၌ ငါ၏ ယုံကြည်မှုကို ငါ မစွန့်နိုင်သေးပါ။ ဤဘဝတွင် အဆတစ်ရာ ရရှိပြီး၊ နောက်ဘဝတွင် ထာဝရအသက်ရရှိနိုင်မည့် အခွင့်အရေး ရှိလျှင်၊ ယင်းမှာ သာ၍ ကောင်းမည် မဟုတ်ပါလား”ဟု တွေးကြသည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်မှုအပေါ် ၎င်းတို့၏ အမြင်ဖြစ်သည်။ ၎င်းတို့၏ အစီအစဉ်ဖြစ်ပြီး၊ ၎င်းတို့ လုပ်ဆောင်သည့်အရာလည်း ဖြစ်သည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် မိမိတို့၏ စိတ်ကူးများအပေါ် မှီခိုသည့်သူများ၊ မိမိတို့၏ သွေးသား ဘဝများနှင့်ပတ်သက်၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို အမြဲခံစားကြသူများ၏ အတွင်းကျကျ စိတ်နှလုံးများရှိ အတွေးနှင့် စီစဉ်မှု ဖြစ်ပြီး၊ ထိုအရာက ၎င်းတို့ လိုက်စားသည့်အရာနှင့် ဘုရားသခင်ကို ယုံကြည်မှုတွင် ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းတို့ကို ကိုယ်စားပြုလေသည်။ ၎င်းတို့ စိတ်အဝင်စားဆုံးသော အရာမှာ မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့ စိတ်အဝင်စားဆုံးသော အရာမှာ ဘုရားသခင်၏ နေ့ရက် ရောက်ရှိမည့်အချိန်၊ ဘုရားသခင်၏ အမှုတော် အဆုံးသတ်မည့်အချိန်၊ ကြီးမားသည့် ကပ်ဘေးများ ကျရောက်မည့်အချိန်နှင့် ကြီးမားသည့် ကပ်ဘေးများကို ၎င်းတို့ လွတ်မြောက်နိုင်လိမ့်မည်လား ဆိုသည်တို့ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ စိတ်အဝင်စားဆုံးသော အရာဖြစ်သည်။
မိမိတို့၏ ဇာတိပကတိ ဘဝများနှင့်ပတ်သက်၍ အမြဲ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်ကြသူများနှင့် ပတ်သက်သရွေ့၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုရှိ ၎င်းတို့၏ လိုက်စားမှုသည် “ဤဘဝတွင် အဆတစ်ရာ ရရှိပြီး၊ နောက်ဘဝတွင် ထာဝရအသက်ရရှိရန်” ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ အမှုတော် မည်မျှ တိုးတက်ပြီးဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်သူတို့သည် ကယ်တင်ခြင်း ရရှိခြင်း ရလဒ်ကို ရရှိခြင်းရှိမရှိ၊ လူမည်မျှက သမ္မာတရား ရရှိပြီးဖြစ်သည်၊ ဘုရားသခင်ကို သိရှိလာကာ ကောင်းမွန်သည့် သက်သေခံချက်ကို သက်သေခံပြီးဖြစ်သည်ဆိုသည်နှင့်ပတ်သက်၍ ဤအရာများက ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိသည့်အလား ၎င်းတို့ မကြားလိုကြချေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ ကြားချင်ကြသနည်း။ (ဘုရားသခင်၏ အမှုတော် မည်သည့်အချိန်တွင် အဆုံးသတ်မည်ဆိုသည်ကို ဖြစ်သည်။) ၎င်းတို့တွင် သာ၍ ကြီးမားသည့် မျှော်လင့်ချက်ရှိသည်မဟုတ်လော။ လူအများစုသည် အလွန် စိတ်သဘောထားသေးသိမ်ကြသည်။ မည်သည့်အရာကို ၎င်းတို့ အာရုံစိုက်သည်ကို ကြည့်လော့။ ကြီးမားသည့် အရာများအတွက်သာ ၎င်းတို့ မျှော်လင့်ကြ၏။ မြင့်မားသည့် အခြေအနေတွင် ၎င်းတို့ ရှိကြသည်တကား။ လူအများစုသည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုများအကြောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအကြောင်း၊ သစ္စာရှိစွာ မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းအကြောင်း၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်ခြင်းအကြောင်းတို့ကို အစဉ်ပြောဆိုလျက် အလွန် အောက်တန်းကျကြသည်သာ ဖြစ်သည်။ ဤလူများသည် မည်သည့်အရာများ ဖြစ်ကြသနည်း။ ၎င်းတို့သည် စိတ်သဘောထား သေးသိမ်လွန်းကြ၏။ တရုတ်လူမျိုးများသည် မည်သည့်အရာကို ပြောကြသနည်း။ ၎င်းတို့ အလွန်နိမ့်ကျကြသည်။ နိမ့်ကျသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အောက်တန်းကျလွန်းခြင်း ဖြစ်သည်။ ပြီးလျှင် ဤလူများသည် မည်သည့်အရာကို အာရုံစိုက်ကြသနည်း။ ကြီးမြတ်သည့်အရာများ၊ မြင့်မားသည့် အရာများ၊ စျေးကြီးသည့်အရာများကို မျှော်လင့်ကြသည်။ စျေးကြီးသည့်အရာများကို မျှော်လင့်သူတို့သည် ဘုရားသခင်က တစ်နေ့တွင် သူနှင့်တွေ့ဆုံရန် ၎င်းတို့ကို လေထဲ ချီဆောင်လိမ့်မည်ဟု အချည်းနှီးမျှော်လင့်ဆဲဖြစ်လျက်၊ အမြဲ တရိပ်ရိပ် တိုးတက်ချင်ကြသည်။ သင်သည် ဘုရားသခင်ကို တွေ့ဆုံချင်သော်လည်း၊ ဘုရားသခင်က သင့်ကို တွေ့ဆုံလိုခြင်း ရှိမရှိဆိုသည်ကို မမေးချေ။ ဤအံ့ဩဖွယ်အရာများကိုသာ သင် ဆက်လိုချင်နေသည်။ သင်သည် ဘုရားသခင်ကို အကြိမ်အနည်းငယ်သာ တွေ့ဆုံလေပြီလော။ လူတို့သည် ဘုရားသခင်ကို မသိကြသောကြောင့်၊ သူ့ကို သင် တွေ့ဆုံသည့်အခါ၊ သူ့ကို အာခံမိနေလိမ့်ဦးမည် ဖြစ်သည်။ ဤသို့ဆိုလျှင် ဤလူများ၏ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုနောက်ကွယ်ရှိ အကြောင်းရင်းမှာ အဘယ်နည်း။ ထိုအရာမှာ အမှန်တကယ်၎င်းတို့ ဘဝများရှိ အခက်အခဲများကြောင့်သာ ဖြစ်သလော။ မဟုတ်ပေ၊ ၎င်းတို့ဘဝများတွင် အမှန်တကယ် အခက်အခဲများ ရှိကြသောကြောင့် မဟုတ်၊ ၎င်းတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုကို ၎င်းတို့၏ ဇာတိပကတိဘဝများအပေါ် အာရုံစိုက်သောကြောင့် ဖြစ်သည်။ ၎င်းတို့ လိုက်စားမှု၏ အာရုံသည် သမ္မာတရား မဟုတ်ဘဲ၊ ထိုထက် ပျော်ရွှင်သည့် ဘဝတစ်ခုကို အသက်ရှင်ရန်၊ ကောင်းမွန်သည့် ဘဝကို မွေ့လျော်ရန်နှင့် ကောင်းမွန်သည့် အနာဂတ်ကို မွေ့လျော်ရန် ဖြစ်သည်။ ဤလူများ၏ ပြဿနာများသည် ဖြေရှင်းရန် လွယ်ကူပါသလော။ အသင်းတော်တွင် ဤကဲ့သို့သော လူများရှိသလော။ ၎င်းတို့သည် အခြားသူများအား၊ “အို၊ ဘုရားသခင်၏ နေ့ရက် မည်သည့်အချိန်တွင် ရောက်လာလိမ့်မည်နည်း။ ဘုရားသခင် အမှုတော် အဆုံးသတ်တော့မည်ဟု ပြီးခဲ့သည့် နှစ်အတော်များများတွင် ပြောထားသည် မဟုတ်ပါလား။ သို့ဆိုလျှင် အဘယ်ကြောင့် အဆုံးမသတ်သေးသနည်း” ဟု အမြဲ မေးနေကြသည်။ ဤကဲ့သို့သော လူများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းတစ်ခုတလေ ရှိသလော။ ၎င်းတို့ထံ စကားတစ်ခွန်း ပြောပြီး၊ “မကြာခင် အဆုံးသတ်လိမ့်မည်”ဟုသာ ပြောပြလော့။ ဤကဲ့သို့သော လူများနှင့် ပတ်သက်လာသည့်အခါ၊ ပထမဦးစွာ ၎င်းတို့ကို၊ “သင်သည် ဤအရာအကြောင်းကို အမြဲ မေးနေသည်။ အစီအစဉ်အချို့ကို သင် ပြုလုပ်ပြီးပါပြီလား။ ပြုလုပ်ပြီးဖြစ်လျှင်၊ ဤနေရာတွင် မနေချင်သည့်အခါ ဒုက္ခခံပြီး မနေပါနှင့်။ သင် အလိုရှိသည့်အတိုင်းသာ သွားပါ။ သင်၏ ကိုယ်ပိုင်ဆန္ဒများကို မဆန့်ကျင်နှင့်။ ပြီးလျှင် မိမိကိုယ်ကိုအတွက် ဘဝကို ခက်ခဲအောင်မပြုလုပ်နှင့်။ ဘုရားအိမ်တော်သည် သင့်ကို ဤနေရာတွင် ထိန်းသိမ်းနေခြင်း မဟုတ်၊ ဤနေရာတွင် သင့်ကို လှောင်ပိတ်နေခြင်း မဟုတ်ပေ။ သင် အလိုရှိသည့် မည်သည့်အချိန်တွင်မဆို ထွက်သွားနိုင်သည်။ တစ်ဆင့်စကားနှင့်ပတ်သက်၍ အသစ်အဆန်း မည်သည့်အရာရှိသည်ဟု အမြဲ မေးမနေနှင့်။ တစ်ဆင့်စကားမှလာသော သတင်းတစ်ခုခုနှင့်ပတ်သက်ပြီး ‘မကြာမီ’ဟုသည် သင့်အား ပြောခံရလိမ့်မည်။ ထိုအဖြေနှင့် ပတ်သက်၍ သင် ကျေနပ်အားရခြင်း မရှိပါက၊ သင့်စိတ်နှလုံးတွင် အစီအစဉ်များ သင် ပြုလုပ်နှင့်ပြီးဖြစ်ကာ မည်သည့်နည်းဖြင့်မဆို ထိုအစီအစဉ်များကို အနှေးနှင့်အမြန် ပြီးစီးအောင်မြင်အောင် လုပ်လိမ့်မည်ဆိုပါက၊ ကျွန်ုပ်၏အကြံကို ယူလော့။ သင်၏ ဘုရားနှုတ်ကပတ်တော် စာအုပ်များကို ဖြစ်နိုင်သမျှ မြန်မြန် အသင်းတော်ထံ ပြန်ပေးလော့၊ သင်၏ ပစ္စည်းကို ထုပ်ပိုးကာ သွားလော့။ ကျွန်ုပ်တို့သည် အချင်းချင်း နှုတ်ဆက်စကား ဆိုရုံမျှသာဆိုကြမည်ဖြစ်ပြီး၊ ဤအရာများနှင့် ပတ်သက်၍ တစ်ဖန် သင် စိတ်ဖိစီး၊ ပူပန်သောကရောက်ရန် သို့မဟုတ် စိုးရိမ်ရန် တစ်ကြိမ်တစ်ခါမျှ လိုအပ်မည်မဟုတ်ပေ။ အိမ်သို့ပြန်ပြီး သင်၏ ဘဝကို ရှင်သန်လော့။ သင် အဆင်ပြေဖို့ ဆန္ဒပြုပါ၏။ ပျော်ရွှင်ပြီး ရောင့်ရဲသည့် ဘဝတစ်ခုကို ပိုင်ဆိုင်ရန် သင့်ကို ကျွန်ုပ် ဆန္ဒပြုပါ၏။ အနာဂတ်တွင် အရာရာ သင့်အတွက် အလုပ်ဖြစ်ဖို့ ကျွန်ုပ် မျှော်လင့်သည်”ဟု ပြောလော့။ ဤသည်ကို သင် မည်သို့ တွေးထင်ပါသနည်း။ (ကောင်းပါသည်။) အသင်းတော်ကို စွန့်ခွာရန် ၎င်းတို့ကို အကြံပေးလော့။ ၎င်းတို့ကို ထိန်းသိမ်းရန် မကြိုးစားနှင့်။ အဘယ်ကြောင့် ထိန်းသိမ်းရန် မကြိုးစားရမည်နည်း။ (၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြသောကြောင့်၊ ၎င်းတို့ကို ထိန်းသိမ်းရာတွင် အဓိပ္ပာယ်မရှိပေ။) မှန်ပေ၏။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်သည်။ မယုံကြည်သူများကို ထိန်းသိမ်းခြင်းနှင့် မနှင်ထုတ်ခြင်းတွင် မည်သည့် အဓိပ္ပာယ်ရှိမည်နည်း။ လူအချို့က၊ “သို့သော် ၎င်းတို့သည် ဆိုးယုတ်သည့်အရာ မည်သည့်အရာမျှ မလုပ်ဆောင်ခဲ့သကဲ့သို့၊ မည်သည့်အရာကိုမျှ နှောင့်ယှက်ခြင်း မရှိခဲ့ပါ”ဟု ဆိုကြသည်။ တစ်ခုတလေကို ၎င်းတို့ နှောင့်ယှက်ရန် လိုအပ်သလော။ ငါ့ကို ပြောလော့၊ လူတစ်စုတွင် ဤကဲ့သို့သော တစ်စုံတစ်ဦး ရှိနေခြင်းသည် နှောင့်ယှက်မှုတစ်ခု မဟုတ်လော။ ၎င်းတို့ သွားသည့်နေရာတိုင်းတွင်၊ ၎င်းတို့၏ ကိုယ်နှုတ်အမူအရာနှင့် လုပ်ရပ်တို့သည် နှောင့်ယှက်မှုတစ်ခုကို ဖြစ်စေနှင့်ပေသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ ဆက်ကပ်မှုများကို လုံးဝ ဆောင်ရွက်ခြင်းမရှိ၊ ဘုရားနှုတ်ကပတ်တော်များကို လုံးဝ ဖတ်ရှုခြင်းမရှိ၊ လုံးဝ ဆုတောင်းခြင်း မရှိ သို့မဟုတ် စုဝေးပွဲများတွင် မိတ်သဟာယပြုခြင်း မရှိကြချေ။ ၎င်းတို့သည် တစ်ဆင့်စကားနှင့်ပတ်သက်၍ အသစ်အဆန်း မည်သည့်အရာရှိသည်ဆိုသည်ကို အမြဲ မေးမြန်းလျက် မိမိတို့တာဝန်များကို ဟန်ဆောင်လုပ်ပြရုံသာ လုပ်ပြကြလေသည်။ ၎င်းတို့သည် ထူးထူးခြားခြားပင် စိတ်လှုပ်ရှားထိခိုက်လွယ်ပြီး၊ ပြောင်းလဲလွယ်ကြလေသည်။ စားခြင်း၊ သောက်ခြင်းနှင့် မိမိတို့ကိုယ်ကို မွေ့လျော်ခြင်းကိုလည်း ထူးထူးခြားခြား အာရုံစိုက်ကြပြီး၊ ပျင်းရိသည့်သူ၊ စားသောက်ရာတွင် မွေ့လျော်ကြသည့်သူ၊ အိပ်ရာတွင် မွေ့လျော်ကြသူ၊ ဗရုတ်ကျသောသူ၊ ဘုရားအိမ်တော်တွင် အရေအတွက်ကိုသာ ဖြည့်ရန် ရှိကြသူအချို့ပင် ရှိသည်။ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းအား စိတ်မဝင်စားသကဲ့သို့၊ လတ်လျားလတ်လျားနေသူများသာ ဖြစ်သည်။ ဘုရားအိမ်တော်သို့ ၎င်းတို့ လာကြသည့်အခါ၊ မိမိတို့ကိုယ်ကို အကျိုးရှိစေမည့် အမှုအရာများကိုသာ ရှာဖွေနေကြပြီး၊ အခွင့်အရေးယူကြလေသည်။ ၎င်းတို့ အခွင့်အရေး မယူနိုင်ပါက၊ မဆိုင်းမတွ ထွက်သွားကြလိမ့်မည်။ ၎င်းတို့သည် မဆိုင်းမတွ ထွက်သွားကြမည်ဆိုသည်ကို သိရသည့်အခါ၊ နောက်ကျသည်ထက် စောစော ထွက်သွားသည်မှာ ပိုကောင်းသည် မဟုတ်လော။ ဤကဲ့သို့သော လူများသည် အဆုံးထိပင် အလုပ်မလုပ်ပေးနိုင်ကြသကဲ့သို့ ၎င်းတို့၏ အလုပ်လုပ်ပေးခြင်းသည် ကောင်းကျိုးမရှိပေ။ ၎င်းတို့ အလုပ်လုပ်ပေးကြသည့်အခါ၊ မှန်ကန်သည့် အရာများကို မလုပ်ဆောင်ကြချေ။ ၎င်းတို့သည် မယုံကြည်သူများသာ ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင်၊ ကိစ္စရပ်များကို တတိယရှုထောင့်အမြင်မှ ၎င်းတို့ မှတ်ယူကြသည်။ ဘုရားသခင်၏ အိမ်တော် ကြီးပွားသည့်အခါ၊ ကောင်းချီးခံစားရမည့် မျှော်လင့်ချက်ရှိသည်၊ အကျိုးအမြတ်ရှိသည်၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှု အချည်းနှီးမဖြစ်ကြောင်း၊ ၎င်းတို့ အခွင့်အရေး ဆုံးရှုံးခြင်းမရှိကြောင်းနှင့် နိုင်သည့်ဘက်တွင် ၎င်းတို့ ရှိသည်မှာ သေချာသည်ဟု တွေးလျက် ပျော်ရွှင်ကြသည်။ သို့ရာတွင်၊ ဘုရားသခင်၏ အိမ်တော်သည် ဆိုးယုတ်သည့် အင်အားစုများ၏ ဖိနှိပ်ခြင်းခံရပါက၊ လူမှုအဖွဲ့အစည်း၏ စွန့်ပစ်ခြင်းခံရပါက၊ အသရေဖျက်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ခံရပြီး၊ ကြောက်မက်ဖွယ်ဖြစ်သော အကျပ်အတည်းတွင်ရှိပါက၊ ၎င်းတို့သည် စိတ်မပျက်ရုံသာမက လှောင်ပြောင်ကြလေသည်။ ဤကဲ့သို့သော လူများကို အသင်းတော်ထဲတွင် ငါတို့ ထိန်းသိမ်း၍ ရသလော။ (မရပါ။) ၎င်းတို့သည် မယုံကြည်သူများနှင့် ရန်သူများ ဖြစ်ကြသည်။ ရန်သူတစ်ဦးသည် သင်၏ ဘေးတွင်ပင် ရှိသည့်တိုင် သင်သည် ၎င်းတို့ကို ညီအစ်ကို မောင်နှမအဖြစ် မှတ်ယူပါက၊ သင်သည် မိုက်မဲသည် မဟုတ်လော။ ဤကဲ့သို့သော လူများသည် လိုလိုလားလား အလုပ်မလုပ်ပေးနိုင်ပါက၊ နှင်ထုတ်ခံရသင့်သည်၊ မှန်ပါသလော။ (မှန်ပါသည်။) ဧကန်အမှန်ပင်ဖြစ်သည်။ ထိုအရာကို ချက်ချင်း၊ အကုန်အစင် လုပ်ဆောင်လော့။ ၎င်းတို့ကို အကြံပေးရန် မလိုအပ်။ ၎င်းတို့ကို ထွက်သွားရန်သာ အပြတ်အသတ် တောင်းဆိုလော့။ ၎င်းတို့ကို လေကုန်ခံပြောရန် မလိုအပ်ပေ။ ၎င်းတို့ကို အထုပ်အပိုးဖြင့် အိမ်သို့ သင် ပြန်ပို့လိုက်သင့်သည်။ အနှစ်သာရအားဖြင့်၊ ၎င်းတို့သည် ဘုရားအိမ်တော်နှင့် သက်ဆိုင်သောလူများ မဟုတ်။ အသင်းတော်ထဲသို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဝင်ရောက်သည့် မယုံကြည်သူများသာ ဖြစ်သည်။ ၎င်းတို့ လာသည့်နေရာသို့သာ ၎င်းတို့ ပြန်သွားနိုင်ပြီး၊ သင်သည် ၎င်းတို့ကို ထွက်သွားဖို့သာ တောင်းဆိုနိုင်သည်။ အသင်းတော်ထဲသို့ ၎င်းတို့ ဝင်ရောက်ပြီးသည့်နောက်တွင်၊ လူအချို့သည် အမှန်တကယ်ပင် ၎င်းတို့ကိုယ်တိုင်နှင့် ညီအစ်ကို မောင်နှမများ၊ ဘုရားအိမ်တော်တို့ကြား ရှင်းလင်းပြတ်သားသည့် ခြားနားမှုကို သတ်မှတ်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ လုပ်ဆောင်ရန် လာသည့်အရာကို ၎င်းတို့ သိကြသောကြောင့်လည်းကောင်း၊ ၎င်းတို့ အမှန်တကယ် ယုံကြည်ခြင်း ရှိမရှိဆိုသည့်အပြင် ဘုရားသခင်၏ အမှုတော် အဆုံးသတ်လာမည့်အချိန်နှင့် စပ်လျဉ်း၍ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကောင်းချီးများ ၎င်းတို့ ရရှိနိုင်ခြင်း ရှိမရှိဆိုသည်ကို သိရှိကြသောကြောင့်လည်းကောင်း၊ ဘုရားအိမ်တော်၏ မည်သည့်အလုပ်မျှ သို့မဟုတ် လူတို့ ဝင်ရောက်ရန် ဘုရားသခင် တောင်းဆိုသည့် မည်သည့် သမ္မာတရားမျှ ၎င်းတို့နှင့် မည်သို့မျှ လုံးဝ ပတ်သက်ခြင်းမရှိသောကြောင့်လည်းကောင်း ဖြစ်သည်။ ဤအရာများကို ၎င်းတို့ အာရုံမစိုက်ကြချေ။ အသင်းတော်က ဖတ်ရှုရန် ၎င်းတို့ကို ပေးပို့သည့် ဘုရားနှုတ်ကပတ်တော် စာအုပ်များကို ၎င်းတို့ မဖတ်ကြသကဲ့သို့၊ ထုပ်ပိုးမှုအပြင်အဆင်ကို မဖွင့်ရသေးဘဲ ထိုစာအုပ်များကို အနီးအနားတွင် ဤအတိုင်း ထားလိုက်လေသည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်ကြသည်ဟုသာ ပြောကြ၏။ အပေါ်ယံအားဖြင့် အခြားသူများကဲ့သို့ ၎င်းတို့ ယုံကြည်မည့်ပုံရပြီး၊ မိမိတို့ တာဝန်များကို ထမ်းဆောင်ရန် ဟန်ဆောင်လုပ်ပြကြလေသည်။ ဘုရားနှုတ်ကပတ်တော်များကို တစ်ကြိမ်တစ်ခါမျှ မဖွင့်ဖူးကြ။ စာတစ်မျက်နှာမျှပင် မလှန်ဖူးကြ။ ထိုအရာတစ်ခုမျှ ၎င်းတို့ မဖတ်ဖူးကြပေ။ ဘုရားအိမ်တော်က အွန်လိုင်းတွင် တင်ထားသည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများ၊ ဧဝံဂေလိ ရုပ်ရှင်များ သို့မဟုတ် ဓမ္မတေးသီချင်းများ၊ စသည်တို့ကိုလည်း ၎င်းတို့ လုံးဝ မကြည့်ကြချေ။ အများအားဖြင့် မည်သည့်အရာကို ၎င်းတို့ ကြည့်ရှုကြသနည်း။ အဓိပ္ပာယ်မရှိသောအရာကိုသာ ကြည့်ရှုလျက်၊ လူကြိုက်များသော ရှိုးပွဲများ၊ ဗီဒီယိုကလစ်များနှင့် ဟာသဇာတ်လမ်းများကို ကြည့်ရှုကြသည်။ ဤလူများသည် မည်သည်များဖြစ်ကြသနည်း။ ၎င်းတို့သည်၊ “ယခုတွင် ဧဝံဂေလိအလုပ်သည် နိုင်ငံမည်မျှအထိ ပျံ့နှံ့ပြီနည်း။ လူမည်မျှသည် ဘုရားသခင်ထံ လှည့်လာကြပြီနည်း။ နိုင်ငံမည်မျှတွင် အသင်းတော်များကို ယခု တည်ထောင်ပြီးပြီနည်း။ အသင်းတော်မည်မျှ ရှိသနည်း။ ဘုရားသခင်၏ အမှုတော်သည် မည်သည့်အဆင့်တွင် ရှိသနည်း”ဟူသည်တို့ကို မေးမြန်းရန် အသင်းတော်သို့ ရံဖန်ရံခါ လည်ပတ်ကြလေသည်။ ၎င်းတို့၏ အားလပ်သည့်အချိန်တွင်၊ ဤအရာများအကြောင်းကို အမြဲ မေးကြသည်။ ဤလူသည် သူလျှိုတစ်ဦးဖြစ်ကြောင်း သံသယတစ်ခု ရှိသည် မဟုတ်လော။ ငါ့ကိုပြောလော့၊ ဤကဲ့သို့သော တစ်စုံတစ်ဦးကို ထိန်းသိမ်းရန်မှာ အဆင်ပြေသလော။ (အဆင်မပြေပါ။) ၎င်းတို့သည် မိမိဆန္ဒအလျောက် အသင်းတော်ကို မစွန့်ခွာပါက၊ သင်သည် ၎င်းတို့ကို သိရှိသည်နှင့် ဖယ်ရှားပြီး၊ ဤဘေးဆိုးများမှ အသင်းတော်ကို ဖယ်ရှားရမည်။ ၎င်းတို့ကို ထိန်းသိမ်းခြင်းသည် အဓိပ္ပာယ်မဲ့ပြီး၊ ဒုက္ခဖြစ်စေလိမ့်မည်။ ထို့ကြောင့်၊ ဤလူများ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်ကြသည့် အရာများသည် ငါတို့နှင့် မည်သို့မျှ မပတ်သက်ပေ။ ၎င်းတို့ကို အကြံပေးရန် ဒုက္ခမခံနှင့်၊ ပြီးလျှင် ၎င်းတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယပြုရန်မှာ အသုံးမဝင်ပေ။ ၎င်းတို့ကို ဖယ်ရှားလိုက်ပြီး ထိုအရာနှင့်ပတ်သက်၍ အပြီးသတ်လော့။ ဤကဲ့သို့သော လူများကို ကိုင်တွယ်ဖြေရှင်းရန် ဤသည်မှာ အကောင်းဆုံး နည်းလမ်း ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။