သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃) အပိုင်း လေး
မယုံကြည်သူများအပြင်၊ ညီအစ်ကို မောင်နှမများထဲတွင် အသက် ၆၀ မှ ၈၀ သို့မဟုတ် ၉၀ ခန့်ထိရှိပြီး၊ မိမိတို့၏ အိုမင်းသည့် အသက်အရွယ်ကြောင့် အချို့သော အခက်အခဲများလည်း တွေ့ကြုံကြရသည့် သက်ကြီးရွယ်အိုများလည်း ရှိသည်။ ၎င်းတို့၏ အသက်အရွယ် ထိုသို့ဖြစ်စေကာမူ၊ ၎င်းတို့၏ အတွေးအခေါ်သည် သေချာပေါက် မှန်ကန်ခြင်း သို့မဟုတ် ယုတ္တိတန်ခြင်း သိပ်မရှိသကဲ့သို့၊ ၎င်းတို့၏ စိတ်ကူးများနှင့် အမြင်များသည် သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီခြင်း မရှိပေ။ ဤသက်ကြီးရွယ်အိုများသည် အလားတူ ပြဿနာများသာ ရှိကြပြီး၊ ၎င်းတို့က၊ “ငါ့ ကျန်းမာရေး သိပ်မကောင်းတော့သကဲ့သို့ မည်သည့်တာဝန်ကို ငါ ထမ်းဆောင်နိုင်သည်နှင့်ပတ်သက်၍ အကန့်အသတ်ရှိသည်။ ဤသေးငယ်သည့် တာဝန်ကိုသာ ငါ ထမ်းဆောင်လျှင်၊ ဘုရားသခင်က ငါ့ကို သတိရပါမည်လား။ တစ်ခါတစ်ရံတွင် ငါ နာဖျားတတ်ပြီး ငါ့ကို စောင့်ရှောက်ဖို့ တစ်စုံတစ်ဦး လိုအပ်သည်။ ငါ့ကို စောင့်ရှောက်ရန် မည်သူမျှ မရှိသည့်အခါ၊ ငါ့တာဝန်ကို ငါ ထမ်းဆောင်နိုင်ခြင်း မရှိပါ။ ထို့ကြောင့် မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါသည် အိုမင်းပြီး၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ထိုနှုတ်ကပတ်တော်များကို မမှတ်မိနိုင်သကဲ့သို့ သမ္မာတရားကို နားလည်ရန် ငါ့အတွက် ခက်ခဲသည်။ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုနေချိန်တွင်၊ ကမောက်ကမဖြစ်ပြီး ယုတ္တိမရှိသော ပုံစံဖြင့် ငါ စကားပြောပြီး ဝေမျှထိုက်သည့် မည်သည့် အတွေ့အကြုံမျှ မရှိပါ။ ငါသည် အိုမင်းပြီဖြစ်ပြီး၊ လုံလောက်သည့် အားအင်မရှိပါ။ ငါ့အမြင်အာရုံသည် သိပ်မကောင်းသကဲ့သို့ ငါ မသန်မာတော့ပါ။ အရာရာသည် ငါ့အတွက် ခက်ခဲ၏။ ငါ့တာဝန်ကို ငါ မထမ်းဆောင်နိုင်ရုံမက၊ အမှုအရာများကို ငါ အလွယ်တကူ မေ့ပြီး၊ တလွဲဖြစ်စေသည်။ တစ်ခါတစ်ရံ ငါ စိတ်ရှုပ်ထွေးပြီး အသင်းတော်နှင့် ငါ၏ ညီအစ်ကို မောင်နှမများအတွက် ပြဿနာများဖြစ်စေသည်။ ငါသည် ကယ်တင်ခြင်း ရရှိလိုပြီး သမ္မာတရားကို လိုက်စားလိုသော်လည်း၊ အလွန်ခက်ခဲသည်။ မည်သည့်အရာကို ငါ လုပ်နိုင်သနည်း”ဟု အမြဲ စိုးရိမ်ပူပန်ကြလေသည်။ ဤအရာများကို ၎င်းတို့ တွေးသည့်အခါ၊ “ဘုရားသခင်ကို ငါ ဤအသက်အရွယ်တွင်သာ စတင် ယုံကြည်လာခဲ့သည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ မိမိတို့ အသက် ၂၀ နှင့် ၃၀ ခန့်အရွယ်တွင် ရှိကြသူများ သို့မဟုတ် မိမိတို့ အသက် ၄၀၊ ၅၀ ခန့်အရွယ်တွင်ရှိသူများနှင့်ပင် ငါ အဘယ်သို့ မတူရသနည်း။ အလွန်အိုမင်းသည့် ယခုအချိန်တွင်သာ ဘုရားသခင်၏ အမှုတော်ကို ငါ အဘယ်သို့ အမှတ်မထင် ကြုံလာရသနည်း။ ငါ့ ကံကြမ္မာ ဆိုးခြင်းတော့ မဟုတ်ပါ။ အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အမှုတော်ကို ယခု ငါ ကြုံရပြီဖြစ်သည်။ ငါ့ ကံကြမ္မာ ကောင်းမွန်ပြီး၊ ဘုရားသခင်က ငါ့ကို သနားကြင်နာလေပြီ။ ငါ ပျော်ရွှင်ချမ်းမြေ့ခြင်းမရှိသည့်အရာ တစ်ခုသာရှိပြီး ထိုအရာမှာ ငါ အိုမင်းလွန်းခြင်း ဖြစ်သည်။ ငါ့ မှတ်ဉာဏ် သိပ်မကောင်းသကဲ့သို့၊ ငါ့ ကျန်းမာရေးလည်း ထိုမျှမကောင်းပါ။ သို့သော် ငါ့မှာ ခိုင်ခံ့ပြီး မယိမ်းယိုင်သည့် အတွင်းခွန်အား ရှိပါသည်။ ငါ့ ခန္ဓာကိုယ်က ငါ့ကို မနာခံတော့ခြင်းသာဖြစ်ပြီး၊ စုဝေးပွဲများတွင် အတန်ငယ် နားထောင်ပြီးနောက် ငါ အိပ်ငိုက်သွားသည်။ တစ်ခါတစ်ရံ ငါ ဆုတောင်းဖို့ မျက်လုံးများမှိတ်ပြီးနောက် အိမ်မောကျသွားကာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ချိန်တွင် ငါ့စိတ်က ပျံ့လွင့်နေသည်။ အနည်းငယ်မျှ ဖတ်ပြီးနောက်တွင်၊ ငါ အိပ်ငိုက်သွားပြီး၊ တစ်မှေးအိပ်မိကာ နှုတ်ကပတ်တော်များကို သဘောမပေါက်ပါ။ ငါ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ထိုသို့သော လက်တွေ့ကျသည့် အခက်အခဲများဖြင့်၊ သမ္မာတရားကို ငါ လိုက်စားပြီး နားလည်နိုင်သေးပါသလား။ နားမလည်နိုင်လျှင်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ငါ လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိလျှင်၊ ငါ၏ ယုံကြည်မှုအားလုံးသည် အချည်းနှီးဖြစ်မည် မဟုတ်ပါလား။ ကယ်တင်ခြင်း ရရှိရန် ငါ ပျက်ကွက်မည်မဟုတ်ပါလား။ မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါ အလွန် စိုးရိမ်မိသည်။ ဤအသက်အရွယ်တွင်၊ မည်သည့်အရာမျှ အရေးမကြီးတော့ပါ။ ဘုရားသခင်ကို ယခု ငါ ယုံကြည်သည့်အတွက်၊ ငါ့မှာ နောက်ထပ် စိုးရိမ်မှုများမရှိတော့ပါ၊ စိတ်သောကရောက်စရာ မည်သည့်အရာမျှ မရှိသကဲ့သို့၊ ငါ၏ သားသမီးများ အရွယ်ရောက်ပြီး သူတို့ကို စောင့်ရှောက်ဖို့ သို့မဟုတ် ပြုစုပျိုးထောင်ဖို့ ငါ့ကို မလိုအပ်ကြတော့ပါ။ ဘဝတွင် ငါ့တွင် ကျန်ရှိသည့် နှစ်ကာလများ၌ ငါ၏ အကြီးမားဆုံးသော ဆန္ဒမှာ သမ္မာတရားကို လိုက်စားရန်၊ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ရန်နှင့် နောက်ဆုံးတွင် ကယ်တင်ခြင်း ရရှိရန်ဖြစ်သည်။ သို့ရာတွင် ငါ၏ တကယ့် အခြေအနေဖြစ်သည့် အသက်အရွယ်ကြောင့် အမြင်ဝေဝါးပြီး၊ စိတ်ရှုပ်ထွေးခြင်း၊ ကျန်းမာရေး ချို့တဲ့ခြင်း၊ မိမိတာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်ခြင်းနှင့် တစ်ခါတစ်ရံ ငါ တတ်နိုင်သမျှ လုပ်ဆောင်ရန် ကြိုးစားချိန်တွင် ပြဿနာများ ဖန်တီးနေမိခြင်းတို့ကို ယခု ကြည့်သည့်အခါ၊ ကယ်တင်ခြင်း ရရှိခြင်းသည် ငါ့အတွက် လွယ်ကူမည်မဟုတ်သည့်ပုံ ပေါ်ပေသည်”ဟု တွေးလျက် စတင်စိုးရိမ်သောကရောက်ကြလေသည်။ ဤအရာများကို ၎င်းတို့ အဖန်ဖန် တွေးကြပြီး၊ တိုး၍ ပူပန်သောကရောက်ကြပြီးနောက်၊ “လူငယ်များထံသို့သာ ကောင်းသည့်အရာများ ဖြစ်ပျက်ပြီး အိုမင်းသော လူများထံသို့ မဖြစ်ပျက်သည့်အလား ထင်ရသည်။ အမှုအရာများက မည်မျှ ကောင်းမွန်သည်ဖြစ်စေ၊ ထိုအရာများကို ငါ မွေ့လျော်နိုင်တော့မည် မဟုတ်သည့်အလား ထင်ရသည်”ဟု တွေးကြလေသည်။ ဤအရာများကို ၎င်းတို့ စဉ်းစားလေလေ၊ ၎င်းတို့ စိုးရိမ်သောကရောက်ပြီး ကြောင့်ကြလေလေဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုနှင့် ပတ်သက်၍ စိုးရိမ်ကြရုံမက၊ နာကျင်မှုကိုလည်းခံစားကြရလေသည်။ ၎င်းတို့ ငိုကြွေးလျှင်၊ အမှန်တကယ်တွင် ငိုကြွေးဖို့မထိုက်တန်ဟု ခံစားကြပြီး၊ မငိုကြွေးပါကလည်း၊ ထိုဝေဒနာ၊ ထိုနာကျင်မှုသည် ၎င်းတို့နှင့်အတူ အမြဲရှိလေသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သနည်း။ အထူးသဖြင့်၊ မိမိတို့ အချိန်ရှိသမျှကို ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရင်းနှင့် မိမိတို့တာဝန်ကို ထမ်းဆောင်ရင်း ကုန်ဆုံးချင်ကြသည့် သက်ကြီးရွယ်အိုအချို့ ရှိကြသော်လည်း၊ ၎င်းတို့သည် ရုပ်ပိုင်းအရ မကျန်းမာကြပေ။ အချို့မှာသွေးတိုးရှိပြီး တချို့မှာ သွေးထဲ သကြားဓာတ် မြင့်မားကြသည်၊ တချို့မှာ အစာအိမ်ပြဿနာများ ရှိကြပြီး၊ ၎င်းတို့၏ ကာယခွန်အားက ၎င်းတို့တာဝန်၏ တောင်းဆိုချက်များကို အမီမလိုက်နိုင်သောကြောင့် ၎င်းတို့ စိုးရိမ်သောကရောက်ကြလေသည်။ ငယ်ရွယ်သောလူများက စားနိုင်၊ သောက်နိုင်သည်ကို၊ ပြေးနိုင်၊ ခုန်နိုင်သည်ကို ၎င်းတို့ မြင်ကြပြီး၊ အားကျကြလေသည်။ ငယ်ရွယ်သောလူများက ထိုသို့သော အရာများ လုပ်ဆောင်သည်ကို ၎င်းတို့ မြင်လေ၊ “ငါ့တာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားကာ နားလည်ချင်သည်။ ပြီးလျှင် သမ္မာတရားကို လက်တွေ့လည်း လုပ်ဆောင်ချင်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် အလွန် ခက်ခဲရသနည်း။ ငါ အလွန် အိုမင်းပြီး အသုံးမကျပါ။ ဘုရားသခင်သည် အိုမင်းသော လူများကို အလိုမရှိပါသလား။ အိုမင်းသော လူများသည် အမှန်တကယ် အသုံးမဝင်ပါသလား။ ငါတို့သည် ကယ်တင်ခြင်းကို မရနိုင်ပါသလား”ဟု တွေးလျက်၊ သာ၍ စိတ်ဖိစီးမှု ခံစားကြလေသည်။ ၎င်းတို့သည် ထိုအကြောင်းကို မည်သို့ စဉ်းစားသည်ဖြစ်စေ၊ ဝမ်းနည်းပြီး ပျော်ရွှင်ချမ်းမြေ့ခြင်း မခံစားနိုင်ကြပေ။ ထိုသို့သော အလွန်ကောင်းသော အချိန်ကာလတစ်ခုနှင့် ထိုသို့သော ကြီးမြတ်သည့် အခွင့်အရေးတစ်ခုကို ၎င်းတို့ မလွဲချော်ချင်ကြသည့်တိုင်၊ ငယ်ရွယ်သည့်လူများ လုပ်ဆောင်သကဲ့သို့ မိမိတို့ကိုယ်ကို အသုံးမခံနိုင်ကြသကဲ့သို့ မိမိတို့တာဝန်ကို ၎င်းတို့၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ် အကြွင်းမဲ့ဖြင့် မထမ်းဆောင်နိုင်ကြချေ။ ဤသက်ကြီးရွယ်အိုများသည် ၎င်းတို့၏ အသက်အရွယ်ကြောင့်၊ နက်ရှိုင်းသည့် စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲသို့ ကျဆင်းကြသည်။ အခက်အခဲ၊ အနှောင့်အယှက်၊ ဆင်းရဲဒုက္ခ သို့မဟုတ် အတားအဆီးအချို့ကို ၎င်းတို့ ကြုံရသည့်အချိန်တိုင်းတွင်၊ မိမိတို့၏ အသက်အရွယ်ကို ၎င်းတို့ အပြစ်တင်ကြပြီး၊ မိမိတို့ကိုယ်ကိုပင် မုန်းတီးကာ မိမိတို့ကိုယ်ကို သဘောမကျကြပေ။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ အကြောင်းမထူး၊ ဖြေရှင်းချက် မရှိသကဲ့သို့ ရှေ့ဆက်ရမည့်လမ်း မရှိကြချေ။ ၎င်းတို့တွင် အမှန်တကယ် ရှေ့ဆက်ရမည့်လမ်း မရှိခြင်းများ ဖြစ်နိုင်မည်လော။ ဖြေရှင်းချက် တစ်ခုတလေ ရှိပါသလော။ (သက်ကြီးရွယ်အိုများသည်လည်း မိမိတို့တာဝန်များကို မိမိတို့ တတ်နိုင်သလောက် ထမ်းဆောင်သင့်ပါသည်။) သက်ကြီးရွယ်အိုများက ၎င်းတို့ တတ်နိုင်သလောက် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းမှာ လက်ခံနိုင်စရာဖြစ်သည်မဟုတ်လော။ သက်ကြီးရွယ်အိုများသည် မိမိတို့၏ အသက်အရွယ်ကြောင့် သမ္မာတရားကို မလိုက်စားနိုင်တော့သည်လော။ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်စွမ်း မရှိသလော။ (နားလည်နိုင်စွမ်း ရှိကြပါသည်။) သက်ကြီးရွယ်အိုများသည် သမ္မာတရားကို နားလည်နိုင်ကြသလော။ ၎င်းတို့သည် အချို့ကို နားလည်နိုင်ကြပြီး၊ ငယ်ရွယ်သည့် လူများပင်လည်း အားလုံးကို နားမလည်နိုင်ကြချေ။ သက်ကြီးရွယ်အိုများသည် ၎င်းတို့ မရှင်းမလင်းဖြစ်ကြကြောင်း၊ ၎င်းတို့ မှတ်ဉာဏ်မကောင်းကြောင်းနှင့် ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ နားမလည်နိုင်ကြောင်း ယုံကြည်လျက်၊ အမြဲ နားလည်မှုလွဲခြင်းတစ်ခုရှိကြသည်။ ၎င်းတို့ မှန်ကန်ပါသလော။ (မမှန်ပါ။) ငယ်ရွယ်သောလူများသည် သက်ကြီးရွယ်အိုများထက် သာ၍ များစွာ အားအင်ရှိကြပြီး၊ ရုပ်ပိုင်းအရ သာ၍ သန်မာကြသော်လည်း၊ အမှန်တွင် ၎င်းတို့၏ နားလည်၊ သဘောပေါက်ပြီး သိနိုင်စွမ်းသည် သက်ကြီးရွယ်အိုများနှင့် အတူတူပင် ဖြစ်သည်။ သက်ကြီးရွယ်အိုများသည်လည်း တစ်ချိန်က ငယ်ရွယ်ခဲ့ကြသည် မဟုတ်လော။ ၎င်းတို့သည် မွေးရာပါ အိုမင်းကြခြင်း မဟုတ်သကဲ့သို့၊ ငယ်ရွယ်သည့်လူများသည်လည်း တစ်နေ့တွင် အားလုံး အိုမင်းသွားကြမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများက ၎င်းတို့ အိုမင်းကြသောကြောင့်၊ ရုပ်ပိုင်းအရ အားနည်းပြီး နေထိုင်မကောင်းသကဲ့သို့ မကောင်းသည့် မှတ်ဉာဏ်များ ရှိကြသောကြောင့် ငယ်ရွယ်သော လူများနှင့် ကွာခြားကြသည်ဟု အမြဲ တွေးမနေရပေ။ အမှန်တွင်၊ ကွာခြားမှုမရှိ။ ကွာခြားမှုမရှိဟု ဆိုသည့်အခါ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ တစ်စုံတစ်ဦးသည် အိုမင်းသည်ဖြစ်စေ၊ ငယ်ရွယ်သည်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အတူတူပင်ဖြစ်သည်၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ သဘောထားနှင့် အမြင်များ တူညီပြီး၊ အမှုအရာမျိုးစုံအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်နှင့်ရပ်တည်ချက်တို့သည် အတူတူပင်ဖြစ်သည်။ သို့ဖြစ်၍ သက်ကြီးရွယ်အိုများသည် ၎င်းတို့က ပို၍ အသက်ကြီးသောကြောင့်၊ လူငယ်များထက် သာ၍ နည်းပါးသော လွန်လွန်ကဲကဲ စိတ်ဆန္ဒများ ရှိသောကြောင့်၊ ၎င်းတို့က ပို၍ တည်ငြိမ်အောင် နေနိုင်သောကြောင့် ၎င်းတို့တွင် အထိန်းအကွပ်မဲ့သော ရည်မှန်းချက်များဖြစ်စေ၊ စိတ်ဆန္ဒများဖြစ်စေ၊ သာ၍ နည်းပါးသော စိတ်သဘောထားများဖြစ်စေ မရှိဟု မတွေးရပေ။ ဤသည်မှာ နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ငယ်ရွယ်သည့် လူများသည် ရာထူးအတွက် သူတစ်ပါးကို ချနင်းနိုင်ကြသည်။ သို့ဆိုလျှင် သက်ကြီးရွယ်အိုများသည် ရာထူးအတွက် သူတစ်ပါးကို မချနင်းနိုင်ကြသလော။ ငယ်ရွယ်သည့်လူများသည် စည်းမျဉ်းများကို ဆန့်ကျင်သည့်အရာများ လုပ်ဆောင်နိုင်ပြီး ထင်ရာမြင်ရာ ပြုမူနိုင်သည်။ သို့ဆိုလျှင် သက်ကြီးရွယ်အိုများသည်လည်း အလားတူ မလုပ်ဆောင်နိုင်ကြသလော။ (လုပ်ဆောင်နိုင်ကြပါသည်။) ငယ်ရွယ်သည့်လူများသည် မာနထောင်လွှားနိုင်သည်၊ သို့ဆိုလျှင် သက်ကြီးရွယ်အိုများသည်လည်း မာနထောင်လွှားနိုင်ခြင်း မရှိကြသလော။ သို့ရာတွင်၊ သက်ကြီးရွယ်အိုများ မာနထောင်လွှားကြသည့်အခါ၊ ၎င်းတို့၏ အိုမင်းသည့် အသက်အရွယ်ကြောင့်၊ သိပ်ရန်မူတတ်ခြင်း မရှိကြသကဲ့သို့၊ ထိုမျှ သဘောထားမြင့်မြတ်သော မာနထောင်လွှားမှု မဟုတ်ချေ။ ငယ်ရွယ်သော လူများသည် ၎င်းတို့၏ ကွေးနိုင်ဆန့်နိုင်သော ခြေလက်များနှင့် စိတ်များကြောင့် သာ၍ သိသာသည့် မာနထောင်လွှားမှု သရုပ်သကန်များကို ပြကြစဉ်တွင်၊ သက်ကြီးရွယ်အိုများသည် ၎င်းတို့၏ မာတောင့်သည့် ခြေလက်များနှင့် တင်းမာသော စိတ်များကြောင့် သာ၍ မသိသာသည့် မာနထောင်လွှားမှု သရုပ်သကန်များ ပြကြလေသည်။ သို့ရာတွင် ၎င်းတို့၏ မာနထောင်လွှားမှု အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အတူတူပင်ဖြစ်သည်။ သက်ကြီးရွယ်အိုတစ်ဦးသည် ဘုရားသခင်ကို အချိန်မည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့တာဝန်ကို နှစ်ပေါင်းမည်မျှ ထမ်းဆောင်ပြီးသည်ဖြစ်စေ၊ ၎င်းတို့သည် သမ္မာတရား လိုက်စားမှုတွင် မရှိပါက၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေလိမ့်မည်ဖြစ်သည်။ ဥပမာအားဖြင့်၊ တစ်ကိုယ်တည်းနေထိုင်သည့် အချို့သော သက်ကြီးရွယ်အိုများသည် မိမိတို့ဘာသာ နေထိုင်နေကျဖြစ်ပြီး၊ မိမိတို့ နည်းလမ်းများကို ပြောင်းလဲလိုခြင်း မရှိကြချေ။ စားခြင်း၊ အိပ်ခြင်းနှင့် အနားယူခြင်းတို့အတွက် အချိန်များနှင့် မိမိတို့ကိုယ်ပိုင် အစီအစဉ်များကို သတ်မှတ်ပြီးဖြစ်ကာ မိမိတို့ ဘဝများထဲက အမှုအရာများ၏ စနစ်ကျမှုကို နှောင့်ယှက်ရန် လိုလားခြင်း မရှိကြချေ။ ဤသက်ကြီးရွယ်အိုများသည် အပြင်ပန်းမှ အံ့ဩလောက်စရာလူများကဲ့သို့ ထင်ရသော်လည်း၊ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိဆဲဖြစ်ပြီး၊ ၎င်းတို့နှင့် အချိန်ကြာမြင့်စွာ ပေါင်းသင်းဆက်ဆံပြီးနောက်တွင် ဤအရာကို သင် သိရှိလာပေသည်။ အချို့သော သက်ကြီးရွယ်အိုများသည် အလွန့်အလွန် ပြောင်းလဲလွယ်ပြီး မာနထောင်လွှားကြသည်။ ၎င်းတို့အနေဖြင့် မိမိတို့ စားလိုသည့်အရာကို လုံးဝ ရှိရမည်ဖြစ်ပြီး၊ အားလပ်ချိန်အတွက် ၎င်းတို့ တစ်နေရာရာသို့ သွားလိုသည့်အခါ မည်သူမျှ မတားဆီးနိုင်ပေ။ တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့ အာရုံစိုက်သည့်အခါ၊ ရိုင်းစိုင်းသည့် မြင်းလားများက ၎င်းတို့ကို တရွတ်တိုက်ဆွဲခေါ်သွား၍ မရနိုင်ပေ။ ၎င်းတို့ကို မည်သူကမျှ မပြောင်းလဲနိုင်သကဲ့သို့၊ ၎င်းတို့၏ ဘဝတစ်ခုလုံးတွင် ပြောင်းလဲလွယ်ကြလေသည်။ ထိုသို့သော ခေါင်းမာသည့် သက်ကြီးရွယ်အိုများသည် ထိန်းရကျောင်းရခက်သော လူငယ်များထက် သာ၍ပင် ဒုက္ခပေးတတ်သည်။ ထို့ကြောင့်၊ လူအချို့က၊ “သက်ကြီးရွယ်အိုများသည် ငယ်ရွယ်သည့်လူများလောက် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခြင်း မရှိကြချေ။ သက်ကြီးရွယ်အိုများသည် သာ၍ ရှေးရိုးဆန်ပြီး၊ မပွင့်လင်းသည့် အချိန်ကာလတစ်ခုကို ဖြတ်သန်းအသက်ရှင်ကြပြီး၊ ထို့ကြောင့် ဤသက်ကြီးရွယ်အို မျိုးဆက်သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခြင်း မရှိကြ”ဟု ပြောသည့်အခါ၊ ဤအဆိုသည် မှန်ကန်ပါသလော။ (မမှန်ကန်ပါ။) ဤသည်မှာ ၎င်းတို့ ကိုယ်တိုင်အတွက် ကတ်သီးကတ်ဖဲ့ပြောခြင်း ဖြစ်သည်။ ငယ်ရွယ်သည့်လူများသည် အခြားသူများနှင့် အလုပ်မလုပ်ချင်ကြသကဲ့သို့ သက်ကြီးရွယ်အိုများသည် အလားတူပင် ဖြစ်နိုင်သည် မဟုတ်လော။ (ဖြစ်နိုင်ပါသည်။) သက်ကြီးရွယ်အိုအချို့က၊ “ကျွန်ုပ်သည် နှစ်ကာလများအနေဖြင့် ကြီးရင့်သည်။ သင် အသက်မည်မျှ ရှိသနည်း။ အသက်ကြီးသူသည် ကျွန်ုပ်လား၊ သို့မဟုတ် သင်လား။ ဤအရာကို သင်ကြားလိုမည်မဟုတ်။ သို့သော် ဤအဆောက်အဦး ဝန်းကျင်တွင် ကျွန်ုပ် ရှိနေခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ကျွန်ုပ်ပြောသည်ကို သင် နားထောင်ရမည်။ ကျွန်ုပ် အတွေ့အကြုံရှိပြီး နှံ့စပ်သည်။ အသင် ငယ်ရွယ်သည့် ကလေးများသည် မည်သည့်အရာ နားလည်ကြသနည်း။ သင် မမွေးမီကပင် ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နေခဲ့သည်”ဟု ဆိုလျက်၊ မိမိတို့၏ အိုမင်းသည့် အရွယ်ကို အမြဲ ကြွားလုံးထုတ်ရင်းနှင့် မိမိတို့၏ ဝါရင့်သမ္ဘာရင့် နှစ်ကာလများအပေါ် ဂုဏ်ယူရင်း ငယ်ရွယ်သည့် လူများထက်ပင် သာ၍ ပြင်းထန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိကြလေသည်။ ဤသည်မှာ သာ၍ ဒုက္ခပေးတတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့တွင် “အသက်ကြီးသူ”ဟူသည့် ဂုဏ်ပုဒ်ရှိသည်နှင့်၊ အသက်ကြီးသောလူများသည် သာ၍ ဒုက္ခပေးတတ်ကြလေသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများသည် သမ္မာတရားကို မလိုက်စားနိုင်ခြင်း မဆိုထားနှင့်၊ လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိကြခြင်း မဟုတ်သကဲ့သို့၊ မိမိတို့တာဝန်များကို မထမ်းဆောင်နိုင်ကြခြင်းလည်း မဟုတ်ပေ။ ၎င်းတို့အတွက် လုပ်ဆောင်စရာများစွာ ရှိ၏။ သင်၏ တစ်သက်တာအတွင်း သင် စုဆောင်းပြီးဖြစ်သည့် အမျိုးမျိုးသော အယူလွဲများနှင့် အတွေးမှားများအပြင်၊ အမျိုးမျိုးသော အစဉ်အလာ စိတ်ကူးများနှင့် အယူအဆများ၊ မသိနားမလည်သည့်၊ ခေါင်းမာသည့်အရာများ၊ ရှေးရိုးစွဲ အရာများ၊ ယုတ္တိမရှိသည့် အရာများနှင့် သင် စုဆောင်းပြီးသည့် လိုရာဆွဲပြောသော အရာများအားလုံး သင့်စိတ်နှလုံးတွင် စုပုံနေပြီးဖြစ်ကာ ဤအရာများကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာပြီး သတိပြုရန် သင်သည် သာ၍ပင် အချိန်ကုန်ဆုံးသင့်ပေသည်။ သင့်အနေဖြင့် လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိသည်မှာ မဟုတ်ပေ၊ သို့မဟုတ် သင် မျှော်လင့်ချက် ကုန်ဆုံးသည့်အခါ စိတ်ဖိစီး၊ ပူပန်သောကရောက်သင့်သည်ဆိုသည်မှာ မဟုတ်ပေ။ ဤသည်မှာ သင်၏ အလုပ်မဟုတ်သကဲ့သို့ တာဝန်လည်း မဟုတ်ချေ။ ဦးစွာပထမ၊ သက်ကြီးရွယ်အိုများသည် မှန်ကန်သည့် တွေးခေါ်မှုအလေ့အထ ရှိသင့်ကြသည်။ သင်သည် အသက်ကြီးနိုင်ပြီး ရုပ်ပိုင်းအရ အတော်အတန် အိုမင်းနေနိုင်သော်လည်း၊ ငယ်ရွယ်သည့် တွေးခေါ်မှု အလေ့အထ ရှိသင့်နေဆဲ ဖြစ်သည်။ သင်သည် အသက်အိုမင်းလာနေသော်လည်း၊ သင်၏ တွေးခေါ်ခြင်းသည် နှေးကွေးပြီး သင်၏ မှတ်ဉာဏ်အားနည်းသော်လည်း၊ သင့်ကိုယ်သင် သိရှိနိုင်ဆဲ၊ ငါပြောသည့် စကားများကို နားလည်နိုင်ဆဲဖြစ်ပြီး၊ သမ္မာတရားကို နားလည်နိုင်ဆဲဖြစ်ပါက၊ ယင်းမှာ သင်သည် အိုမင်းခြင်းမရှိကြောင်းနှင့် သင်၏ အစွမ်းအစသည် ချို့တဲ့ခြင်း မရှိကြောင်း သက်သေပြပေသည်။ တစ်စုံတစ်ဦးသည် အသက် ၇၀ အရွယ်ခန့်တွင်ရှိသော်လည်း၊ သမ္မာတရားကို နားမလည်နိုင်ပါက၊ ဤသည်မှာ ၎င်းသည် သမ္မာတရားကို နားလည်နိုင်ခြင်း မရှိအောင်ပင် ဝိညာဉ်ရင့်ကျက်မှု အလွန်သေးငယ်ကြောင်း ပြပေသည်။ ထို့ကြောင့် အသက်အရွယ်သည် သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ ဆက်စပ်မှုမရှိ။ ထို့အပြင်၊ အသက်အရွယ်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် ပတ်သက်လာသည့်အခါတွင်လည်း ဆက်စပ်မှုမရှိပေ။ စာတန်သည် နှစ်ထောင်သောင်းချီ၊ နှစ်သန်းရာချီ တည်ရှိပြီးဖြစ်ကာ စာတန်ဖြစ်နေဆဲဖြစ်သည့်တိုင် “စာတန်” ဟူသော စကားလုံး၏ ရှေ့တွင် အထူးပြုသော နာမဝိသေသနတစ်ခုကို ဖြည့်ရဦးမည်ဖြစ်ပြီး၊ ယင်းမှာ နောက်ပိတ်ဆုံး အဆင့်ထိ ဆိုးယုတ်သည်ဟု အဓိပ္ပာယ်ရသည့် “ရှေးဟောင်းစာတန်”ဟူ၍ ဖြစ်သည်၊ မှန်ပါသလော။ (မှန်ပါသည်။) ဤသို့ဆိုလျှင် သက်ကြီးရွယ်အိုများသည် မည်သို့ လက်တွေ့လုပ်ဆောင်သင့်ကြသနည်း။ ရှုထောင့်တစ်ခုမှာ သင်သည် ငယ်ရွယ်သည့်လူများကဲ့သို့ အလားတူ တွေးခေါ်မှုအလေ့အထ ရှိသင့်သည်၊ သမ္မာတရားကို လိုက်စားပြီး မိမိကိုယ်ကို သိရှိသင့်သည်။ ပြီးလျှင် သင့်ကိုယ်သင် သိရှိလာသည်နှင့်၊ နောင်တရသင့်ပေသည်။ နောက်ထပ် ရှုထောင့်တစ်ခုမှာ သင့်အနေဖြင့် သင့်တာဝန်ကို ထမ်းဆောင်ရာတွင် စည်းမျဉ်းများ ရှာဖွေသင့်ပြီး၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်သင့်သည်။ သင်သည် အိုမင်းကြောင်း၊ နှစ်ကာလများအားဖြင့် ကြီးရင့်ကြောင်း၊ ငယ်ရွယ်သည့်လူများရှိသော နိုးကြားထကြွသည့် အတွေးများ မရှိကြောင်း၊ ငယ်ရွယ်သည့်လူများတွင်ရှိသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိကြောင်း၊ ဤဘဝတွင် အရာရာကို သင် တွေ့ကြုံပြီးဖြစ်ကြောင်း၊ ထိုအရာအားလုံးထဲသို့ ထိုးထွင်းသိမြင်မှု ရရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သင့်ထံတွင် အထိန်းအကွပ်မဲ့သည့် ရည်မှန်းချက်များ သို့မဟုတ် စိတ်ဆန္ဒများမရှိကြောင်းဆိုလျက်၊ မိမိကိုယ်ကို သမ္မာတရားလိုက်စားခြင်းမှ မဖယ်ရှားသင့်ပေ။ ဤအရာကို ပြောဆိုခြင်းအားဖြင့် သင် အမှန်တကယ် ဆိုလိုသည့်အရာမှာ၊ “ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ထိုမျှ မဆိုးရွားပါ၊ ထို့ကြောင့် သမ္မာတရားလိုက်စားခြင်းသည် သင်တို့ ငယ်ရွယ်သည့်လူများအတွက် ဖြစ်သည်။ ကျွန်ုပ်တို့ အိုမင်းသော လူများနှင့် မည်သည့် ပတ်သက်မှုမျှမရှိပါ။ ကျွန်ုပ်တို့ အိုမင်းသည့် လူများသည် မည်သည့်အလုပ်ကိုမဆိုကိုသာ လုပ်ဆောင်ကြပြီး၊ ဘုရားအိမ်တော်တွင် ကျွန်ုပ်တို့ တတ်နိုင်သည့် မည်သည့်အားထုတ်မှုကိုမဆို ထုတ်သုံးကြပြီးနောက် ကျွန်ုပ်တို့တာဝန်ကို ကောင်းစွာ လုပ်ဆောင်ပြီးဖြစ်ကာ ကယ်တင်ခံရလိမ့်မည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ အန္တိခရစ် စိတ်သဘောထားများနှင့် အန္တိခရစ် အနှစ်သာရများကို ဘုရားသခင် ထုတ်ဖော်ပြခြင်းအတွက်မူ၊ ယင်းမှာ သင်တို့ ငယ်ရွယ်သည့်လူများ နားလည်သင့်သည့်အရာ ဖြစ်သည်။ ထိုအရာကို သင်တို့ သေချာစွာ နားထောင်နိုင်ပြီး၊ သင်တို့အား ကျွန်ုပ်တို့က ကောင်းစွာ ဧည့်ခံကာ သင်တို့ကို ဘေးကင်းလုံခြုံစေရန် ပတ်ဝန်းကျင်များကို စောင့်ကြည့်ပေးခြင်းတို့သည် လုံလောက်ပေသည်။ ကျွန်ုပ်တို့ အိုမင်းသည့် လူများတွင် အထိန်းအကွပ်မဲ့သည့် ရည်မှန်းချက်များ မရှိပါ။ ကျွန်ုပ်တို့သည် အိုမင်းလာနေသည်၊ ငါတို့ ဦးနှောက်များက တုံ့ပြန်မှု နှေးကွေးပြီး၊ ထို့ကြောင့် ငါတို့၏ တုံ့ပြန်မှုအားလုံး အပြုသဘောဆောင်ခြင်း ဖြစ်သည်။ ငါတို့ မသေမီတွင်၊ ကြင်နာသနားစိတ် ရှိလာကြသည်။ လူတို့ အိုမင်းသွားကြသည့်အခါ၊ လိမ္မာလာကြသောကြောင့် ကျွန်ုပ်တို့သည် လိမ္မာသော လူများဖြစ်သည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့ အမှန်တကယ် ဆိုလိုသည့်အရာမှာ ၎င်းတို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျှ မရှိဟူ၍ ဖြစ်သည်။ သက်ကြီးရွယ်အိုများသည် သမ္မာတရား လိုက်စားရန် မလိုအပ်ကြောင်း၊ သို့မဟုတ် သမ္မာတရား လိုက်စားခြင်းသည် သင်တို့၏ အသက်အရွယ်အပေါ် မူတည်၍ ကွဲပြားခြားနားသည်ဟု မည်သည့်အချိန်တွင် ငါတို့ ဆိုဖူးကြသနည်း။ ဤသည်ကို ငါတို့ ဆိုဖူးကြသလော။ မဆိုဖူးကြပေ။ ဘုရားအိမ်တော်တွင်၊ ပြီးလျှင် သမ္မာတရားနှင့် ပတ်သက်လာသည့်အခါတွင်၊ သက်ကြီးရွယ်အိုများသည် အထူးအုပ်စုတစ်ခု ဖြစ်ကြသလော။ မဟုတ်ကြပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သင့်ဖောက်ပြန်ပျက်စီးခြင်း၏ နက်ရှိုင်းမှု၊ သမ္မာတရား လိုက်စားရန် သင် အရည်အချင်း ပြည့်မီခြင်း ရှိမရှိ၊ ကယ်တင်ခြင်းကို သင် ရရှိနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် သင် ကယ်တင်ခံရဖို့ ဖြစ်နိုင်ခြေအဘယ်သို့ရှိသည်ဆိုသည်တို့နှင့် ပတ်သက်လာသည့်အခါတွင်ကဲ့သို့ပင်၊ သမ္မာတရားနှင့် ပတ်သက်လာသည့်အခါ အသက်အရွယ်သည် ဆက်စပ်မှုမရှိပေ။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခုတွင် သမ္မာတရားနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ ငါတို့ မိတ်သဟာယပြုကြပြီးဖြစ်သော်လည်း၊ လူတို့၏ မတူကွဲပြားသော အသက်အရွယ်အများအတိုင်း မတူကွဲပြားသော သမ္မာတရား အမျိုးအစားများကို ငါတို့ လုံးဝ မိတ်သဟာယမပြုကြဖူးပေ။ ငယ်ရွယ်သည့် လူများအတွက်ဖြစ်စေ၊ သက်ကြီးရွယ်အိုများအတွက်ဖြစ်စေ သမ္မာတရားကို မည်သည့်အခါတွင်မျှ အထူးသီးသန့် မိတ်သဟာယမပြုဖူးသကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း ထုတ်ဖော်ပြခြင်းမရှိဖူးပေ။ ၎င်းတို့သည် အိုမင်းသည့် အရွယ်၊ တင်းမာသော အတွေးနှင့် အသစ်သောအရာများကို လက်ခံနိုင်စွမ်းမရှိခြင်းတို့ကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အလိုအလျောက် လျော့နည်းကာ ပြောင်းလဲသွားသည်ဟုလည်း ပြောဆိုထားခြင်း မရှိလေပြီ။ ဤအရာများကို မည်သည့်အခါတွင်မျှ မပြောဆိုဖူးပေ။ လူတို့၏ အသက်အရွယ်အရနှင့် သက်ကြီးရွယ်အိုများကို ထည့်မတွက်ဘဲ ချန်ထားလျက် သမ္မာတရားတစ်ခုကိုမျှ သတ်သတ်မှတ်မှတ် မိတ်သဟာယ မပြုဖူးပေ။ သက်ကြီးရွယ်အိုများသည် အသင်းတော်တွင်၊ ဘုရားအိမ်တော်တွင် သို့မဟုတ် ဘုရားသခင်၏ ရှေ့မှောက်တွင် အထူးအုပ်စုတစ်စု မဟုတ်ဘဲ၊ ထိုထက် အခြား မည်သည့်အသက်အရွယ်အုပ်စုမဆိုနှင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့နှင့် ပတ်သက်၍ ထူးခြားသည့်အရာ မည်သည့်အရာမျှ မရှိ။ ၎င်းတို့အနေဖြင့် အခြားသူများထက် အနည်းငယ်ပို၍ ကြာရှည်စွာ အသက်ရှင်နေထိုင်ပြီးဖြစ်ခြင်း၊ အခြားသူများထက် နှစ်အနည်းငယ် စောစွာ ဤလောကထဲသို့ ရောက်ရှိခဲ့ခြင်း၊ ၎င်းတို့၏ ဆံပင်များက အခြားသူများထက် အနည်းငယ် သာ၍ ဖြူခြင်းနှင့် ၎င်းတို့၏ ခန္ဓာကိုယ်များသည် အခြားသူများထက် အနည်းငယ် စောစီးစွာ အိုမင်းသွားခြင်းသာ ဖြစ်သည်။ ဤအရာများအပြင် မည်သည့် ကွာခြားမှုမျှ မရှိပေ။ ထို့ကြောင့်၊ သက်ကြီးရွယ်အိုများက၊ “ငါသည် အိုမင်းသည်၊ ထို့ကြောင့် ငါသည် ကောင်းမွန်စွာ ပြုမူသောလူတစ်ဦးဖြစ်သည်ဟုလည်းကောင်း၊ ငါ့ထံတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိဟုလည်းကောင်း၊ ငါ့ထံတွင် ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်သာ ရှိသည်ဟုလည်းကောင်း ဆိုလိုသည်”ဟု အမြဲတွေးပါက၊ ဤသည်မှာ မှားယွင်းသော သိနားလည်မှုတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အတော်အတန် အရှက်မဲ့သည် မဟုတ်လော။ အချို့သော သက်ကြီးရွယ်အိုများသည် နောက်ဆုံးပိတ်အထိ ဉာဏ်များလျက် ကောက်ကျစ်အိုမင်းသည့် လူလိမ်လူညစ်များ ဖြစ်ကြသည်။ အမှန်တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ ပွင့်အံထွက်မှုများသည် အခြားလူများထက် မလျော့နည်းချိန်တွင်၊ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ မရှိကြောင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဟောင်းနွမ်းစုတ်ပြတ်သွားပြီးဖြစ်ကြောင်းကိုပင် ပြောဆိုကြသည်။ လက်တွေ့တွင် ဤသက်ကြီးရွယ်အိုမျိုး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လူ့သဘာဝ အရည်အသွေးတို့ကို ငါတို့ ဖော်ပြနိုင်သည့် နည်းလမ်းများစွာ ရှိသည်။ ဥပမာအားဖြင့်၊ “ကောက်ကျစ်အိုမင်းသည့် လူလိမ်လူညစ်များ”နှင့် “ရင့်သော ဂျင်းက အစပ်ဆုံး၊ အတွေ့အကြုံက ငယ်ရွယ်မှုကို အနိုင်ယူသည်”ဟူသော ဤနှစ်ခုလုံးက “အိုမင်းသော (ရင့်သော)”ဟူသည့် စကားကို သုံးသည်၊ မှန်ပါသလော။ (မှန်ပါသည်။) “အိုမင်းသော”ဟူသည့် စကားလုံးကို သုံးသည့် အခြား မည်သည့်ဖော်ပြချက်များ ရှိသနည်း။ (အိုမင်းသော အကြံသမားများဖြစ်ပါသည်။) ဟုတ်ပေ၏၊ ထိုအရာ “အိုမင်းသော အကြံသမားများ”သည် ကောင်းသည့် ဖော်ပြချက်တစ်ခုဖြစ်သည်။ သင် မြင်သလော၊ ထိုအရာအားလုံးက “အိုမင်းသော”ဟူသည့် စကားလုံး သုံးသည်။ ထို့နောက် “စာတန်အို” နှင့် “နတ်ဆိုးအိုများ”၊ စံပြုလောက်သည့် ဝါရင့်များ ရှိသည်။ သက်ကြီးရွယ်အို အုပ်စုတစ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အခါ လူတို့သည် မည်သည့်အရာကို ယုံကြည်ကြသနည်း။ ၎င်းတို့က၊ “ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားလုံး ဟောင်းနွမ်းစုတ်ပြတ်သွားပြီဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ငယ်ရွယ်သော လူများအတွက် ပြဿနာတစ်ခု ဖြစ်သည်။ သင်တို့သည် ကျွန်ုပ်တို့ထက် သာ၍ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်”ဟု ယုံကြည်ကြသည်။ ဤသည်မှာ တမင်လိုရာဆွဲပြီး မမှန်မကန်ပြောခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် မိမိကိုယ်ကို ကောင်းသည့်ပုံစံတစ်ခုဖြင့် ခြယ်မှုန်းပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်ချင်ကြသော်လည်း အမှန်တွင် ဤသည်မှာ မမှန်သကဲ့သို့ အမှုအရာများသည် ထိုသို့မဟုတ်ပေ။ “နတ်ဆိုးအိုများ”၊ “စာတန်အို”၊ “အိုမင်းသော အကြံသမားများ”၊ “ကောက်ကျစ်အိုမင်းသော လူလိမ်လူညစ်များ” နှင့် “မိမိ၏ အိုမင်းသော အသက်အရွယ်ကို ကြွားလုံးထုတ်ခြင်း”ဆိုသည့် “အိုမင်းသော”ဟူသည့် စကားကို အသုံးပြုသော ဤဖော်ပြချက်များသည် ကောင်းသည့်အရာများ မဟုတ်သကဲ့သို့ အပြုသဘောဆောင်သည့်အရာများ မဟုတ်ပေ။
သက်ကြီးရွယ်အိုများအား သတိပေးချက်တစ်ခု ပေးရန်၊ ၎င်းတို့ကို အကြံပေးပြီး လမ်းပြရန်နှင့် ငယ်ရွယ်သော လူတို့အားလည်း ကာကွယ်ဆေးထိုးပေးရန် ဤအရာနှင့်ပတ်သက်၍ ငါတို့ ယခု မိတ်သဟာယပြုနေကြခြင်း ဖြစ်သည်။ ဤအရာများကို ပြောခြင်း၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် မည်သည့်ပြဿနာကို ဖြေရှင်းရန် ဖြစ်သနည်း။ ဤသက်ကြီးရွယ်အိုများ၏ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ဖြေရှင်းရန်နှင့် ဤစိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို မလိုလားအပ်သကဲ့သို့ မလိုအပ်ကြောင်း ၎င်းတို့ နားလည်သည်ကို သေချာစေရန် ဖြစ်သည်။ တာဝန်တစ်ခုကို သင် ထမ်းဆောင်ရန် ဆန္ဒရှိပြီး သင်သည် တာဝန်တစ်ခု ထမ်းဆောင်ရန် သင့်တော်ပါက၊ ဘုရားအိမ်တော်က သင့်ကို ငြင်းလိမ့်မည်လော။ (ငြင်းမည်မဟုတ်ပါ။) ဘုရားအိမ်တော်က တာဝန်တစ်ခုထမ်းဆောင်ရန် သင့်ကို အခွင့်အရေးတစ်ခု သေချာပေါက် ပေးလိမ့်မည်။ “သင်သည် အိုမင်းသောကြောင့် တာဝန်ထမ်းဆောင်၍မရပါ။ ထွက်သွားပါ။ သင့်ကို ငါတို့ အခွင့်အရေးပေးမည် မဟုတ်ပါ”ဟု လုံးဝ ပြောလိမ့်မည် မဟုတ်။ ထိုသို့မဟုတ်၊ ဘုရားအိမ်တော်သည် လူအားလုံးကို မျှမျှတတ ဆက်ဆံသည်။ သင်သည် တာဝန်တစ်ခု ထမ်းဆောင်ခြင်းအတွက် သင့်တော်ပြီး၊ ကွယ်ဝှက်ထားသည့် အန္တရာယ်တစ်ခုခု မရှိသရွေ့၊ ဘုရားအိမ်တော်က သင့်ကို အခွင့်အရေးတစ်ခု ပေးလိမ့်မည်ဖြစ်ပြီး၊ သင် တတ်နိုင်သမျှ တာဝန်တစ်ခုကို ထမ်းဆောင်ရန် ခွင့်ပြုလိမ့်မည်။ ထို့အပြင်၊ သင်သည် သင့်ကိုယ်သင် သိမြင်မှုရှိပြီး သမ္မာတရားလိုက်စားရန် ဆန္ဒရှိပါက၊ တစ်ဦးတလေက သင့်ကို လှောင်ပြောင်ပြီး၊ “သင်ကဲ့သို့သော လူအိုတစ်ယောက်သည် သမ္မာတရားကို လိုက်စားရန် အရည်အချင်း ပြည့်မီပါသလား”ဟု ပြောလိမ့်မည်လော။ သင့်ကို တစ်ဦးတလေက လှောင်ပြောင်လိမ့်မည်လော။ (လှောင်ပြောင်လိမ့်မည် မဟုတ်။) တစ်ဦးတလေက၊ “သင်သည် အိုမင်းပြီး စိတ်ရှုပ်ထွေးသည်။ သမ္မာတရားကို သင် လိုက်စားရာတွင် မည်သည့် အဓိပ္ပာယ်ရှိပါသနည်း။ သင့်လောက် အိုမင်းသော တစ်စုံတစ်ဦးကို ဘုရားသခင်က ကယ်တင်မည် မဟုတ်ပါ”ဟု ပြောလိမ့်မည်လော။ (ပြောလိမ့်မည် မဟုတ်ပါ။) ပြောမည်မဟုတ်။ လူတိုင်းသည် သမ္မာတရားရှေ့တွင် တန်းတူညီမျှဖြစ်ပြီး လူတိုင်း မျှတစွာ ဆက်ဆံခံရသည်။ သင်က သမ္မာတရားကို လိုက်စားမည်မဟုတ်ခြင်းနှင့် “ငါသည် အိုမင်းပြီး မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်နိုင်ခြင်း မရှိပါ”ဟု အမြဲတွေးလျက်၊ မိမိအသက်အရွယ်ကို အမြဲ ဆင်ခြေပေးတတ်သူ ဖြစ်လာခြင်းသာ ဖြစ်သည်။ အမှန်တွင်၊ သင့် အစွမ်းအစသင့်သလောက် ထမ်းဆောင်နိုင်သည့် တာဝန်များစွာရှိသည်။ မည်သည့်တာဝန်ကိုမျှ သင် မထမ်းဆောင်သကဲ့သို့၊ ထိုအစား အခြားသူများကို ဩဝါဒပေးချင်လျက် သင်၏ အိုမင်းသော အသက်အရွယ်ကို ကြွားလုံးထုတ်ပါက၊ သင့်ကို မည်သူ နားထောင်ချင်မည်နည်း။ မည်သူမျှ နားထောင်ချင်မည် မဟုတ်။ သင်က၊ “အို၊ အသင် ငယ်ရွယ်သောလူများသည် အမှုအရာများကို နားကိုမလည်ကြပါ”၊ “အို၊ အသင် ငယ်ရွယ်သော လူများသည် တစ်ကိုယ်ကောင်းသာ ဆန်ကြသည်”၊ “အို အသင် ငယ်ရွယ်သော လူများသည် မာနထောင်လွှားခြင်းသာ ဖြစ်ကြသည်” ဆိုသည်နှင့် “အို၊ အသင် ငယ်ရွယ်သောလူများသည် ပျင်းရိရုံသာရှိကြသည်။ ကျွန်ုပ်တို့ အိုမင်းသောလူများသည် အလုပ်ကြိုးစားကြပြီး၊ ကျွန်ုပ်တို့ခေတ်တွင် ကျွန်ုပ်တို့သည် ထိုထိုသောအရာ ဖြစ်ခဲ့သည်”ဟု အမြဲပြောလေသည်။ ထိုသို့သော အရာများကို ပြောဆိုခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ သင်၏ “ခမ်းနားသော” သမိုင်းအကြောင်းကို ဆက်မပြောနှင့်။ မည်သူကမျှ မကြားချင်ပေ။ ထိုခေတ်နောက်ကျသော အရာများကို ပြောခြင်းသည် အဓိပ္ပာယ်မရှိပေ။ ထိုအရာများသည် သမ္မာတရားကို ကိုယ်စားမပြုပေ။ တစ်စုံတစ်ရာအကြောင်း သင် ပြောလိုပါက၊ သမ္မာတရားနှင့်ပတ်သက်၍ အားထုတ်မှုအချို့ကို ပြုလုပ်လော့၊ သမ္မာတရားကို အနည်းငယ် သာ၍ နားလည်လော့၊ မိမိကိုယ်ကို သိရှိလော့၊ သင့်ကိုယ်သင် အခြား သာမန်လူတစ်ဦးကဲ့သို့ မြင်ပြီး၊ အခြားသူများ၏ လေးစားခြင်း ခံရသင့်သည့်၊ အခြားသူများ၏ ရိုသေကိုင်းရှိုင်းခြင်းခံရသင့်သည့်၊ အခြားသူများ၏ အထင်ကြီးခြင်းခံရသင့်ပြီး သင့်အနီးဝန်းကျင်တွင် အခြားလူများ ဝိုင်းအုံလျက်ရှိသည့် အထူးအဖွဲ့ဝင်တစ်ဦးအဖြစ် မမြင်နှင့်။ ဤသည်မှာ လွန်ကဲသည့် ဆန္ဒတစ်ခုဖြစ်ပြီး၊ မှားယွင်းသည့် အတွေးဖြစ်သည်။ အသက်အရွယ်သည် သင့်ကိုယ်ပိုင်လက္ခဏာ၏ သင်္ကေတတစ်ခု မဟုတ်။ အသက်အရွယ်သည် အရည်အချင်းပြည့်မီခြင်းကို ကိုယ်စားမပြုသကဲ့သို့၊ အသက်အရွယ်သည် သမ္မာတရား သို့မဟုတ် လူ့သဘာဝကို သင် ပိုင်ဆိုင်ကြောင်း ကိုယ်စားပြုဖို့မဆိုထားနှင့် ဝါရင့်မှုကိုလည်း ကိုယ်စားမပြုပေ။ ပြီးလျှင် အသက်အရွယ်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဆုတ်ယုတ်မသွားစေနိုင်ပေ။ ထို့ကြောင့်၊ သင်သည် အခြားသူများနှင့် အတူတူပင် ဖြစ်သည်။ သင့်ကိုယ်သင် အခြားသူများနှင့် ကွဲထွက်စေရန် သင့်ကိုယ်သင် “သက်ကြီးရွယ်အို”အဖြစ် အမြဲ တံဆိပ်မခတ်နှင့်၊ ပြီးလျှင် သင့်ကိုယ်သင် သန့်ရှင်းသူအဖြစ်ပင် သီးသန့်မထားနှင့်။ ယင်းမှာ သင့်ကိုယ်သင် လုံးဝ မသိကြောင်းပြပေသည်။ သက်ကြီးရွယ်အိုများသည် ၎င်းတို့ အသက်ရှင်နေစဉ်တွင်၊ သမ္မာတရားကို လိုက်စားရန်၊ အသက်ဝင်ရောက်မှုကို လိုက်စားပြီး၊ မိမိတို့တာဝန်ကို ထမ်းဆောင်ရန်ညီအစ်ကို မောင်နှမများနှင့် အတူတကွ ညီညွှတ်စွာ အလုပ်လုပ်ရန် သာ၍ပင် ကြိုးပမ်းသင့်ကြပေသည်။ ဤနည်းဖြင့်သာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားနိုင်သည်။ သက်ကြီးရွယ်အိုများသည် မိမိတို့ကိုယ်ကို အခြားသူများအဖို့ ဝါရင့်သူအဖြစ် လုံးဝ မယူဆသင့်သကဲ့သို့၊ မိမိတို့၏ အိုမင်းသည့် အသက်အရွယ်ကို ကြွားလုံးမထုတ်သင့်ပေ။ ငယ်ရွယ်သောလူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံကို ထုတ်ဖော်ပြနိုင်ကြပြီး၊ သင်သည်လည်း ထုတ်ဖော်ပြနိုင်၏။ ငယ်ရွယ်သည့်လူများက မိုက်မဲသည့်အရာမျိုးစုံကို လုပ်ဆောင်နိုင်ပြီး၊ သင်သည်လည်း လုပ်ဆောင်နိုင်၏။ ငယ်ရွယ်သော လူများသည် မိမိတို့၏ စိတ်အတွင်းတွင် အယူအဆများ ထားရှိကြပြီး သက်ကြီးရွယ်အိုများလည်းဤသို့လုပ်ဆောင်ကြသည်။ ငယ်ရွယ်သောလူများသည် ပုန်ကန်တတ်ကြပြီး၊ သက်ကြီးရွယ်အိုများလည်း ပုန်ကန်တတ်ကြသည်။ ငယ်ရွယ်သော လူများသည် အန္တိခရစ် စိတ်သဘောထားများ ထုတ်ဖော်ပြနိုင်ကြပြီး၊ သက်ကြီးရွယ်အိုများလည်း ထုတ်ဖော်ပြနိုင်ကြသည်။ ငယ်ရွယ်သောလူများသည် အထိန်းအကွပ်မဲ့သည့် ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများ ရှိကြပြီး သက်ကြီးရွယ်အိုများလည်း အနည်းငယ်မျှ ကွာခြားမှုမရှိဘဲ ရှိကြသည်။ ငယ်ရွယ်သောလူများသည် အနှောင့်အယှက်များနှင့် ဆူပူမှုများ ဖြစ်စေနိုင်ပြီး၊ အသင်းတော်မှ ဖယ်ရှားခံရနိုင်သကဲ့သို့ သက်ကြီးရွယ်အိုများလည်း ဖယ်ရှားခံရနိုင်သည်။ ထို့ကြောင့်၊ မိမိတို့တာဝန်ကို အစွမ်းကုန် ကောင်းစွာ ထမ်းဆောင်နိုင်ခြင်းအပြင်၊ ၎င်းတို့ လုပ်ဆောင်နိုင်သည့် အမှုအရာများစွာ ရှိ၏။ သင်သည် ထုံအခြင်း၊ စိတ်မနှံ့ခြင်းမရှိသကဲ့သို့ သမ္မာတရားကို နားမလည်နိုင်ခြင်း မရှိပါက၊ ပြီးလျှင် မိမိကိုယ်ကို မစောင့်ရှောက်နိုင်ခြင်း မဟုတ်ပါက၊ သင် လုပ်ဆောင်သင့်သည့်အရာများစွာ ရှိ၏။ ငယ်ရွယ်သည့်လူများကဲ့သို့ပင်၊ သင်သည် သမ္မာတရားကို လိုက်စားနိုင်သည်၊ သမ္မာတရားကို ရှာဖွေနိုင်ပြီး၊ ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ သင် မကြာခဏ လာသင့်သည်၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေသင့်ပြီး၊ သမ္မာတရားကို သင်၏ စံအဖြစ် ထားရှိလျက် ဘုရားနှုတ်ကပတ်တော်များအတိုင်း လုံးလုံးလျားလျား လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြုံပြုမူပြီး ဆောင်ရွက်ရန် ကြိုးပမ်းသင့်သည်။ ဤသည်မှာ သင် လိုက်လျှောက်သင့်သည့် လမ်းကြောင်းဖြစ်ပြီး၊ သင့်ထံတွင် အနည်းငယ်ဖျားနာမှု များစွာရှိသောကြောင့်၊ သို့မဟုတ် သင်၏ ခန္ဓာကိုယ်သည် အိုမင်းရင့်ရော်နေခြင်းကြောင့် သင့်အနေဖြင့် စိတ်ဖိစီး၊ ပူပန်သောကမရောက်သင့်၊ သို့မဟုတ် မစိုးရိမ်သင့်ပေ။ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားခြင်းသည် လုပ်ဆောင်ရန် မှန်ကန်သည့်အရာ မဟုတ်ပေ။ ထိုအရာများသည် ယုတ္တိမရှိသည့် သရုပ်သကန်များ ဖြစ်သည်။ သက်ကြီးရွယ်အိုများသည် ၎င်းတို့၏ “သက်ကြီး”ဂုဏ်ပုဒ်ကို လက်လွှတ်သင့်ကြသည်၊ ငယ်ရွယ်သော လူများနှင့် ပေါင်းသင့်ပြီး၊ ၎င်းတို့နှင့် တန်းတူရည်တူများကဲ့သို့ ထိုင်သင့်သည်။ သင်သည် လေးစားထိုက်သည့် မြင့်မားသော မွန်မြတ်မှုရှိသည်၊ သင်သည် အလွန့်အလွန် အရည်အချင်း ပြည့်မီသည်၊ ငယ်ရွယ်သည့်လူများကို သင် စီမံခန့်ခွဲနိုင်သည်၊ ငယ်ရွယ်သည့်လူများအဖို့ သင်တို့သည် ဝါကြီးသူများ၊ အသက်ကြီးသူများ ဖြစ်သည်ဟု အမြဲတွေးလျက်၊ ငယ်ရွယ်သည့်လူများကို ထိန်းချုပ်ရန် အမြဲ ရည်မှန်းချက်ရှိလျက်နှင့် ငယ်ရွယ်သည့်လူများကို စီမံခန့်ခွဲရန် အမြဲ စိတ်ဆန္ဒရှိလျက်၊ သင်၏ အိုမင်းသော အသက်အရွယ်ကို သင် ကြွားလုံးမထုတ်ရပေ၊ ဤသည်မှာ လုံးလုံးလျားလျား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။ သက်ကြီးရွယ်အိုများသည် ငယ်ရွယ်သည့် လူများကဲ့သို့ပင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိပြီး ဘဝတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မကြာခဏ ထုတ်ဖော်ပြကြသကဲ့သို့၊ ငယ်ရွယ်သည့် လူများကဲ့သို့ပင် မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန်တွင်၊ သက်ကြီးရွယ်အိုများသည် သင့်တော်သောအရာကို အဘယ်ကြောင့် လုပ်ဆောင်ခြင်းမရှိသကဲ့သို့၊ ထိုအစား မိမိတို့ အိုမင်းသည့် အသက်အရွယ်နှင့် သေဆုံးသည့်နောက် ၎င်းတို့ထံ မည်သည့်အရာဖြစ်ပျက်သည်ဆိုသည်နှင့် ပတ်သက်၍ အမြဲ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်ကြသနည်း။ ငယ်ရွယ်သည့် လူများကဲ့သို့ပင် မိမိတို့တာဝန်များကို အဘယ်ကြောင့် ၎င်းတို့ ထမ်းဆောင်ခြင်း မရှိကြသနည်း။ ငယ်ရွယ်သည့် လူများကဲ့သို့ သမ္မာတရားကို လိုက်စားခြင်း မရှိကြသနည်း။ ဤအခွင့်အရေးကို သင့်အား ပေးထားပြီးဖြစ်သောကြောင့်၊ ထိုအခွင့်အရေးကို သင် ဆုပ်ကိုင်ခြင်းမရှိသကဲ့သို့ သင်သည် မကြားနိုင်၊ မမြင်နိုင်ဘဲ၊ မိမိကိုယ်ကို မစောင့်ရှောက်နိုင်အောင် အမှန်တကယ် အလွန် အိုမင်းသွားပါက၊ သင် နောင်တရလိမ့်မည်ဖြစ်ပြီး၊ သင်၏ ဘဝသည် ဤသို့ဖြင့် ကုန်လွန်သွားလိမ့်မည်ဖြစ်သည်။ သင် နားလည်ပါသလော။ (နားလည်ပါသည်။)
သက်ကြီးရွယ်အိုများ၏ အပျက်သဘောဆောင်သော စိတ်ခံစားမှုများသည် ယခုတွင် ပြေလည်သွားပြီလော။ သင်တို့ အသက်ကြီးလာသည့်အခါ၊ သင်တို့၏ အိုမင်းသည့် အအသက်အရွယ်ကို သင်တို့ ကြွားလုံးထုတ်ကြလိမ့်မည်လော။ သင်တို့သည် ကောက်ကျစ် အိုမင်းသော လူလိမ်လူညစ်များနှင့် အိုမင်းသော အကြံသမားများ ဖြစ်လာကြလိမ့်မည်လော။ သင်တို့သည် အိုမင်းသော လူတစ်ဦးကို မြင်သည့်အခါ၊ “အသက်ကြီးသော ညီအစ်ကို” သို့မဟုတ် “အသက်ကြီးသော ညီအစ်မ”ဟု သင်တို့ ခေါ်လိမ့်မည်လော။ ၎င်းတို့တွင် နာမည်များရှိသော်လည်း သင်က ၎င်းတို့၏ နာမည်များဖြင့် မခေါ်ဘဲ၊ ထိုအစား “အသက်ကြီးသော”ဟူသည့် စကားလုံးကို ထည့်သည်။ သင်သည် သက်ကြီးရွယ်အိုများကို စကားပြောနေချိန်တွင် “အသက်ကြီးသော”ဟူသည့် စကားလုံးကို အမြဲ ထည့်ပါက၊ ထိုအရာက ၎င်းတို့ကို ထိခိုက်နစ်နာစေမည် မဟုတ်လော။ ၎င်းတို့က မိမိတို့ကိုယ်ကို အိုမင်းကြောင်း တွေးနှင့်ကြပြီးဖြစ်ကာ အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ရှိနှင့်ကြပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို သင်က “အသက်ကြီးသောသူ”ဟု ခေါ်ပါက၊ ထိုအရာမှာ သင်က ၎င်းတို့အား၊ “သင်သည် အိုမင်းသည်၊ ကျွန်ုပ်ထက် အိုမင်းပြီး မည်သည့်အသုံးမျှ မဝင်တော့ပါ”ဟု ပြောနေသကဲ့သို့ ဖြစ်သည်။ သင်က ဤသို့ ပြောသည်ကို ကြားသည့်အခါ ၎င်းတို့ စိတ်လက်ချမ်းသာကြလိမ့်မည်လော။ သေချာပေါက် စိတ်မချမ်းမြေ့ ဖြစ်ကြလိမ့်မည်။ ၎င်းတို့ကို သင် ဤသို့ ရည်ညွှန်းပါက၊ ထိုအရာက ၎င်းတို့ကို ထိခိုက်နာကျင်စေလိမ့်မည် မဟုတ်လော။ သက်ကြီးရွယ်အိုအချို့သည် သင်က ၎င်းတို့ကို ဤသို့ ရည်ညွှန်းခြင်းကို ကြားသည့်အခါ ကျေနပ်ကြလိမ့်မည်ဖြစ်ပြီး၊ “ကြည့်လော့။ ငါ့ထံတွင် လေးစားထိုက်သည့် မြင့်မားသော မွန်မြတ်မှုနှင့် ထိုက်တန်သည့် နာမည်ဂုဏ်သတင်းတစ်ခု ရှိသည်။ ညီအစ်ကို မောင်နှမများက ငါ့ကို မြင်သည့်အခါ၊ နာမည်ဖြင့် မခေါ်ကြပါ။ ဘုရားအိမ်တော်တွင်၊ လူတို့သည် အိုမင်းသော လူများကို ဦးလေး၊ အဖိုး သို့မဟုတ် အဖွားဟု မခေါ်ကြပါ။ ထိုအစား၊ ညီအစ်ကို မောင်နှမများက ငါ့ကို ရည်ညွှန်းသည့်အခါ၊ ‘အသက်ကြီးသော’ဟူသည့် စကားကိုထည့်ကာ ‘အသက်ကြီးသော ညီအစ်ကို’ (သို့မဟုတ် ‘အသက်ကြီးသော ညီအစ်မ’) ဟု ခေါ်သည်။ ငါ မည်မျှ သိက္ခာရှိသည်ကို ကြည့်ပါ၊ အခြားသူများရှေ့တွင် ငါ မည်မျှ လေးစားဖွယ်ဖြစ်သည်ကို ကြည့်ပါ။ ဘုရားအိမ်တော်သည် ကောင်းမြတ်သည်။ လူများသည် အသက်ကြီးသူကို ရိုသေပြီး ငယ်ရွယ်သူများကို ဂရုစိုက်ကြသည်”ဟု တွေးကြလိမ့်မည်။ သင်သည် လေးစားထိုက်ပါသလော။ သင်၏ ညီအစ်ကို မောင်နှမများအား မည်သည့် စိတ်ဓာတ်မြှင့်တင်ရေး သင် ယူဆောင်ပေးပြီးပြီနည်း။ မည်သည့် အကျိုးကျေးဇူးများကို ၎င်းတို့ထံ သင် ယူဆောင်ပြီးပြီနည်း။ ဘုရားအိမ်တော်အတွက် သင်၏ ပံ့ပိုးမှုမှာ အဘယ်နည်း။ သမ္မာတရား မည်မျှကို သင် နားလည်သနည်း။ သမ္မာတရား မည်မျှကို သင် လက်တွေ့လုပ်ဆောင်သနည်း။ သင့်ကိုယ်သင် လေးစားထိုက်သည့် မြင့်မားသော မွန်မြတ်မှုရှိသည်ဟု သင် တွေးထင်သည့်တိုင်၊ မည်သည့် ပံ့ပိုးမှုမျှ လုံးဝ မရှိပေ။ ထို့ကြောင့် သင့် ညီအစ်ကို မောင်နှမများ၏ “အသက်ကြီးသော ညီအစ်ကို” သို့မဟုတ် “အသက်ကြီးသော ညီအစ်မ”ဟု ခေါ်ခြင်းကို သင် ခံထိုက်ပါသလော။ လုံးဝ မခံထိုက်ပေ။ သင်သည် မိမိ၏ အိုမင်းသော အသက်အရွယ်ကို ကြွားလုံးထုတ်ပြီး၊ အခြားသူများအား သင့်ကို အမြဲ လေးစားစေချင်သည်။ “အသက်ကြီးသော ညီအစ်ကို” သို့မဟုတ် “အသက်ကြီးသော ညီအစ်မ”ဟု ရည်ညွှန်းခြင်းခံရမည်မှာ ကောင်းပါသလော။ (မကောင်းပါ။) မကောင်းသော်လည်း ထိုအရာကို ငါ မကြာခဏ ကြားရသည်။ ထိုအရာမှာ အလွန်ဆိုးသည့်တိုင် လူတို့သည် သက်ကြီးရွယ်အိုများကို ဤသို့ မကြာခဏ ရည်ညွှန်းနေကြဆဲ ဖြစ်သည်။ ဤအရာက မည်သည့် အခြေအနေမျိုးကို ဖန်တီးသနည်း။ စက်ဆုပ်ဖွယ်ဖြစ်သည် မဟုတ်လော။ သက်ကြီးရွယ်အိုတစ်ဦးကို သင်က “အသက်ကြီးသော ညီအစ်ကို” သို့မဟုတ် “အသက်ကြီးသော ညီအစ်မ”ဟု သင် ရည်ညွှန်းလေ၊ ၎င်းတို့က မိမိတို့ကိုယ်ကို အရည်အချင်းပြည့်မီသည်ဟု တွေးထင်လေဖြစ်ပြီး၊ မိမိတို့ကိုယ်ကို လေးစားထိုက်သည့် မြင့်မားသော မွန်မြတ်မှုရှိသည်ဟု တွေးထင်လေဖြစ်သည်။ ၎င်းတို့ကို “အသက်ကြီးသော ဘယ်သူဘယ်ဝါ”အဖြစ် သင် ရည်ညွှန်းလေလေ၊ ၎င်းတို့က မိမိတို့သည် ထူးခြားသည်၊ အခြားလူများထက် ပိုအရေးပါပြီး ပိုတော်သည်ဟုထင်လေလေ၊ ၎င်းတို့၏ စိတ်နှလုံးများက အခြားလူများကို ဦးဆောင်ခြင်းဘက်သို့ တိမ်းညွတ်လေဖြစ်ပြီး ၎င်းတို့သည် သမ္မာတရားလိုက်စားခြင်းမှ သွေဖည်လေဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အခြားသူများထက် ပိုတော်သကဲ့သို့ အမြဲ မှတ်ယူလျက်၊ အခြားသူများကို မနှစ်မြို့ဖွယ်ဖြစ်ကြောင်း အမြဲ တွေ့ရှိလျက်၊ အခြားသူများတွင် ရှိသည့် ပြဿနာများကို အမြဲ မြင်ကာ ၎င်းတို့ ကိုယ်တိုင်၌မူ မည်သည့်အမှားမျှ မမြင်ဘဲလျက် အခြားသူများကို အမြဲ ဦးဆောင်ပြီး စီမံချင်ကြသည်။ ငါ့ကို ပြောလော့၊ ဤကဲ့သို့သော လူတစ်ဦးသည် သမ္မာတရားကို လိုက်စားနိုင်သေးသလော။ မလိုက်စားနိုင်ပေ။ ထို့ကြောင့် လူတို့ကို “အသက်ကြီးသော ညီအစ်ကို” သို့မဟုတ် “အသက်ကြီးသော ညီအစ်မ”ဟု ရည်ညွှန်းခြင်းသည် ၎င်းတို့အတွက် အကျိုးမရှိသကဲ့သို့ ၎င်းတို့ကို နာကျင်စေခြင်းနှင့် ထိခိုက်နစ်နာစေခြင်းကိုသာ ဖြစ်စေနိုင်သည်။ ၎င်းတို့ကို အမည်နာမဖြင့် ရိုးရှင်းစွာ သင် ခေါ်ပြီး “အသက်ကြီးသော”ဟူသည့် ဂုဏ်ပုဒ်ကို ရုတ်သိမ်းပါက၊ ၎င်းတို့ကို မှန်ကန်သည့်ပုံစံဖြင့် သင် မှတ်ယူပြီး၊ ၎င်းတို့နှင့် တန်းတူရည်တူ နေထိုင်ပါက၊ ၎င်းတို့၏ အခြေအနေနှင့် စိတ်နေစိတ်ထားတို့ ပုံမှန်ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ ဝါရင့်နှစ်ကာလများနှင့် ပတ်သက်၍ မိမိတို့ကိုယ်ကို ဂုဏ်ယူတော့မည်မဟုတ်သကဲ့သို့ အခြားသူများကို အထင်သေးတော့မည် မဟုတ်ပေ။ ဤသို့ဖြင့်၊ မိမိတို့ကိုယ်ကို အခြားသူများနှင့် တန်းတူရည်တူများအဖြစ် မှတ်ယူရန် ၎င်းတို့အတွက် လွယ်ကူလာလိမ့်မည်။ မိမိတို့ကိုယ်ကိုနှင့် အခြားသူများကို မှန်ကန်စွာ မှတ်ယူနိုင်လိမ့်မည်။ မိမိတို့ကိုယ်ကို အခြားသူများကဲ့သို့ပင်၊ သာမန်လူများကဲ့သို့ပင် တူညီစွာ မြင်နိုင်လိမ့်မည်ဖြစ်ပြီး အခြားသူများထက် ပိုတော်ခြင်း မရှိဟု မြင်နိုင်လိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့၏ အခက်အခဲများသည် သာ၍ သေးငယ်သွားလိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ ကြီးရင့်သော နှစ်ကာလများနှင့် သမ္မာတရားကို ၎င်းတို့ မရရှိသေးသောကြောင့် ဖြစ်ပေါ်နိုင်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများကို တွေ့ကြုံရလိမ့်မည် မဟုတ်သကဲ့သို့၊ ထို့နောက်တွင် သမ္မာတရား လိုက်စားခြင်းအပေါ် ၎င်းတို့ မျှော်လင့်ချက် ရှိကြလိမ့်မည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများ မဖြစ်ပေါ်သည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ပြဿနာများ၊ အထူးသဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မှန်ကန်သည့် တွေးခေါ်မှုအလေ့အထဖြင့် မှတ်ယူကြလိမ့်မည်။ ဤအရာက ၎င်းတို့၏ သမ္မာတရား လိုက်စားခြင်း၊ ၎င်းတို့၏ မိမိကိုယ်ကို သိခြင်းနှင့် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လိုက်လျှောက်နိုင်စွမ်းတို့အပေါ် အပြုသဘောဆောင်ပြီး အထောက်အကူဖြစ်သော အကျိုးတစ်ခု ရှိပေသည်။ ထိုအခါ သက်ကြီးရွယ်အိုများတွင်ရှိသည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများနှင့် ပတ်သက်သည့် ပြဿနာ ပြေလည်သွားမည် မဟုတ်လော။ (ပြေလည်သွားမည်ဖြစ်သည်။) ပြေလည်သွားမည်ဖြစ်ပြီး၊ နောက်ထပ် အခက်အခဲများ ရှိမည်မဟုတ်တော့ပေ။ ထို့ကြောင့် ပထမဦးစွာ မည်သည့် တွေးခေါ်မှုအလေ့အထကို သက်ကြီးရွယ်အိုများက ခံယူသင့်သနည်း။ အပြုသဘောဆောင်သော တွေးခေါ်မှုအလေ့အထကို ခံယူရမည်။ ၎င်းတို့အနေဖြင့် အမြော်အမြင်ရှိရမည်သာမကဘဲ သဘောထားလည်းကြီးရမည်။ ငယ်ရွယ်သော လူများနှင့်ပတ်သက်၍ အမှုအရာများကို ၎င်းတို့ ရေးကြီးခွင့်ကျယ် မလုပ်ဘဲ လူငယ်များအတွက် စံနမူနာဖြစ်ပြီး လမ်းပြပေးသင့်သည်။ ငယ်ရွယ်သူများအပေါ် မကြမ်းတမ်းလွန်းရပေ။ ငယ်ရွယ်သောလူများတွင် မြန်ဆန်သည့် စိတ်ရှိပြီး အဆောတလျင် စကားပြောကြသောကြောင့် ၎င်းတို့နှင့် ပတ်သက်၍ အမှုအရာများကို ရေးကြီးခွင့်ကျယ် မလုပ်နှင့်။ ၎င်းတို့သည် ငယ်ရွယ်ကြသည်၊ မရင့်ကျက်ကြသကဲ့သို့၊ အတွေ့အကြုံမရှိကြချေ။ နှစ်အနည်းငယ် ထိန်းသိမ်းကြပ်မတ်ပေးခြင်းက ၎င်းတို့ကို မှန်ကန်စေလိမ့်မည်။ ဤသည်မှာ အမှုအရာများ ဖြစ်သင့်သည့်ပုံဖြစ်ပြီး သက်ကြီးရွယ်အိုများသည် ဤအရာကို နားလည်သင့်ကြပေသည်။ ဤသို့ဆိုလျှင် သမ္မာတရားနှင့် ကိုက်ညီမှုရှိသည့် မည်သည့် တွေးခေါ်မှု အလေ့အထကို သက်ကြီးရွယ်အိုများက ခံယူသင့်သနည်း။ ၎င်းတို့သည် ငယ်ရွယ်သည့် လူများကို မှန်မှန်ကန်ကန် ဆက်ဆံသင့်ပြီး တစ်ချိန်တည်းတွင်၊ မိမိတို့ကိုယ်ကို အလွန်အတွေ့အကြုံရှိပြီး ထိုးထွင်းအမြင်ရှိသည် တွေးလျက်၊ မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်းမရှိရပေ။ မိမိတို့ကိုယ်ကို သာမန်လူများအဖြစ်နှင့် အခြားလူတိုင်းနှင့် အတူတူကဲ့သို့ပင် ၎င်းတို့ မှတ်ယူသင့်ကြပေသည်။ ဤသည်မှာ လုပ်ဆောင်ရန် မှန်ကန်သည့်အရာဖြစ်သည်။ သက်ကြီးရွယ်အိုများသည် ၎င်းတို့ အသက်အရွယ်၏ ချုပ်ထိန်းခြင်းကို ခံရမည်မဟုတ်သကဲ့သို့ ငယ်ရွယ်သည့် လူတစ်ဦး၏ တွေးခေါ်မှုအလေ့အထတစ်ခု ရှိခြင်းအဖြစ်သို့ ပြောင်းလဲရမည်မဟုတ်။ ငယ်ရွယ်သည့် လူတစ်ဦး၏ တွေးခေါ်မှု အလေ့အထရှိခြင်းအဖြစ်သို့ ပြောင်းလဲခြင်းသည်လည်း ပုံမှန်မဟုတ်သောကြောင့် သင့်အသက်အရွယ်၏ ချုပ်ထိန်းခြင်းကိုသာ မခံနှင့်။ “အို၊ ငါ အလွန် အသက်ကြီးပြီ။ ဤအရာကို ငါ မလုပ်နိုင်ပါ။ ဤအရာကို ငါ မပြောနိုင်ပါ၊ ထိုအရာကို ငါ မလုပ်နိုင်ပါ။ ငါ အသက်ကြီးသောကြောင့်၊ ငယ်ရွယ်သည့်လူများက ငါ့ကို အထင်မသေးရန်အလို့ငှာ၊ ငယ်ရွယ်သည့်လူများ မြင်ဖို့ရန်အတွက်သာ ငါ ဤသို့ ဖြစ်ရမည်၊ ထိုသို့ဖြစ်ရမည်၊ ပုံစံတစ်ခုခုဖြင့် ငါ ထိုင်ရမည်ဖြစ်ပြီး ပုံစံတစ်ခုခုဖြင့် ငါ ရပ်ရမည်ဖြစ်ပြီး ကောင်းသည့် ပုံစံတစ်ခုခုဖြင့်ပင် စားသောက်ရမည်”ဟု အမြဲ တွေးမနေနှင့်။ ဤတွေးခေါ်မှု အလေ့အထသည် မှားယွင်းပြီး၊ ဤအရာကို တွေးခြင်းအားဖြင့်၊ သင်သည် မှားယွင်းသည့် အတွေးအမျိုးအစားတစ်ခု၏ ထိန်းချုပ်ခြင်းခံရပြီး ကန့်သတ်ခံရခြင်း ဖြစ်သည်။ သင်သည် အနည်းငယ် ဟန်ဆောင်ထားသည်၊ အတုအယောင်နှင့် အယောင်ဆောင်ဖြစ်သည်။ သင့် အသက်အရွယ်၏ ချုပ်ထိန်းခြင်း မခံနှင့်၊ အခြားလူတိုင်းကဲ့သို့ နေလော့၊ သင် လုပ်ဆောင်နိုင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး လုပ်သင့်သည့်အရာကို လုပ်ဆောင်လော့။ ဤသို့ဖြင့်၊ သင်သည် ပုံမှန် တွေးခေါ်မှု အလေ့အထတစ်ခု ရှိလိမ့်မည်။ သင် နားလည်ပါသလော။ (နားလည်ပါသည်။) ထို့ကြောင့် သက်ကြီးရွယ်အိုတစ်ဦးသည် ပုံမှန် တွေးခေါ်မှု အလေ့အထတစ်ခု ရှိသည့်အခါ၊ ၎င်း၏ ကြီးရင့်သည့်နှစ်ကာလများကြောင့် ၎င်းထဲတွင် ဖြစ်ပေါ်နိုင်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှု အမျိုးမျိုးသည် ၎င်းပင် မသိလိုက်ဘဲနှင့် ပျောက်ကွယ်သွားပေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် ၎င်းကို ချည်နှောင်ထားခြင်း မရှိတော့ဘဲ ဤစိတ်ခံစားချက်များက ဖြစ်ပေါ်စေသည့် ဒုက္ခသည်လည်း ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် ၎င်း၏ လူ့သဘာဝနှင့် ၎င်း၏ ဆင်ခြင်တုံတရားတို့အားလုံးသည်လည်း အတော်အတန် ပုံမှန်ဖြစ်လာလေသည်။ ပုံမှန် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိခြင်းနှင့်ဆိုင်သည့် အကြောင်းပြချက်အောက်တွင်၊ လူတို့၏ စမှတ်သည် သမ္မာတရား လိုက်စားခြင်း၊ မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်း၊ မည်သည့် လှုပ်ရှားမှုနှင့် မည်သည့် အလုပ်တွင်မဆို ပါဝင်ခြင်းအတွက် အတော်အတန် မှန်ကန်လာပြီး၊ စွမ်းဆောင်ရရှိသည့် ရလဒ်များသည်လည်း အတော်အတန် မှန်ကန်ပေသည်။ ပထမဦးစွာ၊ သက်ကြီးရွယ်အိုများသည် မိမိတို့ အသက်အရွယ်၏ ချုပ်ထိန်းခြင်း ခံရလိမ့်မည်မဟုတ်ဘဲ၊ မိမိတို့ ကိုယ်ပိုင်စွမ်းရည်ကို ဓမ္မဓိဋ္ဌာန်ကျစွာနှင့် လက်တွေ့ကျကျ အကဲဖြတ်နိုင်လိမ့်မည်၊ မိမိတို့ လုပ်သင့်သည့်အရာကို လုပ်နိုင်လိမ့်မည်၊ အခြားလူများကဲ့သို့ ဖြစ်နိုင်လိမ့်မည်ဖြစ်ပြီး၊ မိမိတို့ ထမ်းဆောင်သင့်သည့် တာဝန်ကို အစွမ်းကုန် ထမ်းဆောင်နိုင်ကြလိမ့်မည် ဖြစ်သည်။ ငယ်ရွယ်သည့် လူများက၊ “သင်သည် အလွန် အသက်ကြီးပြီ၊ သင်သည် ကျွန်ုပ်အတွက် အလျှော့မပေးသကဲ့သို့ ကျွန်ုပ်ကို မစောင့်ရှောက်ပါ။ သင်သည် အလွန်အသက်ကြီးပြီ၊ သင် အတွေ့အကြုံရှိသင့်သော်လည်း၊ အမှုအရာများကို မည်သို့လုပ်ဆောင်ရမည်ဆိုသည်နှင့်ပတ်သက်၍ ကျွန်ုပ်ကို သင် အကြံများ မပေးသကဲ့သို့၊ သင်နှင့်အတူ ရှိခြင်းအတွက် မည်သည့် အကျိုးမျှ မရှိပါ။ သင်သည် အသက်ကြီးပြီဖြစ်သောကြောင့်၊ ငယ်ရွယ်သည့်လူများအပေါ် မည်သို့ နားလည်ရမည်ဆိုသည်ကို အဘယ်သို့ သင် မသိရသနည်း”ဟု မတွေးသင့်ပေ။ ဤသို့ ပြောဆိုသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) သက်ကြီးရွယ်အိုများအပေါ် ထိုသို့သော တောင်းဆိုချက်များ ပြုလုပ်ရန် မသင့်တော်ပေ။ ထို့ကြောင့် လူအားလုံးသည် သမ္မာတရားရှေ့မှောက်တွင် တန်းတူဖြစ်သည်။ သင်၏ အတွေးအားလုံးသည် လက်တွေ့ကျပါက၊ ဓမ္မဓိဋ္ဌာန်ကျပါက၊ မှန်ကန်ပြီး ယုတ္တိတန်ပါက၊ သမ္မာတရား စည်းမျဉ်းများနှင့် မုချ ကိုက်ညီလိမ့်မည်။ သင်သည် ဓမ္မဓိဋ္ဌာန်ကျသည့် အခြေအနေ၊ အကြောင်းတရား၊ ပတ်ဝန်းကျင်အားဖြင့် သို့မဟုတ် အကြောင်းခံတစ်ခုတလေဖြင့်ပင် ထိခိုက်ခြင်းမခံရပါက၊ လူတို့ လုပ်ဆောင်သင့်သည့်အရာကိုသာ သင် လုပ်ဆောင်ပြီး လူတို့အား လုပ်ဆောင်ရန် ဘုရားသခင် သွန်သင်သည့်အရာကိုသာ လုပ်ဆောင်ပါက၊ သင် လုပ်ဆောင်သည့်အရာသည် အခြေခံအားဖြင့် သမ္မာတရားနှင့် ကိုက်ညီမှုရှိလျက် မုချ သင့်လျော်ကာ မှန်ကန်လိမ့်မည်။ သင်သည် မိမိ၏ အိုမင်းသော အသက်အရွယ်ကြောင့်လည်း စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုဆိုင်ရာ အပျက်သဘောဆောင်သော စိတ်ခံစားမှုများထဲ နွံနစ်လာလိမ့်မည် မဟုတ်သကဲ့သို့ ဤပြဿနာ ပြေလည်သွားလိမ့်မည်။
ကောင်းပြီ၊ ယနေ့၏ မိတ်သဟာယကို ဤနေရာတွင် ငါ အဆုံးသတ်မည်။ နှုတ်ဆက်ပါသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။