သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅) အပိုင်း တစ်
သမ္မာတရားကို လိုက်စားခြင်းအတွက် ပထမ လက်တွေ့လုပ်ဆောင်မှု- လက်လွှတ်ခြင်း
၁။ အပျက်သဘောဆောင်သော စိတ်ခံစားချက် အမျိုးမျိုးကို လက်လွှတ်ခြင်း
ဤအချိန်ကာလအတွင်းတွင် သမ္မာတရားအား လိုက်စားပုံ၏ ပထမလက္ခဏာအပိုင်းဖြစ်သော စွန့်လွှတ်ခြင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ ဤအကြောင်းအရာ၏ ပထမအပိုင်းဖြစ်သော အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးအား စွန့်လွှတ်ခြင်းအကြောင်းကို ငါတို့ အဓိကအားဖြင့် ပြောခဲ့ကြသည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးအား စွန့်လွှတ်ခြင်းအကြောင်းကို ငါတို့ အကြိမ်မည်မျှ ဆွေးနွေးခဲ့သနည်း။ (လေးကြိမ်ဖြစ်ပါသည်။) သင်တို့၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို စွန့်လွှတ်ခြင်းအတွက် လမ်းကြောင်းတစ်ခုခုရှိသလော။ ငါတို့ မိတ်သဟာယဖွဲ့ပြီး စိစစ်ခဲ့ကြသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးသည် အပေါ်ယံတွင် စိတ်ခံစားချက်၊ သို့မဟုတ် အတွေးအမျိုးအစားများ ဖြစ်သည့်ပုံစံရှိသော်လည်း အမှန်တွင် အရင်းအမြစ်မှာ ယင်းတို့သည် လူတို့၏ ဘဝအပေါ် မှားယွင်းသော ရှုမြင်သုံးသပ်ချက်များနှင့် စံနည်းစနစ်များ၊ လူတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် အမြင်ရှုထောင့်များမှတစ်ဆင့် အရင်းခံသည်။ လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကြောင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအမျိုးမျိုးနှင့် အမြင်ရှုထောင့်အမျိုးမျိုး ပေါ်ထွက်လာပြီး ရလဒ်အနေဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုး ထွက်ပေါ်လာသည်မှာ မှန်သည်။ ထို့ကြောင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုး ထွက်ပေါ်ခြင်းတွင် နဂိုမူလအရင်းအမြစ်နှင့် အကြောင်းရင်းရှိသည်။ ငါတို့ဆွေးနွေးခဲ့ပြီးသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် ခဏတာဖြစ်သော၊ သို့မဟုတ် စိတ်လိုက်မာန်ပါ ပြုလုပ်တတ်သော အတွေးများမဟုတ်သကဲ့သို့ ဤစကားများ၏ ရိုးရှင်းသော အဓိပ္ပာယ်တွင်ရှိသော အတွေးအမြင်များ၊ သို့မဟုတ် ခဏတာဖြစ်သော စိတ်ခံစားချက်များလည်း မဟုတ်ပေ။ ဤစိတ်ခံစားချက်များသည် လူတို့၏ ဘဝနေမှုပုံစံ၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာ၊ ၎င်းတို့၏ အတွေးအမြင်များ၊ ထို့အပြင် လူများနှင့် အမှုအရာများကို ၎င်းတို့ရှုမြင်သည့် အမြင်ရှုထောင့်များနှင့် သဘောထားများအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို လူတို့၏ နှလုံးသားထဲနှင့် စိတ်တွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသည်။ ထိုစိတ်ခံစားချက်များသည် လူတို့၏ နေ့စဉ်အသက်တာများတွင် အစဉ်မပြတ် လိုက်ပါနေပြီး အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ကြည့်သောအခါတွင် ၎င်းတို့ထားရှိသည့် အမြင်ရှုထောင့်များနှင့် ရပ်တည်ချက်များအပေါ် သက်ရောက်မှုရှိသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့၏ နေ့စဉ်အသက်တာများ၊ ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်းနှင့် အသက်တာ၌ ၎င်းတို့ရွေးချယ်သည့် လမ်းကြောင်းများအပေါ် သိသာသော ဆိုးကျိုးများရှိလေသည်။ ယင်းတို့သည် လူတို့အတွက် ကောင်းကျိုးမပြုသော အကျိုးဆက်အမျိုးမျိုးကို သတိမပြုမိဘဲ ရရှိစေသည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားအား လိုက်စားခြင်းမှတစ်ဆင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို တဖြည်းဖြည်းချင်း နားလည်ပြီး ဖြေရှင်းကာ ယင်းတို့ကို တဖြည်းဖြည်းချင်း စွန့်လွှတ်ရမည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို စွန့်လွှတ်ခြင်းသည် သင်မစဉ်းစားတော့သော၊ ပြီးနောက်တွင် သင့်အပေါ် ကြီးစိုးခြင်းမရှိတော့သော ရုပ်ဝတ္ထုပစ္စည်းများကို စွန့်ပစ်ခြင်းကဲ့သို့မဟုတ်ပေ။ ယင်းမှာ ထိုစကားလုံး၏ ရိုးရှင်းသော အဓိပ္ပာယ်အတိုင်း တစ်စုံတစ်ခုကို ကောက်ယူပြီး စွန့်လွှတ်ခြင်းမျိုးမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤအကြောင်းအရာတွင် “စွန့်လွှတ်ခြင်း” ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ရသနည်း။ ယင်းမှာ သင်သည် သမ္မာတရားကို နားလည်သည်အထိ လူများ၊ အမှုအရာများကို သင်ရှုမြင်သည့် သင်၏ မမှန်ကန်သော အတွေးအမြင်များ၊ မမှန်ကန်သော အမြင်ရှုထောင့်များနှင့် သဘောထားများကို အဓိကအားဖြင့် ဖော်ထုတ်ပြီး စိစစ်ရမည်ဟု ဆိုလိုသည်။ ထို့နောက်တွင် သင်သည် သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို အမှန်တကယ် စွန့်ပစ်နိုင်လိမ့်မည်။ သင်၌ မည်သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များ ဖြစ်ပေါ်ပါစေ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများနှင့် လမ်းကြောင်းများကို သင်ပိုင်ဆိုင်သည်အထိ ဆီလျော်မှုရှိသော သမ္မာတရားများကို ရှာဖွေခြင်းအားဖြင့် ယင်းတို့ကို ဖြေရှင်းရမည်။ ထိုအခါမှသာ သင်သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ညှဉ်းပန်းမှု၊ ချည်နှောင်မှုနှင့် လွှမ်းမိုးမှုတို့မှ လုံးလုံးလျားလျား လွတ်မြောက်နိုင်ကာ နောက်ဆုံးတွင် သမ္မာတရားအပေါ်နှင့် ဘုရားသခင် သတ်မှတ်ထားသည့် ပတ်ဝန်းကျင်များအပေါ် နာခံနိုင်စွမ်းကို ရရှိနိုင်သဖြင့် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သည်။ သင်သည် သမ္မာတရားအား သင်၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လူများနှင့် အမှုအရာများကို ရှုမြင်ကာ သင်ကိုယ်တိုင် ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ရမည်။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့်သာ သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့်အတူ မမှန်ကန်သော အတွေးများနှင့် အမြင်ရှုထောင့်များကို လုံးလုံးလျားလျား လက်လွှတ်နိုင်မည်။ ယင်းတို့ကို လုံးလုံးလျားလျား လက်လွှတ်နိုင်ရန်အတွက် အဘယ့်ကြောင့် ဤသို့သော ရှုပ်ထွေးသည့်ဖြစ်စဉ် လိုအပ်သနည်း။ အကြောင်းရင်းမှာ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လက်ဆုပ်လက်ကိုင် ပြနိုင်သောအရာများ မဟုတ်ပေ။ ယင်းတို့သည် လူတစ်ယောက်၏စိတ်ကို ခဏတာ ပိုင်ဆိုင်သော သို့မဟုတ် ဖိစီးနှိပ်စက်သော စိတ်ခံစားချက်များမဟုတ်ပေ။ ယင်းတို့သည် လူတို့အထဲတွင် ဖြစ်ပေါ်လာပြီး အခြေကျနေသော၊ ယခင်ကတည်းက တည်ရှိသော သို့မဟုတ် နက်နဲစွာ အရိုးပင်စွဲနေသော အတွေးများနှင့် အမြင်ရှုထောင့်များပင်ဖြစ်ကာ လူတို့အပေါ် ယင်းတို့၏ လွှမ်းမိုးမှုသည် အထူးပင် ပြင်းထန်သည်။ ထို့ကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို စွန့်လွှတ်ရန်အတွက် အမျိုးမျိုးသော နည်းလမ်းများနှင့် အဆင့်များ လိုအပ်သည်။ ဤစွန့်လွှတ်ခြင်းဖြစ်စဉ်သည် သမ္မာတရားအား လိုက်စားခြင်းဖြစ်စဉ်လည်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို စွန့်လွှတ်ခြင်းဖြစ်စဉ်သည် အမှန်ပင် သမ္မာတရားအား လိုက်စားခြင်းဖြစ်စဉ် ဖြစ်သည်။ ထို့ကြောင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ရင်ဆိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ သမ္မာတရားအား ရှာဖွေပြီး ယင်းတို့ကို ဖြေရှင်းခြင်းဖြစ်သည်။ ဤမိန့်ဆိုချက်၏ အဓိပ္ပာယ်ကို သင်တို့နားလည်သလော။ (နားလည်ပါသည်။)
အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ငါတို့ ရှေးဦးစွာ စတင် မိတ်သဟာယဖွဲ့သောအခါ ငါတို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့သည့် သမ္မာတရားအမျိုးမျိုးသည် အကြမ်းဖျင်းအနေဖြင့် ဤအကြောင်းအရာနှင့် မသက်ဆိုင်သေးပေ၊ ထို့ကြောင့် ယင်းသည် သင်တို့အားလုံးအတွက် သိပ်မရင်းနှီးသော အကြောင်းအရာတစ်ခုဖြစ်သည်။ လူတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များရှိခြင်းက သာမန်ဖြစ်သည်ဟု ထင်ကြပြီး ထိုစိတ်ခံစားချက်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ကွာခြားသည်ဟု ထင်ကြသည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမဟုတ်၊ တစ်ခုနှင့်တစ်ခု လုံးဝမသက်ဆိုင်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ မမှန်ကန်ပေ။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့အပေါ် သက်ရောက်မှုမရှိသည့် ခဏတာဖြစ်သော အတွေးများ၊ သို့မဟုတ် အယူအဆများသာဖြစ်သည်ဟု လူအချို့က ယုံကြည်ကြသည်။ ထို့ကြောင့် ထိုစိတ်ခံစားချက်များကို စွန့်လွှတ်သည်ဖြစ်စေ၊ မစွန့်လွှတ်သည်ဖြစ်စေ အရေးမပါဟု ယုံကြည်ကြသည်။ ယခုတွင် မိတ်သဟာယဖွဲ့ခြင်းနှင့် စိစစ်ခြင်း ကဏ္ဍအဆင့်ဆင့်အားဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့အပေါ် သက်ရောက်မှု အမှန်တကယ်ပင် ရှိသည်ကို သက်သေပြပြီးဖြစ်သည်။ ယခင်က ငါတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်ခြင်းနှင့် ပိုင်းခြားစိစစ်ခြင်းအား အစဉ် မိတ်သဟာယဖွဲ့ခဲ့ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်စဉ် အပျက်သဘောဆောင်သော စိတ်ခံစားချက်များအကြောင်း အနည်းငယ်သာ ပြောဆိုခဲ့သော်လည်း များစွာ အသေးစိတ်ကျကျ မိတ်သဟာယမပြုခဲ့ပေ။ ယခု ခိုင်လုံသော ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးနောက်တွင် သင်တို့၏ နေ့စဉ်အသက်တာ၌ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို စိစစ်ပြီး နားလည်ရန် ဤအကြောင်းအရာကို သင်တို့ အာရုံစိုက်ပြီး စတင်သင်ယူနိုင်ဖို့ ငါမျှော်လင့်သည်။ ဤစိတ်ခံစားချက်များ၏ အနှစ်သာရကို သင် နားလည်သောအခါ ယင်းတို့ကို သင်ငြင်းပယ်ပြီး ပုန်ကန်ကာ တဖြည်းဖြည်းချင်း စွန့်လွှတ်နိုင်သည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို စွန့်လွှတ်ပြီးသည့်အခါမှသာ သမ္မာတရားအား လိုက်စားရာ၌ လမ်းကြောင်းမှန်ပေါ်သို့ ရောက်နိုင်ပြီး သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းနိုင်သည်။ ဤသည်တို့မှာ သင်လျှောက်ရမည့် ခြေလှမ်းများဖြစ်သည်။ ရှင်းလင်းသလော။ (ရှင်းပါသည်။) အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့၏ ဘဝများ၊ ဖြစ်တည်မှု၊ လူတို့လျှောက်သည့် လမ်းကြောင်းတို့နှင့် ပတ်သက်လာသည့်အခါတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကဲ့သို့သော အတိုင်းအတာမျိုးဖြင့် လူတို့အား ဖိစီးပြီး ထိန်းချုပ်ခြင်း မရှိကောင်းမရှိနိုင်သော်လည်း ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကိုလည်း ရှောင်လွှဲ၍မရပေ။ လူများ၏ အတွေးများကို ချည်နှောင်ခြင်း၊ သမ္မာတရားကို ၎င်းတို့ လက်ခံရာတွင် လွှမ်းမိုးခြင်းတို့နှင့် ပတ်သက်သည့်အခါတွင်လည်းကောင်း၊ ၎င်းတို့သည် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းခြင်း ရှိမရှိနှင့် ပတ်သက်သည့်အခါတွင်လည်းကောင်း အခြေအနေတစ်ခုနှင့် အတိုင်းအတာတစ်ခုအထိ သူတို့၌ရှိသော အပျက်သဘောဆောင်သည့် သက်ရောက်မှုများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သက်ရောက်မှုများထက် အရေးပါမှု လျော့နည်းခြင်း မရှိပေ။ သင်တို့သည် သင်တို့၏ နောင်ကာလ လိုက်စားမှု၊ အတွေ့အကြုံနှင့် ကျင့်ထုံးတို့တွင် ဤအရာကို တဖြည်းဖြည်းချင်း စတင် တွေ့ကြုံခံစားလာမည်ဖြစ်သည်။ ယခုအချိန်တွင် သင်တို့သည် ဤအကြောင်းအရာကို တွေ့ကြုံခါစပင်ရှိသောကြောင့် သင်တို့ထဲမှ အချို့သည် ဤအရာကို တန်ဖိုးထားဖို့မဆိုနှင့်၊ သတိပြုမိခြင်း၊ သို့မဟုတ် သိမြင်ခြင်း လုံးဝရှိမည် မဟုတ်ပေ။ သင်သည် ဤအကြောင်းအရာကို နောင်ကာလတွင် တွေ့ကြုံသောအခါ အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် မြင်ရသလောက် ရိုးရှင်းခြင်းမရှိသည်ကို ခံစားရလိမ့်မည်။ ယင်းတို့သည် လူတို့၏ အတွေးများထဲတွင်၊ စိတ်နှလုံးထဲတွင်၊ ထို့အပြင် လူတို့၏ မသိစိတ်ထဲတွင်ပင် အရေးပါသော နေရာနှင့် ကွက်လပ်ကို ဝင်ယူကြသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတစ်ဦးချင်းစီအား ကြီးမားသော အတိုင်းအတာအထိ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် အခြေခံ၍ ပြုမူဆောင်ရွက်ရန် အားဖြည့်ပေးပြီး တွန်းအားပေးသည်၊ ထို့အပြင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လူတို့အပေါ်တွင်ရှိသော ဘောင်ခတ်မှုနှင့် ချည်နှောင်မှုကို အားဖြည့်ပြီး တွန်းအားပေးသည်ဟု ဆိုနိုင်သည်။ ယင်းတို့သည် လူများနှင့် အမှုအရာများကို လူတို့ ရှုမြင်သည့်၊ ကျင့်ကြံပြုမူပြီး ပြုမူဆောင်ရွက်သည့်ပုံစံနှင့် ပတ်သက်လျှင် လူတို့အား ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်အညီ ခေါင်းမာစွာဖြင့် အသက်ရှင်စေသည်၊ ထို့ကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို သင်တို့ လျှော့မတွက်သင့်ပေ။ အမှန်တွင် တစ်ဖက်တွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များအတွင်း၌ ဖုံးကွယ်ထားသည့် အပျက်သဘောဆောင်သော အတွေးများနှင့် အမြင်ရှုထောင့်များ များစွာရှိပြီး အခြားတစ်ဖက်တွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်း၌ အတိုင်းအတာအမျိုးမျိုးဖြင့် ဖုံးကွယ်နေကြသည်။ အတိုချုပ်အားဖြင့်ဆိုလျှင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့၏ စိတ်နှလုံးတွင် နေရာယူပြီး လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် တူညီသော အနှစ်သာရရှိသည်။ ၎င်းတို့နှစ်ခုလုံးသည် အပျက်သဘောဆောင်ခြင်း၏ ရှုထောင့်များဖြစ်ပြီး အပျက်သဘောဆောင်သော အရာများဖြစ်သည်။ ဤနေရာတွင် “အပျက်သဘောဆောင်သောအရာများ” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ရှုထောင့်တစ်ခုမှာ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့၏ အသက်ဝင်ရောက်မှုတွင် အပြုသဘောဆောင်သော နေရာ၌ မရှိပေ။ ၎င်းတို့သည် သင့်အား ဘုရားသခင်ရှေ့သို့ လာရန်၊ ဘုရားရည်ရွယ်ချက်များကို တက်ကြွစွာ ရှာဖွေရန်၊ ထို့နောက်တွင် ဘုရားသခင်အား ကျိုးနွံနာခံခြင်းရှိရန် လမ်းပြမပေးနိုင်ပေ၊ သို့မဟုတ် မကူညီနိုင်ပေ။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့၏ စိတ်နှလုံးအတွင်း၌ ဖုံးကွယ်နေသောအခါ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးကွာသည်။ ၎င်းတို့သည် ဘုရားသခင်အား သတိထားပြီး ရှောင်ကြဉ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အား လျှို့ဝှက်စွာ၊ မသိမသာနှင့် မသိစိတ်မှနေ၍ သံသယရှိခြင်း၊ ငြင်းဆန်ခြင်း၊ ဝေဖန်အပြစ်တင်ခြင်းတို့ ပြုလုပ်ကောင်း ပြုလုပ်နိုင်သည်။ ဤအမြင်ရှုထောင့်မှကြည့်လျှင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် အပြုသဘောဆောင်သောအရာများ ဟုတ်သလော။ (မဟုတ်ပါ။) ယင်းမှာ ရှုထောင့်တစ်ခုဖြစ်သည်။ အခြားရှုထောင့်တွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့အား သမ္မာတရားကို နာခံရန် ဘုရားရှေ့သို့ မခေါ်ဆောင်ပေ။ ၎င်းတို့သည် လူတို့အား သမ္မာတရားနှင့် ကွဲလွဲပြီး ဆန့်ကျင်သည့် လမ်းကြောင်းများ၊ ပန်းတိုင်များ၊ ဦးတည်ချက်များဆီသို့ ခေါ်ဆောင်သည်။ ဤသည်မှာ သံသယရှိစရာမလိုပေ။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များက လူတစ်ယောက်အတွင်း၌ လုပ်ဆောင်သည့်အရာမှာ သူ့အား မိမိကိုယ်ကို ကာကွယ်စေရန်၊ သူ၏ လူ့ဇာတိ အကျိုးစီးပွားများကို ကာကွယ်ပေးရန်နှင့် သူ၏ ဘဝင်မြင့်မှု၊ မာနနှင့် အဆင့်အတန်းကို ထိန်းသိမ်းစေရန်ဖြစ်သည်။ ယင်းတို့သည် သင့်အား စဉ်ဆက်မပြတ် ဘောင်ခတ်ပြီး ချည်နှောင်သည်။ ဘုရားနှုတ်ကပတ်တော်အား နားမထောင်ရန်၊ ရိုးသားသူတစ်ယောက် မဖြစ်ရန်၊ သမ္မာတရားအား လက်တွေ့မလုပ်ဆောင်ရန် တားဆီးသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် ဆုံးရှုံးမှုဖြစ်မည်၊ သိက္ခာနှင့် အဆင့်အတန်းကို ဆုံးရှုံးရမည်၊ သူတစ်ပါးတို့၏ လှောင်ပြောင်ခြင်းကို ခံရမည်၊ သင်၏ သရုပ်မှန်ကို လူအများရှေ့တွင် ဖော်ထုတ်ခြင်းခံရမည်ဟူ၍ ယင်းတို့က သင့်အား ယုံကြည်စေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့ကို ထိန်းချုပ်ပြီး ၎င်းတို့၏ အတွေးများကို ကြီးစိုးကာ ၎င်းတို့အား ဤအပျက်သဘောဆောင်သော အရာများကိုသာ စဉ်းစားစေသည်။ ယခုတွင် ဤအပျက်သဘောဆောင်သောအရာများ၏ အနှစ်သာရသည် သမ္မာတရားနှင့် ဆန့်ကျင်သလော။ (ဆန့်ကျင်ပါသည်။) ဤသို့ဆိုလျှင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် သင့်အား ဤအရာများကို စဉ်ဆက်မပြတ် သတိပေးလျက်ရှိနေစဉ် တစ်ချိန်တည်းတွင် သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်စားခြင်းမရှိရန်လည်း အစဉ်မပြတ် ဟန့်တားနေသည်။ ယင်းတို့သည် သမ္မာတရားအား သင်၏လိုက်စားခြင်းအပေါ် တံတိုင်းများအဖြစ်လည်းကောင်း၊ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်သည့် သင်၏ လမ်းကြောင်းအပေါ် အတားအဆီးအဖြစ်လည်းကောင်း ရှိနေ၏။ သမ္မာတရားအား သင်လက်တွေ့လုပ်ဆောင်လိုသောအချိန်တိုင်း၊ ရိုးသားစွာ ပြောဆိုလိုသောအချိန်တိုင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံလိုသောအချိန်တိုင်း၊ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်လိုသောအချိန်တိုင်း၊ သို့မဟုတ် ဘုရားသခင်အတွက် သင့်ကိုယ်သင် ရိုးသားစစ်မှန်စွာ အသုံးခံလိုသောအချိန်တိုင်း၊ အဖိုးအခ ပေးဆပ်လိုသောအချိန်တိုင်းနှင့် ဘုရားသခင်အပေါ် သင်၏ သစ္စာရှိမှုကို ပြသလိုသောအချိန်တိုင်းတွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များက ရုတ်တရက် ပွင့်ထွက်လာကာ သမ္မာတရားအား သင်လက်တွေ့လုပ်ဆောင်ခြင်းကို တားဆီးလေသည်။ ၎င်းတို့သည် သင်၏ အတွေးများတွင် အဆက်မပြတ် ထွက်ပေါ်လာပြီး သင်၏ စိတ်တွင် လျှပ်တစ်ပြက် ပေါ်ထွက်လာကာ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် မည်သည့်အရာကို သင်ဆုံးရှုံးရမည်၊ သင်၏ အဆုံးသတ်က မည်သည့်အရာဖြစ်မည်၊ အကျိုးဆက်များက မည်သည့်အရာဖြစ်မည်နှင့် မည်သည့်အရာကို သင်ရရှိနိုင်မည်ဆိုသည်တို့ကို သင့်အား ပြောပြသည်။ ၎င်းတို့သည် သင့်အား ထပ်ခါထပ်ခါ အသိပေးကာ သတိပေးပြီး သမ္မာတရားအား သင်လက်ခံခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်အား နာခံခြင်းမရှိစေရန် တားဆီးသည်။ ထိုအစား ယင်းတို့သည် သင့်အား မိမိအတွက်ကို စဉ်းစားစေသည်။ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို စဉ်းစားစေသည်။ ရလဒ်အနေဖြင့် သင်သည် သမ္မာတရားအား လက်တွေ့မလုပ်ဆောင်နိုင်ပေ၊ သို့မဟုတ် ဘုရားသခင်အား တကယ်ကို မနာခံနိုင်ပေ။ ရုတ်ခြည်းပင် သင်၏ အတွေးများသည် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ချည်နှောင်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည်။ သင်သည် အစ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသော်လည်း၊ ဘုရားသခင်အား ကျိုးနွံနာခံလိုစိတ်ရှိပြီး ဘုရားသခင်အား ကျေနပ်စေလိုသော်လည်း သင့်အတွင်း၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်လာသောအခါ သင်သည် မရည်ရွယ်ဘဲ ယင်းတို့နောက်သို့လိုက်ပြီး ယင်းတို့၏ ထိန်းချုပ်ခြင်းကို ခံရသည်။ ယင်းတို့သည် သင်၏ နှုတ်ကို ပိတ်ပြီး သင်၏ လက်နှင့်ခြေများကို ချည်နှောင်ကာ သင်လုပ်သင့်သည့်အရာကို မလုပ်ရန်နှင့် သင်ပြောသင့်သည့်စကားများကို မပြောဆိုရန် တားဆီးသည်။ ထိုထက် သင်သည် နောက်ဆုံး၌ မှားယွင်းသော၊ လှည့်စားသော၊ ဝေဖန်အပြစ်တင်သော စကားများကို ပြောခြင်း၊ သမ္မာတရားနှင့် ဆန့်ကျင်သော လုပ်ရပ်များအား လုပ်ဆောင်ခြင်းတို့ကို ပြုလုပ်မိသည်။ သင်၏ စိတ်နှလုံးသည် ရုတ်ခြည်း မှောင်မိုက်လာပြီး စိတ်ဆင်းရဲသည့် အခြေအနေတွင် ပိတ်မိတတ်သည်။ သင်၏ နဂိုမူလစိတ်ကူးများနှင့် အစီအစဉ်များက ကောင်းသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသည်၊ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင်၏ သစ္စာစောင့်သိခြင်းကို ပူဇော်ဆက်ကပ်လိုသည်၊ ထို့အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် တွန်းအား၊ လိုအင်ဆန္ဒနှင့် စိတ်ပိုင်းဖြတ်မှုရှိသည်။ သို့သော် အရေးပါသော အချိန်အခိုက်အတန့်များတွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များက သင့်အား ထိန်းချုပ်သွားသည်။ သင်သည် ယင်းတို့ကို ပုန်ကန်ရန် သို့မဟုတ် ငြင်းပယ်ရန် အစွမ်းမရှိဘဲ အဆုံးတွင် သင်သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို အရှုံးပေးခြင်းသာ လုပ်ဆောင်နိုင်သည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များက လူတို့ကို ခြောက်လှန့်ပြီး နှောင့်ယှက်သောအခါ၊ လူတို့၏ အတွေးများကို ထိန်းချုပ်ပြီး သမ္မာတရားအား လက်တွေ့မလုပ်ဆောင်ရန် တားဆီးသောအခါ လူတို့သည် အလွန်ပင် အစွမ်းမဲ့သည့်၊ အကူအညီမဲ့သည့်၊ သနားစဖွယ်ဖြစ်သည့်ပုံပေါက်သည်။ အကြီးစား ပြဿနာများ မဖြစ်သောအခါ၊ စည်းမျဉ်းများ မပါဝင်သောအခါတွင် လူတို့က ၎င်းတို့သည် အကန့်အသတ်မဲ့သော အားအင်ရှိသည် ဟူ၍လည်းကောင်း၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ယုံကြည်မှုတွင် အားကြီးသည် ဟူ၍လည်းကောင်းထင်ကြပြီး ၎င်းတို့သည် စိတ်ဓာတ်လှုံ့ဆော်မှုအပြည့် ရှိသည်ဟု ခံစားရသည်။ ၎င်းတို့က ဘုရားသခင်အား ချစ်၍မဝဟု ထင်မှတ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်ဟူ၍လည်းကောင်း၊ မည်သည့်အမှားကိုမျှ မလုပ်ဆောင်နိုင်ဟူ၍လည်းကောင်း၊ အနှောင့်အယှက်၊ သို့မဟုတ် အဖျက်အဆီးများကို ဖန်တီးနိုင်စွမ်း မရှိဟူ၍လည်းကောင်း၊ မကောင်းမှုကို တမင်လုပ်နိုင်စွမ်း သေချာပေါက် မရှိဟူ၍လည်းကောင်း ထင်ကြသည်။ သို့သော် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ၎င်းတို့သည် ၎င်းတို့ တုံ့ပြန်သည့်ပုံစံကို အဘယ်ကြောင့် မထိန်းနိုင်ကြသနည်း။ ၎င်းတို့၏ ဤမရည်ရွယ်ဘဲလုပ်ဆောင်သော လုပ်ရပ်များသည် စီစဉ်၍လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဆန္ဒအလျောက်လုပ်ဆောင်ခြင်း မဟုတ်သော်လည်း ဖြစ်ပျက်နေသေးပြီး လက်တွေ့အရှိတရားဖြစ်လာကာ ယင်းတို့မှာ ထိုလူများက ပြုမူဆောင်ရွက်လိုသည့်ပုံစံနှင့် လုံးဝမတူပေ။ ဤအရာများ ဖြစ်ပျက်ခြင်းနှင့် ဤသို့သော ဖြစ်ရပ်များ ထပ်ခါထပ်ခါ ပေါ်ပေါက်ခြင်းသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။ လူတို့အပေါ် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ သက်ရောက်မှုနှင့် လူတို့အပေါ် ယင်းတို့၏ ထိန်းချုပ်မှုသည် လူတို့ ထင်မြင်သည့်အတိုင်း မရိုးရှင်းသကဲ့သို့ အလွယ်တကူ ဖြေရှင်း၍မရ၊ လက်လွှတ်ရန် သို့မဟုတ် ပုန်ကန်ရန် လုံးဝလွယ်ကူခြင်းမရှိဆိုသည်မှာ ရှင်းသည်။ လူတို့က ၎င်းတို့၏ ဆောင်ပုဒ်များကို မည်မျှကျယ်လောင်စွာ အော်ဟစ်ပါစေ၊ ၎င်းတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုက မည်မျှအားကြီးပါစေ၊ သို့မဟုတ် ၎င်းတို့၏ မျှော်လင့်ချက်များက မည်မျှမြင့်ပါစေ၊ သို့မဟုတ် ဘုရားသခင်ကို ချစ်သော ၎င်းတို့၏ စိတ်နှလုံးနှင့် ယုံကြည်ခြင်းတို့က မည်မျှ ကြီးမားပါစေ လက်တွေ့အရှိတရားနှင့် ရင်ဆိုင်ရသောအခါ ထိုစိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ယုံကြည်ခြင်း၊ ထိုမျှော်လင့်ချက်များနှင့် ရည်သန်မျှော်မှန်းချက်များသည် အဘယ်ကြောင့် မည်သည့်သက်ရောက်မှုမျှ မရှိရသနည်း။ ၎င်းတို့သည် ခဏတာဖြစ်သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များဖြင့် အဘယ်သို့ လွှမ်းမိုးပြီး ဖိနှိပ်ခြင်းခံရသနည်း။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့၏ အသက်တာများတွင် အမြစ်တွယ်နေသည်မှာ ရှင်းသည်။ ယင်းတို့သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ယှဉ်တွဲတည်ရှိပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကဲ့သို့ပင် လူတို့၏ အတွေးများ၊ အမြင်ရှုထောင့်များကို လွှမ်းမိုးပြီး ထိန်းချုပ်နိုင်စွမ်းရှိသည်။ တစ်ချိန်တည်းတွင် ပို၍ဆိုးစွာပင် လူတို့၏ စကားလုံးများနှင့် လုပ်ရပ်များကို ထိန်းချုပ်သည်။ ဤအရာသာမက လူတို့၏ အတွေးနှင့် စိတ်ကူးတိုင်း၊ အခြေအနေမျိုးစုံကို ရင်ဆိုင်ရာတွင် လူတို့၏ လုပ်ဆောင်မှုနှင့် အပြုအမူတိုင်းကို ထိန်းချုပ်သည်။ ထို့ကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ဖြေရှင်းရန် အလွန်အရေးကြီးသည်မဟုတ်လော။ (အလွန်အရေးကြီးပါသည်။) အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် အပြုသဘောဆောင်သောအရာများ မဟုတ်၊ ဤသည်ကို နည်းလမ်းနှစ်ခုဖြင့် ပုံဖော်နိုင်သည်။ ပထမအနေဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတစ်ယောက်အား ဘုရားသခင်ရှေ့သို့ တက်ကြွစွာ ရောက်လာရန် မခေါ်ဆောင်နိုင်ပေ။ ဒုတိယအနေဖြင့် ယင်းတို့သည် လူတစ်ယောက်အား လက်တွေ့အရှိတရားကို ရင်ဆိုင်ရာတွင် သူဆန္ဒရှိသည့်အတိုင်း သမ္မာတရားအား အောင်မြင်စွာ လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားအတွင်းသို့ ဝင်ရောက်ရန် အခွင့်ကိုမပေးပေ။ ၎င်းတို့သည် သမ္မာတရားအား လူတို့ လိုက်စားခြင်းအတွက် အတားအဆီးများ ဖြစ်သည်။ လူတို့အား သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်းမပြုရန် တားဆီးသည်။ ထို့ကြောင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ဖြေရှင်းရမည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ သက်ရောက်မှုနှင့် အနှစ်သာရကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် အပြုသဘောဆောင်သောအရာများ မဟုတ်သည်ကို မြင်နိုင်သည်။ ထို့အပြင် ၎င်းတို့၏ အနှစ်သာရတွင် လူတို့အား ချုပ်ချယ်ပြီး ထိန်းချုပ်နိုင်စွမ်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထက် အတိုင်းအတာတစ်ခုအထိ ပို၍ကြီးမားသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ဖြစ်တည်မှုသည် ဆိုးရွားသော ပြဿနာတစ်ခုဖြစ်သည်ဟု သင်တို့ဆိုမည်လော။ (ဆိုမည်ဖြစ်သည်။) ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို မဖြေရှင်းလျှင် မည်သည့်အကျိုးဆက်များကို မျှော်လင့်နိုင်သနည်း။ ဤစိတ်ခံစားချက်များသည် လူတစ်ယောက်အား အပျက်သဘောဆောင်ခြင်း၌ ကြာရှည်စွာ အသက်ရှင်စေလိမ့်မည်ဖြစ်ကာ၊ ယင်းတို့သည် လူများအား ချုပ်ချယ်ပြီး ချည်နှောင်ကာ သမ္မာတရားအား လိုက်စားခြင်းကို တားဆီးရန် ပို၍ပင် အားကြီးသော အစွမ်းရှိသည်။ ထိုသို့သော ဆိုးရွားသည့် ပြဿနာကို ဖြေရှင်းသင့်သလော။ ဖြေရှင်းသင့်သည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ကိုင်တွယ်သည့် တစ်ချိန်တည်းတွင် ၎င်းတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကိုလည်း ဖြေရှင်းသင့်သည်။ လူတို့သည် ၎င်းတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းလျှင် သမ္မာတရားအား ၎င်းတို့ လိုက်စားခြင်းသည် အလွန်ပို၍ ချောမွေ့မည်ဖြစ်ပြီး သိသာထင်ရှားသော မည်သည့်အတားအဆီးမျှ ရှိမည်မဟုတ်ပေ။
ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူများ၏ အပေါ်ယံအဆင့် ထုတ်ဖော်ပြခြင်းများ၏ နောက်ကွယ်တွင်လည်းကောင်း၊ လုပ်နည်းကိုင်နည်းအချို့၏ နောက်ကွယ်တွင်လည်းကောင်း၊ အချို့သော အခြေအနေများ၏ နောက်ကွယ်တွင်လည်းကောင်း တည်ရှိနေကြသည်။ ထို့ကြောင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို သင်မည်သို့ ပိုင်းခြားသိမြင်သနည်း။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြား သင်မည်သို့ ခွဲခြားသိမြင်သနည်း။ ဤအရာကို သင်တို့ ယခင်က တွေးတောခဲ့ဖူးသလော။ (မတွေးတောခဲ့ဖူးပါ။) စိတ်သဘောထားများနှင့် စိတ်ခံစားချက်များသည် မတူညီသော အမျိုးအစားနှစ်ခုဖြစ်သည်။ ငါတို့သည် စိတ်သဘောထားများနှင့် စိတ်ခံစားချက်များအကြောင်းကိုသာ ပြောလျှင် ၎င်းတို့၏ တိုက်ရိုက်အဓိပ္ပာယ်ကြား ခွဲခြားသိမြင်ရန် လွယ်ကူသလော။ စိတ်သဘောထားသည် လူတစ်ယောက်၏ သဘာဝ အနှစ်သာရမှ ထုတ်ဖော်ပြသော အရာများကို ရည်ညွှန်းသော်လည်း စိတ်ခံစားချက်များသည် တစ်စုံတစ်ခုကို လုပ်ဆောင်နေစဉ်တွင် အခြေခံအားဖြင့် လူတို့၌ ရှိသည့် စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်မျိုးဖြစ်သည်။ ဤဝေါဟာရများကို မည်သို့တိုက်ရိုက် အနက်ဖွင့်ပါစေ၊ မည်သို့ပင်ဖြစ်စေ လူတို့၏ စိတ်ခံစားချက်များတွင်၊ အထူးသဖြင့် လူတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် အပျက်သဘောဆောင်သော အတွေးများစွာ ပါဝင်သည်။ လူတစ်ယောက်သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ထားရှိသောအခါ ဤသို့လုပ်ဆောင်ခြင်းကြောင့် သူသည် အပျက်သဘောဆောင်သော အခြေအနေတစ်ခုတွင် အသက်ရှင်ပြီး အမျိုးမျိုးသော မမှန်ကန်သော အတွေးများ၊ အမြင်ရှုထောင့်များ၏ ကြီးစိုးမှုအောက်တွင် အသက်ရှင်စေနိုင်သည်မဟုတ်လော။ (ဟုတ်သည်။) ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့၏ စိတ်နှလုံးထဲတွင် ကြာရှည်စွာ ကွယ်ဝှက်နေနိုင်ပြီး လူတို့သည် သမ္မာတရားကို နားမလည်လျှင် ၎င်းတို့သည် ဤစိတ်ခံစားချက်များကို မည်သည့်အခါမျှ သတိပြုမိမည်မဟုတ်၊ သို့မဟုတ် ဤစိတ်ခံစားချက်များ တည်ရှိနေမှုကို မည်သည့်အခါမျှ ခံစားရမည်မဟုတ်။ ဤစိတ်ခံစားချက်များသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကဲ့သို့ပင် ၎င်းတို့နှင့် အချိန်ပြည့် အတူရှိနေသည်။ အချိန်များစွာတွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့၏ အမျိုးမျိုးသော မမှန်ကန်သည့် အတွေးများ၊ အမြင်ရှုထောင့်များအတွင်းတွင် ကွယ်ဝှက်နေပြီး ဤမမှန်ကန်သော အတွေးများနှင့် အမြင်ရှုထောင့်များသည် လူတို့အား ဘုရားသခင်ကို သံသယဖြစ်စေသည်။ ၎င်းတို့၏ စစ်မှန်သော ယုံကြည်ခြင်းကို ဆုံးရှုံးစေသည်။ ဘုရားသခင်အပေါ် ကျိုးကြောင်းမသင့်သော တောင်းဆိုမှုမျိုးစုံကိုပင် ပြုလုပ်စေပြီး ၎င်းတို့၏ ပုံမှန်ဆင်ခြင်တုံတရားကို ဆုံးရှုံးစေသည်။ မတူညီသော အကြောင်းပြချက်များ၊ အတွေးများ၊ အမြင်ရှုထောင့်များ၏ ကွယ်ဝှက်ထားခြင်း၌ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတစ်ယောက်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်းတွင် ကွယ်ဝှက်နေပြီး သူ၏ အမျိုးမျိုးသော မမှန်ကန်သော အတွေးများနှင့် အမြင်ရှုထောင့်များအတွင်းတွင် ကွယ်ဝှက်နေကာ ထိုလူ၏ သဘာဝ အနှစ်သာရကို အပြည့်အဝ ကိုယ်စားပြုနေသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူတို့၏ ကိုယ်ပိုင်ကျင့်ကြံနေထိုင်မှုနှင့် ပြုမူဆောင်ရွက်မှုများမှတစ်ဆင့် ဖွင့်ပြသော အမျိုးမျိုးသော အခြေအနေများ၌ ၎င်းတို့ဘာသာ ပေါ်လွင်လေသည်။ ဤမတူညီသော အခြေအနေများအတွင်းတွင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် တစ်ခုနှင့်တစ်ခု ကွဲပြားသော်လည်း အချို့သော နေရာများတွင် ၎င်းတို့ကြား၌ လိုအပ်သော ဆက်စပ်မှုရှိသည်။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ရောယှက်ပြီး ခွဲ၍မရနိုင်ခြင်းပင် ဖြစ်နိုင်သည်။ အချို့နေရာများတွင် ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ပံ့ပိုးပေးနိုင်ပြီး အားဖြည့်ပေးနိုင်သည်။ တစ်ခုအပေါ်တစ်ခု မှီခိုနိုင်ပြီး ယှဉ်တွဲလျက်တည်ရှိနိုင်သည်။ ဥပမာ ယခင်အခေါက်က ငါတို့ မိတ်သဟာယပြုခဲ့သော စိတ်ဖိစီးမှု၊ စိုးရိမ်မှု၊ စိတ်သောကတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားမှုတစ်မျိုးဖြစ်သည်။ လူတို့အား စိတ်ဖိစီးမှု၊ စိုးရိမ်မှု၊ စိတ်သောကရောက်မှုတွင် အသက်ရှင်စေသည်မှာ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုမျိုးဖြစ်သည်။ လူတို့သည် ဤစိတ်ခံစားချက်များအတွင်းတွင် ပိတ်မိနေသောအခါ ၎င်းတို့သည် အချို့သော အတွေးများ၊ အမြင်ရှုထောင့်များ အလိုအလျောက် ဖြစ်ပေါ်ကာ ဘုရားသခင်အား သံသယဝင်ခြင်း၊ မှန်းဆခြင်း၊ သတိထားကာကွယ်ခြင်း၊ နားလည်မှုလွဲခြင်း၊ ပြီးလျှင် ဝေဖန်အပြစ်တင်ခြင်းနှင့် တိုက်ခိုက်ခြင်းပင် ဖြစ်စေလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် ကျိုးကြောင်းမသင့်သော၊ အပေးအယူဆန်သော တောင်းဆိုမှုများကိုလည်း ပြုလုပ်နိုင်သည်။ ဤအချိန်တွင် ဤ အပျက်သဘောဆောင်သော စိတ်ခံစားချက်များက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအဖြစ် အရှိန်မြှင့်သွားပြီဖြစ်သည်။ ဤသို့ဆိုလျှင် ဤဥပမာမှတစ်ဆင့် မည်သည့်အရာကို သင်တို့ နားလည်သနည်း။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြားတွင် သင် ပိုင်းခြားသိမြင်နိုင်သလော။ ငါ့အား ပြောလော့။ (အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် မမှန်ကန်သော အတွေးနှင့် အမြင်ရှုထောင့်အချို့ကို ဖြစ်ပေါ်စေပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကမူ ပို၍ နက်နဲကာ လူတို့အား ဘုရားသခင်ကို နားလည်မှုလွဲစေပြီး သတိထားကာကွယ်စေသည်။) ငါ ဥပမာတစ်ခု ပေးမည်။ စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်သောက၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ကြည့်လော့။ လူတစ်ယောက်က နာမကျန်းဖြစ်ပြီး သူ၏ အနာရောဂါကို တွေးကာ ရလဒ်အနေဖြင့် စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်သောကကို တွေ့ကြုံခံစားရသည် ဆိုပါစို့။ ဤအရာများက သူ၏ စိတ်နှလုံးကို ထိန်းချုပ်ပြီး သူ၏ အနာရောဂါက ဆိုးရွားလာမည်ကို ကြောက်ရွံ့စေကာ သေခြင်းနှင့်အတူပါလာသော အကျိုးဆက်အမျိုးမျိုးကို ကြောက်ရွံ့စေသည်။ ထို့နောက်တွင် သူသည် သေခြင်းကို စတင်ကြောက်ရွံ့လာသည်။ သေခြင်းကို ငြင်းပယ်လာသည်။ သေခြင်းမှ လွတ်မြောက်လိုသည်။ ဤအတွေးနှင့် စိတ်ကူးတသီတသန်းသည် သူ၏ အနာရောဂါကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤအနာရောဂါ အခြေအနေတွင် ဤလူသည် ထိန်းမနိုင်သိမ်းမရဖြစ်သော အတွေးများစွာ ဖြစ်ပေါ်သည်။ ဤထိန်းမနိုင်သိမ်းမရဖြစ်သော အတွေးများ၏ အရင်းအမြစ်သည် သူ၏ ဇာတိပကတိ၏ အကျိုးစီးပွားများကို အခြေခံပြီး ဘုရားသခင်က အရာအားလုံးကို အချုပ်အခြာအာဏာ ကိုင်စွဲသည်ဆိုသည့်အချက်အပေါ်တွင်၊ သို့မဟုတ် သမ္မာတရားအပေါ်တွင် အခြေမခံသည်မှာ ရှင်းသည်။ ထို့ကြောင့် ဤအရာများကို အပျက်သဘောဆောင်သော စိတ်ခံစားချက်များအဖြစ် ငါတို့ သရုပ်ဖော်ခြင်း ဖြစ်သည်။ ထိုသူသည် သူ၏ အနာရောဂါကြောင့် စိတ်ညစ်သည်။ သို့သော် အနာရောဂါက သူ့အပေါ်တွင် ရောက်ရှိနေပြီဖြစ်သည်။ သူသည် ယင်းကို ရင်ဆိုင်ရမည်။ မလွတ်မြောက်နိုင်ပေ။ ထို့ကြောင့် သူသည် “ဒုက္ခပါပဲ။ ဤအနာရောဂါကို ငါ မည်သို့ ရင်ဆိုင်သင့်သနည်း။ ကုသသင့်သလော။ မကုသသင့်သလော။ မကုသလျှင် မည်သို့ ဖြစ်မည်နည်း။ ကုသလျှင် မည်သို့ ဖြစ်မည်နည်း” ဟူ၍ တွေးသည်။ သူသည် တွေးရင်းဖြင့် စိတ်ဖိစီးလာသည်။ သူ၏ အနာရောဂါနှင့်ပတ်သက်ပြီး သူ့၌ရှိသော အမျိုးမျိုးသော အတွေးအမြင်များက သူ့အား စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်သောကတို့ထဲတွင် ပိတ်မိနေစေသည်။ ဤသို့ဆိုလျှင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်က သက်ရောက်မှုရှိနေပြီမဟုတ်လော။ (ဟုတ်သည်။) သူသည် သူ၏ အနာရောဂါကို စတင်တွေ့ကြုံခံစားရသောအခါ ကုသရန် ကြိုးစားဖို့ ရည်ရွယ်သည်။ သို့သော် ထို့နောက်တွင် ဤသို့ လုပ်ဆောင်ခြင်းက မသင့်လျော်ဟု ခံစားရပြီး သူ၏ တာဝန်ကို သာမန် ထမ်းဆောင်ရင်း သူ၏ ယုံကြည်ခြင်းဖြင့် အသက်ရှင်ရန်စီစဉ်သည့်တိုင် ထိုအနာရောဂါက ပိုဆိုးလာမည်ကိုလည်း စိတ်ပူလျက်ရှိသည်။ ဤအရာကို ကိုင်တွယ်ရန် သင့်လျော်သည့်နည်းလမ်းက အဘယ်နည်း။ သူ့တွင် လမ်းကြောင်းမရှိပေ။ သူ၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ကြီးစိုးမှုအောက်တွင် သူသည် ဤကိစ္စနှင့်ပတ်သက်ပြီး အစဉ်သဖြင့် စိတ်ဖိစီးသည်၊ စိုးရိမ်သည်၊ စိတ်သောကရောက်သည်။ ထိုသူ၏ အတွင်း၌ စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်သောကတို့ ဖြစ်ပေါ်လာသည်နှင့် သူသည် ၎င်းတို့ကို လက်မလွှတ်နိုင်ပေ။ သူ၏ အနာရောဂါကြောင့် ဒုက္ခခံရသည်။ သူသည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သူသည် “ကိစ္စမရှိပေ၊ ငါသည် ဘုရားသခင်ကို ယုံကြည်သည်၊ ဘုရားသခင်က ငါ့အား ကုသပေးမည်၊ ငါ့တွင် ယုံကြည်ခြင်းရှိသည်” ဟူ၍ စတင်စဉ်းစားသည်။ သို့ရာတွင် အချိန်ကာလတစ်ခု ကြာပြီးနောက်တွင် အနာရောဂါက သက်သာမလာပေ။ ဘုရားသခင်ကလည်း သူ့အား ကုသမပေးပေ။ ထိုသူသည် ဤကိစ္စနှင့်ပတ်သက်ပြီး ဆက်လက်၍ စိတ်ဖိစီးခြင်း၊ စိုးရိမ်ခြင်း၊ စိတ်သောကရောက်ခြင်းတို့ ဖြစ်ကာ “ဘုရားသခင်က ငါ့အား ကုသမည်လော၊ မကုသမည်လော၊ ငါစောင့်ဆိုင်းဖို့သာလိုသည်။ ဘုရားသခင်က ငါ့အား ကုသပေးလိမ့်မည်။ ငါ့တွင် ယုံကြည်ခြင်းရှိသည်” ဟူ၍ ဆိုသည်။ သူက ယုံကြည်ခြင်းရှိသည်ဟု ပြောသော်လည်း စိတ်ထဲတွင်မူ သူသည် အမှန်တကယ်တွင် သူ၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များထဲ၌ နေထိုင်နေပြီး “ဘုရားသခင်က ငါ့အား ကုသမပေးလျှင် ငါသည် အလွန်ဖျားနာပြီး သေလျှင် အဘယ်သို့ ဖြစ်မည်နည်း။ ငါ၏ တာဝန်ကို ထမ်းဆောင်ခြင်းက အချည်းနှီးဖြစ်မည်လော။ မည်သည့်ကောင်းချီးများကိုမျှ မရရှိနိုင်ဖြစ်မည်လော။ ငါ့အား ကုသပေးရန် ဘုရားသခင်အား တောင်းဆိုသင့်သည်” ဟူ၍ တွေးသည်။ ဤသို့ဖြင့် သူသည် ဘုရားသခင်ထံ ဆုတောင်းကာ “ဘုရားသခင် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခဲ့သည့် နှစ်များစွာကို အခြေခံပြီး ကျွန်ုပ်၏ အနာရောဂါကို ကိုယ်တော် ယူဆောင်ပေးနိုင်သလော” ဟူ၍ ဆိုသည်။ သူသည် ဆက်လက်၍ တွေးတောသောအခါ “ဘုရားသခင်အား ဤသို့ တောင်းဆိုခြင်းသည် မမှန်ပေ။ ငါသည် ဘုရားသခင်အပေါ် ဤသို့သော အလွန်အကြူးတောင်းဆိုမှုများကို မပြုလုပ်သင့်ပေ။ ငါ့တွင် ယုံကြည်ခြင်းရှိသင့်သည်” ဟူ၍ သဘောပေါက်သွားသည်။ သူသည် ယုံကြည်ခြင်းရှိသောအခါ သူ၏ အနာရောဂါက အနည်းငယ်သက်သာသကဲ့သို့ ခံစားရသည်။ သို့သော်အချိန်အတန်ကြာပြီးနောက်တွင် သူသည် “ငါ၏ အနာရောဂါက အမှန်တကယ် သက်သာသကဲ့သို့ မခံစားရပေ။ အမှန်တွင် ပို၍ ဆိုးလာသည့် ပုံစံရှိသည်၊ မည်သည့်အရာကို ငါလုပ်ဆောင်သင့်သနည်း။ ငါ၏ တာဝန်တွင် ပို၍ ကြိုးစားပြီး ပို၍ အားစိုက်ထုတ်မည်။ ပို၍ ဒုက္ခခံမည်။ ပို၍ အဖိုးအခပေးဆပ်မည်။ ဘုရားသခင်က ငါ့အား ကုသစေရန် ငါ ကြိုးပမ်းမည်။ ငါ၏ သစ္စာရှိခြင်းနှင့် ယုံကြည်ခြင်းကို ဘုရားသခင်အား ပြမည်။ ဤစမ်းသပ်မှုအား ငါလက်ခံနိုင်သည်ကို ပြမည်” ဟူ၍ တွေးသည်။ အချိန်အနည်းငယ်ကြာပြီးနောက်တွင် သူ၏ အနာရောဂါက သက်သာလာရုံမကဘဲ ပိုဆိုးလာပြီး သူသည် ပို၍ ပို၍ နေမကောင်းဖြစ်လာကာ “ဘုရားသခင်က ငါ့ကို မကုသသေးပေ။ မည်သည့်အရာကို ငါလုပ်ဆောင်သင့်သနည်း။ ဘုရားသခင်က ငါ့အား ကုသပေးမည်လော။ မကုသမည်လော” ဟူ၍ စဉ်းစားသည်။ သူ၏ စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်သောကတို့သည် ပို၍ ပြင်းထန်လာသည်။ ဤအခြေအနေတွင် သူသည် သူ၏ အနာရောဂါကြောင့် စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်သောကတို့ကဲ့သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များထဲတွင် အဆက်မပြတ် အသက်ရှင်သည်။ ရံဖန်ရံခါဖြင့် သူသည် ဘုရားသခင်အပေါ် “ယုံကြည်ခြင်း” အချို့ ဖြစ်ပေါ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပူဇော်ဆက်ကပ်ပြီး စိတ်ပိုင်းဖြတ်ချက် အနည်းငယ်ကို ရံဖန်ရံခါ ချမှတ်သည်။ သူသည် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ မည်သည့်နည်းလမ်းကို သုံးပါစေ၊ မည်သို့ပင်ဖြစ်စေ သူသည် စိတ်ဖိစီးမှု၊ စိုးရိမ်မှု၊ စိတ်သောက ခံစားချက်များဖြင့် အစဉ်သဖြင့် ပိတ်မိနေသည်။ သူသည် သူ၏ အနာရောဂါ၏ အလေးအနက် ချည်နှောင်ခြင်းကို ခံရသည်။ သူလုပ်ဆောင်သမျှသည် သူ၏ အနာရောဂါကို သက်သာစေဖို့၊ ကုသဖို့၊ ထိုအနာရောဂါမှ လွတ်မြောက်မှုကို ရှာဖွေဖို့ ဖြစ်သည်။ လူတစ်ယောက်သည် ဤသို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များကြားတွင် အသက်ရှင်သောအခါ သူသည် သူ၏ အနာရောဂါကို အကျဉ်းချုံး စဉ်းစားခြင်းသာမဟုတ်ဘဲ ထိုအပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ကြီးစိုးမှုအောက်တွင် သူ၏ စဉ်းစားခြင်းက မကြာခဏပင် အလွန်နိုးကြားမှုရှိသည်။ ဤနိုးကြားသော အတွေးများသည် မပြီးဆုံးစေနိုင်သောအခါ၊ သို့မဟုတ် လက်တွေ့အရှိတရားက သူ အလိုရှိသည့်အရာနှင့် မကိုက်ညီသောအခါ ရံဖန်ရံခါတွင် သူ၏ စိတ်ဆန္ဒကို ဆန့်ကျင်ပြီး သူ၏ စိတ်ထဲမှ များပြားသော အယူအဆများ၊ သို့မဟုတ် ချဉ်းကပ်မှုများပင် ထွက်ပေါ်လာသည်။ သူက “ဘုရားသခင်က ငါ့အား မကုသပေးလျှင် ငါ၏ တာဝန်ကို ထမ်းဆောင်ဆဲဖြစ်မည်၊ သို့သော် ဘုရားသခင်က ငါ့အား အမှန်တကယ်ပင် ကုသမည်မဟုတ်လျှင် သူ့အပေါ် ငါ၏ ယုံကြည်ခြင်းက အသုံးမဝင်ပေ၊ အနာရောဂါကို ငါကိုယ်တိုင် ကုသရလိမ့်မည်” ဟူ၍ ဆိုသည်။ သင် တွေ့သလော။ သူသည် “ဘုရားသခင်က ငါ့အား မကုသလျှင် ငါ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဆဲဖြစ်မည်၊ ဤသည်မှာ ဘုရားသခင်က ငါ့အား စစ်ကြောနေခြင်းဖြစ်သည်” ဟု တွေးသော်လည်း တစ်ချိန်တည်းတွင်ပင် သူသည် “ဘုရားသခင်က ငါ့အား အမှန်တကယ် ကုသမည်မဟုတ်လျှင် အနာရောဂါကို ငါကိုယ်တိုင် ကုသရမည်၊ ငါကိုယ်တိုင် ကုသရမည်ဆိုလျှင် ငါ၏ တာဝန်ကို ထမ်းဆောင်မည်မဟုတ်၊ ဘုရားသခင်အပေါ် ငါ၏ ယုံကြည်ခြင်းက ငါ၏ အနာရောဂါကိုပင် မပျောက်ကင်းစေနိုင်လျှင် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်သင့်သနည်း၊ ဘုရားသခင်က အဘယ်ကြောင့် အခြားလူများကို ကုသပြီး ငါ့ကို မကုသသနည်း” ဟူ၍လည်း တွေးသည်။ သူသည် သူ၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များက အဆက်မပြတ် ရစ်ပတ်ခြင်းကို ခံရသည်။ သူသည် သူ၏ မမှန်ကန်သော အတွေးအမြင်များကို ပြောင်းပြန်လှန်ခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်းကို မလုပ်ဆောင်နိုင်ရုံသာမက ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် သူ့အား တဖြည်းဖြည်းချင်းဖြင့် ဘုရားသခင်ကို နားလည်မှုလွဲစေသည်။ ဘုရားသခင်အား စောဒကတက်စေသည်။ သူ၏ အနာရောဂါကို တွေ့ကြုံခံစားခြင်းဖြစ်စဉ်အချိန်အတွင်းတွင် ဘုရားသခင်အား သံသယဖြစ်စေသည်။ ဤဖြစ်စဉ်သည် သူ၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ တဖြည်းဖြည်းချင်း ပြောင်းလဲပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ပြုမူဆောင်ရွက်ခြင်းအတွင်းသို့ ဝင်ရောက်သွားခြင်းဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုက လူတစ်ယောက်၏ ပြုမူဆောင်ရွက်မှုများကို ဦးဆောင်လိုက်သည်နှင့် ထိုသူသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကိုသာ ပိုင်ဆိုင်ခြင်းမဟုတ်တော့ဘဲ သူ၏ အတွင်းတွင် အချို့သော အတွေးအမြင်များ၊ ဝေဖန်အကဲဖြတ်ခြင်းများ၊ စိတ်ပိုင်းဖြတ်ချက်များလည်း ဖြစ်ပေါ်လာမည်။ ပြီးလျှင် အချို့သော ပြုမူဆောင်ရွက်မှုများကို လုပ်ဆောင်လိမ့်မည်။ စိတ်ခံစားချက်တစ်မျိုးက အခြေအနေတစ်မျိုးအဖြစ် ပြောင်းလဲသွားသောအခါ ယင်းသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၊ တစ်စုံတစ်ခုကို စဉ်းစားခြင်း၊ သို့မဟုတ် အခြေအနေတစ်ခုတွင် အသက်ရှင်နေထိုင်ခြင်းတို့နှင့် သက်ဆိုင်သည့်ကိစ္စမျှသာ မဟုတ်တော့ဘဲ ဤအခြေအနေမှ အတွေးအမြင်များ၊ စိတ်ပိုင်းဖြတ်ချက်များကို ဖြစ်စေခြင်း၊ လှုပ်ရှားမှုနှင့် ပြုမူဆောင်ရွက်မှုများကို ဖြစ်စေခြင်းနှင့် သက်ဆိုင်သည်။ ဤသို့ဆိုလျှင် ဤအတွေးအမြင်များ၊ လှုပ်ရှားမှုများနှင့် ပြုမူဆောင်ရွက်မှုများကို မည်သည့်အရာက ကြီးစိုးသနည်း။ ၎င်းတို့ကို ကြီးစိုးသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ယခုတွင် ဤပြောင်းလဲခြင်း ဖြစ်စဉ်က ချောမွေ့သွားပြီမဟုတ်လော။ (ဟုတ်သည်။) အစတွင် လူတို့သည် အခြေအနေတစ်ခုအတွင်းတွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်သည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် ရိုးရှင်းသော အတွေးအမြင်များ၊ အယူအဆများ အနည်းငယ်သာဖြစ်သည်။ သို့သော် ဤအယူအဆအားလုံးသည် အပျက်သဘောဆောင်သည်။ ဤအပျက်သဘောဆောင်သော အယူအဆများသည် လူတို့၏ စိတ်ခံစားချက်အတွင်းတွင် မပြောင်းမလဲ တည်ရှိမြဲ တည်ရှိနေပြီး ဆက်လက်၍ မမှန်ကန်သော အခြေအနေအမျိုးမျိုးကို ဖြစ်ပေါ်စေသည်။ လူတို့သည် မမှန်ကန်သော အခြေအနေများ၌ အသက်ရှင်နေသောအခါ၊ မည်သည့်အရာလုပ်ဆောင်ရမည်၊ မည်သို့လုပ်ဆောင်ရမည်၊ မည်သည့်နည်းလမ်းများကို ခံယူရမည်ဆိုသည်ကို ဆုံးဖြတ်သောအခါ ၎င်းတို့အတွင်းတွင် မှားယွင်းသော အမြင်ရှုထောင့်များနှင့် သီအိုရီများ ဖြစ်ပေါ်လာပြီး ထို့နောက်တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပါဝင်ပတ်သက်လာသည်။ ဤမျှ ရိုးရှင်းသည်။ ယခု ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) ဤသို့ဆိုလျှင် ငါ့အား ပြောလော့။ (အချို့သော အခြေအနေများတွင် လူတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်အချို့ကို ဖြစ်ပေါ်စေသည်။ အစတွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် အပျက်သဘောဆောင်သော အယူအဆ အနည်းငယ်ထက်မပိုပေ။ ဤအပျက်သဘောဆောင်သော အယူအဆများက ဆက်လက်၍ အမျိုးမျိုးသော မမှန်ကန်သော အခြေအနေများ ဖြစ်ပေါ်စေပြီး လူတို့က မည်သည့်အရာလုပ်ဆောင်ရမည်ကို စတင် ဆုံးဖြတ်ကာ အချို့သောနည်းလမ်းများကို ခံယူကျင့်သုံးလာသောအခါ ၎င်းတို့သည် အချို့သော အတွေးများ၊ သီအိုရီများ၏ ကြီးစိုးခြင်းကို ခံလာရသည်။ ဤသို့ဆိုလျှင် ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပါဝင်ပတ်သက်လေသည်။) ဤအရာကို တွေးတောပြီး သင်တို့ နားလည်သလောဆိုသည်ကို ကြည့်လော့။ ဤသည်မှာ မရိုးရှင်းသလော။ (ရိုးရှင်းသည်။) ရိုးရှင်းသည့် ပုံစံရှိသည်။ သို့သော် အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ခွဲခြားသိမြင်နိုင်သလော။ ၎င်းတို့သည် သီအိုရီအရ ခွဲခြားသိမြင်ရန် လွယ်ကူသည်ဖြစ်စေ၊ မလွယ်ကူသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ သင်တို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြား ကွာခြားမှုကို နားလည်ကြပြီလော။ (နားလည်ပါပြီ။)
ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များက သင်တို့ကိုယ်တိုင်၏ စိတ်နှလုံးထဲတွင် တည်ရှိလျှင် သင်တို့သည် ယင်းတို့ကို ပိုင်းခြားသိမြင်ပြီး စိစစ်နိုင်သလော။ (၎င်းတို့ကို အတန်ငယ် ပိုင်းခြားသိမြင်နိုင်သည်။) သင်တို့သည် ယင်းတို့ကို ပိုင်ဆိုင်လျှင် ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်သင့်သည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ပိုင်းခြားသိမြင်ခြင်း ရည်ရွယ်ချက်သည် ယင်းတို့ကို အကြမ်းဖျင်း သဘောတရားအရ နားလည်မှုရှိရုံမျှသာ မဟုတ်ပေ၊ သို့မဟုတ် ၎င်းတို့၏ အဓိပ္ပာယ်ကို နားလည်ရုံမျှသာ မဟုတ်ပေ။ ယင်းတို့ကို လက်တွေ့ ပိုင်းခြားသိမြင်ပြီးနောက်တွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ညှဉ်းပန်းမှုမှ လွတ်မြောက်ရန်၊ လူတို့အတွင်းတွင် မတည်ရှိသင့်သော ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးကို စွန့်လွှတ်ရန်ဖြစ်သည်။ ငါတို့ အစောပိုင်းက မိတ်သဟာယပြုခဲ့သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များကဲ့သို့ ဖြစ်သည်။ ယခုတွင် ငါတို့ ယခု မိတ်သဟာယပြုခဲ့သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြား ကွာခြားမှုကို အခြေခံပြီး အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် လူတို့အား ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖွင့်ပြစေသည့် အကြောင်းရင်း၊ သို့မဟုတ် အခြေအနေတစ်ခုဖြစ်သည်ဟု ငါတို့ ဆိုနိုင်သလော။ ဥပမာ အနာရောဂါဖြစ်ရပ်တွင် သင်သည် အနာရောဂါကြောင့် စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်သောကတို့ကဲ့သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များ မဖြစ်လျှင် သင်သည် ဤကိစ္စနှင့်ပတ်သက်ပြီး အသိပညာနှင့် အတွေ့အကြုံရှိသည်ကိုလည်းကောင်း၊ သင်သည် မှန်ကန်သော အတွေးအမြင်များနှင့် စစ်မှန်သော ကျိုးနွံနာခံခြင်းကို ပိုင်ဆိုင်သည်ကိုလည်းကောင်း သက်သေပြသည်။ အကျိုးဆက်အနေဖြင့် ထိုအကြောင်းအရာတွင် သင်၏ အတွေးများနှင့် လုပ်ရပ်များသည် သမ္မာတရားနှင့် ကိုက်ညီသင့်သည်။ အပြန်အလှန်အနေဖြင့် သင်သည် အကြောင်းကိစ္စတစ်ခုခုနှင့် ပတ်သက်ပြီး အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို အဆက်မပြတ် ကြုံတွေ့ကာ ယင်းကြောင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် အဆက်မပြတ် ပိတ်မိနေလျှင် ဤ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကြောင့် သင့်တွင် အပျက်သဘောဆောင်သော အခြေအနေအမျိုးမျိုး ဖြစ်ပေါ်လာမည်မှာ သဘာဝပင်ဖြစ်သည်။ ဤအပျက်သဘောဆောင်သော အခြေအနေများသည် ဤမမှန်ကန်သော အခြေအနေများ၌ သင်ရှိနေစဉ်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင့်အား အလိုအလျောက် ဖွင့်ပြစေလိမ့်မည်။ ထို့နောက်တွင် သင်သည် စာတန်ဆန်သော အတွေးအခေါ်များကို အခြေခံပြီး လုပ်ဆောင်လိမ့်မည်။ အဘက်ဘက်တွင် သမ္မာတရားအား ချိုးဖောက်လိမ့်မည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်လိမ့်မည်။ ထို့ကြောင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ငါတို့ မည်သို့ ခွဲခြားသိမြင်ပါစေ အနှစ်ချုပ်လျှင် ဤအရာနှစ်ခုသည် ဆက်စပ်နေပြီး ခွဲ၍မရပေ။ အထူးသဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ နှစ်ခုလုံးသည် အပျက်သဘောဆောင်သော အရာများဖြစ်သည်ဆိုသည့် တူညီသည့် အနှစ်သာရရှိသည်။ ယင်းတို့သည် တူညီသော အနှစ်သာရနှင့် အခြေခံအတွေးအမြင်များရှိသည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များဖြစ်ပေါ်စေသည့် အတွေးအမြင်များအားလုံးက အပျက်သဘောဆောင်သည်။ ယင်းတို့အားလုံးသည် စာတန်ဆန်သော အတွေးအခေါ်များဖြစ်သည်။ ပြီးလျှင် ဤအပျက်သဘောဆောင်သောအရာများသည် လူတို့အား ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖွင့်ပြစေပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အခြေခံကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်စေသည်။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။