ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းပုံနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၅၀)
မာနထောင်လွှားမှု၊ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်းနှင့် ခေါင်းမာခြင်းတို့ကဲ့သို့သော လူ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် ကုရခက်သည့် ရောဂါအမျိုးအစားတစ်ခု ဖြစ်သည်။ ယင်းတို့သည် လူသားကိုယ်ခန္ဓာတွင် ကြီးထွားသည့် အန္တရာယ်ပေးနိုင်သော အကျိတ်တစ်ခုကဲ့သို့ဖြစ်ပြီး ဆင်းရဲဒုက္ခအချို့ မရှိဘဲ ဖြေရှင်းမရနိုင်ပေ။ ရက်အနည်းငယ်အတွင်း ပျောက်သည့် ခဏတာ နာမကျန်းဖြစ်ခြင်းနှင့်မတူဘဲ ဤကုရခက်သည့် ရောဂါသည် သာမည ရောဂါမဟုတ်သကဲ့သို့ ထိုအရာအပေါ် ရှိန်လောက်သည့် နည်းလမ်းကို သုံးရမည်ဖြစ်သည်။ သို့ရာတွင် သင်တို့ သိရှိရမည့် အမှန်တရားတစ်ခု ရှိ၏။ ဖြေရှင်းမရသည့် ပြဿနာဟူ၍ မရှိပေ။ သင့်အနေဖြင့် သမ္မာတရားကို လိုက်စားသည်နှင့်အမျှ ဘဝတွင် ကြီးထွားကာ သမ္မာတရားနှင့်ဆိုင်သည့် သင်၏ သိနားလည်မှုနှင့် အတွေ့အကြုံတို့ နက်သည်ထက်နက်လာသည်နှင့်အမျှ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက တရွေ့ရွေ့ လျော့သွားလိမ့်မည်ဖြစ်သည်။ သန့်စင်သွားသည်ဟု ယူဆမခံရနိုင်မီ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက မည်သည့်အတိုင်းအတာအထိ လျော့လာရမည်နည်း။ ယင်းတို့၏ ဘောင်ခတ်ခြင်းကို သင် မခံရတော့သကဲ့သို့ ယင်းတို့ကို သင် သိမြင်ကာ စွန့်ပစ်နိုင်သည့်အချိန်ထိ ဖြစ်သည်။ ထိုအရာများက တစ်ခါတစ်ရံ သူတို့ဘာသာ ပေါ်လာကောင်း ပေါ်လာနိုင်သော်လည်း သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ကာ သမ္မာတရားကို ပုံမှန်အတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပြီး တာဝန်သိကာ တာဝန်ယူမြဲယူနိုင်၍ ယင်းတို့၏ ဘောင်ခတ်ခြင်းကို မခံရပေ။ ထိုအချိန်တွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သင့်အတွက် ပြဿနာ ဖြစ်ပေါ်စေတော့မည်မဟုတ်သကဲ့သို့ ယင်းတို့ကို သင် အောင်မြင်နှင့်ပြီးဖြစ်ကာ ကျော်လွှားနှင့်ပြီး ဖြစ်သည်။ ယင်းမှာ ဘဝတွင် ကြီးထွားရင့်ကျက်မှုရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ပုံမှန် အခြေအနေများအောက်တွင် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်း၊ ချည်နှောင်ခြင်း မခံရတော့ပေ။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမည်မျှကို ၎င်းတို့ ထုတ်ဖော်ပြသည်ဖြစ်စေ ယင်းတို့ကို ဖြေရှင်းရန် လူအချို့က သမ္မာတရားကို မရှာဖွေကြပေ။ အကျိုးဆက်အနေဖြင့် ဘုရားသခင်ကို နှစ်များစွာကြာ ယုံကြည်သည့်နောက်တွင်ပင် ၎င်းတို့၏ စိတ်သဘောထားများက မပြောင်းမလဲ ရှိနေသည်။ ၎င်းတို့က “တစ်စုံတစ်ရာကို ငါ လုပ်ဆောင်သည့်အခါတိုင်းတွင် ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ငါ ထုတ်ဖော်ပြသည်။ တစ်ခုခု လုပ်ဆောင်ခြင်းကို ငါ ရှောင်ကြဉ်လျှင် ယင်းတို့ကို ငါ ထုတ်ဖော်ပြမည်မဟုတ်ပါ။ ယင်းက ပြဿနာကို ပြေလည်စေသည် မဟုတ်လော”ဟု တွေးကြသည်။ ဤသည်မှာ အစာနင်မည်ကို ကြောက်သောကြောင့် အစာစားခြင်းကို ရှောင်ကြဉ်ခြင်း မဟုတ်လော။ ဤအရာ၏ အကျိုးဆက်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ငတ်ပြတ်ခြင်းဆီသို့သာ ဆိုက်ရောက်စေနိုင်သည်။ အကြင်သူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြပြီး မဖြေရှင်းပါက ထိုအရာမှာ သမ္မာတရားကို လက်မခံခြင်းနှင့် မမျှော်လင့်ဘဲ သေဆုံးခြင်း သဘောသက်ရောက်ပေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို မလိုက်စားလျှင် အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လိမ့်မည်နည်း။ သင်သည် ကိုယ့်သေတွင်း ကိုယ်တူးမိလိမ့်မည်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘုရားသခင်၌ သင့် ယုံကြည်မှု၏ ရန်သူဖြစ်သည်။ ယင်းတို့သည် သင်၏ သမ္မာတရား လိုက်စားခြင်း၊ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် သင်၏ အတွေ့အကြုံနှင့် သူ့ကို သင်၏ ကျိုးနွံနာခံခြင်းတို့အား ဟန့်တားသည်။ အကျိုးဆက်အနေဖြင့် သင်သည် အဆုံးတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိလိမ့်မည်မဟုတ်။ ယင်းမှာ ကိုယ့်သေတွင်းကို ကိုယ်တူးခြင်း မဟုတ်လော။ ဆိုးယုတ်သော စိတ်သဘောထားများက သင့်ကို သမ္မာတရားအား လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမှ ဟန့်တား၏။ ထိုစိတ်သဘောထားများကို သင် ရှောင်လွှဲမရနိုင်။ ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုအရာများကို သင် အောင်မြင်ကျော်လွှားခြင်း မရှိပါက သင့်ကို ထိန်းချုပ်လိမ့်မည်။ ထိုအရာများကို သင် အောင်မြင်ကျော်လွှားနိုင်လျှင် ထိုအရာများအားဖြင့် သင် ဘောင်ခတ်ခံရမည်မဟုတ်တော့ဘဲ လွတ်မြောက်သွားလိမ့်မည်။ တစ်ခါတစ်ရံ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သင့်အတွင်း၌ မှားယွင်းသည့် အတွေးများနှင့် စိတ်ကူးများအပြင် ဆိုးယုတ်သည့် တွေးခေါ်မှုတို့ ဖြစ်ပေါ်စေလျက်၊ သင့်အား ဘဝင်ခိုက်စေလျက်၊ သို့မဟုတ် ကြီးကျယ်စေလျက်၊ ထိုသို့သော အတွေးများကို ထုတ်ဖော်စေရင်း သင့်စိတ်နှလုံးတွင် ထွက်ပေါ်ကာ ၎င်းတို့ဘာသာ ထင်ရှားပြသလိမ့်ဦးမည် ဖြစ်သည်။ သို့ရာတွင် သင် ပြုမူဆောင်ရွက်သည့်အခါ သင်၏ လက်နှင့် ခြေတို့သည် ထိုအရာများ၏ ချည်နှောင်ခြင်းခံရတော့မည် မဟုတ်သကဲ့သို့ သင်၏ စိတ်နှလုံးသည်လည်း ထိန်းချုပ်ခြင်းခံရတော့မည် မဟုတ်ပေ။ သင်က “ကျွန်ုပ်၏ ရည်ရွယ်ချက်မှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အလေးထားရန်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ အမှုအရာများကို လုပ်ဆောင်ရန်နှင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့် ကျွန်ုပ်၏ တာဝန်နှင့် သစ္စာစောင့်သိခြင်းတို့ကို ဖြည့်ဆည်းရန်ဖြစ်သည်။ ကျွန်ုပ်သည် တစ်ခါတစ်ရံ ဤစိတ်သဘောထားမျိုး ထုတ်ဖော်ပြဆဲဖြစ်သော်လည်း ကျွန်ုပ်အပေါ် ထိုအရာက လုံးဝ လွှမ်းမိုးခြင်း မရှိပါ”ဟု ပြောလိမ့်မည်။ ဤသည်မှာ လုံလောက်ပေသည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးသည် အခြေခံအားဖြင့် ပြေလည်သွားပြီးဖြစ်လိမ့်မည်။ လူ၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုသည် မရေမရာဖြစ်ကာ လက်ဆုပ်လက်ကိုင် မပြနိုင်သည့်အရာ ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ထိုအရာသည် မည်မျှလက်တွေ့ကျပုံဖြစ်သည်။ လူအချို့က “သမ္မာတရား အနည်းငယ်ကို ကျွန်ုပ် နားလည်သော်လည်း ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော အတွေးများနှင့် စိတ်ကူးများ တစ်ခါတစ်ရံတွင် ရှိနေဆဲဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ကျွန်ုပ် ထုတ်ဖော်ပြနေဆဲဖြစ်သည်။ မည်သည့်အရာကို ကျွန်ုပ် လုပ်ဆောင်သင့်သနည်း”ဟု ပြောကြသည်။ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး အမှန်တကယ်ဖြစ်လျှင် သင့်ထံ၌ မှားယွင်းသည့် အတွေးများနှင့် စိတ်ကူးများရှိသည့်အခါတိုင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် ထုတ်ဖော်ပြသည့်အခါတိုင်းတွင် ယင်းတို့ကို ဖြေရှင်းရန် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်သည်။ ဤသည်မှာ အခြေခံအကျဆုံးသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းဖြစ်သည်။ ယင်းကို သင် မေ့လိမ့်မည်မဟုတ်၊ ဟုတ်သလော။ ထို့အပြင် သင့်ထံတွင် မမှန်သည့် အတွေးများနှင့် စိတ်ကူးများရှိသည့်အခါ ယင်းတို့ကို သင် ငြင်းပယ်သင့်သည်ကိုလည်း သိသင့်သည်။ ထိုအရာများကို လိုက်လျှောက်ရန် မဆိုထားနှင့် ထိုအရာများ၏ ဘောင်ခတ်ခြင်းနှင့် ချည်နှောင်ခြင်းကို သင် ခံ၍မရပေ။ သင့်အနေဖြင့် သမ္မာတရားအနည်းငယ် နားလည်သရွေ့ ဤအရာသည် ပြီးမြောက်ရန် လွယ်ကူသင့်ပေသည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြလျှင် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေဖို့ သင် အားထုတ်ရမည်။ သင်က “အို ဘုရားသခင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ကျွန်ုပ် တစ်ဖန် ထုတ်ဖော်ပြမိပါပြီ။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမပါ။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ကျွန်ုပ် မထိန်းချုပ်နိုင်ပါ”ဟု ပြော၍မရပေ။ သင်သည် ဤသို့ဆုတောင်းလျှင် သမ္မာတရားကို လိုက်စားသောသူတစ်ဦးမဟုတ်။ ထိုအရာက သင်သည် အပျက်သဘောဆောင်ပြီး မတက်မကြွဖြစ်နေကြောင်းနှင့် သင်သည် မိမိကိုယ်ကို လက်လျှော့ပြီဖြစ်ကြောင်း ပြပေသည်။ သင်သည် အခေါင်းတစ်လုံးကို ပြင်ဆင်ကာ မိမိ၏ အသုဘ အစီအစဉ်များကို ပြုလုပ်လိုက်သည်ကမှ ပို၍ကောင်းဦးမည်။ ငါ့ကို ပြောလော့၊ ထိုသို့သော ဆုတောင်းချက်တစ်ခုကို မည်သည့်လူစားမျိုးက ပြုလုပ်သနည်း။ အသုံးမကျသော သူတစ်ဦးကသာ ထိုသို့သော ပုံစံဖြင့် ဘုရားသခင်ထံ ဆုတောင်းပေမည်။ သမ္မာတရားကို ချစ်သောလူတစ်ဦးသည် ထိုသို့သော စကားများကို လုံးဝ ထုတ်ပြောမည်မဟုတ်။ သင်သည် သမ္မာတရားကို ချစ်သောသူတစ်ဦးဖြစ်လျှင် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ရွေးသင့်ပြီး မည်သို့လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်နှင့် ပတ်သက်၍လည်း ရှင်းလင်းသင့်ပေသည်။ အလွန်သာမန်ဖြစ်သော ဤပြဿနာများ သင့်အပေါ် ကျရောက်သည့်အခါ မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သင် မသိလျှင် သင်သည် အလွန်အသုံးမကျပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းသည် ရာသက်ပန် အားထုတ်မှုတစ်ခုဖြစ်သည်၊ နှစ်အနည်းငယ်မျှဖြင့် စွမ်းဆောင်ရရှိနိုင်သည့်အရာတစ်ခု မဟုတ်။ သမ္မာတရားနှင့် အသက်ရရှိခြင်းအကြောင်း စိတ်ကူးယဉ်မှုများ သင် အဘယ်ကြောင့် ထားရှိသနည်း။ ယင်းသည် မိုက်မဲပြီး မသိနားမလည်ခြင်း မဟုတ်လော။
အသက်စိတ်သဘောထားရှိ ပြောင်းလဲမှုတစ်ခုကို လိုက်စားခြင်း ဖြစ်စဉ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အချုပ်အချယ်များက လူတိုင်းအတွက် အကြီးမားဆုံး အခက်အခဲ ဖြစ်စေသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အနည်းငယ်ကို ထုတ်ဖော်ပြသည့်အခါ၊ သို့မဟုတ် ထိုစိတ်သဘောထားကို အကြိမ်ကြိမ် ထုတ်ဖော်ပြသည့်အခါနှင့် ထိုအရာကို ထိန်းချုပ်နိုင်ခြင်းမရှိဟုခံစားရသည့်အခါ ၎င်းတို့ ဇာတ်သိမ်းပြီဖြစ်ကာ ပြောင်းလဲမရနိုင်ဟု သတ်မှတ်လျက် မိမိတို့ကိုယ်ကို စီရင်ချက်ချကြသည်။ ဤသည်မှာ လူအများစုတွင် တည်ရှိသည့် ရှုပ်ထွေးမှုနှင့် နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ယခုအခါတွင် သမ္မာတရားကို လိုက်စားသောသူအချို့က လူတစ်ဦးအတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ တည်ရှိသရွေ့ ၎င်းတို့တာဝန် ထမ်းဆောင်ခြင်းအား ထိခိုက်စေပြီး ၎င်းတို့၏ သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းကို ဟန့်တားလျက် ယင်းတို့ကို မကြာခဏ ၎င်းတို့ ထုတ်ဖော်စေနိုင်ကြောင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် ပြဿနာကို ဖြေရှင်းရန် မိမိတို့ကိုယ်ကို မသုံးသပ်နိုင်လျှင် မိမိတို့၏ တာဝန်များကို ပြည့်စုံလုံလောက်စွာ ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ကြောင်းကိုလည်း သဘောပေါက်ကြပြီးဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ တာဝန်များကို အပျက်သဘောဆောင်ပြီး ဝတ်ကျေတမ်းကျေပုံစံဖြင့် အမြဲ ထမ်းဆောင်ကြသူများသည် မိမိတို့ကိုယ်ကို လေးနက်စွာ ဆင်ခြင်သုံးသပ်သင့်သကဲ့သို့ ဖြေရှင်းရန် မိမိတို့ပြဿနာ၏ ဖြစ်ကြောင်းရင်းမြစ်ကို ရှာဖွေဖော်ထုတ်သင့်ပေသည်။ သို့ရာတွင် လူအချို့သည် လွဲချော်နေသော သိနားလည်မှုတစ်ခုရှိကြပြီး “မိမိတို့တာဝန်များကို လုပ်ဆောင်နေစဉ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ပြသူအားလုံးသည် ရပ်တန့်ကာ မိမိတို့တာဝန်များကို ဆက်လက် မထမ်းဆောင်မီ ယင်းတို့ကို လုံးဝ ဖြေရှင်းသင့်သည်”ဟု တွေးထင်ကြသည်။ ဤသည်မှာ ယုတ္တိတန်သော အမြင်တစ်ခု ဖြစ်သလော။ ထိုအရာမှာ လူသား စိတ်ကူးစိတ်သန်းတစ်ခုဖြစ်ပြီး လုံးဝ ယုတ္တိမတန်ပေ။ အမှန်တွင် လူအများစုအနေဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြသည်ဖြစ်စေ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ၎င်းတို့ ရှာဖွေသရွေ့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြသည့် အကြိမ်ရေကို တဖြည်းဖြည်း လျှော့ချနိုင်ကြပြီး နောက်ဆုံးတွင် မိမိတို့တာဝန်များကို ပြည့်စုံလုံလောက်စွာ ထမ်းဆောင်နိုင်ကြပေသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော် တွေ့ကြုံခြင်း ဖြစ်စဉ်ဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြသည်နှင့်တစ်ပြိုင်နက် ယင်းကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေသင့်ပြီး သင်၏ ဆိုးယုတ်သော စိတ်သဘောထားကို သိမြင်ကာ စိတ်ဖြာလေ့လာဆွေးနွေးသင့်ပေသည်။ ဤသည်မှာ သင်၏ ဆိုးယုတ်သော စိတ်သဘောထားကို ဆန့်ကျင်တိုက်ခိုက်သည့် ဖြစ်စဉ်ဖြစ်ပြီး သင်၏ ဘဝအတွေ့အကြုံအတွက် မုချလိုအပ်ပေသည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံကာ သင်၏ စိတ်သဘောထားကို ပြောင်းလဲနေစဉ်တွင် သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထားကို ပြိုင်ဆိုင်ကာ နောက်ဆုံးတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပြီး စာတန်အပေါ် အောင်နိုင်လျက် ထိုသို့ဖြင့် စိတ်သဘောထားတွင် အပြောင်းအလဲတစ်ခု စွမ်းဆောင်ရရှိရန် သင် နားလည်သည့် သမ္မာတရားကို သင် အသုံးပြုလေသည်။ မိမိ၏ စိတ်သဘောထား ပြောင်းလဲခြင်း ဖြစ်စဉ်သည် လူ့အယူအဆများနှင့် စိတ်ကူးများအပြင် စကားများနှင့် အယူဝါဒများကို အစားထိုးရန်နှင့် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များ၊ စာတန်ထံမှလာသည့် အယူလွဲမှုများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးမှားများကို အစားထိုးရန်၊ ဤအရာများကို သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များဖြင့် တဖြည်းဖြည်းချင်း အစားထိုးရန်အလို့ငှာ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်ခံခြင်းဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ရရှိခြင်းနှင့် မိမိ၏ စိတ်သဘောထား ပြောင်းလဲခြင်းဖြစ်စဉ်ဖြစ်သည်။ သင်၏ စိတ်သဘောထား မည်မျှ ပြောင်းလဲပြီးဖြစ်သည်ကို သင် သိရှိလိုလျှင် သမ္မာတရား မည်မျှ သင်နားလည်သည်၊ သမ္မာတရားမည်မျှအား သင် လက်တွေ့လုပ်ဆောင်ပြီး ဖြစ်သည်ဆိုသည်နှင့် သမ္မာတရား မည်မျှ သင် အသက်ရှင်နေထိုင်နိုင်သည်ဆိုသည်တို့ကို သင် ရှင်းလင်းစွာ သိမြင်ရန်လိုအပ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မည်မျှကို သင်နားလည်ကာ ရရှိပြီးဖြစ်သည့် သမ္မာတရားနှင့် အစားထိုးပြီးဖြစ်ကြောင်းနှင့် ယင်းတို့က သင့်အတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အတိုင်းအတာအထိ ထိန်းချုပ်နိုင်ကြောင်း၊ ဆိုလိုသည်မှာ သင် နားလည်သည့် သမ္မာတရားများက သင်၏ အတွေးများနှင့် ရည်ရွယ်ချက်များအပြင် သင်၏ နေ့စဉ်ဘဝနှင့် လက်တွေ့လုပ်ဆောင်မှုတို့အား မည်သည့်အတိုင်းအတာထိ လမ်းပြပေးနိုင်ကြောင်းတို့ကို ရှင်းလင်းစွာ သင် သိမြင်ရမည်။ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အခါ အသာစီးရသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သလော၊ သင့်ကို လွှမ်းမိုးပြီး လမ်းပြသည်မှာ သင် နားလည်သည့် သမ္မာတရားများ ဖြစ်သလောဆိုသည်ကို သင် ရှင်းလင်းစွာ သိမြင်သင့်သည်။ ဤသည်မှာ သင်၏ ဝိညာဉ်ရင့်ကျက်မှုနှင့် အသက်ဝင်ရောက်မှုတို့ကို တိုင်းတာသည့် စံနှုန်းဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။