ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းပုံနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၅၁)
တစ်စုံတစ်ဦးသည် ပြစ်တင်ဝေဖန်ခြင်းနှင့် ပြုပြင်ခြင်းကို ရင်ဆိုင်ရချိန်တွင် ဆင်ခြေပေးလေ့ရှိသောအခါ မည်သည့်အရာဖြစ်နေသနည်း။ ဤသည်မှာ အလွန်မာနထောင်လွှားသော၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သော၊ တစ်ဇွတ်ထိုးနိုင်သော စိတ်သဘောထားတစ်မျိုးဖြစ်သည်။ မာနထောင်လွှားပြီး ခေါင်းမာသောလူများသည် သမ္မာတရားကို လက်ခံဖို့ ခက်ခဲသည်ကို တွေ့ရသည်။ ၎င်းတို့၏ ကိုယ်ပိုင်အမြင်ရှုထောင့်များ၊ ထင်မြင်ချက်များနှင့် အတွေးများအတိုင်း မကိုက်ညီသည့်အရာ တစ်စုံတစ်ခုကို ၎င်းတို့ကြားသောအခါ ယင်းကို ၎င်းတို့ လက်မခံနိုင်ကြပေ။ အခြားသူများ ပြောသောစကားက မှန်သည်ဖြစ်စေ သို့မဟုတ် မှားသည်ဖြစ်စေ၊ သို့မဟုတ် မည်သူက ပြောခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အခြေအနေမျိုး၌ ပြောခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် တာဝန်ဝတ္တရားများနှင့် ဆက်စပ်သည်ဖြစ်စေ မဆက်စပ်သည်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်။ ဤအရာများအကြောင်းကို ၎င်းတို့ ဂရုမစိုက်ကြပေ၊ ၎င်းတို့အတွက် အလျင်လိုနေသည်မှာ အရင်ဆုံး ၎င်းတို့၏ ကိုယ်ပိုင်ခံစားချက်များ ပြည့်ဝစေရန် ဖြစ်သည်။ ဤသည်မှာ ခေါင်းမာခြင်း မဟုတ်လော။ ခေါင်းမာခြင်းက အဆုံးတွင် လူများအပေါ် ယူဆောင်လာပေးသည့် ဆုံးရှုံးမှုများမှာ မည်သည်တို့ ဖြစ်သနည်း။ ၎င်းတို့အတွက် သမ္မာတရားကို ရရန်မှာ ခက်ခဲသည်။ သမ္မာတရားကို လက်မခံခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ရပြီး နောက်ဆုံးရလဒ်မှာ သမ္မာတရားကို ၎င်းတို့ အလွယ်တကူ မရနိုင်ခြင်း ဖြစ်သည်။ လူသား၏ သဘာဝအနှစ်သာရမှ သဘာဝအတိုင်း ထုတ်ဖော်လာသည့် မည်သည့်အရာမဆိုသည် သမ္မာတရားနှင့် ဆန့်ကျင်ဘက် ဖြစ်ပြီး ၎င်းနှင့် လုံးဝ မသက်ဆိုင်ပေ။ ထိုသို့သောအရာများထဲမှ တစ်ခုမျှသည် သမ္မာတရားနှင့် မကိုက်ညီပေ၊ သို့မဟုတ် သမ္မာတရားကို မချဉ်းကပ်ပေ။ ထို့ကြောင့် ကယ်တင်ခြင်းကို ရရန် လူတစ်ယောက်သည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရမည်။ လူတစ်ယောက်သည် သမ္မာတရားကို လက်မခံနိုင်ဘဲ ၎င်းတို့၏ကိုယ်ပိုင် နှစ်သက်မှုများအတိုင်း အမြဲ ပြုမူလိုသည်ဆိုပါက ထိုသူသည် ကယ်တင်ခြင်းကို မရနိုင်။ သင်သည် ဘုရားသခင်နောက်သို့ လိုက်ပြီး သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်လိုလျှင် အမှုအရာများက သင့်သဘောအတိုင်းမဖြစ်သောအခါ ရှေးဦးစွာ စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းကို သင် ရှောင်ကြဉ်ရမည်။ ရှေးဦးစွာ စိတ်တည်ငြိမ်အောင်ပြုပြီး ဘုရားသခင်ရှေ့တွင် ငြိမ်သက်ခြင်းရှိလော့။ သင်၏ စိတ်နှလုံးတွင် ဘုရားထံ ဆုတောင်းပြီး ဘုရားထံမှ ရှာဖွေလော့။ ခေါင်းမာခြင်းမရှိနှင့်။ ရှေးဦးစွာ ကျိုးနွံနာခံလော့။ ဤသို့သော စိတ်နေစိတ်ထားဖြင့်သာ သင်သည် ပြဿနာများအတွက် ပိုမိုကောင်းမွန်သော ဖြေရှင်းချက်ကို ရရှိစေနိုင်သည်။ သင်သည် ဘုရားသခင်ရှေ့မှောက်၌ အသက်ရှင်ရာတွင် ဇွဲလုံ့လရှိလျှင်၊ သင့်အပေါ် မည်သည့်အမှုအရာ ကျရောက်ပါစေ ဘုရားသခင်ထံဆုတောင်းပြီး ဘုရားသခင်ထံမှ ရှာဖွေနိုင်လျှင်၊ ယင်းကို နာခံသည့်စိတ်ထားနှင့် ရင်ဆိုင်နိုင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထုတ်ဖော်ချက်များ မည်မျှရှိသည်မှာ အရေးမပါပေ၊ သို့မဟုတ် ယခင်က သင်သည် မည်သည့် ပြစ်မှားမှုများ ကျူးလွန်ခဲ့သည်မှာလည်း အရေးမပါပေ။ သမ္မာတရားကို သင်ရှာဖွေသမျှကာလပတ်လုံး ယင်းတို့ကို ဖြေရှင်းနိုင်လိမ့်မည်။ ဘယ်လိုစမ်းသပ်မှုတွေ ကြုံလာပါစေ ခိုင်မာစွာ ရပ်တည်နိုင်သည်။ သင့်တွင် မှန်ကန်သော စိတ်ထားရှိသရွေ့၊ သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန် လုံးဝ တတ်နိုင်စွမ်းရှိသည်။ သင်သည် ရံဖန်ရံခါ အနည်းငယ် ပုန်ကန်ပြီး အာခံနိုင်သော်လည်း၊ တစ်ခါတစ်ရံတွင် ခုခံသော အကြောင်းပြချက်များ ပြသပြီး မနာခံနိုင်သော်လည်း ဘုရားသခင်ထံ ဆုတောင်းပြီး သင်၏ ပုန်ကန်သော အခြေအနေကို ပြောင်းလဲပစ်နိုင်လျှင် သင်သည် သမ္မာတရားကို လက်ခံနိုင်သည်။ ဤသို့ပြုလုပ်ပြီးနောက်တွင် သင့်၌ ထိုသို့သော ပုန်ကန်မှုနှင့် အာခံမှုက အဘယ်ကြောင့် ဖြစ်ပေါ်လာသည်ကို ဆင်ခြင်စဉ်းစားလော့။ အကြောင်းရင်းကို ရှာပြီး ယင်းကိုဖြေရှင်းရန် သမ္မာတရားကို ရှာဖွေလော့။ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိုလက္ခဏာသွင်ပြင်သည် သန့်စင်ခြင်းခံရနိုင်သည်။ ဤသို့ အတန်အသင့် မှောက်မှားခြင်းများနှင့် အတန်အသင့် လဲကျခြင်းများမှ သက်သာပြီးနောက်တွင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်သည်အထိ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက တဖြည်းဖြည်းချင်း ပယ်ရှင်းသွားလိမ့်မည်။ ထို့နောက် သမ္မာတရားသည် သင့်အတွင်း၌ အုပ်စိုးပြီး သင်၏ အသက်ဖြစ်လာလိမ့်မည်။ သင်၏ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် နောက်ထပ်အတားအဆီး ရှိမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို အမှန်တကယ် နာခံလာနိုင်မည်ဖြစ်ပြီး သမ္မာတရားစစ်မှန်မှုကို အသက်ရှင်နေထိုင်လိမ့်မည်။ ဤကာလအတောအတွင်း သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့တွင် လက်တွေ့ကျသော တွေ့ကြုံခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို ရရှိမည်။ နောင်တစ်ချိန် သင့်ထံ တစ်စုံတစ်ခု ဖြစ်ပျက်လာသောအခါ ဘုရားသခင်ကို ကျိုးနွံနာခံသည့်နည်းလမ်းတစ်ခုဖြင့် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ မည်သည့်အပြုအမူမျိုးက ဘုရားသခင်ကို ပုန်ကန်သည်ကိုလည်းကောင်း သင်သိလိမ့်မည်။ သင့်စိတ်နှလုံးထဲတွင် ဤအရာများကို ရှင်းလင်းစွာ သိထားလျက်နှင့်ပင် သမ္မာတရားစစ်မှန်မှုအပေါ် မိတ်သဟာယဖွဲ့နိုင်စွမ်း မရှိဆဲ ဖြစ်မည်လော။ သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေရန် သင် တောင်းဆိုခံရလျှင် သင်သည် အမှုကိစ္စများစွာကို တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို သိပြီးလိမ့်မည် ဖြစ်သောကြောင့် ယင်းသည် ပြဿနာတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည် မဟုတ်ပေ။ သင် မည်သို့ပြောသည်ဖြစ်စေ ယင်းသည် အမှန်ဖြစ်လိမ့်မည်။ ပြီးလျှင် သင်မည်သည့်အရာကို ပြောသည်ဖြစ်စေ ယင်းသည် လက်တွေ့ကျနေလိမ့်မည်။ စကားများနှင့် အယူဝါဒများကို ဆွေးနွေးရန် သင်တောင်းဆိုခံရလျှင် သင်ဆန္ဒရှိမည်မဟုတ်ပေ။ စိတ်နှလုံးထဲတွင် ယင်းတို့ကို အလွန်အမင်း မနှစ်မြို့လိမ့်မည်။ သို့ဆိုလျှင် သမ္မာတရားစစ်မှန်မှုထဲသို့ သင်ဝင်ရောက်ပြီး ဖြစ်လိမ့်မည် မဟုတ်လော။ သမ္မာတရားကို လိုက်စားသောလူတို့သည် နှစ်အနည်းငယ်ထက် မပိုသောအားထုတ်မှုဖြင့်ပင် ယင်း၏ အတွေ့အကြုံကို ရနိုင်သည်။ ထို့နောက် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်။ သမ္မာတရားကို မလိုက်စားသောသူတို့အတွက်မူ ၎င်းတို့အလိုရှိလျှင်ပင် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ဖို့ မလွယ်ကူချေ။ ဤသည်မှာ သမ္မာတရားကို မချစ်သောသူတို့တွင် ပုန်ကန်လိုစိတ်များပြားလှစွာ ရှိနေခြင်းကြောင့်ဖြစ်သည်။ ကိစ္စရပ်အချို့တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့ လိုအပ်သည့်အချိန်တိုင်း ၎င်းတို့အတွက် အမြဲ ဆင်ခြေပေးကြပြီး ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာနှင့်၎င်းတို့ ရှိကြလေသည်။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ရန်မှာ ၎င်းတို့အတွက် အလွန်ခက်လိမ့်မည်။ ၎င်းတို့သည် ဆုတောင်း၍ ရှာဖွေကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကောင်း ရှိနိုင်သော်လည်း ၎င်းတို့ထံ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ၊ အခက်အခဲများ ၎င်းတို့ ကြုံရသောအခါ ၎င်းတို့၏စိတ်အတော်အတန် ရှုပ်ထွေးနောက်ကျိနေလျက် ၎င်းတို့၏စိတ်ဖရိုဖရဲ ရှုပ်ထွေးနေမှု ပေါ်လာပြီး ၎င်းတို့၏ ပုန်ကန်တတ်သော စိတ်သဘောထားတို့ ထွက်လာကြသည်။ ၎င်းတို့၏ ပုန်ကန်တတ်သော စိတ်သဘောထားသည် ပြင်းထန်လိုက်လေခြင်း။ ၎င်းတို့စိတ်နှလုံး၏ ပိုနည်းသောအပိုင်းကသာ စိတ်ဖရိုဖရဲရှုပ်ထွေးနေ၍ ပိုကြီးသောအပိုင်းသည် ဘုရားသခင်ကို လိုက်နာလိုလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် အခက်အခဲပိုနည်းလိမ့်မည်။ ၎င်းတို့ ခဏတာ ဆုတောင်းနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် တစ်စုံတစ်ယောက်က ၎င်းတို့နှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့လိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအခိုက်အတန့်အတွင်းတွင် သမ္မာတရားကို ၎င်းတို့ နားလည်လိုက်သရွေ့ ယင်းကို လက်တွေ့လုပ်ဆောင်ဖို့ ပို၍လွယ်ကူသွားလိမ့်မည်။ ၎င်းတို့၏ စိတ်ဖရိုဖရဲရှုပ်ထွေးမှုသည် အလွန်ကြီးမားသည်မှာ ၎င်းတို့စိတ်နှလုံး၏ ပိုကြီးသောအပိုင်းကို နေရာယူထားလျှင် ပုန်ကန်လိုခြင်းသည် အဓိကဖြစ်ပြီး နာခံလိုခြင်းသည် သာမညဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် လွယ်ကူမည်မဟုတ်ချေ။ အကြောင်းမှာ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု သေးငယ်လွန်းသောကြောင့် ဖြစ်သည်။ ပြီးလျှင် သမ္မာတရားကို လုံးဝ မချစ်သူများသည် အလျှင်း စိတ်ဖရိုဖရဲရှုပ်ထွေးနေပြီး အလွန့်အလွန် သို့မဟုတ် အလုံးစုံ ပုန်ကန်တတ်ကြသည်။ ဤလူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မည်သည့်အခါမျှ တတ်နိုင်လိမ့်မည်မဟုတ်သည့် နားဝေတိမ်တောင် ဖြစ်နေသူများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အပေါ် စွမ်းအင်ပမာဏ မည်မျှသုံးစွဲပါစေ အသုံးဝင်မည် မဟုတ်ပေ။ သမ္မာတရားကို ချစ်သောလူများတွင် သမ္မာတရားကို လိုက်စားရန် ပြင်းထန်သော တွန်းအားတစ်ခုရှိသည်။ ထိုအရာသည် ၎င်းတို့ကို တွန်းအားပေးသည့်အရာ၏ ပိုကြီးမားသော အပိုင်းဖြစ်ခဲ့လျှင် သို့မဟုတ် ထူးထူးကဲကဲ အများစုဖြစ်ခဲ့လျှင် သမ္မာတရားကို သိသာထင်ရှားစွာဖြင့် မိတ်သဟာယပြုနေပြီဖြစ်လျှင်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန်မှာ သေချာနေပြီဖြစ်သည်။ သမ္မာတရားကို ချစ်ခြင်းသည် ရိုးရှင်းသောကိစ္စတစ်ခု မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် ဆန္ဒအနည်းငယ်မျှ ရှိရုံဖြင့် သမ္မာတရားကို ချစ်သည့်သူ ဖြစ်မသွားပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ၎င်းတို့နားလည်သည်နှင့်တစ်ပြိုင်နက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကြိုးစားအားထုတ်ကာ ဒုက္ခကို ခါးစည်းခံပြီး အဖိုးအခပေးဆပ်နိုင်သည့်အဆင့်အထိ ရောက်ရမည်ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို ချစ်သည့်သူတစ်ဦး ဖြစ်သည်။ သမ္မာတရားကို ချစ်သောလူတစ်ဦးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မည်မျှထုတ်ဖော်ပါစေ၊ သို့မဟုတ် ပြစ်မှားမှု မည်မျှ၎င်းတို့ ကျူးလွန်မိပါစေ သမ္မာတရားကို လိုက်စားမှုတွင် မဆုတ်မနစ် ကြိုးပမ်းနိုင်သည်။ ၎င်းတို့တွင် မည်သည့်အရာဖြစ်ပျက်သည်ဖြစ်စေ ဘုရားသခင်ထံ ၎င်းတို့ ဆုတောင်းနိုင်သည်၊ သမ္မာတရားကို ရှာဖွေနိုင်သည်၊ ပြီးလျှင် သမ္မာတရားကို လက်ခံနိုင်သည်။ နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် ဤသို့တွေ့ကြုံပြီးနောက် ၎င်းတို့၏ ကြိုးစားအားထုတ်မှုများမှ ရလဒ်ကောင်းများ ထွက်လာနိုင်ပြီး သာမန်အခက်အခဲများက ၎င်းတို့ကို နှောင့်နှေးစေနိုင်တော့မည် မဟုတ်။ အခက်အခဲ ကြီးကြီးမားမားများ ၎င်းတို့ ကြုံရလျှင် ၎င်းတို့ကျရှုံးလျှင်ပင် ယင်းသည် ပုံမှန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု အလွန်သေးငယ်သောကြောင့် ဖြစ်သည်။ ပုံမှန်အခြေအနေများတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သရွေ့ မျှော်လင့်ချက်ရှိ၏။ ဘုရားသခင်ကို ၎င်းတို့ သိလာပြီး ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုရှိသောအခါ ကြီးမားသော အခက်အခဲများသည်ပင်လျှင် ၎င်းတို့အတွက် ဖြေရှင်းဖို့ လွယ်ကူသည်။ ၎င်းတို့အတွက် မည်သည့်အခက်အခဲကမျှ ပြဿနာတစ်ရပ် မဟုတ်တော့ပေ။ လူများ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုပြီး သမ္မာတရားကို ပို၍မိတ်သဟာယပြုနေသရွေ့ကာလပတ်လုံး ၎င်းတို့အပေါ် မည်သည့်အခက်အခဲများ ကျရောက်ရပါစေ၊ ဘုရားသခင်ထံ ၎င်းတို့ ဆုတောင်းနိုင်ပြီး ပြဿနာများကို ဖြေရှင်းရန် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်အပေါ်တွင် အမှီပြုနိုင်လျှင် သမ္မာတရားကို နားလည်ရန်နှင့် ယင်းကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် တဖြည်းဖြည်း စတင်၍ ဖယ်ရှားခံရလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လုပ်ရပ်တစ်ခုချင်းစီဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အနည်းငယ်ကို ၎င်းတို့ ဖယ်ရှားသည်။ သမ္မာတရားကို ပို၍ လက်တွေ့လုပ်ဆောင်ခြင်းကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပို၍ ဖယ်ရှားစေသည်။ ဤသည်မှာ သဘာဝနိယာမတစ်ရပ် ဖြစ်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်နေကြောင်းကို ၎င်းတို့မြင်ပြီး မိမိကိုယ်ကို ချုပ်တည်းမှုနှင့် ခံနိုင်ရည် ရှိမှုတို့အပေါ် အားကိုးခြင်းဖြင့် ယင်းကို ဖြေရှင်းရန် ကြိုးစားပါက ၎င်းတို့ အောင်မြင်လိမ့်မည်လော။ ယင်းသည် လွယ်ကူမည်မဟုတ်ပေ။ ထိုနည်းလမ်းဖြင့် ၎င်းတို့ ဖြေရှင်းနိုင်ပါက ထိုအခါ ဘုရားသခင်အနေဖြင့် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုတော်ကို လုပ်ရန် လိုအပ်မည် မဟုတ်ပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ဖြေရှင်းရန် လူတစ်ဦးသည် ဘုရားသခင်ထံ ဆုတောင်းခြင်းအပေါ် အားကိုးရမည်၊ ပြီးလျှင် ဘုရားသခင်အပေါ် အားကိုးရမည်။ သမ္မာတရားကို ရှာဖွေခြင်းနှင့် မိမိကိုယ်ကို သုံးသပ်ခြင်းအားဖြင့် မိမိကိုယ်ကို သိခြင်းတို့အပေါ်တွင် အားကိုးရမည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်းကို အားကိုးရမည်။ ဤသည်မှာ ယင်းကို တဖြည်းဖြည်း ဖြေရှင်းနိုင်သည့်အရာဖြစ်သည်။ လူတို့သည် ပူးပေါင်းမဆောင်ရွက်ပါက၊ မိမိတို့ကိုယ်ကို မည်သို့သုံးသပ်ရမည်ကို မသိပါက၊ သမ္မာတရားကို လက်မခံနိုင်ပါက၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သတိမပြုမိပါက၊ နောင်တရခြင်း မရှိပါက၊ ပြီးလျှင် ဇာတိပကတိနှင့် စာတန်ကို မမုန်းပါက ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ့အလိုလို ဖယ်ရှားသွားလိမ့်မည် မဟုတ်ပေ။ ဤနေရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်သည် အလွန် အံ့ဩဖွယ်ကောင်းသည်။ လူများ သမ္မာတရားကို ငတ်မွတ်ပြီး ၎င်းတို့၏ စိတ်သဘောထားထဲတွင် အပြောင်းအလဲတစ်ခုကို လိုက်စားနေသရွေ့ ဘုရားသခင်သည် ၎င်းတို့ကို ဉာဏ်အလင်းပေးပြီး လမ်းပြပေးလိမ့်မည်။ သတိပင်မပြုလိုက်မိဘဲ တစ်ချိန်တည်းတွင် လူများသည် သမ္မာတရားကို နားလည်ပြီး မိမိတို့ကိုယ်ကို သိလာနိုင်လိမ့်မည်။ ဤအချိန်တွင် ၎င်းတို့သည် စတင်၍ သမ္မာတရားကို ချစ်ပြီး တောင့်တလာလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် စိတ်နှလုံးများထဲမှနေ၍ စာတန်၏သဘာဝနှင့် စိတ်သဘောထားတို့ကို မုန်းတီးနိုင်ကြလိမ့်မည်။ ယင်းက ၎င်းတို့အတွက် ဇာတိပကတိကို ပုန်ကန်ဖို့ ပို၍လွယ်ကူစေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ၎င်းတို့အတွက် များစွာ ပို၍လွယ်ကူသည်ဟု ခံစားရစေသည်။ ထိုအချိန်တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် နည်းနည်းချင်း ပြောင်းလဲလာလိမ့်မည်။ ပြီးလျှင် ၎င်းတို့တွင် ဘုရားသခင်ကို ပုန်ကန်လိုခြင်း တစ်စုံတစ်ရာ ရှိတော့မည် မဟုတ်ပေ။ မည်သူမဆို၊ မည်သည့်အဖြစ်အပျက် သို့မဟုတ် မည်သည့်အရာတို့၏ ထိန်းချုပ်ခြင်းကို မခံရဘဲ ၎င်းတို့သည် ဘုရားသခင်ကို အပြည့်အဝ ကျိုးနွံနာခံနိုင်ကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့၏ အသက်စိတ်သဘောထားတွင် လုံးဝ အပြောင်းအလဲတစ်ခုဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။