ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းပုံနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၅၇)

ယခုတွင် သင်တို့သည် သင်တို့ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ချင့်ချိန်နိုင်စွမ်းအချို့ ရှိပြီဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော မည်သည့်အရာများကို သင်ပုံမှန် ထုတ်ဖော်ပြတတ်ဆဲဖြစ်သည်၊ သမ္မာတရားနှင့်ကွဲလွဲသည့် မည်သည့်အရာများကို သင်လုပ်ဆောင်တတ်ဆဲ ဖြစ်သည်တို့က သင့်အတွက် ရှင်းလင်းလာသည်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်ခြင်းက လွယ်ကူသွားလိမ့်မည်။ အမှုအရာများစွာတွင် လူတို့သည် အဘယ်ကြောင့် မိမိတို့ကိုယ်ကို မထိန်းနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် အချိန်ပြည့်၊ ကိစ္စရပ်တိုင်းတွင် ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော ၎င်းတို့စိတ်သဘောထား၏ ထိန်းချုပ်ခြင်းကို ခံရသောကြောင့်ဖြစ်သည်။ ဤအရာသည် အရာရာတွင် ၎င်းတို့ကို ဘောင်ခတ်ပြီး နှောင့်ယှက်၏။ လူအချို့သည် အရာအားလုံးအဆင်ပြေနေသောအခါတွင်လဲကျခြင်းမရှိ၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်းတို့ မရှိသည့်အခါတွင် မိမိတို့ကိုယ်ကို ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟု အစဉ် ခံစားကြရပြီး၊ ဆိုးယုတ်သော၊ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် အန္တိခရစ်တစ်ယောက်က ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရသောအခါ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ မတွေးကြ။ ၎င်းတို့က “အခြားမည်သူမဆို လဲကျနိုင်သည်။ သို့သော် ကျွန်ုပ်ကမူ ထိုသို့မဟုတ်။ မည်သူမဆို ဘုရားကို မချစ်ခြင်းဖြစ်နိုင်သည်။ သို့သော် ကျွန်ုပ်ကမူ ချစ်၏” ဟူ၍ပင် လူတိုင်းရှေ့တွင် ကြွားဝါလိမ့်မည်။ မည်သည့်ပတ်ဝန်းကျင် သို့မဟုတ် အခြေအနေတွင်မဆို ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သည်ဟု ၎င်းတို့ထင်မြင်ကြ၏။ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့စမ်းသပ်ခြင်းခံရသောနေ့ရက် ရောက်လာသည့်အခါ ဘုရားသခင်နှင့်ပတ်သက်၍ စောဒကတက်ပြီး ညည်းညူကြတော့သည်။ ဤသည်မှာ ကျရှုံးခြင်း မဟုတ်သလော။ ဤသည်မှာ မှောက်မှားခြင်း မဟုတ်သလော။ မည်သည့်အရာကမျှ လူတို့ကို ၎င်းတို့စမ်းသပ်ခံရချိန်ထက် ပို၍ ထုတ်ဖော်ပြခြင်း မရှိပေ။ လူ၏ အတွင်းအကျဆုံး စိတ်နှလုံးကို ဘုရားသခင်က စိစစ်သည်။ လူတို့သည် အချိန်မရွေး ကြွားဝါပြောဆိုခြင်း မပြုရပေ။ ၎င်းတို့သည် မည်သည့်အရာကို ကြွားဝါပြောဆိုသည်ဖြစ်စေ ထိုနေရာသည် အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့မှောက်မှားမည့်နေရာ ဖြစ်သည်။ အခြားလူများက အခြေအနေတစ်ခုခုတွင် မှောက်မှားပြီး ကျရှုံးသည်ကို မြင်သည့်အခါတွင် ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ မတွေးကြပေ။ ၎င်းတို့ကိုယ်၌က အမှားအယွင်း မလုပ်မိနိုင်၊ ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည်ဟုပင် ထင်ကြသည်။ သို့သော် ၎င်းတို့သည်လည်း အဆုံး၌ အလားတူ အခြေအနေများတွင်ပင် မှောက်မှားပြီး ကျရှုံးကြ၏။ ဤသည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ ယင်းမှာ လူများသည် မိမိတို့၏သဘာဝ အနှစ်သာရကို နှံ့နှံ့စပ်စပ် နားမလည်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင်သဘာဝ အနှစ်သာရတို့၏ ပြဿနာအပေါ် သိမြင်မှုသည် လုံလုံလောက်လောက် မနက်ရှိုင်းသောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် အလွန်ပင်ပန်းရသည်။ ဥပမာအနေဖြင့်၊ လူအချို့သည် အလွန်ပင် လှည့်ဖြားတတ်ကာ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်ချက်တို့တွင် မရိုးသားကြသည့်တိုင် ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၌ မည်သည့်အရာက အပြင်းထန်ဆုံးဖြစ်သည်ကို ၎င်းတို့အား သင်မေးမြန်းလျှင် ၎င်းတို့က “ကျွန်ုပ်သည် အနည်းငယ် လှည့်ဖြားတတ်သည်” ဟု ပြောကြသည်။ ၎င်းတို့သည် အနည်းငယ် လှည့်ဖြားတတ်သည်ဟုသာ ၎င်းတို့ ပြောသော်လည်း ၎င်းတို့၏သဘာဝကိုယ်၌က လှည့်ဖြားတတ်သည်ဟု ၎င်းတို့မပြောသကဲ့သို့ ၎င်းတို့သည် လှည့်ဖြားတတ်သော လူတစ်ဦးဖြစ်သည်ဟုလည်း ၎င်းတို့မပြောပေ။ ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော အခြေအနေအပေါ် ၎င်းတို့၏ သိမြင်မှုသည် ထိုမျှ မနက်နဲဘဲ ယင်းကို အလေးအနက် မကြည့်သကဲ့သို့ အခြားသူများကြည့်သကဲ့သို့ နှံ့နှံ့စပ်စပ်လည်း မကြည့်ပေ။ အခြားလူများ၏ အမြင်ရှုထောင့်မှကြည့်လျှင် ဤလူသည် အလွန်လှည့်ဖြားတတ်ပြီး အလွန်မရိုးဖြောင့်ပေ။ ၎င်းပြောသမျှတွင် လှည့်ကွက်ရှိပြီး ၎င်း၏စကားများနှင့် လုပ်ရပ်များသည် မည်သည့်အခါမျှ မရိုးသားချေ။ သို့ရာတွင် ထိုလူသည် မိမိကိုယ်ကို ထိုမျှ နက်ရှိုင်းစွာ မသိနိုင်ပေ။ ၎င်း၌ တိုက်တိုက်ဆိုင်ဆိုင် ရှိနေသည့် မည်သည့်အသိပညာမဆိုသည် အပေါ်ယံမျှသာ ဖြစ်သည်။ ၎င်းပြောဆိုပြီး ပြုမူတိုင်း ၎င်း၏သဘာဝ၌ အစိတ်အပိုင်းအချို့ကို ထုတ်ဖော်သည့်တိုင် ၎င်းက ဤအရာကို သတိမပြုမိပေ။ ၎င်း၏ ဤသို့လုပ်ဆောင်ခြင်းသည် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြခြင်း မဟုတ်ဟု ယုံကြည်သည်။ ၎င်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ထားပြီးဖြစ်သည်ဟု ထင်သည်။ သို့သော် စောင့်ကြည့်လေ့လာလျှင် ဤလူသည် အတော်အတန် ကောက်ကျစ်ပြီး လှည့်စားတတ်သည်။ ၎င်း၏ စကားများနှင့် လုပ်ရပ်များသည် အလွန်ပင် မရိုးသားပေ။ ဆိုလိုသည်မှာ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်သဘာဝနှင့် သက်ဆိုင်သော အလွန်အပေါ်ယံဆန်သည့် သိနားလည်မှု ရှိကြပြီး ဤအရာနှင့် ၎င်းတို့ကို တရားစီရင်ပြီး ထုတ်ဖော်ပြသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကြားတွင် ကြီးမားသော ခြားနားချက်တစ်ခု ရှိ၏။ ဤသည်မှာ ဘုရားသခင် ဖော်ထုတ်သောအရာထဲမှ အမှားအယွင်းတစ်ခု မဟုတ်ဘဲ ထိုအစား လူသားများသည် မိမိတို့၏ ကိုယ်ပိုင် သဘာဝနှင့်ပတ်သက်ပြီး လုံလောက်သည့် နက်နဲသော နားလည်မှု မရှိခြင်း ဖြစ်သည်။ လူတို့၌ မိမိတို့ကိုယ်ကို အခြေခံကျသော သို့မဟုတ် ပဓာနကျသော သိနားလည်မှု မရှိကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များနှင့် အပြင်ပန်းထုတ်ဖော်ချက်များကို သိရှိလာခြင်းအပေါ် အာရုံစိုက်၍ ၎င်းတို့၏စွမ်းအားကို ပေးအပ်ထားကြသည်။ အကယ်၍ လူအချို့က မိမိတို့ကိုယ်ကို သိနားလည်ခြင်းအကြောင်း အနည်းငယ်ကို ရံဖန်ရံခါ ပြောနိုင်လျှင်ပင် ယင်းမှာ သိပ်လေးနက်မည် မဟုတ်ချေ။ အမှုကိစ္စ အမျိုးအစားတစ်ခုခုကို ပြုလုပ်ထားပြီး ဖြစ်သောကြောင့် သို့မဟုတ် အမှုကိစ္စ တစ်ခုခုကို ထုတ်ဖော်ထားပြီးဖြစ်သောကြောင့် သူသည် လူအမျိုးအစားတစ်မျိုးမျိုး ဖြစ်ကြောင်း သို့မဟုတ် သဘာဝအမျိုးအစားတစ်ခုခု ရှိကြောင်းကို မည်သူကမျှ တစ်ခါမျှ တွေးဖူးကြမည် မဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ထုတ်ဖော်ခဲ့ပြီး ဖြစ်သည်၊ သို့သော်လည်း လူတို့နားလည်သည့်အရာမှာ အမှုကိစ္စများကို လုပ်ဆောင်သည့် ၎င်းတို့၏ နည်းလမ်းများနှင့် ၎င်းတို့၏ ပြောပုံဆိုပုံတို့တွင် အားနည်းချက်ရှိပြီး မပြည့်စုံဟူ၍ ဖြစ်၏။ အကျိုးဆက်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်မှာ လူတို့အတွက် အတော်အတန် အားသွန်ခွန်စိုက်လုပ်ရသော အလုပ်တစ်ခု ဖြစ်လေသည်။ လူတို့က ၎င်းတို့၏ အမှားများမှာ ၎င်းတို့သဘာဝ၏ ထုတ်ဖော်မှုများ မဟုတ်ဘဲ ပေါ့ပေါ့ဆဆ ထုတ်ဖော်ပြမိသည့် ခေတ္တခဏမျှဖြစ်သော သရုပ်သကန်များသာ ဖြစ်သည်ဟု ထင်ကြသည်။ လူတို့က ဤသို့စဉ်းစားသည့်အခါ မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်ရန် အလွန်ခက်ခဲသည်။ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန် အလွန်ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို မသိကြဘဲ သမ္မာတရားကို အလွန်အမင်း မဆာငတ်ကြ၍ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါတွင်လည်း ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများကို ဝတ်ကျေတမ်းကျေ နည်းလမ်းဖြင့်သာ လိုက်နာကြ၍ ဖြစ်သည်။ လူတို့က ၎င်းတို့၏ ကိုယ်ပိုင် သဘာဝများမှာ အလွန်ဆိုးရွားသည်ဟု မရှုမြင်ကြချေ၊ ပြီးလျှင် ၎င်းတို့ ဖျက်ဆီးခံရလောက်အောင် သို့မဟုတ် အပြစ်ဒဏ်ပေးခံရလောက်အောင် အတိုင်းအတာအထိ ၎င်းတို့ သိပ်မဆိုးကြဟု ယုံကြည်ကြလေသည်။ သို့တိုင်အောင် ဘုရားသခင်၏ စံနှုန်းများအရ လူတို့သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေသည်။ ၎င်းတို့သည် ကယ်တင်ခြင်းစံနှုန်းနှင့် ဝေးကွာနေဆဲ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူတို့၌ အပြင်ပန်းတွင် သမ္မာတရားကို မချိုးဖောက်ပုံပေါ်သည့် လုပ်နည်းကိုင်နည်းအချို့မျှသာရှိပြီး အမှန်တကယ်တွင်မူ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြဘဲ ဘုရားသခင်ကို မကျိုးနွံမနာခံကြသောကြောင့် ဖြစ်သည်။

လူတို့၏ အပြုအမူ သို့မဟုတ် အနေအထိုင်တွင် ပြောင်းလဲမှုများသည် ၎င်းတို့၏ သဘာဝထဲက ပြောင်းလဲမှုတစ်ခုကို မညွှန်ပြကြပေ။ ဤအရာ မှန်ရသည့်အကြောင်းရင်းမှာ လူတို့၏ အပြုအမူရှိ ပြောင်းလဲမှုများသည် ၎င်းတို့၏ မူလသွင်ပြင်ကို အခြေခံကျကျ မပြောင်းလဲနိုင်ပေ။ ၎င်းတို့၏ သဘာဝကို ပြောင်းလဲရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ လူတို့သည် သမ္မာတရားကို နားလည်သည့်အခါမှသာ ၎င်းတို့၏ ကိုယ်ပိုင်သဘာဝအနှစ်သာရအပေါ် သိမြင်မှုရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မှသာ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် လုံလုံလောက်လောက် နက်ရှိုင်းလာမည်ဖြစ်ကာ စည်းမျဉ်းစည်းကမ်းတစ်စုံကို လိုက်နာစောင့်ထိန်းခြင်းထက် အခြားအရာတစ်ခု ဖြစ်လာပေမည်။ ယခုအချိန်တွင် သမ္မာတရားကို လူတို့ လက်တွေ့လုပ်ဆောင်သည့်ပုံစံသည် စံနှုန်းမမီဆဲ ဖြစ်သကဲ့သို့ သမ္မာတရားက သတ်မှတ်သည့် အရာအားလုံးကို အပြည့်အဝ မရရှိနိုင်ပေ။ လူတို့သည် သမ္မာတရား တစ်စိတ်တစ်ပိုင်းကိုသာ လက်တွေ့လုပ်ဆောင်ကြပြီး၊ အချို့သော အနေအထားနှင့် အခြေအနေများတွင် ၎င်းတို့ ရှိကြသည့်အခါမှသာ သမ္မာတရားကို အနည်းငယ် လက်တွေ့လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည် အခြေအနေအားလုံးနှင့် နေရာအားလုံးတွင် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်နိုင်သည်ဆိုသည်မှာ မမှန်ကန်ပေ။ အခါအားလျော်စွာ၊ လူတစ်ဦးသည် ပျော်ရွှင်ပြီး ၎င်းတို့၏ အခြေအနေ ကောင်းမွန်သောအခါ၊ သို့မဟုတ် ၎င်းတို့သည် သူတစ်ပါးတို့နှင့် မိတ်သဟာယဖွဲ့နေပြီး ၎င်းတို့၏ စိတ်နှလုံးတွင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိသောအခါ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသောအရာအချို့ကို ခဏတာ လုပ်ဆောင်နိုင်သည်။ သို့သော် အပျက်သဘောဆောင်ပြီး သမ္မာတရားကို မလိုက်စားသူတို့နှင့် နေထိုင်သောအခါတွင်မူ ၎င်းတို့သည် ဤလူများ၏ လွှမ်းမိုးခြင်းကို ခံရသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မိမိတို့၏ လမ်းကြောင်းပျောက်သွားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ ဤသည်မှာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းကြောင်း၊ သမ္မာတရားကို ၎င်းတို့ အမှန်တကယ် နားမလည်သေးကြောင်း ပြသည်။ မှန်ကန်သောလူများ၏ လမ်းပြခြင်း၊ ဦးဆောင်ခြင်းကို ခံရလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့် လူအချို့ရှိကြသည်။ သို့သော် ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ယောက်၏ အထင်အမြင်မှားစေခြင်း၊ နှောင့်ယှက်ခြင်းကို ခံရလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိရုံမကဘဲ ၎င်းတို့သည် ထိုလူများနောက်သို့ လိုက်ရန်အတွက်လည်း အထင်အမြင်မှားစေခြင်းခံရတတ်သည်။ ဤသို့သောသူများသည် အန္တရာယ်ကျရောက်နိုင်ဆဲဖြစ်သည် မဟုတ်သလော။ ဤဝိညာဉ်ရင့်ကျက်မှုမျိုးရှိသည့် ဤသို့သော လူတို့သည် အမှုကိစ္စအားလုံးနှင့် အခြေအနေများအားလုံးတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန် မဖြစ်နိုင်ပေ။ သမ္မာတရားကို ၎င်းတို့လက်တွေ့လုပ်ဆောင်သည်ဆိုလျှင်ပင် ယင်းမှာ ၎င်းတို့ စိတ်ကြည်နေသောအခါ၊ သို့မဟုတ် အခြားလူတို့၏ လမ်းပြခြင်းကို ခံရသောအခါတွင်သာ ဖြစ်လိမ့်မည်။ ၎င်းတို့ကို ဦးဆောင်ပေးမည့် ကောင်းမွန်သော သူတစ်ယောက်မရှိပါက တစ်ခါတစ်ရံတွင် ၎င်းတို့သည် သမ္မာတရားအား ချိုးဖောက်သည့် အရာများကို လုပ်ဆောင်နိုင်စွမ်းရှိလိမ့်မည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များမှ သွေဖည်လိမ့်မည်။ ပြီးလျှင် ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ အခြေအနေ အနည်းငယ်ကိုသာ သိမြင်လာပြီး သင်၏ ကိုယ်ပိုင်သဘာဝ အနှစ်သာရကို သိမြင်မှုမရှိသောကြောင့်၊ ပြီးလျှင် ဇာတိပကတိကို ပုန်ကန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် ဝိညာဉ်ရင့်ကျက်မှုကို မရရှိသေးသောကြောင့် ဖြစ်သည်။ ဤသို့ဖြင့် သင်သည် အနာဂတ်တွင် အဘယ်အရာအား လုပ်ဆောင်မည်ဆိုသည်ကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။ ပြီးလျှင် မည်သည့်အခြေအနေများတွင်မဆို၊ သို့မဟုတ် စမ်းသပ်မှုတွင်မဆို သင်သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်ဟု အာမမခံနိုင်ပေ။ အခြေအနေတစ်ခုတွင် သင်ရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ သင် အနည်းငယ် ပြောင်းလဲပုံရသည့် အချိန်များစွာရှိသည့်တိုင် မတူကွဲပြားသော အခြေအနေများတွင် သင်သည် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိချေ။ ဤသည်မှာ မရည်ရွယ်ဘဲ လုပ်မိသောအရာတစ်ခုဖြစ်သည်။ တစ်ခါတစ်ရံ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး တစ်ခါတစ်ရံ မလုပ်ဆောင်နိုင်ပေ။ အခိုက်အတန့်တစ်ခုတွင် သင် နားလည်ပြီး၊ နောက်အခိုက်အတန့်တွင် သင် မရှင်းမလင်းဖြစ်၏။ ယခုအချိန်တွင် သင်သည် မကောင်းသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်သော်လည်း အနည်းငယ်အကြာတွင် သင် လုပ်ကောင်းလုပ်လိမ့်မည်။ ဤအရာက သင့်အထဲတွင် ဖောက်ပြန်ပျက်စီးသော အရာများ တည်ရှိနေဆဲဖြစ်သည်ကို သက်သေပြပြီး သင်သည် မိမိကိုယ်ကို အစစ်အမှန် သိရှိနိုင်စွမ်းမရှိပါက ဤအရာများသည် ဖြေရှင်းဖို့ လွယ်ကူလိမ့်မည်မဟုတ်ပေ။ သင်သည် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည့် စေ့စပ်သေချာသော သိနားလည်မှု မရရှိနိုင်ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်သည့် အရာများကို နောက်ဆုံးတွင် လုပ်ဆောင်နိုင်စွမ်းရှိပါက၊ သင်သည် အန္တရာယ်ရှိပေသည်။ သင်သည် သင်၏ သဘာဝကို ရိပ်စားမိနိုင်ပြီး ယင်းကို မုန်းတီးနိုင်ပါက၊ သင်သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်လိမ့်မည်၊ မိမိကိုယ်ကို ပုန်ကန်နိုင်လိမ့်မည် ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။

ယနေ့ခေတ်လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းတို့ကို ဦးစားမပေးကြပေ။ စကားများနှင့် အယူဝါဒများကို နားလည်ရန်နှင့် ပြောရန်တို့ကိုသာ အာရုံစိုက်ကြသည်။ ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ဝမ်းနည်းခြင်း သို့မဟုတ် အပျက်သဘောဆောင်ခြင်းတို့ကို မခံစားရစေရန်အတွက် လုံလောက်သည်ဟု ၎င်းတို့ထင်ကြသည်။ ထိုအချိန်က သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ခြင်း မည်မျှက သင့်ကို အထောက်အကူပြုသည်ဖြစ်စေ နောက်ပိုင်းတွင် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်တော့ပေ။ ဤတွင် မည်သည့်ပြဿနာရှိသနည်း။ ယင်းမှာ သမ္မာတရားကို နားလည်ရန် သို့မဟုတ် နားထောင်ရန်ကိုသာ သင်အရေးစိုက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ကို သင်အာရုံမစိုက်ခြင်းဖြစ်သည်။ သမ္မာတရား ကဏ္ဍတစ်ခုကို မည်သို့လက်တွေ့လုပ်ဆောင်ရမည် သို့မဟုတ် ထိုသမ္မာတရားကဏ္ဍသည် အခြေအနေ မည်မျှနှင့်သက်ဆိုင်နေသည်တို့ကို သင်တို့ထဲမှ တစ်ယောက်ယောက်က အကျဉ်းချုပ်ပြီးပြီလော။ အကျဉ်းမချုပ်ရသေးပေ။ ဤအရာများကို သင်မည်သို့ အကျဉ်းချုပ်နိုင်မည်နည်း။ ဤအရာများကို အကျဉ်းချုပ်ရန် ယင်းတို့ကို သင်ကိုယ်တိုင် တွေ့ကြုံဖူးရမည်။ စကားများနှင့် အယူဝါဒများ အနည်းငယ်အပေါ်တွင် မိတ်သဟာယ ဖွဲ့ရုံသက်သက်သည် အသုံးမဝင်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်မဝင်စားခြင်းသည် လူသား၏ အခက်အခဲများအားလုံးထဲတွင် အကြီးဆုံးဖြစ်သည်။ လူတစ်ယောက်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်မှာ ၎င်း၏ လိုက်စားမှုများအပေါ်တွင် မူတည်သည်။ လူအချို့သည် ဧဝံဂေလိတရားကို ဖြန့်ရန်အလို့ငှာ မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ကြသည်။ အခြားလူများက သူတစ်ပါးတို့ကို သမ္မာတရားအကြောင်း ပြောပြီး ကြွားဝါရန်အလို့ငှာ မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး မိမိတို့ကိုယ်ကို ပြောင်းလဲရန် မဟုတ်ပေ။ ဤအရာများကို အရေးစိုက်သည့်လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရုန်းကန်ကြရသည်။ ဤသည်မှာ လူသား၏အခက်အခဲများထဲမှ နောက်တစ်ခုဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် ယခု သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု ထင်သည်၊ ကျွန်ုပ်သည် မည်သည့် သမ္မာတရားကိုမျှ လုံးဝ လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိသည့်အလား မဟုတ်ပေ။ အခြေအနေအချို့တွင် ကျွန်ုပ်သည် သမ္မာတရားနှင့်အညီ လုပ်ဆောင်နိုင်သည်၊ ဆိုလိုသည်မှာ ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားရှိသူ တစ်ဦးအဖြစ် မှတ်ယူ၍ရသည်” ဟု ဆိုကြသည်။ ယခင်က သို့မဟုတ် ဘုရားသခင်ကို သင် ပထမဦးဆုံး ယုံကြည်ခဲ့သည့်အချိန်နှင့် နှိုင်းယှဉ်ပါက သင်၏အခြေအနေ အနည်းငယ် ပြောင်းလဲပြီးဖြစ်သည်။ အတိတ်တွင် သင်သည် မည်သည့်အရာကိုမျှ သိနားလည်ခဲ့ခြင်း မရှိသကဲ့သို့၊ သမ္မာတရားက မည်သည့်အရာဖြစ်သည် သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာ ဖြစ်သည်ကို သိခဲ့ခြင်း မရှိပေ။ ယခုအခါ သင်သည် ယင်းတို့နှင့်ပတ်သက်၍ အချို့အရာများကို သိလာပြီးဖြစ်ကာ နည်းလမ်းကောင်းအချို့ကို ရှိသော်လည်း ဤသည်မှာ ပြောင်းလဲပြီးဖြစ်သည့် သင်၏ အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်သည်။ သင်သည် သင်၏ သဘာဝ ပါဝင်သည့် ပိုကြီးမားပြီး နက်ရှိုင်းသော သမ္မာတရားများကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် ယင်းမှာ သင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် စစ်မှန်သော ပြောင်းလဲမှုတစ်ခု မဟုတ်ပေ။ သင်၏ အတိတ်နှင့်မတူသည်မှာ သင်သည် အတော်အတန် ဧကန်အမှန် ပြောင်းလဲပြီးဖြစ်သော်လည်း၊ ဤပြောင်းလဲမှုမှာ သင်၏ လူ့သဘာဝထဲက သေးငယ်သော ပြောင်းလဲမှုတစ်ခုသာ ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲမှုနှင့် နှိုင်းဆသည့်အခါ၊ သင်သည် စံချိန်မမီပေ။ ယင်းမှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် အောင်မြင်ဖြစ်မြောက်မှု မရှိသေးခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် လူများသည် ၎င်းတို့ အပျက်သဘောဆောင်မနေဘဲ စွမ်းအားရှိနေသော အခြေအနေတစ်ရပ်တွင် ရှိနေကြသော်လည်း ၎င်းတို့တွင် သမ္မာတရားကို သိရန်နှင့် လက်တွေ့လုပ်ဆောင်ရန်အတွက် လမ်းကြောင်း မရှိ၊ သမ္မာတရားကို မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သိအောင်လုပ်ရာတွင် ၎င်းတို့စိတ်မဝင်စားကြဟု ခံစားမိကြသည်။ ဤသည်မှာ မည်သို့ဖြစ်ရသနည်း။ တစ်ခါတစ်ရံတွင် သင်သည် လမ်းကြောင်းကို နားလည်သဘောပေါက်နိုင်ခြင်း မရှိသောကြောင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရုံသာ လိုက်နာပြီး သင်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ထင်သည်။ ရလဒ်အနေဖြင့် သင့်အခက်အခဲများကို ဖြေရှင်းရန် သင်မတတ်နိုင်သေးပေ။ သင့်စိတ်နှလုံးထဲတွင် သင်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး သင်၏ သစ္စာစောင့်သိမှုကို ပြနေသည်ဟု သင်ခံစားရသည်။ ထို့ပြင် ပြဿနာများက အဘယ်ကြောင့် ပေါ်လာနေသေးသနည်းဟု သင်စူးစမ်းမိသည်။ ဤသည်မှာ သင်သည် သင်၏ စေတနာကောင်းများအရ ပြုမူနေခြင်းနှင့် သင်၏ကိုယ်ပိုင် ခံစားချက်များအရ အားထုတ်ကြိုးပမ်းမှုများကို သုံးပြီး ပြုမူနေခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်၏ရည်ရွယ်ချက်များကို သင်မရှာဖွေပေ၊ သင်သည် သမ္မာတရား၏ သတ်မှတ်ချက်များအတိုင်း မပြုမူပေ သို့မဟုတ် စည်းမျဉ်းများကို မလိုက်နာပေ။ ရလဒ်အနေဖြင့် သင်သည် ဘုရားသခင်၏စံနှုန်းများအောက် အဝေးကြီးတွင် ရှိနေသည်ဟု သင်အမြဲခံစားရသည်။ သင့်စိတ်နှလုံးက မသက်မသာ ခံစားရသည်။ ပြီးလျှင် သတိပင်မထားလိုက်မိဘဲ သင် အပျက်သဘောဆောင်လာသည်။ လူတစ်ဦးတစ်ယောက်ချင်းစီ၏ ခံစားချက်များအရ လိုအင်ဆန္ဒများသည်လည်းကောင်း၊ ခံစားချက်များအရ အားထုတ်ကြိုးပမ်းမှုများသည်လည်းကောင်း သမ္မာတရား၏ သတ်မှတ်ချက်များနှင့်အကွာကြီး ကွာခြားနေလေသည်။ ၎င်းတို့သည် သဘာဝအားဖြင့်လည်း ကွဲပြားသည်။ လူများ၏ အပြင်ပန်းချဉ်းကပ်မှုများက သမ္မာတရားကို အစားမထိုးနိုင်ပေ။ ပြီးလျှင် ယင်းတို့ကို ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့်အညီ အပြည့်အဝ မလုပ်ဆောင်ပေ။ စင်စစ်တွင် သမ္မာတရားသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၏ စစ်မှန်သော ဖော်ပြချက်ဖြစ်သည်။ “ငါသည် ဆင်းရဲဒုက္ခများစွာခံပြီး အဖိုးအခပေးခဲ့သည်။ ဧဝံဂေလိတရားဟောပြောရင်း တစ်နေ့လုံး ငါ အလုပ်များနေသည်။ ငါက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဟု ကိုယ်တော်က အဘယ်သို့များ ပြောနိုင်သနည်း” ဟု ဧဝံဂေလိတရားကို ဖြန့်သောလူအချို့က တွေးသည်။ သို့ဆိုလျှင် သင့်အား ငါမေးမည်။ သင့်စိတ်နှလုံးထဲတွင် သမ္မာတရား မည်မျှကို ကိုင်စွဲထားသနည်း။ ဧဝံဂေလိတရားကို သင်ဟောပြောနေသောအခါ သမ္မာတရားနှင့်ညီသည့်အရာ မည်မျှကို သင်လုပ်ဆောင်သနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားလည်သလော။ သင်သည် အမှုကိစ္စများကို လုပ်ဆောင်နေရုံသာ ဖြစ်သလော သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သလောဆိုသည်ကို သင်ကိုယ်တိုင်ပင် မပြောနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် စိတ်ကျေနပ်စေရန်နှင့် ဘုရားသခင်က မျက်နှာသာပေးခြင်းကို ခံရရန်အတွက် သင့်လုပ်ရပ်များကို သုံးခြင်းတွင်သာ သင်အာရုံစိုက်နေသောကြောင့်ဖြစ်သည်။ ပြီးလျှင် သင့်ကိုယ်သင် အကဲဖြတ်ရန် “အရာတိုင်းတွင် သမ္မာတရားနှင့် ကိုက်ညီစေရန်အလို့ငှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေခြင်းဖြင့် သူ့ကို စိတ်ကျေနပ်စေခြင်း” ဟူသည့် စံနှုန်းကို သင်အသုံးမပြုပေ။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နေသည်ဟု သင်ပြောလျှင် ဤကာလအတွင်း သင်၏စိတ်သဘောထားက မည်မျှပြောင်းလဲသွားသနည်း။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းက မည်မျှတိုးပွားလာသနည်း။ ဤနည်းအတိုင်း သင့်ကိုယ်သင် အကဲဖြတ်ခြင်းဖြင့် သင်သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ရှိမရှိဆိုသည့်အပေါ်တွင် သင့်စိတ်နှလုံး ရှင်းလင်းသွားလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။