သမ္မာတရားနှင့် ဘုရားသခင်အား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၁)

ဘုရားသခင်ဖော်ပြသော နှုတ်ကပတ်တော်များသည် သမ္မာတရား အမှန်တကယ်ဖြစ်ကြောင်း မြင်လာသောအခါ လူအချို့သည် ဘုရားသခင်ကို ယုံကြည်လာကြသည်။ သို့သော် သူတို့သည် ဘုရားသခင်၏အိမ်တော်သို့ ရောက်ပြီး ဘုရားသခင်သည် သာမန်လူတစ်ဦးဖြစ်ကြောင်းကို မြင်သောအခါ သူတို့၏စိတ်နှလုံးများထဲတွင် အယူအဆများ ဖြစ်ပေါ်လာကြသည်။ သူတို့၏စကားလုံးများနှင့် လုပ်ဆောင်မှုများသည် အထိန်းအချုပ်မရှိ ဖြစ်လာကြသည်၊ သူတို့သည် အပျော်အပါး လိုက်စားလာကြပြီး တာဝန်မဲ့စွာ ပြောဆို၍ သူတို့ ဝေဖန်ပြီး အသရေဖျက်ကြသည်။ ဤသည်မှာ ထိုကဲ့သို့သော ဆိုးယုတ်သည့်လူတို့ကို ထုတ်ဖော်သည့်နည်းလမ်းဖြစ်သည်။ ထိုလူ့သဘာဝ မရှိသော သတ္တဝါများသည် မကောင်းမှုကို မကြာခဏ ပြုကြပြီး အသင်းတော်၏အလုပ်များကို နှောင့်ယှက်ကြသည်၊ သူတို့ထံ ကောင်းကျိုးတစ်စုံတစ်ရာ မရောက်နိုင်ပါ။ သူတို့သည် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်၍ အသရေဖျက်ကာ ဝေဖန်ကြပြီး စော်ကားကြသည်၊ ပြောင်ပြောင်တင်းတင်း ဘုရားကိုပြစ်မှားကြပြီး ဘုရားနှင့် ဆန့်ကျင်ဘက်ပြုကြသည်။ ထိုကဲ့သို့သောလူများသည် ပြင်းထန်သော အပြစ်ဒဏ်ကို ခံယူကြရမည့်သူများဖြစ်သည်။ အချို့လူများသည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အဆင့်တူဖြစ်ပြီး နှင်ထုတ်ခံရပြီးနောက်တွင် သူတို့သည် ဘုရားသခင်အပေါ် အဆက်မပြတ် ဒေါသထွက်နာကြည်းကြသည်။ သူတို့သည် သူတို့၏အယူအဆများကို ဆက်ဖြန့်ရန်နှင့် သူတို့၏မကျေနပ်ချက်များကို ပြောဆိုထုတ်ဖော်ရန် စုဝေးရသည့် အခွင့်အရေးကို အမိအရ အသုံးချကြသည်။ မည်သည့် ကြမ်းတမ်းသောစကားလုံးများကိုမဆို၊ သို့မဟုတ် သူတို့၏အမုန်းတရားကို ထွက်ပေါက်ပေးသည့် စကားလုံးများကိုပင် မစဉ်းမစားပြောထွက်ကြသည်။ ထိုကဲ့သို့သောလူများသည် မကောင်းဆိုးဝါးများ မဟုတ်လော။ ဘုရားသခင်၏အိမ်တော်မှ ရှင်းလင်းခံရပြီးနောက် သူတို့သည် မိုက်မဲမိသည့် တစ်ခဏအတွင်းတွင် အမှားတစ်ခုခုကို ပြောမိလေပြီဟုဆိုကာ နောင်တရကြသည်။ လူအချို့က သူတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိဘဲ “သူတို့က တော်တော် သနားစရာကောင်းတယ်၊ စိတ်နှလုံးထဲကနေ နောင်တရနေကြပါပြီ။ ဘုရားသခင်ကို သူတို့ အကြွေးတင်နေပြီ၊ ဘုရားသခင်ကို သူတို့ မသိဘူးလို့ သူတို့ပြောတယ်၊ ဒါကြောင့် သူတို့ကို ခွင့်လွှတ်လိုက်ကြရအောင်ပါ” ဟု ပြောကြသည်။ ထိုသို့ လွယ်လွယ်နှင့် ခွင့်လွှတ်ပေး၍ ရပါသလား။ ဘုရားသခင်ကို မဆိုထားနှင့်၊ လူများတွင် သူတို့၏ဂုဏ်သိက္ခာ ရှိကြသည်။ ထိုလူများ ဘုရားကိုပြစ်မှား၊ အသရေဖျက်ပြီးနောက် သူတို့ကို ခွင့်လွှတ်ပေးပြီး မိုက်မဲမိသည့် တစ်ခဏအတွင်းမှာ သူတို့ အမှားလုပ်မိကြရှာသည်ဟုဆိုသည့် လူအချို့၏စိတ်ထဲတွင် သူတို့သည် နောင်တရသယောင်ရှိကြသည်။ သို့သော် ထိုအချိန်သည် မိုက်မဲမိသည့်တစ်ခဏ ဟုတ်ပါ၏လော။ သူတို့ပြောသည့်စကားတွင် ရည်ရွယ်ချက်တချို့ အမြဲရှိကြသည်၊ သူတို့သည် ဘုရားသခင်ကိုပင် ဝေဖန်အပြစ်တင် ရဲကြပေသည်။ ဘုရားသခင်၏အိမ်တော်က သူတို့ကို အစားထိုးခဲ့သည်၊ ထို့နောက် အဆင့်အတန်း၏အကျိုးကျေးဇူးများကို သူတို့ ဆုံးရှုံးသွားခဲ့သည်။ ဖယ်ရှားရှင်းလင်းခြင်းခံရမည်ကို ကြောက်ရွံ့သောကြောင့် မကျေနပ်ချက်များစွာကို ပြောဆိုရင်း ခါးသီးစွာ ငိုကြွေးလျက် နောက်ပိုင်းတွင် နောင်တရကြသည်။ ဤသည်က ကောင်းကျိုးတစ်စုံတစ်ရာကို ပေးပါသလား။ သင်၏စကားလုံးများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရေကို မြေကြီးပေါ် လောင်းချလိုက်သကဲ့သို့ ပြန်အဖတ်ဆယ်၍မရနိုင်တော့ပေ။ လိုသလို ဆန့်ကျင်တတ်သော၊ ဝေဖန်အပြစ်တင်သော၊ သူ့ကို ပြစ်မှားစော်ကားသော လူများကို ဘုရားသခင်က သည်းခံပါမည်လော။ လျစ်လျူရှုထားလိုက်မည်လော။ ထိုသို့ဆိုလျှင် ဘုရားသခင်တွင် ဂုဏ်သိက္ခာရှိတော့မည် မဟုတ်ပေ။ အချို့လူများက ဆန့်ကျင်ပြီးနောက်တွင် “ဘုရားသခင်၊ ကိုယ်တော်၏အဖိုးတန်သွေးတော်က ကျွန်ုပ်ကို ရွေးနုတ်တော်မူပါသည်။ ကိုယ်တော်က ကျွန်ုပ်တို့ကို လူများအား အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် ခွင့်လွှတ်ရမည်ဆိုသည်။ ကိုယ်တော်သည်လည်း ကျွန်ုပ်အား ခွင့်လွှတ်တော်မူသင့်ပါသည်”ဟု ပြောကြသည်။ အရှက်မဲ့လိုက်လေခြင်း။ လူအချို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် ကောလာဟလများကို ဖြန့်ကြသည်၊ သူ့အား အသရေဖျက်ပြီးနောက်တွင် ကြောက်လာကြသည်။ အပြစ်ပေးခံရမည်ကို ကြောက်သည့်အတွက် သူတို့သည် အလျင်အမြန် ဒူးထောက်လျက် “ဘုရားသခင်၊ ကျွန်ုပ်ကို မထားခဲ့ပါနှင့်။ ကျွန်ုပ်ကို အပြစ်မပေးပါနှင့်၊ ကျွန်ုပ် ဝန်ခံပါသည်၊ ကျွန်ုပ် နောင်တရပါပြီ။ ကိုယ်တော့်ထံ ကျွန်ုပ် အကြွေးတင်နေပါပြီ။ ကျွန်ုပ် မှားခဲ့ပါပြီ”ဟု ဆုတောင်းကြသည်။ ပြောလော့၊ ထိုကဲ့သို့သော လူများခွင့်လွှတ်ခံရနိုင်မည်လော။ ခွင့်လွှတ်မခံရနိုင်ပါ။ မည်သည့်အတွက်ကြောင့် မခွင့်လွှတ်နိုင်ရမည်နည်း။ သူတို့ပြုခဲ့ပြီးသော အရာသည် သန့်ရှင်းသောဝိညာဉ်တော်ကို ပုန်ကန်ပြစ်မှားခဲ့ပြီ။ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားမိသော အပြစ်သည် ဤဘဝတွင်သာမဟုတ်၊ နောင်ဘဝအတွက်ပါ မည်သည့်အခါမှ ခွင့်လွှတ်ခံရမည်မဟုတ်ပါ။ ဘုရားသခင်သည် ကတိတည်သည်။ သူ့တွင် ဂုဏ်သိက္ခာ၊ အမျက်ဒေါသနှင့် ဖြောင့်မတ်သော စိတ်သဘောထားရှိသည်။ ဘုရားသခင်သည် လူသားနှင့်တူပြီး တစ်စုံတစ်ဦးက သူ့အပေါ် အနည်းငယ် ကောင်းပြရုံနှင့် သူက သူတို့ကျူးလွန်ခဲ့သော ပြစ်မှားမှုများကို ခွင့်လွှတ်ပေးလိမ့်မည်ဟု သင်ထင်သလော။ ထိုသို့ မဟုတ်ပါ။ ဘုရားသခင်ကို သင် ဆန့်ကျင်ပါက သင့်အတွက် ကိစ္စများ အဆင်ပြေချောမွေ့လာမည်လော။ တဒင်္ဂ မိုက်မဲမှုကြောင့် သင် အမှားတစ်ခုခုလုပ်မိပါက၊ သို့မဟုတ် တစ်ခါတစ်ရံ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို အနည်းငယ်မျှ သင်ထုတ်ဖေါ်ပြမိပါက နားလည်နိုင်ပါသည်။ သို့သော် သင် တိုက်ရိုက် ခုခံကာ ပုန်ကန်ပြီး ဘုရားသခင်အား ဖီဆန်ခြင်းပြုပါက သင် ဘုရားသခင်ကို အသရေဖျက်ကာ ပြစ်မှားစော်ကားပြီး သူ့အကြောင်း ကောလာဟလများ ဖြန့်ပါက သင်သည် လုံးဝဥဿုံ ပျက်စီးခြင်းသို့ ရောက်ပြီဖြစ်သည်။ အဆိုပါလူများ ဆက်လက် ဆုတောင်းရန် မလိုပါ၊ သူတို့သည် အပြစ်ပေးခံရဖို့သာ စောင့်နေသင့်သည်။ သူတို့ကို ခွင့်လွှတ်နိုင်စရာမရှိပါ။ ထိုအချိန်သို့ ရောက်လာသောအခါ “ဘုရားသခင်၊ ကျွန်တော်မျိုးကို ကျေးဇူးပြု၍ ခွင့်လွှတ်တော်မူပါ” ဟု အရှက်မဲ့စွာ မပြောနှင့်။ သင် မည်သို့ အသနားခံပါစေ ပြောရမည်ကို အားနာသော်လည်း အသုံးဝင်လိမ့်မည် မဟုတ်ပါ။ အချို့သော သမ္မာတရားတို့ကို နားလည်သဘောပေါက်ပြီးသည့်နောက်တွင် လူတို့သည် သိလျက်နှင့်ပင် ပြစ်မှားကြလျှင် သူတို့ကို ခွင့်လွှတ်မပေးနိုင်ပေ။ ယခင်က ဘုရားသခင်သည် လူတစ်ဦး၏ ပြစ်မှားမှုများကို သတိမရဟု ဆိုကြသည်။ ယင်းက ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ မပါဝင်သလို ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိသည့် အသေးစား ပြစ်မှားမှုများကို ဆိုလိုသည်။ ဤအရာများတွင် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းနှင့် အသရေဖျက်ခြင်းတို့ မပါဝင်ပါ။ သို့သော် သင်သည် တစ်ကြိမ်တစ်ခါမျှပင် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း၊ ဝေဖန်ခြင်း၊ သို့မဟုတ် အသရေဖျက်ခြင်းတို့ကို ပြုလုပ်မိပါက ဤသည်က ချေဖျက်မရနိုင်သည့် ထာဝရ အစွန်းအထင်းတစ်ခု ဖြစ်သွားပါလိမ့်မည်။ လူတို့သည် သူတို့အလိုကျ ဘုရားသခင်ကို ပြစ်မှားစော်ကား၍ စော်ကားလိုကြပြီး ကောင်းချီးများကို ရရန် သူ့ကို အပြည့်အဝ အသုံးချလိုကြသည်။ ကမ္ဘာပေါ်ရှိ မည်သည့်အရာကမှ ထိုမျှ ဈေးမပေါချေ။ ဘုရားသခင်သည် သနားကရုဏာနှင့် ပြည့်စုံ၍ ကြင်နာတတ်သည်၊ သူသည် စေတနာကောင်းသည်၊ သူ့တွင် ကြီးမားကျယ်ပြန့်ပြီး တိုင်းတာ၍ မရနိုင်သော နှလုံးသားတစ်ခုရှိသည်။ သူသည် လူတို့၏ ပြစ်မှားမှုများကို သတိမရဘဲ လူတို့၏ အတိတ်မှ ပြစ်မှားမှုများနှင့် ပြုခဲ့ပြီးသော အမှုများအတွက် သင်ပုန်းချေတတ်သည် ဟူ၍ လူတို့သည် အမြဲ ထင်မြင်ကြသည်။ သင်ပုန်းချေခြင်းသည် အသေးအဖွဲ ကိစ္စများအပေါ်တွင် ဖြစ်သည်။ သူ့ကို ပွင့်ပွင့်လင်းလင်း ခုခံပြီး ပြစ်မှားစော်ကားသောသူတို့ကို ဘုရားသခင်သည် ဘယ်တော့မျှ ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။

အသင်းတော်ရှိ လူအများစုသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသော်လည်း သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မရှိကြပေ။ ဤသည်က လူအများစုတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်ပတ်သက်သည့် စစ်မှန်သော သိမြင်မှု မရှိကြကြောင်းကို ပြသည်၊ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ရန် သူတို့အတွက် ခက်ခဲလေသည်။ အကယ်၍ လူတို့သည် သူတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်ကို မကြောက်ရွံ့သကဲ့သို့ သူ့ကို ထိတ်လန့်တုန်လှုပ်ခြင်း မရှိသည့်အပြင် ဘုရားသခင်၏ အမှုတော်က သူတို့၏ ကိုယ်ပိုင် အကျိုးများကို ထိပါးလာသည်နှင့်တစ်ပြိုင်နက် သူတို့ကြိုက်နှစ်သက်ရာ မည်သည့်အရာကိုမဆို ပြောပြီး သူတို့ ပြောဆိုပြီးသောအခါ ထိုအရာသည် အဆုံးသတ်ဖြစ်လိမ့်မည်လော။ ထို့နောက်တွင် သူတို့ပြောသည့်အရာအတွက် နောက်ဆက်တွဲအကျိုးကို သူတို့ခံစားကြရမည်။ ဤသည်က ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်ပါ။ လူအချို့က ဘုရားသခင်ကို ပြစ်မှားစော်ကားသောအခါ၊ ဝေဖန်သောအခါ သူတို့၏ စိတ်နှလုံးထဲတွင် သူတို့မည်သည့်အရာ ပြောနေသည်ကို သူတို့ သိသလော။ ဤအရာများကို ပြောသောသူ အားလုံးသည် သူတို့ မည်သည့်အရာပြောသည်ကို သူတို့၏ စိတ်နှလုံးထဲတွင် သိကြသည်။ နတ်ဆိုးစွဲခြင်း ခံထားရသောသူများနှင့် ပုံမှန် မဟုတ်သော အကြောင်းပြချက်ရှိသူများမှအပ ပုံမှန် လူများသည် သူတို့ ပြောနေသည့်အရာကို သူတို့၏ စိတ်နှလုံးထဲတွင် သိကြသည်။ သူတို့ မသိပါဟု သူတို့ ပြောပါက သူတို့သည် လိမ်နေခြင်းဖြစ်သည်။ သူတို့စကားပြောသောအခါ “ကိုယ်တော်က ဘုရားသခင်ဆိုတာ ကျွန်ုပ်သိပါတယ်။ ကိုယ်တော် လုပ်နေတာ မမှန်ဘူးလို့ ကျွန်ုပ်ပြောနေတယ်၊ ဒီတော့ ကိုယ်တော်က ကျွန်ုပ်ကို ဘာများ လုပ်နိုင်မှာလဲ။ ကျွန်ုပ်စကားပြောပြီးသောအခါ ကိုယ်တော်က ဘာလုပ်မည်နည်း” ဟု သူတို့က စဉ်းစားလေသည်။ သူတို့သည် ဤအရာကို အခြားသူများကို နှောင့်ယှက်ဖို့၊ အခြားသူများကို သူတို့ဘက်သို့ပါအောင် ဆွဲဖို့၊ အခြားသူများကို အလားတူစကားများ ပြောစေဖို့၊ အခြားသူများကို အလားတူလုပ်ရပ်များ လုပ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြသည်။ သူတို့ပြောသည့်အရာသည် ဘုရားသခင်နှင့် ဆန့်ကျင်နေပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားနေသည့် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း အာခံခြင်းဖြစ်ကြောင်းကို သူတို့ သိကြသည်။ သူတို့ အလေးအနက် စဉ်းစားဆင်ခြင်ပြီးနောက် သူတို့လုပ်ခဲ့သည့်အရာသည် မှားနေသည်ဟု ထင်မြင်မိသည်။ “ကျွန်ုပ် မည်သည့်အရာကို ပြောလိုက်သနည်း။ ထိုအချိန်သည် စိတ်မြန်လက်မြန် လုပ်လိုက်သော တစ်ခဏဖြစ်ပြီး ကျွန်ုပ် အလွန်နောင်တရသည်” ဟူ၍ ဖြစ်လေသည်။ သူတို့၏နောင်တသည် စင်စစ်အားဖြင့် ထိုအချိန်က သူတို့မည်သည့်အရာ လုပ်ခဲ့ကြသည်ကို သူတို့သိခဲ့ကြောင်းကို သက်သေပြသည်။ သူတို့ မသိခဲ့ခြင်း မဟုတ်ချေ။ အကယ်၍ သူတို့သည် စေ့စေ့စပ်စပ် နားမလည်ဘဲ ခဏတာ မသိနားမလည်ဖြစ်ပြီး စိတ်ရှုပ်ထွေးနေခဲ့ခြင်း ဖြစ်သည်ဟု သင်ထင်ပါက ဤသည်မှာ လုံးလုံးလျားလျား မမှန်ပေ။ လူတို့သည် စေ့စေ့စပ်စပ် နားမလည်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်ကို သင် ယုံကြည်ပါက သင့်တွင် အနည်းဆုံး သာမန် ဘဝပေးအသိစိတ် ရှိကို ရှိရမည်။ ဘုရားသခင်ကို ယုံကြည်ရန် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သင့်ပြီး ထိတ်လန့်သင့်သည်။ သင်သည် ဘုရားသခင်ကို ပြစ်မှားစော်ကား၍မရ၊ သူ့ကို သင့်သ‌ဘောရှိ ဝေဖန်၍မရ၊ သို့မဟုတ် အသရေဖျက်၍ မရချေ။ “ဝေဖန်ခြင်း”၊ “ပြစ်မှားစော်ကားခြင်း”နှင့် “အသရေဖျက်ခြင်း” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း သင်သိသလော။ သင်တစ်စုံတစ်ခုကို ပြောသောအခါ ဘုရားသခင်ကို ဝေဖန်လိုသည့်သဘောဖြင့် ပြောဆိုနေခြင်း ရှိမရှိကို သင်မသိလေသလော။ လူအချို့သည် သူတို့က ဘုရားသခင်ကို ဧည့်ဝတ်ပြုရာတွင် ပါဝင်ဆောင်ရွက်ဖူးကြောင်း၊ ပြီးနောက် ဘုရားသခင်ကို မကြာခဏ မြင်တွေ့ပြီး ဘုရားသခင်၏ တေ့တေ့ဆိုင်ဆိုင် မိတ်သဟာယပြုခြင်းကို နားထောင်ဖူးကြောင်းဆိုသည့် အချက်ကို အမြဲပြောကြသည်။ သူတို့သည် အမှတ်မထင် တွေ့ဆုံမိသည့် မည်သူနှင့်မဆို ဤအကြောင်းအရာများ အကြောင်းကို ပြောကြသည်။ အပေါ်ယံကိစ္စများကို ရှည်ရှည်ဝေးဝေး ပြောဆိုကြသည်။ သူတို့တွင် စစ်မှန်သော အသိပညာ လုံးဝ မရှိကြပေ။ သူတို့ ဤအကြောင်းအရာများကို ပြောသောအခါ သူတို့တွင် မကောင်းသောရည်ရွယ်ချက်များ မရှိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့သည် ညီအစ်ကိုမောင်နှမများအတွက် ‌စေတနာကောင်းပြီး လူတိုင်းကို အားပေးလိုခြင်း ဖြစ်နိုင်သည်။ သို့သော် သူတို့သည် ဘာကြောင့် ဤအကြောင်းအရာများကို ပြောရန် ရွေးသနည်း။ အကယ်၍ သူတို့သည် ဤကိစ္စကို စိတ်ထက်သန်တက်ကြွစွာ ထည့်သွင်းဆွေးနွေးလာပါက ထိုအခါ အဓိကအားဖြင့် ကြွားရန်နှင့် လူများက သူတို့ကို အထင်ကြီးလာစေရန်စသည့် ရည်ရွယ်ချက်တစ်စုံတစ်ခု သူတို့တွင် ရှိသည်။ သူတို့သည် လူတို့ ယုံကြည်မှုရှိအောင် လုပ်နိုင်ပြီး ဘုရားသခင်ကို လူတို့၏ ယုံကြည်ခြင်းတွင် အားပေးနိုင်ပါက သူတို့သည် လူတို့အား သမ္မာတရားဖြစ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ ဖတ်ရွတ်ပြနိုင်သည်။ သို့ဆိုလျှင် အဆိုပါ ပြင်ပ အကြောင်းအရာများ အကြောင်းကို သူတို့ အဘယ်ကြောင့် မလျှော့တမ်း ပြောနေရသနည်း။ သူတို့ ဤအကြောင်းအရာများကို ပြောခြင်း၏ အရင်းအမြစ်က သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး တကယ်ကို မရှိခြင်းပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ပါ။ သူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် ထိန်းမနိုင်သိမ်းမရပြုမူပြီး နှုတ်မစောင့်စည်းဘဲ မည်သို့ နေနိုင်သနည်း။ ဘုရားသခင်တွင် ဂုဏ်သိက္ခာရှိသည်။ လူတို့သည် ဤအရာကို သဘောပေါက်လျှင် အဆိုပါကိစ္စများကို သူတို့ ဆက်လက် လုပ်ဆောင်နေဦးမည်လော။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြချေ။ သူတို့၏ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်များကို ရရန်နှင့် အခြားသူများက သူတို့အား အထင်ကြီးစေရန်ဖြစ်သည့် သူတို့၏ ကိုယ်ပိုင် အကြောင်းပြချက်များအတွက် ဘုရားသခင်သည် မည်သို့ဖြစ်သည်နှင့် ဘုရားသခင်သည် မည်သည့်အရာနှင့် တူသည်ဆိုသည်ကို စိတ်ကူးပေါက်သလို သူတို့ ပြောကြသည်။ ဤသည်မှာ ဘုရားသခင်ကို ဝေဖန်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းမျှသာ ဖြစ်သည်။ အဆိုပါလူတို့တွင် သူတို့၏ စိတ်နှလုံးသားထဲ၌ ဘုရားသခင်အတွက် ကြောက်ရွံ့ခြင်း မရှိချေ။ သူတို့သည် ဘုရားသခင်ကို ခုခံပြီး ပြစ်မှားစော်ကားကြသည့် လူအားလုံးဖြစ်သည်။ သူတို့သည် နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများသာ ဖြစ်သည်။ လူအချို့သည် ဘုရားသခင်ကို နှစ်အနည်းငယ်ကြာ ယုံကြည်ခဲ့ကြသော်လည်း အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက်တွင် သူတို့သည် ယုဒများ ဖြစ်လာကြသည်၊ ဘုရားသခင်ကို ပြစ်မှားစော်ကားရာတွင် အဆင်းနီသော နဂါးကြီး၏ နောက်သို့ပင် လိုက်ကြသေးသည်။ အချို့လူတို့သည် ဘုရားသခင်၏ အမှုတော်ကို ဝေဖန်ပြီး ဘုရားသခင်ကို ရှုတ်ချသည့် အကြောင်းအရာများကို ဘာသာရေးကိုင်းရှိုင်းသော လူများ ပြောသကဲ့သို့ သံယောင်လိုက်ပြောကြရင်း ဧဝံဂေလိတရားကို ဟောကြသည်။ ဤပုံစံမျိုးပြောဆိုခြင်းသည် ဘုရားသခင်ကို ခုခံခြင်းနှင့် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းဖြစ်ကြောင်းကို သူတို့ သိကြသော်လည်း သူတို့သည် မစိုးရိမ်ကြပေ။ သင့်ကြံရွယ်ချက်များက မည်သို့ပင်ဖြစ်စေ ဤနည်းဖြင့် စကားပြောခြင်းသည် မသင့်တော်ချေ။ အခြားအကြောင်းကို သင်မပြောနိုင်သလော။ ဤအကြောင်းအရာများကို သင် အဘယ်ကြောင့် ပြောမှ ဖြစ်မည်နည်း။ ထိုအရာသည် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ အဆိုပါ စကားမျိုး သင့်ပါးစပ်မှ ထွက်လာပါက သင်သည် ဘုရားသခင်ကို ပြစ်မှားစော်ကားနေခြင်း ဖြစ်သည်။ သင် ထိုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အဆိုပါအကြောင်းအရာများကို ပြောခြင်းသည် သင့်ကို ဘုရားတရား မကိုင်းရှိုင်းသူ ဖြစ်စေသည်။ သင့်ထံတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိချေ။ သင်သည် အခြားလူများကို လိုက်လျောပြီး အခြားလူတို့ စိတ်ကျေနပ်စေရန် ဘုရားကို ပြစ်မှားစော်ကားသော စကားများကို ပြောကာ သူတို့ကို သိမ်းသွင်းစည်းရုံးသည်။ သင်သည် ဘုရားတရား မကိုင်းရှိုင်းလိုက်လေခြင်း။ သင်သည် နတ်ဆိုးနှင့် တစ်ကျိတ်တည်း တစ်ဉာဏ်တည်းပင်။ သင်သည် မိမိစိတ်ကူးပေါက်သလို ဘုရားသခင်ကို ဆော့ကစားနိုင်သလော၊ ဝေဖန်နိုင်သလော၊ ဘောင်ခတ်နိုင်သလော၊ ပြစ်မှားစော်ကားနိုင်သလော။ ထိုသို့ပြုလုပ်ခြင်းသည် အလွန် စိတ်ပျက်ဖွယ်ကောင်းသည်။ သင် အမှားတစ်စုံတစ်ခုကို ပြောမိပြီး ထိုအရာက ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပါက ထိုအခါတွင် သင်သည် ပျက်စီးခြင်းသို့ ဆိုက်ရောက်ပြီဖြစ်သည်။ ဤသည်မှာ သေစေလောက်သော ကိစ္စတစ်ခုဖြစ်သည်။ “ဘာသာရေးလောကရှိ လူများသည် သင်းအုပ်များနှင့် အကြီးအကဲများ၏ အထင်အမြင်မှားစေခြင်းကို ခံနေရပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားကာ ဝေဖန်ပြီး သူ၏ အမှုတော်ကို ရှုတ်ချသည့် အကြောင်းအရာများကို သူတို့အများစုသည် ပြောပြီးကြပြီးဖြစ်သည်။ အချို့လူတို့သည် နောက်ဆုံးသော ကာလအတွင်း ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး နောင်တရကြသည်။ သို့ဆိုလျှင် သူတို့သည် ကယ်တင်ခြင်း ခံရမည်လော။ အကယ်၍ သူတို့အားလုံးသည် ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံရပါက ကယ်တင်ခြင်းခံရမည့် လူများ အနည်းငယ်မျှသာ ရှိတော့မည်၊ တစ်ယောက်ယောက် ကယ်တင်ခြင်းခံရဖို့ဆိုသည်မှာပင် ခဲယဉ်းလှသည်” ဟု လူအချို့က တွေးထင်ကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါ၊ ဟုတ်သည် မဟုတ်လော။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး သူသည် လူတိုင်းအပေါ် ဖြောင့်မတ်သည်။ နောဧ၏ နေ့ရက်များတွင် လှေပေါ်သို့ လူရှစ်ယောက်သာ ကယ်တင်ခံရသည်၊ ကျန်သောလူများသည် ဖျက်ဆီးခြင်းခံရသည်။ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းမရှိဟု သင်ပြောရဲသလော။ လူသားမျိုးနွယ်သည် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေကြသည်။ သူတို့အားလုံးသည် စာတန်နှင့် ဆိုင်သည်၊ သူတို့အားလုံးသည် ဘုရားသခင်ကို ခုခံကြသည်၊ သူတို့သည် အားလုံး ယုတ်ညံ့ပြီး တန်ဖိုးမဲ့ကြသည်။ သူတို့သည် ဘုရားသခင်၏ အမှုတော်ကို လက်မခံနိုင်ပါက ယခင်ကအတိုင်း ဖျက်ဆီးခြင်း ခံရလိမ့်မည်။ အချို့လူများက သူတို့ကိုယ်သူတို့ ထင်ကောင်းထင်နိုင်သည်။ “အကယ်၍ ကျွန်ုပ်တို့အထဲမှ တစ်ယောက်ကိုမျှ ဘုရားသခင်က မကယ်တင်နိုင်ခဲ့လျှင် ဘုရားသခင်၏အမှုတော်သည် အချည်းနှီးဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကိုကယ်တင်ရာ၌ လူသားမပါ၍မဖြစ်ဟု ကျွန်ုပ်ထင်သည်။ အကယ်၍ ဘုရားသခင်က လူသားကို ထားခဲ့ပါက ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ပျောက်ကွယ်သွားလိမ့်မည်” ဟူ၍ ဖြစ်သည်။ သင် မှားနေပြီ။ ဘုရားသခင်သည် လူသား မရှိလျှင်ပင် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အားလုံး ဆက်လက်လုပ်ဆောင်သွားလိမ့်မည်။ လူတို့သည် သူတို့ကိုယ်သူတို့ ပို၍ တန်ဖိုးဖြတ်ကြသည်။ လူတို့ထံတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြချေ။ ဘုရားသခင် ရှေ့မှောက်တွင် သူတို့သည် ဘာသာတရား ရိုသေကိုင်းရှိုင်းခြင်း လုံးဝ မရှိကြပေ၊ သူတို့တွင် မည်သည့် ကောင်းစွာ ပြုမူသည့် သဘောထားမျိုးမှ မရှိကြပေ။ အကြောင်းမှာ လူတို့သည် စာတန်၏ အာဏာအောက်တွင် နေထိုင်ကြပြီး စာတန်နှင့် သက်ဆိုင်သောကြောင့် အချိန်နေရာမရွေး သူတို့သည် ဘုရားသခင်ကို ဝေဖန်နိုင်ကြပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားနိုင်ကြသည်။ ဤသည်မှာ ကြောက်စရာကောင်းသော အရာတစ်ခုဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။