သမ္မာတရားနှင့် ဘုရားသခင်အား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၅)

ဘုရားသခင် မိန့်တော်မူခဲ့သောဤနှုတ်ကပတ်တော်များနှင့်စပ်လျဉ်း၍ သင်တို့ နားထောင်သောအခါ ၎င်းတို့ကို သင်တို့ကိုယ်သင်တို့ဖြင့် နှိုင်းယှဉ်ကြည့်သလော၊ သို့မဟုတ် ၎င်းတို့ကို အယူဝါဒအနေဖြင့် နားထောင်ရုံလော၊ ၎င်းဆိုလိုသည့်အဓိပ္ပါယ်ကို သင်နားလည်ရန်အတွက် သင့်စိတ်ထဲတွင် တစ်ကြိမ် ဆန်းစစ်ကြည့်ပြီး ဤမျှသာလော။ နားထောင်နေစဉ်တွင် သင်တို့တွင် မည်သည့်သဘောထားနှင့် ရည်ရွယ်ချက်မျိုးတို့ ရှိကြသနည်း။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူတို့သည် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်ဖြစ်ကြောင်း၊ ဘုရားသခင်၏အမြင်တွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် မကောင်းသည့် ဆိုးယုတ်သောလူများဖြစ်ကြကြောင်းစသဖြင့် ဘုရားသခင်က ပြောခဲ့သည့်အရာကို သင်တို့ အမှန်တကယ် နားလည်ပါက၊ ထိုအခါတွင် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ဆင်ခြင်ကြည့်သင့်ပြီး သင်၏မည်သည့်လုပ်ရပ်များက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် သင်၏မည်သည့်နည်းလမ်းများနှင့် သဘောထားများကို သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း၏သရုပ်သကန်များအဖြစ် ဘုရားသခင်က မြင်ကြောင်းတို့ကို ကြည့်သင့်သည်။ ဤကိစ္စများကို နားလည်သဘောပေါက်ဖို့ သင်တို့ တစ်ကြိမ်တစ်ခါမျှ ကြိုးစားကြည့်ဖူးသလော။ သင်တို့ကိုယ်သင်တို့ ပြန်လည်ဆင်ခြင်သုံးသပ်ကြည့်ဖူးသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာမန်ကာလျှံကာ တစ်ချက်ကြည့်ပြီး ဖတ်ရုံဖြင့် မလုံလောက်ပါ။ သင်သည် ၎င်းတို့ကို ချင့်ချိန်စဉ်းစားရမည်၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆင်ခြင်သုံးသပ်ကြည့်ရမည်၊ ပြီးလျှင် ဘုရားသခင်၏ထုတ်ဖော်သည့် နှုတ်ကပတ်တော်များနှင့် သင်၏ကိုယ်ပိုင်အတွေးများနှင့် လုပ်ရပ်များကို နှိုင်းယှဉ်ကြည့်ရမည်၊ ထို့အပြင် မိမိကိုယ်ကိုနားလည်ခြင်းကို ရယူရမည်။ ဤနည်းလမ်းဖြင့်သာ သင့်တွင် စစ်မှန်သော နောင်တရခြင်းနှင့် အပြောင်းအလဲတို့ ရနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်ဖတ်သော်လည်း ၎င်းတို့ကို သင်မတွေးဆသည့်အပြင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်းလည်း မလုပ်ပါက၊ ထိုအစား အယူဝါဒကို နားလည်ခြင်းအပေါ်တွင်သာ အာရုံစိုက်နေပါက၊ ထိုအခါတွင် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းတွင် မည်သည့်အသက်ဝင်ရောက်ခြင်းမျှ ရှိလိမ့်မည်မဟုတ်ပေ၊ သို့မဟုတ် မည်သည့်စစ်မှန်သောပြောင်းလဲခြင်းတစ်စုံတစ်ခုကိုမျှ သင်ကြုံရလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်သောအခါ တွေးဆဖို့၊ သမ္မာတရားကို ရှာဖွေဖို့နှင့် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ မုချလိုအပ်ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များမှာ မည်သည်တို့နည်း။ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများအားလုံး၏စစ်မှန်မှုဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားဖြစ်သည်။ ၎င်းတို့သည် လမ်းခရီးဖြစ်သည်။ ၎င်းတို့သည် လူသားများအပေါ် ဘုရားသခင်က ပေးအပ်သည့်အသက်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များသည် အယူဝါဒများမဟုတ်ကြပါ။ ၎င်းတို့သည် ဆောင်ပုဒ်များမဟုတ်ကြပါ။ ၎င်းတို့သည် သဘောတရား အမျိုးအစားတစ်ခုမဟုတ်ပါ။ ၎င်းတို့သည် ဒဿနဆိုင်ရာအသိပညာလည်း မဟုတ်ပါ။ ထိုအစား ၎င်းတို့သည် လူများ နားလည်ပြီး ရယူရမည့်သမ္မာတရားနှင့် လူများ ရရှိရမည့်အသက်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် လူတို့၏အသက်တာများနှင့် ၎င်းကိုယ်တိုင်၏အသက်တာ၊ လူများ လျှောက်သင့်သည့်လမ်းကြောင်းနှင့် လူများ၏ရလဒ်နှင့် လမ်းဆုံးပန်းတိုင်တို့နှင့် အတွင်းကျကျဆက်စပ်နေသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပြီး သမ္မာတရားကို ရရှိပြီးဖြစ်ပါက သူနှင့်ပတ်သက်သမျှအရာခပ်သိမ်းသည် လျော်ညီစွာ ပြောင်းလဲသွားလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်သည် သမ္မာတရားကို မည်သည့်အခါမျှ နားမလည်နိုင်ပါက သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်များအတိုင်း မနေထိုင်ပါက သူတို့သည် စစ်မှန်သောပြောင်းလဲခြင်းကို ရယူဖို့ သို့မဟုတ် ဘုရားသခင်၏ခွင့်ပြုချက်ကို ရယူဖို့ မဖြစ်နိုင်ပေ။ ထိုလူအတွက် ရလဒ်နှင့် လမ်းဆုံးပန်းတိုင်တို့သည် လုံးဝပျက်စီးဆုံးရှုံးခြင်းကို ခံရဖို့နှင့် ဖျက်ဆီးခံရဖို့သာ ဖြစ်နိုင်သည်။ ဤသည်မှာ လူများအတွက် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် သူဖော်ပြသည့်သမ္မာတရားတို့က မည်မျှအရေးကြီးကြောင်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်သော်လည်း ၎င်းတို့ကို ချင့်ချိန်စဉ်းစားခြင်းမပြုပါက၊ ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်သုံးသပ်ခြင်းမလုပ်ပါက သို့မဟုတ် သင်၏ကိုယ်ပိုင်တကယ့်ပြဿနာများနှင့် တကယ့်အခက်အခဲများနှင့် ၎င်းတို့ကို မဆက်စပ်ပါက၊ ထိုအခါတွင် သင်နားလည်နိုင်သည့်အရာအားလုံးသည် အပေါ်ယံမျှသာဖြစ်ပြီး သင်သည် သမ္မာတရားကို နားလည်ဖို့ သို့မဟုတ် ဘုရားသခင်၏ရည်ရွယ်ချက်များကို နားလည်ဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် သမ္မာတရားကို နားလည်ရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်သည့် နည်းလမ်းကို သင်ယူရမည်။ ဤသည်မှာ အရေးကြီးလှသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ဖို့ နည်းလမ်းများစွာရှိလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရှာဖွေလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် တိတ်ဆိတ်စွာ ဖတ်ရှုနိုင်ပြီး၊ သင်၏ စိတ်နှလုံးထဲတွင် ဆုတောင်းနိုင်သည်။ သင်သည် သမ္မာတရားကို အားထုတ်သူတို့ကို အဖော်ပြု၍လည်း မိတ်သဟာယပြုနိုင်ပြီး၊ ဆုတောင်းဖတ်ရှုနိုင်သည်။ ပြီးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်များ အပေါ် သင်၏ နားလည်သဘောပေါက်ခြင်းကို ပို၍နက်ရှိုင်းစေဖို့ သင်၏ စဉ်းစားဆင်ခြင်ခြင်းနှင့် မိတ်သဟာယများနှင့် ဒေသနာများကို တစ်သားတည်း ဖြစ်အောင် လုပ်၍လည်း ရနိုင်ပေသည်။ နည်းလမ်းများမှာ များစွာရှိပြီး မျိုးစုံလှပေသည်။ အတိုချုပ်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် ထိုနှုတ်ကပတ်တော်များ၊ သမ္မာတရားတို့နှင့် သက်ဆိုင်သည့် နားလည်သဘောပေါက်မှုတစ်ခုကို ရရှိလိုပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ဖို့ နှင့် ဆုတောင်းဖတ်ရှုဖို့တို့က အလွန် အရေးကြီးလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းဖတ်ရှုခြင်း၏ရည်ရွယ်ချက်မှာ၊ ထိုနှုတ်ကပတ်တော်များကို ရွတ်ဖတ်နိုင်ဖို့ မဟုတ်သကဲ့သို့၊ အလွတ်ကျက်ဖို့လည်း မဟုတ်ပေ။ ယင်းထက် ဤနှုတ်ကပတ်တော်များကို ဆုတောင်းဖတ်ရှုကာ၊ စဉ်းစားဆင်ခြင်ပြီးနောက်၊ ထိုနှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် စစ်မှန်သော နားလည်သဘောပေါက်မှု တစ်ခုကို ရရှိဖို့ နှင့် ဘုရားသခင် မိန့်တော်မူခဲ့သည့် ဤနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်တို့ကို သိရှိဖို့ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များတွင် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း တစ်ခုကို ရှာဖွေဖို့ နှင့် မိမိ၏ ကိုယ်ပိုင်လမ်းသို့ ပြန်လှည့်သွားခြင်းမှ ထိန်းထားဖို့ဖြစ်သည်။ ထို့အပြင် စည်းမျဉ်းများနှင့်အညီ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဖော်ထုတ်သည့် အခြေအနေမျိုးစုံနှင့် လူအမျိုးအစားများအားလုံး အပေါ် ပိုင်းခြားသိမြင်မှုရှိနိုင်ဖို့၊ လူအမျိုးအစား တစ်ယောက်ချင်းစီကို ဆက်ဆံနိုင်ဖို့တို့ ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ လမ်းလွဲခြင်းကို ရှောင်ကြဉ်ဖို့ ဖြစ်သည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဆုတောင်းဖတ်ရှုနည်းနှင့် စဉ်းစားဆင်ခြင်နည်းတို့ကို သင်ယူလေ့လာပြီး ယင်းကို မကြာခဏ လုပ်ဆောင်သည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ စိတ်နှလုံးထဲတွင် အမြစ်တွယ်နိုင်ပြီး၊ သင်၏ အသက်တာဖြစ်လာနိုင်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။