သမ္မာတရားနှင့် ဘုရားသခင်အား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၇)
ဘုရားသခင်၏အမှုကို ဖြန့်ပြီး သက်သေခံသော ဧဝံဂေလိ ဟောပြောသည့် လူအချို့သည် စိုးရိမ်ဖွယ်ရာ အမှားကြီးတစ်ခုကို ပြုလုပ်ကြသည်။ ၎င်းတို့သည် ဘာသာရေးသမားများက အယူအဆများ ဖြစ်ပေါ်နိုင်ခြေအရှိဆုံးသော ဘုရားနှုတ်ကပတ်တော်များအတွက် အဖြေအနေဖြင့် ထိုဘုရားနှုတ်ကပတ်တော်များကို ဖယ်ရှားပစ်ကာ ဧဝံဂေလိ လက်ခံရန် အလားအလာ ရှိသူများကို လိုရင်းတိုရှင်း အနှစ်ချုပ်ဖြစ်သော ဘုရားနှုတ်ကပတ်တော်များ ပေးလေသည်။ သူတို့၏အကြောင်းပြချက်မှာ အယူအဆများဖြစ်ပေါ်ခြင်းနှင့် အထင်လွဲခြင်းများမှ လူများကို ကာကွယ်တားဆီးဖို့ ဤအရာကို လုပ်ခြင်းဖြစ်သည် ဟူ၍ဖြစ်သည်။ သို့သော် ဤသည်မှာ မှန်ကန်သလော။ ဘုရားနှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရား ဖြစ်သည်။ လူများတွင် အယူအဆများရှိကြသည်ဖြစ်စေ၊ သူတို့သည် ဤနှုတ်ကပတ်တော်များကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ချစ်မြတ်နိုးသည်ဖြစ်စေ၊ မချစ်မြတ်နိုးသည်ဖြစ်စေ သမ္မာတရားသည် သမ္မာတရားသာဖြစ်သည်။ ယင်းကို လက်ခံသူများသည် ကယ်တင်ခြင်း ခံရနိုင်သော်လည်း လက်မခံသူများသည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ သမ္မာတရားကို ငြင်းဆန်သူတိုင်းသည် သေဖို့နှင့် ပျက်စီးခြင်းသို့ရောက်ဖို့ ထိုက်တန်သည်။ ဤသည်က ဧဝံဂေလိကို ဖြန့်သောသူများနှင့် မည်သို့သက်ဆိုင်သနည်း။ ဧဝံဂေလိဖြန့်သူများသည် လူများက အယူအဆများ ရှိလာလိမ့်မည်ကို ကြောက်ရွံ့သောကြောင့် ဘုရားသခင်၏ မူရင်းနှုတ်ကပတ်တော်များကို အကျဉ်းချုပ်မည့်အစား လူများအား ယင်းတို့ကို ဖတ်ရှုခွင့်ပေးသင့်သည်။ လူများက စစ်မှန်သောလမ်းခရီးကို စုံစမ်းစစ်ဆေးသောအခါ ဘုရားသခင်၏ မူရင်းနှုတ်ကပတ်တော်များကို မည်သို့ပြောကြောင်း၊ ယင်းတို့အထဲတွင် မည်သည့်အကြောင်းအရာမျိုးရှိကြောင်းနှင့် အချို့သောကိစ္စရပ်များအပေါ် ဘုရားသခင်၏ မူရင်းအကျဆုံးသော ပြောဆိုချက်များက မည်သည်တို့ ဖြစ်ကြောင်းတို့ကို သူတို့က သိမြင်လိုကြသည်။ “ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်ဟု သင်တို့ ဆိုကြသည်။ သို့ဆိုလျှင် သူပြောသောနှုတ်ကပတ်တော်များက မည်သည်တို့နည်း၊ သူ၏စကားပြောသောပုံစံက မည်သို့နည်း” ဟူ၍ လူများက သိလိုကြသည်။ ဘာသာရေးကိုင်းရှိုင်းသောလူများက သမ္မာကျမ်းစာကို ရှင်းပြသောအခါ သူတို့ပြောသမျှအရာအားလုံးသည် လူသား၏ အယူအဆများအတိုင်းဖြစ်နေသည့်အလား သင်တို့သည် လူသားအယူအဆများနှင့် မကိုက်ညီသည့် ဘုရားသခင်၏ ထိုနှုတ်ကပတ်တော်များကို ပြောင်းလဲဖို့ မရမကလုပ်ဆောင်ကြသည်။ ပြောင်းလဲပြင်ဆင်ထားသည့် ဘုရားနှုတ်ကပတ်တော်များ၏ တည်းဖြတ်မှုတစ်မျိုးကို လူများအား ပြသဖို့ သင်သည် မရမကလုပ်ဆောင်ပြီး သူ့နှုတ်ကပတ်တော်များ၏ မူရင်းပုံစံကို လူများအား မြင်ခွင့်မပေးပေ။ ဤအရာ၏အကြောင်းအရင်းမှာ အဘယ်နည်း။ သင်တို့တွင်လည်း ဤဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အယူအဆများ ရှိကြသလော။ ဘာသာရေးသမားများကဲ့သို့ သင်တို့က လူသားအယူအဆများနှင့် မကိုက်ညီသည့် သူ၏ ထိုနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်ဟုလည်းကောင်း၊ သမ္မာတရားသည် လူသားအယူအဆများနှင့် ကိုက်ညီသည့် ထိုနှုတ်ကပတ်တော်များသာ သမ္မာတရားဖြစ်သည်ဟုလည်းကောင်း သင်တို့ ယုံကြည်ကြသလော။ သို့ဆိုလျှင် ယင်းသည် လူသားတို့၏ အမှားဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို မည်သို့ပြောသည်ဖြစ်စေ၊ ပြီးလျှင် လူသား၏အယူအဆများနှင့် ၎င်းတို့ ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ယင်းတို့သည် သမ္မာတရားဖြစ်သည်။ ယင်းမှာ ဖောက်ပြန်ပျက်စီးသောလူသားများတွင် သမ္မာတရား မရှိကြသကဲ့သို့ သမ္မာတရားကို မသိကြသောကြောင့်သာ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်ကြခြင်းဖြစ်သည်။ ဤသည်မှာ လူသား၏ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များသည် အထူးသဖြင့် လက်တွေ့ကျပြီး တိကျသောအကျိုးသက်ရောက်မှုတစ်ခုအနေဖြင့် လက်ဆုပ်လက်ကိုင် ပြနိုင်သည်ကို သင်တို့သည် ရှင်းလင်းပြတ်သားစွာ မြင်ဖို့ ပျက်ကွက်ကြသည်။ ပြီးလျှင် လူသား၏အစွမ်းအစ မည်မျှညံ့ဖျင်းကြောင်းနှင့် အကယ်၍ ဘုရားနှုတ်ကပတ်တော်များသည် အလွန် လိုရင်းတိုရှင်းဖြစ်လွန်းပြီး သဘောတရားဆန်လွန်းပါက လူများ နားလည်ဖို့အတွက် ယင်းက မည်မျှခက်ခဲကြောင်းတို့ကို သင်သတိပြုမိခြင်း ပို၍ပင်လျှင် နည်းပါးသည်။ အမှုကို ထမ်းဆောင်ဖို့ သခင်ယေရှု ထွက်ပေါ်လာခဲ့သောအချိန်ကို ပြန်လည်စဉ်းစားကြည့်လော့။ တပည့်တော်များစွာသည် သူ၏နှုတ်ကပတ်တော်များကို နားမလည်နိုင်ခဲ့ကြဘဲ ယင်းတို့၏ အဓိပ္ပါယ်ကို နားလည်သဘောပေါက်ဖို့အလို့ငှာ ပုံဥပမာများပေးဖို့နှင့် ပုံဆောင်ဝတ္ထုများ ပြောကြားပေးဖို့ သူ့ကို တောင်းဆိုခဲ့ရသည်။ ယင်းကဲ့သို့ မဟုတ်လော။ ယနေ့ ငါက အသေးစိတ်ကျလွန်းပြီး တိကျလွန်းစွာပြောသောအခါ ယင်းမှာ စကားကြောရှည်လွန်းသည်ဟု သင်တို့က မကျေနပ်ချက်ကို ညည်းညူကြသည်။ ငါက နက်နက်နဲနဲ စကားပြောသောအခါ သင်တို့သည် နားမလည်ကြပေ။ သို့သော် ငါက ယေဘုယျကောက်ချက်ချသောအခါ သင်တို့သည် ယင်းကို အယူဝါဒအနေဖြင့် မှတ်ယူကြသည်။ ဤနည်းလမ်းအားဖြင့် လူသားများသည် ခက်ခဲကြသည်။ ဘုရားနှုတ်ကပတ်တော်များတွင် ယခုအခါ၌ ဘုရားသဘောသဘာဝ ဘာသာစကားအပြင် လူသားဘာသာစကားလည်းရှိသည်။ လိုရင်းတိုရှင်းဖြစ်ခြင်းနှင့် တိကျခြင်း နှစ်မျိုးလုံးရှိသည်။ ထို့အပြင် လူများ၏ အခြေအနေအမျိုးမျိုးကို ဖော်ထုတ်သည့်ဥပမာများစွာလည်း ရှိခဲ့ကြသည်။ သမ္မာတရားကို နားလည်ပြီးဖြစ်သောသူများအတွက် အချို့နှုတ်ကပတ်တော်များသည် အသေးစိတ်ကျလွန်းသယောင် ထင်ရသည်။ သို့သော် ယုံကြည်သူအသစ်များအတွက်မူ ၎င်းတို့သည် သင့်တင့်ရုံသာဖြစ်သည်။ ပြီးလျှင် ဤအဆင့်အထိ အသေးစိတ်ကျ၍ တိကျခြင်းမရှိဘဲ ရလဒ်များကို ရဖို့ ခက်ခဲလိမ့်မည်။ ယင်းမှာ သားသမီးများကို မိဘများက လူလားမြောက်အောင် ကျွေးမွေးသုတ်သင်သကဲ့သို့ပင် ဖြစ်သည်။ သားသမီးများက ငယ်သေးသည့်အချိန်တွင် မိဘများသည် အသေးစိတ်ကျသည့် အရာများစွာကို လုပ်ဖို့ လိုအပ်သည်။ သို့သော် သားသမီးများ စဉ်းစားချင့်ချိန်တတ်လာပြီး သူတို့ကိုယ်သူတို့ ဂရုစိုက်လာနိုင်သည်နှင့်တစ်ပြိုင်နက် ယင်းတို့ကို လုပ်ဆောင်ခြင်းအား မိဘများက ရပ်တန့်လိုက်နိုင်သည်။ ဤသည်ကို လူများက နားလည်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏အမှုကိစ္စကို သူတို့သည် အဘယ်ကြောင့် နားမလည်နိုင်ရသနည်း။ ယုံကြည်သူအသစ်များသည် ပို၍ပေါ့တန်ပြီး ဥပမာများဖြင့် ထောက်ကူပေးထားသော နှုတ်ကပတ်တော်များ၊ အတော်အတန် အသေးစိတ်ကျပြီး စေ့စပ်တိကျသောနှုတ်ကပတ်တော်များကို ဖတ်ရမည်။ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်လာခဲ့ပြီး သမ္မာတရားအချို့ကို နားလည်သောသူများသည် အတော်အတန် နက်နဲပြီး သူတို့ နားလည်သဘောပေါက်နိုင်သည့် နှုတ်ကပတ်တော်များကို ဖတ်ရမည်။ ဘုရားသခင်က မည်သို့စကားပြောသည်ဖြစ်စေ၊ ယင်းတို့အားလုံးသည် လူများအား သမ္မာတရားကို နားလည်ခွင့်ပေးဖို့၊ သူတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားဖို့နှင့် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ ရည်ရွယ်သည်။ ဤရလဒ်များကို စွမ်းဆောင်ရဖို့အလို့ငှာ သူပြောသည်။ သူ၏နှုတ်ကပတ်တော်များသည် နက်နဲသည်ဖြစ်စေ သို့မဟုတ် ပေါ့တန်သည်ဖြစ်စေ၊ လူများက ၎င်းတို့ကို လက်လှမ်းမီသည်ဖြစ်စေ သို့မဟုတ် လက်လှမ်းမမီသည်ဖြစ်စေ၊ သမ္မာတရားကို နားလည်ခြင်းနှင့် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းသည် မလွယ်ကူချေ။ သင်သည် အစွမ်းအစကောင်းပြီး နက်နဲသောသမ္မာတရားများကို နားလည်သဘောပေါက်နိုင်ရုံဖြင့် သင့်တွင် ပေါ့တန်သောသမ္မာတရားများနှင့် စစ်မှန်မှုကို ပိုင်ဆိုင်ပြီးဖြစ်သည်ဟု မထင်မှတ်လေနှင့်။ ယင်းက မှန်ကန်သလော။ ရိုးသားသောလူတစ်ယောက် ဖြစ်ခြင်းနှင့်ပတ်သက်သည့် သမ္မာတရားတစ်ခုတည်းကပင် တစ်သက်တာ အတွေ့အကြုံတစ်ခုအတွက် လုံလောက်ပြီဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များက မည်မျှပေါ့တန်သည်ဖြစ်စေ၊ သူက ဥပမာမည်မျှများများကို ပေးသည်ဖြစ်စေ၊ နှစ်ပေါင်း ဆယ်နှစ် သို့မဟုတ် ရှစ်နှစ်ကြာ အတွေ့အကြုံ ရှိပြီးသည့်နောက်တွင်ပင် စစ်မှန်မှုထဲသို့ သင်သည် မဝင်ရောက်နိုင်ပေ။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များကို ချဉ်းကပ်သောအခါ ယင်းတို့၏နက်နဲမှုကို ကြည့်ခြင်းက မှားယွင်းသည်။ ဤအမြင်သည် မမှန်ပေ။ စစ်မှန်မှုကို အနီးကပ် အာရုံစိုက်ခြင်းသည် လူတစ်ဦးအတွက် အကောင်းဆုံးဖြစ်သည်။ သင့်တွင် သဘောပေါက်နားလည်နိုင်စွမ်းရှိပြီး သမ္မာတရားကို နားလည်နိုင်ရုံဖြင့် သင့်တွင် စစ်မှန်မှုရှိခြင်း မဟုတ်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပါက အကောင်းဆုံးသော သဘောပေါက်နားလည်နိုင်စွမ်းသည်ပင်လျှင် သင့်အတွက် အနှစ်သာရမဲ့သော အယူဝါဒများသာ ဖြစ်လိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်၊ သင့်တွင် အတွေ့အကြုံနှင့် အသိပညာရှိရမည်။ ဤနည်းတစ်ခုတည်းဖြင့်သာ သင်၏သဘောပေါက်နားလည်နိုင်စွမ်းသည် လက်တွေ့ကျလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များသည် အသေးစိတ်ကျလွန်းသည် သို့မဟုတ် ပေါ့တန်လွန်းသည်ဟု စောဒကတက်သူတိုင်းသည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သည့်အပြင် သူတို့တွင် သမ္မာတရားစစ်မှန်မှုတစ်စုံတစ်ရာ မရှိချေ။ လူသားသည် ဘုရားနှုတ်ကပတ်တော်များ၏ဉာဏ်ပညာနှင့် သူ၏အတွေးများကို နားလည်သဘောပေါက်နိုင်သလော။ ဘုရားနှုတ်ကပတ်တော်များအပေါ် လူများစွာတို့၏သဘောထားတွင် မာနထောင်လွှားလွန်းကြပြီး မသိနားမလည် ဖြစ်လွန်းသည်။ သူတို့တွင် သမ္မာတရားစစ်မှန်မှု များများစားစား ရှိကြသည့်အလား ပြုမူကြပြီး အမှန်အားဖြင့် သူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြဘဲ စစ်မှန်သည့်သက်သေခံချက်တစ်စုံတစ်ရာကို လုံးဝ မပြောနိုင်ကြပေ။ သဘောတရားအရ အနှစ်သာရမဲ့သောစကားလုံးများကိုသာ သူတို့ ပြောနိုင်ကြသည်။ သူတို့သည် သဘောတရားပညာရှင်များနှင့် အယောင်ဆောင်သူများဖြစ်ကြသည်။ သမ္မာတရားကို အစစ်အမှန် လိုက်စားသောသူများသည် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ဖတ်သင့်သနည်း။ သူတို့သည် သမ္မာတရားကို ရှာဖွေသင့်သည်။ သမ္မာတရားကို ရှာဖွေခြင်းသည် အရာများစွာကို ခြုံငုံမိပြီး အရာများစွာ ပါဝင်သည်။ ထို့ကြောင့် ယင်းနှင့်ပတ်သက်၍ အသေးစိတ်မပြောဘဲ ရနိုင်ပါမည်လော။ တိတိကျကျနှင့် ပြည့်ပြည့်စုံစုံ မပြောဆိုဘဲ ရလဒ်များကို စွမ်းဆောင်ရနိုင်ပါမည်လော။ ဥပမာများစွာ၏ အထောက်အကူမပါဘဲ လူများသည် အမှန်တကယ် နားလည်နိုင်မည်လော။ ဘုရားနှုတ်ကပတ်တော်အချို့သည် ပေါ့တန်လွန်းသည်ဟု လူများစွာက ထင်ကြသည်။ သို့ဖြစ်လျှင် အဆိုပါပေါ့တန်သောစကား မည်မျှများများကို သင်ဝင်ရောက်ပြီးပြီနည်း။ မည်သည့်အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို သင်ဝေမျှနိုင်သနည်း။ အကယ်၍ ဤပေါ့တန်သော စကားများထဲသို့ပင်လျှင် သင်မဝင်ရောက်ရသေးပါက ပို၍နက်နဲသော စကားများကိုဆိုလျှင် သင်နားလည်သဘောပေါက်နိုင်သလော။ ယင်းတို့ကို သင်သည် အမှန်တကယ် နားလည်နိုင်သလော။ သင့်ကိုယ်သင် လူတော်တစ်ဦးအဖြစ် စိတ်ကူးယဉ်မနေနှင့်။ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု မယူမှတ်နှင့်။
ဘုရားနှုတ်ကပတ်တော်များကို ပြောင်းလဲပြင်ဆင်သည့် ပြဿနာကို ပြန်ဆွေးနွေးကြစို့။ ဘုရားအိမ်တော်သည် ‘နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏’၏ တရားဝင်တည်းဖြတ်မှုကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ပြီးလျှင် ပြောင်းလဲမှုများ စိုးစဉ်းမျှ ပြုလုပ်ဖို့ကို မည်သူ့ကိုမျှ ခွင့်မပြုပေ။ ဘုရားနှုတ်ကပတ်တော်များ၏ မည်သည့်တရားဝင်တည်းဖြတ်မှုကိုမျှ မည်သူကမျှ ပြောင်းလဲ၍ မရပေ။ အကယ်၍ တစ်စုံတစ်ယောက်က ထိုနှုတ်ကပတ်တော်တို့ကို ပြောင်းလဲပါက ယင်းကို သူ့နှုတ်ကပတ်တော်များအား ပြောင်းလဲပြင်ဆင်ခြင်းအဖြစ် မှတ်ယူမည်ဖြစ်သည်။ သူ့နှုတ်ကပတ်တော်များကို ပြောင်းလဲပြင်ဆင်သည့်သူများသည် သမ္မာတရားကို တမ်းတပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ဖို့ မျှော်လင့်စောင့်စားနေသူများအားလုံး၏ လိုအင်ဆန္ဒနှင့်ပတ်သက်၍ အနည်းဆုံးသောနားလည်မှုပင် မရှိကြချေ။ ဤလူများသည် ဘုရားမူရင်းနှုတ်ကပတ်တော်များ ဖြစ်သကဲ့သို့ သူ၏မူရင်းအဓိပ္ပါယ်နှင့် ရည်ရွယ်ချက်တို့၏ ဖော်ပြချက်များဖြစ်ကြသည့် သူ့နှုတ်ကပတ်တော်များ၏ တရားဝင်တည်းဖြတ်မှုကို ဖတ်ချင်ကြသည်။ သမ္မာတရားကို ချစ်သောလူများအားလုံးသည် ဤကဲ့သို့ပင်ဖြစ်သည်။ ဤအမှုအားလုံးကို လုပ်ရခြင်းနှင့် ဤနှုတ်ကပတ်တော်များအားလုံးကို ပြောရခြင်းအတွက် သို့မဟုတ် ထိုမျှအသေးစိတ်ပြောရခြင်း အကြောင်းအရင်းအတွက် ဘုရားသခင်၏ မူရင်းရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် အဓိပ္ပာယ်တို့ကို လူများ နားမလည်ကြပေ။ လူများသည် နားမလည်ကြသည့်တိုင် သူတို့၏စိတ်ဖြင့် ပိုင်းခြားစိတ်ဖြာပြီး အကျဉ်းချုပ်ကြသဖြင့် လူသားအယူအဆများနှင့် မကိုက်ညီသည့် ဘုရားသခင်၏ ထိုမူရင်းနှုတ်ကပတ်တော်များကို ပြောင်းလဲပြုပြင်ခြင်းဖြင့် အဆုံးသတ်ကြရလေသည်။ ရလဒ်အနေဖြင့် အခြားသူများက ပြောင်းလဲပြုပြင်ခြင်းခံထားရသည့် ဘုရားသခင်၏ ထိုနှုတ်ကပတ်တော်များကို ဖတ်ပြီးသောအခါ သူ၏မူရင်းအဓိပ္ပာယ်ကို နားလည်ဖို့ သူတို့အတွက် ခက်ခဲသည်။ ဤသည်က သမ္မာတရားကို သူတို့ နားလည်ခြင်းနှင့် သူတို့၏အသက်ဝင်ရောက်မှုအပေါ် လွှမ်းမိုးသည် မဟုတ်လော။ ဤနေရာတွင် ပြဿနာက အဘယ်အရာဖြစ်သနည်း။ ပြဿနာမှာ ဘုရားနှုတ်ကပတ်တော်များကို ပြောင်းလဲပစ်သောသူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိခြင်းပင် ဖြစ်သည်။ သူတို့၏နည်းလမ်းသည် မယုံကြည်သူတို့၏ နည်းလမ်းတစ်ခုဖြစ်သည်။ သူတို့ ပြုမူဆောင်ရွက်သည်နှင့်တစ်ပြိုင်နက် သူတို့၏စာတန်ဆန်သော စိတ်သဘောထားသည် သူ့အလိုလို ထုတ်ဖော်ပြလေသည်။ သူတို့တွင် ဘုရားသခင်က မည်သည့်အရာကို လုပ်ခဲ့ပြီး ပြောခဲ့သည်ဆိုသည်နှင့်ပတ်သက်၍ အချို့သော ထင်မြင်ချက်များနှင့် စိတ်ကူးများအစဉ်သဖြင့် ရှိကြသည်။ ပြီးလျှင် သူတို့၏မည်းနက်သော နတ်ဆိုးဆန်သည့်လက်များဖြင့် လက်လှမ်းဖို့နှင့် ဘုရားနှုတ်ကပတ်တော်များကို သူတို့၏ ကိုယ်ပိုင်ပြောဆိုခြင်းများအဖြစ်သို့ ပြောင်းလဲဖို့ ဤကိစ္စများကို သူတို့သည် အမြဲတမ်း ကိုင်တွယ်၍ စီမံပြုပြင်လိုကြသည်။ ဤသည်မှာ စာတန်၏ မာနထောင်လွှားသည့် သဘာဝဖြစ်သည်။ ဘုရားသခင်က အချို့စစ်မှန်သောနှုတ်ကပတ်တော်များအချို့ကိုလည်းကောင်း၊ လူ့သဘာဝနှင့်နီးစပ်သည့် နေ့စဉ်သုံးစကားအချို့ကိုလည်းကောင်း ပြောသောအခါ လူများသည် ၎င်းတို့ကို စက်ဆုပ်ရွံရှာပြီး အထင်သေးကြသည့်အပြင် အထင်သေးသောသဘောထားတစ်ခုဖြင့် ယင်းတို့ကို ချဉ်းကပ်ကြသည်။ ပြန်လည်ပြင်ဆင်ခြင်းအချို့ကို လုပ်ဖို့နှင့် ပုံစံကို ပြောင်းလဲဖို့ လူသားအသိပညာနှင့် စိတ်ကူးစိတ်သန်းတို့ကို သူတို့ အမြဲတမ်း သုံးလိုကြသည်။ ဤသည်မှာ စက်ဆုပ်ရွံရှာဖွယ် မကောင်းဘူးလော။ (ကောင်းပါသည်။) သင်တို့သည် ဤအရာကို လုံးဝ မလုပ်ရပေ။ သင်သည် ဝတ္တရားသိတတ်စွာ ပြုမူရမည်။ ဘုရားနှုတ်ကပတ်တော်များသည် ဘုရားနှုတ်ကပတ်တော်များသာ ဖြစ်သည်။ ပြီးလျှင် ဘုရားသခင် မည်သို့စကားပြောသည်ဖြစ်စေ၊ ယင်းတို့၏မူရင်းပုံစံကို ထိန်းသိမ်းရမည်ဖြစ်ပြီး ပြောင်းလဲပစ်၍ မရပေ။ အသေးစားမွမ်းမံခြင်းတစ်ခုမျှသာဖြစ်ပြီး မူရင်းအဓိပ္ပာယ်ကို မပြောင်းလဲသရွေ့ တိုက်ရိုက်ဟောကြားသည့် ဒေသနာများကိုသာလျှင် အနည်းငယ်မျှ ပြန်စီနိုင်သည်။ မူရင်းအဓိပ္ပာယ်ကို လုံးဝ မပြောင်းလဲရပေ။ အကယ်၍ သင့်ထံတွင် သမ္မာတရားမရှိပါက မပြောင်းလဲနှင့်။ ပြောင်းလဲပစ်သည့်သူ မည်သူမဆိုသည် တာဝန်ယူရလိမ့်မည်။ ဘုရားအိမ်တော်သည် ဒေသနာများကို စီမံပြီး မိတ်သဟာယဖွဲ့ဖို့ လူအချို့ကို အလုပ်တာဝန် သတ်မှတ်ပေးထားသည်။ သို့သော် သူတို့သည် ယင်းတို့ကို စည်းမျဉ်းများနှင့်အညီ စီမံရမည်ဖြစ်ပြီး မည်သည့်အရာကိုမျှ လုံးဝ ပြောင်းလဲပြုပြင်၍ မရပေ။ ဝိညာဉ်ရေးရာ နားလည်ခြင်းမရှိသည့်အပြင် သမ္မာတရားကို နားမလည်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို ရင်မဆိုင်ရစေရန်အတွက် ဝင်ရောက်မစွက်ဖက်သင့်ပေ။ သင်သည် ဘုရားသခင်ရွေးချယ်ထားသည့်သူများထဲမှ တစ်ဦးဖြစ်သည့်အတွက် သူ့နှုတ်ကပတ်တော်များကို သင်သည် ဝီရိယရှိရှိ ဖတ်သင့်သည်၊ သမ္မာတရားကို နားလည်ဖို့နှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့အပေါ် အာရုံစိုက်သင့်ပြီး ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားအပေါ် သံသယမဝင်သင့်ပေ။ အထူးသဖြင့် ဘုရားနှုတ်ကပတ်တော်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးဖို့ သင်၏စိတ်နှင့် အသိပညာကို မသုံးနှင့်။ ဆိုးညစ်သော အလေ့အကျင့်များတွင် အစဉ်သဖြင့် ပါဝင်လုပ်ဆောင်နေခြင်းသည် မကောင်းပေ။ ဘုရားသခင်၏ စိတ်သဘောထားကို သင်ပုန်ကန်ပြစ်မှားလိုက်သည်နှင့်တစ်ပြိုင်နက် သင့်အတွက် အလွန်ပင်ဒုက္ခပေးလိမ့်မည်။ လူအချို့သည် သမ္မာကျမ်းစာပါအသိပညာ အနည်းငယ်ကို နားလည်ကြသည်။ သူတို့သည် ဓမ္မပညာကို ရက်အတန်ငယ်ကြာအောင် လေ့လာပြီး စာအုပ်အနည်းငယ်ကို ဖတ်ကြသည်။ ထို့နောက်တွင် သမ္မာတရားကို သူတို့ နားလည်ကာ သူတို့ ကျွမ်းကျင်လာပြီး သူတို့ လုပ်နိုင်စွမ်းရှိလာသည်ဟု ထင်ကြသည်။ သို့သော် သင်၏လုပ်နိုင်စွမ်း အနည်းငယ်မျှလောက်က မည်သည့်ကောင်းကျိုး ရှိသနည်း။ သင်သည် ဘုရားသခင်ထံ သက်သေခံနိုင်သလော။ သင့်တွင် သမ္မာတရားစစ်မှန်မှုရှိသလော။ ဘုရားသခင်၏ရှေ့တော်မှောက်သို့ လူများကို သင်ခေါ်ဆောင်လာနိုင်သလော။ သင်၏အနည်းငယ်မျှသော အယူအဆနှင့် ပညာနှင့်အရည်အသွေးတို့က သမ္မာတရားကို နည်းနည်းမျှပင် ကိုယ်စားမပြုပေ။ သူ၏လူ့သဘာဝဖြင့် ဘုရားသခင်သည် အဓိပ္ပာယ်ကို လူများ နားလည်သဘောပေါက်ခွင့်ပေးသည့် စကားလုံးအချို့၊ လူသားမျိုးနွယ် နားလည်ဖို့အတွက် ပို၍လွယ်ကူသောစကားအချို့ကို ပြောသည်။ သို့သော် လူများသည် အစဉ်သဖြင့် ယုံကြည်လက်ခံခြင်း မရှိဘဲ သူ့နှုတ်ကပတ်တော်များကို ပြောင်းဖို့ ဆန္ဒရှိနေကြလေသည်။ သူတို့၏အယူအဆများနှင့် အညီဖြစ်ဖို့၊ သူတို့၏အကြိုက်များ၊ ဆန္ဒများနှင့် ကိုက်ညီဖို့၊ နားဝင်ချိုဖို့နှင့် မျက်စိနှင့်စိတ်နှလုံး ပသာဒဖြစ်စေဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့ ပြောင်းလဲပစ်လိုကြသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းသည် မာနထောင်လွှားသော စိတ်သဘောထားတစ်ခုဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများ လုံးဝ မထားရှိဘဲ ကိစ္စများကို လုပ်ဆောင်ခြင်းနှင့် စာတန်၏ နည်းလမ်းများအတိုင်း ပြုမူခြင်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို လွယ်လင့်တကူ နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်လိမ့်မည်။ ဤသည်မှာ အလွန်အန္တရာယ်များသော ကိစ္စတစ်ခုတည်း။ ဘုရားသခင်၏စိတ်သဘောထားကို သင်ပုန်ကန်ပြစ်မှားမိသည်နှင့်တစ်ပြိုင်နက် အလွန်ဒုက္ခများလိမ့်မည်။ ထို့ပြင် ဖယ်ရှားရှင်းလင်းခြင်း ခံရမည့်အန္တရာယ်ရှိသေးသည်။
လူအချို့သည် ဘုရားနှုတ်ကပတ်တော်များက အသက်ဝင်ရောက်မှုအတွက် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းနှင့်ပတ်သက်၍ အလွန်အသေးစိတ်ကျကျ ပြောဆိုထားသည်ကို မြင်တွေ့ရသောအခါ အလွန်အမင်း မနှစ်မြို့ခြင်းကို ခံစားကြရသည်။ ထိုအခြေအနေတွင် အကယ်၍ ဓမ္မဟောင်းကျမ်း၌ ဘုရားသခင်က သတ်မှတ်ထားသည့် ထိုပညတ်များ၊ အမိန့်များနှင့် ပြဋ္ဌာန်းဥပဒေများအားလုံးကို သူတို့ မြင်ခဲ့ပါက သူတို့သည် ပိုကြီးမားသော အလွန်အမင်း မနှစ်မြို့ခြင်းကိုပင်လျှင် ခံစားရမည် မဟုတ်လော။ အကယ်၍ ထိုအခါတွင် သမ္မာကျမ်းစာ၏ မူလပညတ်တော်များရှိ ပို၍ပင်လျှင် အသေးစိတ်ကျသော နှုတ်ကပတ်တော်များကို ဆက်လက်၍ သူတို့ ဖတ်ခဲ့ပါက သူတို့သည် အယူအဆများ မဖြစ်ပေါ်သလော။ “ဤနှုတ်ကပတ်တော်များသည် ပေါ့တန်လွန်းသည်။ စာတစ်ကြောင်းထဲဖြင့် ရှင်းလင်းပြတ်သားစွာ ပြောနိုင်သည့်အရာကို စာသုံးကြောင်း သို့မဟုတ် လေးကြောင်းအထိ ဆွဲဆန့်ထားသည်။ သူတို့သည် ပို၍ လိုရင်းတိုရှင်းဖြစ်သင့်ပြီး လွယ်ကူရှင်းလင်းသင့်သည်။ ဤနည်းအားဖြင့် လူများက တစ်ချက်ကြည့်ရုံမျှဖြင့် အရာခပ်သိမ်းကို မြင်နိုင်ပြီး စာတစ်ကြောင်းကို နားထောင်လိုက်ရုံဖြင့် နားလည်နိုင်သည်။ အကယ်၍ သူတို့သာ အလွန်စကားကြောမရှည်ခဲ့ကြဘဲ ရိုးရှင်းပြီး နားလည်ရလွယ်ကာ လက်တွေ့လုပ်ဆောင်ဖို့ လွယ်ကူခဲ့ပါက မည်မျှကောင်းလိုက်မည်နည်း။ ဤသည်တို့က ဘုရားသခင်ကို ပို၍ထိရောက်စွာ သက်သေခံနိုင်ပြီး ဘုန်းတော်ထင်ရှားစေလိမ့်မည်မဟုတ်လော” ဟူ၍ သူတို့ တွေးထင်ကြသည်။ ဤအတွေးသည် မှန်ကန်သယောင် ထင်ရသော်လည်း ဘုရားနှုတ်ကပတ်တော်များကို ဖတ်ခြင်းသည် ဖတ်၍အဆင်ပိုချောလေ ပို၍ကောင်းလေဖြစ်သည့် ဝတ္ထုရှည်တစ်ပုဒ်ကို ဖတ်ခြင်းကဲ့သို့ ဖြစ်သင့်သည်ဟု သင်ထင်သလော။ ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်။ ထိုနှုတ်ကပတ်တော်များကို အာရုံပြုဆင်ခြင်ဖို့ လိုအပ်သည်။ ထို့ပြင် သမ္မာတရားကို နားလည်ဖို့နှင့် ရရှိဖို့အလို့ငှာ လူတစ်ဦးသည် လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရမည်။ ဘုရားနှုတ်ကပတ်တော်များသည် လူသား၏အယူအဆများနှင့် ကိုက်ညီမှု ပို၍နည်းလေ၊ ၎င်းတို့အထဲတွင် သမ္မာတရားရှိမှု ပို၍များလေဖြစ်သည်။ အမှန်အားဖြင့် သမ္မာတရား၏ မည်သည့်ရှုထောင့်ကမျှ လူသားအယူအဆများနှင့် မကိုက်ညီပေ။ ယင်းတို့သည် လူများ ယခင်က မြင်ဖူးသည့် သို့မဟုတ် တွေ့ကြုံဖူးသည့် အရာတစ်ခု မဟုတ်ကြဘဲ နှုတ်ကပတ်တော်အသစ်များဖြစ်ကြသည်။ သို့ရာတွင် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ယင်းတို့ကို ဖတ်ရှုကာ တွေ့ကြုံပြီးသည့်နောက်တွင် ဘုရားနှုတ်ကပတ်တော်များအားလုံးက သမ္မာတရား ဖြစ်ကြကြောင်းကို သင်သည် သိလာလိမ့်မည်။ လူအချို့တွင် ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အယူအဆများ အစဉ်သဖြင့် ရှိကြသည်။ ဤပြဿနာသည် မည်သည့်နေရာက အစပြုလာသနည်း။ ၎င်းတို့သည် မည်သည့်အမှားများကို လုပ်ဆောင်နေကြသနည်း။ လူများသည် ဘုရားသခင်၏အမှု သို့မဟုတ် သူ၏စိတ်သဘောထားကို မသိကြကြောင်းကို ဤပြဿနာက ပြသည်။ သူပြောသည့်စာကြောင်းတိုင်းသည် သဘောတရားအရဖြစ်သော သို့မဟုတ် ကောင်းစွာ တတ်သိနားလည်နှံ့စပ်သောဘာသာစကားအား သုံးခြင်းကို အားကိုးအားထားမပြုဘဲ လူသားများ၏ နေ့စဉ်သုံးဘာသာစကားကိုသာ အသုံးပြုထားသည့်အပြင် လက်တွေ့ကျပြီး အဖြစ်မှန်ဖြစ်သည်။ ဤသည်မှာ လူများ၏သမ္မာတရားကို နားလည်ခြင်းအတွက် အကျိုးအရှိဆုံး ဖြစ်သည်။ ဤကိစ္စကို ရှင်းလင်းပြတ်သားစွာ နားလည်သဘောပေါက်နိုင်သူ တစ်ဦးမျှ မရှိပေ။ ဘုရားသခင်၏အမှုနှင့် သူ၏နှုတ်ကပတ်တော်များကသာ လက်တွေ့အကျဆုံးနှင့် အစစ်မှန်ဆုံးဖြစ်သည်။ “ဘုရားနှုတ်ကပတ်တော်များသည် အားလုံး မှန်ကန်ပါသည်။ သူ၏နှုတ်ကပတ်တော်များသည် လူများကို အကျိုးပြုသော်လည်း လူများက ဘုရားသခင်ကို နားမလည်ကြပါ။ လူများလိုအပ်သည့်အရာများကို သူက အသိဆုံးဖြစ်ပါသည်။ ထို့ပြင် လူများ နားလည်နိုင်အောင် မည်သို့စကားပြောဆိုရမည်ဆိုသည်ကို သူသိပါသည်။ လူများကို တိုက်တွန်းနှိုးဆော်ပြီး ပြောပြသည့် သူ၏နည်းလမ်းမှာ လက်ခံဖို့ ပို၍လွယ်ကူပါသည်။ လူများ၏အတွင်းစိတ် ဖွဲ့စည်းတည်ဆောက်ပုံနှင့် သူတို့တွင် မည်သည့်အတွေးမျိုးနှင့် အယူအဆမျိုးတို့ ရှိသည်ဆိုသည်ကို ဘုရားသခင်က သိပါသည်။ ပြီးလျှင် လူများသည် သူတို့ကိုယ်သူတို့ လုံးဝမသိသော်လည်း လူများအလိုအပ်ဆုံးအရာကို သူက ပို၍ပင် ကောင်းစွာ သိပါသည်” ဟူ၍ လူများက နှုတ်အားဖြင့် အသိအမှတ်ပြုကြသည်။ သို့သော် ဘုရားနှုတ်ကပတ်တော်များကို သင်ကြည့်သောအခါ သင်သည် ယင်းတို့ကို ရှင်းလင်းလွယ်ကူစေပြီး လူသား၏အယူအဆများနှင့် အကြိုက်များနှင့်အညီ ယင်းတို့ကို ပြောင်းလဲပစ်လိုကြသည်။ ထိုအခါတွင် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်နေနိုင်ဦးမည်လော။ ၎င်းတို့သည် သူ၏နှုတ်ကပတ်တော်များ ဖြစ်နေနိုင်ဦးမည်လော။ ၎င်းတို့သည် လူသား၏စကားများ ဖြစ်မလာသလော။ ဤကဲ့သို့သောတွေးခေါ်ပုံမျိုးသည် မာနထောင်လွှားလွန်းပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်လွန်းသည်မဟုတ်လော။ ဘုရားနှုတ်ကပတ်တော်များသည် လူသား၏အယူအဆများ၊ စိတ်ကူးတို့နှင့်ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ ယင်းတို့သည် သမ္မာတရားဖြစ်သည်။ နှုတ်ကပတ်တော်စကားလုံးပေါင်း မည်မျှများများ သူပြောဆိုသည်ဖြစ်စေ၊ ပြီးလျှင် ယင်းတို့သည် မည်မျှအသေးစိတ်ကျသည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များသည် အချည်းနှီး ပြောဆိုခြင်းမဟုတ်ပေ။ အကယ်၍ သူက စာကြောင်းတစ်ကြောင်းကို ထပ်ထည့်ပါက လူများကို ပို၍နားလည်အောင် ကူညီဖို့ဖြစ်သည်၊ ယင်းမှာ လူများအတွက် အကျိုးပြုလေသည်။ အကယ်၍ သူက စာကြောင်းတစ်ကြောင်းကို ပယ်ချန်ထားခဲ့ပါက လူများသည် ကောင်းစွာ နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် စာတန်အဖို့ ဤအခြေအနေမှနေ၍ အမြတ်ထုတ်ဖို့ ပို၍လွယ်ကူသွားလိမ့်မည်။ လူအများစုသည် အစွမ်းအစညံ့ဖျင်းကြသည်၊ ပြီးလျှင် ဘုရားသခင်က အသေးစိတ် မစီစဉ်မပြင်ဆင်ထားဘဲ အသေးစိတ် မပြောပါက နှုတ်ကပတ်တော်များကို သူတို့ နားလည်သဘောပေါက်နိုင်မည်မဟုတ်ပေ။ လူများအားလုံးသည် ထုံနေကြပြီး တုံးအကြသည်။ ထို့ကြောင့် စာကြောင်းတစ်ကြောင်းမျှ ဖယ်ချန်မထားသင့်ပေ။ ကဏ္ဍတစ်ခုခုကို နှံ့နှံ့စပ်စပ် မပြောခဲ့ပါက ထိုကဏ္ဍကို လူများ နားလည်လိမ့်မည်မဟုတ်ပေ။ သင်သည် ယင်းကို နားလည်နိုင်သော်လည်း အခြားတစ်ယောက်ယောက်ကမူ နားမလည်နိုင်ပေ။ သင်တို့အဖွဲ့တစ်ခုက ၎င်းကို နားလည်နိုင်သော်လည်း အခြားတစ်ဖွဲ့ဖွဲ့ကမူ နားမလည်နိုင်ပေ။ နားမလည်သောသူများသည် အမြဲတမ်း ရှိနေလိမ့်မည်။ ဘုရားသခင်သည် သင့်တစ်ဦးတည်းကို စကားမပြောပေ။ လူသားမျိုးနွယ်တစ်ရပ်လုံးကို၊ နားရှိပြီး ဘုရားသခင် ပြောသည့်အရာကို နားလည်နိုင်သောသူများအားလုံးကို သူသည် စကားပြောသည်။ သင်၏အမြင်သည် ကျဉ်းမြောင်းလွန်းသလော။ လူများသည် သူတို့၏ရှေ့တည့်တည့်တွင် ရှိသောအရာကိုသာ မြင်နိုင်ကြပြီး “ဤစာကြောင်းကို ကျွန်ုပ် နားလည်သည်။ ဘုရားသခင်က အဘယ်ကြောင့် ယင်းကို အလွန်တရာအသေးစိတ်ကျကျ ရှင်းပြဖို့ လိုအပ်နေသေးသနည်း” ဟု တွေးကြသည်။ အကယ်၍ ယင်းက ရိုးရှင်းလွန်းပါက အစွမ်းအစကောင်းသောသူများက ယင်းကို နားလည်လိမ့်မည်။ သို့သော် သာမန်အစွမ်းအစ ရှိသူများကမူ နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သာမန်အစွမ်းအစ ရှိသူများအတွက် စာကြောင်းအနည်းငယ်ကို ဘုရားသခင်က အသေးစိတ်စီစဉ်ပြင်ဆင်ထားပါက သင်သည် ခြွင်းချက်ဖြစ်သည်။ ယင်းက သင်သည် သမ္မာတရားကို လက်ခံသောသူတစ်ယောက် ဖြစ်သည်ဟု ဆိုလိုသလော။ သင်၏ဤကန့်ကွက်မှုများသည် မည်သည့်နေရာမှ လာသနည်း။ ဤသည်မှာ စာတန်၏မာနထောင်လွှားသော စိတ်သဘောထား မဟုတ်လော။ သင်၏အယူအဆများနှင့် အနည်းငယ် မကိုက်ညီသော အရာတစ်ခုကို ဘုရားသခင်က အနည်းငယ်မျှပင် လုပ်သောအခါ၊ ချစ်ခင်မြတ်နိုးခြင်း၊ နားလည်ခြင်း၊ ဂရုစိုက်ခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် လူများကို စေ့စေ့စပ်စပ် ကြည့်ရှုစောင့်ရှောက်ခြင်းတို့ဖြစ်သည့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ထဲမှ အနည်းငယ်မျှလောက်ကို ထုတ်ဖော်သောအခါ ဘုရားသခင်က စကားကြောရှည်သည်၊ သူက စကားအလွန်များသည်၊ အသေးအဖွဲ ကိစ္စလေးများအပေါ်တွင် အချိန်ဖြုန်းသည်၊ သူသည် ထိုသို့ မလုပ်သင့်ပေဟု သင်ထင်သည်။ ဤသည်မှာ သင်၏ အယူအဆများတွင် သင်ယုံကြည်ပုံ အတိအကျဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သင်၏သဘောထားထင်မြင်ချက် ဖြစ်သည်။ ဤသည်မှာ သင်က သူ့ကို မြင်သည့်ပုံဖြစ်သည်။ ထို့ကြောင့် “ဘုရားသခင်လုပ်သမျှ အရာခပ်သိမ်းသည် မှန်ကန်သည်၊ ဘုရားသခင်သည် လူသားကို နားအလည်ဆုံးဖြစ်သည်” ဟူသည့် သင်၏ယုံကြည်ချက်မှာ အယူဝါဒသက်သက်သာ ဖြစ်သလော။ သင့်အတွက်မှာမူ ယင်းသည် အယူဝါဒဖြစ်လာသည်။ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏သိမြင်မှုသည် သူထုတ်ဖော်သည့်အရာနှင့် မကိုက်ညီပေ။ ဆက်စပ်နှီးနွှယ်မှုမရှိပေ။ ထို့ထက်ပိုသည်မှာ ယင်းသည် ဘုရားသခင်အပေါ် သင်ပြုမူပုံမဟုတ်ပေ။ သင်သည် သူ၏ နှုတ်ကပတ်တော်များနှင့် အလုပ်တို့ကို သင်၏ အယူအဆများ၊ စိတ်ကူးများနှင့်အညီ၊ သင်၏မာနထောင်လွှားသော စိတ်သဘောထားနှင့်အညီ သဘောထားသည်။ သင်သည် သမ္မာတရားကို လက်ခံသောသူတစ်ဦး ဖြစ်သလော။ သင်သည် သမ္မာတရားကို လက်ခံသောသူတစ်ဦး မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ရှိသောသူတစ်ဦးလည်း မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်မှုများနှင့် ရင်ဆိုင်ရသောအခါ သင်သည် ဝေဖန်သုံးသပ်ဖို့၊ စောဒကတက်ဖို့၊ ထင်ကြေးပေးဖို့၊ သံသယဝင်ဖို့၊ ငြင်းဆန်ဖို့၊ ခုခံဖို့တို့ကို သင်သည် လုပ်ဆောင်နိုင်ပြီး သင့်တွင် ရွေးချယ်စရာများရှိပါသည်။ သင်သည် ဘုရားသခင်ကို အစစ်အမှန် ယုံကြည်သောသူတစ်ဦး ဖြစ်သလော။ အကယ်၍ ဘုရားသခင်၏အမှုကို သင်သည် ကျိုးနွံနာခံနိုင်ခြင်း မရှိပါက သမ္မာတရားကို သင်ရနိုင်သလော။ အကယ်၍ ဤသည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များ၊ သူ၏အမှု၊ သမ္မာတရား၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းအပြင် သူ့ထံမှလာသောအရာခပ်သိမ်းကို သင်သဘောထားသည့်ပုံဖြစ်ပါက သူ၏ကယ်တင်ခြင်းကို သင်ရနိုင်သလော။ အကယ်၍ သင်သည် သမ္မာတရားကို မရနိုင်ပါက အပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မည်။
ဘုရားနှုတ်ကပတ်တော်များကို သင်ချဉ်းကပ်ရာတွင် ယင်းတို့ကို ပိုင်းခြားစိတ်ဖြာခြင်း သို့မဟုတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းတို့ကို မလုပ်နှင့်။ ဉာဏ်နီဉာဏ်နက်မများနှင့်။ သံသယမဝင်နှင့်။ ပြီးလျှင် သင်၏ဦးနှောက်ခြောက်အောင် မစဉ်းစားနှင့်။ သမ္မာတရားကို သင်သဘောထားသကဲ့သို့ ထိုနှုတ်ကပတ်တော်များကို ဆက်ဆံလော့။ ဤသည်မှာ အပါးနပ်ဆုံးသောချဉ်းကပ်ခြင်းဖြစ်သည်။ သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ “ကျွန်ုပ်သည် ခေတ်သစ်လူသားတစ်ဦး ဖြစ်သည်၊ ကောင်းစွာ တတ်သိနားလည်နှံ့စပ်ပြီး ပညာကောင်းစွာတတ်သည်၊ သဒ္ဒါကို သိသည်၊ ထိုထိုသောဘာသာရပ်တစ်ခုကို ကျွန်ုပ် လေ့လာသင်ယူခဲ့သည်၊ ကျွမ်းကျင်မှု သို့မဟုတ် အသက်မွေးဝမ်းကျောင်းပညာအချို့တွင် ကျွမ်းကျင်သည်၊ ကျွန်ုပ်သည် နားလည်သည်၊ သဘောပေါက်သည်။ ဘုရားသခင်က မသိချေ။ ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးကို နားလည်သော်လည်း သမ္မာတရားမှလွဲ၍ သူ့တွင် မည်သည့်အရာမှမရှိပါ။ သူသည် ကျွမ်းကျင်အတတ်ပညာဆိုင်ရာ ကိစ္စများကို သူနားမလည်ပါ။ သူကျွမ်းကျင်သည့်အရာတစ်ခုမျှမရှိ။ သူသည် သမ္မာတရားကို မည်သို့ဖော်ပြရမည်ဆိုသည်ကိုသာ သိသည်” ဟူ၍ သင့်ကိုယ်သင် မပြောနှင့်။ ယင်းသည် မှန်ပါသည်။ ဘုရားသခင်သည် သမ္မာတရားကိုသာ ဖော်ပြနိုင်သည်၊ ထို့ပြင် သူသည် သမ္မာတရားဖြစ်သောကြောင့် အရာခပ်သိမ်းကို သူ ရိပ်စားမိနိုင်သည်။ သူသည် လူသားမျိုးနွယ်၏ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်၊ ထို့ပြင် သူသည် သင်၏ကံကြမ္မာကို ထိန်းချုပ်ထားသည်။ ဘုရားသခင်၏အချုပ်အခြာအာဏာနှင့် အစီအစဉ်များထံမှ မည်သူမျှ မလွတ်မြောက်နိုင်ပေ။ ဘုရားနှုတ်ကပတ်တော်များအပေါ် လူများ၏သဘောထားမှာ မည်သို့ဖြစ်သင့်သနည်း။ နားထောင်ဖို့၊ ကျိုးနွံနာခံဖို့၊ လက်ခံဖို့နှင့် အဆုံးစွန် လေးစားလိုက်နာခြင်းဖြင့် လက်တွေ့လုပ်ဆောင်ဖို့ စသည်တို့ ဖြစ်သင့်ပါသည်။ ဤသည်မှာ လူများတွင် ရှိသင့်သောသဘောထား ဖြစ်သည်။ သင်မည်သည့်အရာကိုလုပ်သည်ဖြစ်စေ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို မပြုနှင့်။ သင်တို့ကို နှုတ်ကပတ်တော်များစွာ ငါ ပြောခဲ့ပြီးပြီဖြစ်သည်။ သို့သော် ယင်းတို့အနက်မှ အစိတ်အပိုင်းတစ်ခုကိုသာလျှင် သင်တို့ လက်ခံနိုင်သည်။ လူသားအယူအဆများနှင့် မကိုက်ညီသည့် မည်သည့်နှုတ်ကပတ်တော်များကိုမျှ သင်တို့ လက်မခံကြပေ။ သင်တို့သည် သင်တို့၏စိတ်နှလုံးများထဲတွင် ယင်းတို့ကို ခုခံပြီး ငြင်းဆိုခြင်းကိုပင်လျှင် ပြုလုပ်ကြသည်။ လူသားအယူအဆများနှင့် ကိုက်ညီသည့် ထိုနှုတ်ကပတ်တော်များကိုသာ သင်တို့သည် လက်ခံကြပြီး မကိုက်ညီသည့် ထိုနှုတ်ကပတ်တော်များကို ငြင်းဆန်ကြသည်။ ဤလမ်းခရီးဖြင့် သမ္မာတရားကို သင်တို့ ရနိုင်မည်လော။ လူသားအယူအဆများနှင့် မကိုက်ညီသည့်နှုတ်ကပတ်တော်များသည် သမ္မာတရား အမှန်တကယ် မဟုတ်တော့သလော။ ဤအကြောင်းကို သင်သည် ကျိန်းသေပြောဝံ့သလော။ သို့ဆိုလျှင် ငါ သင့်ကို မေးရမည်။ သမ္မာတရား၏ မည်မျှများများကို သင်နားလည်သနည်း။ မည်သည့်သမ္မာတရားများကို သင်ပိုင်ဆိုင်သနည်း။ သင်နားလည်သည့် သမ္မာတရားအားလုံးအကြောင်းကို သက်သေခံချက် ဝေမျှပေးလော့။ ထို့နောက်တွင် ၎င်းတို့သည် သမ္မာတရား ဟုတ်မဟုတ်ဆိုသည်ကို လူတိုင်းအား ဆုံးဖြတ်စေလော့။ အကယ်၍ သင့်တွင် သမ္မာတရားမရှိဟု သင်ဝန်ခံနိုင်ပါက ယင်းက သင့်တွင် ဆင်ခြင်တုံတရားရှိသည်ဟု ဆိုလိုသည်။ အကယ်၍ သင့်တွင် ဆင်ခြင်တုံတရား အစစ်အမှန် ရှိပါက လူသားအယူအဆများနှင့် မကိုက်ညီသည့်နှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်ဟူ၍ ကောက်ချက်ချရဲသေးသလော။ သင်သည် ဘုရားသခင်နှင့် အလောင်းအစား လုပ်ရဲသေးသလော။ ဖန်ဆင်းခံလူသားတစ်ဦးအနေဖြင့် အလွန် မာနမထောင်လွှားနှင့်။ ပြီးလျှင် အလွန် မိမိကိုယ်ကို မှန်ကန်သည်ဟု မယူမှတ်နှင့်။ သင့်ကိုယ်သင် လွန်ကဲစွာ အထင်မကြီးနှင့်။ သင်သည် သမ္မာတရားကို လုံးဝ မသိပေ။ သင်၏တစ်သက်တာတွင် ဘုရားနှုတ်ကပတ်တော်များထဲမှ စာကြောင်းတစ်ကြောင်းကိုပင် သင်သည် အပြည့်အဝ တွေ့ကြုံနိုင်လိမ့်မည်မဟုတ်သကဲ့သို့ သင်၏တစ်သက်တာတွင် ထိုနှုတ်ကပတ်တော်များ နားလည်နိုင်မည်မဟုတ်။ သို့မဟုတ် အသက်ရှင်နေထိုင်နိုင်မည် မဟုတ်ပေ။ အကယ်၍ ယင်းတို့၏အပိုင်းတစ်ပိုင်းကို သင်နားလည်နိုင်ပြီး ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ပါက သိပ်မဆိုးလှသေးပေ။ လူသားများသည် အလွန် ဆုတ်ယုတ်ပြီး သနားစဖွယ်ကောင်းလှသည်။ ဤသည်မှာ ထိုကိစ္စ၏ အမှန်တရားပင်ဖြစ်သည်။ သူတို့သည် အလွန် ဆုတ်ယုတ်ပြီး သနားစဖွယ်ကောင်းလှလျှင် သူတို့သည် အဘယ်ကြောင့် အလွန်မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟုလည်း ယူမှတ်ကြသနည်း။ ဤသည်မှာ သူတို့ကို သနားစဖွယ်ရော၊ မုန်းစဖွယ်ပါ နှစ်မျိုးလုံးဖြစ်စေသည့်အရာ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို ရိုသေကျိုးနွံစွာ ဖတ်ရှုဖို့၊ သူတို့၏အယူအဆများကို ဖြစ်လာလာချင်း စွန့်ပစ်ဖို့၊ ထို့ပြင် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် သဘောထားဖို့နှင့် ယင်းတို့အပေါ် သူတို့အတတ်နိုင်ဆုံး ဆင်ခြင်ဖို့၊ ထို့နောက်တွင် ၎င်းတို့ကို တွေ့ကြုံဖို့ လူများကို ငါ အကြံပေးသည်။ ထိုအခါတွင် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သူတို့ နားလည်ကောင်း နားလည်နိုင်မည် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက မည်မျှအသေးစိတ်ကျပြီး မည်မျှစကားကြောရှည်ပုံအကြောင်းကို ဂရုမစိုက်နှင့်။ ယင်းတို့ကို သင်သည် နားလည်နိုင်ပြီး တွေ့ကြုံနိုင်ပါက ထိုအချိန်တွင် ယင်းတို့အတွက် သက်သေခံပါ။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်သာ သင်သည် လုပ်နိုင်စွမ်းရှိသည်ဟု ယူဆနိုင်သည့်အချိန် ဖြစ်သည်။ ယင်းမှာ အချို့သည် အရသာရှိပြီး အချို့မှာ အရသာမရှိဟု တွေးရင်း မည်သည့်အစားအစာမျိုးကို သူတို့ စားမည်ဆိုသည့်အပေါ် လူများ အမြဲတမ်း ဇီဇာကြောင်ကြပုံနှင့် ဆင်တူသည်။ ဤအရာသည် မည်သည့်အရာကြောင့်ဖြစ်လာရသနည်း။ အရသာရှိသည့် အစားအစာများသည် အာဟာရဓာတ် ပြည့်ဝချင်မှ ပြည့်ဝပေလိမ့်မည်။ ထို့ပြင် သင်မနှစ်သက်သည့်အစားအစာများသည် အာဟာရဓာတ် နည်းချင်မှ နည်းပေလိမ့်မည်။ ၎င်းတို့တွင် ပို၍များပြီး ပို၍ကောင်းမွန်သောအာဟာရဓာတ်များပင် ရှိနေနိုင်သည်။ မည်သည့်အရာက အမှန်တရားဖြစ်ပြီး မည်သည့်အရာက အမှန်တရား မဖြစ်ကြောင်း၊ မည်သည့်အရာက ဘုရားသခင်ထံမှ လာကြောင်းနှင့် မည်သည့်အရာက လူသားထံမှလာကြောင်းတို့ကို ခွဲခြားရာတွင် လူများသည် အခက်အခဲရှိသည်။ သမ္မာတရားကို နားလည်ပြီးသည့်နောက်မှသာ ယင်းတို့အနက်မှအချို့ကို သူတို့သည် ကောင်းစွာ ပိုင်းခြားသိမြင်နိုင်သည်။ သမ္မာတရားကို နားမလည်သောသူတို့သည် အရာရာကို ထိုးထွင်း၍ မသိမြင်နိုင်ပေ။ အကယ်၍ သင့်တွင် ထိုးထွင်းသိမြင်နိုင်ခြင်းမရှိပါက သင်သည် နှိမ့်ချမြဲ နှိမ့်ချနေသင့်သည်၊ ခပ်လျှိုလျှိုနေမြဲ နေသင့်သည်၊ ထို့ပြင် သမ္မာတရားကို ပို၍ရှာဖွေသင့်သည်။ ဤသည်မှာ လိမ္မာပါးနပ်သော သူတစ်ယောက်လုပ်သည့်အရာဖြစ်သည်။ အကယ်၍ သင်သည် မည်သည့်အရာကိုမျှ ထိုးထွင်း၍ မသိမြင်နိုင်သော်လည်း ရှေ့ဆက်၍ ကျိုးကြောင်းမမြင် မာနထောင်လွှားနေသေးပါက အရာအားလုံးကို လိုက်၍ ခန့်မှန်းအကဲဖြတ်ဖို့နှင့် စကားပြောသူမည်သူမဆိုကို ဝေဖန်ဖို့ ဝံ့ရဲပါက ထိုအခါတွင် သင်သည် ဆင်ခြင်တုံတရား လုံးဝ မရှိတော့ပြီဖြစ်သည်။ ဤအရာက ဖြစ်နေသည့်ပုံစံပင် ဖြစ်သည်ကို သင်တို့ သဘောမတူကြသလော။ လူတစ်ဦးက မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သမ္မာတရားအပေါ် မလေးမစား မလုပ်ရပေ။ သူသည် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုကို ဆက်လက်၍ ထိန်းသိမ်းထားရမည်ဖြစ်ပြီး အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်။ ဤသည်ကသာလျှင် အစစ်အမှန် ဉာဏ်ရည်ဉာဏ်စွမ်းရှိပြီး အမြော်အမြင်ရှိသူတစ်ဦးဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။