သမ္မာတရားနှင့် ဘုရားသခင်အား မည်သို့ ချဉ်းကပ်ရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၉)

သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းတွင် မှတ်တမ်းတင်ထားသော နောဧ၊ အာဗြဟံနှင့် ယောဘတို့အတွက်မူ သူတို့၏လူ့သဘာဝ ဝိသေသလက္ခဏာများမှာ မည်သည်တို့ဖြစ်သနည်း။ ဘုရားသခင်က သူတို့ကို လက်ခံနိုင်ဖွယ်ရှိသည်ဟု ထင်စေသည့် သာမန်လူ့သဘာဝ၏ မည်သည့်ဝိသေသလက္ခဏာများ သူတို့တွင် ရှိခဲ့သနည်း။ (သူတို့တွင် အထူးသဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ပိုင်ဆိုင်ထားသည်။) ယင်းသည် လုံးဝ မှန်သည်။ ဘုရားသခင်က သူ့ကို ကိုယ်တိုင်ကိုယ်ကျ လုံးဝ စကားပြောခြင်းမရှိဘဲနှင့် သူ့ထံ ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ ပေါ်ထွန်းခြင်းမရှိဘဲ အသက်အရွယ်အိုမင်းသည့်တိုင်အောင် ယောဘသည် နေထိုင်ခဲ့သည်။ သို့သော် ယောဘသည် ဘုရားသခင်ပြုလုပ်ခဲ့သမျှအရာတိုင်းကို နားလည်နိုင်ပြီး ခံစားနိုင်သည်။ နောက်ဆုံးတွင် သူသည် ဘုရားသခင်နှင့်ပတ်သက်၍ သူသိထားသည်တို့ကို စကားလုံးအချို့ဖြင့် အကျဉ်းချုပ်ဖော်ပြခဲ့သည်။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ဤစကားများက ဘာကိုဆိုလိုသနည်း။ ၎င်းတို့သည် “ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်၊ သူသည် ဖန်ဆင်းရှင်ဖြစ်သည်၊ သူသည် ကျွန်ုပ်၏ဘုရားသခင်ဖြစ်ပြီး သူစကားပြောသောအခါ သူပြောသည့်အကြောင်းအရာ၏တစ်ဝက်ကိုသာ ကျွန်ုပ်နားလည်လျှင်တောင်မှ နားထောင်ပြီး ပြောသည့်အတိုင်း အနည်းငယ်မျှမတိမ်းမစောင်းဘဲ လိုက်နာရမည်” ဟု ဆိုလိုသည်။ ယောဘ၏ ဘုရားသခင်အပေါ် သိမြင်မှုသည် ဤအဆင့်သို့ ရောက်သောအခါမှသာ ဘုရားသခင်သည် ယောဘကို လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု မြင်ခဲ့သည်။ ယောဘတွင် ထိုကဲ့သို့သောအတွေ့အကြုံများနှင့် သဘောပေါက်နားလည်နိုင်စွမ်းတို့ ရှိခဲ့ပြီး ဘုရားသခင်က သူ့အပေါ် ချမှတ်ပေးသည့် စမ်းသပ်မှုများကိုလည်း လက်ခံနိုင်ပြီး ကျိုးနွံနာခံနိုင်ခဲ့သည်။ သူ၏ သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိခြင်းအပေါ် အခြေခံ၍ ဤအရာအားလုံးကို ရရှိခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်ကို သူမြင်ခဲ့သည်ဖြစ်စေ မမြင်ခဲ့သည်ဖြစ်စေ၊ ဘုရားသခင်က သူ့ကို မည်သည့်အရာလုပ်ခဲ့သည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်က သူ့ကို စမ်းသပ်ခဲ့သည်ဖြစ်စေ မစမ်းသပ်ခဲ့သည်ဖြစ်စေ သို့မဟုတ် သူ့ရှေ့တွင် ပေါ်ထွန်းခဲ့သည်ဖြစ်စေ မပေါ်ထွန်းခဲ့သည်ဖြစ်စေ၊ “ယေဟောဝါသည် ကျွန်ုပ်၏ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင် ညွှန်ကြားသည့်အရာကို ကျွန်ုပ် လိုက်နာရမည်၊ ဘုရားသခင် ဝမ်းမြောက်ရွှင်လန်းသည့်အရာကို ကျွန်ုပ် လုပ်ရမည်၊ နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ၊ သူ့လမ်းခရီးနောက်ကို ကျွန်ုပ်လိုက်ရမည်၊ ပြီးလျှင် သူ့ကို နားထောင်ပြီး ကျိုးနွံနာခံရမည်” ဟု သူအမြဲတမ်းယုံကြည်ခဲ့သည်။ ယောဘဝတ္ထုတွင် ယောဘ၏သားသမီးများသည် စားပွဲသောက်ပွဲများကို မကြာခဏ ကျင်းပခဲ့ကြကြောင်း၊ ယောဘသည် ထိုပွဲများတွင် မည်သည့်အခါမှ မပါဝင်ခဲ့ကြောင်းနှင့် ထိုအစား ဆုတောင်း၍ သူတို့အတွက် မီးရှို့ယဇ်ပူဇော်ခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်းကို မှတ်တမ်းတင်ထားသည်။ ယောဘ မကြာခဏ ဤသို့လုပ်ခဲ့သည်ဟူသည့် အချက်က လူသားမျိုးနွယ်၏ စားသောက်ပျော်ပါးရာတွင် ဇိမ်ခံခြင်းနှင့် စားပွဲသောက်ပွဲများကျင်းပ၍ ပျော်ပါးကြသည့် လူသားမျိုးနွယ်၏အသက်တာကို ဘုရားသခင်သည် စက်ဆုပ်ရွံရှာသည်ကို သူ့စိတ်နှလုံးထဲတွင် သိနေခဲ့သည်ဆိုသည်ကို သက်သေပြသည်။ ဤသည်မှာ သမ္မာတရားဖြစ်သည်ကို ယောဘ၏စိတ်နှလုံးထဲတွင် နားလည်ခဲ့သည်၊ ဘုရားသခင်က ဤအကြောင်း ပြောသည်ကို သူတိုက်ရိုက် မကြားခဲ့ရသော်လည်း ဤသည်မှာ ဘုရားသခင်ဆန္ဒရှိသည့်အရာဖြစ်ကြောင်းကို သူ့စိတ်နှလုံးထဲတွင် ယောဘ သိနေခဲ့သည်။ ဘုရားသခင် ဆန္ဒရှိသည့်အရာကို ယောဘ သိနေခဲ့သောကြောင့် ဘုရားသခင်ကို နားထောင်ပြီး ကျိုးနွံနာခံနိုင်ခဲ့သည်။ ယင်းကို သူသည် တစ်ချိန်လုံး လက်ကိုင်ထားခဲ့ပြီး စားပွဲသောက်ပွဲများကျင်းပ၍ စားသောက်ရာတွင် သူမည်သည့်အခါကမှ မပါဝင်ခဲ့ချေ။ ယောဘသည် သမ္မာတရားကို နားလည်ခဲ့ပါသလော။ သူနားမလည်ခဲ့ပါ။ ဤအရာကို သူလုပ်နိုင်ခဲ့ခြင်းမှာ သူ့တွင် သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိခြင်းကြောင့်ဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့အပြင် အရေးပါဆုံးအရာမှာ ဘုရားသခင်ကို သူစစ်မှန်စွာ ယုံကြည်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်းနှင့် ဖန်ဆင်းရှင်ပြောသည့်အရာသည် ဘုရားသခင်၏အလိုတော်ဖြစ်ကြောင်းကို သူ့စိတ်နှလုံး၏အတွင်းထဲမှနေ၍ သူမှတ်မိခဲ့သည်။ ယနေ့ခေတ်စကားအရ ယင်းသည် သမ္မာတရားဖြစ်သည်၊ ယင်းသည် အမြင့်ဆုံးညွှန်ကြားချက်ဖြစ်ပြီး ယင်းသည် လူသား လိုက်နာရမည့်အရာဖြစ်သည်။ လူက နားလည်သဘောပေါက်နိုင်သည်မှာ ဘုရားသခင်၏ ဆန္ဒဖြစ်စေ၊ ဘုရားသခင်မိန့်ခဲ့သည့် စကားအနည်းငယ်မျှကိုသာ ဖြစ်စေ၊ လူသားသည် လက်ခံပြီး လိုက်နာသင့်သည်။ ဤသည်မှာ အတိအကျပင် လူသားပိုင်ဆိုင်သင့်သည့် အသိစိတ်ဖြစ်သည်။ လူသားက ဤအသိစိတ်ကို ပိုင်ဆိုင်သောအခါ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လိုက်နာရန်၊ သူ့နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးရန်နှင့် ကျိုးနွံနာခံရန် လူသားအတွက် အများကြီး ပို၍လွယ်ကူလေသည်။ ထိုသို့လုပ်ခြင်းဖြင့် အခက်အခဲများနှင့် ဆင်းရဲဒုက္ခ မရှိတော့ဘဲ မည်သည့်ဟန့်တားသည့်အရာတစ်စုံတစ်ရာမှ မရှိတော့မည်မှာ အသေအချာဖြစ်သည်။ သမ္မာတရားများစွာကို ယောဘ နားလည်ခဲ့သလော။ ဘုရားသခင်ကို သူသိခဲ့သလော။ ဘုရားသခင်၏ပိုင်ဆိုင်မှုများနှင့် ဖြစ်တည်မှု သို့မဟုတ် သူ့စိတ်သဘောထားအနှစ်သာရတို့အကြောင်းကို သူသိခဲ့သလော။ ယနေ့ခေတ်လူများနှင့်နှိုင်းယှဉ်ပါက ဘုရားသခင်ကို သူမသိခဲ့ပါ၊ အလွန်အနည်းအကျဉ်းလောက်ကို သူနားလည်ခဲ့သည်။ သို့ရာတွင် ယောဘ ပိုင်ဆိုင်ခဲ့သည့်အရာမှာ သူနားလည်သမျှအားလုံးကို လက်တွေ့ကျင့်သုံးသည့် အရည်အသွေးဖြစ်သည်။ တစ်စုံတစ်ခုကို နားလည်ပြီးနောက် သူသည် နာခံပြီး လိုက်နာသည်။ ဤသည်မှာ သူ့လူ့သဘာဝ၏အမွန်မြတ်ဆုံးသွင်ပြင်လက္ခဏာဖြစ်ပြီး လူအများက သူ့အပေါ် အထင်သေးခံရဆုံးအရာလည်းဖြစ်သည်။ “ယောဘက စားပွဲသောက်ပွဲကျင်းပခြင်းကို ရှောင်နေခြင်း မဟုတ်သလော။ ဘုရားရှေ့တွင် မီးရှို့ယဇ်ပူဇော်ပွဲကို ပုံမှန် သူလုပ်နေခြင်း မဟုတ်သလော။ ယခုခေတ်စကားအရဆိုလျှင် ကာမဂုဏ်အာရုံနှစ်သိမ့်မှုပေးခြင်းများနှင့် ဇိမ်ခံခြင်းကို သူရှောင်နေခြင်း မဟုတ်သလော” ဟု လူများကတွေးသည်။ ဤသည်တို့မှာ အပေါ်ယံအရေးကိစ္စတစ်ခုထက်ပို၍ ဘာမှမဟုတ်ပါ။ သို့သော် ဤအရာများ၏နောက်ကွယ်ရှိ ယောဘ၏စိတ်သဘောထား၊ အနှစ်သာရနှင့် လူ့သဘာဝတို့ကို သင်ကြည့်သောအခါ ယင်းတို့သည် ရိုးရှင်းသောအရေးကိစ္စများမဟုတ်ကြောင်း သို့မဟုတ် အောင်မြင်အောင်လုပ်ရန် အလွန်မလွယ်ကူကြောင်းကို သင်နားလည်လာလိမ့်မည်။ သာမန်လူတစ်ယောက်က ပိုက်ဆံချွေတာရန်အတွက် စားပွဲသောက်ပွဲများကျင်းပရာမှ ရှောင်ရှားဖို့ဆိုလျှင် အောင်မြင်အောင်လုပ်ဖို့ လွယ်ကူသည်။ သို့သော် ယောဘသည် ထိုအချိန်က လူချမ်းသာတစ်ဦးဖြစ်သည်။ မည်သည့်လူချမ်းသာက စားပွဲသောက်ပွဲများကို မကျင်းပဖို့ ရွေးချယ်မည်နည်း။ သို့ဆိုလျှင် ယောဘသည် အဘယ်ကြောင့် စားပွဲသောက်ပွဲများကျင်းပရာမှ ရှောင်ရှားနိုင်ရသနည်း။ (ဘုရားသခင်က ယင်းကို စက်ဆုပ်ရွံရှာမှန်း သူသိခဲ့သည်။ သူသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေနိုင်ခဲ့ပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်ခဲ့သည်။) အမှန်ပင်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရာတွင်နှင့် မကောင်းသောအကျင့်ကို ရှောင်ရာတွင် ယောဘသည် မည်သည့်အရာကို သေသေချာချာ လက်တွေ့ကျင့်သုံးခဲ့သနည်း။ ဘုရားသခင် စက်ဆုပ်ရွံရှာသည့် ထိုအရာများသည် အားလုံး မကောင်းမှုဖြစ်သည်ကို သူသိခဲ့သည်၊ ထို့ကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သူလိုက်နာခဲ့ပြီး ဘုရားသခင် စက်ဆုပ်ရွံရှာသည့် မည်သည့်အရာတစ်စုံတစ်ခုကိုမှ သူမလုပ်ခဲ့ပေ။ မည်သူက မည်သည့်အရာကို ပြောသည်ဖြစ်စေ ဤအရာများကို သူမည်သည့်နည်းနှင့်မျှ မလုပ်ခဲ့ပါ။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဆိုသည်မှာ ဤသည်ကို ဆိုလိုခြင်းဖြစ်သည်။ ယောဘသည် အဘယ်ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်ရသနည်း။ သူ့စိတ်နှလုံးထဲတွင် သူမည်သည့်အရာကို တွေးနေသနည်း။ ဤဒုစရိုက်ကိစ္စများကို မလုပ်မိရန် သူမည်သို့ တတ်နိုင်သနည်း။ သူ့တွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခု ရှိခဲ့သည်။ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုရှိခြင်းဆိုသည်မှာ မည်သည်ကိုဆိုလိုသနည်း။ သူ့စိတ်နှလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ကြောင်း၊ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုနိုင်ကြောင်းနှင့် သူ့စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာတစ်နေရာရှိကြောင်းကို ဆိုလိုသည်။ ၎င်းကို ဘုရားသခင်မြင်မည်ကို သူမကြောက်ပါ၊ ဘုရားသခင် အမျက်ထွက်မည်ကိုလည်း သူမကြောက်ပါ။ ထိုအစား ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် သူ့စိတ်နှလုံးထဲတွင် ဂုဏ်ပြုသည်၊ ဘုရားသခင် စိတ်ကျေနပ်စေဖို့ ဆန္ဒရှိပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များကို မြဲမြံစွာ စွဲကိုင်ထားဖို့ ဆန္ဒရှိသည်။ ထိုအကြောင်းကြောင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခု လူတိုင်းက “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” ဆိုသည့် စာလုံးစုကို ပြောနိုင်ကြသော်လည်း ယင်းကို ယောဘ မည်သို့အထမြောက်ခဲ့သည်ကို သူတို့ မသိကြပေ။ အမှန်မှာ ယောဘသည် ဘုရားသခင်ကို ယုံကြည်ရာတွင် “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” ကို အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးအဖြစ် ထုတ်ဖော်၍ ပြောခဲ့သည်။ ထို့ကြောင့် သူသည် ပညတ်တော်တစ်ပါးကို မြဲမြံစွာ စွဲကိုင်ထားသကဲ့သို့ ဤစကားများကို မြဲမြံစွာ စွဲကိုင်ထားနိုင်ခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူနားထောင်ခဲ့သည်မှာ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် သူ့စိတ်နှလုံးက ဂုဏ်ပြုခဲ့သောကြောင့်ဖြစ်သည်။ လူသား၏အမြင်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် မည်မျှ မထူးခြားဘဲ သာမညဖြစ်နေပါစေ၊ ၎င်းတို့သည် သာမန်စကားလုံးများမျှသာ ဖြစ်နေလျှင်တောင်မှ ယောဘ၏စိတ်နှလုံးထဲတွင် ဤနှုတ်ကပတ်တော်များသည် အမြတ်ဆုံးဖြစ်သောဘုရားသခင်ထံမှ လာသည်။ ၎င်းတို့သည် အကြီးကျယ်ဆုံး၊ အရေးအကြီးဆုံးစကားလုံးများဖြစ်ကြသည်။ ၎င်းတို့သည် လူများ အထင်သေးသောစကားလုံးများဖြစ်နေလျှင်တောင်မှ ဘုရားသခင်၏နှုတ်ကပတ်တော်များဖြစ်နေသရွေ့၊ လူတို့သည် ယင်းကြောင့် လှောင်ပြောင်သရော်ခံရလျှင်တောင်မှ သို့မဟုတ် အသရေဖျက်ခံရလျှင်တောင်မှ ၎င်းတို့ကို စောင့်ကြည့်လေ့လာသင့်သည်။ သူတို့သည် ဆင်းရဲဒုက္ခနှင့်ကြုံရလျှင်တောင်မှ သို့မဟုတ် ဖိစီးနှိပ်စက်ခံရလျှင်တောင်မှ သူ့နှုတ်ကပတ်တော်များကို အဆုံးအထိ မြဲမြံစွာ စွဲကိုင်ထားရမည်။ ၎င်းတို့အပေါ် သူတို့လက်မလျှော့သင့်ပါ။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းဆိုသည်မှာ ဤသည်ကို ဆိုလိုသည်။ လူသားထံမှ ဘုရားသခင် တောင်းဆိုသောစကားလုံးတိုင်းကို သင်မြဲမြံစွာ စွဲကိုင်ထားရမည်။ ဘုရားသခင် တားမြစ်ထားသောထိုအရာများ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သောထိုအရာများအတွက်မူ ၎င်းတို့အကြောင်းကို သင်မသိလျှင် ကိစ္စမရှိပါ၊ သို့သော် သင်သိလျှင် ထိုအခါ သင်သည် ထိုအရာများကို လုံးဝ မလုပ်ရန် တတ်နိုင်သင့်သည်။ သင့်မိသားစုက သင့်ကို စွန့်လွှတ်လိုက်လျှင်တောင်မှ၊ ဘာသာတရားမရှိသူများက သင့်ကို ပျက်ရယ်ပြုလျှင်တောင်မှ သို့မဟုတ် သင်နှင့်နီးစပ်သူများက လှောင်ပြောင်ပြီး သင့်အား သရော်ကြလျှင်တောင်မှ သင်သည် မြဲမြံစွာ စွဲကိုင်ထားနိုင်သင့်သည်။ သင်အဘယ်ကြောင့် မြဲမြံစွာ စွဲကိုင်ထားဖို့ လိုအပ်သနည်း။ သင်၏ စမှတ်က မည်သည့်အရာဖြစ်သနည်း။ သင်၏ စည်းမျဉ်းများက မည်သည်တို့နည်း။ ယင်းမှာ “ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြဲမြံစွာ စွဲကိုင်ထားပြီး သူ့ဆန္ဒများအတိုင်းလုပ်ရမည်။ ဘုရားသခင် ကြိုက်နှစ်သက်သောအရာများကို လုပ်ရာတွင် ကျွန်ုပ်သည် မြဲမြံရလိမ့်မည်။ ဘုရားသခင် စက်ဆုပ်သောအရာများကို စွန့်လွှတ်ရာတွင် ဆုံးဖြတ်ချက်ပြတ်သားရလိမ့်မည်။ ဘုရားသခင်၏ရည်ရွယ်ချက်ကို ကျွန်ုပ် မသိလျှင် ရပါသည်၊ သို့သော် သူ့ရည်ရွယ်ချက်ကို ကျွန်ုပ် အမှန်တကယ်သိပြီး နားလည်လျှင် ထိုအခါ သူ့နှုတ်ကပတ်တော်များကို နားထောင်ပြီး ကျိုးနွံနာခံရာတွင် ကျွန်ုပ်သည် ဆုံးဖြတ်ချက်ပြတ်သားရလိမ့်မည်။ မည်သူမှ ကျွန်ုပ်ကို ဟန့်တားရန် တတ်နိုင်လိမ့်မည်မဟုတ်ပါ၊ ကမ္ဘာကြီး အဆုံးသတ်သွားလျှင်တောင် ကျွန်ုပ်သည် မယိမ်းယိုင်ပါ” ဟူ၍ ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဆိုသည်မှာ ဤသည်ကို ဆိုလိုသည်။

မကောင်းမှုကို ရှောင်ဖို့ တတ်နိုင်ရန် လူများအတွက် ကြိုတင်သတ်မှတ်ချက်မှာ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုရှိခြင်းဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုကို မည်သို့ပြုလုပ်သနည်း။ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခြင်းဖြင့်ပြုလုပ်သည်။ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခြင်းဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ယင်းမှာ လူတစ်ဦးက ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိကြောင်းကို သိပြီး သူတို့၏စိတ်နှလုံးက ဘုရားသခင်ကို ကြောက်ရွံ့သောအချိန်ကို ဆိုလိုသည်။ ရလဒ်အနေဖြင့် မည်သည့်အခြေအနေကိုမဆို အကဲဖြတ်သောအခါ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူတို့ အသုံးပြုနိုင်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူတို့၏စံနှုန်းနှင့် စံသတ်မှတ်ချက်အဖြစ် သုံးသည်။ ဤသည်မှာ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခြင်းဖြစ်သည်။ ရိုးရှင်းစွာပြောရလျှင် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခြင်းသည် ဘုရားသခင်ကို သင့်စိတ်နှလုံးထဲတွင် ရှိရန်၊ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ကို နှလုံးသွင်းထားရန်၊ သင်လုပ်သည့်အရာများတွင် သင့်ကိုယ်သင် မမေ့ရန်နှင့် သင့်ဘာသာသင် ဖောက်ထွက်ဖို့ မကြိုးစားဘဲ ထိုအစား ဘုရားသခင်ကို အုပ်ထိန်းစေရန်တို့ဖြစ်သည်။ အရာတိုင်းတွင် “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပြီး ဘုရားသခင်နောက်ကို လိုက်သည်။ ကျွန်ုပ်သည် ဘုရားသခင်က ရွေးချယ်ထားသည့် သေးငယ်သောဖန်ဆင်းခံလူသားတစ်ဦးသာဖြစ်သည်။ ကျွန်ုပ်၏ကိုယ်ပိုင်ဆန္ဒမှလာသည့် အမြင်များ၊ အကြံပြုချက်များနှင့် ဆုံးဖြတ်ချက်များကို လက်လွှတ်သင့်ပြီး ဘုရားသခင်သာ ကျွန်ုပ်၏ အရှင်သခင် ဖြစ်စေသင့်သည်။ ဘုရားသခင်သည် ကျွန်ုပ်၏ သခင်၊ ကျွန်ုပ်၏ ကျောက်နှင့် အရာတိုင်းတွင် ကျွန်ုပ်၏ လမ်းခရီးကို လမ်းညွှန်ပြသပေးသည့် တောက်ပသောအလင်းရောင်ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဦးစားမပေးဘဲ သူ့နှုတ်ကပတ်တော်များနှင့် လိုအင်ဆန္ဒများအတိုင်း ကိစ္စများကို ကျွန်ုပ် လုပ်ရမည်” ဟု သင်တွေးသည်။ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိခြင်းဆိုသည်မှာ ဤသည်ကို ဆိုလိုသည်။ သင်တစ်စုံတစ်ခုလုပ်လိုသောအခါ စိတ်လိုက်မာန်ပါ လုပ်ခြင်း သို့မဟုတ် အလျင်စလိုလုပ်ခြင်းတို့ မလုပ်ပါနှင့်။ ဘုရားသခင်သည် သင့်လုပ်ရပ်များကို စက်ဆုပ်ရွံရှာသွားမည်လား၊ ပြီးလျှင် သင့်လုပ်ရပ်များသည် သူ့ရည်ရွယ်ချက်များနှင့်အညီဖြစ်မဖြစ်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များက မည်သို့ပြောထားသည်ဆိုသည်တို့ကို ပထမ စဉ်းစားကြည့်ပါ။ သင့်စိတ်နှလုံးထဲတွင် ပထမဆုံး သင့်ကိုယ်သင် မေးကြည့်ပါ၊ စဉ်းစားပါ၊ ပြီးလျှင် တွေးတောချင့်ချိန်ပါ။ အလျင်မလိုပါနှင့်။ အလျင်လိုခြင်းသည် စိတ်လိုက်မာန်ပါပြုလုပ်ခြင်းဖြစ်ပြီး လူသားဆန္ဒနှင့် တဇောက်ကန်းလုပ်ဆောင်မှုတို့ကြောင့် စိတ်ပါဝင်စားခြင်းဖြစ်သည်။ သင်သည် အမြဲတမ်း အလျင်လိုပြီး စိတ်မြန်နေပါက ဘုရားသခင်သည် သင့်စိတ်နှလုံးထဲတွင် ရှိမနေခြင်းကို ပြသည်။ ထိုအခါ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် သင်ဂုဏ်ပြုသည်ဟု သင်ပြောသောအခါ ဤစကားများသည် အနှစ်မပါသည့်စကားများ ဖြစ်မနေဘူးလော။ သင့်စစ်မှန်မှုသည် ဘယ်မှာနည်း။ သင့်တွင် စစ်မှန်မှု မရှိပါ။ ပြီးလျှင် သင်သည် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် သင်ဂုဏ်မပြုနိုင်ပါ။ အခါတိုင်းတွင် သင့်အလိုဆန္ဒအတိုင်း လုပ်ပြီး၊ ကိစ္စရပ်များအားလုံးတွင် သင်သည် အိမ်ကြီးရှင်သခင်ကဲ့သို့ ပြုမူသည်။ သို့ဆိုလျှင် သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုရှိသည်ဟု သင်ပြောလျှင် ဤသည်မှာ အဓိပ္ပါယ်မဲ့သည်မဟုတ်လော။ သင်သည် လူများကို ဤစကားများဖြင့် လှည့်စားနေခြင်းဖြစ်သည်။ အကယ်၍ လူတစ်ယောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုရှိပါက ယင်းက မည်သို့ အမှန်တကယ် သူ့ဘာသာ ပေါ်ထင်သနည်း။ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခြင်းဖြင့်ဖြစ်သည်။ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုခြင်းကို အခိုင်အမာပေါ်ထင်အောင်ပြုသည့်အရာမှာ ဘုရားသခင်သည် သူတို့၏စိတ်နှလုံးထဲရှိ အထွတ်အမြတ်ဆုံးနေရာတွင် နေရာတစ်နေရာရှိနေခြင်းဖြစ်သည်။ သူတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သူတို့၏ဆရာအရှင်ဖြစ်ရန်နှင့် ဩဇာအာဏာကိုင်စွဲရန် သူတို့ အခွင့်ပေးထားသည်။ တစ်စုံတစ်ခုဖြစ်သောအခါ သူတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံသောစိတ်နှလုံးတစ်ခုရှိသည်။ သူတို့သည် အလျင်စလိုမလုပ်ပါ၊ စိတ်လိုက်မာန်ပါမလုပ်ပါ။ ပြီးလျှင် သူတို့သည် စိတ်မြန်လက်မြန်လည်း မလုပ်ကြပါ။ သို့သော် ထိုအစား သူတို့သည် တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်နိုင်ကြပြီး သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရန် ဘုရားသခင်၏ ရှေ့တော်မှောက်တွင် သူတို့ကိုယ်သူတို့ ဆိတ်ငြိမ်နိုင်ကြသည်။ ကိစ္စများကို ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း သို့မဟုတ် သင့်ကိုယ်ပိုင်ဆန္ဒအတိုင်း လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ၊ ပြီးလျှင် သင့်ကိုယ်ပိုင်ဆန္ဒကို သင်ခွင့်ပြုသည်ဖြစ်စေ သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အုပ်ထိန်းစေခွင့်ပြုသည်ဖြစ်စေ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ သင်က ဘုရားသခင်သည် သင့်စိတ်နှလုံးထဲတွင် ရှိသည်ဟု ပြောသည်၊ သို့သော် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သင်သည် ဆင်ကန်းတောတိုးလုပ်သည်။ ဘုရားသခင်ကို ဘေးသို့ တွန်းဖယ်ပစ်ရင်း အပြီးသတ်ဆုံးဖြတ်ချက်ကို ကိုယ့်ဘာသာချစေတော့သည်။ ဤသည်မှာ ဘုရားသခင်ရှိသည့် စိတ်နှလုံး၏ သရုပ်သကန်ဖြစ်သလော။ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ဘုရားသခင်ထံ ဆုတောင်းနိုင်သောလူအချို့ရှိသည်၊ သို့သော် ဆုတောင်းပြီးနောက်တွင် “ဒီဟာကို ငါလုပ်သင့်တာလို့ ငါထင်တယ်။ ဟိုဟာကို ငါလုပ်သင့်တာလို့ ငါထင်တယ်” ဟု တွေးလျက် သူတို့သည် ကိစ္စများကို အလေးအနက် ဆက်စဉ်းစားနေသည်။ သင့်ကိုယ်ပိုင်ဆန္ဒနောက်ကို သင်အမြဲတမ်းလိုက်ပြီး သူတို့က သင့်ကို မည်မျှမိတ်သဟာယပြုပါစေ မည်သူ့ကိုမှ သင်နားမထောင်ပေ။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခု မရှိခြင်း၏ သရုပ်သကန်မဟုတ်လော။ သမ္မာတရားစည်းမျဉ်းများကို သင်မရှာဖွေသည့်အပြင် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောကြောင့် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုပြီး ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခု ရှိသည်ဟု သင်ဆိုသောအခါ ၎င်းတို့သည် အနှစ်မပါသည့်စကားများသာဖြစ်ကြလေသည်။ ဘုရားသခင်ကို စိတ်နှလုံးများထဲ မရှိသောလူများနှင့် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုရန် မတတ်နိုင်သောလူများသည် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခု မရှိကြသောလူများဖြစ်သည်။ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သမ္မာတရားကို ရှာဖွေရန် မတတ်နိုင်ကြသောလူများနှင့် ဘုရားသခင်ကို ကျိုးနွံနာခံသောစိတ်နှလုံးတစ်ခု မရှိကြသောလူများသည် ကောင်းဆိုးကျိုးပြစ်ကို အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောလူများအားလုံးဖြစ်သည်။ အကယ်၍ လူတစ်ယောက်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အမှန်ရှိသည်ဆိုလျှင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သူတို့သည် သမ္မာတရားကို အလိုအလျောက်ရှာဖွေနိုင်ကြလိမ့်မည်။ “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရှာဖွေရန် ကျွန်ုပ် လာခဲ့ပြီ။ ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားရှိသောကြောင့် ကျွန်ုပ်လုပ်သမျှအရာတိုင်းမှာ တစ်ဦးတည်းဩဇာအာဏာရှိသူအဖြစ် ကိုယ့်ကိုယ်ကိုယ် ကျွန်ုပ် အမြဲတမ်း ဆက်ဆံသည်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို ကျွန်ုပ် အမြဲတမ်း ဆန့်ကျင်သည်။ ကျွန်ုပ် နောင်တရရမည်။ ဤနည်းအတိုင်း ဘုရားသခင်ကို ကျွန်ုပ် ဆက်ပြီး မပုန်ကန်နိုင်တော့။ ဘုရားသခင်ထံ ကျိုးနွံနာခံရန်နည်းလမ်းကို ကျွန်ုပ် သင်ယူရမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက ဘာကို ပြောသည်၊ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများက ဘာဖြစ်သည်ဆိုသည်တို့ကို ကျွန်ုပ် ရှာဖွေရမည်” ဟု သူတို့ ပထမဆုံး တွေးရမည်။ ဤသည်တို့သည် သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမှ ထွက်ပေါ်လာသည့် အတွေးများနှင့် ရည်မှန်းချက်များဖြစ်ကြသည်။ ဤသည်တို့သည် ကိစ္စများကို သင်လုပ်ရာတွင် ရှိသင့်ရှိထိုက်သောစည်းမျဉ်းများနှင့် သဘောထားတို့ဖြစ်ကြသည်။ သာမန်လူ့သဘာဝ၏ အသိစိတ်ကို သင်ပိုင်ဆိုင်သောအခါ ဤသဘောထားကို သင်ပိုင်ဆိုင်ပြီဖြစ်သည်။ သာမန်လူ့သဘာဝ၏ အသိစိတ်ကို သင်မပိုင်ဆိုင်သောအခါ ဤသဘောထားကို သင်မပိုင်ဆိုင်ပါ။ ထို့ကြောင့် သာမန်လူ့သဘာဝ၏ အသိစိတ်ကို ပိုင်ဆိုင်ခြင်းသည် အရေးပါပြီး အလွန်အရေးကြီးသည်။ ယင်းသည် လူများ သမ္မာတရားကို နားလည်ခြင်းနှင့် ကယ်တင်ခြင်းရရှိခြင်းတို့နှင့် တိုက်ရိုက်ဆက်စပ်နေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။