စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက် - အခန်း (၃)

ယနေ့သည် ကျေးဇူးတော်ခေတ်မဟုတ်တော့သကဲ့သို့၊ ကရုဏာတော်ခေတ်လည်း မဟုတ်တော့ဘဲ၊ ဘုရားသခင်၏ လူတို့ ထုတ်ဖော်ခံရသော နိုင်ငံတော်ခေတ်၊ ဘုရားသခင်က ဘုရားသဘော သဘာဝမှတဆင့် အမှုအရာများကို တိုက်ရိုက် လုပ်ဆောင်သော ခေတ်ဖြစ်သည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များ၏ ဤအခန်းတွင် ဘုရားသခင်သည် သူ့နှုတ်ကပတ်တော်များကို လက်ခံသူအားလုံးအား ဝိညာဉ်ရေးရာလောကထဲသို့ ဦးဆောင်လမ်းပြလေသည်။ အဖွင့်စာပိုဒ်တွင် သူသည် ဤပြင်ဆင်မှုများကို ကြိုတင်ပြုလုပ်ပြီး အကယ်၍ တစ်ဦးတစ်ယောက်သည် ဘုရားနှုတ်ကပတ်တော်၏ အသိပညာကို ပိုင်ဆိုင်လျှင်၊ ၎င်းသည် ဖရဲသီးကိုရဖို့ နွယ်ပင်အတိုင်း လိုက်မည် ဖြစ်ပြီး ဘုရားသခင်က သူ၏လူတို့အထဲတွင် စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည့်အရာကို တိုက်ရိုက် သဘောပေါက်လိမ့်မည် ဖြစ်သည်။ ယခင်က လူတို့သည် “အစေခံများ” ဟူသော အမည်ကို ကျင့်သုံးခြင်းအားဖြင့် စမ်းသပ်ခံခဲ့ကြရပြီး၊ ၎င်းတို့သည် စမ်းသပ်မှုကို ခံရပြီးသည့်နောက်၊ ယနေ့တွင် ၎င်းတို့၏ လေ့ကျင့်မှု တရားဝင် စတင်ပေသည်။ ထို့အပြင် လူတို့သည် အတိတ်ကာလ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ကို အခြေပြု၍ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ပို၍ ကြီးမြတ်သော အသိပညာတစ်ခု ရှိရမည် ဖြစ်ပြီး၊ နှုတ်ကပတ်တော်နှင့် ဇာတိအဖြစ်တော်၊ ဝိညာဉ်တော်နှင့် ဇာတိအဖြစ်တော်တို့ကို- တစ်ခုတည်းသော နှုတ်၊ တစ်ခုတည်းသော စိတ်နှလုံး၊ တစ်ခုတည်းသော လုပ်ဆောင်ချက်နှင့် တစ်ခုတည်းသော အရင်းအမြစ်ဖြစ်သည့်- ခွဲခြားမရနိုင်သည့် အရာတစ်ခုလုံး အဖြစ် ကြည့်ကြရမည်။ ဤသတ်မှတ်ချက်သည် ဖန်ဆင်းခြင်းကတည်းက ဘုရားသခင်က လူနှင့်သက်ဆိုင်၍ ပြုလုပ်ပြီးဖြစ်သည့် အမြင့်မားဆုံး သတ်မှတ်ချက် ဖြစ်သည်။ ဤအရာမှ ဘုရားသခင်က သူ၏လူတို့အပေါ် သူ၏ အားထုတ်မှု တစ်စိတ်တစ်ပိုင်းကို သုံးစွဲရန် ဆန္ဒရှိကြောင်း၊ ၎င်းတို့ထဲ၌ နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအရာအချို့ကို ပြသဖို့ သူ ဆန္ဒရှိကြောင်း၊ ပို၍ အရေးကြီးသည်မှာ၊ ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များ အလုံးစုံအား လူအားလုံး လိုက်နာစေဖို့ ဆန္ဒရှိကြောင်းကို တွေ့မြင်နိုင်ပေသည်။ တစ်ဖက်တွင် ဘုရားသခင်ကိုယ်တော်တိုင်သည် သူ၏သက်သေခံချက်ကို ထိန်းသိမ်းထားပြီး၊ အခြားတစ်ဖက်တွင် သူ၏လူများအပေါ် သတ်မှတ်ချက်များကို သူပြုလုပ်ပြီးဖြစ်ကာ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို လူထုထံသို့ တိုက်ရိုက် ထုတ်ပြန်ပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ငါ၏လူများဟု ခေါ်ဝေါ်သမုတ်ခြင်း ခံရကတည်းက၊ အမှုအရာတို့သည် ဖြစ်မြဲအတိုင်း မဟုတ်တော့ပေ။ ငါ့ဝိညာဉ်၏ မိန့်မြွက်ချက်များကို သင်တို့သည် အရေးစိုက်ကာ နာခံသင့်ကြပြီး၊ ငါ၏အမှုနောက် နီးကပ်စွာ လိုက်သင့်ပေသည်။ ငါတို့သည် ပင်ကိုအားဖြင့် တစ်ဦးတည်းဖြစ်ကာ သဘာဝအားဖြင့် ခြားနားခြင်း မရှိသည့်အတွက်၊ သင်တို့သည် ငါ၏ ဝိညာဉ်နှင့် လူ့ဇာတိကို ခွဲ၍မရနိုင်ပေ။ ဤအရာ၌ လူတို့ကို လူ့ဇာတိခံ ဘုရားသခင်အား လျစ်လျူရှုခြင်းမှ တားဆီးဖို့ရန်၊ “ငါတို့သည် ပင်ကိုအားဖြင့် တစ်ဦးတည်းဖြစ်ကာ သဘာဝအားဖြင့် ခြားနားခြင်း မရှိသည့်အတွက်၊” ဆိုသည့် စကားများအပေါ် အလေးပေးမှုတစ်ခု တစ်ဖန် ရှိလေ၏။ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လျစ်လျူရှုခြင်းသည် လူ၏ အားနည်းချက် ဖြစ်ပြီး ဤအရာကို ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များတွင် နောက်တစ်ကြိမ် စာရင်းမှတ်ထားလေသည်။ ဆက်လက်၍ ဘုရားသခင်က “ဆုံးရှုံးခြင်းကို ခံစားရမည် ဖြစ်ပြီး...မိမိတို့၏ ကိုယ်ပိုင် ခါးသောခွက်မှသာ သောက်သုံးနိုင်လိမ့်မည် ဖြစ်သည်။” ဟု ဆိုခြင်းအားဖြင့် မည်သည့်အရာမျှ ကွယ်ဝှက်ခြင်း မရှိဘဲ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားခြင်း၏ အကျိုးဆက်များအား လူတို့ထံ ဘုရားသခင်က အသိပေးလေသည်။ လူသည် အားနည်းသောကြောင့်၊ ဤနှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် “ခါးသောခွက်” သည် လူတို့ကို ခေတ္တခဏ တွေးဆစေဖို့ လုံလောက်သည့်အတွက် သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ပို၍ သတိထားမလာဘဲ မနေနိုင်ပေ။ လူတို့သည် ဘုရားသခင် ပြောဆိုသော ဤ “ခါးသောခွက်” နှင့်သက်ဆိုင်၍- နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခံရခြင်း သို့မဟုတ် နိုင်ငံတော်မှ နှင်ထုတ်ခံရခြင်း၊ သို့မဟုတ် အချိန်ကာလတစ်ခုကြာ အဆက်အသွယ် ဖြတ်ခံရခြင်း သို့မဟုတ် စာတန်က တစ်ဦးတစ်ယောက်၏ အသွေးအသားကို ဖောက်ပြန်ပျက်စီးစေပြီး ဝိညာဉ်ဆိုးများ၏ ဝင်ပူးခံရခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဝိညာဉ်တော်၏ စွန့်ပစ်ခံရခြင်း သို့မဟုတ် မရဏနိုင်ငံသို့ မိမိ၏ခန္ဓာ အဆုံးသတ်ခံရပြီး နှင်ထုတ်ခံရခြင်း ဟူသည့်- အနက်ဖွင့်ဆိုချက် များစွာ ရှိကြလေသည်။ ဤအနက်ပြန်မှုများသည် လူတို့၏ အတွေးဖြင့် စွမ်းဆောင်ရရှိနိုင်သည့် အရာ ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့၏ စိတ်ကူးများထဲတွင်၊ လူတို့သည် ယင်းတို့ထက် လွန်၍ သွားနိုင်စွမ်း မရှိကြချေ။ သို့သော် ဘုရားသခင်၏ အကြံအစည်သည် လူ၏ ထိုအကြံအစည်များနှင့် မတူချေ။ ဆိုလိုသည်မှာ “ခါးသောခွက်” သည် အထက်ပါအရာများထဲမှ မည်သည့်အရာကိုမျှ ရည်ညွှန်းခြင်း မဟုတ်ဘဲ၊ ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခြင်းကို ရရှိပြီးနောက် ဘုရားသခင်နှင့် ပတ်သက်သည့် လူတို့၏ အသိပညာ အတိုင်းအတာကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဤအရာကို သာ၍ရှင်းလင်းစွာ ပြောရလျှင်၊ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် သူ၏ နှုတ်ကပတ်တော်များကို ထင်ရာမြင်ရာ ခွဲခြားသောအခါ၊ သို့မဟုတ် နှုတ်ကပတ်တော်များနှင့် ဇာတိအဖြစ်တော် သို့မဟုတ် ဝိညာဉ်တော်နှင့် မိမိကိုယ်ကိုယ် ယူတင်ဝတ်ဆင်သော လူ့ဇာတိတို့ကို ခွဲခြားသောအခါ၊ ဤလူသည် ဘုရားသခင်ကို သူ၏နှုတ်ကပတ်တော်များထဲ၌ သိနိုင်စွမ်း မရှိသည်သာမက၊ ဘုရားသခင်ကို ၎င်းတို့ အနည်းငယ် သံသယ ဖြစ်နေပါက၊ ၎င်းတို့သည် အချိန်တိုင်းတွင် မျက်ကန်း ဖြစ်လာကြလိမ့်မည် ဖြစ်သည်။ ယင်းမှာ လူတို့တွေးထင်သကဲ့သို့ ၎င်းတို့ တိုက်ရိုက် အဆက်ဖြတ်ခံရခြင်း မဟုတ်။ ထို့ထက် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုထဲသို့ ၎င်းတို့ တဖြည်းဖြည်း ကျရောက်ကြခြင်း ဖြစ်သည်- ဆိုလိုသည်မှာ ၎င်းတို့သည် ကြီးမားသောကပ်ဘေးများထဲသို့ သက်ဆင်းကြခြင်း ဖြစ်ပြီး ၎င်းတို့သည် ဝိညာဉ်ဆိုးများ ဝင်ပူးခြင်းခံရပြီးဖြစ်သည့်အလား၊ ပြီးလျှင် ၎င်းတို့ သွားသည့်နေရာတိုင်း၌ အရာဝတ္ထုများကို တိုက်မိရင်း ဦးခေါင်းမပါသည့် ယင်ကောင်တစ်ကောင် ဖြစ်သည့်အလား မည်သူမျှ ၎င်းတို့နှင့် သဟဇာတ မဖြစ်နိုင်ပေ။ ဤသို့ဖြစ်သော်ငြားလည်း ၎င်းတို့သည် စွန့်ခွာနိုင်စွမ်း မရှိကြသေးပေ။ ၎င်းတို့ စိတ်နှလုံးများထဲ၌ ပြောမထွက်နိုင်အောင်ဆိုးရွားသော ဒုက္ခဝေဒနာ ရှိသည့်အလား၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် အမှုအရာတို့သည် ဖော်မပြနိုင်လောက်အောင် ခက်ခဲသော်လည်း- ၎င်းတို့၏ နှုတ်များကို ဖွင့်မဟနိုင်သကဲ့သို့၊ ဘုရားသခင်ကို မခံစားနိုင်ကြဘဲ၊ မိန်းမောခြင်း၌ တစ်နေ့လုံး အချိန်ကုန်လွန်စေကြလေသည်။ ယင်းမှာ ၎င်းတို့သည် ပျော်မွေ့မှု မရှိသော်ငြား၊ အသင်းတော်ကို မစွန့်ခွာဝံ့စေဖို့အလို့ငှာ ဤသို့သော အခြေအနေများ အောက်တွင် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များက ၎င်းတို့ကို ခြိမ်းခြောက်ခြင်း ဖြစ်ပေသည်- ဤသည်မှာ “အတွင်း၊ အပြင် တိုက်ခိုက်ခြင်း” ဟု ခေါ်သောအရာ ဖြစ်ပြီး လူတို့အတွက် သည်းခံဖို့ရာ အလွန်အမင်း ခက်ခဲသောအရာ ဖြစ်သည်။ ဤနေရာ၌ ပြောဆိုပြီးသောအရာသည် လူတို့၏ အယူအဆများနှင့် ကွဲပြားခြားနားပြီး- ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ထိုအခြေအနေများ အောက်တွင် ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေဖို့ သိနေကြဆဲဖြစ်သောကြောင့် ဖြစ်သည်၊ ပြီးလျှင် ဤအရာသည် ဘုရားသခင်က ၎င်းတို့ကို ကျောခိုင်းသောအချိန်တွင် ဖြစ်ပျက်ပြီး၊ ပို၍အရေးကြီးသောအရာမှာ မယုံကြည်သူတစ်ဦးကဲ့သို့ပင် ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ခံစားနိုင်စွမ်း မရှိကြပေ။ ဘုရားသခင်သည် ထိုသို့သောလူတို့ကို တိုက်ရိုက် မကယ်တင်ပေ။ ၎င်းတို့၏ ခါးသောခွက် အလွတ် ဖြစ်သွားသည့်အချိန်သည် ၎င်းတို့၏ နောက်ဆုံးသောနေ့ရက် ဆိုက်ရောက်ပြီဖြစ်သည့် အချိန်ဖြစ်သည်။ သို့သော် ဤအခိုက်အတန့်တွင် ၎င်းတို့သည် အနည်းငယ်မျှသာ ပိုမိုပျော်မွေ့ရန် ဆန္ဒရှိရင်း ဘုရားသခင်၏အလိုတော်ကို ရှာဖွေဆဲ ဖြစ်သော်လည်း- အထူးသီးသန့် အခြေအနေများမရှိပါက၊ ဤအချိန်သည် အတိတ်နှင့် ကွဲပြားခြားနားပေသည်။

ဤအရာနောက်တွင်၊ ဘုရားသခင်သည် အပြုသဘောဆောင်သော ရှုထောင့်များကိုလည်း အားလုံးထံ ရှင်းပြသည်၊ ထို့ကြောင့်- ယခင်က အစေခံများ၌ အသက်မရှိဟု ဘုရားသခင် ဆိုခဲ့သော်လည်း၊ ယနေ့တွင် ဘုရားသခင်သည် “အတွင်း၌ ပါရှိသော အသက်” နှင့်သက်ဆိုင်၍ ရုတ်တရက် ပြောဆိုသည့်အတွက်- ၎င်းတို့သည် နောက်ထပ်တစ်ကြိမ် အသက်ကို ရရှိကြလေသည်။ အသက်အကြောင်း ပြောဆိုခြင်းဖြင့်သာ လူတို့သည် ၎င်းတို့အတွင်း၌ ဘုရားသခင်၏ အသက် ရှိနိုင်သေးသည်ကို သိရှိကြသည်။ ဤနည်းဖြင့် ၎င်းတို့၏ ဘုရားသခင်ကို ချစ်ခြင်းသည် နှစ်တိုးအချို့ဖြင့် တိုးပွားပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတော်တို့နှင့်ပတ်သက်သည့် ပိုမိုကြီးမားသော အသိပညာကို ၎င်းတို့ရရှိကြပေသည်။ ထို့ကြောင့် ဤနှုတ်ကပတ်တော်များကို ရှုမြင်ပြီးနောက်တွင်၊ လူအားလုံးသည် ၎င်းတို့၏ ယခင်အမှားများကို နောင်တရကြပြီး နောင်တမျက်ရည်များ တိတ်တဆိတ် စီးဆင်းကြလေသည်။ အများစုကလည်း ဘုရားသခင်ကို ကျေနပ်စေမည်ဟု ၎င်းတို့၏ စိတ်များတွင် တိတ်တဆိတ် စိတ်ပိုင်းဖြတ်ထားကြ၏။ တစ်ခါတစ်ရံတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အတွက် လက်ခံရန် ခဲယဉ်းစေလျက်၊ လူတို့၏အတွင်းကျကျ စိတ်နှလုံးကို ထိုးဖောက်ပြီး လူတို့အတွက် အေးအေးချမ်းချမ်းနေဖို့ ခက်ခဲစေလေသည်။ တစ်ခါတစ်ရံ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် စစ်မှန်ပြီး လေးနက်ကာ လူတို့၏ စိတ်နှလုံးများကို နွေးထွေးစေသည်မှာ ၎င်းတို့ကို လူတို့ ဖတ်ရှုပြီးနောက်တွင်၊ သိုးသငယ်တစ်ကောင်က နှစ်များစွာ ပျောက်ဆုံးပြီးနောက် ၎င်း၏မိခင်ကို ပြန်တွေ့ရသည့် အချိန်ကဲ့သို့ ဖြစ်လေသည်။ ၎င်းတို့ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေသည်၊ ၎င်းတို့သည် စိတ်ခံစားချက်များဖြင့် မွှန်ထူသွားကြကာ ရှိုက်ငိုမှုများဖြင့် ဖိစီးလျက် ဘုရားသခင်ကို ၎င်းတို့၏ သစ္စာစောင့်သိခြင်းအား ပြသဖို့ရန်အတွက် ၎င်းတို့၏ စိတ်နှလုံးများ၌ နှစ်များစွာ ရှိပြီးဖြစ်သော ဖော်မပြနိုင်သည့် နာကျင်မှုဝေဒနာမှ လွတ်မြောက်ရင်း၊ ဘုရားသခင်၏ ထွေးပွေ့မှုထဲသို့ မိမိကိုယ်ကိုယ် ပစ်ဝင်ရန် တရွရွ ဖြစ်နေကြလေသည်။ လပေါင်းအချို့ စမ်းသပ်မှု ခံရခြင်းကြောင့်၊ ၎င်းတို့သည် ယခုလေးတင် စိတ်ဒဏ်ရာ ခံစားရကြပြီးဖြစ်သည့်အလား၊ နှစ်ပေါင်းများစွာ အိပ်ရာထက် လဲလျောင်းနေခဲ့ရသည့် လူမမာတစ်ဦးကဲ့သို့၊ အနည်းငယ် စိတ်ထိခိုက်မှု လွန်ကဲလာကြပြီးဖြစ်သည်။ ဘုရားသခင့် နှုတ်ကပတ်တော်များ၌ ၎င်းတို့၏ ယုံကြည်ခြင်းကို တစ်ပြားသား မလျော့စေရန်၊ ဘုရားသခင်သည် အောက်ပါအတိုင်း အကြိမ်များစွာ အလေးပေးခဲ့သည်- “ငါ့အမှု၏ နောက်အဆင့်သည် ချောချာမွေ့မွေ့နှင့် အဆီးအတားမရှိ ရှေ့ဆက်နိုင်ရန်အလို့ငှာ၊ ငါ၏ အိမ်တော်ထဲ ရှိသူတို့အားလုံးကို စမ်းသပ်ရန် နှုတ်ကပတ်တော်များ၏ စစ်ဆေးမှုကို ငါ အသုံးပြု၏။” ဤနေရာတွင်၊ ဘုရားသခင်က “ငါ့အိမ်၌ ရှိသောသူတို့အားလုံးကို စမ်းသပ်ရန်၊” ဟု ဆိုခဲ့သည်။ သေချာဖတ်ရှုခြင်းက လူတို့သည် အစေခံသူများကဲ့သို့ ပြုမူသောအခါ၊ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်တွင်းရှိ လူများဖြစ်နေဆဲ ဖြစ်သည်ကို ပြောနေပေသည်။ ထို့အပြင် ဤနှုတ်ကပတ်တော်များက လူတို့ကို ၎င်းတို့၏ စိတ်နှလုံးများထဲ၌ စိတ်သက်သာမှု အတိုင်းအတာ တစ်ခုအထိ ဆောင်ကြဉ်းပေးရင်း၊ “ဘုရားသခင်၏ လူများ” ဟူသော အမည်နာမအပေါ် ဘုရားသခင်၏ မှန်ကန်မှုကို အလေးပေး ဖော်ပြပေသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် သို့မဟုတ် “ဘုရားသခင်၏လူများ” ဟူသော အမည်နာမသည် ထုတ်ဖော်ခံရဖို့ လိုသေးသည့်အချိန်တွင် အဘယ်ကြောင့် ဘုရားသခင်သည် လူတို့ထဲက သရုပ်သကန်များစွာကို ထပ်တလဲလဲ ထောက်ပြခဲ့သနည်း။ ယင်းမှာ ဘုရားသခင်သည် လူ၏ စိတ်နှလုံးထဲသို့ နက်ရှိုင်းစွာ ကြည့်ရှုတတ်သည့် ဘုရားဖြစ်သည်ကို ဖော်ပြဖို့အတွက်သာ ဖြစ်သလော။ ဤသည်မှာ အကြောင်းပြချက်၏ အစိတ်အပိုင်းမျှသာ ဖြစ်ပြီး- ဤနေရာတွင် ယင်းသည် သာမည အရေးပါမှုသာ ဖြစ်သည်။ ဘုရားသခင်သည် လူအားလုံးကို လုံးဝ ယုံကြည်လက်ခံစေရန် သို့မဟုတ် လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ၎င်းတို့၏ မိမိတို့၏ကိုယ်ပိုင် ချို့ယွင်းချက်များကို သိရှိပြီး၊ အသက်တာနှင့် စပ်လျဉ်း၍ ၎င်းတို့၏ ယခင် မိမိတို့၏ကိုယ်ပိုင် ဟာကွက်များကို သိရှိရန်အလို့ငှာနှင့်၊ ပို၍ အရေးကြီးသည်မှာ အမှု၏ နောက်အဆင့်အတွက် အခြေခံအုတ်မြစ်ကို ချရန်အလို့ငှာ ထိုသို့လုပ်ဆောင်ခြင်း ဖြစ်ပေသည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိရှိခြင်း အခြေခံအုတ်မြစ်ပေါ် အခြေပြု၍သာ ဘုရားသခင်ကို သိရှိရန်နှင့် ဘုရားသခင်ကို အတုယူခြင်းအား လိုက်စားရန် ကြိုးပမ်းနိုင်ပေသည်။ ဤနှုတ်ကပတ်တော်များကြောင့် လူတို့သည် အပျက်သဘောဆောင်ပြီး မတုန်မလှုပ် အဖြစ်မှ အပြုသဘောဆောင်ပြီး အခြေအနေ ဖန်တီးလုပ်ဆောင်သော အဖြစ်သို့ ပြောင်းလဲသွားကြပြီး ဤအရာက ဘုရားသခင်၏ အမှု၏ ဒုတိယအပိုင်းကို အခြေကျနိုင်စေသည်။ ယင်းမှာ အခြေခံအုတ်မြစ်အဖြစ် အမှု၏ ဤအဆင့်နှင့်အတူ၊ ဘုရားသခင်၏ အမှု၏ ဒုတိယပိုင်းသည် အားထုတ်မှု အနည်းငယ်မျှသာ လိုအပ်လျက် လွယ်ကူသော ကိစ္စရပ်တစ်ခု ဖြစ်လာသည်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများအတွင်းရှိ ဝမ်းနည်းမှုကို ထုတ်ပယ်ပစ်ကာ အပြုသဘောဆောင်ပြီး အခြေအနေဖန်တီး ယူလာကြသောအခါတွင်၊ ဘုရားသခင်သည် မိမိလူတို့နှင့်ဆိုင်သည့် အခြားသတ်မှတ်ချက်များကို ပြုလုပ်ရန် ဤအခွင့်အရေးကို အသုံးပြုလေသည်- “ငါ့နှုတ်ကပတ်တော်များကို အချိန်မရွေး သို့မဟုတ် နေရာမရွေး ထုတ်ပြန်ကာ ဖော်ပြထားပြီး၊ ထို့ကြောင့် သင်တို့သည်လည်း ငါ့ရှေ့မှောက်တွင် မိမိတို့ကိုယ်ကိုယ် အချိန်တိုင်း သိရှိသင့်ပေသည်။ အကြောင်းမှာ ယနေ့သည် အမှန်စင်စစ် ယခင် ဖြစ်ခဲ့သည့်အရာနှင့် မတူသကဲ့သို့၊ သင်သည် သင် ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို မပြီးမြောက်နိုင်တော့ပေ။ ယင်းအစား သင်သည် ငါ့နှုတ်ကပတ်တော်၏ လမ်းညွှန်မှုအောက်၌ သင်၏ခန္ဓာကိုယ်အား ချိုးနှိမ်နိုင်စွမ်း ရှိရမည်၊ ငါ၏နှုတ်ကပတ်တော်များကို သင်၏ အဓိက ပံ့ပိုးမှုအဖြစ် အသုံးပြုရမည် ဖြစ်ပြီး မဆင်မခြင် မပြုမူရပေ။” ဤအရာ၌၊ ဘုရားသခင်က “ငါ့နှုတ်ကပတ်တော်များ” ကို အဓိက အလေးပေးထား၏၊ အတိတ်ကာလတွင်လည်း၊ သူသည် “ငါ၏နှုတ်ကပတ်တော်များ” ကို အကြိမ်ပေါင်းများစွာ ရည်ညွှန်းခဲ့ပြီး၊ ထို့ကြောင့် လူအသီးသီးက ဤအရာကို အာရုံမစိုက်ဘဲ မနေနိုင်ကြပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှု နောက်တစ်ဆင့်၏ ဗဟိုချက်ကို ညွှန်ပြထားပေသည်။ လူအားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အာရုံစိုက်ရမည် ဖြစ်ပြီး အခြားမည်သည့် ချစ်မြတ်နိုးသောအရာမျှ ရှိ၍မရပေ။ အားလုံးက ဘုရားသခင်၏နှုတ်တော်မှ ပြောဆိုသော စကားများကို ချစ်ခင်မြတ်နိုးရမည် ဖြစ်ပြီး ယင်းတို့ကို ပေါ့‌ပေါ့တန်တန် သဘောမထားရ။ ထို့ကြောင့် လူတစ်ဦးက ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရွတ်ပြီး လူများစွာက အာမင်ဟုဆိုကာ နာခံကြမည့်အခါတွင်၊ အသင်းတော်ထဲက ယခင် အခြေအနေများ အဆုံးသတ်လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မသိရှိခဲ့ကြသော်လည်း၊ မိမိတို့ကိုယ်ကိုယ် ကာကွယ်ဖို့ရန် အသုံးပြုသည့် လက်နက်တစ်ခုအဖြစ် သဘောထားခဲ့ကြ၏။ ဤအရာကို ပြောင်းပြန် လှန်ဖို့ရန်၊ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် လူနှင့်သက်ဆိုင်၍ သစ်လွင်ပြီး ပိုမိုမြင့်မားသည့် တောင်းဆိုချက်များကို ပြုလေသည်။ ဘုရားသခင်၏ မြင့်မားသော စံချိန်စံညွှန်းများနှင့် တင်းကြပ်သော သတ်မှတ်ချက်များကို မြင်တွေ့ပြီးနောက် အပျက်သဘောဆောင်လာပြီး မတုန်မလှုပ်ဖြစ်ခြင်းမှ လူတို့ကို တားဆီးဖို့ရန်၊ ဘုရားသခင်က- “အမှုအရာတို့သည် ယနေ့ကဲ့သို့သော အခြေအနေတစ်ခုထိ ရောက်လာပြီး ဖြစ်သည့်အတွက်၊ အတိတ်က သင်တို့၏ လုပ်ဆောင်ချက်များနှင့် လုပ်ရပ်များနှင့်ပတ်သက်၍ သင်တို့သည် အလွန် စိတ်ထိခိုက်ခံစားပြီး ဝမ်းပန်းတနည်းဖြစ်ရန် မလိုအပ်ပေ။ ငါ၏ သဘောထားကြီးခြင်းသည် ပင်လယ်များနှင့် မိုးကောင်းကင်ကဲ့သို့ အကန့်အသတ် မဲ့ဖြစ်သည်- လူသား၏ တတ်စွမ်းနိုင်မှုများနှင့် ငါနှင့်သက်ဆိုင်သော အသိပညာတို့ကို ငါသည် အဘယ်သို့ ကောင်းစွာ အကျွမ်းဝင်ခြင်း မရှိနိုင်မည်နည်း။” ဟုဆိုရင်း အကြိမ်ပေါင်းများစွာ လူတို့ကို အားပေးခဲ့သည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးများအတွင်းရှိ အားနည်းချက်များကို ဖမ်းကိုင်ခြင်းအားဖြင့် စကားပြောသည့်အတွက်၊ ဤလေးနက်ပြီး စစ်မှန်သော နှုတ်ကပတ်တော်များက၊ လူတို့၏ စိတ်များကို ရုတ်တရက် ဖွင့်ဟပေးပြီး ၎င်းတို့ကို စိတ်ပျက်ခြင်းမှ ဘုရားသခင်ကို ချစ်ခြင်းသို့၊ အပြုသဘောဆောင်ပြီး အခြေအနေကို ဖန်တီးလုပ်ဆောင်သော အဖြစ်သို့ ချက်ချင်း ခေါ်ဆောင်သွားလေသည်။ ယင်းကို သတိပြုမိခြင်းမရှိဘဲ၊ လူတို့သည် ၎င်းတို့၏ အတိတ်က လုပ်ရပ်များကြောင့် ဘုရားသခင်၏ ရှေ့မှောက်တွင် အမြဲ ရှက်ကြောက်ခြင်း ခံစားကြရပြီး နောင်တကို အဖန်ဖန် ဖော်ပြကြလေသည်။ ထို့ကြောင့် လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြင်းထန်ပြီး ငြီးငွေ့ဖွယ်ကောင်း သည်ဟု မခံစားရဘဲ ခက်ထန်ပြီး နူးညံ့ကာ ရှင်းလင်းပြတ်သားပြီး အသက်ပါသည်ဟု ခံစားစေရန်အလို့ငှာ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကို အထူးသဖြင့် လွယ်လွယ်ကူကူနှင့် ပုံမှန် ထုတ်ဖော်ပြလေသည်။

ဖန်ဆင်းခြင်းမှ ယနေ့ထိတိုင်၊ ဘုရားသခင်သည် လူသားအတွက် အရာခပ်သိမ်းကို ဝိညာဉ်လောကမှ တိတ်တဆိတ် စီစဉ်ပေးထားပြီးဖြစ်ကာ လူသားထံ ဝိညာဉ်ရေးရာလောက၏အမှန်တရားကို မည်သည့်အခါမျှ ဖော်မပြခဲ့ပေ။ သို့သော် ယနေ့တွင် ဘုရားသခင်သည် ယင်းအတွင်းရှိ သဲကြီးမဲကြီး ဆက်လက် ဖြစ်ပွားနေသော စစ်ပွဲနှင့်ဆိုင်သည့် ခြုံငုံသုံးသပ်ချက်တစ်ခုကို ရုတ်တရက် ပေးလေသည်၊ ယင်းက လူတို့အား အကြံအိုက်သွားစေသည်။ ဘုရားသခင်သည် နက်နဲပြီး နားလည်၍ မရနိုင်ဟူသော ၎င်းတို့၏ အသိစိတ်ကို နက်သည်ထက် နက်လာစေပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အရင်းအမြစ်ကို ရှာတွေ့ဖို့ ၎င်းတို့အတွက် ပို၍ပင် ခက်ခဲစေလေသည်။ ယင်းမှာ ဝိညာဉ်လောက၏ စစ်ပွဲဖြစ်နေသော အခြေအနေက လူအားလုံးကို စိတ်ဝိညာဉ်ထဲသို့ ခေါ်ဆောင်သည်ဟု ဆိုနိုင်ပေသည်။ ဤသည်မှာ အနာဂတ် အမှု၏ ပထမဦးဆုံး အရေးကြီးသည့် အစိတ်အပိုင်းဖြစ်ပြီး၊ လူတို့အား ဝိညာဉ်ရေးရာ လောကထဲသို့ ဝင်ရောက်နိုင်စေသည့် သဲလွန်စ ဖြစ်သည်။ ဤအရာမှ ဘုရားသခင်၏ အမှု၏ နောက်အဆင့်သည် ဝိညာဉ်ကို အဓိက ပစ်မှတ်ထားကြောင်း တွေ့မြင်နိုင်ပြီး၊ ယင်း၏ အဓိက ရည်မှန်းချက်မှာ လူ့ဇာတိအတွင်းရှိ ဘုရားဝိညာဉ်တော်၏ အံ့ဖွယ်လုပ်ဆောင်မှုများနှင့် သက်ဆိုင်သည့် သာ၍ ကြီးမြတ်သော အသိပညာကို လူအားလုံးအား ပေးရန်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်ကို သစ္စာစောင့်သိသူအားလုံးကို စာတန်၏မိုက်မဲမှု၊ သဘာဝနှင့်ပတ်သက်သည့် သာ၍ ကြီးမြတ်သော အသိပညာကို ပေးရန်ဖြစ်သည်။ ၎င်းတို့သည် ဝိညာဉ်လောကထဲ၌ မမွေးဖွားခဲ့သော်လည်း၊ စာတန်ကို ရှုမြင်ရပြီးဖြစ်သည့်အလား ၎င်းတို့ ခံစားရပြီး၊ ၎င်းတို့ ဤခံစားချက်ရှိသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် ချက်ခြင်း အခြား စကားပြောခြင်းနည်းလမ်းကို ပြောင်းလဲလေသည်- ပြီးလျှင် လူတို့သည် ဤစဉ်းစားတွေးခေါ်မှု နည်းလမ်းကို ရရှိပြီးဖြစ်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်က၊ “ငါသည် အဘယ်ကြောင့် သင်တို့ကို ထိုသို့ အရေးတကြီး လေ့ကျင့် ပေးနေသနည်း။ ဝိညာဉ်ရေးရာ လောက၏ အချက်အလက်များကို သင်တို့အား အဘယ်ကြောင့် ငါပြောပြသနည်း။ အဘယ်ကြောင့် ငါသည် သင်တို့ကို အထပ်ထပ် အခါခါ သတိပေးပြီး တိုက်တွန်းသနည်း။” ဟု မေးလေသည်။ ဆက်လက်၍- လူတို့၏ စိတ်များတွင် မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်စေသော မေးခွန်းတသီတတန်းများ တစ်ခုလုံး ဖြစ်သည့်- ဘုရားသခင်သည် ဤလေသံဖြင့် အဘယ်ကြောင့် စကားပြောသနည်း။ အသင်းတော် တည်ဆောက်ခြင်း ကာလအတွင်းတွင် ဝိညာဉ်ရေးရာ လောက အကြောင်းကိစ္စများကို သူသည် အဘယ်ကြောင့် ပြောဆိုပြီး လူတို့နှင့်ဆိုင်သည့် သူ၏တောင်းဆိုချက်များအကြောင်းကို မပြောရသနည်း။ အဘယ်ကြောင့် ဘုရားသခင်သည် နက်နဲသော အရာများကို ထုတ်ဖော်ပြခြင်းအားဖြင့် လူတို့၏ အယူအဆများကို မထိုးနှက်ရသနည်း။ အနည်းငယ်ပို၍ အတွေးနယ်ချဲ့ခြင်း သက်သက်အားဖြင့်၊ ဘုရားသခင်၏ အမှု၏ အဆင့်များနှင့်ဆိုင်သော အသိပညာအနည်းငယ်ကို လူတို့ ဆည်းပူးကြပြီး၊ ထိုသို့ဖြင့် အနာဂတ်တွင် စုံစမ်းသွေးဆောင်ခြင်းများနှင့် ၎င်းတို့ကြုံတွေ့ရသောအခါ၊ ၎င်းတို့ထဲတွင် စာတန်အပေါ် စစ်မှန်သော စက်ဆုပ်ခြင်း အသိစိတ်တစ်ခု ပေါက်ဖွားလေသည်။ ပြီးလျှင် အနာဂတ်တွင် စမ်းသပ်မှုများနှင့် ၎င်းတို့ ကြုံရသောအခါတွင်ပင် ၎င်းတို့သည် ဘုရားသခင်ကို သိနိုင်ကြဆဲဖြစ်ပြီး စာတန်ကို သာ၍ လေးလေးနက်နက် ရွံ့ရှာမုန်းတီးနိုင်ဆဲဖြစ်ကာ၊ ထိုသို့ဖြင့် စာတန်ကို ကျိန်ဆဲနိုင်ကြဆဲ ဖြစ်လေသည်။

အဆုံးတွင် လူသားထံ ဘုရားသခင်၏အလိုကို လုံးဝ ထုတ်ဖော်ပြထားသည်- “ငါ၏နှုတ်ကပတ်တော် အသီးသီးကို သင်၏ စိတ်ဝိညာဉ်များ အတွင်း၌ အမြစ်တွယ်စေကာ ပွင့်လန်းစေပြီး၊ အကျိုးဖြစ်ထွန်းစေခွင့်ပေးရင်းနှင့်၊ သာ၍အရေးကြီးသည်မှာ ပိုမိုအသီးသီး ခွင့်ပေးရင်း...ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ငါတောင်းဆိုသောအရာသည် တောက်ပပြီး စိမ်းလန်းစိုပြည် သန်စွမ်းသည့် ပန်းများမဟုတ်ဘဲ၊ အလျှံပယ် အသီး၊ ယင်း၏ ရင့်မှည့်မှု ဆုံးရှုံးမသွားသော အသီးဖြစ်သောကြောင့် ဖြစ်သည်”။ သူ၏လူတို့နှင့်ဆိုင်သည့် ဘုရားသခင်၏ ထပ်ခါတလဲလဲ တောင်းဆိုမှုများအနက်၊ အားလုံးထဲတွင် ဤသည်မှာ အပြည့်စုံဆုံးသော အရာဖြစ်ပြီး၊ အဓိကအချက်ဖြစ်ကာ လွယ်ကူရှင်းလင်းသော ပုံစံဖြင့် တင်ပြပေးထားပေသည်။ ငါသည် လူ့သဘာဝထဲ၌ အမှုပြုခြင်းမှ ပြည့်ဝသော ဘုရားသဘောသဘာဝထဲ၌ အမှုပြုခြင်းသို့ ကူးပြောင်းပြီး ဖြစ်သည်။ ထို့ကြောင့် အတိတ်ကာလတွင် ငါ၏ ရိုးစင်းသော ပြောစကားများထဲ၌၊ မည်သည့် နောက်ထပ် ဖြေရှင်းချက်မျှ ဖြည့်စွက်ရန် ငါ့အတွက် မလိုအပ်ခဲ့သကဲ့သို့၊ လူအများစုသည် ငါ့နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို နားလည်သဘောပေါက်နိုင်ခဲ့ကြ၏။ ရလဒ်မှာ ထိုအချိန်က လိုအပ်သမျှအရာအားလုံးမှာ လူတို့အတွက် ငါ၏နှုတ်ကပတ်တော်ကို သိရှိရန်ဖြစ်ပြီး လက်တွေ့အရှိတရားကို ပြောဆိုနိုင်စွမ်းရှိရန် ဖြစ်သည်။ သို့သော် ဤအဆင့်သည် အလွန်အမင်း ကွဲပြားခြားနား၏။ ငါ၏ ဘုရားသဘောသဘာဝက လုံးဝလွှဲပြောင်းယူပြီးဖြစ်ကာ လူ့သဘာဝကို ပါဝင်ဆောင်ရွက်ဖို့ရန်အတွက် နေရာမပေးတော့ပေ။ ထို့ကြောင့် ငါ၏လူတို့အလယ်မှ လူများအနေဖြင့် ငါ၏နှုတ်ကပတ်တော်များ၏ စစ်မှန်သောအဓိပ္ပာယ်ကို နားလည်ရန် ဆန္ဒရှိလျှင်၊ ၎င်းတို့သည် အဆုံးစွန်သော အခက်အခဲရှိကြလေသည်။ ငါ၏ မိန့်မြွက်ချက်များ မှတစ်ဆင့်သာ၊ ၎င်းတို့သည် အသိဉာဏ်ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်းကို ရရှိနိုင်ကြပြီး၊ ဤလမ်းကြောင်းမှတစ်ဆင့် မဟုတ်ပါက၊ ငါ့နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်ကို နားလည်သဘောပေါက်ခြင်း နှင့်ဆိုင်သည့် မည်သည့်အတွေးများမဆိုသည် အချည်းနှီး စိတ်ကူးယဉ်မှုများသာ ဖြစ်ကြ၏။ လူအားလုံးသည် ငါ၏မိန့်မြွက်ချက်များကို လက်ခံပြီးနောက် ငါနှင့်သက်ဆိုင်သော သာ၍ ကြီးမြတ်သည့် အသိပညာကို ရှိကြသောအချိန်သည် ငါ၏လူတို့က ငါ့ကို ထုတ်ဖော်အသက်ရှင်သောအချိန်ဖြစ်၏၊ ယင်းသည် လူ့ဇာတိ၌ ငါ၏အမှု ပြီးစီးသောအချိန်ဖြစ်ပြီး၊ ငါ၏ ဘုရားသဘောသဘာဝသည် လူ့ဇာတိ၌ လုံးဝ အသက်ရှင်နေထိုင်သောအချိန် ဖြစ်သည်။ ဤအခိုက်အတန့်တွင်၊ လူအားလုံးသည် လူ့ဇာတိထဲရှိ ငါ့ကို သိရှိကြလိမ့်မည်ဖြစ်ပြီး၊ လူ့ဇာတိ၌ ဘုရားသခင်ပေါ်ထွန်းသည်ဟု အမှန်တကယ် ပြောနိုင်ကြမည်ဖြစ်ကာ၊ ဤသည်မှာ အကျိုးအမြတ် ဖြစ်ပေလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က အသင်းတော် တည်ဆောက်ခြင်းကို ငြီးငွေ့သွားပြီဆိုသည့် နောက်ထပ် သက်သေအထောက်အထား ဖြစ်ပြီး- ယင်းမှာ- “ဖန်လုံအိမ်အတွင်းရှိ ပန်းတို့သည် ကြယ်များကဲ့သို့ မရေမတွက်နိုင်အောင် များပြားပြီး သဘောကျနှစ်သက်သော လူစုလူဝေးအားလုံးကို ဆွဲဆောင်သော်လည်း၊ ၎င်းတို့ ညှိုးနွမ်းသည်နှင့် တစ်ပြိုင်နက် စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များကဲ့သို့ ဆိုးရွားစွာ စုတ်ပြတ်လာကြပြီး ၎င်းတို့ကို အဘယ်သူမျှ စိတ်ဝင်စားခြင်း မရှိကြချေ။” ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် အသင်းတော် တည်ဆောက်ခြင်း အချိန်ကာလ အတောအတွင်းတွင် ကိုယ်တိုင်ကိုယ်ကျ အမှုပြုခဲ့သော်လည်း၊ သူသည် အမြဲသစ်လွင်ပြီး ဘယ်သောအခါမျှ မအိုဟောင်းသော ဘုရားသခင် ဖြစ်သောကြောင့်၊ အတိတ်၏ ကိစ္စရပ်များအတွက် တသလွမ်းဆွတ်မှု မရှိပေ။ အတိတ်ကို လူတို့ ပြန်လည်တွေးတောခြင်းအား တားဆီးရန်၊ သူက “၎င်းတို့သည် စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များကဲ့သို့ ဆိုးရွားစွာ စုတ်ပြတ်လာကြသည်။” ဟူသော စကားလုံးများကို အသုံးပြုခဲ့သည်၊ ယင်းက ဘုရားသခင်သည် အယူဝါဒကို လိုက်နာခြင်း မရှိကြောင်း ပြသပေသည်။ လူအချို့က ဘုရားသခင်၏အလိုကို အဓိပ္ပာယ် ကောက်လွဲကြပြီး၊ ယင်းမှာ ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သောအမှု ဖြစ်သည့်အတွက် အဘယ်ကြောင့် သူက “၎င်းတို့ ညှိုးနွမ်းသည်နှင့် တစ်ပြိုင်နက် ၎င်းတို့ကို အဘယ်သူမျှ စိတ်ဝင်စားခြင်း မရှိကြချေ။” ဟု ဆိုခဲ့ရသနည်းဟူ၍ မေးကောင်းမေးနိုင်သည်။ ဤနှုတ်ကပတ်တော်များက လူတို့ကို ထုတ်ဖော်ပြချက် တစ်ခု ပေး၏။ အရေးကြီးဆုံးသောအရာမှာ ယင်းတို့က လူအားလုံးအား သစ်လွင်ပြီး မှန်ကန်သည့် စမှတ် တစ်ခုကို ရှိခွင့်ပေးခြင်း ဖြစ်သည်။ ထို့နောက်တွင်မှ ဘုရားသခင်၏အလိုကို ၎င်းတို့ ကျေနပ်စေနိုင်ကြမည် ဖြစ်သည်။ နောက်ဆုံးတွင် ဘုရားသခင်၏ လူတို့သည် အတင်းအကျပ် မလုပ်ရဘဲ၊ စစ်မှန်ပြီး ၎င်းတို့၏ စိတ်နှလုံးများမှလာသော ချီးမွမ်းမှုကို ဘုရားသခင်အား ပေးနိုင်ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ ဗဟိုချက်နေရာ၌ ရှိသော အရာဖြစ်သည်။ ဆိုလိုသည်မှာ ယင်းသည်- မရေရာသောဘုရားကို ၎င်းတို့ ငြင်းပယ်ပြီး၊ ယနေ့နှင့်သက်ဆိုင်သကဲ့သို့ ယမန်နေ့နှင့်သက်ဆိုင်သူလည်း ဖြစ်ပြီး၊ ထို့ထက်ပို၍ မနက်ဖြန်နှင့် ဆိုင်သောသူ၊ ကမ္ဘာအဆက်ဆက် အမှန်တကယ် စင်စစ် တည်ရှိသော ဘုရားသခင်ကို သိကြစေဘို့အလို့ငှာ- ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သည့် အရေးပါမှုကို လူအားလုံးအား သိခွင့်ပေးခြင်း- လူ့ဇာတိ၌ ဘုရားသခင်၏ လုပ်ဆောင်ချက်များဟု ဆိုရမည်ဖြစ်သည့် ဘုရားသခင် လူ့ဇာတိခံယူသည်ကို ၎င်းတို့အား လက်တွေ့ကျကျ သိရှိခွင့် ပေးခြင်းတည်းဟူသော- ဤအနှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ် ပုံပေါ်လာခြင်း ဖြစ်ပေသည်။ ထို့နောက်တွင်မှ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဘုရားသခင် ဝင်ရောက်ပေလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။