စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက် - အခန်း (၄၄) နှင့် (၄၅)

သင်ခန်းစာအားလုံးထဲတွင် အလေးနက်ဆုံးဖြစ်သည့် “ဘုရားသခင်ကို ချစ်ခြင်း” အကြောင်းကို ဘုရားသခင်သည် လူတို့အား ပြောခဲ့သောကြောင့် သူသည် ဤအကြောင်းအရာကို “ဝိညာဉ်ခုနစ်ပါး၏ မြွက်ဆိုချက်များ” ထဲတွင်ပြောရန် အာရုံပြုခဲ့ပြီး လူအပေါင်းတို့ကို လူ့ဘဝ၏ အနှစ်သာရကင်းမဲ့ခြင်းကိုသိရန် ကြိုးစားစေ၍ ၎င်းတို့အတွင်းမှ စစ်မှန်သောချစ်ခြင်းမေတ္တာကို တူးဖော်ခဲ့သည်။ ထို့အပြင် လက်ရှိအဆင့်တွင် ရှိနေကြသောသူများသည် ဘုရားသခင်ကို မည်မျှချစ်ကြသနည်း။ သင်တို့သိကြသလော။ “ဘုရားသခင်ကို ချစ်ခြင်း” သင်ခန်းစာတွင် အကန့်အသတ်များ မရှိပေ။ လူအားလုံးထဲမှ လူ့ဘဝအကြောင်း အသိပညာရော အဘယ်သို့ဖြစ်သနည်း။ ဘုရားသခင်ကို ချစ်ခြင်းအပေါ် ၎င်းတို့၏သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် လိုလိုလားလားရှိကြသလော၊ သို့မဟုတ် လိုလိုလားလား မရှိကြသလော။ ၎င်းတို့သည် အလွန်များသော လူစုလူဝေးများနောက်သို့ လိုက်ကြသလော၊ သို့မဟုတ် ဇာတိပကတိကို အလွန်မုန်းတီးကြသလော။ ဤအရာများအားလုံးမှာ သင်တို့ရှင်းလင်းစွာသိသင့်ပြီး နားလည်သင့်သော အမှုအရာများ ဖြစ်သည်။ လူတို့၏အတွင်း၌ အမှန်တကယ်ပင် မည်သည့်အရာမျှ မရှိသလော။ “လူသားသည် ငါ့ကို စစ်မှန်စွာ ချစ်ရန် ငါအလိုရှိသည်၊ သို့သော်လည်း ယနေ့တွင် လူတို့သည် အချိန်ဖြုန်းနေကြပြီး ၎င်းတို့၏စစ်မှန်သောချစ်ခြင်းမေတ္တာကို ငါ့အား မပေးနိုင်ကြပေ။ ၎င်းတို့၏စိတ်ကူးထဲတွင် ၎င်းတို့က အကယ်၍ ၎င်းတို့၏စစ်မှန်သောချစ်ခြင်းမေတ္တာကို ငါ့အား ပေးပါက ၎င်းတို့၌ မည်သည့်အရာမျှ ကျန်မည်မဟုတ်ဟု ယုံကြည်ကြသည်။” ဤနှုတ်ကပတ်တော်များ၌ “စစ်မှန်သောချစ်ခြင်းမေတ္တာ” ဆိုသည်မှာ မည်သည့်အရာကို အမှန်တကယ် ဆိုလိုသနည်း။ “လူအပေါင်းသည် ဘုရားသခင်ကိုချစ်ကြသည့်” ဤခေတ်တွင် ဘုရားသခင်သည် အဘယ်ကြောင့် လူတို့၏စစ်မှန်သောချစ်ခြင်းမေတ္တာကို တောင်းနေဆဲဖြစ်သနည်း။ ထို့ကြောင့် ဘုရားသခင်၏ရည်ရွယ်ချက်မှာ လူတို့ကို အဖြေစာရွက်တစ်ရွက်ပေါ်တွင် စစ်မှန်သောချစ်ခြင်းမေတ္တာ၏ အဓိပ္ပာယ်ကို ရေးခိုင်းရန်ဖြစ်သဖြင့် ဤသည်မှာ လူတို့အတွက် ဘုရားသခင်စီစဉ်ထားသော အိမ်စာပင် ဖြစ်သည်။ ယနေ့၏ ယခုအဆင့်အတွက်မူကား ဘုရားသခင်သည် လူသားအပေါ် များစွာသော တောင်းဆိုချက်များကို မပြုသော်လည်း လူတို့သည် လူသားအပေါ်ချမှတ်ထားသော ဘုရားသခင်၏ မူလသတ်မှတ်ချက်များကို မရရှိသေးပေ၊ တစ်နည်းဆိုသော် ၎င်းတို့သည် ဘုရားသခင်ကို ချစ်သည့်အရေးတွင် ၎င်းတို့၏ အစွမ်းရှိသမျှကို ရင်းနှီးမြှပ်နှံပြီးခြင်း မရှိသေးပေ။ ထို့ကြောင့် ၎င်းတို့၏ လိုလိုလားလား မရှိမှုအကြားတွင် ဘုရားသခင်သည် ဤအမှု၌ အကျိုးသက်ရောက်မှုတစ်ခု ရှိပြီးသည့်အချိန်အထိ လူတို့အပေါ် သူ၏သတ်မှတ်ချက်များကို ချမှတ်ဆဲဖြစ်ပြီး သူသည် ဤအမှုထဲတွင် ဘုန်းတော်ထင်ရှားလေသည်။ စင်စစ်အားဖြင့် ကမ္ဘာမြေကြီးပေါ်မှ အမှုသည် ဘုရားသခင်ကို ချစ်ခြင်းအားဖြင့် နိဂုံးချုပ်ခြင်းဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် သူ၏အမှုကို နိဂုံးချုပ်သည့်အချိန်မှသာ သူသည် အရေးအကြီးဆုံးအမှုကို လူသားအား ညွှန်ပြခြင်းဖြစ်သည်။ အကယ်၍ သူ၏အမှု အဆုံးသတ်သည့်အချိန်တွင် သူသည် လူသားကို သေခြင်းတရားပေးပါက လူသားသည် မည်သည့်အရာ ဖြစ်လာလိမ့်မည်နည်း၊ ဘုရားသခင်သည် မည်သည့်အရာ ဖြစ်လာလိမ့်မည်နည်း၊ ထို့အပြင် စာတန်သည်လည်း မည်သည့်အရာ ဖြစ်လာလိမ့်မည်နည်း။ ကမ္ဘာမြေကြီးပေါ်မှ လူသား၏ချစ်ခြင်းမေတ္တာကို သိသာထင်ရှားစေသည့်အချိန်မှသာ “လူသားကို ဘုရားသခင်သည် သိမ်းပိုက်ပြီးကြောင်း” ဆိုနိုင်ပေမည်။ အကယ်၍ ထိုသို့မဟုတ်ပါက ဘုရားသခင်သည် လူသားကို အနိုင်ကျင့်ကြောင်း လူတို့က ဆိုလိမ့်မည်ဖြစ်သောကြောင့် ဘုရားသခင် အရှက်ရပေလိမ့်မည်။ ဘုရားသခင်သည် တီးတိုးပြောခြင်းမရှိဘဲ သူ၏အမှုကို အဆုံးသတ်သည်အထိ အလွန်မိုက်မဲလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အမှုပြီးဆုံးတော့မည့်အချိန်တွင် ဘုရားသခင်ကို ချစ်စိတ်ပြင်းပြမှုမှာ မြင့်မားလာပြီး ဘုရားသခင်ကို ချစ်ခြင်းအရာမှာ လူကြိုက်များသောခေါင်းစဉ်တစ်ခု ဖြစ်လာလေသည်။ ဘုရားသခင်ကို ဤချစ်ခြင်းမှာ လူသားကြောင့် အမည်းစက်ထင်ခြင်း မရှိ၊ သစ္စာရှိသော ဇနီးသည်တစ်ဦး၏ မိမိခင်ပွန်းအပေါ်ထားသော ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် ပေတရု၏ချစ်ခြင်းမေတ္တာကဲ့သို့ ၎င်းမှာ မေတ္တာစစ်ဖြစ်သည်။ ဘုရားသခင်သည် ယောဘနှင့် ပေါလုတို့၏ ချစ်ခြင်းမေတ္တာကို အလိုမရှိသော်လည်း ယေဟောဝါအပေါ်ထားသော ယေရှု၏ချစ်ခြင်းမေတ္တာ၊ ခမည်းတော်နှင့် သားတော်အကြားရှိ ချစ်ခြင်းမေတ္တာကို အလိုရှိသည်။ “ပုဂ္ဂိုလ်ရေးရာ အရှုံးအမြတ်ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ခမည်းတော်အကြောင်းကိုသာ တွေးတောဆင်ခြင်ခြင်း၊ ခမည်းတော်ကိုသာ ချစ်ပြီး အခြားအရာတို့ကို မချစ်ခြင်းနှင့် အခြားမည်သည့်အရာကိုမျှ မတောင်းဆိုခြင်း”- ဤသည်ကို လူတို့ပြုနိုင်စွမ်းရှိသလော။

အကယ်၍ ငါတို့သည် လူ့သဘာဝ အပြည့်အဝ မဟုတ်ခဲ့သောသူ၊ ယေရှုပြုခဲ့သည့်အရာတို့ကို နှိုင်းယှဉ်ပါက ငါတို့ မည်သို့ထင်သနည်း။ သင်တို့၏ ပြည့်စုံသောလူ့သဘာဝ၌ သင်တို့ မည်မျှခရီးပေါက်ပြီးပြီနည်း။ သင်တို့သည် ယေရှုပြုခဲ့သောအရာများ၏ ဆယ်ပုံတစ်ပုံကို ရရှိနိုင်စွမ်းရှိသလော။ သင်တို့သည် ဘုရားသခင်အတွက် လက်ဝါးကပ်တိုင်သို့ သွားရန် အရည်အချင်းပြည့်မီသလော။ ဘုရားသခင်အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာသည် စာတန်ကို အရှက်ရစေနိုင်သလော။ ထို့အပြင် လူသားအပေါ် သင်တို့၏ချစ်ခြင်းမေတ္တာကို သင်တို့ မည်မျှထုတ်ပယ်ပြီးပြီနည်း။ ၎င်းချစ်ခြင်းမေတ္တာကို ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာဖြင့် အစားထိုးပြီးပြီလော။ သင်တို့သည် ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာအတွက် အရာခပ်သိမ်းကို အမှန်တကယ် သည်းခံသလော။ အတိတ်အချိန်များက ပေတရုအကြောင်းကို ဆင်ခြင်ပြီး ယနေ့ခေတ်မှဖြစ်သော သင်တို့ကို ကြည့်လော့၊ ကြီးမားစွာ ကွာခြားချက်တစ်ခု အမှန်တကယ် ရှိသည်၊ သင်တို့သည် ဘုရားသခင်ရှေ့တွင်ရပ်ရန် သင့်လျော်ခြင်းမရှိပေ။ သင်တို့၏အတွင်း၌ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ပို၍ရှိသလော၊ သို့မဟုတ် မာရ်နတ်အတွက် ချစ်ခြင်းမေတ္တာ ပို၍ရှိသလော။ ဤအရာကို ချိန်ခွင်၏ ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်းတွင် တစ်လှည့်စီထား၍ မည်သည့်ချစ်ခြင်းမေတ္တာသည် ပို၍အလေးချိန်စီးကြောင်း ကြည့်သင့်သည်၊ သင်တို့အထဲတွင် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ မည်မျှအမှန်တကယ်ရှိသနည်း။ သင်တို့သည် ဘုရားသခင်ရှေ့တွင် သေဆုံးရန် သင့်လျော်သလော။ ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် ရပ်နိုင်ခဲ့ခြင်းမှာ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အတွေ့အကြုံများမှာ စာတန်ကို အရှက်ရစေနိုင်ရန် လုံလောက်ခဲ့သောကြောင့်ဖြစ်ပြီး ထိုအကြောင်းရင်းကြောင့်သာ ခမည်းတော်ဖြစ်သော ဘုရားသခင်သည် သူ့အား အမှု၏ထိုအဆင့်ကို ပြည့်စုံစေရန် ရဲဝံ့စွာ အခွင့်ပေးခဲ့ခြင်းဖြစ်သည်၊ ၎င်းမှာ သူခံစားခဲ့ပြီးသော ဆင်းရဲဒုက္ခနှင့် ဘုရားသခင်အပေါ် သူ၏ချစ်ခြင်းမေတ္တာကြောင့်ဖြစ်သည်။ သို့သော်လည်း သင်တို့မှာ အရည်အချင်း အလွန်မပြည့်မီကြပေ။ ထို့ကြောင့် သင်တို့သည် သင်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိခြင်းမှလွဲ၍ အခြားဘာမျှမရှိခြင်းကို ဆက်လက်၍ တွေ့ကြုံခံစားရမည်၊ ဆက်လက်၍ ရရှိရမည်၊ ဤအရာကို သင်တို့စွမ်းဆောင်နိုင်သလော။ ဤအရာအားဖြင့် သင်သည် ဘုရားသခင်ကို မည်မျှမုန်းတီးကြောင်းနှင့် ဘုရားသခင်ကို သင်မည်မျှချစ်ကြောင်းကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ဘုရားသခင်သည် လူသားအပေါ် အလွန်မညှာမတာ ခိုင်းစေနေခြင်းမဟုတ်ဘဲ လူသားကသာ ကြိုးစား၍မလုပ်ဆောင်ခြင်း ဖြစ်သည်။ ဤအရာမှာ အမှန်တကယ် ဖြစ်ပေါ်နေသောအရာ မဟုတ်သလော။ အကယ်၍ မဟုတ်ပါက ဘုရားသခင်ထဲ၌ ချစ်မြတ်နိုးဖွယ်ကောင်းသည့်အရာကို သင်မည်မျှရှာဖွေတွေ့ရှိပြီး သင်ကိုယ်တိုင်၏အထဲ၌ စက်ဆုပ်ဖွယ်ကောင်းသည့်အရာကို သင်မည်မျှတွေ့ရှိမည်နည်း။ ဤအမှုအရာများအပေါ် သင်ဂရုတစိုက် ဆင်ခြင်သုံးသပ်သင့်သည်။ ကောင်းကင်ဘုံအောက်ရှိ လူအနည်းငယ်မျှသာ ဘုရားသခင်ကို ချစ်ကြသည်ဟုဆိုခြင်းမှာ တရားနည်းလမ်းကျပေသည်၊ သို့သော်လည်း သင်သည် ကမ္ဘာစံချိန်ကိုချိုးပြီး ဘုရားသခင်ကို ချစ်ခြင်းအရာတွင် ရှေ့ဆောင်သူတစ်ဦး ဖြစ်နိုင်သလော။ ဘုရားသခင်သည် လူသားထံမှ မည်သည့်အရာကိုမျှ မတောင်းဆိုပေ။ လူသည် ဤအရာ၌ သူ့ကို မျက်နှာမရစေနိုင်သလော။ ဤအရာကိုပင် သင်ရရှိရန် မတတ်စွမ်းနိုင်သလော။ အခြားပြောစရာ မည်သည့်အရာများ ရှိသေးသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။