စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက် - အခန်း (၅)

ဘုရားသခင်သည် လူသားတို့အား ၎င်းတို့အတွက် ရှင်းပြရန်ခက်ခဲသည့် တောင်းဆိုမှုများကို ပြုသည့်အခါနှင့် သူ၏ နှုတ်ကပတ်တော်တို့သည် လူသား၏ စိတ်နှလုံးထဲသို့ တိုက်ရိုက် ထိမှန်ပြီး လူတို့သည် ၎င်းတို့၏ စစ်မှန်ရိုးသားသော နှလုံးသားများကို သူ့အတွက် မွေ့လျော်ဖို့ ဆက်ကပ်သည့်အခါတွင်၊ ဘုရားသခင်သည် ၎င်းတို့အား တွေးဆရန်၊ သန္နိဌာန်ချရန်နှင့် လက်တွေ့လုပ်ဆောင်ခြင်း အတွက် လမ်းကြောင်း တစ်ခုရှာရန် အခွင့်အရေး ပေးလေသည်။ ဤနည်းဖြင့် သူ၏ လူများ ဖြစ်ကြသူအားလုံးတို့သည် စိတ်ပိုင်းဖြတ်ချက်ဖြင့် ကျစ်ကျစ်ဆုပ်ထားသော လက်သီးတို့ဖြင့်၊ ၎င်းတို့၏ ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင်ထံ နောက်တစ်ကြိမ် ဆက်ကပ်ကြလိမ့်မည်။ အချို့တို့သည် အလုပ်ကြိုးစားဖို့ မိမိတို့ကိုယ်ကိုယ် ဆော်ဩစည်းရုံးရန် ပြင်ဆင်သည်နှင့်အမျှ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဘုန်းအသရေ ဆောင်ကြဉ်းဖို့ရန်နှင့် ယင်း၏ အဆုံးသတ်သို့ အလျင်အမြန် ဆောင်ရွက်ဖို့အလို့ငှာ ၎င်းတို့၏ အစွမ်းအစ အနည်းငယ်ကို ဆက်ကပ် မြှုပ်နှံရင်း၊ အစီအစဉ်တစ်ခု ရေးဆွဲကာ နေ့စဉ် အချိန်ဇယားတစ်ခုကို ချမှတ်ကောင်း ချမှတ်ကြပေမည်။ လူတို့သည် ၎င်းတို့၏ ဝေယျာဝစ္စများကို လုပ်ကြသည်နှင့်အမျှ၊ ၎င်းတို့ စကားပြောကာ အလုပ် လုပ်ကြသည်နှင့်အမျှ၊ ဤအရာများကို ၎င်းတို့၏စိတ်များတွင် သေချာ စွဲကိုင်ထားလျက် ဤစိတ်နေစိတ်ထားကို သိုထားကြချိန်တွင်ပင်၊ ဘုရားသခင်သည် စကားပြောဆိုရန် တစ်ဖန် စတင်လေသည်- “ငါ့ဝိညာဉ်၏ အသံသည် ငါ၏ စိတ်သဘောထားတစ်ခုလုံး၏ ဖော်ပြချက် တစ်ခု ဖြစ်သည်။ သင်တို့ နားလည်သလော။” လူသားများသည် သာ၍ စိတ်ပိုင်းဖြတ်ထားလေလေ ဘုရားသခင်၏ အလိုကို သဘောပေါက်ရန် ၎င်းတို့ သာ၍ အသည်းအသန် တမ်းတလေဖြစ်ပြီး၊ ဘုရားသခင်က ၎င်းတို့ကို တောင်းဆိုမှုများ ပြုလုပ်ရန်အတွက် သာ၍ လေးလေးနက်နက် တမ်းတကြလိမ့်မည် ဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် အသင့်ပြင်ဆင်ခြင်းဖြင့် ကြာမြင့်စွာ ထိန်းသိမ်းထားသည့် သူ၏ နှုတ်ကပတ်တော်များကို လူတို့၏ဖြစ်တည်မှု၏ အတွင်းကျကျ နေရာများသို့ ပေးရန် ဤအခွင့်အရေးကို ကောင်းစွာ အသုံးချလျက်၊ လူတို့အား ၎င်းတို့လိုချင်သည့်အရာကို ပေးလိမ့်မည်။ ဤနှုတ်ကပတ်တော်များသည် အနည်းငယ် ပြင်းထန်ပုံရသော်လည်း၊ သို့မဟုတ် ခပ်ပြတ်ပြတ် ဖြစ်ပုံရသော်လည်း၊ လူသားမျိုးနွယ်အဖို့ ယင်းတို့သည် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ချိုသာသည်ဟု ထင်ရသည်။ ရုတ်တရက် ၎င်းတို့သည် ကောင်းကင်ဘုံ၌ ရှိခဲ့ကြသည့်အလား သို့မဟုတ် အခြားနယ်ပယ်သို့- စိတ်ကူးစိတ်သန်း၏ သုခဘုံသဖွယ် ဖြစ်သည့်- ပြင်ပကမ္ဘာ၏ အရေးကိစ္စများက လူသားမျိုးနွယ်အပေါ် ထိခိုက်ခြင်း မရှိတော့သည့် နေရာတစ်ခုသို့ ပို့ဆောင်ခံခဲ့ရပြီး ဖြစ်သည့်အလား၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဝမ်းမြောက်မှုဖြင့် ပိုမို သွက်လက်လှုပ်ရှား လာကြလေသည်။ အတိတ်တွင် လုပ်ဆောင်ခြင်း အလေ့အကျင့်တွင် ရှိခဲ့ကြသည်နှင့်အမျှ၊ လူတို့သည် အပြင်ပန်းမှ ပြောဆိုပြီး အပြင်ပန်းမှ ပြုမူကြလိမ့်မည်ဖြစ်သောကြောင့်၊ မှန်ကန်သော အရင်းအမြစ်ကို မချခင်းနိုင်မည့် နောက်ဆုံး ဖြစ်လာနိုင်ဖွယ် အခြေအနေကို ရှောင်တိမ်းရန်အလို့ငှာ၊ လူတို့က ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဆန္ဒရှိသည့်အရာကို စွမ်းဆောင်ရရှိသည်နှင့် တစ်ပြိုင်နက်၊ ထို့အပြင် ၎င်းတို့သည် ပြင်းပြသော စိတ်အားထက်သန်မှုဖြင့် အလုပ်သို့သွားရန် ပြင်ဆင်ကြသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် သူ၏ စကားပြောပုံကို ၎င်းတို့၏ စိတ်နေစိတ်ထားနှင့် လိုက်ဖက်အောင် ပြင်ဆင်ဆဲဖြစ်ပြီး၊ အကျဉ်းနည်းဖြင့် မချုပ်တည်းဘဲ ၎င်းတို့၏ စိတ်နှလုံးများအတွင်းတွင် ၎င်းတို့ ကိုင်စွဲထားကြသည့် စိတ်ဇောဟုန်နှင့် ဘာသာရေးဆိုင်ရာ ဟိတ်ဟန်များအားလုံးကို ငြင်းဆိုဆဲ ဖြစ်သည်။ ဘုရားသခင်က၊ “ဤတွင်ရှိသော အရေးပါမှုကို သင်တို့ စစ်မှန်စွာ သိမြင်ပြီးပြီလော” ဟု ပြောပြီးသည်နှင့်အမျှ၊ လူသားများသည် တစ်စုံတစ်ရာနှင့် ပတ်သက်၍ ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက်ကို မချမီဖြစ်စေ ချပြီးနောက်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များ၌ ဘုရားသခင်ကို သိကျွမ်းခြင်း အပေါ် အလွန် အလေးထားခြင်း မရှိကြဘဲ၊ ယင်းထက် “ဘုရားသခင် အတွက် ငါ ဘာလုပ်ပေးနိုင်သနည်း။ ယင်းသည် အဓိက ပြဿနာဖြစ်သည်။” ဟူသော မေးခွန်းကို တွေးဆမြဲ တွေးဆနေကြလေသည်။ ဤသည်မှာ ဘုရားသခင်က၊ “ငါ့ရှေ့တွင် သင်တို့ကိုယ်သင်တို့ ငါ၏လူများဟု ခေါ်ဆိုဝံ့သလော- သင်တို့သည် အသိစိတ်ရှိဖို့ မဆိုထားနှင့်၊ အရှက်တရားပင် မရှိပေ။” ဟုပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ဤစကားများကို ဘုရားသခင် ပြောပြီးသည်နှင့် တစ်ပြိုင်နက် လူတို့သည် ချက်ချင်း ၎င်းတို့ အသိတရား ဝင်လာကြပြီး ဘုရားသခင်၏ အမျက်ဒေါသကို ဒုတိယအကြိမ် ဆွမိမည်ကို အလွန်အမင်း ကြောက်ရွံ့လျက်၊ ဓာတ်လိုက်ခြင်း တစ်ခုကို ခံလိုက်ရသည့်အလား၊ ၎င်းတို့၏လက်များကို ရင်ဘတ်များ၏ လုံခြုံရာဆီသို့ အမြန် ရုတ်လိုက်ကြသည်။ ဤအရာအပြင် ဘုရားသခင်က “သင်တို့ကဲ့သို့သော လူများသည် ငါ၏အိမ်မှ အနှေးနှင့်အမြန် နှင်ထုတ်ခံရပေလိမ့်မည်။ သင်သည် ငါ့အတွက် သက်သေခံ ရပ်တည်ပြီးဖြစ်သည်ဟု ယူဆရင်း ငါ့အား သင် မလှည့်ဖြားနှင့်။” ဟုလည်း ပြောဆိုပြီး ဖြစ်သည်။ ဤသို့သောစကားများကို ကြားသည့်အခါ၊ လူတို့သည် ခြင်္သေ့တစ်ကောင်ကို မြင်တွေ့ခဲ့ရပြီးဖြစ်သည့်အလား ပို၍ပင် ကြောက်ရွံ့သွားကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ အပြည့်အဝ ကောင်းစွာ သိကြသည်။ ၎င်းတို့သည် ခြင်္သေ့ အစားခံရဖို့ ဆန္ဒမရှိကြသကဲ့သို့၊ အခြားတစ်ဘက်တွင် အဘယ်သို့ ရုန်းထွက်လွတ်မြောက်ရမည်ကို မသိကြချေ။ ဤအခိုက်အတန့်တွင် လူသားစိတ်နှလုံးထဲရှိ အစီအစဉ်သည် သဲလွန်စ တစ်ခုမျှမရှိဘဲ အကြွင်းမဲ့နှင့် လုံးဝ ပျောက်ကွယ်သွားလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ ငါသည် လူသားမျိုးနွယ်၏ အရှက်ရခြင်း သွင်ပြင်လက္ခဏာ တစ်ခုစီတိုင်းကို မြင်နိုင်သည့်အလား ခံစားရသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ မအောင်သော စာမေးပွဲဖြေသူ တစ်ဦးကဲ့သို့ ခေါင်းငိုက်စိုက်ကျပြီး မလုံမလဲပြုမူပြောဆိုပုံံဖြင့် ၂၀ဝ၀ ခုနှစ် ခေတ်မီအတွေးအခေါ် လေးခုနှင့်အတူ ထိုသို့သော မြင့်မြတ်သည့် စံများ၊ ပျော်ရွှင်စရာ မိသားစု၊ တောက်ပသည့် အနာဂတ် စသည်တို့ဖြင့် သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားတစ်ကားထဲက စိတ်ကူးယဉ်ပြကွက်တစ်ခုကို ဖန်တီးရင်း၊ အားလုံးသည် အနှစ်မဲ့သည့် ပြောဆိုမှုမျှအဖြစ်သို့ အသွင်ပြောင်းလဲသွားကြသည်။ ဤသည်မှာ လူတို့အား ၎င်းတို့၏ မတုန်မလှုပ် ဖြစ်ခြင်းအလယ် ဘုရားသခင်က ၎င်းတို့အတွက် သတ်မှတ်ပေးထားသော နေရာတွင် ရပ်တည်စေရင်း မတုန်မလှုပ်မှုကို တက်ကြွသည့်အရာများနှင့် လဲလှယ်ရန် ဖြစ်သည်။ အထူး အရေးကြီးသည်မှာ လူသားများသည် ဤအမည်နာမ ဆုံးရှုံးရမည်ကို အလွန်အမင်း စိုးရွံ့ကြသည့်အချက်ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် တစ်စုံတစ်ဦးက ၎င်းတို့ထံမှ ဆွဲလုရန် ကြိုးစားမည်ကို အလွန်အမင်း စိုးရွံ့လျက်၊ မိမိတို့၏ ကိုယ်ပိုင် ရာထူးတံဆိပ်များကို သေရေးရှင်ရေး ဖြစ်သည့်အလား ဖက်တွယ်ထားကြလေသည်။ လူသားမျိုးနွယ် ဤစိတ်နေစိတ်ထားတွင် ရှိကြသည့်အခါ၊ ဘုရားသခင်သည် လူတို့ မတုန်မလှုပ် ဖြစ်လာမည်ကို မစိုးရိမ်ပေ၊ ထို့ကြောင့် သူ၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို စစ်ကြောမှု နှုတ်ကပတ်တော်များ အဖြစ်သို့ သင့်တော်သလို ပြောင်းလဲလိုက်သည်။ ဘုရားသခင်သည် ၎င်းတို့ အသက်ရှူမှားရာမှ ပုံမှန် ပြန်ဖြစ်စေရန် အခွင့်ပေးသည်သာမက၊ ယခင်က ရှိပြီးဖြစ်သော ရည်မှန်းချက်များကိုလည်း ယခု ယူဆောင်ခွင့်ပေးကာ အနာဂတ် ရည်ညွှန်းချက်အတွက် ယင်းတို့ကို ရွေးဖယ်ခွင့်ပေးလေသည်- မသင့်လျော်သည့် မည်သည့်အရာမဆို ပြုပြင်မွမ်းမံခံရနိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ၏အမှုကို မစတင်ရသေးသောကြောင့် ဖြစ်သည်- ဤသည်မှာ ကြီးမားသည့် ကံဆိုးခြင်း အလယ် ကံကောင်းခြင်း အပိုင်းအစတစ်ခု ဖြစ်သည်- ထို့အပြင် ၎င်းတို့ကို သူ မရှုတ်ချပေ။ ထို့ကြောင့် ငါ၏ ကိုးကွယ်ဆည်းကပ်မှု အလုံးစုံကို သူ့အား ဆက်လက် ပေးအပ်ပါရစေ။

ဆက်လက်၍၊ သင်၏ ကြောက်ရွံ့မှုကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘေးဖယ်မထားရ။ ဘုရားသခင်သည် အသစ်သော တောင်းဆိုမှုများ ရှိသည်၊ မရှိသည်ကို တစ်ချက်ကြည့်လော့။ သင်သည် “ဤအချိန်မှစ၍ အရာရာ၌ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည့် လက်တွေ့အရှိတရားထဲသို့ သင် ဝင်ရောက်ရမည်။ အတိတ်တွင် သင် လုပ်ဆောင်ခဲ့သကဲ့သို့ ရောက်တတ်ရာရာ ပြောနေရုံမျှက သင့်ကို အဆင်ပြေစေတော့မည် မဟုတ်ပေ။” ဟူကဲ့သို့သော တောင်းဆိုမှု တစ်ခုကို ရှာဖွေတွေ့ရှိမည်မှာ သေချာသလောက်ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်၏ ဉာဏ်ပညာ သိသာထင်ရှားဆဲ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် သက်သေများကို အမြဲအကာအကွယ်ပေးပြီး အတိတ် နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားသည် ယင်း၏ နိဂုံးသို့ ရောက်ရှိပြီး ဖြစ်သည့်အချိန်တွင်၊ မည်သူမျှ “လက်တွေ့လုပ်ဆောင်မှု၏ လက်တွေ့အရှိတရား”နှင့်ဆိုင်သည့် အသိပညာကို နားမလည်နိုင်ပေ။ ဤသည်မှာ ဘုရားသခင် ပြောခဲ့သည့်၊ “ငါသည် အမှုကို ငါကိုယ်တိုင် လက်ခံဆောင်ရွက်သည်။” ဟူသော အရာ၏ အမှန်တရားကို သက်သေပြရန် လုံလောက်ပေသည်။ ယင်းသည် ဘုရားသဘောသဘာဝ ထဲက အမှု၏ စစ်မှန်သောအဓိပ္ပာယ်နှင့် ပတ်သက်ပြီး၊ လူသားမျိုးနွယ်က အသစ်သော စမှတ်သို့ ရောက်ရှိပြီးနောက် မည်သို့ပင်ဆိုစေ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်သဘောပေါက်နိုင်စွမ်း မရှိကြသေးသည့် အကြောင်းရင်းနှင့်လည်း ပတ်သက်ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အတိတ်တွင် လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက လက်တွေ့အရှိတရားကို ဆုပ်ကိုင်ခဲ့ကြပြီး၊ ယနေ့တွင်မူ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များ၏ အပေါ်ယံ သွင်ပြင်လက္ခဏာများကိုသာ သိနားလည်သော်လည်း၊ ၎င်းတို့၏ အနှစ်သာရကို သိနားလည်ခြင်းမရှိဘဲ၊ လက်တွေ့လုပ်ဆောင်မှု၏ လက်တွေ့အရှိတရားနှင့်ပတ်သက်၍ နားလည်သဘောပေါက်မှု ရေးရေးမျှ မရှိကြသောကြောင့် ဖြစ်သည်။ သာ၍ပင် အရေးကြီးသည်မှာ၊ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ယနေ့ နိုင်ငံတော်ကို တည်ဆောက်ခြင်းတွင် မည်သူမျှက ဘုရားသခင်၏ တိုက်တွန်း ပြောကြားချက်ကို ဝင်ရောက်စွက်ဖက်ခွင့်မရှိဘဲ၊ စက်ရုပ်လူသားများကဲ့သို့ နာခံရုံသာ နာခံရသောကြောင့် ဖြစ်သည်။ ဤအရာကို ကောင်းစွာ အမှတ်ရလော့။ ဘုရားသခင်က အတိတ်ကို စတင် ဆွေးနွေးသည့် အခါတိုင်းတွင်၊ သူသည် ယနေ့၏ တကယ့် အခြေအနေနှင့်ပတ်သက်၍ စတင် ပြောဆိုလေ့ရှိသည်။ ဤသည်မှာ အရင်ဖြစ်သည့်အရာနှင့် နောက်ဖြစ်သည့်အရာကြား သိသာထင်ရှားသော ခြားနားချက်ကို ဖြစ်စေသည့် ပြောဆိုပုံဖြစ်ပြီး ဤအကြောင်းရင်းသည် လက်ရှိအချိန်နှင့် အတိတ်ကို လူတို့အား ယှဉ်တွဲခိုင်းနှိုင်းစေနိုင်ရင်းနှင့် ဤနည်းဖြင့် ထိုအရာနှစ်ခုကို ရှုပ်ထွေးခြင်းအား ရှောင်ရှားစေနိုင်လျက် ပို၍ ကောင်းမွန်သော အကျိုးတရားများကိုပင် စွမ်းဆောင်ရရှိနိုင်သည့်အတွက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ဉာဏ်ပညာ ရှုထောင့်တစ်ခုဖြစ်ပြီး ယင်း၏ရည်ရွယ်ချက်မှာ အမှု၏အကျိုးတရားများကို ကြိုးပမ်းရရှိဖို့ ဖြစ်သည်။ ဤအရာနောက်တွင် လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ် စားသောက်ဖို့ မည်သည့်အခါတွင်မျှ မမေ့လျော့ဖို့ရန်အလို့ငှာနှင့်၊ သာ၍ အရေးကြီးသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သိရှိပြီး ဤအရာကို နေ့စဉ် ၎င်းတို့ သင်ယူရမည့် သင်ခန်းစာအဖြစ် မှတ်ယူကြဖို့အလို့ငှာ၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ အကျည်းတန်မှုကို နောက်တစ်ဖန် ထုတ်ဖော်ပြလေသည်။

ဤစကားများကို ပြောပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် သူ၏ မူလ ရည်ရွယ်ချက် ဖြစ်ခဲ့သည့် အကျိုးများကို စွမ်းဆောင်ရရှိပြီးဖြစ်သည်။ ထို့ကြောင့် စာတန်၏ အလုပ်သည် လူသားမျိုးနွယ်နှင့် မည်သို့မျှ မပတ်သက်သောကြောင့်- ဤအရာနှင့် သက်ဆိုင်၍ လူသားမျိုးနွယ်သည် စိုးစဉ်းမျှ မသိနားမလည်ကြသောကြောင့်၊ လူသားမျိုးနွယ်က သူ့ကို နားလည်ပြီးခြင်း ရှိ မရှိဆိုသည်ကို နောက်ထပ် မည်သို့မျှ အလေးဂရုမပြုဘဲ၊ သူသည် ဤအရာကို စာကြောင်း အနည်းငယ်ဖြင့် ဖြတ်လိုက်သည်။ ယခုတွင် ဝိညာဉ်လောကကို စွန့်ခွာရင်း၊ ဘုရားသခင်က လူသားမျိုးနွယ်နှင့်ဆိုင်သည့် သူ၏တောင်းဆိုမှုများအား မည်သို့ ပြုလုပ်သည်ကို နောက်ထပ် ကြည့်ရှုလော့- “ငါ့ဘုံဗိမာန်ထဲတွင် အနားယူရင်း၊ ငါ သေချာစွာ လေ့လာ၏- ကမ္ဘာမြေပေါ်ရှိ လူများအားလုံးသည် ၎င်းတို့၏ကံကြမ္မာနှင့် ၎င်းတို့၏အနာဂတ် အတွက်သာ၊ “ကမ္ဘာလှည့် ခရီးသွားခြင်း” နှင့် သွားလိုက် ပြန်လိုက် ပြေးလွှားရင်း ပျားပန်းခပ်မျှ လှုပ်ရှားနေကြသည်။ သို့သော် တစ်ဦးတစ်ယောက်ကမျှ ငါ့နိုင်ငံတော် တည်ဆောက်ခြင်းအတွက် ချန်ထားဖို့ အားအင် မရှိကြပေ၊ အသက်ရှူဖို့ သုံးသည့် အားထုတ်မှုမျှပင် မရှိချေ။” လူသားများနှင့် အာလာပသလ္လာပ ပြောပြီးနောက်တွင်၊ ဘုရားသခင်သည် ၎င်းတို့အား အလေးဂရုမပြုဘဲ နေသေးသော်လည်း၊ ဝိညာဉ်တော်၏ ရှုထောင့်မှ ဆက်လက် စကားပြောကာ ဤစကားများမှတစ်ဆင့် လူသားမျိုးနွယ်၏ အသက်တာ ယေဘုယျ အခြေအနေများကို အလုံးစုံ ထုတ်ဖော်ပြလေသည်။ “ကမ္ဘာလှည့် ခရီးသွားခြင်း” နှင့် “သွားလိုက် ပြန်လိုက်ပြေးလွှားရင်း” ဆိုသည်တို့မှ လူ့အသက်သည် တင်းတိမ်ရောင့်ရဲမှု လုံးဝ ကင်းမဲ့သည်ကို ရှင်းရှင်းလင်းလင်း မြင်ရပေသည်။ ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်သော ကယ်တင်ခြင်းအတွက်သာ မဟုတ်ခဲ့ပါက၊ ပြီးလျှင် အထူးသဖြင့် မှေးမှိန်နေသည့် တရုတ်ပြည်၏အင်ပါယာအမျိုးအနွယ် မိသားစုကြီး တစ်ခုထဲတွင် မွေးဖွားသူများအတွက် မဟုတ်ခဲ့ပါက၊ လူတို့သည် တစ်သက်တာလုံး သာ၍ပင် အချည်းနှီး အသက်ရှင်လေ့ ရှိကြမည်ဖြစ်ပြီး၊ ၎င်းတို့သည် ကမ္ဘာလောကထဲသို့ ရောက်လာသည်ထက် မရဏနိုင်ငံ သို့မဟုတ် ငရဲထဲသို့ ကျဆင်းခြင်းက ပို၍ကောင်းပေသည်။ အဆင်းနီသော နဂါးကြီး၏ စိုးမိုးမှုအောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သတိမထားမိဘဲ၊ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိကြပြီး၊ ထို့ကြောင့် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုအောက်သို့ သဘာဝအလျောက်နှင့် အမှုမဲ့အမှတ်မဲ့ ကျရောက်သွားကြသည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် လူသားများအနေဖြင့် ဤအရာမှ သူ၏ ကယ်တင်ခြင်း ကျေးဇူးတော်အဖို့ အဖြည့်ခံတစ်ခု ဖန်တီးရင်း မိမိတို့ကိုယ်ကိုယ် သာ၍ ရှင်းလင်းစွာ သိရှိနိုင်ကြဖို့အလို့ငှာ၊ “အတိဒုက္ခမှ ကယ်မခြင်း” နှင့် “ကျေးဇူးကန်းသူများ” တို့ကို ယူဆောင်ပြီး အချင်းချင်း ခြားနားစေလေသည်။ ဤအရာသည် ပို၍ ထိရောက်သော ရလဒ်တစ်ခုကိုပင် မဖြစ်စေသည် မဟုတ်လော။ ဟုတ်ပေ၏၊ လူတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ အကြောင်းအရာမှ အပြစ်တင်မှု အရိပ်လက္ခဏာ တစ်ခု၊ ကယ်တင်ခြင်းနှင့် အသနားခံခြင်း အရိပ်လက္ခဏာ တစ်ခုနှင့် ဝမ်းနည်းခြင်း အရိပ်အမြွက် အနည်းငယ်တို့ကို ကောက်ချက် ချနိုင်သည်ကို ငါသည် အလွန် တိကျပြတ်သားစွာ ပြောစရာ မလိုအပ်ပေ။ ဤနှုတ်ကပတ်တော်တို့ကို ဖတ်ရင်းဖြင့်၊ လူတို့သည် သတိမမူမိဘဲ စိတ်သောက စတင် ခံစားကြပြီး၊ မျက်ရည်မဆည်နိုင်ဖြစ်ပေသည်....။ သို့သော် ဘုရားသခင်သည် ဝမ်းနည်းဖွယ် ခံစားချက် အနည်းငယ်ကြောင့် ချုပ်ထိန်းလိမ့်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ် တစ်ရပ်လုံး၏ ဖောက်ပြန်ပျက်စီးခြင်းကြောင့် သူ၏လူများကို ဆုံးမပဲ့ပြင်ခြင်းနှင့် ၎င်းတို့ကို တောင်းဆိုမှုများ ပြုရာတွင် သူ၏ အမှုကို စွန့်လိမ့်မည် မဟုတ်ပေ။ ဤအရာကြောင့် သူ၏ အကြောင်းအရာသည် ယနေ့ကဲ့သို့သော အခြေအနေများကို ချက်ချင်း ကိုင်တွယ်သည့်အပြင်၊ သူ၏အစီအစဉ် ဆက်လက် တိုးတက်ဖို့အလို့ငှာ သူ၏စီမံအုပ်ချုပ်ရေး အမိန့်များနှင့်ဆိုင်သည့် ဘုန်းအာနုဘော်ကို လူသားမျိုးနွယ်ထံ သူ ကြေညာ၏။ ဤသည်မှာ ဘုရားသခင်သည် လုံးလုံး ထိုက်သင့်သည့် အမြန်နှုန်းဖြင့် ဤအရာနောက်လိုက်ရင်းနှင့် အချိန်ရှိခိုက် လုံ့လစိုက်ရင်း၊ ဤအရေးပါသောအဆင့်တွင် အချိန်ကာလများအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု- လူသားတို့အနေဖြင့် ဘုရားသခင်၏အလိုကို နားမလည်နိုင်မီတွင် အပိုဒ်ငယ်တိုင်းကို သေချာအာရုံစိုက်လျက် ဖတ်ရှုရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို- ပြဋ္ဌာန်းသည့် အကြောင်းရင်း ဖြစ်သည်။ ယခု ဤအရာကို့ နောက်ထပ် ဆွေးနွေးရန် မလိုအပ်ပေ။ လူတို့သည် ပိုမို အာရုံစိုက်စွာ ဖတ်ရှုရမည်သာ ဖြစ်သည်။

ယနေ့တွင် သင်တို့- ဤနေရာတွင် ရှိသော ဤလူစု- သည်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် မြင်နိုင်သောသူများ ဖြစ်ကြ၏။ သို့တိုင် ဘုရားသခင်ကို သိကျွမ်းရာတွင်၊ ယနေ့လူတို့သည် အတိတ်ကာလများရှိ မည်သည့် လူတစ်ဦးတစ်ယောက်မဆို၏ နောက်တွင် ဝေးဝေး ကျန်ရစ်ပြီး ဖြစ်သည်။ ဤအရာက ဤနှစ်ထောင်များအချို့ အတောအတွင်း စာတန်က လူတို့၌ အားထုတ်မှု မည်မျှ ရင်းနှီးမြှုပ်နှံပြီးဖြစ်သည်ဆိုသည့်အပြင်၊ လူသားမျိုးနွယ်အား ၎င်းက ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည့် အတိုင်းအတာကို- ဘုရားသခင်က နှုတ်ကပတ်တော်များစွာ ပြောဆိုပြီးသော်ငြားလည်း၊ လူသားမျိုးနွယ်သည် သူ့ကို နားမလည်သကဲ့သို့ သိလည်းမသိဘဲ၊ ထိုအစား ထကြွပြီး သူ့ကို လူသိရှင်ကြား ဆန့်ကျင်ဝံ့သည်အထိ အလွန်ကြီးမားသည့် အတိုင်းအတာ တစ်ခုကို- လုံလောက်စွာ ရှင်းလင်းသွားစေသည်။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့က အသိစိတ်ကင်းမဲ့ပြီး ထုံအသည်နှင့်အမျှ၊ ယနေ့လူတို့ကို လက်တွေ့ကျသည့် ရည်ညွှန်းချက်များ ပေးဖို့ ယနေ့လူတို့အတွက် နှိုင်းယှဉ်ချက်များအဖြစ် အတိတ်ကာလများမှ လူတို့အား မကြာခဏ စံပြုလေသည်။ လူသားတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ မရှိကြသောကြောင့်၊ ပြီးလျှင် ၎င်းတို့သည် သူ၌ စစ်မှန်သော ယုံကြည်ခြင်း မရှိသောကြောင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အား အရည်အချင်းများနှင့် ဆင်ခြင်တုံတရား ကင်းမဲ့နေဖို့ စီရင်ဆုံးဖြတ်ခဲ့၏။ ထို့ကြောင့် သူသည် လူတို့အား သည်းခံခြင်းကို အဖန်ဖန် ပြသပြီးဖြစ်ကာ ကယ်တင်ခြင်းကို အဖန်အဖန် ပေးပြီး ဖြစ်သည်။ ဝိညာဉ်နယ်ပယ်တွင် ဤပုံသဏ္ဌာန်အတိုင်း စစ်ပွဲ ဖြစ်ပွားနေသည်။ လူသားမျိုးနွယ်ကို အတိုင်းအတာ တစ်ခုအထိ ဖောက်ပြန်ပျက်စီးစေရန်၊ လောကကို ဆိုးညစ်ကာ ဆိုးယုတ်စေပြီး၊ ထိုသို့ဖြင့် လူတို့အား ၎င်းနှင့်အတူ ရွှံ့နွံထဲသို့ တရွတ်တိုက်ဆွဲပြီး ဘုရားသခင်၏အစီအစဉ်ကို ဖျက်ဆီးရန်မှာ စာတန်၏ အချည်းနှီးသော မျှော်လင့်ချက် ဖြစ်သည်။ သို့သော်၊ ဘုရားသခင်၏ အစီအစဉ်မှာ လူသားမျိုးနွယ်အားလုံးကို ဘုရားသခင်အား သိသောလူများ အဖြစ်သို့ ပြုလုပ်ရန် မဟုတ်ဘဲ၊ ထို့ထက် ကျန်သည့်အရာများကို စွန့်ပစ်ပစ္စည်းများ၊ အမှိုက်ပုံသို့ ပစ်လိုက်ရန် ချွတ်ယွင်းသော ပစ္စည်းများအဖြစ် စွန့်ပစ်ရင်း၊ တစ်ခုလုံးကို ကိုယ်စားပြုဖို့ တစ်စိတ်တစ်ပိုင်းကို ရွေးချယ်ရန် ဖြစ်သည်။ ထို့ကြောင့် စာတန်၏ ရှုထောင့်အမြင်တွင် အနည်းငယ်သော လူတစ်ဦးစီ၏ ပိုင်ဆိုင်မှုများကို ယူဆောင်ခြင်းသည် ဘုရားသခင်၏ အစီအစဉ်ကို ဖျက်ဆီးရန် ထူးကဲသော အခွင့်အရေးဟု ထင်ရသော်လည်း၊ စာတန်ကဲ့သို့သော ငအတစ်ဦးက ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်သက်ဆိုင်၍ မည်သည့်အရာကို သိနိုင်မည်နည်း။ ဤသည်မှာ အချိန်ကြာမြင့်စွာက ဘုရားသခင်က၊ “ဤကမ္ဘာလောကကို ကြည့်ရှုခြင်းကို ရှောင်ရှားဖို့ ငါ၏မျက်နှာကို ငါ ဖုံးကာလေပြီ” ဟု ပြောခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ ငါတို့ အနည်းငယ် သိကြပြီး၊ လူသားများ တစ်ခုတစ်လေ လုပ်ဆောင်နိုင်စွမ်း ရှိဖို့ ဘုရားသခင် မတောင်းဆိုပေ။ ထို့ထက် သူက သူ လုပ်ဆောင်သည့်အရာသည် အံ့ဖွယ်ဖြစ်ပြီး နားလည်သဘောပေါက်၍ မရနိုင်သည်ကို ၎င်းတို့အား သတိပြုမိစေချင်ပြီး၊ သူ့ကို ၎င်းတို့၏ စိတ်နှလုံးများတွင် ကြည်ညိုစေချင်သည်။ လူသားများ စိတ်ကူးကြသကဲ့သို့၊ ဘုရားသခင်သည် အခြေအနေများကို အရေးမထားဘဲ၊ ၎င်းတို့ကို ပြစ်တင်ဆုံးမခဲ့မည်ဆိုပါက၊ ကမ္ဘာလောက တစ်ခုလုံးသည် အချိန်ကြာမြင့်စွာကတည်းက ပျက်စီးဆုံးရှုံးပြီး ဖြစ်ပေမည်။ ဤသည်မှာ စာတန်၏ ထောင်ချောက်ထဲသို့ တည့်တည့်ကျဆင်းခြင်း သဘောသက်ရောက်မည် မဟုတ်လော။ ထို့ကြောင့် ဘုရားသခင်သည် သူ့စိတ်နှလုံးတွင်ရှိသော အကျိုးတရားများကို ကြိုးပမ်းရရှိဖို့ သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုရုံမျှ အသုံးပြုသော်လည်း၊ အမှန်တရားများ ပေါ်ထွန်းခဲပေသည်။ ဤသည်မှာ “သင်တို့၏ အရည်အချင်းများ၊ ဆင်ခြင်တုံတရားနှင့် ထိုးထွင်းအမြင်များ ကင်းမဲ့မှုကို ငါမသနားခဲ့ပါက၊ သင်တို့အားလုံးသည် တည်ရှိခြင်းမှ ဖယ်ရှားခံရလျက်၊ ငါ၏ ပြစ်တင်ဆုံးမမှု အလယ်တွင် သေဆုံးကြမည် ဖြစ်သည်။ သို့သော်၊ ကမ္ဘာမြေကြီးပေါ်တွင် ငါ၏ အမှု ပြီးစီးသည်အထိ လူသားမျိုးနွယ်အပေါ် ငါ ဆက်လက်၍သက်ညှာဦးမည်။” ဟူသည် သူ၏ နှုတ်ကပတ်တော်များ၏ ဖြစ်ရပ်တစ်ခု ဖြစ်သည် မဟုတ်လော။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နှုတ်ကပတ်တော် - စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည် (အပိုင်း နှစ်)

သခင်ပြန်ကြွလာပြီ။ ဘုရားသခင်၏ ခြေလှမ်းများကို သင် ရှာဖွေပြီးပြီလား။ ကျွန်ုပ်တို့ကို ဆက်သွယ်ဖို့ အားမနာပါနှင့်။ဘုရားသခင်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။