စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက် - အခန်း (၈)

ဘုရားသခင်သည် ဝိညာဉ်တော်၏ ရှုထောင့်မှ စကားပြောဆိုသည့်အခါ၊ သူ၏လေသံသည် လူသားမျိုးနွယ်အားလုံးကို ဦးတည်၏။ ဘုရားသခင်သည် လူသား၏ ရှုထောင့်မှ စကားပြောဆိုသည့်အခါ၊ သူ၏လေသံသည် သူ၏ဝိညာဉ်တော်၏ လမ်းပြမှုနောက် လိုက်သူအားလုံးကို ဦးတည်ထားခြင်း ဖြစ်၏။ ဘုရားသခင်သည် တတိယပုဂ္ဂိုလ်၏ရှုထောင့်မှ (လေ့လာသူ တစ်ဦးဟု လူတို့ရည်ညွှန်းသည့်အရာမှ) စကားပြောဆိုသည့်အခါ၊ လူတို့သည် သူ့အား အစီရင်ခံသူတစ်ဦး အဖြစ်မြင်စေရန်အလို့ငှာ၊ သူသည် လူတို့အား သူ၏နှုတ်ကပတ်တော်များ တိုက်ရိုက်ပြသပြီး၊ ယင်းမှာ ၎င်းတို့အဖို့ သူ၏ နှုတ်မှ လူသားများ မသိသကဲ့သို့၊ လူသားများ နားမလည်နိုင်သည့် အကန့်အသတ်မဲ့ အရာများ ထွက်လာသည်ဟု ထင်ရပေသည်။ ဤသို့ မဟုတ်ပေဘူးလော။ ဘုရားသခင်သည် ဝိညာဉ်တော်၏ ရှုထောင့်မှ စကားပြောဆိုသည့်အခါ၊ လူသားမျိုးနွယ်အားလုံးသည် အံ့အားသင့်သွားရ၏။ “ငါ့အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် မပြောပလောက်သကဲ့သို့၊ ငါ၌ ၎င်းတို့၏ယုံကြည်မှုသည်လည်း သနားဖွယ်ကောင်းလောက်အောင် သေးငယ်၏။ ငါ့နှုတ်ကပတ်တော်များ၏ သက်ရောက်မှုကို လူသား၏ အားနည်းချက်များအပေါ် ငါ မဦးတည်စေခဲ့ပါက၊ ၎င်းတို့သည် အရာခပ်သိမ်းကို သိနိုင်စွမ်းရှိပြီး လောကီရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အားလုံးသိရှိသည့်အလား လူတတ်လုပ်လျက် စကားကြီးစကားကျယ် လူအထင်ကြီးစရာ သဘောတရားများကို စိတ်ကူးရလျက်၊ ဝါကြွားကာ ချဲ့ကားပြောဆိုကြမည် ဖြစ်သည်။” ဤနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်အား ၎င်းတို့ အမှန်ဖြစ်သည်အတိုင်းနှင့် လူသားများ၏နှလုံးသားများ၌ ဘုရားသခင်ရှိသည့် နေရာကို ထုတ်ဖော်ပြသည်သာမက၊ လူသားမျိုးနွယ်၏ ဘဝတစ်ခုလုံးကိုလည်း ဖွင့်ချလေသည်။ လူအသီးသီးက ၎င်းတို့သည် သာမန်ထက်ထူးကဲသည်ဟု ယုံကြည်ကြသော်လည်း၊ “ဘုရားသခင်” ကဲ့သို့သော စကားတစ်လုံးရှိသည်ကိုပင် မသိချေ။ ထို့ကြောင့် ၎င်းတို့သည် စကားကြီးစကားကျယ် လူအထင်ကြီးစရာ သဘောတရားများကို စိတ်ကူးရကြ၏။ သို့ရာတွင် ဤသို့ “စကားကြီးစကားကျယ် လူအထင်ကြီးစရာ သဘောတရားများကို စိတ်ကူးရခြင်း” သည် လူများနားလည်သည့်သဘောဖြင့် “စကားပြောနေခြင်း” မဟုတ်ပေ။ ယင်းထက်၊ လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်ကို ဆိုလိုပေသည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်း၊ ၎င်းတို့ လုပ်ဆောင်သည့် လုပ်ရပ်တိုင်းသည် ဘုရားသခင်နှင့် ဖီလာဖြစ်ပြီး တိုက်ရိုက် ဆန့်ကျင်ကာ ၎င်းတို့ လုပ်ရပ်များ၏ တကယ့် အနှစ်သာရသည် စာတန်ထံမှလာပြီး၊ ဘုရားသခင်အား ဆန့်ကျင်လျက်ရှိကာ၊ ဘုရားသခင်၏ အလိုနှင့် ဆန့်ကျင်လျက် အမှီအခိုကင်းခြင်းကို ရရှိရန် ရည်ရွယ်သည်။ ထို့ကြောင့် ဘုရားသခင်က လူသားအားလုံးသည် စကားကြီးစကားကျယ် လူအထင်ကြီးစရာ သဘောတရားများကို စိတ်ကူးရကြသည်ဟု ပြောခြင်း ဖြစ်၏။ သူ၏ နှုတ်ကပတ်တော်များ၏ သက်ရောက်မှုက လူသား၏အားနည်းချက်များကို ဦးတည်ထားသည်ဟု ဘုရားသခင်က အဘယ်ကြောင့် ပြောသနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော်၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ၊ သူသည် လူတို့၏ စိတ်နှလုံးအတွင်းထဲတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် အရာများကို ထုတ်ဖော်မပြပါက၊ မည်သူမျှ ကျိုးနွံနာခံမည်မဟုတ်ပေ။ ထိုသို့ဖြစ်သဖြင့်၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိနားလည်ကြမည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို ကြည်ညိုမည် မဟုတ်သောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့်၊ အကယ်၍ လူတို့၏ ရည်ရွယ်ချက်များကို မဖွင့်ချပါက၊ ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်ဝံ့ကြလိမ့်မည် ဖြစ်သည်- ကောင်းကင်ဘုံ သို့မဟုတ် ဘုရားသခင်ကိုပင်လျှင် တိုက်ရိုက် ကျိန်ချင်ကျိန်ကြလိမ့်မည်။ ဤသည်တို့မှာ လူသားမျိုးနွယ်၏အားနည်းချက်များ ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်က “ငါ၏ ရည်ရွယ်ချက်နှင့် ကိုက်ညီပြီး ငါ၏အသုံးပြုခြင်းအတွက် သင့်တော်သူများကို မရပ်မနားရှာဖွေရာတွင် ငါသည် စကြဝဠာ၏ နေရာအနှံ့သို့ ခရီးသွား၏” ဟု ပြောခြင်းဖြစ်သည်။ နိုင်ငံတော်အား ဂုဏ်ပြုခြင်း တရားဝင်ထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ နောက်ပိုင်း ပြောဆိုထားသည့်အရာနှင့် ပေါင်းစပ်လျက်၊ ဤပြောဆိုချက်က ဘုရားသခင်၏ဝိညာဉ်သည် ကမ္ဘာမြေကြီးပေါ်ရှိ အမှုအသစ်တွင် ပါဝင်ပတ်သက်နေသည်ကို သိသာထင်ရှားစေ၏။ ယင်းမှာ လူသားများက ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ မျက်လုံးများဖြင့် ယင်းကို မမြင်နိုင်ကြခြင်းသာ ဖြစ်သည်။ ဝိညာဉ်တော်သည် ကမ္ဘာမြေကြီးပေါ်တွင် အမှုအသစ်ကို လုပ်ဆောင်နေသည်ဟု ဆိုသည့်အတွက်၊ စကြဝဠာ လောကတစ်ခုလုံးသည်လည်း အလွန်အရေးပါသော အပြောင်းအလဲနှင့် ကြုံရ၏- ဘုရားသခင်၏ သားများနှင့် ဘုရားသခင်၏လူများသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း သက်သေခံချက်ကို စတင်လက်ခံကြသည်၊ သို့သော် ထို့ထက်ပို၍၊ ဘာသာတရားတိုင်းနှင့် ဂိုဏ်းဂဏတိုင်း၊ လူ့အလွှာတိုင်းနှင့် နေရာတိုင်းသည်လည်း အမျိုးမျိုးသော အတိုင်းအတာအထိ ယင်းကို လက်ခံကြလေသည်။ ထိုအရာမှာ ဝိညာဉ်လောကရှိ စကြဝဠာလောက၏ ကြီးမားသော လှုပ်ရှားမှု တစ်ရပ်ဖြစ်၏။ ယင်းသည် ဘာသာရေးလောကတစ်ခုလုံးကို ၎င်း၏ ဗဟိုချက်အထိ တုန်လှုပ်သွားစေသည်၊ ယင်းမှာ ယခင်က ဖော်ပြခဲ့သည့် “မြေငလျင်လှုပ်ခြင်း”က ရည်ညွှန်းသည့်အရာ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဆက်လက်၍၊ ကောင်းကင်တမန်တို့သည် ၎င်းတို့၏ အလုပ်ကို တရားဝင် စတင်ကြပြီး၊ ဣသရေလလူမျိုးတို့သည် ၎င်းတို့၏ ဇာတိမြေသို့ ပြန်သွားကြကာ၊ မည်သည့်အခါမျှ တစ်ဖန် လှည့်လည်မသွားလာကြသကဲ့သို့၊ ပါဝင်သည့်သူအားလုံးသည် ထိန်းကျောင်းပေးခြင်းကို လက်ခံကြလေသည်။ ဆန့်ကျင်ဘက်အနေ့ဖြင့်၊ အဲဂုတ္တုသားများသည် ငါ၏ကယ်တင်ခြင်း နယ်ပယ်အတိုင်းအတာမှ စတင် ခွဲထွက်ကြ၏။ ဆိုလိုသည်မှာ၊ ၎င်းတို့သည် ငါ၏ပြစ်တင်ဆုံးမခြင်းကို လက်ခံကြလေသည် (သို့သော် ယင်းမှာ တရားဝင် မစတင်သေးပေ)။ ထို့ကြောင့် ကမ္ဘာလောကသည် ဤကြီးမားသည့် အပြောင်းအလဲများကို တစ်ပြိုင်နက် ကြုံရသည့်အချိန်၊ ယင်းသည် နိုင်ငံတော်ကို ဂုဏ်ပြုခြင်း တရားဝင် ထွက်ပေါ်လာသည့်အချိန်၊ “ခုနစ်ဆပြင်းထန်သော ဝိညာဉ်တော်က စတင် အမှုပြုသည့်အချိန်” ဟု လူတို့ခေါ်ဆိုထားသည့် အချိန်ကာလတစ်ခုလည်း ဖြစ်၏။ ဘုရားသခင်က ကယ်ဆယ်ရေးအမှု လုပ်ဆောင်သည့် အကြိမ်တိုင်း၊ ဤအဆင့်များတွင် (သို့မဟုတ် ဤအကူးအပြောင်းကာလများတွင်) သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မည်သူမျှ မသိနိုင်ပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည့် “လူတို့ မျှော်လင့်ချက် ကင်းမဲ့သည့်အခါ”မှာ မှန်ပုံရ၏။ ထို့အပြင်၊ ဤအကူးအပြောင်း အဆင့်များ အသီးသီးအတွင်းတွင်၊ လူသားများ မျှော်လင့်ချက် ဆုံးရှုံးသည့်အခါ၊ သို့မဟုတ် ဤသည်မှာ မှားယွင်းသော ရေစီးကြောင်းဖြစ်သည်ဟု ၎င်းတို့ခံစားရသည့်အခါတွင်၊ ဘုရားသခင်သည် အသစ်တစ်ဖန် စတင်ပြီး၊ သူ့အမှု၏နောက်တစ်ဆင့်ကို ဆောင်ရွက်၏။ ဖန်းဆင်းခြင်းအချိန်မှသည် ယခုအထိတိုင်၊ ဘုရားသခင်သည် ထိုသို့သော ပုံစံဖြင့် သူ၏ အမှုကို ဆယ်ယူကာ သူ၏အမှု နည်းစနစ်များကို ပြောင်းလဲသည်။ လူအများစုသည် ခြားနားသည့် အတိုင်းအတာဖြင့် ဤအမှု၏ရှုထောင့်အချို့ကို သဘောပေါက်နိုင်သော်လည်း၊ မည်သို့ပင်ဆိုစေ ၎င်းတို့သည် အဆုံးတွင် အလွန် နုနယ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိကြသည့်အတွက်၊ ပြင်းထန်သောရေစီးဖြင့် မျောပါ သွားကြ၏။ ၎င်းတို့သည် ဘုရားသခင်၏အမှု အဆင့်များကို သဘောမပေါက်နိုင်ကြပေ၊ ထို့ကြောင့် ၎င်းတို့ ဖယ်ရှားခံရ၏။ သို့ရာတွင် ဤသည်မှာလည်း လူတို့ကို ဘုရားသခင် သန့်စင်စေသည့်ပုံ ဖြစ်ပြီး၊ ဤသည်မှာ လူသားမျိုးနွယ်၏ ခေတ်နောက်ကျသည့် အယူအဆများနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ တရားစီရင်ခြင်းဖြစ်၏။ လူတို့သည် အခြေခံအုတ်မြစ် ရှိလေလေ၊ ၎င်းတို့အတွက် ဘေးဖယ်ထားရန်ခက်သည့် ဘုရားသခင်နှင့် သက်ဆိုင်သော ၎င်းတို့၏ ဘာသာရေး အယူအဆများ ကြီးမားလေလေ ဖြစ်၏။ ၎င်းတို့သည် ဟောင်းသော အရာများကို အမြဲဖက်တွယ်ကြပြီး၊ အသစ်သောအလင်းကို လက်ခံရန် ၎င်းတို့အတွက် ခက်ခဲ၏။ အခြားတစ်ဘက်တွင်၊ အကယ်၍ လူတစ်ဦးသည် ရပ်တည်နေပါက၊ ၎င်းသည် အခြေခံအုတ်မြစ်အချို့ ရှိရမည်ဖြစ်၏၊ သို့သော် လူအများစုသည် ၎င်းတို့၏အယူအဆဟောင်းများကို လက်လွှတ်ရာတွင် ပြဿနာရှိနေဆဲ ဖြစ်သည်။ ဤသည်မှာ ထင်ရှားသည့် အချက်တစ်ခုဖြစ်သော၊ ယနေ့၏ လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများနှင့်သက်ဆိုင်၍ အထူးသဖြင့် မှန်ကန်လေသည်။

ယနေ့၏ နှုတ်ကပတ်တော်များတွင်၊ ဘုရားသခင်သည် ရူပါရုံများအကြောင်း များစွာပြောဆိုပြီး၊ အသေးစိတ်ဖော်ပြစရာ မလိုအပ်ပေ။ အသင်းတော် တည်ဆောက်ခြင်းသည် နိုင်ငံတော် တည်ဆောက်ခြင်းအတွက် အခြေခံအုတ်မြစ်ကို မည်သို့ ချသည်နှင့်ပတ်သက်၍ ဘုရားသခင်က အဓိကပြောဆို၏။ သာ၍ အတိအကျပြောရလျှင်၊ အသင်းတော် တည်ဆောက်နေခဲ့စဉ်တွင် အဓိက ရည်မှန်းချက်မှာ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်မျက်လုံးများဖြင့် လူ့ဇာတိခံ ဘုရားသခင်ကို မသိရှိကြသေးသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးရော စကား၌ပါ၊ လူတို့အား ယုံကြည်လက်ခံစေရန် ဖြစ်သည်။ ထိုအဆင့်တွင် လူ့ဇာတိခံ ဘုရားသခင်သည် လူတစ်ဦးနှင့် ခွဲခြား၍မရသောကြောင့်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများတွင် ယုံကြည်ခြင်းကို သိုထားကြသော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်ကို မသိရှိခဲ့ကြချေ။ နိုင်ငံတော်ခေတ်တွင်၊ အားလုံးသည် ၎င်းတို့၏စိတ်နှလုံးများ၊ ၎င်းတို့၏အပြောအဆိုနှင့် ၎င်းတို့၏ မျက်လုံးများရှိ ခံယူချက်ကို ပြသကြရမည်ဖြစ်၏။ ဤသည်မှာ အားလုံးက ၎င်းတို့၏စိတ်နှလုံးများ၊ ၎င်းတို့၏ အပြောအဆိုနှင့် ၎င်းတို့၏မျက်လုံး များဖြင့် ခံယူချက်ကို ပြသရန်အတွက်၊ လူ့ဇာတိ၌ ရှင်သန်နေသည့် ဘုရားသခင်အား ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ မျက်လုံးများဖြင့် ၎င်းတို့အား သိခွင့်ပေးရမည်ဆိုသည်ကို ပြသဖို့ လုံလောက်ပေသည်။ ယင်းသည် မလုပ်မနေလုပ်ရသည့် အခြေအနေအောက်တွင် မဟုတ်သကဲ့သို့၊ သာမန်ကာလျှံကာ ယုံကြည်မှုမျှဖြင့် မဟုတ်ဘဲ၊ ၎င်းတို့၏စိတ်နှလုံးနှင့် နှုတ်များဖြင့် ခံယူချက်မှလာသည့် အသိပညာဖြင့် ဖြစ်သည်။ ထို့ကြောင့်၊ ဆောက်လုပ်ခြင်း၏ ဤအဆင့်တွင်၊ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်း မရှိပေ။ ယင်းအစား၊ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နည်းလမ်းအားဖြင့် အသိဉာဏ်ပွင့်လင်းခြင်းဆီသို့ ခေါ်ဆောင်သွားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် လူ့ဇာတိခံ ဘုရားသခင်ကို မသိစိတ်၏ စေ့ဆော်မှုအရ သိရှိလာနိုင်ကြဖို့အလို့ငှာ၊ ဤအရာမှတစ်ဆင့် ၎င်းတို့သည် လိုက်စားကာ စူးစမ်းစစ်ဆေးကောင်း စစ်ဆေးနိုင်ကြပေသည်။ ထို့ကြောင့် ဘုရားသခင်အဖို့၊ အမှု၏ဤအဆင့်သည် များစွာ သာ၍လွယ်ကူ၏၊ အကြောင်းမှာ ယင်းသည် အလိုအလျောက် ဖြစ်ခွင့်ပေးပြီး လူသားမျိုးနွယ်နှင့် ဆန့်ကျင်ခြင်းမပြုသောကြောင့် ဖြစ်သည်။ အဆုံးတွင်၊ ယင်းသည် လူသားများအား ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာသို့ ဆိုက်ရောက်စေလိမ့်မည်ဖြစ်သည်၊ ထို့ကြောင့် မစိုးရိမ်နှင့်၊ သို့မဟုတ် သောကမရောက်နှင့်။ ဘုရားသခင်က “ဝိညာဉ်လောက၏တိုက်ပွဲ အခြေအနေသည် ငါ၏လူအားလုံးအလယ်တွင် တိုက်ရိုက် ပေါ်လွင်စေပြီ၊” ဟု ပြောသည့်အခါတွင်၊ လူတို့သည် လမ်းကြောင်းမှန်ပေါ် စတင်ပြီး ဘုရားသခင်ကို စတင်သိကျွမ်းသည့်အခါ၊ လူအသီးသီးသည် အတွင်းတွင် စာတန်၏သွေးဆောင်ခြင်း ခံရသည်သာမက၊ အသင်းတော်ကိုယ်၌တွင်လည်း စာတန်၏သွေးဆောင်မှု ခံရနိုင်သည်ကို ဘုရားသခင် ဆိုလိုပေသည်။ သို့ရာတွင်၊ ဤသည်မှာ အယောက်တိုင်း လျှောက်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်၊ ထို့ကြောင့် မည်သူမျှ အထိတ်တလန့်ဖြစ်ရန် မလိုပေ။ စာတန်၏သွေးဆောင်မှုသည် ပုံစံအမျိုးမျိုးဖြင့် လာကောင်းလာနိုင်၏။ တစ်စုံတစ်ဦးသည် ဘုရားသခင် ပြောဆိုသည့်အရာကို လျစ်လျူရှုကောင်း လျစ်လျူရှုနိုင်သည်၊ သို့မဟုတ် ပစ်ပယ်ကောင်း ပစ်ပယ်နိုင်သည်၊ ပြီးလျှင် အခြားသူများ၏ အပြုသဘောဆောင်ခြင်းကို လျော့သွားစေရန် အပျက်သဘောဆောင်သည့် အရာများ ပြောကောင်း ပြောနိုင်သည်။ သို့ရာတွင်၊ ထိုသို့သော လူတစ်ဦးသည် အခြားသူများအား ၎င်းတို့ဘက်သို့ စည်းရုံးနိုင်လေ့ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ပိုင်းခြားသိမြင်ရန် ခက်ခဲ၏။ ဤအရာအတွက် အဓိကအကြောင်းရင်းမှာ- ထိုသို့သော လူတစ်ဦးသည် အစည်းအဝေးများ တက်ရာတွင် တက်ကြွကောင်း တက်ကြွနိုင်ဆဲဖြစ်သော်လည်း ရူပါရုံများနှင့်ပတ်သက်၍ ၎င်းတို့ မရှင်းမလင်း ဖြစ်ကြလေသည်။ အသင်းတော်သည် ၎င်းတို့ကို သတိမထားပါက၊ ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းအားဖြင့် အသင်းတော်တစ်ခုလုံး တိမ်းယိုင်သွားပြီး ဘုရားသခင်အား စိတ်မပါ့တပါ တုန့်ပြန်စေကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာရုံမစိုက်ခြင်းဖြစ်သွားနိုင်၏- ဤသည်မှာ စာတန်၏ သွေးဆောင်မှုထဲသို့ တည့်တည့် ကျဆင်းသွားခြင်းကို ဆိုလိုပေမည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို တိုက်ရိုက်ပုန်ကန်ချင်မှပုန်ကန်မည် ဖြစ်သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ နားလည်သဘောပေါက်နိုင်ခြင်း မရှိသကဲ့သို့ ဘုရားသခင်ကို မသိကြသောကြောင့်၊ ၎င်းတို့သည် ညည်းညူသည်အထိ သို့မဟုတ် မကျေမချမ်းမှုဖြင့်ပြည့်သည့် စိတ်နှလုံးတစ်ခု ရှိသည်အထိ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ၎င်းတို့က ဘုရားသခင်သည် ၎င်းတို့အား စွန့်ပစ်ပြီးဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်း ရရှိနိုင်စွမ်းမရှိကြဟု ပြောကောင်း ပြောမည်။ ၎င်းတို့သည် စွန့်ခွာရန် ဆန္ဒရှိကောင်း ရှိနိုင်သော်လည်း၊ အနည်းငယ် စိုးရွံ့ကြပြီး၊ ဘုရားသခင်၏အမှုသည် ဘုရားသခင်ထံမှ မလာဘဲ၊ ယင်းအစား နတ်ဆိုးများ၏အမှု ဖြစ်သည်ဟု ၎င်းတို့ ပြောကောင်း ပြောနိုင်ပေသည်။

ဘုရားသခင်သည် အဘယ်ကြောင့် ပေတရုကို မကြာခဏ ဖော်ပြသနည်း။ ပြီးလျှင် ယောဘသည်ပင်လျှင် ပေတရုနှင့် တန်းတူဖြစ်ခြင်းငှာ နီးစပ်မလာခဲ့ဟု သူအဘယ်ကြောင့်ပြောသနည်း။ ထိုသို့ပြောခြင်းသည် လူတို့အား ပေတရု၏ လုပ်ဆောင်ချက်များကို အာရုံစိုက်စေသည်သာမက၊ အကြီးမားဆုံးသော ယုံကြည်ခြင်း ရှိခဲ့သူ - ယောဘ၏ ပုံသက်သေသည်ပင် အဆင်ပြေမည် မဟုတ်ကဲ့သို့၊ ၎င်းတို့၏စိတ်နှလုံးများရှိ ပုံသက်သေအားလုံးကိုလည်း ဘေးဖယ်ထားစေပြီး ဖြစ်သည်။ ဤနည်းဖြင့်သာ လူတို့သည် ပေတရုအားအတုယူရန် အရာရာတိုင်းကို ဘေးဖယ်ထားနိုင်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာတွင် အဆင့်တစ်ခု တိုးတက်သော သာ၍ကောင်းမွန်သည့် ရလဒ်တစ်ခုကို စွမ်းဆောင်ရရှိနိုင်ပေသည်။ ဘုရားသခင်အား သိရှိရန် ပေတရု လျှောက်ခဲ့သည့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ဘုရားသခင်က လူတို့အား ပြသပြီး၊ ထိုသို့ လုပ်ဆောင်ခြင်း၏ ရည်မှန်းချက်မှာ လူတို့အား ရည်ညွှန်းရန်အချက်တစ်ခု ပေးရန်ဖြစ်၏။ ထို့နောက် ဘုရားသခင်က “သင်သည် ငါ၏နှုတ်ကပတ်တော်များအပေါ် အေးစက်စက်နိုင်ကာ ဂရုမစိုက်ပါက၊ သင်သည် ငါ့ကို ဧကန် ဆန့်ကျင်ပေသည်။ ဤသည်မှာ အမှန်တရားဖြစ်၏” ဟု ပြောချိန်တွင်၊ ဘုရားသခင်သည် စာတန်က လူသားများကို သွေးဆောင်မည့် နည်းလမ်းများအနက် နည်းလမ်းတစ်ခုကို ဆက်လက် ကြိုတင်ပြောဆိုပေသည်။ ဤနှုတ်ကပတ်တော်များတွင်၊ စာတန်က အသုံးပြုရန် ကြိုးစားမည့် ပါးနပ်သော အကြံအစည်များကို ဘုရားသခင်က ကြိုတင်ပြောဆိုသည်။ ယင်းတို့သည် သတိပေးချက်တစ်ခုအဖြစ် ရပ်တည်ပေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အယောက်တိုင်းက ဂရုမစိုက်နိုင်မည်မှာ မဖြစ်နိုင်သော်လည်း၊ မည်သို့ပင်ဖြစ်စေကာမူ၊ လူအချို့သည် ဤသွေးဆောင်မှုအားဖြင့် အမိခံရကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အဆုံးတွင် ဘုရားသခင်က “ငါ၏နှုတ်ကပတ်တော်များကို သင်တို့မသိရှိပါက၊ ယင်းတို့ကို လက်မခံသကဲ့သို့၊ လက်တွေ့မလုပ်ဆောင်ကြပါက၊ သင်တို့သည် ငါ၏ပြစ်တင် ဆုံးမခြင်းကို ခံရမည့်အရာများ မလွဲမသွေ ဖြစ်လာကြလိမ့်မည်။ သင်တို့သည် ဧကန်မုချ စာတန်၏ သားကောင်များ ဖြစ်လာလိမ့်မည်” ဟု အလေးထားမှုဖြင့် ထပ်လောင်းပြောဆိုပေသည်။ ဤသည်မှာ လူသားမျိုးနွယ်အား ဘုရားသခင်၏ အကြံပြုချက်ဖြစ်သည်- သို့သော် အဆုံးတွင် ဘုရားသခင် ကြိုတင်ပြောကြားခဲ့သည့်အတိုင်း၊ လူတစ်စုသည် စာတန်၏သားကောင် မလွဲမသွေ ဖြစ်ကြလိမ့်မည်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။