ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” | ကောက်နုတ်ချက် ၈၃

လူသား၏ ဇာတိခန္ဓာ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်သည့် အမှုအတွက် ဇာတိခန္ဓာထဲရှိ ဘုရားသခင်ထက် ပို၍သင့်တော်သည့် အရည်အချင်းရှိသောသူ မရှိပေ။ အကယ်၍ တရားစီရင် ဆုံးဖြတ်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်မှ တိုက်ရိုက်ဆောင်ရွက်မည်ဆိုလျှင် အရာအားလုံးကို ခြုံငုံနိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိုသို့သောအမှုကို လူသားမှလက်ခံရန် ခက်ခဲပေမည်။ အကြောင်းမှာ လူသားသည် ပြစ်မှားစော်ကား၍ မရသော ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ရှင်းလင်းစွာ တွေ့မြင်နိုင်ရန် မဆိုထားနှင့် ဝိညာဉ်တော်သည် လူသားနှင့် မျက်နှာချင်းဆိုင်၍ မရနိုင်သဖြင့် အကျိုးသက်ရောက်မှု ချက်ချင်းမရှိနိုင်ပေ။ ဇာတိခန္ဓာရှိ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝအောင်နိုင်လိမ့်မည်ဖြစ်သည်။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသော လူသားနှင့်တူညီသူတစ်ဦးအနေဖြင့် ဇာတိခန္ဓာရှိ ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက်တရားစီရင်ဆုံးဖြတ်နိုင်သည်။ ယင်းသည် သူ၏ရှိရင်းစွဲ သန့်ရှင်းမြင့်မြတ်မှု ဖြစ်ပြီး၊ သူ၏ သာမန်ထက်ထူးခြားမှုဖြစ်သည်။ ဘုရားသခင်သာလျှင် လူသားကို တရားစီရင်နိုင်သည့် အခြေအနေတွင်ရှိပြီး၊ ထိုအရည်အချင်းနှင့် ပြည့်မီသည်။ အကြောင်းမှာ သူသည် သမ္မာတရားနှင့် ဖြောင့်မတ်မှုကို ပိုင်ဆိုင်သဖြင့် လူသားကို တရားစီရင်နိုင်လေသည်။ သမ္မာတရားနှင့် ဖြောင့်မတ်မှုမရှိသောသူတို့သည် အခြားသူများကို တရားစီရင်ရန် သင့်တော်မှုမရှိပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ဝိညာဉ်တော်မှ လုပ်ဆောင်ခဲ့ပါက ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဖြစ်လိမ့်မည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် နဂိုကပင် သာ၍ ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် နဂိုကပင် သန့်ရှင်းမြင့်မြတ်ကာ ဇာတိခန္ဓာအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ပါက၊ လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ဘဲ လူသား၏ မဖြောင့်မတ်မှုအားလုံးကို ဖော်ထုတ်နိုင်ခြင်းလည်း ရှိလိမ့်မည် မဟုတ်။ အကြောင်းမှာ တရားစီရင်သည့် အမှုကို လူသား၏ ဘုရားသခင်အပေါ်ထားသော အယူအဆများဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူသားသည် ဝိညာဉ်တော်နှင့်ပတ်သတ်၍ အယူအဆများ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်တော်သည် လူသား၏ မဖြောင့်မတ်မှုကို သာ၍ကောင်းမွန်စွာ ထုတ်ဖော်ပြသနိုင်စွမ်း မရှိပေ။ ထိုသို့သော မဖြောင့်မတ်မှုများကို အပြည့်အဝ ဖွင့်ချရန် ပို၍ပင်မစွမ်းသာပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့ကိုမသိသောသူများ အားလုံး၏ ရန်သူဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများကို တရားစီရင်ခြင်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ ဇာတိခန္ဓာထဲရှိ သူ၏ အမှု၏ အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်၏ အမှုအားဖြင့်ရလာသော အကျိုးသက်ရောက်မှုများထက် ပို၍သိသာထင်ရှားလေသည်။ သို့ဖြစ်၍ လူသားတစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းကို ဝိညာဉ်တော်မှ တိုက်ရိုက် လုပ်ဆောင်ခြင်းမရှိဘဲ ယင်းသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုဖြစ်လေသည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်ကို လူသားတို့သည် မြင်တွေ့၍ ကိုင်တွယ်နိုင်ပြီး ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားကို အပြည့်အဝ သိမ်းပိုက်နိုင်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်နှင့် ဆက်ဆံရေးတွင် လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှင်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆမှ အသိပညာသို့၊ ငြင်းဆန်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်ပြောင်းလဲသွားသည်။ ဤသည်တို့မှာ လူ့ဇာတိခံယူသော ဘုရားသခင့် အမှုတော်၏ အကျိုးသက်ရောက်မှုများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်းအားဖြင့်သာ ကယ်တင်ခြင်းခံရသည်။ ဘုရားသခင်၏ နှုတ်ထွက်စကားတော်များဖြင့် ဘုရားသခင်ကို တဖြည်းဖြည်း သိလာသည်။ သူ့ကို ဆန့်ကျင်နေစဉ်အတွင်း သူ၏ သိမ်းပိုက်ခြင်း ခံရ၍၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံသည့်ကာလအတွင်းတွင် အသက်အထောက်အပံ့ကို လက်ခံရရှိသည်။ ဤအမှုအားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဘုရားသခင်၏ဝိညာဉ်တော် သွင်ပြင်လက္ခဏာအားဖြင့် လုပ်ဆောင်ခြင်းမဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ဆောင်သည့် အမှုသည် အကြီးမားဆုံး အမှု၊ ထူးခြားမှုအရှိဆုံး အမှုဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်မှ အရေးကြီးသော အပိုင်းမှာ လူ့ဇာတိခံယူသော အမှု၏ အဆင့်နှစ်ဆင့်ဖြစ်သည်။ လူသား၏ ကြီးမားသော ဖောက်ပြန်ပျက်စီးမှုသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှု၏ အကြီးမားဆုံးသော အတားအဆီးဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသောကာလမှ လူတို့အပေါ်လုပ်ဆောင်သည့် အမှုတော်သည် အလွန်ခက်ခဲသည်။ ပတ်ဝန်းကျင်သည် ရိုင်းစိုင်းခက်ထန်ကာ လူတစ်ဦးစီ၏ အရည်အချင်းသည် အင်မတန် ညံ့ဖျင်းသည်။ သို့ရာတွင် ဤအမှုတော်၏အဆုံး၌ အမှားအယွင်းများမရှိဘဲ သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိဆဲဖြစ်မည်။ ယင်းသည် ဇာတိခန္ဓာအမှု၏ အကျိုးသက်ရောက်မှုဖြစ်ပြီး ဝိညာဉ်တော်၏အမှုဖြင့်ရရှိမည့် အကျိုးသက်ရောက်မှုထက်ပို၍ ကျေနပ်ဖွယ်ကောင်းပေသည်။ ဘုရားသခင့် အမှု၏ အဆင့်သုံးဆင့်တို့ကို ဇာတိခန္ဓာရှိသည့် ဘုရားသခင်က အဆုံးသတ်ပေးမည်ဖြစ်ပြီး၊ လူ့ဇာတိခံယူသည့် ဘုရားသခင်မှ နိဂုံးချုပ်ပေးရမည်။ အရေးအကြီးဆုံးနှင့် အရေးအပါဆုံးအမှုကို ဇာတိခန္ဓာရှိသည့် ဘုရားသခင်က လုပ်ဆောင်ပြီး၊ လူသားအား ကယ်တင်ခြင်းကို ဇာတိခန္ဓာရှိသည့် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်။ လူသားမျိုးနွယ်အားလုံးက ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားနှင့်မဆိုင်ဟု ခံစားမိသော်လည်း လက်တွေ့တွင်မူ ဤဇာတိခန္ဓာသည် လူသားတစ်မျိုးနွယ်လုံး၏ ကံကြမ္မာ၊ တည်ရှိမှုတို့နှင့် သက်ဆိုင်လေသည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

လူဇာတိခံဘုရားရှင်သည် အရေးကြီးဆုံးဖြစ်သည့် လူကိုကယ်တင်ခြင်းအမှုကို ပြုသည်

လူ့ဇာတိခံဘုရားအားဖြင့် ပြုခဲ့သောအမှုသည် ဘုရားအမှုတော်၏ အကြီးမားဆုံးပင် လူ့ဇာတိခံဘုရား ပြုခဲ့သော အမှုသည် ဘုရားအမှုအားလုံး ထဲတွင် အလေးနက်ဆုံးပင် ဘုရားအမှုတော်၏ အဆင့်သုံးဆင့်တွင် အရေးပါဆုံးမှာ ဤနှစ်ခုပင် အမှုတော်၏ ဤအဆင့်နှစ်ခုပင် လူ့ဇာတိခံယူထားသော ဘုရား၏အမှုတော်ပင် ဘုရား အလုပ်၏ အရေးပါဆုံးသော အပိုင်းသည် လူ့... ...အသွင်ဖြင့် လုပ်ဆောင်သည် ဘုရားအားဖြင့် လူတိုင်းတွက် ကယ်တင်ခြင်းသည် လူ့ဇာတိ၌ ပြုရမည် လူသည် လူ့ဇာတိခံသောဘုရားနှင့် မသက်ဆိုင်ဟု... ...ယူဆလည်း ဤအသွေးအသားသည် အရေးကြီးဆုံးအမှုကိုပြုသည်ဖြစ်ရာ လူသားအားလုံး၏ အသက်ရှင်ရေးနှင့် ကံကြမ္မာနှင့် ဆက်နွယ်

လူ၏ ဆိုးသွမ်းဖောက်ပြန်မှု သည် လူ့ဇာတိခံ... ...ဘုရား၏ အလုပ်ကိုတားဆီး လူ့ပတ်ဝန်းကျင်သည် ရန်လိုကာ လူ့ဝိညာဉ်အသက်တာသည်ညံ့ဖျင်းလှ နောက်ဆုံးကာလ တွင်ပြုသော အမှုသည် ခက်ခဲ ကြမ်းတမ်းလှသည် သို့သော် ဤအမှုတော်၏ အဆုံးတွင် သင့်လျော်သော... ...အကျိုးရလဒ် ရရှိလိမ့်မည် ဘုရား အလုပ်၏ အရေးပါဆုံးသော အပိုင်းသည် လူ့... ...အသွင်ဖြင့် လုပ်ဆောင်သည် ဘုရားအားဖြင့် လူတိုင်းတွက် ကယ်တင်ခြင်းသည် လူ့ဇာတိ၌ ပြုရမည် လူသည် လူ့ဇာတိခံသောဘုရားနှင့် မသက်ဆိုင်ဟု... ...ယူဆလည်း ဤအသွေးအသားသည်... အရေးကြီးဆုံးအမှုကိုပြုသည်ဖြစ်ရာ လူသားအားလုံး၏ အသက်ရှင်ရေးနှင့် ကံကြမ္မာနှင့် ဆက်နွယ်

ဘုရား၏အမှုတော်သည် အကြီးမားဆုံးရလဒ် ကို ရရှိလိမ့်မည် ဘာ အတိမ်းအစောင်းမရှိဘဲ ဘုရားအမှုသည် ထိုရလဒ်ကို ရရှိမည် ဤသည်မှာ လူ့ဇာတိ၌ ပြုသော အမှုတော်၏ ရလဒ်ဖြစ်၏ ဝိညာဉ် တော်၏အမှုတော်ထက်သာ၍ ဆွဲဆောင်မှုရှိသည် ဤအမှုတော်သုံးဆင့်သည် ပြီးဆုံးလိမ့်မည် လူ့ဇာတိခံဘုရားကသာ ပြီးဆုံးစေလိမ့်မည် ဤအမှုတော်သုံးဆင့်သည် ပြီးဆုံးစေရမည် လူ့ဇာတိခံဘုရားကသာ ပြီးဆုံးစေရမည် ဘုရား အလုပ်၏ အရေးပါဆုံးသော အပိုင်းသည် လူ့... ...အသွင်ဖြင့်လုပ်ဆောင်သည် ဘုရားအားဖြင့် လူတိုင်းတွက် ကယ်တင်ခြင်းသည် လူ့ဇာတိ၌ ပြုရမည် လူသည် လူ့ဇာတိခံသောဘုရားနှင့် မသက်ဆိုင်ဟ... ...ယူဆလည်း ဤအသွေးအသားသည်... အရေးကြီးဆုံးအမှုကိုပြုသည်ဖြစ်ရာ လူသားအားလုံး၏ အသက်ရှင်ရေးနှင့် ကံကြမ္မာနှင့် ဆက်နွယ်

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” | ကောက်နုတ်ချက် ၁၅၀

ဘုရားသခင်သည် ရှေးဦးစွာ အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့ပြီး မြွေကိုလည်း ဖန်ဆင်းခဲ့သည်။ ဤအရာများ အားလုံးထဲမှာ မြွေသည် အဆိပ်အပြင်းဆုံးဖြစ်သည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ပုံမှန်အခြေအနေတစ်ခုထဲသို့ ဝင်ရောက်ပုံ” | ကောက်နုတ်ချက် ၄၁၂

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတို့ ပိုမိုလက်ခံလေ၊ ၎င်းတို့ ပိုမိုဉာဏ်အလင်းပေးခံရလေဖြစ်ကာ ဘုရားသခင်ကို သိကျွမ်းခြင်းအား ၎င်းတို့၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်” | ကောက်နုတ်ချက် ၁၃၇

ဤကမ္ဘာမြေပေါ် ဘုရားသခင် ကြွလာသည့်အချိန်တွင် သူသည် ဘုရား၏သဘောသဘာဝအတွင်း၌သာ သူ၏အမှုတော်ကို လုပ်ဆောင်လေသည်။ ဤအရာမှာ ကောင်းကင်ဘုံမှ ဝိညာဉ်တော်က...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်” | ကောက်နုတ်ချက် ၅၃၉

မိမိ၏ အသက်တာစိတ်သဘောထား၌ ပြောင်းလဲခြင်းကို လိုက်စားရှာဖွေရာတွင်၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် ရိုးရှင်း၏။ သင်၏ လက်တွေ့ကျသည့်...