ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၅

ငါ၏နှုတ်ကပတ်တော်များသည် ခက်ထန်ကောင်း ခက်ထန်နိုင်သော်လည်း၊ ငါသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုနေပြီး လူသား၏ ခန္ဓာကို အပြစ်ပေးနေခြင်း မဟုတ်သည်နှင့်အမျှ၊ ထိုအရာအားလုံးကို လူ၏ ကယ်တင်ခြင်းအတွက်သာ မြွက်ဆိုထားခြင်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် လူသားအား အလင်းထဲတွင် အသက်ရှင်စေသည်၊ အလင်းတည်ရှိသည်ကို သိစေသည်၊ အလင်း တန်ဖိုးရှိသည်ကို သိစေပြီး၊ ထို့ထက်ပင်မက ဤနှုတ်ကပတ်တော်များသည် ၎င်းတို့အဖို့ မည်သို့ အကျိုးပြုသည်ကို သိရှိစေသည့်အပြင်၊ ဘုရားသခင်သည် ကယ်တင်ခြင်း ဖြစ်သည်ကို သိစေသည်။ ငါသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်များစွာကို မြွက်ဆိုပြီးဖြစ်သော်လည်း၊ ထိုအရာများက ကိုယ်စားပြုသည့်အရာကို သင်တို့ထံ ဧကန်အမှန် မလုပ်ဆောင်ရသေးပေ။ ငါသည် ငါ၏အမှုကို လုပ်ဆောင်ရန်နှင့် ငါ၏နှုတ်ကပတ်တော်များကို ပြောဆိုရန် ကြွလာပြီဖြစ်သည်၊ ငါ၏နှုတ်ကပတ်တော်များသည် ခက်ထန်ကောင်း ခက်ထန်နိုင်သော်လည်း၊ ယင်းတို့ကို သင်တို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် သင်တို့၏ ပုန်ကန်မှုတို့ကို တရားစီရင်ရာတွင် ပြောဆိုထားခြင်းဖြစ်၏။ ဤအရာကို ငါ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်သည် စာတန်၏ အုပ်စိုးမှုမှ လူကို ကယ်တင်ရန်ဖြစ်နေဆဲ ဖြစ်သည်။ ငါသည် လူကို ကယ်တင်ရန် ငါ၏နှုတ်ကပတ်တော်များကို အသုံးပြုနေသည်။ ငါ၏ရည်ရွယ်ချက်မှာ လူကို ငါ၏နှုတ်ကပတ်တော်တို့ဖြင့် ထိခိုက် နစ်နာစေရန် မဟုတ်။ ငါ၏ နှုတ်ကပတ်တော်များသည် ငါ၏အမှု၌ ရလဒ်များ ရရှိဖို့အလို့ငှာ ခက်ထန်ပေသည်။ ထိုသို့သော အမှုမှတစ်ဆင့်သာ လူသည် မိမိတို့ကိုယ်ကိုယ် သိရှိလာနိုင်ပြီး ၎င်းတို့၏ ပုန်ကန်တတ်သည့် စိတ်နေသဘောထားမှ လွတ်မြောက်နိုင်ပေသည်။ နှုတ်ကပတ်တော်များ၏ အမှုနှင့်ဆိုင်သည့် အကြီးမားဆုံးသော အရေးပါမှုမှာ လူတို့ကို သမ္မာတရားအား နားလည်ပြီးနောက် လက်တွေ့လုပ်ဆောင်ခွင့်ပေးခြင်း၊ ၎င်းတို့၏ စိတ်နေသဘောထားတွင် ပြောင်းလဲမှုများ ရရှိခွင့်ပေးခြင်းနှင့် မိမိတို့ကိုယ်တိုင်နှင့် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် အသိပညာကို ရရှိခွင့်ပေးခြင်းတို့ ဖြစ်သည်။ နှုတ်ကပတ်တော်များကို ပြောဆိုခြင်းအားဖြင့် အမှုကို လုပ်ဆောင်ခြင်းသည်သာ ဘုရားသခင်နှင့် လူသားအကြား ဆက်သွယ်မှုကို ဖြစ်စေနိုင်ပြီး၊ နှုတ်ကပတ်တော်များသည်သာ သမ္မာတရားကို ရှင်းပြနိုင်သည်။ ဤနည်းလမ်းဖြင့် အလုပ်လုပ်ခြင်းသည် လူကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ နှုတ်ကပတ်တော်များ၏ မိန့်မြွက်ချက်မှလွဲ၍ အခြားမည်သည့်နည်းစနစ်ကမျှ သမ္မာတရား၊ ဘုရားသခင်၏အမှုနှင့်ပတ်သက်သော သာ၍ ရှင်းလင်းသည့် သိနားလည်မှုကို လူတို့ကို ပေးနိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူ့အမှု၏ နောက်ဆုံးအဆင့်တွင် လူတို့ကို ဘုရားသခင်ထံမှ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ရရှိခွင့်ပေးလျက်၊ ထိုသို့ဖြင့် သူ၏ အလိုကို ဖြည့်ဆည်းရင်း၊ ဘုရားသခင်သည် ၎င်းတို့ နားမလည်သေးသည့် သမ္မာတရားများနှင့် နက်နဲမှုများအားလုံးကို ဖွင့်ပြရန်အလို့ငှာ လူကို စကားပြောဆိုလေသည်။ လူသားအပေါ် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏အလိုကို ၎င်းတို့အား ဖြည့်ဆည်းနိုင်စေရန်ဖြစ်ပြီး ယင်းကို ၎င်းတို့ထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူသားနှင့်ဆိုင်သည့် သူ၏ကယ်တင်ခြင်း အချိန်ကာလအတွင်းတွင်၊ သူသည် ၎င်းတို့အား အပြစ်ပေးခြင်းအမှုကို မလုပ်ဆောင်ပေ။ လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းနေစဉ်တွင်၊ ဘုရားသခင်သည် ဆိုးယုတ်သူများကိုလည်း အပြစ်မပေးသကဲ့သို့ ကောင်းသောသူများကို ဆုမချီးမြှင့်ဘဲ လူအမျိုးမျိုးတို့၏ ခရီးပန်းတိုင်များကိုလည်း ထုတ်ဖော်မပြပေ။ ထို့ထက်၊ သူ့အမှု၏ နောက်ဆုံးအဆင့် ပြီးစီးသည့်နောက်တွင်သာ ဆိုးယုတ်သူများကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုချီးမြှင့်ခြင်း အမှုကို သူလုပ်ဆောင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ မတူကွဲပြားသော လူအမျိုးအစားအားလုံး၏ အဆုံးသတ်များကို သူထုတ်ဖော်ပြလိမ့်မည်။ အပြစ်ပေးခံရသူများသည် အမှန်တကယ် ကယ်တင်၍မရနိုင်သူများ ဖြစ်ကြလိမ့်မည် ဖြစ်သော်လည်း၊ ကယ်တင်ခြင်းခံရသူများသည် လူသားနှင့်ဆိုင်သည့် သူ၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိပြီးသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုကို ပြုနေစဉ်တွင် ကယ်တင်ခံရနိုင်သည့် လူတစ်ဦးစီတိုင်းသည် ဖြစ်နိုင်သမျှ ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ လူကို ကယ်တင်ရန် ဖြစ်သည့်အတွက် ၎င်းတို့ထဲမှ မည်သူမျှ စွန့်ပစ်ခံရလိမ့်မည်မဟုတ်။ လူသားနှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း၊ ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု မစွမ်းဆောင် မရရှိနိုင်ကြသူအားလုံး အပြင်— ဘုရားသခင်ထံ လုံးဝ ကျိုးနွံနာခံခြင်း မရှိနိုင်သူအားလုံးတို့သည်— အပြစ်ပေးခြင်း ခံရသူများ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ အလိုနှင့် ၎င်းတို့နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သိနားလည်နိုင်ဖို့အလို့ငှာ၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ စွမ်းဆောင်ရရှိဖို့ မရှိမဖြစ် ထားရှိရမည့် လိုအပ်ချက်များ ရှိနိုင်ကြဖို့အလို့ငှာ၊ အမှု၏ ဤအဆင့်- နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အမှုသည်- လူသားတို့ နားမလည်သည့် နည်းလမ်းများနှင့် နက်နဲမှုများအားလုံးကို ၎င်းတို့အတွက် ဖွင့်ပြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို ပြုရန် နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး၊ အနည်းငယ် ပုန်ကန်တတ်ခြင်းအတွက် လူတို့ကို အပြစ်မပေးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်သည် ကယ်တင်ခြင်းအမှု၏ အချိန်ကာလ ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ ပုန်ကန်လျက် ပြုမူသောသူ မည်သူမဆိုကို အပြစ်ပေးမည်ဆိုပါက၊ မည်သူမျှ ကယ်တင်ခံ ရရန် အခွင့်အရေးရှိကြမည် မဟုတ်ပေ။ အယောက်တိုင်းသည် အပြစ်ပေးခံရမည် ဖြစ်ပြီး မရဏနိုင်ငံသို့ ကျဆင်းကြရမည် ဖြစ်သည်။ လူကို တရားစီရင်သည့် နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိရှိခွင့်ပေးရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံခွင့် ပေးရန် ဖြစ်သည်။ ယင်းမှာ ထိုသို့သော တရားစီရင်ခြင်းဖြင့် ၎င်းတို့ကို အပြစ်ပေးရန် မဟုတ်ပေ။ နှုတ်ကပတ်တော်များ၏ အမှုနှင့်ဆိုင်သည့် အချိန်ကာလအတွင်းတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ ပုန်ကန်မှုနှင့် အာခံမှုအပြင် လူ့ဇာတိခံ ဘုရားသခင်အပေါ် ၎င်းတို့၏ မနာခံမှုကို ဖော်ထုတ်ကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူသည် ဤလူအားလုံးကို အကျိုးဆက်အနေဖြင့် အပြစ်ပေးလိမ့်မည် မဟုတ်ဘဲ၊ ယင်းအစား ရိုးတွင်းခြင်ဆီအထိ ဖောက်ပြန်ပျက်စီးသော သူများနှင့် ကယ်တင်မခံရနိုင်သူများကိုသာ ဘေးဖယ်ထားလိမ့်မည်။ သူသည် ၎င်းတို့၏ ဇာတိခန္ဓာများကို စာတန်အား ပေးပစ်လိမ့်မည်ဖြစ်ပြီး အချို့အခြေအနေများတွင် ၎င်းတို့၏ဇာတိခန္ဓာကို အဆုံးသတ်ပစ်လိမ့်မည်။ ကျန်ရှိသောသူများသည် ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို ဆက်လက် လိုက်လျှောက်ကာ ကြုံတွေ့ကြရလိမ့်မည်။ အကယ်၍ လိုက်လျှောက်နေစဉ်တွင် ဤလူများသည် ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်မခံနိုင်သေးသကဲ့သို့၊ ပို၍ပို၍ ဆုတ်ယုတ်လာကြပါက၊ ၎င်းတို့သည် ၎င်းတို့၏ ကယ်တင်ခြင်း အခွင့်အရေးကို ဆုံးရှုံးကြလိမ့်မည်။ နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခံရခြင်းကို ကျိုးနွံနာခံပြီးဖြစ်သည့် လူအသီးသီးသည် ကယ်တင်ခြင်းအတွက် လုံလောက်သော အခွင့်အရေးကို ရရှိကြလိမ့်မည်။ ဤလူများထဲမှ အသီးသီးနှင့်ဆိုင်သည့် ဘုရားသခင်၏ကယ်တင်ခြင်းသည် သူ၏အစွမ်းကုန် သက်ညှာမှုကို ပြသလိမ့်မည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် အစွမ်းကုန် သည်းခံပေးမှု ပြသခံရကြလိမ့်မည်။ လူတို့သည် လမ်းမှားကို ကျောခိုင်းနေကြသရွေ့၊ ပြီးလျှင် ၎င်းတို့ နောင်တရနိုင်သရွေ့၊ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကိုရရှိရန် အခွင့်အရေးများအား ၎င်းတို့ကို ပေးလိမ့်မည်။ လူသားများက ဘုရားသခင်ကို ပထမဦးဆုံး ပုန်ကန်ကြချိန်တွင်၊ ၎င်းတို့ကို သေခြင်းသို့ပို့ရန် ဘုရားသခင် ဆန္ဒမရှိပေ။ ထို့ထက်၊ ၎င်းတို့ကို ကယ်တင်ရန် သူတတ်နိုင်သမျှအားလုံး လုပ်ဆောင်ခဲ့သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ကယ်တင်ခြင်းအတွက် အမှန်တကယ် အခွင့်အရေး မရှိပါက၊ ဘုရားသခင်သည် ၎င်းတို့ကို ဘေးဖယ်ထားလိမ့်မည် ဖြစ်သည်။ လူအချို့ကို ဘုရားသခင်က အပြစ်ပေးရန် နှေးရသည့် အကြောင်းရင်းမှာ သူသည် ကယ်တင်၍ ရနိုင်သူတိုင်းကို ကယ်တင်လိုသောကြောင့် ဖြစ်သည်။ သူသည် လူတို့ကို နှုတ်ကပတ်တော်များဖြင့်သာ တရားစီရင်သည်၊ အသိဉာဏ်ပွင့်လင်းစေပြီး၊ လမ်းပြကာ၊ ၎င်းတို့ကို သေခြင်းသို့ပို့ရန် လှံတံကို အသုံးမပြုပေ။ လူသားများထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းသည် အမှု၏ နောက်ဆုံးအဆင့်နှင့်ဆိုင်သော ရည်ရွယ်ချက်နှင့် အရေးပါမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၂၉

ဆဌမဆုံမှတ်- သေခြင်း များပြားလှသည့် ပျားပန်းခတ်မှု နှင့် အလုပ်များခြင်းများ၊ များပြားလှသည့် အားမလိုအားမရဖြစ်ခြင်းများနှင့် စိတ်ပျက်မှုများ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၆

ရှင်မဿဲ ၄:၈-၁၁ တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၄၈

သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် အမြဲ ကောက်ကာငင်ကာ လုပ်ဆောင်ခြင်း ဖြစ်သည်။ သူသည် အချိန်မရွေး သူ၏ အမှုကို စီစဉ်နိုင်ပြီး၊ အချိန်မရွေး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၉၃

နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း- ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။