ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၉

ယခု လုပ်ဆောင်ပြီးသော အလုပ်မှာ လူတို့အနေဖြင့် စာတန်ကို စွန့်လွှတ်ရန်၊ ၎င်းတို့၏ ဘိုးဘေးဘီဘင်ဟောင်းကို စွန့်လွှတ်ရန် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်း အားလုံးသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန်နှင့် အသက်၏ အနှစ်သာရကို လူတို့နားလည်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ထပ်တလဲလဲဖြစ်သော အဆိုပါတရားစီရင်ခြင်းများသည် လူတို့၏ စိတ်နှလုံးများကို ထိုးဖောက်သည်။ တရားစီရင်ခြင်းအားလုံးသည် လူတို့၏ ကံကြမ္မာအပေါ် တိုက်ရိုက်အကျိုးသက်ရောက်ပြီး၊ ၎င်းတို့၏ စိတ်နှလုံးကို ထိခိုက်နာကျင်စေရန် ရည်ရွယ်ခြင်းဖြစ်သောကြောင့်၊ ၎င်းတို့သည် ထိုအရာများ အားလုံးကို လက်လွှတ်နိုင်ကာ အသက်အကြောင်း သိလာမည်၊ ညစ်ညူးသော ဤကမ္ဘာကြီးအကြောင်း သိလာမည်၊ ထို့အပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအကြောင်းကိုလည်း သိလာပြီး၊ စာတန်၏ ဖျက်စီးခြင်း ခံထားရသော ဤလူသားတို့အကြောင်း သိလာမည် ဖြစ်သည်။ ဤကဲ့သို့ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမျိုး သာ၍များလေလေ၊ လူ၏ စိတ်နှလုံးအား ပို၍ ထိခိုက်နာကျင်စေနိုင်လေဖြစ်ပြီး၊ သူ၏ဝိညာဉ်ကို ပို၍ နိုးထစေနိုင်လေဖြစ်သည်။ ဤကဲ့သို့သော တရားစီရင်ခြင်းမျိုး၏ ရည်မှန်းချက်မှာ အလွန့်အလွန် ဖောက်ပြန်ပျက်စီးနေပြီး အနက်ဆုံးအထိ လှည့်ဖြားခြင်း ခံထားရသော အဆိုပါ လူတို့၏ ဝိညာဉ်များကို နိုးထပေးရန် ဖြစ်သည်။ လူ၌ ဝိညာဉ်မရှိ၊ ဆိုလိုသည်မှာ၊ သူ၏ဝိညာဉ်သည် ကုန်လွန်ခဲ့သော အတိတ်တွင် သေဆုံးခဲ့ပြီ၊ သူသည် ကောင်းကင်ဘုံရှိကြောင်းကို မသိ၊ ဘုရားသခင်တစ်ပါးရှိကြောင်းကို မသိပေ၊ ထို့ပြင် သေခြင်းတရား၏ ချောက်နက်ကြီးထဲတွင် သူရုန်းကန်နေမှန်း သူမသိမည်မှာ ကျိန်းသေပါသည်၊ သူသည် ဤကမ္ဘာကြီးပေါ်ရှိ ဆိုးယုတ်သော ငရဲထဲတွင် အသက်ရှင်နေကြောင်း မည်သို့သိမည်နည်း။ စာတန်ဖျက်ဆီးခြင်း ခံထားရသည့် သူ၏ပုပ်စပ်သော ဤအသေကောင်သည် သေမင်း၏ မရဏနိုင်ငံသို့ ကျရောက်နေကြောင်း သူမည်သို့သိမည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ပြုပြင်၍ မရနိုင်လောက်အောင် လူသားတို့၏ ဖျက်ဆီးခြင်းကို ခံနေရသည်မှာ ကြာပြီဖြစ်ကြောင်း သူမည်သို့သိမည်နည်း။ ထို့အပြင် ဖန်ဆင်းရှင်သည် ကမ္ဘာမြေကြီးပေါ်သို့ ယနေ့ကြွလာကာ သူကယ်တင်နိုင်မည့် ဖောက်ပြန်ပျက်စီးသော လူတစ်စုကို ရှာဖွေနေကြောင်းကို သူမည်သို့သိမည်နည်း။ လူတို့သည် ဖြစ်နိုင်သော စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်း အားလုံးကို ကြုံခဲ့ပြီးလျှင်ပင်၊ သူတို့၏ လေးလံထုံထိုင်းသော အသိစိတ်သည် အနည်းငယ်မျှသာ နိုးကြားပြီး၊ တုံ့ပြန်ခြင်း မရှိသလောက် ဖြစ်နေသည်။ လူသားမျိုးနွယ်သည် အလွန်ကျဆင်းယိုယွင်းနေပါတကား။ ဤကဲ့သို့သော တရားစီရင်ခြင်းမျိုးသည် မိုးကောင်းကင်မှ ကျလာသော ရက်စက်ကြမ်းတမ်းသည့် မိုးသီးသဖွယ်ဖြစ်သော်လည်း၊ ၎င်းသည် လူသားတို့အတွက် အကြီးမားဆုံးသော အကျိုးပေးသည့်အရာဖြစ်သည်။ လူတို့ကို ဤသို့တရားမစီရင်ပါက ရလဒ်ရှိလာမည် မဟုတ်ဘဲ၊ လူတို့ကို ဒုက္ခဆင်းရဲ ချောက်နက်ထဲမှ ကယ်တင်ရန် လုံးဝဖြစ်နိုင်ခြေရှိမည် မဟုတ်ပါ။ အကယ်၍ ဤအမှုကြောင့်သာ မဟုတ်လျှင်၊ လူတို့၏ စိတ်နှလုံးသည် လွန်လေပြီးသော အတိတ်ကတည်းက သေဆုံးနေခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်များသည်လည်း စာတန်၏ နင်းခြေမှုကို ခံနေရသည်မှာ အချိန် ကြာမြင့်နေပြီ ဖြစ်သောကြောင့် သူတို့သည် သေမင်း၏ မရဏာနိုင်ငံမှ ရုန်းထွက်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။ ပျက်စီးဆုံးရှုံးခြင်း ချောက်နက်၏ တွင်းဆုံးအထိ နစ်မြှပ်နေသော သင်တို့ကို ကယ်တင်ရန်အလို့ငှာ သင်တို့ကို အစွမ်းကုန် ခေါ်ထုတ်ရန်၊ အစွမ်းကုန် တရားစီရင်ရန် လိုအပ်ပြီး၊ ထိုသို့ပြုသည့်အခါမှ သင်တို့၏ ရေခဲသဖွယ် အေးစက်နေသော စိတ်နှလုံးကို နိုးထနိုင်ပါလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၉

လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်၏ သင်္ကေတအနေနှင့် ဘုရားသခင်သည် သက်တံကို ပြုလုပ်သည် (လက်ရွေးစင် ကျမ်းပိုဒ်များ) ကမ္ဘာဦး ၉:၁၁-၁၃ သင်တို့နှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၅

စစ်ဆေးခြင်းအမှု၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် လူတို့၏ယုံကြည်ခြင်းကို စုံလင်စေရန်ဖြစ်သည်။ အဆုံးတွင်၊ ရရှိသည့်အရာမှာ သင်စွန့်ခွာလိုသော်လည်း၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၂၂

လူသားဘဝတစ်ခုထဲက ဆုံမှတ်ခြောက်ခု (လက်ရွေးစင် ကျမ်းပိုဒ်များ) လူတစ်ဦး၏ ဘဝလမ်းကြောင်းတွင် လူတိုင်းသည် အရေးကြီးသည့် ဆုံမှတ်များသို့...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၆

ယနေ့ကာလ၏ အမှုသည် ကျေးဇူးတော်ခေတ်၏အမှုကို ရှေ့သို့တွန်းပို့ပေးသည်၊ ဆိုလိုသည်မှာ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်တစ်ရပ်လုံးအောက်၌ပြုသော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။