ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၃

လူများစွာတို့က ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့ရန် တစ်နေ့တခြား စွဲကိုင်ကြသည်မှာ ထိုနှုတ်ကပတ်တော်များထဲမှ ဂန္တဝင်မြောက် ကျမ်းပိုဒ်များအားလုံးကို ၎င်းတို့၏ တန်ဖိုးအထားရဆုံး ပိုင်ဆိုင်မှုတစ်ခုအလား မှတ်ဉာဏ်ထဲ သေချာစွာ မှတ်သားထားကြသည်အထိ၊ ထို့ပြင် အခြားသူများအား ဘုရားသခင်၏နှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပြီး ပံ့ပိုးလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေရာအနှံ့ ဟောကြသည်အထိပင် ဖြစ်၏။ ထိုသို့ပြုခြင်းသည် ဘုရားသခင်ကို သက်သေခံခြင်းဖြစ်ကြောင်း၊ သူ၏နှုတ်ကပတ်တော်များကို သက်သေခံခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ လမ်းခရီးနောက်ကို လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က တွေးကြသည်။ ထိုသို့ပြုခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ တကယ့်အသက်တာများထဲသို့ ယူဆောင်လာခြင်းဖြစ်ကြောင်း၊ ထိုသို့ပြုလျှင် ဘုရားသခင်၏ ချီးကျူးခြင်းကို ၎င်းတို့လက်ခံရရှိမည်ဖြစ်ပြီး ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းကို ခံရမည်ဖြစ်ကြောင်း ၎င်းတို့တွေးထင်ကြသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဟောကြားနေစဉ်တွင်ပင် ၎င်းတို့သည် လက်တွေ့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မလိုက်နာသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ထုတ်ဖော်ပြထားသည့်အရာနှင့်ကိုက်ညီအောင် ကိုယ်တိုင်အားမထုတ်နိုင်ကြပေ။ ထိုအစား ၎င်းတို့သည် လိမ်လည်လှည့်စားမှုအားဖြင့် အခြားသူများ၏ ကြည်ညိုမှုနှင့် ယုံကြည်မှုတို့ကို ရရှိရန်၊ မိမိတို့ဘာသာ စီမံခန့်ခွဲရန်နှင့် ဘုရားသခင်၏ ဘုန်းအသရေကို အလွဲသုံးစားလုပ်ပြီး ခိုးယူရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးချကြလေသည်။ ဘုရားသခင်၏ အမှုပြုခြင်းနှင့် သူ၏ချီးကျူးခြင်းတို့ကို ရရှိရန်အလို့ငှာ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေခြင်းအားဖြင့် ရလာသည့် အခွင့်အလမ်းကို အမြတ်ထုတ်ဖို့ အချည်းနှီးမျှော်လင့်ကြ၏။ နှစ်ပေါင်းမြောက်မြားစွာ ကုန်ဆုံးသွားခဲ့သော်လည်း ဤလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောကြားစဉ်တွင် ဘုရားသခင်၏ ချီးကျူးခြင်းကို ရရှိနိုင်စွမ်း မရှိရုံသာမက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သက်သေခံစဉ်တွင် ၎င်းတို့လိုက်လျှောက်သင့်သည့် လမ်းခရီးကို ရှာဖွေနိုင်စွမ်း မရှိရုံသာမက၊ အခြားသူများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပြီး ပံ့ပိုးစဉ်တွင် မိမိတို့ကိုယ်ကို ထောက်ပံ့နိုင်စွမ်းသော်လည်းကောင်း၊ ပံ့ပိုးနိုင်စွမ်းသော်လည်းကောင်း မရှိရုံသာမက၊ ဤအရာအားလုံးကို လုပ်ဆောင်နေစဉ်တွင် ဘုရားသခင်ကို သိကျွမ်းနိုင်စွမ်းသော်လည်းကောင်း၊ မိမိတို့အတွင်း၌ ဘုရားသခင်အတွက် စစ်မှန်သော ရိုသေလေးမြတ်မှု နိုးကြားလာအောင် လုပ်နိုင်စွမ်းသော်လည်းကောင်း မရှိသည်သာမကသေးဘဲ၊ ဆန့်ကျင်ဖက်အားဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ အထင်လွဲမှုများသည်လည်း တိုး၍တိုး၍ နက်ရှိုင်းလာသည်၊ သူ့အပေါ် ၎င်းတို့၏ အယုံအကြည် ကင်းမဲ့မှုများသည်လည်း ပို၍ပို၍ ဆိုးရွားလာသည်၊ ထို့ပြင် သူနှင့်ပတ်သက်သည့် ၎င်းတို့၏စိတ်ကူးများသည်လည်း ပို၍ပို၍ ချဲ့ကားလာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများအားဖြင့် ထောက်ပံ့ပြီး လမ်းညွှန်ခံရလျက်၊ ၎င်းတို့သည် ၎င်းတို့နှင့် လုံးဝအံကိုက်ဖြစ်သည့် အနေအထား၌ ရောက်နေသည့်အလား ထင်ရသည်၊ ၎င်းတို့၏ကျွမ်းကျင်မှုများကို အားမစိုက်ရဘဲ သက်သောင့်သက်သာ အသုံးပြုနေကြသည့်အလား၊ အသက်တာ၌ ၎င်းတို့၏ရည်ရွယ်ချက်၊ ဘဝပေးတာဝန်ကို ရှာတွေ့ထားပြီဖြစ်သည့်အလား ထင်ရသည်၊ ထို့ပြင် ၎င်းတို့သည် အသက်တာအသစ်တစ်ခုကို ကြိုးပမ်းရရှိပြီး ကယ်တင်ခံထားရပြီးသည့်အလား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ရွတ်ဆိုရာတွင် ထိုနှုတ်ကပတ်တော်များက ၎င်းတို့၏နှုတ်လျှာမှ ကျစ်လျစ်ပြည့်စုံစွာ လှိမ့်ဆင်းလာ၍ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိပြီးဖြစ်သည့်အလား၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ပြီးဖြစ်သည့်အလား၊ ထို့ပြင် ဘုရားသခင်ကို သိကျွမ်းခြင်း လမ်းကြောင်းကို ရှာဖွေတွေ့ရှိပြီးဖြစ်သည့်အလား ထင်ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောကြားစဉ်တွင် ၎င်းတို့သည် ဘုရားသခင်နှင့် မကြာခဏ မျက်နှာချင်းဆိုင်တွေ့ရပြီးဖြစ်သည့်အလား ထင်ရသည်။ ထို့အပြင် ၎င်းတို့သည် မကြာခဏ ငိုပွဲများဆင်နွှဲကြသည်ထိ “တို့ထိ” ခံကြရပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် “ဘုရားသခင်” ၏ မကြာခဏ ဦးဆောင်လမ်းပြခြင်းကို ခံကြရသဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အလွန်စိတ်ထက်သန်သော ဂရုဓမ္မပြုမှုနှင့် ကြင်နာသော ရည်ရွယ်ချက်တို့ကို မရပ်မနား နားလည်သဘောပေါက်နေသည်ဟု ထင်ရပြီး၊ တစ်ချိန်တည်းမှာပင် လူသားကို ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဘုရားသခင်၏စီမံခန့်ခွဲမှုတို့ကို နားလည်သဘောပေါက်ထားပြီး သူ၏အနှစ်သာရကို သိကျွမ်းထားသည့်အပြင် သူ၏ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ထားသည်ဟု ထင်ရသည်။ ဤအခြေခံအုတ်မြစ်ပေါ် အခြေပြု၍ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ပို၍ပင် ခိုင်မာစွာ ယုံကြည်နေကြပုံရကာ၊ သူ၏ချီးမြှောက်ခံရသည့် အခြေအနေကို ပို၍သတိပြုမိကြပြီး၊ သူ၏ကြီးကျယ်ခမ်းနားခြင်းနှင့် ထူးကဲသာလွန်ခြင်းတို့ကို ပို၍ပင် နက်နက်ရှိုင်းရှိုင်း ခံစားနေကြပုံရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အပေါ်ယံမျှသာ သိသည့်အသိတွင် စုံးစုံးမြုပ်နေ၍ ၎င်းတို့၏ ယုံကြည်မှုသည် ကြီးထွားလာသည့်ပုံ၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံမည့် ၎င်းတို့၏ သန္နိဌာန်က အားကောင်းလာသည့်ပုံ ထင်ရသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏သိခြင်းက ပို၍နက်ရှိုင်းလာသည့်ပုံ ထင်ရပေလိမ့်မည်။ ၎င်းတို့လုံးဝ မသိသည်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အမှန်တကယ် တွေ့ကြုံခံစားခြင်း မရှိသေးခင်အထိ ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အသိပညာများနှင့် ထင်မြင်ချက်များအားလုံးသည် ၎င်းတို့ဖြစ်စေချင်သော စိတ်ကူးများနှင့် မှန်းဆချက်များမှ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်မှုသည် ဘုရားသခင်ထံမှလာသည့် မည်သည့်စမ်းသပ်မှုမျိုးကိုမျှ ခံနိုင်မည် မဟုတ်ပေ၊ ၎င်းတို့၏ ဝိညာဉ်ရေးနှင့် ဝိညာဉ်ရင့်ကျက်မှုဟု ဆိုသောအရာတို့သည် ဘုရားသခင်၏ စမ်းသပ်မှုကိုဖြစ်စေ၊ စစ်ဆေးမှုကိုဖြစ်စေ အကယ်ပင် ခံနိုင်မည် မဟုတ်ချေ၊ ၎င်းတို့၏ သန္နိဌာန်သည် သဲပေါ်တွင်ဆောက်ထားသည့် ရဲတိုက်တစ်ခုမျှသာ ဖြစ်၏၊ ထို့ပြင် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာဟုဆိုသောအရာမှာလည်း ၎င်းတို့၏ စိတ်ကူးအထင်သက်သက်သာ ဖြစ်တော့သည်။ စင်စစ်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်ပြီး လုံ့လများစွာ စိုက်ထည့်ထားသည့် ဤလူများသည် စစ်မှန်သော ယုံကြည်မှု၊ စစ်မှန်သော နာခံခြင်း၊ စစ်မှန်သော အရေးစိုက်မှု၊ သို့မဟုတ် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာတို့သည် မည်သည့်အရာ ဖြစ်သည်ကို လုံးဝနားမလည်ကြဘိသည့်အလားပင် ဖြစ်ပေသည်။ ၎င်းတို့သည် အယူအဆ၊ စိတ်ကူးစိတ်သန်း၊ အသိပညာ၊ ဆုကျေးဇူး၊ ရိုးရာဓလေ့၊ အယူသီးခြင်းတို့အပြင် လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကိုပင် ယူကြကာ ထိုအရာတို့ကို ဘုရားသခင်အား ယုံကြည်ခြင်းနှင့် သူ့နောက်လိုက်ခြင်းတို့အတွက် “အရင်းအနှီး” နှင့် “လက်နက်အမျိုးမျိုး” အဖြစ် ပြုလုပ်ကြသည်သာမကဘဲ ဘုရားသခင်အား ၎င်းတို့ယုံကြည်ခြင်းနှင့် သူ့နောက် ၎င်းတို့လိုက်ခြင်းတို့အတွက် အခြေခံအုတ်မြစ်များအဖြစ်ပင် ပြုလုပ်ကြလေသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်၏ စစ်ဆေးခြင်းများ၊ စမ်းသပ်ခြင်းများ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရင်ဆိုင်ခြင်းနှင့် ဖြေရှင်းခြင်းတို့အတွက် ဤအရင်းအနှီးနှင့် လက်နက်အမျိုးမျိုးတို့ကို ယူကာ ဘုရားသခင်ကို သိကျွမ်းဖို့ အသုံးပြုသည့် မှော်အဆောင်လက်ဖွဲ့များအဖြစ် ပြုလုပ်ကြသည်။ အဆုံး၌ ၎င်းတို့ရှာမှီးသည့်အရာတွင် ဘုရားသခင်အကြောင်း ကောက်ချက်များဖြစ်သည့် ဘာသာရေးဂယက်အနက်တွင်လည်းကောင်း၊ ခေတ်နောက်ကျနေသည့် အယူသီးမှုတွင်လည်းကောင်း၊ စိတ်ကူးယဉ်ဆန်ကာ သဘာဝမကျသကဲ့သို့ ပဟေဠိဆန်သောအရာအားလုံးထဲတွင်လည်းကောင်း စုံးစုံးမြုပ်နေသည့် ကောက်ချက်များသာ ပါဝင်နေသည်။ ဘုရားသခင်ကို ၎င်းတို့သိကျွမ်းပြီး အဓိပ္ပာယ်ဖွင့်သည့်ပုံမှာ အထက်ကောင်းကင်ဘုံကိုသာ ယုံကြည်သော၊ သို့မဟုတ် မိုးကောင်းကင်ရှိ အဘိုးအိုကိုသာ ယုံကြည်ကြသော လူများနှင့် တစ်ထေရာတည်းပင်ဖြစ်သည်၊ သို့သော်လည်း စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်နှင့် ဆက်နွှယ်လျက်ရှိသော အရာအားလုံးဖြစ်သည့် ဘုရားသခင်၏ စစ်မှန်မှု၊ သူ၏အနှစ်သာရ၊ သူ၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းစသည်တို့မှာမူ ၎င်းတို့၏ အသိပညာက နားလည်နိုင်ခြင်းမရှိသည့် အရာများဖြစ်နေသည်၊ ထိုအရာများသည် ၎င်းတို့၏ အသိပညာနှင့် လုံးလုံးကင်းကွာပြီး၊ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတမျှပင် ဝေးကွာလေသည်။ ဤနည်းအားဖြင့် ဤလူများသည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုနှင့် အာဟာရဖြည့်ပေးခြင်းကို ခံယူလျက် အသက်ရှင်ကြသော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း လမ်းကြောင်းကို အမှန်တကယ် လျှောက်လှမ်းနိုင်ခြင်းမရှိကြပေ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းမှန်မှာ ၎င်းတို့သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သိကျွမ်းခဲ့ဖူးခြင်းမရှိသကဲ့သို့၊ သူနှင့် စစ်မှန်သော ဆက်သွယ်မှု၊ သို့မဟုတ် စစ်မှန်သော ဆက်ဆံရေးလည်း မရှိသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့် အပြန်အလှန် နားလည်သဘောပေါက်မှု ရရှိဖို့ မဖြစ်နိုင်သကဲ့သို့၊ ၎င်းတို့အတွင်း၌ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း၊ ဘုရားသခင်နောက်ကို လိုက်ခြင်း၊ သို့မဟုတ် ဘုရားသခင်ကို ကိုးကွယ်ခြင်းတို့ နိုးကြားလာအောင် လုပ်ရန်လည်း မဖြစ်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ကို ဤနည်းဖြင့် သဘောထားကြသည်- ဤအမြင်ရှုထောင့်နှင့် သဘောထားတို့က ၎င်းတို့ကို ၎င်းတို့၏ အားထုတ်ကြိုးပမ်းမှုများမှ လက်ချည်းသက်သက်လှည့်ပြန်ရကိန်း ဆိုက်စေခဲ့ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း လမ်းကြောင်းကို ထာဝရလျှောက်လှမ်းနိုင်စွမ်း မရှိသည့်ကိန်း ဆိုက်စေသည်။ ၎င်းတို့ရည်မှန်းနေသည့် ပန်းတိုင်နှင့် ၎င်းတို့သွားနေသည့် ဦးတည်ချက်တို့က ၎င်းတို့သည် ထာဝရကာလတိုင် ဘုရားသခင်၏ရန်သူများ ဖြစ်လာမည် ဖြစ်ကြောင်းနှင့် ကယ်တင်ခြင်းကို ထာဝရကာလတိုင် လုံးဝရရှိနိုင်မည် မဟုတ်ကြောင်း ညွှန်ပြနေပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၄

ယေရှုသည် သူ၏ကိုယ်ရေးကိုယ်တာအစီအစဉ်များနှင့် ကိုယ့်အကျိုးကိုထည့်သွင်းမစဉ်းစားဘဲ ဘုရားသခင်၏ အလိုတော်ကို လေးနက်စွာ ဆောင်ရွက်ခဲ့သောကြောင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၀

ယောဘသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို နောက်တဖန် ခံစားရပြီး စာတန်၏ စွပ်စွဲခြင်းကို ဘယ်သောအခါမျှ နောက်ထပ် ခံရခြင်း မရှိတော့ ယေဟောဝါဘုရား၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၂

စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် ဝိညာဉ် အားလုံးသည် စာတန်၏ အုပ်စိုးမှုထဲတွင် ထိန်းသိမ်းခံထားရသည်။ ခရစ်တော်ကို ယုံကြည်သောသူတို့ကိုသာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အမှုတစ်ရပ်လုံးကို ဘုရားသခင်ကိုယ်တိုင်မှ ဆောင်ရွက်ခြင်းဖြစ်၏။ ပထမအဆင့်ဖြစ်သည့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။