ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၈

ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လော့- ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်လော့

သင်မှတ်သားသင့်သည့် ဆိုရိုးစကားတစ်ခုရှိ၏။ ဤဆိုရိုးစကားမှာ အလွန်အရေးကြီးသည်ဟု ငါယုံကြည်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် နေ့စဉ်နေ့တိုင်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ငါ၏အတွေးထဲ ရောက်လာသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ဦးနှင့် ငါမျက်နှာချင်းဆိုင်သည့် အချိန်တိုင်း၊ တစ်စုံတစ်ဦး၏ ဇာတ်ကြောင်းကို ငါကြားရသည့် အချိန်တိုင်း၊ လူတစ်ဦး၏ အတွေ့အကြုံ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း သက်သေခံချက်ကို ငါ ကြားရသည့် အချိန်တိုင်း ဤလူပုဂ္ဂိုလ်သည် ဘုရားသခင် အလိုရှိသော လူအမျိုးအစားနှင့် ဘုရားသခင် သဘောကျသော လူအမျိုးအစား ဟုတ်မဟုတ် အဆုံးအဖြတ်ပေးရန် ဤဆိုရိုးစကားကို ငါ အမြဲအသုံးပြုခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤဆိုရိုးစကားမှာ အဘယ်နည်း။ ယခု ငါသည် သင်တို့အားလုံး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေစေသည်။ နှစ်ပေါင်းများစွာ အလုပ်မပါဘဲ အပြောသက်သက်ဖြင့်သာ အစေခံနေကြသောသူများ ရှိခြင်းကြောင့် ဤဆိုရိုးစကားကို ငါဖော်ထုတ်သည့်အခါ သင်တို့ စိတ်ပျက်ကောင်း စိတ်ပျက်ကြလိမ့်မည်။ သို့သော် ငါမူကား မည်သည့်အခါမျှ အပြောသက်သက်ဖြင့်သာ အစေခံခဲ့ဖူးခြင်း အလျင်းမရှိပေ။ ဤဆိုရိုးစကားသည် ငါ၏စိတ်နှလုံးထဲ၌ တည်ရှိသည်။ ထိုသို့ဆိုသော် ဤဆိုရိုးစကားမှာ အဘယ်နည်း။ ဤသည်မှာ- “ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လော့- ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်လော့” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် ရိုးရှင်းသော စကားရပ်တစ်ခု မဟုတ်လော။ သို့ပါလျက် ဤဆိုရိုးစကားမှာ ရိုးရှင်းစေကာမူ ဤစကားလုံးများအပေါ် နက်နဲသော နားလည်မှု အမှန်တကယ်ရှိသော သူတို့အနေဖြင့် ၎င်းတို့တွင် သြဇာသက်ရောက်မှု ပါရှိကြောင်း၊ ဤဆိုရိုးစကားမှာ လူတစ်ဦး၏ လက်တွေ့လုပ်ဆောင်မှုအတွက် လွန်စွာတန်ဖိုးရှိကြောင်း၊ ၎င်းသည် သမ္မာတရား၏စစ်မှန်မှု ပါဝင်သော ဘဝ၏ ဘာသာစကားမှလာသည့် စာကြောင်းပင်ဖြစ်ကြောင်း၊ ယင်းက ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားလျက်ရှိသော သူများအတွက် ရာသက်ပန် ရည်မှန်းချက်ကို ပုံဖော်ကြောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားသည့် မည်သူမဆို လိုက်နာသင့်သော ရာသက်ပန် လမ်းခရီးတစ်ခုဖြစ်ကြောင်း ခံစားရကြလိမ့်မည်။ ထို့ကြောင့် သင်တို့ အဘယ်သို့ ထင်သနည်း- ဤ ဆိုရိုးစကားက သမ္မာတရား မဟုတ်လော။ ၎င်း၌ ဤမျှ အရေးပါမှု ရှိသလော သို့မဟုတ် မရှိသလော။ ထို့ပြင် သင်တို့အချို့သည် ဤဆိုရိုးစကားအကြောင်းကို စဉ်းစားနေပြီး ၎င်းကို နားလည်သဘောပေါက်ရန် ကြိုးစားကောင်း ကြိုးစားနေနိုင်ပြီး၊ ၎င်းကို သံသယဖြစ်သော လူအချို့ပင် ရှိကောင်းရှိနိုင်သည်- ဤဆိုရိုးစကားမှာ အလွန်အရေးကြီးသလော။ ၎င်းက အလွန်အရေးကြီးသလော။ ၎င်းကို လွန်စွာ အလေးထားရန် လိုအပ်သလော။ ဤဆိုရိုးစကားကို သိပ်သဘောမကျသော လူအချို့လည်း ရှိကောင်းရှိနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ လမ်းခရီးကိုယူကာ ၎င်းကို ဤဆိုရိုးစကား တစ်ခုထဲသို့ အနှစ်ချုပ်ခြင်းမှာ အလွန့်အလွန် ပေါ့ပြက်ပြက်လုပ်ခြင်းဖြစ်သည်ဟု ထင်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ပြောခဲ့သော အရာအားလုံးကိုယူကာ ဆိုရိုးစကားတစ်ခုအဖြစ် အကျဉ်းချုံးခြင်း- ယင်းမှာ ဘုရားသခင်ကို တစ်ဆိတ် သေးသိမ်လွန်းအောင် ပြုလုပ်ရာ မကျသလော။ ယင်းက ဤသို့ပင်ဖြစ်သလော။ သင်တို့အများစုက ဤစကားလုံးများ၏ လေးနက်သောအဓိပ္ပာယ်ကို အပြည့်အဝ နားမလည်နိုင်ခြင်းကြောင့် ဖြစ်နိုင်သည်။ သင်တို့အားလုံးသည် ၎င်းကို မှတ်စုရေးမှတ်ခဲ့သော်လည်း ဤဆိုရိုးစကားကို သင်တို့၏ စိတ်နှလုံးထဲ၌ သိုထားရန် ရည်ရွယ်ခြင်းမရှိပေ၊ ၎င်းကို အားလပ်ချိန်တွင် ပြန်ကြည့်ရန်နှင့် ဆင်ခြင်တွေးတောရန်အတွက် သင်တို့၏ မှတ်စုစာအုပ်ထဲတွင် ရေးချရုံမျှသာ ရေးချခဲ့ကြခြင်း ဖြစ်သည်။ သင်တို့အချို့သည် ၎င်းကို ကောင်းစွာအသုံးချရန် ကြိုးစားဖို့နေနေသာသာ၊ ဤဆိုရိုးစကားကို အလွတ်ကျက်မှတ်ရန်ပင် ဒုက္ခခံကြမည် မဟုတ်ပေ။ သို့သော် ငါသည် ဤဆိုရိုးစကားကို အဘယ်ကြောင့် ဖော်ပြလိုသနည်း။ သင်တို့၌ မည်သည့်သဘောထား ရှိပါစေ၊ သို့မဟုတ် သင်တို့ အဘယ်သို့ထင်ပါစေ ဤဆိုရိုးစကားကို ငါ ဖော်ပြရမည်၊ အကြောင်းမှာ ၎င်းသည် ဘုရားသခင်က လူတို့၏အဆုံးသတ်များကို အဆုံးအဖြတ်ပေးပုံနှင့် အလွန်အမင်း သက်ဆိုင်သောကြောင့် ဖြစ်သည်။ ဤဆိုရိုးစကားအား သင်တို့၏ လက်ရှိ သိနားလည်ခြင်းမှာ အဘယ်သို့ပင်ဖြစ်စေ သို့မဟုတ် ယင်းကို သင်တို့ မည်ကဲ့သို့ပင် သဘောထားသည်ဖြစ်စေ၊ သင်တို့အား ဤအရာကို ငါ ပြောဦးမည်- အကယ်၍ လူတို့သည် ဤဆိုရိုး၏ စကားလုံးများကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ စံနှုန်းကို ရရှိနိုင်ပါက သူတို့သည် အောင်မြင်စွာကျော်လွှားသူများ သေချာပေါက် ဖြစ်လာပြီး အဆုံးသတ်ကောင်းများ ရရှိရန် သေချာသည်။ သို့သော် အကယ်၍ သင်သည် ဤဆိုရိုးစကားက ဖော်ပြထားသော စံနှုန်းကို မပြည့်မီနိုင်ပါက သင်၏အဆုံးသတ်မှာ မသေမချာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ငါသည် သင်တို့အား ဤဆိုရိုးစကား အကြောင်းကို သင်တို့ကိုယ်၌၏ စိတ်ပိုင်းဆိုင်ရာ အသင့်ပြင်ဆင်မှုအတွက် ပြောခြင်းဖြစ်ပြီး၊ ဘုရားသခင်သည် သင်တို့ကို တိုင်းတာရန် မည်သည့်စံနှုန်းမျိုးကို အသုံးပြုကြောင်း သင်တို့သိစေရန် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၇၃

ဘုရားသခင်သည် တိတ်ဆိတ်နေပြီး ငါတို့ထံ မည်သည့်အခါမျှ မပေါ်ထွန်းခဲ့ပေ၊ သို့သော် သူ့အလုပ်မှာမူ မည်သည့်အခါမျှ မရပ်တန့်ခဲ့ချေ။ ဘုရားသခင်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၂

ဘုရားသခင်က သင့်အား မိုးသက်မုန်တိုင်းများ၊ ဆင်းရဲဒုက္ခများ၊ အခက်အခဲများ အမျိုးအစားအားလုံးနှင့် ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၄

ဘုရားသခင်သည် လူကို မည်သို့စုံလင်စေသနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် အဘယ်အရာနည်း။ သူ၏ စိတ်သဘောထားထဲတွင် မည်သည့်အရာ ပါဝင်သနည်း။ ဤအရာအားလုံးကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၀

သင်တို့၏ ယုံကြည်ခြင်းသည် အလွန်နှစ်လိုဖွယ်ကောင်း၏။ သင်တို့သည် ငါ၏အမှုကိုယ်စား သင်တို့၏အသက်တာ တစ်ခုလုံးကို အသုံးပြုရန် လိုလားလျက်ရှိပြီး၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။