ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၃၁

ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းအပြီး များမကြာမီတွင်ပင် လူသားနှင့် စတင်ထိတွေ့ဆက်ဆံကာ စတင်စကားပြောခဲ့သည်။ ထို့အပြင် သူ၏စိတ်သဘောထားကို လူသားတို့ထံ စတင်ဖွင့်ပြခဲ့သည်။ တစ်နည်းဆိုရသော် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် ပထမဆုံး စတင်ထိတွေ့ ဆက်ဆံသောအခါ သူ၏အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို တုံ့ဆိုင်းခြင်းမရှိဘဲ လူသားတို့အား ဖွင့်ချပြခဲ့သည်။ ကနဦးလူများ၊ သို့မဟုတ် ယခုကာလရှိ လူများသည် သိမြင်နားလည်နိုင်သည်ဖြစ်စေ၊ မသိမြင်နားမလည်နိုင်သည်ဖြစ်စေ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ဖွင့်ပြပြီး သူ၏အနှစ်သာရကို ဖော်ပြကာ လူများကို စကားပြောနေပြီး လူများအကြား၌ အလုပ်လုပ်နေသည်။ ဤသည်မှာ အမှန်တရား တစ်ခုဖြစ်ပြီး မည်သူမျှ ငြင်း၍မရပေ။ ဘုရားသခင်သည် အလုပ်လုပ်ပြီး လူသားနှင့် ထိတွေ့ဆက်ဆံသည်နှင့်အမျှ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် အဆက်မပြတ် ထွက်ပေါ်နေပြီး ထုတ်ဖော်ခြင်းကို ခံရသည်ဟုလည်း ယင်းအချက်က ဆိုလိုသည်။ လူသားများထံမှ မည်သည့်အရာကိုမျှ သူလုံးဝဝှက်မထား၊ သို့မဟုတ် ဖုံးကွယ်မထားဘဲ ထိုအစား သူ၏ကိုယ်ပိုင်စိတ်သဘောထားကို အများသိအောင် မခြွင်းမချန် ဖွင့်ချပြီး ထုတ်ဖော်ပြသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ့ကို လူသားများသိနိုင်ပြီး သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့ကို လူသားများနားလည်သဘောပေါက်နိုင်ဖို့ရန် မျှော်လင့်လေသည်။ သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ထာဝရနက်နဲသော အရာများအဖြစ် လူသားတို့အား မမှတ်ယူစေလိုသကဲ့သို့ ဘုရားသခင်ကို လုံးဝမဖြေရှင်းနိုင်သော ပဟေဠိတစ်ခုအဖြစ်လည်း သဘောမထားစေလိုပေ။ လူသားမျိုးနွယ်သည် ဘုရားသခင်ကို သိသည့်အခါမှသာ လူတို့သည် ရှေ့ဆက်တိုးရမည့် လမ်းခရီးကို သိနိုင်ကာ ဘုရားသခင်၏လမ်းပြမှုကို လက်ခံနိုင်မည်ဖြစ်ပြီး ဤကဲ့သို့သော လူသားမျိုးနွယ်သာလျှင် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ အမှန်တကယ် အသက်ရှင်နိုင်ကာ ဘုရားသခင်၏ ကောင်းချီးများအလယ်၊ အလင်းထဲ၌ အသက်ရှင်နိုင်မည် ဖြစ်သည်။

ဘုရားသခင်ထုတ်ပြန်ဖော်ပြထားသော နှုတ်ကပတ်တော်များ နှင့် စိတ်သဘောထားသည် သူ၏အလိုတော်ကို ကိုယ်စားပြုသည်၊ သူ၏အနှစ်သာရကိုလည်း ကိုယ်စားပြုသည်။ ဘုရားသခင်က လူသားနှင့် ထိတွေ့ဆက်ဆံသောအခါ မည်သည့်အရာကို သူပြောသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် စိတ်သဘောထားကို သူဖော်ပြသည်ဖြစ်စေ၊ ထို့အပြင် ဘုရားသခင်၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူသားများက မည်ကဲ့သို့မြင်သည်ဖြစ်စေ ထိုအရာအားလုံးက လူသားများအတွက် ဘုရားသခင်၏အလိုတော်ကို ကိုယ်စားပြု သည်။ လူသားတို့အနေဖြင့် မည်မျှသဘောပေါက်နိုင်သည်ဖြစ်စေ၊ မည်မျှနားလည်နိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှသိရှိနိုင်သည် ဖြစ်စေ ထိုအရာအားလုံးက လူသားများအတွက် ဘုရားသခင်၏ အလိုတော်ကို ကိုယ်စားပြုသည်။ ဤအချက်ကို သံသယ ဝင်စရာမရှိပေ။ ဘုရားသခင်အနေဖြင့် လူတို့ကို မည်ကဲ့သို့ ဖြစ်စေလိုသည်၊ လူတို့အား မည်သည့်အရာကို လုပ်စေလိုသည်၊ မည်ကဲ့သို့အသက်ရှင်စေလိုသည်နှင့် သူ၏အလိုတော်ကို ဖြည့်ဆည်းနိုင်ရန်အတွက် မည်ကဲ့သို့လုပ်ဆောင်စေလိုသည်တို့မှာ ဘုရားသခင်၏အလိုတော်ဖြစ်သည်။ ဤအရာတို့သည် ဘုရားသခင်၏အနှစ်သာရမှ ခွဲထုတ်၍မရသော အရာများဖြစ်သည် မဟုတ်လော။ တစ်နည်းဆိုရသော် ဘုရားသခင်သည် သူ၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းအလုံးစုံကို ဖွင့်ပြပြီး တစ်ချိန်တည်း၌ပင် လူသားများအပေါ် တောင်းဆိုမှုများ ပြုလုပ်သည်။ မုသား၊ ဟန်ဆောင်မှု၊ ဖုံးကွယ်မှုနှင့် ချဲ့ကား ပြောဆိုမှုတို့ မရှိပေ။ သို့တိုင်အောင် လူသားသည် အဘယ်ကြောင့် မသိနိုင်ရသနည်း။ ဘုရားသခင်၏ စိတ်သဘောထားကို လူသားသည် အဘယ်ကြောင့် တစ်ခါမျှ ရှင်းလင်းစွာ မသိမြင်နိုင်ရသနည်း။ လူသားသည် ဘုရားသခင်၏ အလိုတော်ကို အဘယ်ကြောင့် တစ်ခါမျှ သဘောမပေါက်သနည်း။ ဘုရားသခင်ထုတ်ဖော်ပြီး ထုတ်ပြသည့်အရာသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းဖြစ်ပြီး သူ့စိတ်သဘောထားအမှန်၏ အပိုင်းအစအားလုံးနှင့် ရှုထောင့်အားလုံးတို့ ဖြစ်သည့်တိုင် လူသားက အဘယ်ကြောင့် မမြင်နိုင်သနည်း။ လူသားက အဘယ်ကြောင့် နှံ့နှံ့စပ်စပ် မသိကျွမ်းနိုင်ဘဲ ရှိသနည်း။ ဤအတွက် အရေးကြီးသည့် အကြောင်းပြချက်တစ်ခုရှိသည်။ ထိုအကြောင်းပြချက်က အဘယ်အရာနည်း။ ဖန်ဆင်းခြင်းကာလကတည်းက လူသားသည် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ လုံးဝသဘောမထားခဲ့ပေ။ အစကနဦးအချိန်များတွင် ဖန်ဆင်းခံထားရသည်မှာ မကြာသေးသည့် လူသားနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် မည်သည့်အရာကို ပြုခဲ့သည်ဖြစ်စေ လူသားအနေဖြင့် ဘုရားသခင်ကို အပေါင်းအဖော်တစ်ဦး၊ အားထားသူတစ်ဦးထက်ပိုပြီး သဘောမထားခဲ့ပေ။ ထို့ပြင် လူသား၌ ဘုရားသခင်ကို နားလည်သဘောပေါက်ခြင်း၊ သို့မဟုတ် သိကျွမ်းခြင်းလည်း မရှိခဲ့ပေ။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသားသည် သူအားထားနေရပြီး သူ၏အပေါင်းအဖော်အဖြစ် သူမြင်သည့် ဤပုဂ္ဂိုလ်တော်က ထုတ်ပြန်ထားသည့်အရာသည် ဘုရားသခင်၏ အနှစ်သာရဖြစ်ကြောင်းကို မသိခဲ့ပေ။ ထို့အတူ ဤပုဂ္ဂိုလ်တော်သည် အရာခပ်သိမ်းကို အုပ်စိုးသူဖြစ်မှန်းလည်း သူမသိခဲ့ချေ။ ရှင်းရှင်းဆိုရလျှင် ထိုအချိန်က လူသားတို့သည် ဘုရားသခင်ကို လုံးဝ မသိခဲ့ကြပေ။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအားလုံးကို ဘုရားသခင်ဖန်ဆင်းထားမှန်း သူတို့မသိကြ။ အဘယ်အရပ်က ဘုရားသခင်လာသည်ကို သူတို့မသိနားမလည်ကြသည့်အပြင် သူ၏ဖြစ်ခြင်းကိုလည်း မသိနားမလည်ခဲ့ကြပေ။ မှန်ပေ၏၊ ထိုအချိန်က ဘုရားသခင်သည် သူ့ကို သိဖို့၊ နားလည်ဖို့ လူသားတို့ကို မတောင်းဆိုခဲ့ချေ၊ သို့မဟုတ် သူပြုခဲ့သည့် အရာအားလုံးကို နားလည်ဖို့၊ သို့မဟုတ် သူ၏အလိုတော်ကို နှံ့စပ်သိကျွမ်းဖို့ လူသားတို့ကို သူမတောင်းဆိုခဲ့ပေ။ အကြောင်းမှာ ထိုအချိန်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးစဖြစ်သည့် အစအဦးအချိန်များ ဖြစ်သောကြောင့်ဖြစ်သည်။ ပညတ်တော်ခေတ်၏ အလုပ်အတွက် ပြင်ဆင်မှုများကို ဘုရားသခင်စတင်ခဲ့သောအခါ လူသားအတွက် အချို့သောအရာများကို သူလုပ်ဆောင်ပေးခဲ့သည့်အပြင် ဘုရားသခင်ကို ပူဇော်သက္ကာများ မည်သို့ပေးလှူရမည်၊ မည်သို့ကိုးကွယ်ရမည်တို့ကို ပြောပြလျက် လူသားတို့အပေါ် တောင်းဆိုချက်များကိုလည်း သူချမှတ်ခဲ့သည်။ ထိုအခါမှသာ လူတို့သည် ဘုရားသခင်အကြောင်း ရိုးရှင်းသည့် အသိဉာဏ်အချို့ကို ရရှိခဲ့ကြသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသူဖြစ်ကြောင်းနှင့် လူသားနှင့် ဘုရားသခင်ကွာခြားပုံကို ထိုအခါမှသာ သိလာကြသည်။ လူက ဘုရားကို ဘုရားမှန်း၊ လူကို လူမှန်းသိလာသောအခါ သူနှင့် ဘုရားအကြားတွင် အကွာအဝေးအတန်ငယ် ရှိလာသည်။ သို့တိုင်အောင် ဘုရားသခင်သည် လူသားတို့အနေဖြင့် သူ့ကို လုံးဝရင်းနှီးကျွမ်းဝင်ရမည်၊ နက်နက်နဲနဲ သဘောပေါက်နားလည်ရမည်ဟု မတောင်းဆိုခဲ့သေးပေ။ ဤအကြောင်းကြောင့် ဘုရားသခင်သည် သူ့လုပ်ဆောင်မှု၏ အဆင့်များနှင့် အခြေအနေများအပေါ် မူတည်ပြီး မတူညီသည့် တောင်းဆိုမှုများကို ပြုလုပ်ခဲ့သည်။ ဤနေရာမှာ သင်တို့အဘယ်အရာကိုမြင်သနည်း။ ဘုရားသခင့် စိတ်သဘောထား၏ မည်သည့်ရှုထောင့်ကို သင်တို့သတိမူ မိသနည်း။ ဘုရားသခင်သည် အစစ်အမှန်ဖြစ်သလော။ လူသားကို ဘုရားသခင်တောင်းဆိုသည့်အရာများက သင့်တင့်လျောက်ပတ် သလော။ လူသားမျိုးနွယ်ကို ဘုရားသခင်ဖန်ဆင်းပြီးနောက် အစကနဦးအချိန်များတွင်၊ လူသားကို သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်းအမှုကို ဘုရားသခင်မထမ်းဆောင်ရသေးမီနှင့် လူသားကို နှုတ်ကပတ်တော်အမြောက်အမြား မပြောရသေးမီတွင် သူသည် လူသားထံမှ အနည်းငယ်သာ တောင်းဆိုခဲ့သည်။ လူသားအနေဖြင့် မည်သည့်အရာကို လုပ်ခဲ့သည်ဖြစ်စေ၊ မည်ကဲ့သို့ပြုမူခဲ့သည်ဖြစ်စေ၊ သူ့အနေဖြင့် ဘုရားသခင်ကို ပြစ်မှားစော်ကားသည့် အရာအချို့ကို လုပ်ဆောင်ခဲ့လျှင်ပင် ဘုရားသခင်သည် ထိုအရာအားလုံးကို ဗွေမယူဘဲ ခွင့်လွှတ်ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားကို သူပေးထားသည့်အရာနှင့် လူသားထဲ၌ ရှိသည့်အရာကို သိသည့်အတွက်ကြောင့်ဖြစ်ပြီး ထိုအကြောင်းကြောင့်ပင် လူသားအပေါ် ချမှတ်သင့်သည့် သတ်မှတ်ချက်စံနှုန်းများကို သူသိခြင်းဖြစ်သည်။ ထိုအချိန်က သူ၏သတ်မှတ်ချက် စံနှုန်းများသည် နိမ့်သော်လည်း သူ၏စိတ်သဘောထားသည် မကြီးမြတ်ဟု မဆိုလိုပေ၊ သို့မဟုတ် သူ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးရှိမှုက တန်ဖိုးမဲ့သော စကားလုံးများသာဖြစ်သည်ဟု မဆိုလိုပေ။ လူသားအတွက် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်ကို သိနိုင်သော နည်းတစ်နည်းသာ ရှိသည်။ ယင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် လူသားတို့ကို ကယ်တင်ခြင်းအလုပ်အဆင့်များကို လိုက်လျှောက်ခြင်း၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များကို လက်ခံခြင်းဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းကိုသိပြီး ဘုရားသခင်၏ စိတ်သဘောထားကို သိပါက သူသည် ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို ပြသပေးဖို့ ဘုရားသခင်အား တောင်းဆိုနေဦးမည်လော။ မဟုတ်ပေ၊ သူတောင်းဆိုလိမ့်မည် မဟုတ်၊ တောင်းဆိုဝံ့လိမ့်မည်ပင်မဟုတ်။ အကြောင်းမှာ ဘုရားသခင်၏စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို နားလည်သဘောပေါက်ထားသည့်အတွက် လူသားသည် စစ်မှန်သည့် ဘုရားသခင် ကိုယ်တော်တိုင်နှင့် သူ၏စစ်မှန်သော ဇာတိအဖြစ်တော်ကို တွေ့မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ဖြစ်၏။ ဤသည်မှာ မြေကြီးလက်ခတ် မလွဲသော ရလဒ်ပင်ဖြစ်၏။

ဘုရားသခင်၏ အမှုတော်နှင့် အကြံအစည်တော်သည် စဉ်ဆက်မပြတ် ရှေ့ဆက်သွားနေသည်။ ဘုရားသခင်သည် ရေလွှမ်းမိုးခြင်းအားဖြင့် ကမ္ဘာလောကကို မည်သည့်အခါမျှ ဖျက်ဆီးတော့မည် မဟုတ်ကြောင်း လက္ခဏာအဖြစ် သက်တံကို လူသားနှင့် ပဋိညာဉ်ပြုပြီးနောက် ဘုရားသခင်သည် သူနှင့်စိတ်နှလုံး တစ်စိတ်တစ်ဝမ်းတည်းရှိနိုင်သူကို ရရှိဖို့ တိုး၍အရေးကြီးလာသော စိတ်ဆန္ဒရှိသည်။ မြေကြီးပေါ်တွင် သူ၏အလိုတော်ကို လုပ်ဆောင်နိုင်သူတို့ကို ရယူရန်အပြင် စာတန်ချည်နှောင်ခြင်း မခံရဘဲ အမှောင်ထု၏ စွမ်းအားများမှ ချိုးဖျက်နိုင်သူ လူတစ်စု၊ ကမ္ဘာမြေပေါ်တွင် သူ့ကို သက်သေခံနိုင်သူ လူတစ်စုကို ရယူရန် ပို၍ကြီးမားပြင်းပြသော ဆန္ဒလည်းရှိသည်။ ဤသို့သောလူတစ်စုကို ရယူခြင်းသည် ဘုရားသခင်၏ ကြာမြင့်နေပြီဖြစ်သော ဆန္ဒဖြစ်သည်၊ ဖန်ဆင်းခြင်းကတည်းက သူလိုလားနေခဲ့သော အရာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ လောကကိုဖျက်ဆီးဖို့ ရေလွှမ်းမိုးစေမှု သို့မဟုတ် လူသားနှင့် ပြုထားသည့် ပဋိညာဉ်မှလွဲပြီး ဘုရားသခင်၏အလိုတော်၊ စိတ်သဘောတည်ဆောက်ပုံ၊ အကြံအစည်နှင့် မျှော်လင့်ချက်အားလုံးသည် ယခင်အတိုင်းသာ ရှိနေသည်။ ဖန်ဆင်းခြင်း မတိုင်ခင်ကတည်းက သူတောင့်တခဲ့သော အရာဖြစ်သည့် သူလုပ်လိုခဲ့သောအရာသည် လူသားများအကြား သူရယူလိုသည့်လူတစ်စုကိုရယူဖို့၊ သူ၏စိတ်သဘောထားကိုသိပြီး နားလည်သဘောပေါက်နိုင်ကာ သူ၏အလိုတော်ကို နားလည်သောလူတစ်စု၊ သူ့ကို ကိုးကွယ်နိုင်သော လူတစ်စုကို ရယူဖို့ဖြစ်သည်။ ထိုကဲ့သို့သော လူတစ်စုသည် သူ့ကို အမှန်တကယ် သက်သေခံနိုင်ပြီး၊ သူတို့သည် သူ၏လူယုံများဖြစ်သည်ဟု ပြော၍ရသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၄၈

လူတစ်ဦးတစ်ယောက်ချင်းစီ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် လျှောက်လှမ်း ရမည့် လမ်းကြောင်းရှိပြီး အယောက်စီတိုင်းကို စုံလင်စေခြင်း ခံရခွင့် ပေးသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၁

ငါစတင်ပြောဆိုသော အခိုက်အတန့် အတိအကျလည်းဖြစ်သည့် အရှေ့အရပ်မှ လျှပ်ပြက်သောအခါ၊ လျှပ်ပြက်သည့် အခိုက်အတန့်တွင် အမြင့်ဆုံးကောင်းကင်ဘုံတစ်ခုလုံး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၄

ဘုရားသခင် ဧဝကို ဖန်ဆင်းသည် ကမ္ဘာဦးကျမ်း ၂:၁၈-၂၀ ထိုအခါ ယေဟောဝါ ဘုရားသခင်က လူသည် တစ်ယောက်တည်းနေမည်မှာ မကောင်းပေ။ သူ့အတွက်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၉၅

ယနေ့ သင်တို့သည် ဘုရားသခင်ကို ချစ်ပြီး သိကျွမ်းဖို့ ကြိုးစားလုပ်ဆောင်သည့်အခါ တစ်ဖက်၌ အခက်အခဲနှင့် ပြန်လည်ပြုပြင်မှုများကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။