ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၉

စမ်းသပ်မှုများ နောက်ပိုင်းမှ ယောဘ (လက်ရွေးစင် ကျမ်းပိုဒ်များ)

ယောဘ ၄၂:၇-၉ ထိုသို့ ယေဟောဝါက ယောဘကို ဤစကားများ မိန့်တော်မူပြီးလျှင်၊ တေမန်လူမျိုး ဧလိဖတ်အား ယေဟောဝါက၊ သင်နှင့် သင်၏ မိတ်ဆွေနှစ်ဦးတို့တဘက်၌ ငါသည် အမျက်ထွက်၏၊ အဘယ်ကြောင့်ဆိုသော် ငါ့ကျွန်ယောဘကဲ့သို့ သင်တို့သည် ငါ့အကြောင်းကို မှန်ကန်စွာ ပြောဆိုခြင်းမရှိကြ၊ သို့ဖြစ်၍ ယခု သင်တို့နှင့်အတူ နွားထီးခုနှစ်ကောင်နှင့် သိုးခုနစ်ကောင်ကို ယူ၍ ငါ့ကျွန်ယောဘထံသို့ သွားပြီးလျှင် ကိုယ်အဘို့ မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ၏ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းပတ္ထနာပြုရလိမ့်မည်၊ ငါသည် သူ့အတွက်ကြောင့် လက်ခံမည်။ သင်တို့သည် ငါ့ကျွန်ယောဘကဲ့သို့ ငါ့အကြောင်း မှန်သောအရာကို မပြောကြသည့် အကြောင်းကြောင့် ငါသည် သင်တို့၏ မိုက်မဲခြင်းနှင့် ပတ်သက်၍ ရိုက်နှက်ဆုံးမမည်ကို စိုးရိမ်စရာရှိ၏ဟု မိန့်တော်မူ၏။ ထို့ကြောင့် တေမန်လူမျိုး ဧလိဖတ်နှင့် ရှုအာလူမျိုး ဗိလဒဒ်၊ နေမတ်လူမျိုး ဇောဖာတို့သည် ထွက်သွား၍ သူတို့အား ယေဟောဝါ မှာထားတော်မူသည်နှင့်အညီ လုပ်ဆောင်ကြ၏။ ယေဟောဝါသည်လည်း ယောဘကို လက်ခံတော်မူ၏။

ယောဘ ၄၂:၁၀ ယောဘသည် မိမိအဆွေတို့အဘို့ ဆုတောင်းပတ္ထနာပြုသောအခါ ယေဟောဝါသည် သူခံရသော ဒုက္ခကို လွတ်ငြိမ်းစေခဲ့ပြီး ယခင်က သူပိုင်ဆိုင်ခဲ့သမျှ ဥစ္စာ၏ နှစ်ဆကို ယေဟောဝါ ပေးတော်မူ၏။

ယောဘ ၄၂:၁၂ ထိုသို့ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်နှင့် နွားရှဉ်းတစ်ထောင်နှင့် မြည်းမတစ်ထောင်တို့ကို ရခဲ့သောကြောင့်၊ ယေဟောဝါသည် ယောဘ၏အစအဦးထက် နောက်ပိုင်းအဆုံးသတ်ကို သာ၍ ကောင်းကြီးပေးတော်မူလေသည်။

ယောဘ ၄၂:၁၇ အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။

ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှု ရှောင်သောသူများကို ဘုရားသခင် အမြတ်တနိုး သဘောထားသော်လည်း မိုက်မဲသောသူများကို အရေးမပါသူများဟူ၍ ဘုရားသခင် မြင်၏

ယောဘ ၄၂:၇-၉ တွင် ဘုရားသခင်က ယောဘသည် သူ၏ အစေခံဖြစ်ကြောင်း ဆိုထားသည်။ “အစေခံ” ဟူသော ဝေါဟာရကို သူအသုံးပြု၍ ယောဘအား ရည်ညွှန်းခြင်းမှာ သူ၏ စိတ်နှလုံးထဲ၌ ယောဘ၏ အရေးပါပုံကို ထင်ရှားစွာပြခြင်း ဖြစ်သည်၊ ဘုရားသခင်သည် ယောဘအား ပို၍ တန်ဖိုးထားသော တစ်စုံတစ်ခု ဟူ၍ မခေါ်ခဲ့သော်လည်း ဤအမည်နာမသည် ဘုရားသခင်၏ စိတ်နှလုံးအတွင်း ယောဘ၏ အရေးပါခြင်းနှင့် ဆက်စပ်မှု မရှိခဲ့ပေ။ ဤနေရာမှ “အစေခံ” မှာ ယောဘအတွက် ဘုရားသခင် ပေးသော ချစ်စနိုးအမည် ဖြစ်သည်။ “ငါ့ကျွန်ယောဘ” ဟူ၍ ဘုရားသခင်၏ ကြိမ်ဖန်များစွာ ရည်ညွှန်းချက်များက သူသည် ယောဘအပေါ် မည်မျှ ကျေနပ်အားရခဲ့ကြောင်းကို ပြပြီး “အစေခံ” ဟူသော စကားလုံး နောက်ကွယ်မှ အဓိပ္ပာယ်ကို ဘုရားသခင် မပြောခဲ့သော်လည်း “အစေခံ” ဟူသော စကားလုံးအတွက် ဘုရားသခင်၏ အနက်အဓိပ္ပာယ်ကို သမ္မာကျမ်းထဲရှိ ဤကျမ်းပိုဒ်မှ သူ၏ နှုတ်ကပတ်တော်များမှ မြင်နိုင်ပါသည်။ တေမန်အမျိုးသား ဧလိဖတ်အား ဘုရားသခင်က၊ “သင်နှင့်သင်၏ အဆွေခင်ပွန်းနှစ်ယောက်ကို ငါအမျက် ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော” ဟူ၍ ဦးစွာ ဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များမှာ ယောဘသည် ဘုရားသခင်၏ စမ်းသပ်မှုများကို ခံပြီးနောက် ယောဘ ပြောခဲ့သမျှနှင့် ပြုခဲ့သမျှတို့ကို သူလက်ခံကြောင်း ပထမဆုံးအကြိမ် လူတို့အား ဘုရားသခင် ပွင့်ပွင့်လင်းလင်း ပြောခဲ့ခြင်းဖြစ်ပြီး ယောဘ ပြုခဲ့ပြီးသမျှနှင့် ပြောခဲ့ပြီးသမျှ၏ တိကျမှုနှင့် မှန်ကန်မှုကို ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း သူအတည်ပြုခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဧလိဖတ်နှင့် အခြားသူများအား ၎င်းတို့၏ မဟုတ်မှန်သော၊ အဓိပ္ပာယ်မရှိသော အပြောကြောင့် အမျက်ထွက်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ယောဘကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မမြင်နိုင်ခြင်း သို့မဟုတ် ၎င်းတို့၏ အသက်တာများထဲ၌ သူပြောခဲ့သော နှုတ်ကပတ်တော်များကို မကြားနိုင်ခြင်းကြောင့် ဖြစ်သော်လည်း ယောဘသည် ဘုရားသခင်အကြောင်း ယင်းကဲ့သို့ တိကျမှန်ကန်သော အသိရှိခဲ့သည်၊ တစ်ဖက်တွင် ၎င်းတို့မှာ ဘုရားသခင်အကြောင်းကို မျက်ကန်းသဖွယ် မှန်းဆနိုင်ခဲ့ပြီး ဘုရားသခင်၏အလိုကို ထိပါးနှောင့်ယှက်ကာ ၎င်းတို့ပြုခဲ့သမျှတွင် သူ၏ စိတ်ရှည်ခြင်းကို အကဲစမ်းခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် ယောဘပြုခဲ့သမျှနှင့် ပြောခဲ့သမျှကို လက်ခံသည့် တစ်ချိန်တည်းတွင် ဘုရားသခင်သည် အခြားသူများအပေါ် အမျက်ထွက်လာခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ထဲ၌ သူသည် ဘုရားသခင်ကို တစ်စုံတစ်ရာ အမှန်ကြောက်ရွံ့မှုကို မမြင်နိုင်ခဲ့သည့်အပြင် ၎င်းတို့ ပြောခဲ့သော အရာထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကြောင်း တစ်စုံတစ်ရာကိုမျှ မကြားခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့အား ဆက်လက်၍ ဤသို့တောင်းဆိုလေသည်၊ “သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ်ကောင်တို့ကို ယူပြီးလျှင်၊ ငါ့ကျွန်ယောဘထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သင်တို့သည် မပြောသောအပြစ်နှင့်အလျောက် ငါစီရင်မည်ဟု မိန့်တော်မူ၏။” ဤကျမ်းပိုဒ်တွင် ဘုရားသခင်က ဧလိဖတ်နှင့် အခြားသူတို့အား ၎င်းတို့၏အပြစ်များမှ ရွေးနုတ်မည့် အရာတစ်စုံတစ်ခုကိုပြုရန် ပြောနေခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မိုက်မဲမှုသည် ယေဟောဝါဘုရားသခင်အား ပြစ်မှားသည့် အပြစ်တစ်ခု ဖြစ်ခဲ့ခြင်းကြောင့် ၎င်းတို့သည် ၎င်းတို့၏ အမှားများကို ကုစားရန်အလို့ငှာ မီးရှို့ရာယဇ်များကို ပူဇော်ခဲ့ကြရသည်။ မီးရှို့ရာယဇ်များမှာ ယေဘုယျအားဖြင့် ဘုရားသခင်ထံ ပူဇော်ရခြင်း ဖြစ်သည်၊ သို့သော်လည်း ဤမီးရှို့ရာယဇ်များ၏ တစ်မူထူးခြားသော အရာမှာ ထိုယဇ်များကို ယောဘအား ပူဇော်ခဲ့ခြင်းပင် ဖြစ်သည်။ ယောဘသည် စမ်းသပ်မှုများကို ခံရစဉ်ကာလအတွင်း ဘုရားသခင်ကို သက်သေခံ ခဲ့ခြင်းကြောင့် သူ့ကို ဘုရားသခင် အသိအမှတ်ပြု လက်ခံခဲ့သည်။ ထိုစဉ် ယောဘ၏ ဤမိတ်ဆွေများကို သူစမ်းသပ်မှုများကို ခံရသည့် ကာလအတွင်း ထုတ်ဖော်ခဲ့သည်၊ ၎င်းတို့၏ မိုက်မဲမှုကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ရှုတ်ချခြင်းကို ခံခဲ့ရသည်၊ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ အမျက်ဒေါသကို လှုံ့ဆော်ခဲ့ပြီး ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံသင့်သည်၊ ယောဘအား မီးရှို့ရာယဇ်များကို ပူဇော်၍ အပြစ်ဒဏ်ပေးခြင်းကို ခံသင့်သည်၊ ထိုသို့ ပူဇော်ပြီးနောက် ၎င်းတို့အပေါ်၌ ဘုရားသခင်၏ အပြစ်ဒဏ်နှင့် အမျက်ဒေါသ ပပျောက်စေရန် ယောဘ ဆုတောင်းခဲ့လေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ၎င်းတို့ကို အရှက်ရစေရန် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောလူများ မဟုတ်သည့်အပြင် ၎င်းတို့သည် ယောဘ၏ တည်ကြည်မှုကို ပြစ်တင်ဝေဖန်ခဲ့ခြင်းကြောင့် ဖြစ်သည်။ တစ်ဖက်တွင် ဘုရားသခင်သည် ၎င်းတို့၏ လုပ်ရပ်များကို လက်မခံသော်လည်း ယောဘကို လွန်စွာ အသိအမှတ်ပြုလက်ခံပြီး ကျေနပ်အားရကြောင်း ၎င်းတို့အား ပြောနေခဲ့ခြင်း ဖြစ်သည်၊ အခြားတစ်ဖက်တွင် ဘုရားသခင်၏ အသိအမှတ်ပြုလက်ခံခြင်းကို ခံရခြင်းသည် ဘုရားသခင်၏ရှေ့သို့ လူသားကို မြှင့်တင်ပေးကြောင်း၊ လူသားသည် သူ၏ မိုက်မဲမှုကြောင့် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို ခံရကြောင်း၊ မိုက်မဲမှုကြောင့် ဘုရားသခင်ကို ပြစ်မှားမိ၍ ဘုရားသခင်၏ အမြင်တွင် အောက်တန်းကျပြီး ဆိုးညစ်ကြောင်း ပြောနေခဲ့ခြင်း ဖြစ်သည်။ ဤသည်တို့မှာ လူအမျိုးအစား နှစ်မျိုးအကြောင်း ဘုရားသခင် ပေးခဲ့သော အဓိပ္ပာယ်ဖွင့်ဆိုချက်များ ဖြစ်သည်၊ ၎င်းတို့မှာ ဤလူအမျိုးအစား နှစ်မျိုးအပေါ် ဘုရားသခင်၏ သဘောထားများဖြစ်ပြီး ၎င်းတို့မှာ ဤလူအမျိုးအစား နှစ်မျိုး၏ တန်ဖိုးနှင့် အဆင့်အတန်းကို စကားလုံးဖြင့် ဘုရားသခင် ထုတ်ဖော်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် ယောဘအား သူ၏အစေခံဟု ခေါ်ခဲ့သော်လည်း ဘုရားသခင်၏အမြင်တွင် ဤအစေခံမှာ ချစ်လှစွာသောသူဖြစ်ခဲ့ပြီး အခြားသူများအတွက် ဆုတောင်းပေးရန်နှင့် ၎င်းတို့၏ အမှားများကို ခွင့်လွှတ်ရန် အခွင့်အာဏာ ပေးအပ်ခံခဲ့ရသောသူ ဖြစ်သည်။ ဤအစေခံသည် ဘုရားသခင်နှင့် တိုက်ရိုက် စကားပြောနိုင်ပြီး ဘုရားသခင်ရှေ့သို့ တိုက်ရိုက် လာရောက်နိုင်ခဲ့သည်၊ သူ၏ အရိုက်အရာသည် အခြားသူများ၏ အရိုက်အရာထက် ပို၍မြင့်ပြီး ပို၍ ဂုဏ်သရေရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင် ပြောခဲ့သော “အစေခံ” ဟူသော စကားလုံး၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ ယောဘသည် ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းကြောင့် ဤအထူးဂုဏ်သရေကို ပေးအပ်ခြင်းကို ခံခဲ့ရပြီး အခြားသူများကို ဘုရားသခင်က အစေခံများဟူ၍ မခေါ်ခဲ့သည့် အကြောင်းရင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ ထင်ထင်ရှားရှား ကွဲပြားသော ဘုရားသခင်၏ ဤသဘောထား နှစ်မျိုးမှာ လူအမျိုးအစား နှစ်မျိုးအပေါ် ထားသော သူ၏သဘောထားများဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူများသည် ဘုရားသခင်၏ အသိအမှတ်ပြုလက်ခံခြင်းနှင့် သူ၏အမြင်တွင် မြတ်နိုးအပ်သည်ဟု မြင်ခြင်းကို ခံရစဉ်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိသည့်အပြင် မကောင်းမှုကို ရှောင်နိုင်စွမ်း မရှိသည့် မိုက်မဲသောသူများနှင့် ဘုရားသခင်၏ မျက်နှာသာကို မရနိုင်သော သူများမူကား ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုနှင့် ရှုတ်ချခြင်းကို မကြာခဏခံရပြီး ဘုရားသခင်၏ အမြင်တွင် အောက်တန်းကျသည်။

ယောဘအပေါ် ဘုရားသခင် အာဏာ အပ်နှင်းသည်

ယောဘသည် သူ၏မိတ်ဆွေများအတွက် ဆုတောင်ပေးခဲ့ပြီးနောက် ယောဘ၏ ဆုတောင်းချက်များကြောင့် ဘုရားသခင်သည် ၎င်းတို့၏ မိုက်မဲမှုနှင့် သင့်လျော်သည်နှင့်အညီ ၎င်းတို့အား အရေးယူခဲ့ခြင်း မရှိပေ၊ ၎င်းတို့အား သူအပြစ်ဒဏ်ပေးခြင်း သို့မဟုတ် ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဒဏ်ခတ်ခြင်း မပြုခဲ့ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အတွက် ဘုရားသခင်၏ အစေခံ ယောဘ၏ ဆုတောင်းချက်များသည် သူ၏နားသို့ ရောက်ခဲ့သည်၊ ဘုရားသခင်သည် ယောဘ၏ ဆုတောင်းချက်များကို လက်ခံခဲ့ခြင်းကြောင့် ၎င်းတို့အား ခွင့်လွတ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဤအရာ၌ မည်သည့်အရာကို ငါတို့ မြင်ရသနည်း။ ဘုရားသခင်သည် တစ်စုံတစ်ဦးကို ကောင်းချီးပေးသောအခါ သူသည် ၎င်းတို့အား ဆုကျေးဇူး များစွာကိုပေးသည်၊ ရုပ်ဝတ္ထုဆုကျေးဇူးများသာ မဟုတ်ပါ၊ ဘုရားသခင်သည် ၎င်းတို့အား သြဇာအာဏာကာကိုလည်းပေးပြီး အခြားသူများအတွက် ဆုတောင်းပေးရသည့်အခွင့်ကို ၎င်းတို့အား ပေးသည်၊ ထို့အပြင် ဘုရားသခင်သည် ဤဆုတောင်းချက်များကို နားညောင်းသောကြောင့် ထိုလူတို့၏ ပြစ်မှားခြင်းများကို သတိမရဘဲနေ၍ လွန်သွားလေမည်။ ဤသည်မှာ ယောဘအား ဘုရားသခင် ပေးခဲ့သော အာဏာပင် ဖြစ်သည်။ ၎င်းတို့၏ ပြစ်ဒဏ်ကို ရပ်တန့်ရန် ယောဘ၏ ဆုတောင်းချက်များအားဖြင့် ယေဟောဝါဘုရားသခင်သည် ထိုမိုက်မဲသော လူများကို အရှက်ရစေခဲ့သည်၊ ၎င်းမှာ ဧလိဖတ်နှင့် အခြားသူများအတွက် သူ၏ အထူး အပြစ်ဒဏ်ပေးခဲ့ခြင်းပင် အမှန်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၉

မည်သည့်ဝိညာဉ်လိပ်ပြာအတွက်မဆို ၎င်းတို့ပြန်လည်ဝင်စားခြင်း၊ ဤဘဝတွင် ၎င်းတို့၏ အခန်းကဏ္ဍ၊ ၎င်းတို့မွေးဖွားသည့် မိသားစုနှင့် ၎င်းတို့၏ဘဝ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၆

လူသား၏အလုပ်အတွက် ဘုရားသခင် အောင့်ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ သူသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၀

လူသား၏ အခြေအနေနှင့် ဘုရားသခင်အပေါ် လူသား၏ သဘောထားတို့နှင့် ရင်ဆိုင်ရလျက်၊ ဘုရားသခင်သည် သူနှင့် သက်ဆိုင်သည့် အသိပညာနှင့် သူ့အပေါ် နာခံခြင်း၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၇၀

သမ္မာကျမ်းစာကို ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းဟူ၍လည်း ခေါ်ပေသည်။ “ဓမ္မသတ်ကျမ်း” ဟူသည့်အရာက မည်သည့်အရာ ရည်ညွှန်းသည်ကို သင် သိပါသလော။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။