ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၂

သမ္မာကျမ်းစာကိုဖတ်ပြီးသူတိုင်း သခင်ယေရှုမွေးဖွားသောအခါ၌ အကြောင်းအရာများပြားစွာဖြစ်ခဲ့သည်ဆိုခြင်းကို သိသည်။ ထိုအကြောင်းအရာတို့ထဲတွင် အကြီးမားဆုံးက မာရ်နတ်တို့၏ ရှင်ဘုရင်၏ လိုက်လံဖမ်းဆီးခြင်းကိုခံရခြင်းပင်ဖြစ်သည်။ နှစ်နှစ်နှင့် နှစ်နှစ်အောက်ကလေးများအားလုံး အသတ်ဖြတ်ခံရသောအထိပင်ဖြစ်ခဲ့သည်။ လူသားတို့ကြားတွင် လူ့ဇာတိခံယူခဲ့ခြင်းကြောင့် ရရှိလာမည့် ကြီးမားသော ဘေးအန္တရာယ်ကို ဘုရားသခင် ခံယူခဲ့သည်ဆိုသည်မှာ ထင်ရှားမြင်သာသည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်သော သူ၏စီမံခန့်ခွဲမှု ပြီးမြောက်ခြင်းအတွက် သူပေးဆပ်လိုက်ရသော ကြီးမားသည့် အဖိုးအခသည်လည်း ထင်ရှားမြင်သာသည်။ ဘုရားသခင်သည် လူ့ဇာတိအနေနှင့် လူသားမျိုးနွယ်ကြားထဲတွင် သူ့အလုပ်အတွက် သူကိုင်ဆောင်ထားသည့် ကြီးမားသော မျှော်လင့်ချက်သည်လည်း ထင်ရှားမြင်သာသည်။ ဘုရားသခင်၏ လူ့ဇာတိသည် လူသားမျိုးနွယ်ကြားထဲတွင် အလုပ်လုပ်ဆောင်နိုင်သောအခါ သူမည်ကဲ့သို့ခံစားနေခဲ့ရမည်နည်း။ လူတို့ ဤသည်ကို အနည်းငယ်မျှနားလည်သင့်သည်မဟုတ်လော။ အနည်းဆုံး ဘုရားသခင်သည် ပျော်ရွှင်ခဲ့သည်။ အကြောင်းမှာ လူသားမျိုးနွယ်ကြားထဲ၌ သူ၏လုပ်ဆောင်မှုအသစ်ကို စတည်တည်ဆောက်နိုင်ခဲ့၍ဖြစ်သည်။ သခင်ယေရှုသည် နှစ်ခြင်းခံပြီး သူ၏အမှုတော်ကို ပြည့်စုံစေရန် သူ၏အလုပ်ကို အမှန်တကယ်စတင်ခဲ့သောအခါတွင် ဘုရားသခင်၏ နှလုံးသားသည် ဝမ်းမြောက်မှုတို့နှင့် ပြည့်လျှံနေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော်နှစ်ပေါင်းများစွာစောင့်ပြီး ပြင်ဆင်ပြီးနောက်တွင် သာမန်လူသားတစ်ယောက်၏ ဇာတိခန္ဓာကို နောက်ဆုံးတွင် သူဝတ်ဆင်နိုင်ပြီး လူတို့မြင်နိုင် ထိနိုင်သော အသွေးအသားနှင့်လူတစ်ယောက်၏ အသွင်ဖြင့် သူ၏အလုပ်အသစ်ကို စတင်နိုင်ပြီဖြစ်သည့်အတွက်ကြောင့်ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးတွင်မူ လူသားတစ်ယောက်၏ ဝိသေသလက္ခဏာမှတစ်ဆင့် လူတို့နှင့် မျက်နှာချင်းဆိုင်၊ နှလုံးသားချင်း စကားပြောနိုင်ပြီ။ နောက်ဆုံးတွင်မူ ဘုရားသခင်သည် လူသား၏ဘာသာစကားနှင့် လူသား၏နည်းလမ်းနှင့် လူသားမျိုးနွယ်ကို မျက်နှာချင်းဆိုင်နိုင်ပြီ။ သူသည် လူသားမျိုးနွယ်ကို ထောက်ပံ့နိုင်သည်။ ဉာဏ်အလင်းဖွင့်ပေးနိုင်သည်။ လူသား၏ ဘာသာစကားကို အသုံးပြုပြီး သူတို့ကို ကူညီနိုင်သည်။ လူသားတို့နှင့် လက်ရည်တပြင်တည်း စားသောက်ပြီး တစ်နေရာတည်း၌ နေထိုင်နိုင်သည်။ သူသည် လူသားတို့လိုပင် လူတို့ကိုလည်း မြင်နိုင်သည်၊ အရာဝတ္ထုတို့ကို မြင်နိုင်သည်၊ အရာအားလုံးကို မြင်နိုင်ပြီး သူတို့၏ကိုယ်ပိုင်မျက်လုံးတို့မှ တစ်ဆင့်ပင် မြင်နိုင်သည်။ ဘုရားသခင်အတွက် ဤအရာသည် လူ့ဇာတိ၌ သူ့အလုပ်၏ ပထမဆုံး အောင်နိုင်ခြင်းဖြစ်နေနှင့်ပါပြီ။ ကြီးမြတ်သောလုပ်ဆောင်မှုတစ်ခု ပြီးမြောက်ခြင်းဟုလည်း ဆိုနိုင်၏။ ဤအရာက ဘုရားသခင် အပျော်ရွှင်ဆုံးဖြစ်သောအရာပင်ဖြစ်သည်။ ထိုအချိန်ကစပြီး လူသားမျိုးနွယ်ကြားက သူ၏လုပ်ဆောင်မှုမှာ စိတ်သက်သာရာရသကဲ့သို့မျိုး ဘုရားသခင်ခံစားရခြင်းသည် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ဤဖြစ်ရပ်တို့အားလုံးသည် အလွန် လက်တွေ့ကျပြီး အလွန်ပင် သဘာဝဆန်သည်။ ဘုရားသခင်ခံစားရသော စိတ်သက်သာရာရမှုသည် အလွန်ပင် စစ်မှန်သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏လုပ်ဆောင်မှု အဆင့်သစ်တစ်ခု ပြီးဆုံးသောအချိန်တိုင်းမှာ၊ ဘုရားသခင်က ကျေနပ်အားရမှုကို ခံစားရသော အချိန်တိုင်းက လူသားမျိုးနွယ်သည် ဘုရားသခင်နှင့်ပိုပြီး နီးစပ်လာသောအချိန်ဖြစ်သည်။ လူတို့သည် ကယ်တင်ခြင်းဆီသို့ ပို၍ နီးစပ်လာနိုင်သောအချိန်ဖြစ်သည်။ သူ၏ စီမံခန့်ခွဲမှု အစီအစဉ် နောက်တစ်ဆင့် တက်လှမ်းသောအခါ၊ ထို့နောက် သူ၏အလိုတော်သည် ပြီးပြည့်စုံသော ပြီးမြောက်မှုတစ်ခုဆီသို့ ချဉ်းကပ်လာသောအခါ၊ ဘုရားသခင်အတွက် ဤအရာသည် သူ့အလုပ်သစ် စတင်ခြင်းလည်းဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဤကဲ့သို့အခွင့်အရေးရောက်လာခြင်းက ကံကောင်းခြင်းဖြစ်ပြီး အလွန်ပင်ကောင်းမွန်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို စောင့်သောသူတိုင်းအတွက် အလွန်အရေးပါပြီး ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းဖြစ်သည်။ ဘုရားသခင်က အလုပ်အသစ်တစ်ခု စတင်လုပ်ဆောင်သောအခါတွင် သူ၌ အသစ်စတင်ခြင်းတစ်ခုရှိသည်။ ဤအလုပ်အသစ်နှင့် အသစ်စတင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင် စတင်ပြုလုပ်ပြီး နိဒါန်းပျိုးလာသောအခါတွင် ဤအလုပ်အဆင့်၏ ရလဒ်က သတ်မှတ်ပြီးသော အချိန်တွင်ဖြစ်သည်။ ဤအလုပ်အသစ်သည် ပြည့်စုံပြီးဖြစ်ပြီး ဘုရားသခင်က သူ၏ နောက်ဆုံး အကျိုးသက်ရောက်မှုတို့နှင့် အသီးအပွင့်တို့ကို မြင်ပြီးနှင့်ပါပြီ။ ဤအကျိုးသက်ရောက်မှုတို့က ဘုရားသခင်ကို ကျေနပ်စေသောအခါတွင် သူ့နှလုံးသားသည်လည်း ပျော်ရွှင်နေပေသည်။ အဘယ့်ကြောင့်ဆိုသော်ဘုရားသခင်၏အမြင်၌ သူရှာဖွေနေသော လူတို့ကို မြင်ပြီး သတ်မှတ်နှင့်ပြီးဖြစ်သည်။ တဖန်သူ့အလုပ်ကို အောင်မြင်စေပြီး သူ့ကို ကျေနပ်မှုတို့ သယ်ဆောင်ပေးနိုင်သော အုပ်စုဖြစ်သော ဤအုပ်စုကို ရရှိပြီးဖြစ်သည်။ ဘုရားသခင်သည် စိတ်အေးချမ်းမှုကို ခံစားရသည်။ သူ၏စိုးရိမ်မှုတို့ကို ဘေးဖယ်ပြီး သူပျော်ရွှင်သည်။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ လူ့ဇာတိက လူသားတို့အကြား အလုပ်အသစ်ကို စတင်လုပ်ဆောင်နိုင်သောအခါတွင် သူလုပ်ရမည့်အလုပ်ကို အတားအဆီးမရှိ လုပ်ဆောင်ရန် သူစတင်၏။ အားလုံးက ပြီးမြောက်သွားပြီဟု သူခံစားရသောအခါတွင် သူသည် အဆုံးကို မြင်ပြီးနှင့်ပါပြီ။ ဤအဆုံးကြောင့်ပင် သူသည် ကျေနပ်ပြီး ပျော်ရွှင်သော နှလုံးသားရှိသည်။ ဘုရားသခင်၏ ပျော်ရွှင်မှုကို မည်ကဲ့သို့ ဖော်ပြသနည်း။ သင်တို့ စဉ်းစားကြည့်နိုင်သလော။ ဘုရားသခင်က ငိုမည်လော။ ဘုရားသခင်က ငိုနိုင်သလော။ ဘုရားသခင်က သူ့လက်နှင့် လက်ခုပ်တီးနိုင်သလော။ ဘုရားသခင်က ကနိုင်သလော။ ဘုရားသခင်က သီချင်းဆိုနိုင်သလော။ ဘာသီချင်းများဖြစ်မည်နည်း။ မှန်ပေသည်။ ဘုရားသခင်က လှပပြီး ခံစားရသော သီချင်းကို ဆိုနိုင်သည်။ သူ့နှလုံးသားတွင်ရှိသော ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းကို ဖော်ပြနိုင်သော သီချင်းတစ်ပုဒ်ပင်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သူသီဆိုနိုင်သည်။ သူ့အတွက်သူ သီဆိုနိုင်သည်။ ထို့နောက် အရာအားလုံးအတွက် သီဆိုနိုင်သည်။ ဘုရားသခင်၏ ပျော်ရွှင်ခြင်းက မည်သည့်နည်းလမ်းနှင့်မဆို ဖော်ပြနိုင်သည်။ ဤအရာအားလုံးက သာမန်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ထံ၌ ဝမ်းမြောက်ခြင်းရော၊ ဝမ်းနည်းခြင်းပါ ရှိပြီး သူ၏ခံစားချက်အမျိုးမျိုးကို နည်းအမျိုးမျိုးနှင့် ဖော်ပြနိုင်၍ဖြစ်သည်။ ဤသည်မှာ သူ၏အခွင့်အရေးဖြစ်ပြီး မည်သည့်အရာမျှ ပို၍ သာမန်မဖြစ်နိုင်ဘဲ၊ ပို၍ မသင့်တော်နိုင်ပေ။ လူတို့သည် ၎င်းနှင့် ပတ်သက်ပြီး တစ်ခြားအရာတို့ကို မစဉ်းစားသင့်ပေ၊ သင်တို့သည် ဘုရားသခင်အား သူ၏ပျော်ရွှင်ခြင်းကို ကန့်သတ်ရန်၊ သို့မဟုတ် သူ့၌ရှိသော ခံစားချက်ကို ကန့်သတ်ရန် ဤအရာမလုပ်သင့်၊ သို့မဟုတ် ထိုအရာမလုပ်သင့်ဟု လည်းကောင်း၊ သူသည် ဤနည်းဖြင့် မပြုမူသင့် သို့မဟုတ် ထိုနည်းဖြင့် မပြုမူသင့်ဟု ပြောလျက်၊ သူ့အပေါ်တွင် “သတ္တုကွင်းတင်းကျပ်စေသောမန္တန်” ကို အသုံးမပြုသင့်ပါ၊ လူတို့၏ နှလုံးသား၌ ဘုရားသခင်က ပျော်ရွှင်၍မရပေ။ သူသည် မျက်ရည်ကျ၍မရပေ။ သူငို၍မရပေ။ မည်သည့်စိတ်ခံစားမှုမျှ ဖော်ပြ၍မရပေ။ ဤအရာတို့ကို ငါတို့ နှစ်ကြိမ်ဆွေးနွေးပြောဆိုမှုမှတစ်ဆင့် ဘုရားသခင်ကို သင်တို့ ဤကဲ့သို့မြင်မည်မဟုတ်တော့ဘဲ ဘုရားသခင်ကို လွတ်လပ်မှုနှင့် ဖြေလျှော့ပေးမှုကို ရရှိရန် အခွင့်ကိုပေးလိမ့်မည်ဟု ငါယုံကြည်သည်။ ၎င်းက အလွန်ကောင်းမွန်သောအရာဖြစ်သည်။ အနာဂတ်၌ သူဝမ်းနည်းနေသည်ဟု သင်ကြားသောအခါတွင် သင်သည် ဘုရားသခင်၏ ဝမ်းနည်းခြင်းကို အမှန်တကယ် ခံစားနိုင်လျှင်၊ သူပျော်ရွှင်နေသည်ဟု သင်ကြားရသောအခါတွင် သင်သည် သူ၏ပျော်ရွှင်ခြင်းကို အမှန်တကယ် ခံစားနိုင်လျှင်၊ အနည်းဆုံး သင်သည် ဘုရားသခင်ကို ဘယ်အရာကပျော်ရွှင်စေပြီး ဘယ်အရာက ဝမ်းနည်းစေသည်ဆိုသည်ကို သင်ရှင်းရှင်းလင်းလင်းသိပါလိမ့်မည်။ ဘုရားသခင်က ဝမ်းနည်းသောကြောင့် သင်က ဝမ်းနည်းခြင်းကို ခံစားရနိုင်ပြီး ဘုရားသခင်က ပျော်ရွှင်သောကြောင့် သင်ပျော်ရွှင်လျှင် သူသည် သင့်နှလုံးသားကို အပြည့်အဝရရှိမည်ဖြစ်ပြီး သူနှင့် မည်သည့်အတားဆီးမျှ ရှိမည်မဟုတ်တော့ပေ။ သင်သည် လူသား၏ စိတ်ကူးထင်မြင်ခြင်း၊ အယူအဆတို့နှင့် အသိပညာတို့ဖြင့် ဘုရားသခင်ကို ကန့်သတ်ရန် ကြိုးစားမည်မဟုတ်တော့ချေ။ ထိုအချိန်တွင် ဘုရားသခင်သည် သင့်နှလုံးသားထဲ၌ ရှင်သန်ပြီး နိုးကြားနေပါလိမ့်မည်။ သူသည် သင့်ဘဝ၏ ဘုရားသခင်ဖြစ်ပြီး သင်၏ အရာရာတိုင်း၏ အရှင်သခင်ဖြစ်ပါလိမ့်မည်။ သင့်တွင် ဤကဲ့သို့ရည်မှန်းချက်ရှိသလော။ သင်တို့ ဤသည်ကို ရယူနိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၁

အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ဘုရားသခင်ကို နာခံရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ သင်၏တာဝန်အားလုံးကို ကျေပွန်အောင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၃

သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အဘယ်ကြောင့် သင်လုပ်ဆောင်နေသည်၊ ဤအရာကို လုပ်ဆောင်ရန် မည်သည့် ရည်ရွယ်ချက်က သင့်ကို ညွှန်ကြားသည်၊ ယင်းကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၆

ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ကြွလာခဲ့ချိန်တွင်၊ သူသည် လောကနှင့် မသက်ဆိုင်ခဲ့သကဲ့သို့၊ လောကကို ပျော်မွေ့ရန် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၁

သမ္မာတရားကို လက်တွေ့ကျင့်သုံးလေလေ သင်သည် သမ္မာတရားကို ပိုင်ဆိုင်လေလေ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးလေလေ သင်သည် ဘုရားသခင်၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။