ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၀

ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာရှိသည့် ဘုရားသခင်သာလျှင် အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်လိမ့်မည် (လက်ရွေးစင် ကျမ်းပိုဒ်များ)

သြဇာအာဏာကိုယ်၌ကို ဘုရားသခင်၏ တန်ခိုးအဖြစ် ရှင်းပြနိုင်သည်။ ပထမဦးဆုံး သြဇာအာဏာနှင့် တန်ခိုးတို့သည် အပြုသဘောဆောင်သည်ကို သေချာပေါက် ပြောနိုင်သည်။ အဖျက်သဘောဆောင်သည့် မည်သည့်အရာနှင့်မျှ ဆက်နွယ်မှု မရှိပေ။ မည်သည့် ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခြင်းမခံရသည့် အရာတစ်ခုနှင့်မျှ ဆက်စပ်ခြင်းမရှိပေ။ ဘုရားသခင်၏ တန်ခိုးက အသက်နှင့် ရှင်သန်တက်ကြွခြင်းရှိသည့် မည်သည့်ပုံစံကိုမဆို ဖန်ဆင်းနိုင်သည်။ ဤသည်ကို ဘုရားသခင်၏ အသက်နှင့် ပိုင်းခြားဆုံးဖြတ်သည်။ ဘုရားသခင်သည် အသက်ဖြစ်၏။ ထို့ကြောင့် သူသည် သက်ရှိသတ္တဝါအားလုံး၏ အရင်းအမြစ်ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ သြဇာအာဏာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းကို သက်ရှိသတ္တဝါအားလုံး နာခံရန် ပြုလုပ်နိုင်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏နှုတ်က နှုတ်ကပတ်တော်တို့နှင့်အညီ သက်ရှိဖြစ်လာပြီး ဘုရားသခင်၏ အုပ်ချုပ်မှုအားဖြင့် အသက်ရှင်ပြီး မျိုးပွားကြသည်။ သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင် အမိန့်ပေး အုပ်စိုးသည့်နောက်တွင် ပြောင်းလဲ ယိမ်းယိုင်ခြင်းဆိုသည်မှာ ထာဝရ မရှိတော့ပေ။ မည်သည့် ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ ဤအရာများ မရှိပေ။ ဖန်ဆင်းရှင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်ပြီး ထိန်းသိမ်းသည်။ ထို့ကြောင့် ၎င်းကို သြဇာအာဏာဟုခေါ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိခြင်းဖြစ်သည်။ ဤအတိုင်းပင်၊ “သြဇာအာဏာ” ဆိုသည့် စကားလုံးဖြစ်စေ သို့မဟုတ် ဤသြဇာအာဏာ၏ အနှစ်သာရဖြစ်စေ၊ တစ်ခုချင်းစီတိုင်းက ဖန်ဆင်းရှင်နှင့်သာ ဆက်စပ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဖန်ဆင်းရှင်၏ အတုမရှိသည့် ဝိသေသလက္ခဏာနှင့် အနှစ်သာရ၏ သင်္ကတေဖြစ်ပြီး ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ “သြဇာအာဏာ” ဟူသည့် စကားလုံးနှင့် ဆက်စပ်၍ မရပေ။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာ၏ အဓိပ္ပာယ်ကောက်ချက်ဖြစ်သည်။

စာတန်သည် ယောဘကို တပ်မက်သည့် မျက်လုံးများနှင့် ကြည့်နေသော်လည်း ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲနှင့် သူသည် ယောဘ၏ ကိုယ်ခန္ဓာမှ အမွှေးတစ်မျှင်ကိုပင် မထိရဲပေ။ စာတန်သည် ပင်ကိုသဘောအားဖြင့် ဆိုးယုတ်ပြီး ရက်စက်သော်လည်း ဘုရားသခင်က သူ၏အမိန့်ကို ထုတ်ပြန်ပြီးနောက်တွင် စာတန်သည် ဘုရားသခင်၏အမိန့်ကို လက်ခံရန်မှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ထို့ကြောင့် စာတန်သည် ယောဘနှင့်ပတ်သက်ပါက သိုးများကြားထဲက ဝံပုလွေကဲ့သို့ ထိန်းမနိုင်သိမ်းမရဖြစ်နေသော်လည်း ဘုရားသခင်က ၎င်းအတွက် ပြင်ဆင်ထားသည့် အကန့်အသတ်များကို မမေ့ရဲပေ။ ဘုရားသခင်၏ အမိန့်များကို မဖောက်ဖျက်ရဲပေ။ ၎င်းလုပ်သည့် အရာအားလုံးထဲတွင် စာတန်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းနှင့် အကန့်အသတ်များမှ မယိမ်းယိုင်သွားရဲပေ။ ဤသည်မှာ အမှန်တရားပင်ဖြစ်သည် မဟုတ်လော။ ဤအချက်မှ စာတန်သည် ယေဟောဝါ ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်ကိုမဆို မချိုးဖောက်ရဲသည်ကို မြင်နိုင်သည်။ စာတန်အတွက် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်တိုင်းက အမိန့်ဖြစ်ပြီး၊ ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမနှင့် ဘုရားသခင်၏ သြဇာအာဏာ၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်း၏ နောက်တွင် ဘုရားသခင်၏ အမိန့်များကို ချိုးဖောက်သူများ၊ ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမကို မနာခံဘဲ ဆန့်ကျင်သည့်သူများအတွက် ဘုရားသခင်၏ အပြစ်ဒဏ်ကို ညွှန်ပြနေသည်။ စာတန်သည် ဘုရားသခင်၏အမိန့်များကို ၎င်းချိုးဖောက်လျှင် ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်ခြင်းနှင့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်များအား လက်ခံရမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းသိသည်။ ဤအကျိုးဆက်များက မည်သည့်အရာများနည်း။ ပြောစရာမလိုပေ။ ဤအရာတို့သည် သူ့အတွက် ဘုရားသခင်၏ အပြစ်ဒဏ်ပင်ဖြစ်သည်။ ယောဘအပေါ် စာတန်၏ လုပ်ရပ်များသည် လူသားကို စာတန်ဖျက်ဆီးခြင်း၏ ပုံစံအသေးစားပင်ဖြစ်သည်။ စာတန်က ဤအပြုအမူများကို လုပ်ဆောင်နေသည့်အခါတွင် စာတန်အပေါ် ဘုရားသခင် ချမှတ်ထားသည့် အကန့်အသတ်များနှင့် သူထုတ်ထားသည့် အမိန့်များသည် စာတန်လုပ်သည့် အရာတိုင်း၏ နောက်က အခြေခံစည်းမျဉ်း၏ သေးငယ်သည့် ပုံစံသာဖြစ်သည်။ ထို့အပြင် ဤအကြောင်းအရာတွင် စာတန်၏ တာဝန်နှင့် အဆင့်နေရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု လုပ်ဆောင်ချက်ထဲက ၎င်း၏တာဝန်နှင့် အဆင့်နေရာ၏ သေးငယ်သည့်ပုံစံသာဖြစ်ပြီး ယောဘကို သွေးဆောင်ခြင်းတွင် စာတန်၏ ဘုရားသခင်အပေါ် အပြည့်အဝနာခံခြင်းက ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်တွင် ဘုရားသခင်ကို စာတန်က နည်းနည်းမျှ မဆန့်ကျင်ရဲသည့်ပုံစံ၏ သေးငယ်သည့်အပိုင်းသာ ဖြစ်သည်။ ဤအသေးစားပုံစံများက သင်တို့ကို မည်သည့်သတိပေးချက်များ ပေးသနည်း။ စာတန်အပါအဝင် အရာအားလုံးထဲတွင် ဖန်ဆင်းရှင်က ချမှတ်ထားသည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ထုတ်ပြန်ချက်များကို ကျော်လွန်နိုင်သည့်သူ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ မရှိပေ။ ဤကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ထုတ်ပြန်ချက်များကို ဖောက်ဖျက်ရဲသည့်သူ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ မရှိပေ။ အကြောင်းမှာ ဖန်ဆင်းရှင်က မနာခံသည့်သူများအပေါ် ချမှတ်သည့် ပြစ်ဒဏ်ကို မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ ပြောင်းလဲနိုင်ခြင်း သို့မဟုတ် လွတ်မြောက်နိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်သာလျှင် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ထုတ်ပြန်ချက်များကို တည်ထောင်နိုင်သည်။ ဖန်ဆင်းရှင်သာလျှင် ဤအရာတို့ကို အကျိုးသက်ရောက်မှုရှိအောင်ပြုလုပ်ရန် တန်ခိုးရှိသည်။ ဖန်ဆင်းရှင်၏ တန်ခိုးကိုသာ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ မကျော်လွန်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာဖြစ်သည်။ ဤသြဇာအာဏာသည် အရာအားလုံးထက် သာလွန်သည်။ ထို့ကြောင့် “ဘုရားသခင်က အကြီးမြတ်ဆုံးဖြစ်ပြီး စာတန်က နံပါတ် နှစ်ဖြစ်သည်” ဟု ပြောရန် မဖြစ်နိုင်ပေ။ အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်သည့် ဖန်ဆင်းရှင်မှလွဲပြီး အခြားဘုရားမရှိပေ။

ယခု ဘုရားသခင်၏ သြဇာအာဏာနှင့် ပတ်သက်သော အသိပညာအသစ်ကို သင်တို့ရရှိပြီလော။ ပထမဦးဆုံး ယခုပြောခဲ့သည့် ဘုရားသခင်၏ သြဇာအာဏာနှင့် လူသား၏ အစွမ်းတို့ကြားတွင် ကွာခြားချက်ရှိသလော။ ကွာခြားချက်က အဘယ်နည်း။ အချို့လူများက ဤနှစ်ခုကြားတွင် နှိုင်းယှဉ်စရာမရှိပေဟု ပြောကြသည်။ မှန်ပေသည်။ လူများက ဤနှစ်ခုကြားတွင် နှိုင်းယှဉ်စရာမရှိဟု ဆိုသော်လည်း လူသား၏အတွေးနှင့် အယူအဆများတွင် ဤနှစ်ခုကို မကြာခဏ ဘေးချင်းယှဉ်ပြီး လူသား၏ အစွမ်းကို သြဇာအာဏာနှင့် မကြာခဏ ရောထွေးကြသည်။ ဤနေရာတွင် အဘယ်အရာဖြစ်နေသနည်း။ လူများက ဤတစ်ခုနှင့်တစ်ခုကို အမှုမဲ့ အမှတ်မဲ့နှင့် မှားယွင်းပြီး အစားထိုးနေကြခြင်း မဟုတ်လော။ ဤနှစ်ခုက မဆက်သွယ်ထားပေ။ ဤနှစ်ခုကြားတွင် နှိုင်းယှဉ်စရာမရှိပေ။ သို့ရာတွင် လူများက မတတ်နိုင်ကြချေ။ ဤသည်ကို မည်သို့ဖြေရှင်းသင့်သနည်း။ သင်သည် ဖြေရှင်းချက်ကို ရှာဖွေရန် အမှန်တကယ် ဆန္ဒရှိပါက တစ်ခုတည်းသော နည်းလမ်းမှာ ဘုရားသခင်၏ အတုမရှိသည့် သြဇာအာဏာကို သိပြီး နားလည်ရန်သာဖြစ်သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာကိုသိပြီး နားလည်ပြီးနောက်တွင် သင်သည် လူသား၏အစွမ်းနှင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို အတူတူ ပြောဆိုတော့မည် မဟုတ်ပေ။

လူသား၏အစွမ်းက အဘယ်အရာကို ရည်ညွှန်းသနည်း။ ရိုးရိုးပြောရလျှင် လူသား၏ အကျင့်ပျက်စီးသည့် စိတ်သဘောထား၊ ဆန္ဒနှင့် ရည်ရွယ်ချက်တို့ကို အကြီးမားဆုံး အတိုင်းအတာအထိ ကျယ်ပြန့်စေသည့် သို့မဟုတ် ပြီးမြောက်စေသည့် စွမ်းရည် သို့မဟုတ် တတ်ကျွမ်းမှုတစ်ခုဖြစ်သည်။ ဤသည်ကို သြဇာအာဏာဟု ပြော၍ရသလော။ လူသား၏ ရည်ရွယ်ချက်နှင့် ဆန္ဒမှာ မည်မျှပင် ကြီးမားပါစေ သို့မဟုတ် အကျိုးများပါစေ ဤလူသည် သြဇာအာဏာကို ပိုင်ဆိုင်သည်ဟု မဆိုနိုင်ပေ။ အလွန့်အလွန်ပြောရလျှင် ဤကြီးမားခြင်းနှင့် အောင်မြင်ခြင်းသည် လူသားကြားတွင် စာတန်၏ ရွှတ်နောက်နောက်အပြုအမူ၏ သာဓကတစ်ခုသာဖြစ်ပြီး အလွန့်အလွန်ပြောရလျှင် စာတန်သည် ဘုရားဖြစ်ရန် ဟူသည့် ၎င်း၏ရည်ရွယ်ချက်ကို ပြီးမြောက်စေရန်အတွက် ၎င်း၏ ဘိုးဘေးကဲ့သို့ ပြုမူပြသည့် ဟာသဇာတ်တစ်ခုသာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၀

ယနေ့တွင် အချို့ သောသူတို့သည် ဘုရားသခင် အသုံးပြုခြင်းကို ခံရရန် ကြိုးစားကြသည်၊ သို့သော် သိမ်းပိုက်ခံရပြီးနောက် သူတို့အား တိုက်ရိုက်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၄

ဘုရားသခင်ကို အစေခံသောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်အဖို့ မည်သို့ဒုက္ခခံရမည်ကို သိသင့်ရုံသာမက၊ ထို့ထက်ပင် ဘုရားသခင်အား ယုံကြည်ခြင်း၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၆

အမှုအဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး၏ အချက်အချာတွင်ရှိ၍ ဘုရား သခင်၏ စိတ်နေသဘောထားနှင့် သူ၏ဖြစ်ခြင်းကို ၎င်းတို့တွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၉

ဘုရားသခင်ကို ယုံကြည်ဖို့၊ သင်သည် အနည်းဆုံးအနေဖြင့် ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေးရှိခြင်းနှင့် သက်ဆိုင်သည့် ကိစ္စကို ဖြေရှင်းရမည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။