ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၈

ယောနဝတ္ထု ၄ သို့သော် ယင်းက ယောနကို အလွန့်အလွန်ဒေါသထွက်စေပြီး သူသည် အလွန်စိတ်ဆိုးလေသည်။ ထို့နောက် အို ယေဟောဝါ၊ ကိုယ်တော့်ကို အကျွန်ုပ် ဆုတောင်းပါ၏။ ဤသည်မှာ အကျွန်ုပ် ကိုယ့်ပြည်၌ ရှိစဉ်အခါက ပြောခဲ့သော ကျွန်ုပ်၏စကားဖြစ်သည် မဟုတ်လော။ ထို့ကြောင့်၊ ရှေ့တော်မှောက်မှ တာရှုမြို့သို့ အကျွန်ုပ် ပြေးခဲ့ပါ၏။ ကိုယ်တော်သည် ကျေးဇူးပြုတတ်သော ဘုရားဖြစ်၍ သနားကရုဏာရှိပြီး စိတ်ရှည်သောသဘော၊ ကြင်နာစိတ်ကြီးမားပြီး အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သောသဘော ရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ ထို့ကြောင့်၊ အို ယေဟောဝါ၊ ယခု အကျွန်ုပ် အသက်ရှင်ခြင်းထက် သေခြင်းက သာ၍ကောင်းသည့်အတွက် အကျွန်ုပ်အသက်ကို နုတ်ယူတော်မူပါဟု ယေဟောဝါထံ တောင်းလျှောက်လေ၏။ ယေဟောဝါကလည်း၊ သင်သည် စိတ်ဆိုး ကောင်းသလောဟု မေးတော်မူ၏။ ထို့ကြောင့် ယောနသည် မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာဘက်၌ ထိုင်နေ၏၊ ထို့နောက် တဲမိုးကို လုပ်ပြီးလျှင်၊ မြို့ထဲ၌ အဘယ်သို့ ဖြစ်လိမ့်မည်ကို တွေ့မြင်ရသည်အထိ အမိုးအရိပ်တွင် ထိုင်၍နေ၏။ ယေဟောဝါ ဘုရားသခင်သည်လည်း ကြက်ဆူပင်တစ်ပင်ကို ပြင်ဆင်ပြီးလျှင်၊ ယောန၏ သောကတို့ ပြေစေရန် သူ့ခေါင်းပေါ်မှာ လွှမ်း၍ အရိပ်ဖြစ်စေတော်မူ၏။ ထို့ကြောင့် ယောနသည် ကြက်ဆူပင်နှင့် ပတ်သက်၍ အလွန်အားရဝမ်းမြောက်၏။ နောက်တစ်နေ့ မနက်မိုးလင်းသောအခါ ဘုရားသခင်သည် ပိုးကောင်ကို ပြင်ဆင်ပြီး ကြက်ဆူပင်ကို ကိုက်၍ ညှိုးနွမ်းစေ၏။ နေထွက်သောအခါ ဘုရားသခင်သည် ပြင်းထန်သော အရှေ့လေကို ပြင်ဆင်တော်မူပြီး ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည် အားနည်းမောပန်းပြီး မိမိကိုယ်ကို သေစေလိုသောစိတ်ရှိပြီး၊ ငါ့အသက်သေသည်က ရှင်သည်ထက် သာ၍ ကောင်းသည်ဟု ဆိုလေ၏။ ဘုရားသခင်ကလည်း၊ သင်သည် ကြက်ဆူပင်အတွက် စိတ်ဆိုး ကောင်းသလောဟု မေးတော်မူလျှင်၊ ယောနက အကျွန်ုပ်သည် သေသည့်တိုင် စိတ်ဆိုးကောင်းပါသည်ဟု လျှောက်ဆို၏။ ယေဟောဝါကလည်း၊ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။

ဖန်ဆင်းရှင်သည် လူ့လောကအတွက် သူ၏စစ်မှန်သော စိတ်ခံစားမှုများကို ဖော်ပြသည်

ယေဟောဝါဘုရားသခင်နှင့် ယောနတို့ကြားက ဤစကားစမြည်ပြောခြင်းသည် လူ့လောကအတွက် ဖန်ဆင်းရှင်၏ စစ်မှန်သော စိတ်ခံစားမှုများ ဖော်ပြချက်ဖြစ်ကြောင်း သံသယ ဖြစ်စရာ မရှိပေ။ သို့သော်ငြားလည်း “ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။” ဟု ယေဟောဝါဘုရားသခင်က ပြောခဲ့သည့်အတိုင်း၊ ယင်းက- သူ၏ သြဇာအာဏာအောက်၌ ဖြစ်သည့် ဖန်ဆင်းရာအားလုံးအပေါ် ဖန်ဆင်းရှင်၏ သိမှတ်နားလည်ခြင်းအား လူတို့အား အသိပေးသည်။ တစ်နည်းဆိုရလျှင် နိနေဝေအပေါ် ဘုရားသခင်၏ သိမှတ်နားလည်ခြင်းမှာ သာမန်ကာလျှံကာကိစ္စထက် ကျော်လွန်သည်။ (လူတွေနှင့် ခြံမွေးတိရစ္ဆာန်များအပါအဝင်) မြို့အတွင်း၌ရှိသော သက်ရှိအရာများ၏ အရေအတွက်ကို သူသိခဲ့ရုံမက၊ သူတို့၏ လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသောသူ အဘယ်မျှလောက်- အတိအကျဆိုရလျှင်၊ ကလေးငယ်များနှင့် လူငယ်များ အဘယ်မျှလောက် ပါဝင်ခဲ့သည်ကိုလည်း သူသိခဲ့သည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ လက်ဖျားခါရလောက်သော သိမှတ်နားလည်ခြင်းကို ပြသည့် ခိုင်လုံသော သက်သေပင် ဖြစ်သည်။ တစ်ဖက်ကလည်း ဤစကားစမြည်ပြောခြင်းက လူ့လောကအပေါ် ဖန်ဆင်းရှင်၏ သဘောထား၊ တစ်နည်းအားဖြင့်ဆိုလျှင် ဖန်ဆင်းရှင်၏ နှလုံးသားထဲတွင်ရှိသည့် လူ့လောကအတွက် ကြီးလေးသောတာဝန်ကို လူတို့အားအသိပေးသည်။ ယေဟောဝါဘုရားသခင်က “သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။...နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လော...” ဟု ပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ဤသည်မှာ ယောနအပေါ် ယေဟောဝါ ဘုရားသခင်၏ ပြစ်တင်စကားများ ဖြစ်သော်လည်း အားလုံးမှန်ပေသည်။

နိနေဝေမြို့သားများထံ ယေဟောဝါဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြေညာရန် ယောနသည် တာဝန်ပေးစေခိုင်းခံရခဲ့သော်လည်း၊ ယေဟောဝါဘုရားသခင်၏ ရည်ရွယ်ချက်များကို သူနားမလည်ခဲ့သည့်အပြင်၊ မြို့သူမြို့သားများအတွက် သူ၏ပူပင်မှုများနှင့် မျှော်လင့်ချက်များကိုလည်း သူနားမလည်ခဲ့ပေ။ လူ့လောကသည် သူ့ကိုယ်ပိုင်လက်များမှ ဆင်းသက်ပေါက်ဖွားလာသည့်အရာ ဖြစ်ခဲ့သည်၊ ဘုရားသခင်သည် လူပုဂ္ဂိုလ်တစ်ဦးစီတိုင်းအတွက် အပတ်တကုတ် အားထုတ်ကြိုးပမ်းမှုကို ပြုခဲ့ပြီးပြီ၊ လူပုဂ္ဂိုလ်တိုင်းက ဘုရားသခင်၏ မျှော်လင့်ချက်များကို သူတို့နှင့်အတူ သယ်ဆောင်ခဲ့ကြသည်၊ လူပုဂ္ဂိုလ်တိုင်းက ဘုရားသခင်၏ အသက်ဖြည့်စွမ်းမှုကို အကျိုးခံစားခဲ့ကြသည်၊ လူပုဂ္ဂိုလ်တိုင်းအတွက် ဘုရားသခင်သည် ဒုက္ခခံသောအဖိုးအခကို ပေးချေခဲ့ပြီးပြီ ဟူသည်ကို ဤအပြစ်ဖော်ဆုံးမခြင်းနှင့်အတူ ဘုရားသခင်က သူ့အား ပြောလိုခဲ့ခြင်းပင် ဖြစ်သည်။ ယောနကိုယ်တိုင်က ကြက်ဆူပင်ကို ချစ်ခင်မြတ်နိုးခဲ့သလောက် ဘုရားသခင်သည် သူ့ကိုယ်ပိုင်လက်များ၏ လက်ရာဖြစ်သည့် လူ့လောကကို ချစ်ခင်မြတ်နိုးခဲ့သည် ဟူသည်ကိုလည်း ဤအပြစ်ဖော်ဆုံးမခြင်းက ယောနကို ပြောပြခဲ့သည်။ ဘုရားသခင်သည် ဖြစ်နိုင်ခြေရှိသော နောက်ဆုံးအခိုက်အတန့် မတိုင်ခင်ထိ မည်သည့်နည်းနှင့်မျှ သူတို့ကို လွယ်လွယ်စွန့်ပစ်မည် မဟုတ်ခဲ့ပေ၊ ထို့ပြင် မြို့အတွင်း၌ ကလေးငယ်မြောက်မြားစွာနှင့် အပြစ်မဲ့ ခြံမွေးတိရစ္ဆာန်များလည်း ရှိခဲ့သည်။ သူတို့၏ လက်ယာလက်နှင့် လက်ဝဲလက်များကိုပင် မခွဲခြားနိုင်ခဲ့ကြသော၊ ဤလို ငယ်ရွယ်၍ မသိနားမလည်သော၊ ဘုရားသခင်၏ ဖန်ဆင်းခြင်းမှ ဆင်းသက်ပေါက်ဖွားလာသူများကို ကိုင်တွယ်ဖြေရှင်းသောအခါ ဘုရားသခင်သည် ဤသို့ အလျင်စလိုနည်းဟန်မျိုးဖြင့် သူတို့၏ အသက်များကို အဆုံးသတ်ပြီး သူတို့၏ ရလဒ်များကို အဆုံးအဖြတ်ပေးခြင်းငှာ ပို၍ပင် မတတ်နိုင်ခဲ့ချေ။ ဘုရားသခင်သည် သူတို့ ကြီးပြင်းလာသည်ကို မြင်တွေ့ရန် မျှော်လင့်ခဲ့သည်၊ သူတို့သည် သူတို့၏ လူကြီးသူမများ၏ လမ်းကြောင်းများအတိုင်း လျှောက်မည်မဟုတ်၊ သူတို့သည် ယေဟောဝါဘုရားသခင်၏ သတိပေးချက်ကို နောက်ထပ်ပြန်ကြားစရာ လိုမည်မဟုတ်၊ ထို့ပြင် သူတို့သည် နိနေဝေ၏ အတိတ်ဖြစ်ရပ်ကို သက်သေခံကြလိမ့်မည်ဟု ဘုရားသခင် မျှော်လင့်ခဲ့သည်။ ထို့ထက်ပို၍ နောင်တရပြီးသား နိနေဝေကို မြင်တွေ့ရန်၊ ထိုနောင်တရခြင်း နောက်မှလာသော နိနေဝေ၏ အနာဂတ်ကို မြင်တွေ့ရန်၊ ပိုအရေးကြီးသည်မှာ နိနေဝေသည် ဘုရားသခင်၏ ကရုဏာအောက်တွင် နောက်ထပ်တစ်ဖန် အသက်ရှင်သည်ကို မြင်တွေ့ရန် ဘုရားသခင် မျှော်လင့်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် သူတို့၏ လက်ယာလက်နှင့် လက်ဝဲလက်များကို မခွဲခြားနိုင်သော ထိုဖန်ဆင်းခံ အရာများမှာ နိနေဝေ၏ အနာဂတ်ပင် ဖြစ်ခဲ့ကြသည်။ ယေဟောဝါဘုရားသခင်၏ လမ်းညွှန်မှုအောက်တွင် နိနေဝေ၏ အတိတ်နှင့်အနာဂတ်ကို သက်သေခံရမည့် အရေးကြီးသောတာဝန်ကို သူတို့ထမ်းဆောင်ရမည် ဖြစ်သကဲ့သို့ နိနေဝေ၏ စက်ဆုပ်ဖွယ်ကောင်းသော အတိတ်ကိုလည်း သူတို့ ထမ်းဆောင်ရမည် ဖြစ်သည်။ သူ၏ စစ်မှန်သော စိတ်ခံစားမှုများကို ဤသို့ကြေညာရာ၌၊ ယေဟောဝါဘုရားသခင်သည် လူ့လောကတစ်ခုလုံးအတွက် ဖန်ဆင်းရှင်၏ ကရုဏာကို တင်ပြခဲ့သည်။ ယင်းက “ဖန်ဆင်းရှင်၏ကရုဏာ” သည် အနှစ်သာရမဲ့သော စကားရပ်တစ်ခု မဟုတ်သလို၊ ပေါ့တန်သော ကတိတစ်ခုလည်းမဟုတ်ကြောင်း လူ့လောကကို ပြခဲ့သည်၊ ယင်းတွင် ခိုင်လုံသော အခြေခံသဘောတရားများ၊ နည်းလမ်းများနှင့် ရည်မှန်းချက်များ ပါရှိသည်။ သူသည် မှန်ကန်စစ်မှန်ပြီး မုသားများနှင့် အယောင်ဆောင်မှုများကို မသုံးပေ၊ ထို့ပြင် ဤနည်းအတိုင်းပင် သူ၏ ကရုဏာကို အချိန်တိုင်း၊ ခေတ်ကာလတိုင်းရှိ လူ့လောကအပေါ်တွင် အဆုံးမရှိ ပေးအပ်ထားသည်။ သို့သော်ငြားလည်း ယနေ့ထိတိုင်အောင် ယောနနှင့် ဖန်ဆင်းရှင်၏ အပြန်အလှန်စကားပြောခြင်းသည် လူ့လောကကို သူဘာကြောင့် ကရုဏာပြသနည်း၊ လူ့လောကကို သူဘယ်လို ကရုဏာပြသနည်း၊ လူ့လောကအပေါ်သူ ဘယ်လောက် သည်းခံသနည်းနှင့် လူ့လောကအတွက် သူ၏ စစ်မှန်သော စိတ်ခံစားမှုများဟူသည့် ဘုရားသခင်၏ တစ်ခုတည်းသော သီးသန့်နှုတ်ထွက်ထုတ်ပြန်ချက်ပင် ဖြစ်သည်။ ယေဟောဝါဘုရားသခင်၏ လိုရင်းတိုရှင်းကျသော စကားစမြည်ပြောခြင်းက လူ့လောကအတွက် သူ၏ပြည့်စုံသော အတွေးများကို ဖော်ပြသည်၊ ဤသည်မှာ လူ့လောကအပေါ် သူ့နှလုံးသားသဘောထား၏ စစ်မှန်သောဖော်ပြချက်ပင် ဖြစ်သည်၊ ထို့ပြင် ဤသည်မှာ လူ့လောကအပေါ် သူ၏ကြွယ်ဝသော ကရုဏာပေးအပ်ခြင်း၏ ခိုင်လုံသောသက်သေလည်း ဖြစ်လေသည်။ သူ၏ ကရုဏာကို လူ့လောက၏ အသက်ကြီးသော မျိုးဆက်များအပေါ်တွင်သာ ပေးအပ်သည်မဟုတ်၊ မျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်သို့တိုင် ဤသို့အမြဲ ဖြစ်လာပြီးသည့်အတိုင်း၊ ယင်းကို လူ့လောက၏ ငယ်ရွယ်သောလူစုများအားလည်း ချပေးထားလေသည်။ ဘုရားသခင်၏ အမျက်ဒေါသသည် လူ့လောက၏ အချိုးအကွေ့တစ်နေရာရာနှင့် ခေတ်တစ်ချိန်ချိန်တွင် မကြာခဏ ကျရောက်တတ်သော်လည်း၊ ဘုရားသခင်၏ ကရုဏာမှာ ဘယ်သောအခါမှ ရပ်စဲမသွားဖူးပေ။ သူသည် သူ့ဖန်ဆင်းရာ၏ မျိုးဆက်တစ်ခုပြီးနောက်တစ်ခုကို သူ၏ကရုဏာနှင့်အတူ လမ်းညွှန်ပြီးဦးဆောင်သည်၊ ဖန်ဆင်းရာမျိုးဆက်တစ်ခုပြီး နောက်တစ်ခုကို ထောက်ပံ့ပြီး အာဟာရဖြစ်စေသည်၊ အဘယ်ကြောင့်ဆိုသော် လူ့လောကအပေါ် သူ၏စစ်မှန်သော စိတ်ခံစားမှုများမှာ ဘယ်သောအခါမှ ပြောင်းလဲမည် မဟုတ်သောကြောင့်ဖြစ်သည်။ “နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လော” ဟု ယေဟောဝါဘုရားသခင် ပြောခဲ့သည့်အတိုင်းပင်၊ သူသည် သူ၏ ကိုယ်ပိုင်ဖန်ဆင်းရာကို အမြဲ ချစ်ခင်မြတ်နိုးလာခဲ့သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ကရုဏာဖြစ်ပြီး၊ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိခြင်းသက်သက်လည်း ဖြစ်ပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၄

ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ပိုပြီးနားလည်လိုလျှင် ဓမ္မဟောင်းကျမ်း၊ သို့မဟုတ် ပညတ်တော်ခေတ်၌ ရပ်နေ၍မရဘဲ ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၅

ထို့ကြောင့် သင်သည် ငါ့ကို အဘယ်ကြောင့်ယုံကြည်သည်ကို အမှန်တကယ်သိပါသလား။ ငါ့အမှုတော်၏ ရည်ရွယ်ချက်နှင့် အရေးပါမှု တို့ကို သင်အမှန်တကယ်သိပါသလား။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၉

ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံပြီးသောသူများ၏ အလုပ်တွင် သွေဖည်မှု အလွန်နည်းပါးပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၀

ယနေ့တွင် အချို့ သောသူတို့သည် ဘုရားသခင် အသုံးပြုခြင်းကို ခံရရန် ကြိုးစားကြသည်၊ သို့သော် သိမ်းပိုက်ခံရပြီးနောက် သူတို့အား တိုက်ရိုက်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။