ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၀

လူသားအပေါ် ဘုရားသခင် လုပ်ဆောင်သော အရာမှတစ်ဆင့် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည်ခြင်း (လက်ရွေးစင် ကျမ်းပိုဒ်)

ဘုရားသခင်သည် လူတို့၏ ဘေးကင်းရေးကို အာမခံချက် ပေးခြင်း၊ ၎င်းတို့အနေဖြင့် စာတန်၏ ဝါးမျိုခြင်းကို ခံရမည်မဟုတ်ဟု အာမခံချက်ပေးခြင်း တို့အပြင်၊ ပို၍များစွာ လုပ်ဆောင်ပါ၏။ တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီး မကယ်တင်မီတွင် ကြိုတင် ပြင်ဆင်သည့် အလုပ်များစွာ သူသည် လုပ်ဆောင်၏။ ဦးစွာအနေဖြင့်၊ သင်သည် မည်သို့စရိုက်လက္ခဏာရှိမည်၊ မည်သို့သောမိသားစုတွင် မွေးဖွားလာမည်၊ သင်၏မိဘများ မည်သူတို့ဖြစ်မည်၊ သင့်ထံတွင် ညီအစ်ကိုမောင်နှမ မည်မျှရှိမည်ဆိုသည်နှင့် အနေအထား၊ စီးပွားရေး အဆင့်အတန်းနှင့် သင် မွေးဖွားသည့် မိသားစု အခြေအနေ မည်သို့ဖြစ်မည် ဆိုသည်တို့နှင့် စပ်လျဉ်း၍ စေ့စပ်သော ပြင်ဆင်မှုများကို ဘုရားသခင် ပြုလေသည်။ ဘုရားသခင် ရွေးကောက်သည့် လူအများစုသည် မည်သည့် မိသားစုမျိုး၌ မွေးဖွားသည်ကို သင်တို့သိပါ၏လော။ ထင်ရှားသော မိသားစူများ ဖြစ်ပါသလော။ ထင်ရှားသော မိသားစုများထဲ မွေးဖွားသူမရှိဟု ငါတို့ သေချာ မပြောနိုင်ပေ။ အချို့ရှိနိုင်သော်လည်း အလွန်နည်းပါပေသည်။ အင်မတန် ချမ်းသာကြွယ်ဝသည့် မိသားစုများ၊ ဘီလျံနာ မိသားစုများ သို့မဟုတ် မီလျံနာ မိသားစုများ ဖြစ်ပါသလော။ မဟုတ်ပါ၊ ၎င်းတို့သည် ဤမိသားစုမျိုး ထဲတွင် မမွေးဖွားသလောက် နီးပါးဖြစ်၏။ သို့ဆိုလျှင် ဘုရားသခင်သည် ဤလူတို့အတွက် မည်သို့သော မိသားစုမျိုးကို အများဆုံး စီစဉ်ပေးသနည်း (သာမန်မိသားစုများ ဖြစ်ပါသည်။) သို့ဆိုလျှင် မည်သည့် မိသားစုများကို သာမန်မိသားစုများဟု မှတ်ယူနိုင်သနည်း။ ၎င်းတို့တွင် အလုပ်လုပ်သော မိသားစုများ ပါဝင်၏၊ ယင်းမှာ ရှင်သန်ဖို့ လုပ်အားခများအပေါ် မှီခိုရသည့်၊ အခြေခံလိုအပ်ချက်များကို တတ်နိုင်သည့် မိသားစုများ ဖြစ်ပြီး၊ အလွန် မချမ်းသာကြချေ။ ၎င်းတို့တွင် လယ်သမား မိသားစုများလည်း ပါဝင်သည်။ လယ်သမားတို့သည် ၎င်းတို့၏အစားအစာအတွက် ကောက်ပဲသီးနှံစိုက်ပျိုးခြင်းကို မှီခိုကြ၏- စားသောက်ရန် အတွက် ဂျုံ၊ စပါးရှိပြီး ဝတ်ဖို့ အဝတ်အစားများရှိကြကာ ဆာလောင်ငတ်မွတ်ခြင်း သို့မဟုတ် အအေးဒဏ်ခံစားရခြင်း မရှိကြချေ။ ထို့နောက် အသေးစား စီးပွားရေးလုပ်ကိုင်သော မိသားစုအချို့ ရှိသကဲ့သို့၊ တစ်နေရာရာတွင် ပညာတတ် မိဘများ ရှိကြကာ ဤမိသားစုတို့ကို သာမန် မိသားစုများအဖြစ် မှတ်ယူနိုင်၏။ ရုံးလုပ်သားများ သို့မဟုတ် ထင်ရှားသော မိသားစုများအဖြစ် မမှတ်ယူ၍မရသည့် အငယ်တန်း အစိုးရအရာရှိများဖြစ်သော မိဘအချို့လည်း ရှိပေသည်။ အများစုသည် သာမန် မိသားစုများတွင် မွေးဖွားကြပြီး၊ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ထားခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဦးဆုံးအနေဖြင့် သင် နေထိုင်သော ဤပတ်ဝန်းကျင်သည် လူတို့ စိတ်ကူးကောင်း စိတ်ကူးနိုင်သည့် ဥစ္စာဓန ကုံလုံကြွယ်ဝသည့် မိသားစုမဟုတ်ဘဲ ဤသည်မှာ ဘုရားသခင်က သင့်အတွက် ရွေးချယ်ပေးသည့် မိသားစုတစ်ခု ဖြစ်ပြီး၊ လူအများစုတို့သည် ဤမိသားစုမျိုး၏ အကန့်အသတ်များအတွင်း၌ နေထိုင်ကြလိမ့်မည်။ သို့ဆိုလျှင် လူမှုအဆင့်အတန်းနှင့် ပတ်သက်၍ မည်သို့နည်း။ မိဘတို့အများစု၏ စီးပွားရေးအခြေအနေများမှာ သာမန်ဖြစ်ပြီး၊ ၎င်းတို့တွင် မြင့်မားသော လူမှုအဆင့်အတန်း မရှိကြချေ- ၎င်းတို့အတွက် အလုပ်တစ်ခုရှိနေရုံမျှဖြင့် အဆင်ပြေနေပြီ ဖြစ်သည်။ ၎င်းတို့တွင် ပြည်နယ် အုပ်ချုပ်ရေးမှူးများ ပါဝင်သလော။ နိုင်ငံ့သမ္မတများ ပါဝင်သလော။ (မပါဝင်ပါ။) အများဆုံးအနေဖြင့် ၎င်းတို့သည် လုပ်ငန်းငယ် မန်နေဂျာများ သို့မဟုတ် စီးပွားရေး လုပ်ငန်းငယ်များ၏ ပိုင်ရှင်များ ဖြစ်ကြသည်။ ၎င်းတို့၏ လူမှုအဆင့်အတန်းသည် အလယ်အလတ် ဖြစ်သကဲ့သို့၊ ၎င်းတို့၏ စီးပွားရေး အခြေအနေများသည်လည်း သာမန်ဖြစ်သည်။ နောက်ထပ်အချက်မှာ မိသားစု၏ ရှင်သန်နေထိုင်နေသော ပတ်ဝန်းကျင်ဖြစ်၏။ ဦးစွာပထမ၊ ၎င်းတို့၏သားသမီးများအား ဂမ္ဘီရပညာနှင့် ဗေဒင်ပညာ လမ်းကြောင်းကို လျှောက်လှမ်းခြင်းထဲတွင် သိသိသာသာ လွှမ်းမိုးမည့် မိဘများ မရှိချေ။ ထိုသို့သော အရာများ၌ ပါဝင်ပတ်သက်သူ အလွန်နည်းပါး၏။ မိဘအများစုသည် သာမန်သာဖြစ်သည်။ ဘုရားသခင်သည် လူတို့အား ရွေးချယ်သည့် အချိန်၌ပင်၊ ယင်းသည် လူတို့ကို ကယ်တင်သည့် သူ၏အမှုအတွက် လွန်စွာ အကျိုးပြုသည့် ဤသို့သော ပတ်ဝန်းကျင်မျိုးကို ၎င်းတို့အတွက် သူပြင်ဆင် ပေးလေသည်။ အပြင်ပန်းအားဖြင့် ကြည့်သော် ဘုရားသခင်သည် လူသားအတွက် ကမ္ဘာတုန်လောက်သော မည်သည့်အရာကိုမျှ အထူးသဖြင့် လုပ်ဆောင်မထားသလို ထင်ရ၏။ သူသည် နှိမ့်ချစွာနှင့် တိတ်တဆိတ် သူ လုပ်ဆောင်သည့် အရာအားလုံးကို တိတ်ဆိတ်စွာနှင့် လျှို့ဝှက်စွာ ရှေ့ဆက် ဆောင်ရွက်လေသည်။ သို့သော် အမှန်တွင်၊ ဘုရားသခင် ပြုသောအရာ အားလုံးသည် သင်၏ကယ်တင်ခြင်းအတွက် အခြေခံအုတ်မြစ်ချရန်၊ ရှေ့တွင်ရှိသည့် လမ်းနှင့် သင်၏ ကယ်တင်ခြင်းအတွက် လိုအပ်သော အခြေအနေအားလုံးကို ပြင်ဆင်ပေးရန် လုပ်ဆောင်ခြင်းဖြစ်သည်။ နောက်ထပ်၊ လူတိုင်းကို အသီးသီး တိကျသော အချိန်တွင် ဘုရားသခင်သည် သူ၏ရှေ့မှောက်သို့ ပြန်ခေါ်ဆောင်၏- ယင်းမှာ ဘုရားသခင်၏အသံကို သင်ကြားရသည့်အချိန် ဖြစ်သည်။ ယင်းသည် သူ၏ရှေ့မှောက်သို့ သင် လာရသည့်အချိန် ဖြစ်သည်။ ဤအရာဖြစ်ပျက်သောအချိန်၌ အချို့သောလူတို့သည် ၎င်းတို့ကိုယ်တိုင် မိဘများ ဖြစ်လာနှင့်ကြပြီး ဖြစ်သော်လည်း၊ တခြားသူတို့မှာမူ တစ်စုံတစ်ယောက်၏ သားသမီးသာ ဖြစ်ကြပေသည်။ တစ်နည်းဆိုရသော်၊ အချို့သောလူတို့သည် အိမ်ထောင်ရက်သားကျ၍၊ သားသမီးများ ရခဲ့ကြပြီဖြစ်သော်ငြား၊ အချို့သည် တစ်ကိုယ်တည်း ဖြစ်နေဆဲဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင် မိသားစုများကို စတင်ခြင်း မပြုကြသေးပေ။ သို့သော် တစ်ဦး တစ်ယောက်၏အခြေအနေ မည်သို့ဖြစ်ပါစေ၊ သင်သည် မည်သည့်အချိန်၌ ရွေးချယ်ခံရမည် ဆိုသည်နှင့် သူ၏ ဧဝံဂေလိတရားနှင့် နှုတ်ကပတ်တော်တို့သည် မည်သည့်အချိန်တွင် သင့်ထံသို့ ရောက်မည်ဆိုသည်တို့ကို ဘုရားသခင်က သတ်မှတ်ထားပြီး ဖြစ်သည်။ သင့်အနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို ကြားနိုင်ရန် အလို့ငှာ၊ သင့်ထံသို့ ဧဝံဂေလိတရား လက်ဆင့်ကမ်းမည့် လူတစ်ဦးတစ်ယောက် သို့မဟုတ် အကြောင်းအရာတစ်ခုခုအပေါ် ဆုံးဖြတ်ထားသည့် အခြေအနေတို့ကို ဘုရားသခင်သည် သတ်မှတ်ထားပြီး ဖြစ်၏။ လိုအပ်သည့် အခြေအနေအားလုံးကို သင့်အတွက် ဘုရားသခင် ပြင်ဆင်နှင့်ပြီး ဖြစ်သည်။ ဤသို့ဖြင့်၊ ဖြစ်ပျက်နေသည့်အရာကို လူသည် သတိမမူမိသော်လည်း၊ ဘုရားသခင်ရှေ့မှောက် လာကာ ဘုရားသခင်၏ မိသားစုထံ ပြန်သွားလေသည်။ လူသည် မိမိအတွက် ဘုရားသခင် ပြင်ဆင်ပေးထားသည့် ဘုရားသခင်၏ အမှုပြုသည့်နည်းလမ်း၏ အဆင့်အသီးသီးထဲသို့ ဝင်ရောက်ရင်း၊ အမှုမဲ့အမှတ်မဲ့ ဘုရားသခင် နောက်သို့ လိုက်ကာ သူ၏ အမှု အဆင့်အသီးသီးထဲသို့လည်း ဝင်ရောက်လေသည်။ ဤအချိန်၌ ဘုရားသခင်သည် လူသားအတွက် လုပ်ဆောင်သည့်အခါ၊ မည်သို့သော နည်းလမ်းတို့ကို အသုံးပြုသနည်း။ ပထမဦးစွာ၊ အခြေခံအကျဆုံး နည်းလမ်းမှာ လူသား နှစ်သက်သည့် ဂရုစိုက်မှုနှင့် ကာကွယ်ပေးမှုဖြစ်၏။ ဤအရာအပြင်၊ လူသားအနေဖြင့် ဘုရားသခင်၏ တည်ရှိမှုနှင့် သူ၏လုပ်ဆောင်မှုတို့ကို မြင်နိုင်စေရန် အလို့ငှာ၊ ဘုရားသခင်သည် အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပြင်ဆင်လေသည်။ ဥပမာအားဖြင့်၊ ၎င်းတို့၏ မိသားစုထဲတွင် တစ်စုံတစ်ဦး နာမကျန်းဖြစ်သောကြောင့်၊ ဘုရားသခင်ကို ယုံကြည်သော လူအချို့ရှိသည်။ အခြားသူများက ၎င်းတို့ထံ ဧဝံဂေလိတရား ဟောပြောသောအခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို စတင် ယုံကြည်လာကြပြီး၊ ဘုရားသခင်အပေါ် ဤသို့ ယုံကြည်ခြင်းသည် အခြေအနေကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအခြေအနေကို မည်သူက စီစဉ်ခဲ့သနည်း (ဘုရားသခင် ဖြစ်ပါသည်။) ဤနာမကျန်းဖြစ်ခြင်း နည်းလမ်းအားဖြင့်၊ အယောက်တိုင်း ယုံကြည်သူဖြစ်သည့် မိသားစုအချို့ရှိသော်လည်း၊ မိသားစုထဲတွင် အနည်းငယ်ကသာ ယုံကြည်သည့် အခြား မိသားစုများလည်းရှိသည်။ အပေါ်ယံအားဖြင့်၊ သင့်မိသားစုထဲမှ တစ်ဦးဦးက မကျန်းမာမှုရှိသည်ဟု ထင်ရသော်လည်း၊ အမှန်တွင် ထိုအရာမှာ သင့်အနေဖြင့် ဘုရားသခင်ရှေ့မှောက် လာစေရန်အလို့ငှာ သင့်အပေါ် အပ်နှင်းလိုက်သော အခြေအနေတစ်ခုသာဖြစ်သည်- ဤသည်မှာ ဘုရားသခင်၏ ကြင်နာခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အချို့သောလူတို့အတွက် မိသားစုဘဝသည် ခက်ခဲပြီး ၎င်းတို့အနေဖြင့် ငြိမ်းချမ်းခြင်းကို ရှာမတွေ့နိုင်သောကြောင့်၊ အခွင့်အလမ်းတစ်ခုသည် သူ့ဖာသာ ပေါ်လာမည်ဖြစ်သည်- တစ်စုံတစ်ယောက်သောသူသည် ဧဝံဂေလိတရားကို လက်ဆင့်ကမ်းကာ၊ “သခင်ယေရှုကိုယုံကြည်ပါ၊ ငြိမ်သက်ခြင်း ရလိမ့်မည်” ဟု ပြော၏။ ထိုသို့ဖြင့်၊ သူတို့သည် သတိမမူမိဘဲလျက် လွန်စွာသဘာဝကျသော အခြေအနေများအောက်၌ ဘုရားသခင်ကို ယုံကြည်လာလေသည်၊ သို့ဆိုလျှင် ဤသည်မှာ အခြေအနေ အမျိုးအစားတစ်ခု ဖြစ်သည် မဟုတ်လော။ ပြီးလျှင် ၎င်း၏ မိသားစုသည် ငြိမ်သက်ခြင်းမရှိကြသည်မှာ ဘုရားသခင်ပေးအပ်သည့် ကျေးဇူးတော်တစ်ခု မဟုတ်လော။ တခြားသော အကြောင်းရင်းများ အတွက် ဘုရားသခင်ကို ယုံကြည်လာသူ အချို့လည်းရှိ၏။ ယုံကြည်မှုနှင့် ဆိုင်သည့် မတူညီသော အကြောင်းရင်းများနှင့် မတူညီသော နည်းလမ်းများ ရှိကြသော်လည်း၊ မည်သို့သော အကြောင်းရင်းက သင့်ကို ဘုရားသခင်အား ယုံကြည်စေသည်ဖြစ်စေ၊ အမှန်တွင် အားလုံးကို ဘုရားသခင်က စီစဉ်ကာ လမ်းပြခဲ့ခြင်း ဖြစ်သည်။ ဦးဆုံးအနေဖြင့်၊ ဘုရားသခင်သည် သင့်အား ရွေးချယ်ရန်နှင့် သင့်အား သူ၏မိသားစုထဲသို့ ခေါ်ဆောင်ရန်၊ အမျိုးမျိုးသော နည်းလမ်းတို့ကို အသုံးပြုလေသည်။ ဤသည်မှာ လူပုဂ္ဂိုလ် တစ်ဦးချင်းအပေါ်တွင် ဘုရားသခင်က သနားသည့် ကျေးဇူးတော်ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၅၇

နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၄၀

အသက်တာထဲဝင်ရောက်ခြင်းကို လူတို့ရရှိအောင်အားထုတ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံသည်။ ယခင်က၊ အရာရာသည် သူ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၂၃

ကမ္ဘာလောကတွင်၊ မြေငလျင်များသည် ကပ်ဘေး၏ အစအဦး ဖြစ်သည်။ ပထမဦးစွာ ငါသည် ကမ္ဘာလောကကို- ဆိုလိုသည်မှာ ကမ္ဘာမြေကြီးကို- ပြောင်းလဲစေပြီး၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၁

ကမ္ဘာမြေကြီးပေါ်တွင် ငါသည် လူတို့၏ နှလုံးသားများထဲ၌ ရှိသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ ကောင်းကင်ဘုံတွင် ငါသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။