ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၉

ဘုရားသခင်သည် တည်ရှိသမျှ အရာတိုင်းကို ဖန်ဆင်းခဲ့ပြီး သူသည် တည်ရှိသမျှ အရာတိုင်း၏ အချုပ်အချာပင် ဖြစ်သည်။ သူသည် ထိုအရာအားလုံးကို စီမံခန့်ခွဲပြီး ထိုအရာ အားလုံးကို သတ်မှတ်ပြဋ္ဌာန်းထားသည့်အပြင် အရာခပ်သိမ်းထဲတွင် တည်ရှိသမျှ အရာတိုင်း၏ ပြောဆိုချက်နှင့် လုပ်ဆောင်ချက်တိုင်းကို မြင်တွေ့ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ထိုနည်းတူ ဘုရားသခင်သည် လူ့ဘဝ၏ နေရာအနှံ့ကို မြင်တွေ့ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ ဖန်ဆင်းခြင်းထဲ၌ တည်ရှိသည့် အရာတိုင်း၏ အသေးစိတ်တစ်ခုစီကို အရာတစ်ခုစီ၏ လုပ်ငန်းတာဝန်၊ ၎င်း၏သဘာဝနှင့် ဆက်လက် ရှင်သန်မှုအတွက် ၎င်း၏စည်းမျဉ်းများမှနေ၍ ၎င်းအသက်၏ အရေးပါမှုနှင့် ၎င်းတည်ရှိမှု၏ တန်ဖိုးတို့အထိ အတွင်းကျကျ သိရှိသည်၊ ဤအရာအားလုံးကို ဘုရားသခင်က အလုံးစုံ သိရှိလေသည်။ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည် ဖြစ်၍ သူ့အနေဖြင့် ၎င်းတို့ကို ထိန်းချုပ်ထားသည့် စည်းမျဉ်းများကို လေ့လာဖို့လိုအပ်သည်ဟု သင်တို့ထင်သလော။ ဘုရားသခင်သည် ၎င်းတို့ကို လေ့လာဖို့နှင့် နားလည်ဖို့အတွက် လူ့အသိပညာ သို့မဟုတ် သိပ္ပံပညာကို သင်ယူရန် လိုအပ်သလော။ (မလိုအပ်ပါ။) ဘုရားသခင်ကဲ့သို့ အရာခပ်သိမ်းကို နားလည်ရန်အတွက် သညာနှင့် အသိပညာတို့ဖြင့် ပြည့်စုံသောသူ လူသားမျိုးနွယ်ထဲတွင် တစ်ဦးတစ်ယောက် ရှိသလော။ မရှိသည်မဟုတ်လော။ အရာခပ်သိမ်း ရှင်သန်ကြီးထွားသည့် စည်းမျဉ်းများကို အမှန်တကယ် နားလည်သည့် နက္ခတ္တဗေဒပညာရှင်များ သို့မဟုတ် ဇီဝဗေဒပညာရှင်များ တစ်ဦးဦးရှိသလော။ အရာတစ်ခုစီတိုင်း တည်ရှိနေမှု၏ တန်ဖိုးကို သူတို့ အမှန်တကယ် နားလည်နိုင်သလော။ (သူတို့ နားမလည်နိုင်ပါ။) ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ဖြစ်၍၊ လူသားမျိုးနွယ်သည် ဤအသိပညာကို အဘယ်မျှလောက် နက်နက်ရှိုင်းရှိုင်း လေ့လာသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းကိုလေ့လာဖို့ သူတို့ အဘယ်မျှလောက် ကြိုးပမ်းသည်ဖြစ်စေ သူတို့သည် အရာခပ်သိမ်းအား ဘုရားသခင့်ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက် သို့မဟုတ် လျှို့ဝှက်နက်နဲမှုကို မည့်သည့်အခါမှ ဉာဏ်မှီနိုင်လိမ့်မည် မဟုတ်ပါ၊ ယင်းက ထိုသို့ဖြစ်သည်မဟုတ်လော။ ဤသို့ဆိုလျှင် ယင်းအထိ ငါတို့၏ဆွေးနွေးချက်မှနေ၍ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်၏အရင်းအမြစ် ဖြစ်သည်” ဟူသည့် စကားရပ်၏ စစ်မှန်သောအဓိပ္ပါယ်အား တစ်စိတ်တစ်ဒေသ နားလည်မှုကို ရရှိပြီဟု သင်တို့ခံစားရသလော။ (ခံစားရပါသည်။) ငါသည် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်၏ အရင်းအမြစ်ဖြစ်သည်” ဟူသည့် ဤအကြောင်းအရာကို ဆွေးနွေးသောအခါ လူများစွာက “ဘုရားသခင်သည် သမ္မာတရား ဖြစ်ပြီး၊ ဘုရားသခင်သည် ငါတို့ကို ထောက်ပံ့ရန် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်” ဟူသော နောက်ထပ် စကားရပ်ကို ချက်ချင်းတွေးမိကြပြီး အကြောင်းအရာ၏ အဓိပ္ပာယ် အဆင့်ကို ကျော်လွန်၍ ဘာမျှမတွေးမိကြမည်ကို ငါသိသည်။ လူ့ဘဝအပေါ် ဘုရားသခင်၏ ထောက်ပံ့ပေးခြင်း၊ နေ့စဉ် အစားအသောက်နှင့် နေ့စဉ်လိုအပ်ချက်တို့အား ထောက်ပံ့ ပေးခြင်းသည် လူအတွက် ဘုရားသခင်၏ ကျွေးမွေး စောင့်ရှောက်ခြင်းအဖြစ် လက်ခံ၍မရဟုပင် တစ်ချို့က ထင်မိကြမည်။ ဤသို့ယူဆသောသူအချို့ ရှိကြသည် မဟုတ်လော။ သို့တိုင် လူသားမျိုးနွယ်သည် ဖြစ်တည်ဖို့နှင့် ပုံမှန် အသက်ရှင် ဖြစ်တည်နေနိုင်ဖို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သူ၏ ဖန်ဆင်းခြင်း၌ ထင်ရှားပေါ်လွင်သည် မဟုတ်လော။ ဘုရားသခင်သည် လူတို့နေထိုင်သည့် ပတ်ဝန်းကျင်ကို ထိန်းသိမ်း ပေးပြီး သူတို့၏ ဆက်လက်ရှင်သန်ရေးအတွက် လူသားမျိုးနွယ် လိုအပ်သည့် အရာများအားလုံးကို သူက ထောက်ပံ့ပေးသည်။ ထို့ပြင် သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကို စီမံခန့်ခွဲပြီး စွဲကိုင်ထားသည်။ ဤအရာအားလုံးက လူသားမျိုးနွယ်ကို နေထိုင်ရန်၊ ရှင်သန်ရန်နှင့် ပုံမှန်မျိုးပွားရန် အခွင့်ပေးထားသည်။ ယင်းမှာ ဘုရားသခင်က ဖန်ဆင်းခြင်းအားလုံးနှင့် လူသားမျိုးနွယ်ကို ထောက်ပံ့ပေးသည့် နည်းလမ်းပင်ဖြစ်သည်။ ဤအရာများကို လူတို့က မှတ်မိဖို့နှင့် နားလည်ဖို့ လိုအပ်သည်ဟူသည်မှာ မမှန်ကန်သလော။ တစ်ချို့က “ဤအကြောင်းအရာမှာ စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်အကြောင်းဖြစ်သည်၊ ကျွန်ုပ်တို့၏ အသိပညာနှင့် အလွန်ဝေးကွာလွန်းပြီး၊ ကျွန်ုပ်တို့သည် ဤအရာကို မသိချင်ပါ၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် မုန့်အားဖြင့်သာ အသက်မရှင်၊ ထို့အစား ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်သည်။” ဟု ပြောကောင်းပြောကြမည်။ ဤနားလည်ခြင်းက မှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းက အဘယ့်ကြောင့် မမှန်ကန်သနည်း။ ဘုရားသခင် ပြောထားသည့် အရာများအပေါ် သင်၌သာ အသိပညာရှိပါက ဘုရားသခင်အပေါ် ပြည့်စုံသော နားလည်ခြင်း သင်တို့ရရှိနိုင်မည်လော။ သင်သည် ဘုရားသခင်၏ အလုပ်ကို လက်ခံပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုသာ လက်ခံသည်ဆိုလျှင် သင်၌ ဘုရားသခင်အပေါ် ပြည့်စုံသောနားလည်ခြင်း ရှိနိုင်မည်လော။ သင်သည် ဘုရားသခင့် စိတ်သဘောထား၏ အစိတ်အပိုင်းလေး တစ်ခု၊ ဘုရားသခင့် အခွင့်အာဏာ၏ အစိတ်အပိုင်းလေးတစ်ခုကို သိသည်ဆိုလျှင် ဘုရားသခင်အား နားလည်ခြင်းကိုရရှိဖို့ လုံလောက်ပြီဟု ယင်းကို ယူဆမည်လော။ (မယူဆပါ။) ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် အရာခပ်သိမ်းအား သူ၏ဖန်ဆင်းခြင်းနှင့် အစပြုပြီး ယနေ့ ၎င်းတို့ ဆက်လက်၍ သွားနေသည်- ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အမြဲတမ်း အချိန်မရွေး ပေါ်လွင်ထင်ရှားနေကြသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်က လူတစ်ဖွဲ့ကို သူတို့အပေါ် သူ၏အမှုကို ပြုလုပ်ရန်နှင့် ကယ်တင်ရန်အတွက် သူရွေးချယ်ပြီးဖြစ်သောကြောင့်သာ ဘုရားသခင် တည်ရှိသည်ဟူ၍လည်းကောင်း၊ သူ၏ အချုပ်အခြာ အာဏာ၊ သူ၏အဆင့်အတန်း၊ သို့မဟုတ် သူ၏ လုပ်ဆောင်ချက်များ အခြားမည်သည့်အရာကမျှ ဘုရားသခင်နှင့် မစပ်ဆိုင်ဟူ၍ လည်းကောင်း၊ ယုံကြည်သည်ဆိုလျှင် သူ့ကို ဘုရားသခင်အပေါ် စစ်မှန်သော သိနားလည်ခြင်းရှိသည်ဟု ယူဆနိုင်သလော။ ဤအမည်ခံ “ဘုရားသခင်အား သိနားလည်ခြင်း” ရှိသော လူတို့၌ တစ်ဖက်သတ်ဆန်သော နားလည်ခြင်းသာ ရှိကြပြီး၊ ယင်းအားဖြင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို လူအုပ်စုတစ်စုအတွက် ကန့်သတ်ထားကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် စစ်မှန်သောသိနားလည်ခြင်း ဟုတ်သလော။ ဤသိနားလည်ခြင်းမျိုး ရှိသည့် လူတို့သည် အရာခပ်သိမ်းအား ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် ၎င်းတို့အပေါ် သူ၏ အချုပ်အခြာအာဏာကို ငြင်းပယ်နေကြသည် မဟုတ်သလော။ လူတစ်ချို့က ဤအချက်ကို အာရုံမစိုက်လိုကြဘဲ၊ ထို့အစား “အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျွန်ုပ်မမြင်ရပါ။ ဤထင်မြင်ချက်က အလွန်ခြားနားလွန်းပြီး ကျွန်ုပ် ၎င်းကို နားလည်ဖို့ အရေးမစိုက်ပါ။ ဘုရားသခင်က သူလုပ်ချင်ရာကို လုပ်ပြီး ကျွန်ုပ်နှင့် မသက်ဆိုင်ပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရပြီး စုံလင်စေခြင်းခံရနိုင်ဖို့အလို့ငှာ ဘုရားသခင်၏ ဦးဆောင်မှုနှင့် သူ၏ နှုတ်ကပတ်တော်ကိုသာ လက်ခံသည်။ အခြားမည်သည့်အရာမျှ ကျွန်ုပ်အတွက် အရေးမကြီးပါ။ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့သည့်အချိန်တွင် သူပြဋ္ဌာန်းခဲ့သည့် စည်းမျဉ်းများဖြစ်စေ၊ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို ကျွေးမွေးစောင့်ရှောက်ရန် သူပြုလုပ်သည့်အရာ ဖြစ်စေ ကျွန်ုပ်နှင့် မသက်ဆိုင်ပါ။” ဟု သူတို့ကိုယ်သူတို့ စဉ်းစားကြသည်။ ဤသည်မှာ အဘယ်သို့သော စကားမျိုး ဖြစ်သနည်း။ ဤသည်မှာ ပုန်ကန်ခြင်း၏ လုပ်ရပ်တစ်ခု မဟုတ်လော။ သင်တို့ထဲတွင် ဤကဲ့သို့သော နားလည်ခြင်းရှိသောသူ တစ်ဦးဦးရှိသလော။ သင်တို့ ထိုသို့မပြောဘဲနှင့်ပင် ဤနေရာ၌ရှိသည့် များစွာသော သင်တို့က ပြောကြသည်ကို ငါသိသည်။ ဤကဲ့သို့ စာအုပ်ကြီးသမားသည် အရာရာကို သူတို့၏ကိုယ်ပိုင် “ဝိညာဉ်ရေး” ရှုထောင့်မှ ကြည့်ကြသည်။ သူတို့က ဘုရားသခင်ကို သမ္မာကျမ်းစာ ထဲတွင်သာ ကန့်သတ်ချင်သည်၊ ဘုရားသခင်ကို သူပြောထားခဲ့သည့် စကားလုံးများကို ရေးသားထားသည့်စာအရှိအတိုင်းသာ နားလည်ခြင်းဖြင့် ကန့်သတ်ချင်သည်။ သူတို့သည် ဘုရားသခင်ကို ပို၍သိလိုခြင်း မရှိကြသည့်အပြင်၊ သူတို့သည် ဘုရားသခင်ကို အခြားအရာများ ပြုလုပ်ခြင်းအားဖြင့် သူ၏အာရုံကို မထွေပြား စေချင်ကြပါ။ ဤတွေးခေါ်ခြင်းမျိုးသည် ကလေးဆန်ပြီး၊ ယင်းက အလွန်အမင်း ဘာသာရေးလည်း ဆန်သည်။ ဤအမြင်များကို လက်ကိုင်ထားသည့် လူတို့က ဘုရားသခင်ကို သိနိုင်သလော။ သူတို့အနေဖြင့် ဘုရားသခင်ကိုသိဖို့ အလွန်ခက်ခဲလိမ့်မည်။ ယနေ့ ငါသည် ပုံဝတ္ထုနှစ်ခုကို ပြောပြီး တစ်ခုစီက ခြားနားသောကဏ္ဍကို လိပ်မူသည်။ ၎င်းတို့နှင့် ထိတွေ့ပြီးသည့်နောက် သင်တို့က အကြောင်းအရာများက နက်နဲသည် သို့မဟုတ် အနည်းငယ် စိတ္တဇသဘောဆန်ပြီး သဘောပေါက်နားလည်ဖို့ ခက်သည်ဟု ခံစားကောင်း ခံစားရနိုင်သည်။ ၎င်းတို့ကို ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ဘုရားသခင်ကိုယ်တိုင်နှင့် ဆက်စပ်ကြည့်ရန် ခက်ခဲပေလိမ့်မည်။ သို့သော်လည်း ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးနှင့် ဖန်ဆင်းခြင်းအတွင်းနှင့် လူသားမျိုးနွယ် အကြားတွင် သူပြုလုပ် ပေးခဲ့သည့် အရာအားလုံးကို ဘုရားသခင်ကိုသိနားလည်ဖို့ ကြိုးစားသူတိုင်း ရှင်းရှင်းလင်းလင်း တိတိကျကျ သိသင့်သည်။ ဤအသိက ဘုရားသခင်၏ အမှန်တကယ် တည်ရှိခြင်းကို သင် ယုံကြည်ရာ၌ အာမခံချက်ကို ပေးလိမ့်မည်။ ယင်းက သင့်အား ဘုရားသခင်၏ ဉာဏ်ပညာ၊ သူ၏တန်ခိုးနှင့် အရာခပ်သိမ်းကို သူ ကြိုတင် စီမံထားသည့် ပုံစံအပေါ် တိကျသော သိနားလည်ခြင်း ကိုလည်း ပေးလိမ့်မည်။ ယင်းက သင့်အား ဘုရားသခင်၏ အမှန်တကယ် တည်ရှိခြင်းကို ရှင်းရှင်းလင်းလင်း စိတ်ကူးရဖို့နှင့် သူ၏ တည်ရှိခြင်းသည် စိတ်ကူးယဉ်မဟုတ်၊ ဒဏ္ဍာရီ မဟုတ်၊ မရေမရာ မဟုတ်၊ သဘောတရားမျှသာ မဟုတ်သည့်အပြင်၊ ဝိညာဉ်ရေးရာ နှစ်သိမ့်မှု လုံးဝမဟုတ်ဘဲ အမှန်တကယ် တည်ရှိခြင်း ဖြစ်ကြောင်းကို သိဖို့ အခွင့်ပေးလိမ့်မည်။ ထို့အပြင် ယင်းက ဘုရားသခင်သည် ဖန်ဆင်းခြင်းအားလုံးနှင့် လူသားမျိုးနွယ်တို့အား အမြဲတမ်း ထောက်ပံ့ပေးသည်ကို လူတို့အား သိခွင့်ပေးသည်။ ဘုရားသခင်က ဤအရာကို သူ၏ကိုယ်ပိုင်နည်းလမ်းနှင့် သူ၏ကိုယ်ပိုင် စည်းချက်အတိုင်း ပြုလုပ်သည်။ ထို့ကြောင့် ၎င်းသည် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး သူ၏ ကြိုတင်ပြဋ္ဌာန်းချက်အောက်တွင် သူတို့၏ ခွဲဝေပေးထားသည့် အလုပ်တာဝန်များကို ဆောင်ရွက်ရန်၊ သူတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်ကြရန်နှင့် သူတို့၏ကိုယ်ပိုင် အခန်းကဏ္ဍများကို ထမ်းဆောင်ရန်အတွက် သူတို့တစ်ဦးချင်းစီက တတ်နိုင်သော စည်းမျဉ်းများကို ပေးထားသောကြောင့် ဖြစ်သည်။ သူ၏ ကြိုတင်ပြဋ္ဌာန်းချက် အောက်တွင် အရာတစ်ခုစီက လူသားမျိုးနွယ်အတွက်နှင့် လူသားများ နေထိုင်သည့် နေရာနှင့် ပတ်ဝန်းကျင်အတွက် အစေခံရာ၌ မိမိ၏ကိုယ်ပိုင်အသုံးဝင်မှု ရှိကြလေသည်။ အကယ်၍ ဘုရားသခင်က ထိုကဲ့သို့ ပြုလုပ်မထားခဲ့ဘဲ လူသားမျိုးနွယ် နေထိုင်ရန် ထိုကဲ့သို့သော ပတ်ဝန်းကျင်မရှိခဲ့ပါက၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်အပေါ် ယုံကြည်ခြင်း သို့မဟုတ် သူ့နောက်လိုက်ခြင်းတို့က ဖြစ်နိုင်မည် မဟုတ်ပါ၊ ၎င်းတို့အားလုံးသည် အနှစ်သာရမဲ့သော ပြောဆိုခြင်း သဘောမျှသာ သက်ရောက်မည်။ ၎င်းက ထိုသို့ပင်မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၂၈

ဘုရားသခင်သည် လူသားတို့အကြား သူ၏အမှုကိုဆောင်ရွက်ရန်၊ လူသားကို သူကိုယ်တိုင် သူ့ကိုယ်သူ ဖော်ပြရန်နှင့် လူသားအား သူ့ကိုကြည့်ခွင့်ပြုရန်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၈

ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ဖွားမြင် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သင်၏တာဝန်များကို စတင် ထမ်းဆောင် ရပါတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၅၁

ဝိညာဉ်ရေး၌ စိတ်ဝင်စားမှုရှိရန် ချင့်ချိန်တတ်ခြင်း၊ နာခံတတ်ခြင်းနှင့် သိမြင်နိုင်သောအစွမ်းတို့ ရှိရန်ဆိုသည်မှာ သင်သည် တစ်စုံတစ်ရာနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၀

သြဇာအာဏာကိုယ်၌ကို ဘုရားသခင်၏ တန်ခိုးအဖြစ် ရှင်းပြနိုင်သည်။ ပထမဦးဆုံး သြဇာအာဏာနှင့် တန်ခိုးတို့သည် အပြုသဘောဆောင်သည်ကို သေချာပေါက်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။