ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၆

ဘုရားသခင်သည် လူသားမျိုးနွယ် ရှင်သန်ရပ်တည်နိုင်ရန်အတွက် တည်ငြိမ်သည့်ပတ်ဝန်းကျင်ကို ပေးရန် အရာအားလုံးအတွင်းရှိ ဆက်နွှယ်မှုများကို ဟန်ချက်ညီစေသည် (လက်ရွေးစင် ကျမ်းပိုဒ်)

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အချိန်တွင် ဤအရာများကို ဟန်ချက်ညီစေရန်၊ တောင်များနှင့် အင်းအိုင်များအတွက် အသက်ရှင်သန်မှု အခြေအနေများကို ဟန်ချက်ညီစေရန်၊ အပင်များ၊ တိရစ္ဆာန်အမျိုးအစားအားလုံး၊ ငှက်များ၊ ပိုးမွှားများအတွက် အသက်ရှင်သန်မှု အခြေအနေကို ဟန်ချက်ညီစေရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။ သူ၏ ပန်းတိုင်က သူတည်ဆောက်ခဲ့သည့် နိယာမအတွင်းတွင် သက်ရှိသတ္တဝါအားလုံးသည် ရှင်သန်နေထိုင်ပြီး မျိုးပွားကြခြင်းအခွင့်ကို ပေးရန်ဖြစ်သည်။ အရာအားလုံးသည် ဤနိယာမများ၏ အပြင်ဘက်ကို သွား၍မရပေ။ ဤနိယာမများကို ချိုးဖောက်၍မရပေ။ ဤကဲ့သို့သော အခြေခံ ပတ်ဝန်းကျင်အတွင်းတွင်သာ လူသားများသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဘေးကင်းစွာနှင့် ရှင်သန်နိုင်မည်။ ပွားများနိုင်မည်။ မည်သည့်သတ္တဝါမဆို ဘုရားသခင်တည်ဆောက်ထားသည့် အရေအတွက် သို့မဟုတ် နယ်ပယ်ကို ကျော်သွားလျှင် သို့မဟုတ် သူ့စည်းမျဉ်းအောက်က ကြီးထွားမှုနှုန်း၊ အကြိမ်ရေ သို့မဟုတ် အရေအတွက်ကို ကျော်လွန်သွားလျှင် လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်နိုင်ရေး ပတ်ဝန်းကျင်သည် ပျက်စီးမှု အဆင့်အမျိုးမျိုးကို ခံစားရပါလိမ့်မည်။ နောက်ပြီး တစ်ချိန်တည်းတွင်ပင် လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်မှုအတွက် အန္တရာယ်ကျရောက်လာပါလိမ့်မည်။ သက်ရှိသတ္တဝါအမျိုးအစားတစ်ခုက အရေအတွက် အလွန်များလျှင် လူများ၏အစားအစာကို လုယက်မည်။ လူများ၏ ရေအရင်းအမြစ်များကို ဖျက်ဆီးမည်။ သူတို့၏ မွေးရပ်မြေများကို ဖျက်ဆီးကြပါလိမ့်မည်။ ဤသို့ဖြင့် လူသား၏မျိုးပွားမှု သို့မဟုတ် ရှင်သန်ရပ်တည်ရေး အဆင့်သည် ချက်ချင်းပင် ထိခိုက်မှုရှိလာမည်။ ဥပမာ ရေသည် အရာအားလုံးအတွက် အလွန်အရေးကြီးသည်။ ကြွက်၊ ပုရွက်ဆိတ်၊ ခြနှင့် ဖားများ သို့မဟုတ် အခြားတိရစ္ဆာန်များ၏ အရေအတွက်က အလွန်များလျှင် သူတို့သည် ရေကို ပိုသောက်ကြမည်။ သူတို့သောက်သုံးသည့် ရေပမာဏ တိုးမြှင့်လာသည့်အခါတွင် သတ်မှတ်ထားပြီးဖြစ်သည့် သောက်ရေနှင့် ရေပါဝင်သည့်နေရာ အရင်းအမြစ်များအတွင်းတွင် လူများ၏ သောက်ရေနှင့် ရေအရင်းအမြစ်များသည် လျော့ကျလာမည်။ သူတို့သည် ရေပြတ်လပ်လာမည်။ တိရစ္ဆာန်မျိုးစုံ၏ အရေအတွက် တိုးမြင့်လာခြင်းကြောင့် လူများ၏ သောက်ရေသည် ဖျက်ဆီးခံရလျှင်၊ မသန့်စင်တော့လျှင် သို့မဟုတ် ပြတ်တောက်သွားလျှင် ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသည့် ရှင်သန်ရပ်တည်ရေး ပတ်ဝန်းကျင်အောက်တွင် လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်ရေးသည် အမှန်တကယ်ကို အန္တရာယ်ကျရောက်လာပါလိမ့်မည်။ သက်ရှိသတ္တဝါများ၏ အမျိုးအစားတစ်မျိုး သို့မဟုတ် သက်ရှိသတ္တဝါအမျိုးမျိုးသည် သူတို့၏သင့်တော်သည့် အရေအတွက်ကို ကျော်လွန်သွားလျှင် လေ၊ အပူချိန်၊ စိုစွတ်မှုနှင့် ရှင်သန်ရပ်တည်ရေးအတွက် လူသားတို့၏ နေရာအတွင်းတွင်ရှိသည့် လေထုပင်လျှင် အဆိပ်သင့်လာမည်ဖြစ်ပြီး အခြေအနေအမျိုးမျိုးအထိ ဖျက်ဆီးခံရမည်။ အလားတူပင် ဤခြေအနေမျိုးတွင် လူသားတို့၏ ရှင်သန်ရပ်တည်ရေးနှင့် ကံကြမ္မာသည် ထိုပတ်ဝန်းကျင်မျိုး၏ အန္တရာယ်ကျရောက်လာပါဦးမည်။ ထို့ကြောင့် လူများသည် ဤဟန်ချက်ညီမှုများ ဆုံးရှုံးသွားလျှင် သူတို့အသက်ရှူသည့်လေသည် ပျက်စီးမည်။ သူတို့သောက်သည့်ရေသည် ညစ်ညမ်းမည်။ သူတို့လိုအပ်သည့် အပူချိန်သည်လည်း ပြောင်းလဲသွားပြီး မတူညီသည့် အခြေအနေအမျိုးမျိုးအထိ ထိခိုက်ပါလိမ့်မည်။ ဤကဲ့သို့ဖြစ်လာလျှင် လူသားတို့၏ ရှင်သန်ရပ်တည်နိုင်သည့် ဇာတိ ပတ်ဝန်းကျင်သည် ကြီးမားသည့် ထိခိုက်မှုနှင့် စိန်ခေါ်မှုများ ကျရောက်လာပါလိမ့်မည်။ လူသားတို့၏ ရှင်သန်ရပ်တည်နိုင်ရေး အခြေခံ ပတ်ဝန်းကျင်သည် ဖျက်ဆီးခံရသည့် ဤကဲ့သို့သော အခြေအနေမျိုးတွင် လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် ရှေ့ရေးက မည်သို့ဖြစ်မည်နည်း။ ဤသည်မှာ အလွန်အရေးကြီးသည့် ပြဿနာဖြစ်သည်။ လူသားမျိုးနွယ်အတွက် အရာအားလုံးသည် မည်ကဲ့သို့ဖြစ်သည်၊ သူဖန်ဆင်းခဲ့သည့် အမျိုးအစားတိုင်း၏ တာဝန်၊ ယင်းက လူများအပေါ်တွင် မည်သို့သက်ရောက်မှုမျိုးရှိသည်၊ လူသားမျိုးနွယ်အတွက် မည်မျှထိ အကျိုးရှိသည် စသည်တို့ကို ဘုရားသခင်သိသည့်အတွက်ကြောင့် ဘုရားသခင်၏ နှလုံးသားထဲတွင် ဤအရာများအားလုံးအတွက် အစီအစဉ်တစ်ခုရှိပြီး သူဖန်ဆင်းခဲ့သည့် အရာတစ်ခုချင်းစီတိုင်းကို စီမံသည်။ ထို့ကြောင့် လူသားအတွက် သူလုပ်ဆောင်သည့် အရာအားလုံးသည် အလွန်အရေးကြီးသည်။ ယင်းတို့အားလုံးသည် လိုအပ်သည်။ ထို့ကြောင့် အရာအားလုံးထဲတွင် ဂေဟစနစ်ဆိုင်ရာ ဖြစ်ရပ်အချို့ကို သင်မြင်သည်ဖြစ်စေ သို့မဟုတ် အရာအားလုံးထဲတွင် သဘာဝနိယာမအချို့ကို သင်မြင်သည်ဖြစ်စေ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာတစ်ခုစီတိုင်း၏ လိုအပ်မှုအပေါ်တွင် သင်သည် သံသယဖြစ်မည်မဟုတ်တော့ပေ။ အရာအားလုံးအပေါ်တွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်အတွက် ထောက်ပံ့သည့် သူ၏နည်းလမ်းအမျိုးမျိုးအပေါ်တွင် ဖြစ်သလို ဝေဖန်အကဲဖြတ်ရန်အတွက် အသိပညာမရှိသည့် စကားလုံးများကို သင်အသုံးပြုမည် မဟုတ်တော့ပေ။ သူဖန်ဆင်းခဲ့သည့် အရာအားလုံးအတွက် ဘုရားသခင်၏ နိယာမပေါ်တွင် ဖြစ်သလို ကောက်ချက်ချခြင်းများလည်း လုပ်မည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၄၁

ကမ္ဘာမြေကြီးပေါ်တွင် ငါသည် လူတို့၏ နှလုံးသားများထဲ၌ ရှိသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ ကောင်းကင်ဘုံတွင် ငါသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၃၉

ဘုရားသခင်၏ စိတ်သဘောထားကို လူတို့အား မမြင်စေရန် မည်သည့်အခါကမျှ ဖုံးကွယ်ခဲ့ခြင်း မရှိ၊ လူတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ လမ်းလွဲခဲ့လေပြီ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄၃

ယေရှုသည် သူ၏အလုပ်ကို လုပ်ဆောင်ရန် လာခဲ့စဉ်အချိန်က၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ညွှန်ကြားမှုအောက်တွင် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၀

ပထမဦးစွာ ဘုရားသခင်သည် အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့ပြီး မြွေကိုလည်း ဖန်ဆင်းခဲ့သည်။ အရာခပ်သိမ်းထဲတွင် ဤမြွေသည် အဆိပ်အပြင်းဆုံး ဖြစ်ခဲ့သည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။