ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၈

လူသားမျိုးနွယ်အကြားတွင် ငါသည် လူအားလုံးကို အမျိုးအစား သုံးမျိုးအဖြစ် ခွဲခြားသည်။ ပထမအမျိုးအစားမှာ ဘာသာရေးဆိုင်ရာ ယုံကြည်မှုများမရှိသည့် မယုံကြည်သူများဖြစ်ကြ၏။ ၎င်းတို့ကို မယုံကြည်သူများဟု ခေါ်ကြ၏။ မယုံကြည်သူများအနက် အလွန့်အလွန်များပြားသော လူများစုမှာ ပိုက်ဆံတွင်သာ ယုံကြည်ကြ၏၊ ၎င်းတို့၏ကိုယ်ကျိုးစီးပွားနောက်ကိုသာ လိုက်ကြ၍ ၎င်းတို့သည် ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုကိုသာ အဓိကထားကြကာ ရုပ်ဝတ္ထုလောကကိုသာ ယုံကြည်ကြလျက် ရှင်ခြင်းနှင့် သေခြင်း သံသရာ၊ သို့မဟုတ် နတ်ဘုရားများနှင့် တစ္ဆေများအကြောင်း ဆိုရိုးများကို မယုံကြည်ကြပေ။ ငါသည် ထိုသူတို့အား မယုံကြည်သူများအဖြစ် အမျိုးအစားခွဲခြားကာ ၎င်းတို့သည် ပထမအမျိုးအစားဖြစ်၏။ ဒုတိယအမျိုးအစားမှာ မယုံကြည်သူများမှလွဲ၍ ယုံကြည်သူအမျိုးမျိုးဖြစ်၏။ လူသားမျိုးနွယ်အကြားတွင် ငါသည် ထိုယုံကြည်သူတို့ကို အဓိကအမျိုးအစား အချို့ခွဲခြား၏။ ပထမမှာ ယုဒအမျိုး၊ ဒုတိယမှာ ဘုရင်ဂျီ၊ တတိယမှာ ခရစ်ယာန်၊ စတုတ္ထမှာ မွတ်စလင်နှင့် ပဉ္စမမှာ ဗုဒ္ဓဘာသာဝင်တို့ဖြစ်ကြ၍ ငါးမျိုးရှိ၏။ ၎င်းတို့သည် ယုံကြည်သူအမျိုးအစား အမျိုးမျိုးဖြစ်သည်။ တတိယအမျိုးအစားမှာ ဘုရားသခင်ကို ယုံကြည်သူများဖြစ်ကြသည်။ ဤသည်မှာ သင်တို့နှင့် သက်ဆိုင်သည်။ ထိုကဲ့သို့သော ယုံကြည်သူတို့သည် ယနေ့ ဘုရားသခင်နောက်လိုက်သောသူများ ဖြစ်ကြ၏။ ထိုသူတို့အား ဘုရားသခင်မှ ရွေးချယ်ထားသူများနှင့် အစေခံသူများဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားထား၏။ ဤအဓိကအမျိုးအစားများကို ရှင်းလင်းစွာ ခွဲခြားပြီးဖြစ်သည်။ ထို့ကြောင့် ယခု သင်တို့၏စိတ်ထဲတွင် သင်တို့သည် လူအမျိုးအစားများနှင့် အဆင့်များကို ရှင်းလင်းစွာ ခွဲခြားနိုင်ကြသည်၊ မှန်သလော။ ပထမသည် မယုံကြည်သူများဖြစ်သည်။ မယုံကြည်သူများမှာ မည်သည်ဆိုသည်ကို ငါပြောခဲ့ပြီးဖြစ်သည်။ ကောင်းကင်ရှိအဖိုးအိုကို ယုံကြည်သူများကို မယုံကြည်သူများဟု ယူဆရသလော။ မယုံကြည်သူအများအပြားသည် ကောင်းကင်ရှိအဖိုးအိုကိုသာ ယုံကြည်ကြသည်။ ၎င်းတို့သည် လေ၊ မိုးနှင့် မိုးခြိမ်းသံတို့အားလုံးသည် ဤကောင်းကင်ရှိအဖိုးအို၏ ထိန်းချုပ်ခြင်းကို ခံရသည်ဟု ယုံကြည်ကြသည်။ ကောင်းကင်ရှိအဖိုးအိုကို ၎င်းတို့သည် ကောက်ပဲသီးနှံများ စိုက်ပျိုးရေးနှင့် ရိတ်သိမ်းရေးတို့အတွက် အားထားကြ၏။ သို့သော် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း ပြောသည်နှင့် ၎င်းတို့သည် စိတ်မပါဖြစ်သွားကြ၏။ ဤသည်ကို ဘုရားသခင်၌ ယုံကြည်ခြင်းဟု ခေါ်ဆို၍ရနိုင်သလော။ မယုံကြည်သူများတွင် ထိုကဲ့သို့သောလူတို့ ပါဝင်သည်။ ဤသည်ကို သင်နားလည်သည် မဟုတ်လော။ ဤအတန်းစားများကို မမှားလေနှင့်။ ဒုတိယအမျိုးအစားမှာ ယုံကြည်သူများဖြစ်၏။ တတိယအမျိုးအစားမှာ ယနေ့ ဘုရားသခင်နောက် လိုက်သောသူများဖြစ်၏။ ငါသည် လူအားလုံးအား ဤအမျိုးအစားများအဖြစ် အဘယ်ကြောင့် ခွဲခြားခဲ့သနည်း။ (အဘယ်ကြောင့်ဆိုသော် အမျိုးမျိုးသော လူအမျိုးအစားတို့သည် ကွဲပြားသော အဆုံးသတ်နှင့် ခရီးပန်းတိုင် ရှိ၍ဖြစ်၏။) ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤကွဲပြားသော လူမျိုးများနှင့် လူအမျိုးအစားများသည် ဝိညာဉ်လောကသို့ ပြန်သွားကြသည့်အခါ ၎င်းတို့တစ်ဦးစီသည် ကွဲပြားသော သွားစရာနေရာ ရှိမည်ဖြစ်သည်၊ ရှင်ခြင်းနှင့် သေခြင်းသံသရာ၏ ကွဲပြားသောနိယာမများကို ခံစားရမည်ဖြစ်ကာ ဤသည်မှာ လူတို့အား ဤအဓိကအမျိုးအစားများအဖြစ် ငါအမျိုးအစားခွဲခြားရခြင်း၏ အကြောင်းရင်းဖြစ်၏။

မယုံကြည်သူများ၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ

မယုံကြည်သူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာနှင့် စကြစို့။ လူတစ်ဦးသေဆုံးပြီးနောက် ၎င်းတို့ကို ဝိညာဉ်လောကမှ ဘိလစ်စာရေးမှ ခေါ်သွား၏။ ၎င်းတို့၏ မည်သည့်အရာကို ယူသွားခြင်းခံသနည်း။ ၎င်းတို့၏ ဇာတိခန္ဓာမဟုတ်ဘဲ ၎င်းတို့၏လိပ်ပြာဖြစ်၏။ ၎င်းတို့၏လိပ်ပြာကို ယူသွားခြင်းခံရသည့်အခါ၊ ၎င်းတို့သည် ဝိညာဉ်လောက၏ ကိုယ်စားလှယ်လုပ်ငန်းတစ်နေရာသို့ ရောက်ရှိသွားကြသည်။ ထိုနေရာသည် မကြာသေးမီကမှ သေဆုံးသွားသူများ၏ လိပ်ပြာများကို အထူးလက်ခံသည့် နေရာဖြစ်၏။ (မှတ်ချက်- တစ်စုံတစ်ဦး သေဆုံးပြီးနောက် ၎င်းတို့သွားရောက်သည့် ပထမဆုံးနေရာမှာ ဝိညာဉ်လိပ်ပြာအတွက် ထူးခြားနေ၏။) ထိုနေရာသို့ ၎င်းတို့ကို ခေါ်သွားသောအခါ၊ အရာရှိတစ်ဦးသည် ပထမဆုံးစစ်ဆေးမှုများကို ပြုလုပ်၏၊ ၎င်းတို့၏အမည်၊ လိပ်စာနှင့် အသက်တို့ကို အတည်ပြု၏။ ၎င်းတို့၏ဘဝနှင့် ၎င်းတို့ ပြုလုပ်သည့်အရာ၊ ၎င်းတို့၏ဘဝတွင် ၎င်းတို့ပြုလုပ်သည့် အရာခပ်သိမ်းကို စာအုပ်တစ်အုပ်တွင် မှတ်တမ်းတင်ထားကာ တိကျမှုအတွက် အတည်ပြုရန် စစ်ဆေး၏။ အားလုံးကို စစ်ဆေးပြီးနောက် ၎င်းကို အပြစ်ဒဏ်ပေးရမည်လော သို့မဟုတ် ဆက်လက်၍လူဝင်စားရမည်လောဟူသည်ကို ဆုံးဖြတ်ရန် ထိုသူ၏ဘဝတစ်လျှောက်လုံး အပြုအမူနှင့် လုပ်ဆောင်ချက်များကို အသုံးပြု၏။ ဤသည်မှာ ပထမအဆင့်ဖြစ်သည်။ ဤပထမအဆင့်သည် ထိတ်လန့်ဖွယ်ဖြစ်သလော။ ဤသည်မှာ ထိတ်လန့်ဖွယ်ရာ မကောင်းလွန်းပေ၊ အဘယ်ကြောင့်ဆိုသော် တစ်ခုတည်းသော ဖြစ်ပျက်သွားသည့်အရာမှာ ထိုသူသည် မှောင်မိုက်၍ အကျွမ်းတဝင်မရှိသော နေရာသို့ ရောက်ရှိခဲ့ခြင်းပင်ဖြစ်၏။

ဒုတိယအဆင့်တွင် ဤသူသည် ၎င်း၏ဘဝတစ်လျှောက်လုံး ဆိုးရွားသည့်အရာများစွာ ပြုလုပ်ခဲ့ပါက၊ များစွာသော စဉ်းလဲသည့်လုပ်ရပ်များ ကျူးလွန်ခဲ့ပါက၊ ၎င်းသည် အပြစ်ဒဏ်ပေးခြင်းခံရရန် အပြစ်ဒဏ်ပေးသည့်နေရာ တစ်နေရာသို့ ခေါ်ဆောင်သွားခြင်းခံရပေမည်။ ထိုနေရာသည် လူတို့အား အပြစ်ဒဏ်ပေးခြင်းကို ဖော်ညွှန်းသည့်နေရာ ဖြစ်လိမ့်မည်။ ၎င်းတို့ကို အပြစ်ဒဏ်ပေးပုံ အသေးစိတ် မှာ ၎င်းတို့ကျူးလွန်ခဲ့သည့် အပြစ်များအပေါ်တွင် မူတည်၍ ၎င်းတို့ မသေဆုံးမီ ကောက်ကျစ်စဉ်းလဲသည့် အရာများ မည်မျှပြုလုပ်ခဲ့သည်ဟူသည့်အပေါ် မူတည်သည်။ ဤသည်မှာ ဒုတိယအဆင့်တွင် ဖြစ်ပေါ်သည့် ပထမအခြေအနေဖြစ်၏။ ၎င်းတို့မသေဆုံးမီပြုလုပ်ခဲ့သည့်အရာများနှင့် ကျူးလွန်ခဲ့သည့် မကောင်းမှုတို့ကြောင့် ၎င်းတို့၏အပြစ်ဒဏ်နောက်ပိုင်း ၎င်းတို့ဝင်စားသည့်အခါ၊ ၎င်းတို့ ရုပ်ဝတ္ထုလောကအတွင်း နောက်တစ်ကြိမ်မွေးဖွားသောအခါ၊ လူအချို့သည် ဆက်လက်၍ လူဖြစ်ကာ၊ အချို့သည် တိရစ္ဆာန်များ ဖြစ်သွားကြမည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ဝိညာဉ်လောကသို့ ပြန်သွားပြီးနောက် ၎င်းကျူးလွန်ခဲ့သည့် မကောင်းမှုကြောင့် ၎င်းသည် အပြစ်ဒဏ်ပေးခြင်း ခံရ၏။ ထို့အပြင် ၎င်းတို့ပြုလုပ်ခဲ့သည့် ကောက်ကျစ်စဉ်းလဲမှုများကြောင့် နောက်တစ်ဖန် ဝင်စားသောအခါ ၎င်းတို့သည် လူမဖြစ်ဘဲ တိရစ္ဆာန်တစ်ကောင် ဖြစ်သွားမည်မှာ သေချာသလောက်ရှိသည်။ ၎င်းတို့ဖြစ်နိုင်သည့် တိရစ္ဆာန်များတွင် နွားများ၊ မြင်းများ၊ ဝက်များနှင့် ခွေးများ ပါဝင်သည်။ အချို့လူများသည် ကောင်းကင်ရှိငှက် တစ်ကောင် သို့မဟုတ် ဘဲတစ်ကောင် သို့မဟုတ် ဘဲငန်းတစ်ကောင် ဖြစ်သွားနိုင်သည်။ ၎င်းတို့သည် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားခဲ့ပြီးနောက်၊ ၎င်းတို့သေဆုံးသည့်အခါ ၎င်းတို့သည် ဝိညာဉ်လောကသို့ ပြန်သွားကြကာ ယခင်ကဲ့သို့ပင် ၎င်းတို့ မသေဆုံးမီ ၎င်းတို့၏အပြုအမူအပေါ် အခြေပြု၍ ၎င်းတို့လူဝင်စားခြင်းရှိမရှိကို ဝိညာဉ်လောကမှ ဆုံးဖြတ်လိမ့်မည်။ လူအများစုသည် မကောင်းမှုများစွာကို ကျူးလွန်ကြ၏၊ ၎င်းတို့၏အပြစ်များသည် ဆိုးရွားလွန်းလှ၏၊ ထို့ကြောင့် ၎င်းတို့သည် တိရစ္ဆာန်အဖြစ် ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ်အဖြစ် ဝင်စားကြ၏။ ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ်၊ ဤသည်မှာ ကြောက်မက်ဖွယ်ဖြစ်သလော။ (ကြောက်မက်ဖွယ်ဖြစ်၏။) မည်သည့်အရာသည် သင်တို့အတွက် ထိတ်လန့်ဖွယ်ဖြစ်သနည်း။ လူတစ်ဦးမှ တိရစ္ဆာန်ဖြစ်သွားခြင်းသည် ထိတ်လန့်ဖွယ်ဖြစ်၏။ ထို့အပြင် လူတစ်ဦးအတွက်၊ တိရစ္ဆာန်တစ်ဦးဖြစ်သွားခြင်းတွင် အနာကျင်ဆုံးမှာ မည်သည့်အရာနည်း။ ဘာသာစကား မရှိခြင်း၊ ထုံနသောအတွေးများသာရှိခြင်း၊ တိရစ္ဆာန်များပြုလုပ်သည့် အရာများသာ ပြုလုပ်နိုင်၍ တိရစ္ဆာန်များ စားသည့်အစာများသာ စားနိုင်ခြင်း၊ တိရစ္ဆာန်တစ်ကောင်၏ ထုံအသောစိတ်ဓာတ်နှင့် ကိုယ်လက်အမူအရာ မျက်နှာရိပ်ကဲ ရှိခြင်း၊ လမ်းမတ်မတ်မလျှောက်နိုင်ခြင်း၊ လူတို့နှင့် ပြောဆိုဆက်ဆံမှုမပြုနိုင်ခြင်းနှင့် တိရစ္ဆာန်တို့နှင့် လုံးဝဆက်စပ်မှုမရှိသည့် လူတို့၏အပြုအမူနှင့် လုပ်ဆောင်မှုများဖြစ်၏။ ဆိုလိုသည်မှာ အရာခပ်သိမ်းအကြားတွင် တိရစ္ဆာန်တစ်ကောင်ဖြစ်ခြင်းသည် သက်ရှိအားလုံးအနက် သင့်အား အနိမ့်ဆုံးဖြစ်စေ၍ လူတစ်ဦးဖြစ်ခြင်းထက် သာ၍နာကျင်၏။ ဤသည်မှာ မကောင်းမှုများစွာပြုလုပ်ခဲ့၍ ကြီးမားသော အပြစ်များ ကျူးလွန်ခဲ့သောသူများအပေါ် ဝိညာဉ်လောက၏ အပြစ်ဒဏ်၏ လက္ခဏာသွင်ပြင် တစ်ရပ်ဖြစ်၏။ အပြစ်ဒဏ်၏ပြင်းထန်မှုနှင့်ပတ်သက်၍ ၎င်းကို ထိုသူတို့ ဖြစ်သွားသည့် တိရစ္ဆာန် အမျိုးအစားအရ ဆုံးဖြတ်သည်။ ဥပမာ ဝက်တစ်ကောင်ဖြစ်ခြင်းသည် ခွေးတစ်ကောင်ဖြစ်ခြင်းထက် သာ၍ကောင်းသလော။ ဝက်တစ်ကောင်သည် ခွေးတစ်ကောင်ထက် သာ၍ကောင်းမွန်စွာ သို့မဟုတ် သာ၍ဆိုးရွားစွာ အသက်ရှင် နေထိုင်သလော။ သာ၍ဆိုးရွားသည် မဟုတ်လော။ လူတို့သည် နွား သို့မဟုတ် မြင်းတစ်ကောင် ဖြစ်သွားပါက ၎င်းတို့သည် ဝက်တစ်ကောင်ထက် သာ၍ကောင်းမွန်စွာ သို့မဟုတ် သာ၍ဆိုးရွားစွာ အသက်ရှင် နေထိုင်မည်လော။ (သာ၍ကောင်းမွန်စွာ နေထိုင်မည်။) တစ်စုံတစ်ဦးသည် ကြောင်တစ်ကောင်ဖြစ်သွားပါက သာ၍ သက်သောင့်သက်သာ ရှိမည်လော။ တိရစ္ဆာန်များအကြား သင့်တွင်ရွေးချယ်ချက်တစ်ရပ်ရှိခဲ့ပါက သင်သည် ကြောင်တစ်ကောင် ဖြစ်သွားရန် ရွေးချယ်လိမ့်မည်ဖြစ်ပြီး ဤသည်မှာ မြင်း သို့မဟုတ် နွားတစ်ကောင်ဖြစ်သွားသည်ထက် သာ၍သက်သောင့်သက်သာ ရှိပေသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် အချိန်အများစုကို အိပ်လျက် ပျင်းရိပျင်းတွဲနေနိုင်၍ဖြစ်သည်။ နွား သို့မဟုတ် မြင်းတစ်ကောင်ဖြစ်သွားခြင်းမှာ သာ၍ ပင်ပန်းခက်ခဲသဖြင့် လူတို့သည် နွား သို့မဟုတ် မြင်းအဖြစ် ဝင်စားပါက ၎င်းတို့သည် ကြိုးစားအားထုတ်ရသည်ဖြစ်၍ ဤသည်မှာ ပြင်းထန်သည့် အပြစ်ဒဏ်တစ်ရပ်ဟု ထင်ရသည်။ ခွေးတစ်ကောင်ဖြစ်သွားရသည်မှာ နွား သို့မဟုတ် မြင်းတစ်ကောင်ထက် အနည်းငယ် သာသည်။ အဘယ်ကြောင့်ဆိုသော် ခွေးတစ်ကောင်သည် ၎င်း၏သခင်နှင့် သာ၍ရင်းနှီးသော ဆက်ဆံရေးရှိ၍ဖြစ်သည်။ ထိုထက်ပို၍၊ ယနေ့တွင် များစွာသောလူတို့သည် ခွေးမွေးထားကြပြီး သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာပြီးနောက် ၎င်းသည် ထိုသူတို့ပြောနေသည့်အရာ အများစုကို နားလည်ရန် သင်ယူခဲ့ပြီးဖြစ်၏။ ခွေးတစ်ကောင်သည် ၎င်း၏သခင်၏စကားလုံးများစွာကို နားလည်နိုင်သည့်အတွက် ၎င်းသည် ၎င်း၏သခင်အား ကောင်းစွာနားလည်ကာ တစ်ခါတစ်ရံတွင် ၎င်း၏သခင်၏ စိတ်နေစိတ်ထား၊ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပြုလုပ်နိုင်၏။ ထို့ကြောင့် သခင်သည် ထိုခွေးကို သာ၍ကောင်းမွန်စွာ ဆက်ဆံ၍ ထိုခွေးသည် သာ၍ကောင်းမွန်စွာ စားသောက်ကာ၊ ၎င်းနာကျင်နေသည့်အခါ သာ၍ ကြည့်ရှုစောင့်ရှောက်ခြင်း ခံရ၏။ ထို့ကြောင့် ဤခွေးသည် ပျော်ရွှင်ဖွယ်ရာဘဝတစ်ခုကို မွေ့လျော်ခြင်း မရှိပေဘူးလော။ သို့ဖြစ်၍ ခွေးတစ်ကောင်ဖြစ်ခြင်းသည် နွား သို့မဟုတ် မြင်းတစ်ကောင်ဖြစ်ခြင်းထက် သာ၍ကောင်းပေ၏။ ဤအရာတွင် လူတစ်ဦး၏အပြစ်ဒဏ်၏ပြင်းထန်မှုသည် ၎င်းတို့ တိရစ္ဆာန်တစ်ကောင်အဖြစ် အကြိမ်ရေမည်မျှ ဝင်စားမည်နှင့် မည်သည့်တိရစ္ဆာန်အမျိုးအစားအဖြစ် ၎င်းတို့ ဝင်စားမည်ကို ဆုံးဖြတ်၏။ သင်နားလည်သည် မဟုတ်လော။

၎င်းတို့အသက်ရှင်စဉ်တွင် ၎င်းတို့သည် အပြစ်များစွာကျူးလွန်ခဲ့သဖြင့် အချို့သောလူများသည် တိရစ္ဆာန်အဖြစ် ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ် ဝင်စားခြင်းဖြင့် အပြစ်ပေးခြင်း ခံရပေမည်။ အကြိမ်ရေအတော်အတန် အပြစ်ပေးခံရပြီးနောက် ၎င်းတို့ဝိညာဉ်လောကသို့ ပြန်သည့်အခါ ၎င်းတို့သည် အခြားတစ်နေရာသို့ ခေါ်ဆောင်သွားခံရ၏။ ဤနေရာရှိ ဝိညာဉ်လိပ်ပြာ အမျိုးမျိုးသည် အပြစ်ဒဏ်ခံရပြီးဖြစ်ပြီး လူဝင်စားရန် ပြင်ဆင်လျက်ရှိသည့် အမျိုးအစားဖြစ်သည်။ ဤနေရာသည် ဝိညာဉ် လိပ်ပြာတစ်ခုစီကို ၎င်းတို့မွေးဖွားမည့်မိသားစု၊ ၎င်းတို့လူဝင်စားသည်နှင့် ၎င်းတို့ပါဝင်မည့်အခန်းကဏ္ဍ စသည်ဖြင့်အရ အမျိုးအစားခွဲခြား၏။ ဥပမာ အချို့သူတို့သည် ဤလောကသို့ လာသည့်အခါ အဆိုတော်များဖြစ်လာမည် ဖြစ်သဖြင့် ၎င်းတို့သည် အဆိုတော်များအကြား ထားပေးခံရ၏။ အချို့သောသူများမှာ ဤလောကသို့ လာသည့်အခါ စီးပွားရေးသမားများ ဖြစ်လာမည်ဖြစ်သဖြင့် ၎င်းတို့သည် စီးပွားရေးသမားများအကြား ထားပေးခံရ၏။ ထို့အပြင် တစ်စုံတစ်ဦးသည် လူဖြစ်သည့်အခါ သိပ္ပံပညာဆိုင်ရာ သုတေသီတစ်ဦးဖြစ်ရန်ဆိုပါက ၎င်းတို့သည် သိပ္ပံပညာဆိုင်ရာ သုတေသီများအကြား ထားပေးခံရသည်။ ၎င်းတို့ကို အုပ်စုအလိုက်ခွဲပြီးနောက် တစ်ဦးစီကို ကွဲပြားသည့်အချိန်နှင့် သတ်မှတ်ထားသည့် ရက်စွဲအရ၊ ယနေ့ လူတို့ အီးမေးပို့သည့်အတိုင်း၊ ပို့လိုက်၏။ ဤအရာတွင် ရှင်ခြင်းနှင့်သေခြင်း သံသရာတစ်ခု ပြီးဆုံးလိမ့်မည်။ လူတစ်ဦး ဝိညာဉ်လောကသို့ရောက်သည့်ရက်မှ ၎င်း၏အပြစ်ဒဏ် အဆုံးသတ်သည်အထိ ၎င်းသည် တိရစ္ဆာန်တစ်ကောင်အဖြစ် ကြိမ်ဖန်များစွာ ဝင်စားနိုင်ပြီးနောက် ၎င်းသည် လူဝင်စားရန်ပြင်ဆင်၏။ ဤသည်မှာ ပြည့်စုံသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်၏။

အပြစ်ဒဏ်ပေးခြင်းခံရပြီးကာ တိရစ္ဆာန်အဖြစ် ဝင်စားခြင်းမရှိသူများသည် လူဖြစ်ရန် ရုပ်ဝတ္ထုလောကသို့ လျင်မြန်စွာ အပို့ခံရမည်လော။ သို့မဟုတ် ၎င်းတို့ လူသားအကြားမလာနိုင်မီ မည်မျှကြာမည်နည်း။ ဤလူများ လူဖြစ်သည့် ကြိမ်နှုန်းမှာ မည်မျှနည်း။ ဤအတွက် အချိန်ကန့်သတ်ချက်များရှိသည်။ ဝိညာဉ်လောကတွင်ဖြစ်သည့် အရာခပ်သိမ်းသည် သင့်တော်သည့် အချိန်ကန့်သတ်ချက်များနှင့် စည်းကမ်းများ လိုက်နာရသည်။ ဤသည်ကို ငါသည် ကိန်းဂဏန်းများနှင့်ရှင်းပြပါက သင်တို့ နားလည်လိမ့်မည်။ အချိန်ကာလတိုအတွင်း ဝင်စားသူများအတွက် ၎င်းတို့သေဆုံးသည့်အခါ ၎င်းတို့အား လူအဖြစ် ပြန်လည်မွေးဖွားရန်အတွက် ပြင်ဆင်ပြီးဖြစ်လိမ့်မည်။ အတိုဆုံးအချိန်မှာ သုံးရက်ဖြစ်သည်။ အချို့သောသူများအတွက် ဤသည်မှာ သုံးလဖြစ်၏၊ အချို့အတွက် ဤသည်မှာ သုံးနှစ်ဖြစ်၏၊ အချို့အတွက် ဤသည်မှာ အနှစ်သုံးဆယ်ဖြစ်၏၊ အချို့အတွက် ဤသည်မှာ အနှစ်သုံးရာဖြစ်၏၊ အချို့အတွက် ဤသည်မှာ အနှစ်သုံးထောင်ပင်ဖြစ်၏ စသည်ဖြင့် ဖြစ်၏။ ထို့ကြောင့် ဤအချိန်စည်းကမ်းများအကြောင်း မည်သည့်အရာများပြောနိုင်မည်နည်း။ ထို့အပြင် အသေးစိတ်အချက်အလက်များမှာ မည်သည်တို့နည်း။ ၎င်းတို့ကို လူ့လောကဖြစ်သည့် ရုပ်ဝတ္ထုလောကအနေဖြင့် ဝိညာဉ်တစ်ခုထံမှ လိုအပ်သည့်အရာအပေါ်နှင့် ဤလောကတွင် ဤဝိညာဉ်ပါဝင်ရမည့် အခန်းကဏ္ဍတို့အပေါ် အခြေခံထား၏။ လူတို့သည် သာမန်လူတစ်ဦးအဖြစ် ဝင်စားသည့်အခါ ၎င်းတို့အများစုသည် များမကြာမီ လူဝင်စားကြ၏။ အဘယ်ကြောင့်ဆိုသော် လူသား၏လောကသည် ထိုကဲ့သို့သော သာမန်လူတို့ကို အရေးတကြီးလိုအပ်နေသည့်အတွက် ဖြစ်၏။ ထို့ကြောင့် သုံးရက်ကြာပြီးနောက် ၎င်းတို့အား ၎င်းတို့မသေဆုံးမီရှိခဲ့သည့် မိသားစုနှင့် လုံးဝကွဲပြားသည့် မိသားတစ်စုထံသို့ ထပ်မံပို့လိုက်၏။ သို့သော် ဤလောကတွင် အထူးအခန်းကဏ္ဍမှပါဝင်သောသူအချို့ ရှိ၏။ “အထူး” ဆိုသည်မှာ လူသား၏လောကတွင် ထိုသူများအတွက် ကြီးမားသည့်လိုအပ်ချက် မရှိဟု ဆိုလိုခြင်းဖြစ်သည်။ ထိုကဲ့သို့သောအခန်းကဏ္ဍတွင် ပါဝင်ရန် လူများစွာ မလိုပေ။ ထို့ကြောင့် ၎င်းတို့မဝင်စားမီ အနှစ်သုံးရာ ကြာနိုင်သည်။ ဤလိပ်ပြာသည် အနှစ်သုံးရာကြာမှ တစ်ကြိမ်လာမည် သို့မဟုတ် အနှစ်သုံးထောင်ကြာမှပင် တစ်ကြိမ် လာမည်ဟု ဆိုလိုခြင်းဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အခန်းကဏ္ဍကို လူသား၏လောကတွင် နှစ်သုံးရာ သို့မဟုတ် နှစ်သုံးထောင် မလိုအပ်၍ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ဝိညာဉ်လောက၏ တစ်နေရာရာတွင် ထား၏။ ဥပမာအနေဖြင့် ကွန်ဖြူးရှပ်ကို ကြည့်လော့။ သူသည် တရုတ်ရိုးရာယဉ်ကျေးမှုအပေါ် အလွန်လေးနက်သော အကျိုးသက်ရောက်မှု ရှိခဲ့သည်။ သူ၏ရောက်ရှိလာမှုသည် ထိုခေတ်ကာလလူတို့၏ ယဉ်ကျေးမှု၊ အသိပညာ၊ ရိုးရာနှင့် တွေးခေါ်မှုတို့အပေါ် နက်ရှိုင်းသည့် သက်ရောက်မှုရှိခဲ့သည်။ သို့သော် ဤကဲ့သို့သောလူတစ်ဦးသည် ခေတ်တိုင်းတွင် မလိုအပ်ပေ။ ထို့ကြောင့် သူသည် ပြန်လည်ဝင်စားခြင်းမတိုင်မီ ဝိညာဉ်လောကတွင် နှစ်သုံးရာ သို့မဟုတ် နှစ်သုံးထောင် စောင့်နေလျက် နေရသည်။ လူသား၏လောကသည် ဤသို့သောတစ်စုံတစ်ဦးကို မလိုအပ်သည့်အတွက် ၎င်းသည် အချည်းနှီး စောင့်ခဲ့ရ၏။ ၎င်း၏အခန်းကဏ္ဍကဲ့သို့ အခန်းကဏ္ဍများ အလွန် နည်းပါးသည့်အတွက် သူ့အတွက် လုပ်ရာအနည်းငယ်သာရှိသဖြင့် သူ့အား လူသား၏လောက အလိုရှိသည့်အခါ ပို့လိုက်ရန် များသောအားဖြင့် ဝိညာဉ်လောက တစ်နေရာတွင် အချည်းနှီးထားခဲ့ရ၏။ ဤသည်တို့မှာ လူအများစု ပြန်လည်ဝင်စားသည့် အကြိမ်နှုန်းအတွက် ဝိညာဉ်နယ်ပယ်၏ အချိန်စည်းကမ်းများ ဖြစ်၏။ ၎င်းတို့သည် သာမန်လူတစ်စုံတစ်ဦးဖြစ်စေ၊ ထူးခြားသည့် လူတစ်စုံတစ်ဦးဖြစ်စေ၊ လူတို့ပြန်လည်ဝင်စားခြင်းအတွက် ဝိညာဉ်လောကသည် သင့်တော်သည့် စည်းကမ်းများနှင့် မှန်ကန်သည့် အလေ့အကျင့်များရှိကာ၊ ဤစည်းကမ်းများနှင့် အလေ့အကျင့်များကို ဘုရားသခင်မှချပေးလိုက်ခြင်းဖြစ်ကာ မည်သည့်ဘိလစ် သို့မဟုတ် ဝိညာဉ်လောကရှိ မည်သည့်သတ္တဝါကမျှ ဆုံးဖြတ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၈

ဘုရားသခင်ကို ယုံကြည်ရန်နှင့် သိကျွမ်းရန်မှာ ကောင်းကင်ဘုံ၏ဥပဒေနှင့် ကမ္ဘာမြေကြီး၏ နိယာမဖြစ်ပြီး လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏အမှုကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၃

ဤစကားများသည် ယခုပြောဆိုထားပြီးဖြစ်သည်ကို သင့်အနေဖြင့် မှတ်မိရမည်။ နောင်တွင်၊ သင်သည် သာ၍ကြီးမားသော အတိဒုက္ခနှင့် သာ၍ကြီးမားသော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၉

များစွာသော လူတို့က “သမ္မာတရားအားလုံးကို ကျွန်ုပ် နားလည်သည်၊ လက်တွေ့မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်။” ဟု ယခင်က ပြောဆိုထားပြီးဖြစ်သည်။ ဤဝါကျက...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈

ဘုရားသခင်ကို ကြောက်ရွံခြင်း၏အစမှာ သူ့အား ဘုရားသခင်အဖြစ် ဆက်ဆံခြင်း ဖြစ်သည် တစ်စုံတစ်ဦးက ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယောဘထက်ပင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။