ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၂

မယုံကြည်သူများနှင့်ပတ်သက်၍ ဘုရားသခင်၏လုပ်ဆောင်ချက်များ နောက်ကွယ်ရှိ အခြေခံစည်းမျဉ်းသည် ကောင်းသူများကို ဆုချ၍ ဆိုးယုတ်သူများကို အပြစ်ပေးခြင်းလော။ ခြွင်းချက်များ ရှိသလော။ (မရှိပါ။) ဘုရားသခင်၏လုပ်ဆောင်ချက်များတွင် အခြေခံစည်းမျဉ်းတစ်ရပ်ရှိသည်ဟု သင်တို့မြင်သလော။ မယုံကြည်သူများသည် ဘုရားသခင်အား အကယ်စင်စစ် မယုံကြည်ပေ၊ ထိုသူတို့သည် ဘုရားသခင်၏ အစီအမံကို လိုက်နာခြင်းမရှိပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မသိပေ။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုရန်မှာ သာ၍ပင်နည်းသေး၏။ ပို၍ကြီးလေးသည်မှာ ထိုသူတို့သည် ဘုရားသခင်အပေါ် မထီမဲ့မြင်ပြုကာ သူ့အားကျိန်ဆဲကာ ဘုရားသခင်ကို ယုံကြည်သူများအပေါ် ရန်လိုကြ၏။ ထိုသူတို့သည် ဘုရားသခင်အပေါ် ဤသို့သော သဘောထား ရှိသော်လည်း ၎င်းတို့ကို ဘုရားသခင်၏စီမံအုပ်ချုပ်မှုမှာ သူ၏အခြေခံသဘောတရားများမှ သွေဖီခြင်း မရှိဆဲဖြစ်၏။ သူသည် ၎င်းတို့အား သူ၏အခြေခံသဘောတရားများ၊ သူ၏စိတ်သဘောထားတို့နှင့်အညီ စနစ်တကျနည်းဖြင့် စီမံအုပ်ချုပ်၏။ ဘုရားသခင်သည် ၎င်းတို့၏ရန်လိုမှုအပေါ် မည်သို့သဘောထားသနည်း။ မသိနားမလည်မှုဟု သဘောထား၏။ ထို့ကြောင့် သူသည် မယုံကြည်သူအများစုဖြစ်သော ဤသူတို့ကို တိရစ္ဆာန်များအဖြစ် တစ်ကြိမ်ပြန်ဝင်စားစေခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏မျက်လုံးများထဲတွင် မယုံကြည်သူများသည် မည်သည်တို့ဖြစ်သနည်း။ ၎င်းတို့သည် ခြံမွေးတိရစ္ဆာန်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ခြံမွေးတိရစ္ဆာန်များကို စီမံအုပ်ချုပ်ကာ သူသည် လူသားမျိုးနွယ်ကို စီမံအုပ်ချုပ်၏။ ထို့အပြင် သူသည် ဤကဲ့သို့သောလူအမျိုးအစားအတွက် တူညီသောအခြေခံသဘောတရားများ ရှိ၏။ ဤသူတို့အပေါ် ဘုရားသခင်၏စီမံအုပ်ချုပ်မှုနှင့် ၎င်းတို့အပေါ် သူ၏ပြုမူဆောင်ရွက်ချက်များ၌ပင် ဘုရားသခင်၏စိတ်သဘောထားနှင့် အရာခပ်သိမ်းအပေါ် သူ၏အုပ်စိုးမှုအတွက် ဥပဒေများကို မြင်နိုင်သေး၏။ ထို့ကြောင့် ငါခုတင်ပြောသည့် မယုံကြည်သူများကို သူစီမံအုပ်ချုပ်သည့် အခြေခံသဘောတရားများတွင် သင်တို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တွေ့မြင်သလော။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်တို့တွေ့သလော။ (ကျွန်ုပ်တို့ တွေ့ပါသည်။) ဘုရားသခင်သည် အရာခပ်သိမ်း၏ မည်သည့်အရာကို ကိုင်တွယ်သည်ဖြစ်စေ သူသည် သူ၏ကိုယ်ပိုင် အခြေခံ သဘောတရားများနှင့် စိတ်သဘောထားနှင့်အညီ ပြုမူလုပ်ကိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရဖြစ်၏။ သူသည် ဤကဲ့သို့သောလူစားမျိုးကို ခြံမွေးတိရစ္ဆာန်ဟု ယူဆသဖြင့် သူသည် အမိန့်များ သို့မဟုတ် ကောင်းကင်နှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများကို သာမန်ကာလျှံကာ ချိုးဖောက် လိုက်မည် မဟုတ်ပေ။ ဘုရားသခင်သည် စိုးစဉ်းမျှပင် အစီအစဉ်ပျက်စေခြင်းမရှိဘဲ အခြေခံ သဘောတရားများနှင့်အညီ ပြုမူလုပ်ကိုင်၏။ သူ၏ပြုမူဆောင်ရွက်ချက်များသည် မည်သည့်အချက်မျှ၏ သက်ရောက်မှု လုံးဝမရှိဘဲ သူသည် မည်သည်ကိုပြုလုပ်သည်ဖြစ်စေ ၎င်းသည် သူ၏ကိုယ်ပိုင် အခြေခံသဘောတရားများကို လုံးဝလိုက်နာ၏။ ဤသည်မှာ ဘုရားသခင်သည် ဘုရားသခင်ကိုယ်တော်တိုင်၏ အနှစ်သာရရှိ၍ဖြစ်သည်။ ဤအနှစ်သာရမှာ မည်သည့်ဖန်ဆင်းထားသည့်သတ္တဝါမျှ မပိုင်ဆိုင်သော သူ၏အနှစ်သာရ၏ လက္ခဏာသွင်ပြင်တစ်ရပ်ဖြစ်၏။ ဘုရားသခင်သည် သူဖန်ဆင်းသည့်အရာ အားလုံးအကြား အရာဝတ္ထုတိုင်း၊ လူတိုင်းနှင့် သက်ရှိတိုင်းကို ကိုင်တွယ်ရာတွင်၊ ချဉ်းကပ်ရာတွင်၊ စီမံခန့်ခွဲရာတွင်၊ စီမံအုပ်ချုပ်ရာတွင်နှင့် အုပ်စိုးရာတို့တွင် တာဝန်ကျေပွန်ကာ တာဝန်သိ၏။ ထို့အပြင် သူသည် ၎င်းအရာ၌ မည်သည့်အခါကမျှ ပေါ့လျော့ခဲ့ခြင်း မရှိပေ။ ကောင်းသောသူများအပေါ် သူသည် သနားခြင်းကရုဏာတော်ရှိ၍ ကြင်နာ၏။ ဆိုးယုတ်သောသူများအပေါ် သူသည် အကြင်နာကင်းသော အပြစ်ဒဏ်သင့်စေ၏။ ထို့အပြင် သက်ရှိသတ္တဝါအမျိုးမျိုးအတွက် သူသည် ကွဲပြားသောအချိန်များတွင် လူသားမျိုးနွယ်၏လောက၏ ကွဲပြားသောသတ်မှတ်ချက်များနှင့်အညီ အချိန်မီ၊ ပုံမှန်နည်းဖြင့် သင့်တော်သော စီမံမှုများကိုပြုလုပ်ရာ ဤသက်ရှိသတ္တဝါအမျိုးမျိုးသည် စနစ်ကျသောနည်းဖြင့် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍများနှင့်အညီ ပြန်ဝင်စားကြကာ ရုပ်ဝတ္ထုလောကနှင့် ဝိညာဉ်လောကအကြား စနစ်ကျသောနည်းဖြင့် ရွေ့လျားသွားလာကြ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၇၃

ဘုရားသခင်သည် တိတ်ဆိတ်နေပြီး ငါတို့ထံ မည်သည့်အခါမျှ မပေါ်ထွန်းခဲ့ပေ၊ သို့သော် သူ့အလုပ်မှာမူ မည်သည့်အခါမျှ မရပ်တန့်ခဲ့ချေ။ ဘုရားသခင်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၂

ပေတရုသည် ယေရှုနောက် နှစ်အတန်ကြာ လိုက်ခဲ့ပြီး အခြားလူများ၌ မရှိသည့်အရာ များစွာကို ယေရှုအထဲတွင် တွေ့မြင်ခဲ့သည်။ တစ်နှစ်ကြာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၀

ဘုရားသခင်သည် လူကို ပြီးပြည့်စုံအောင် ပြုလုပ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ မည်သည့် ရှုထောင့်မှ စကားပြောသည်ဖြစ်စေ ဘုရားသခင်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၁၂

ဤကမ္ဘာပေါ် ဆင်းသက်ပြီး ဘုရားသခင်လုပ်ဆောင်သည့်အလုပ်သည် ခေတ်ကို လမ်းပြရန်သာဖြစ်ပြီး ခေတ်သစ်ကို ဖွင့်ကာ ခေတ်ဟောင်းကို အဆုံးသတ်ရန် ဖြစ်သည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။