ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၆

နောက်တစ်ခုမှာ အစေခံသူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာဖြစ်၏။ အစေခံသူများ၏ ဇာစ်မြစ်များအကြောင်းကို ငါတို့ပြောဆိုခဲ့ကြပြီ၊ ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏အတိတ်ဘဝများက မယုံကြည်သူများနှင့် တိရစ္ဆာန်များမှ ပြန်ဝင်စားကြခြင်းဖြစ်သည်။ အမှု၏နောက်ဆုံးအဆင့် ရောက်ရှိခြင်းနှင့်အတူ ဘုရားသခင်သည် မယုံကြည်သူများမှ ထိုကဲ့သို့သော လူတစ်စုကို ရွေးချယ်ခဲ့ကာ ဤအုပ်စုမှာ အထူးအုပ်စုဖြစ်၏။ ထိုကဲ့သို့သော လူတို့ကို ဘုရားသခင်ရွေးချယ်ရခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့အနေဖြင့် သူ၏အမှုကို အစေခံရန်ဖြစ်၏။ “အစေခံခြင်း” ဟူသည် ကြားရသည်မှာ ရည်မွန်လှသော စကားလုံးမဟုတ်ပေ။ တစ်စုံတစ်ဦးမှ နှစ်သက်မည့် စကားလုံးလည်း မဟုတ်ပေ။ သို့သော် ၎င်းသည် မည်သူ့ကို ရည်ရွယ်ထားသည်ကို ငါတို့ကြည့်သင့်သည်။ ဘုရားသခင်၏ အစေခံသူများ တည်ရှိနေခြင်းတွင် အထူး အရေးပါမှုတစ်ရပ် ရှိ၏။ ၎င်းတို့ကို ဘုရားသခင်မှ ရွေးချယ်ထားသည့်အတွက် အခြားမည်သူမျှ ၎င်းတို့၏အခန်းကဏ္ဍတွင် မပါဝင်နိုင်ပေ။ ထို့အပြင် ဤအစေခံသူများ၏ အခန်းကဏ္ဍမှာ မည်သည်နည်း။ ဘုရားသခင်၏ ရွေးချယ်ခံရသူများကို အစေခံရန်ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့၏အခန်းကဏ္ဍမှာ ဘုရားသခင်၏အမှုတွင် အစေခံရန်၊ ဘုရားသခင်၏ အမှုတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဘုရားသခင်မှ သူရွေးချယ်ထားသူများကို စုံလင်စေခြင်းအမှုတွင် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်၏။ ၎င်းတို့သည် အားထုတ်ကြိုးပမ်းနေကြသည်ဖြစ်စေ၊ အမှုအချို့ကို ထမ်းဆောင်နေသည်ဖြစ်စေ၊ သို့မဟုတ် အချို့သော အလုပ်များကို တာဝန်ယူသည်ဖြစ်စေ ထည့်သွင်းမစဉ်းစားဘဲ ထိုသူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်မှာ အဘယ်နည်း။ ၎င်းတို့အပေါ် သူ၏သတ်မှတ်ချက်များမှာ အလွန်မညှာမတာဖြစ်သလော။ (မဟုတ်ပါ။ ဘုရားသခင်သည် ၎င်းတို့ သစ္စာစောင့်သိရန် တောင်းဆို၏။) အစေခံသူများသည်လည်း သစ္စာစောင့်သိရ၏။ သင်၏ ဇာစ်မြစ် သို့မဟုတ် ဘုရားသခင်သည် သင့်ကို အဘယ်ကြောင့် ရွေးချယ်သနည်းဟူသည်ကို ထည့်သွင်းမစဉ်းစားဘဲ သင်သည် ဘုရားသခင်၏အပေါ်၊ သင့်ကို ဘုရားသခင် အပ်နှံသည့်တာဝန်အပြင် သင့်တွင် တာဝန်ရှိသည့် အလုပ်နှင့် သင်ဆောင်ရွက်သည့် တာဝန်အပေါ်တွင်လည်း သစ္စာစောင့်သိရမည်။ အစေခံသူများသည် သစ္စာစောင့်သိနိုင်ကြ၍ ဘုရားသခင်အား ကျေနပ်စေနိုင်ပါက ၎င်းတို့၏အဆုံးမှာ မည်သည့်အရာ ဖြစ်မည်နည်း။ ၎င်းတို့သည် ဆက်လက်၍ တည်ရှိနိုင်ကြလိမ့်မည်။ ဆက်လက်တည်ရှိနေသော အစေခံသူများဖြစ်ဖို့ရန်မှာ ကောင်းချီးမင်္ဂလာ တစ်ရပ်ဖြစ်သလော။ ဆက်လက်တည်ရှိနေခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ ဤကောင်းချီးမင်္ဂလာမှာ မည်သည့် အဓိပ္ပာယ်ရှိသနည်း။ အဆင့်အတန်းအရ ၎င်းတို့သည် ဘုရားသခင်၏ရွေးချယ်ခံရသူများနှင့် တူပုံမရပေ။ ၎င်းတို့သည် ကွဲပြားပုံရ၏။ အကယ်စင်စစ်မူ ၎င်းတို့ ဤဘဝတွင်ခံစားသည့် အရာသည် ဘုရားသခင်၏ ရွေးချယ်ခံလူတို့ ခံစားသည့်အရာနှင့် အတူတူပင် မဟုတ်သလော။ အနည်းဆုံးအနေဖြင့် ဤဘဝတွင် ၎င်းသည် အတူတူပင်ဖြစ်၏။ သင်တို့ ဤအရာကို မငြင်းပယ်ကြ၊ ဟုတ်သည်မဟုတ်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များ၊ ဘုရားသခင်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ ထောက်ပံ့ပေးမှု၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ဤအရာများကို မည်သူသည် မမွေ့လျော်ဘဲ နေသနည်း။ လူတိုင်း ယင်း ကြွယ်ဝမှု၌ မွေ့လျော်ကြ၏။ အစေခံသူတစ်ဦး၏ ကိုယ်ပိုင်အမှတ်အသားသည် အစေခံသူဖြစ်သော်လည်း ဘုရားသခင်အတွက်မူ ၎င်းတို့သည် သူဖန်ဆင်းခဲ့သော အရာအားလုံးအနက် တစ်ခုဖြစ်၏။ ၎င်းတို့၏အခန်းကဏ္ဍသည် အစေခံသူဖြစ်သည်ဟူ၍သာ ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ခုအနေဖြင့် အစေခံသူတစ်ဦးနှင့် ဘုရားသခင်၏ရွေးချယ်ခံလူတို့အကြား ကွဲပြားချက်တစ်ရပ် ရှိသလော။ လက်တွေ့တွင် မရှိပေ။ အမည်နာမအားဖြင့် ကွာခြားချက်ရှိ၏၊ အနှစ်သာရအားဖြင့် ကွာခြားချက်ရှိ၏၊ ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍအရ ကွာခြားချက်ရှိ၏၊ သို့ရာတွင် ဘုရားသခင်သည် ဤသူများအပေါ် ခွဲခြားဆက်ဆံခြင်း မရှိပေ။ ထို့ကြောင့် ဤသူများသည် အစေခံသူများဟု အဘယ်ကြောင့် သတ်မှတ်ခံရသနည်း။ သင်တို့ ဤအရာကို နားလည်သင့်သည်။ အစေခံသူများသည် မယုံကြည်သူများအကြားမှ လာကြ၏။ မယုံကြည်သူများကို ဖော်ပြခြင်းမှာ ၎င်းတို့၏အတိတ်သည် မကောင်းကြောင်းကို ပြောခြင်းဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားမဲ့ဝါဒီများဖြစ်ကြ၏။ ၎င်းတို့၏အတိတ်တွင် ၎င်းတို့အားလုံးသည် ဘုရားမဲ့ဝါဒီများ ဖြစ်ကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ကြဘဲ ဘုရားသခင်အပေါ်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာတို့အပေါ် ရန်လိုခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ဘဲ ဘုရားသခင်ရှိကြောင်းကိုလည်း မယုံကြည်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်စွမ်း ရှိကြသလော။ ၎င်းတို့အများအပြားသည် နားလည်နိုင်စွမ်းမရှိဟု ပြော၍ရသည်။ တိရစ္ဆာန်များသည် လူတို့၏စကားများကို နားလည်နိုင်စွမ်းမရှိသကဲ့သို့ အစေခံသူများသည် ဘုရားသခင်ပြောနေသည့်အရာများ၊ သူ၏သတ်မှတ်ချက်များ၊ အဘယ်ကြောင့် သူသည် ဤသတ်မှတ်ချက်များ ပြုသနည်းဟူသည်တို့ကို နားလည်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် နားမလည်ပေ၊ ၎င်းတို့အဘို့ ဤအရာများသည် နားမလည်နိုင်ဖွယ်ရာဖြစ်သည်။ ၎င်းတို့ ဉာဏ်အလင်းမရဘဲ ရှိကြ၏။ ထိုအကြောင်းရင်းကြောင့် ဤလူတို့သည် ငါတို့ပြောသည့် အသက်ကို မပိုင်ဆိုင်ကြပေ။ လူတို့သည် အသက်မရှိဘဲ သမ္မာတရားကို နားလည်နိုင်ကြသလော။ ၎င်းတို့တွင် သမ္မာတရား တပ်ဆင်ထားသလော။ ၎င်းတို့တွင် ဘုရားသခင်နှုတ်ကပတ်တော်၏ အတွေ့အကြုံနှင့် အသိပညာတို့ တပ်ဆင်ထားသလော။ (မတပ်ဆင်ထားပါ။) အစေခံသူတို့၏ ဇာစ်မြစ်များသည် ယင်းသို့ဖြစ်၏။ သို့သော် ဤအစေခံသူများကို ဘုရားသခင် ပြုလုပ်ခဲ့သည့်အတွက် ၎င်းတို့အပေါ် သူ၏သတ်မှတ်ချက်များအတွက် အဆင့်အတန်းများ ရှိဆဲဖြစ်၏။ သူသည် ၎င်းတို့အပေါ် အထင်အမြင်သေးခြင်း မရှိဘဲ ၎င်းတို့အပေါ် ဝတ်ကျေတမ်းကျေ ပြုမူခြင်းလည်း မရှိပေ။ ၎င်းတို့သည် သူ၏နှုတ်ကပတ်တော်များကို နားမလည်ဘဲ အသက်မရှိကြသော်လည်း ဘုရားသခင်သည် ၎င်းတို့အပေါ် ကြင်နာကာ ထိုသူတို့နှင့် သက်ဆိုင်သော သူ၏သတ်မှတ်ချက်များတွင် အဆင့်အတန်းများ ရှိဆဲဖြစ်၏။ သင်တို့သည် ယခုတင် ဤအဆင့်အတန်းများ ဖြစ်သည့် ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းနှင့် သူပြောသည့်အရာကို ပြုလုပ်ခြင်းအကြောင်း ပြောခဲ့၏။ သင်၏အစေခံမှုတွင် သင်သည် လိုအပ်သည့်နေရာတွင် အစေခံရမည်ဖြစ်ကာ၊ အဆုံးတိုင်အောင် အစေခံရမည်ဖြစ်၏။ သင်သည် သစ္စာစောင့်သိသော အစေခံသူတစ်ဦး ဖြစ်နိုင်ပါက၊ အဆုံးထိတိုင်အောင် အစေခံနိုင်၍ ဘုရားသခင်မှ သင့်ကိုပေးအပ်သည့်တာဝန်ကို စုံလင်စွာ ပြီးဆုံးအောင် ပြုလုပ်နိုင်ပါက သင်သည် တန်ဖိုးရှိသော အသက်တာကို ရှင်သန်လိမ့်မည်ဖြစ်သောကြောင့် သင်သည် ဆက်လက်တည်ရှိ နိုင်လိမ့်မည်။ သင်သည် ဘုရားသခင်ကို သိရန် အနည်းငယ် သာ၍အားထုတ်ပါက၊ သင်သည် သာ၍ကြိုးစားပါက၊ သင်၏အားထုတ်မှုများကို နှစ်ဆပြုလုပ်နိုင်ပါက၊ ဘုရားသခင်ကို သိခြင်းအကြောင်း အနည်းငယ်ပြောနိုင်ပါက၊ ဘုရားသခင်အတွက် သက်သေခံနိုင်ပါက၊ ထိုထက်မက သင်သည် ဘုရားသခင်၏အလိုတော် တစ်စုံတစ်ရာကို နားလည်နိုင်ပါက၊ ဘုရားသခင်၏အမှုတွင် ပူးပေါင်းဆောင်ရွက်နိုင်ကာ ဘုရားသခင်၏အလိုတော်ကို အတော်အတန် ဂရုပြုမိပါက ဤအစေခံသူဖြစ်သော သင်သည် အခြေအနေပြောင်းလဲလိမ့်မည်။ ထိုအခြေအနေပြောင်းလဲမှုသည် မည်သည့်အရာဖြစ်မည်နည်း။ သင်သည် ဆက်လက်တည်ရှိရုံသာ မဖြစ်နိုင်တော့ပေ။ သင်၏အပြုအမူနှင့် သင်၏ကိုယ်ပိုင် မျှော်မှန်းချက်များနှင့် လိုက်စားမှုအပေါ် အခြေခံ၍ ဘုရားသခင်သည် သင်အား ရွေးချယ်ခံရသူတစ်ဦးဖြစ်စေမည်။ ဤသည်မှာ သင်၏အခြေအနေ ပြောင်းလဲခြင်းဖြစ်လိမ့်မည်။ အစေခံသူများအတွက် ဤအရာတွင် မည်သည်မှာ အကောင်းဆုံးနည်း။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ရွေးချယ်ခံလူတို့မှ တစ်ဦးဖြစ်နိုင်ခြင်းဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ရွေးချယ်ခံသူများထဲမှ တစ်ဦးဖြစ်လာခဲ့ပါက၊ ဤသည်မှာ ၎င်းတို့သည် မယုံကြည်သူတစ်ဦးကဲ့သို့ တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားရန်မလိုတော့ဟု အဓိပ္ပာယ်ရ၏။ ဤသည်မှာ ကောင်းသလော။ ကောင်းသည့်အပြင် သတင်းကောင်းလည်း ဖြစ်၏။ အစေခံသူများကို ပုံသွင်း၍ရသည်ဟု ဆိုလိုခြင်းဖြစ်၏။ ဘုရားသခင်သည် အစေခံသူတစ်ဦးအား အစေခံရန် ခွဲခန့်မှတ်သားသည့်အခါ ထိုသူသည် ထာဝရအစေခံမည်ဟူသော သဘောဖြစ်၏။ ဤသို့ သေချာပေါက် မဟုတ်ပေ။ ထိုသူ၏ တစ်ဦးခြင်း အပြုအမူအရ ဘုရားသခင်သည် ၎င်းအား ကွဲပြားစွာ ကိုင်တွယ်၍ သူ့အား ကွဲပြားစွာ ဖြေကြားမည် ဖြစ်သည်။

သို့ရာတွင် အဆုံးတိုင်အောင် အစေမခံနိုင်သောသူများ ရှိကြ၏။ ၎င်းတို့အစေခံစဉ်အတွင်း လမ်းတစ်ဝက်တွင် အရှုံးပေးကာ ဘုရားသခင်အား စွန့်ခွာသူများရှိကြ၏။ မကောင်းသောအရာများစွာ ပြုလုပ်သူများရှိကြကာ ဘုရားသခင်၏ အမှုကို ကြီးမားစွာအန္တရာယ်ပြု၍ ကြီးမားစွာ ထိခိုက်စေသူများပင် ရှိ၏။ ဘုရားသခင်အား ကျိန်ဆဲသည့် အစေခံသူများပင် စသည်ဖြင့် ရှိ၏။ ထို့ကြောင့် ဤသို့ ပြုပြင်၍ မရသောအကျိုးဆက်များသည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ဤကဲ့သို့သော မကောင်းသည့် အပြုအမူတစ်ရပ်သည် ၎င်းတို့၏အစေခံမှု အဆုံးသတ်ခြင်းဟု အဓိပ္ပာယ်ရလိမ့်မည်။ သင်အစေခံစဉ်အတွင်း သင်၏အပြုအမူသည် ညံ့ဖျင်းလွန်းသဖြင့်၊ သင်သည် သင့်ကိုယ်သင် လက်ခံနိုင်သည်ထက် ကျော်လွန်သဖြင့်၊ သင်၏အစေခံမှုသည် သတ်မှတ်ထားသည့် အဆင့်အတန်း မပြည့်မီကြောင်း ဘုရားသခင်တွေ့သည့်အခါ သူသည် သင်အစေခံရန် အရည်အချင်းပြည့်မီမှုကို ဖယ်ရှား၍ သင့်ကို အစေခံခွင့်ပြုမည်မဟုတ်ပေ။ သူသည် သင့်အား သူ၏မျက်လုံးများ ရှေ့မှောက်နှင့် ဘုရားသခင်၏ အိမ်တော်မှ ဖယ်ရှားလိမ့်မည်ဖြစ်သည်။ ယင်းမှာ သင်သည် အစေမခံလိုခြင်းဖြစ်သည် မဟုတ်သလော။ သင်သည် မကောင်းမှု အစဉ်ပြုလုပ်လိုသည် မဟုတ်လော။ သင်သည် အစဉ်ပင် သစ္စာမဲ့သည် မဟုတ်လော။ ထိုသို့ဖြစ်ပါက လွယ်ကူသည့်ဖြေရှင်းချက်တစ်ရပ် ရှိသည်။ သင်၏ အစေခံရန်အရည်အချင်းပြည့်မီမှု ဖယ်ရှားခံရမည်။ ဘုရားသခင်အတွက် အစေခံတစ်ဦးထံမှ ၎င်း၏ အစေခံရန်အရည်အချင်းပြည့်မီမှု ဖယ်ရှားခြင်းသည် ဤအစေခံသူ၏အဆုံးကို ကြေညာလိုက်ပြီဟု အဓိပ္ပာယ်ရပြီး ထိုသူတို့သည် ဘုရားသခင်အတွက် အစေခံရန် အရည်အချင်းမီတော့မည် မဟုတ်၊ ဘုရားသခင်သည် ၎င်း၏အစေခံမှုကို မလိုအပ်တော့၊ မည်မျှကောင်းမွန်သော ပြောဆိုမှုများပြုလုပ်သည်ဖြစ်စေ ထိုစကားများသည် အချည်းနှီးသာ ဖြစ်လိမ့်မည်။ ဤအခြေအနေထိရောက်သည့်အခါ ပြန်လည်ပြုပြင်၍ မရတော့ပေ။ ဤကဲ့သို့သော အစေခံသူသည် ပြန်လမ်းရှိလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော အစေခံသူများကို ဘုရားသခင်သည် မည်သို့ကိုင်တွယ်သနည်း။ သူသည် ၎င်းတို့အား အစေခံမှုမှ ရပ်စဲရုံသာပြုသလော။ မဟုတ်ပေ။ သူသည် ၎င်းတို့အား ဆက်လက်တည်ရှိနေခြင်းမှ တားဆီးရုံသာ ပြုသလော။ သို့မဟုတ် သူသည် ၎င်းတို့အား တစ်ဘက်သို့ဖယ်၍ ၎င်းတို့ပြန်လှည့်လာရန် စောင့်သလော။ သူသည် ထိုသို့မပြုပေ။ ဘုရားသခင်သည် အစေခံသူများကို လွန်စွာချစ်လှသည် မဟုတ်သည်မှာ မှန်ပေ၏။ လူတစ်ဦးသည် ဘုရားသခင်ကို အစေခံရာ၌ ဤသို့သော သဘောထားရှိပါက၊ ဤသဘောထား၏ ရလဒ်အနေဖြင့် ဘုရားသခင်သည် ၎င်း၏ အစေခံရန်အရည်အချင်းပြည့်မီမှုကို ဖယ်ရှား၍ မယုံကြည်သူများကြားထဲ နောက်တစ်ကြိမ် ပြန်၍စွန့်ပစ်လိုက်လိမ့်မည်။ မယုံကြည်သူများအကြား ပြန်၍စွန့်ပစ်ခြင်းခံရသော အစေခံသူ၏ ကံကြမ္မာမှာ အဘယ်နည်း။ မယုံကြည်သူများ၏ ကံကြမ္မာနှင့် အတူတူပင်ဖြစ်၏။ တိရစ္ဆာန်အဖြစ် ပြန်ဝင်စားကာ ဝိညာဉ်လောကတွင် မယုံကြည်သူများ၏ အပြစ်ဒဏ်ကို ရရှိခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် ၎င်းတို့၏အပြစ်ဒဏ်တွင် ကိုယ်တိုင်စိတ်ဝင်စားခြင်း ရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်၏အမှုနှင့် ဆက်စပ်မှု တစ်စုံတစ်ရာ ရှိတော့မည် မဟုတ်၍ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည့် ၎င်းတို့၏ဘဝ အဆုံးဖြစ်ရုံသာမက ၎င်းတို့ကိုယ်တိုင်၏ ကံကြမ္မာ၏ အဆုံး၊ ၎င်းတို့ကံကြမ္မာ၏ ကြေညာချက်လည်းဖြစ်သည်။ ထို့ကြောင့် အစေခံသူများသည် ညံ့ဖျင်းစွာ အစေခံပါက၊ ထိုသူတို့သည် အကျိုးသက်ရောက်မှုများကို ၎င်းတို့ကိုယ်တိုင် ခံစားရမည်ဖြစ်သည်။ အစေခံသူတစ်ဦးသည် အဆုံးတိုင်အောင် အစေခံနိုင်စွမ်းမရှိပါက သို့မဟုတ် လမ်းတစ်ဝက်တွင် ၎င်းတို့၏ အစေခံရန် အရည်အချင်းပြည့်မီမှု ဖယ်ရှားခံရလျှင် ထိုသူသည် မယုံကြည်သူများအကြားသို့ ပစ်ထည့်ခြင်း ခံရမည်ဖြစ်ပြီး ထိုသို့ မယုံကြည်သူများအကြားသို့ ပစ်ထည့်ခြင်း ခံရပါက ၎င်းသည် ခြံမွေးတိရစ္ဆာန်များ၊ အသိဉာဏ် သို့မဟုတ် ဆင်ခြင်ဉာဏ်မရှိသော လူများနည်းတူ ကိုင်တွယ်ခံရမည်။ ငါဤသို့ပြောသည့်အခါ သင်တို့နားလည်သည် မဟုတ်လော။

အထက်ပါအရာမှာ ဘုရားသခင်မှ သူရွေးချယ်ထားသူများနှင့် အစေခံသူများ၏ ရှင်ခြင်းနှင့်သေခြင်း သံသရာကို ကိုင်တွယ်ခြင်းဖြစ်၏။ ဤသည်ကို ကြားပြီးနောက် သင်တို့မည်သို့ခံစားရသနည်း။ ငါခုတင်ပြောခဲ့သည့် အကြောင်းအရာ၊ ဘုရားသခင်၏ရွေးချယ်ခြင်းခံရသူများနှင့် အစေခံသူများအကြောင်းကို ငါပြောခဲ့ဖူးသလော။ အကယ်စင်စစ်အားဖြင့် ငါပြောခဲ့ဖူးသည်။ သို့သော် သင်တို့ မမှတ်မိပေ။ ဘုရားသခင်သည် သူ၏ရွေးချယ်ခြင်း ခံရသူများနှင့် အစေခံသူများအပေါ် ဖြောင့်မတ်၏။ အရာခပ်သိမ်း၌ သူသည် ဖြောင့်မတ်သည် မဟုတ်လော။ သင် တစ်စုံတစ်ရာ အပြစ်ရှာနိုင်သည့်နေရာ ရှိသလော။ “ဘုရားသခင်သည် ရွေးချယ်ခံရသူများအပေါ် အဘယ်ကြောင့် သည်းခံလွန်းသနည်း။ ထို့အပြင် သူသည် အစေခံသူများအပေါ် အဘယ်ကြောင့် အနည်းငယ်သာ သည်းခံသနည်း။” ဟု ပြောသူများ ရှိသလော။ တစ်ဦးတစ်ယောက်သည် အစေခံသူများအတွက် ရပ်တည်ပေးရန် ဆန္ဒရှိသလော။ “ဘုရားသခင်သည် အစေခံသူများအား အချိန်ပို၍ပေးနိုင်သလော။ ၎င်းတို့အပေါ် သာ၍ စိတ်ရှည်ရှည်နှင့် သည်းခံနိုင်မည်လော။” ဤစကားများ မှန်သလော။ (မမှန်ပေ။) ၎င်းတို့အဘယ်ကြောင့် မမှန်သနည်း။ (အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် အစေခံသူများဖြစ်စေခြင်းဖြင့် အမှန်တကယ် အခွင့်အရေးပေးခံရခဲ့ပြီးဖြစ်သည်။) အကယ်စင်စစ် အစေခံသူများသည် အစေခံခွင့်ရရှိရုံဖြင့် အခွင့်အရေးပေးခံရပြီးဖြစ်သည်။ “အစေခံသူများ” ဟူသည့် အခေါ်အဝေါ် မရှိဘဲ၊ အစေခံသူများ၏ အလုပ်မရှိဘဲ ဤအစေခံသူများသည် အဘယ်အရပ်တွင် ရှိမည်နည်း။ မယုံကြည်သူများအကြား ခြံမွေးတိရစ္ဆာန်များနှင့် ရှင်လျက်၊ သေလျက်ရှိမည်။ ယနေ့ ၎င်းတို့သည် ကြီးမားလှသော မည်သည့် ကျေးဇူးတော်များ ခံစားကြရသနည်း။ ဘုရားသခင်၏ရှေ့မှောက် လာရောက်ခွင့်ရလျက်၊ ဘုရားသခင်၏အိမ်တော်သို့ လာရောက်ခွင့်ရကြခြင်း ဖြစ်သည်။ ဤသည်မှာ ကြီးမားလွန်းလှသော ကျေးဇူးတော်ပင်ဖြစ်၏။ ဘုရားသခင်သည် သင့်အား အစေခံရန် ဤအခွင့်အရေးကို မပေးပါက သင်သည် ဘုရားသခင်ရှေ့မှောက် လာရောက်ရန် အခွင့်အရေး မည်သည့်အခါမျှ ရခဲ့မည် မဟုတ်ပေ။ အနည်းဆုံးအနေဖြင့်ပြောရလျှင်၊ သင်သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ကာ ပေါက်မြောက်မှုကို ရရှိထားပြီး ဖြစ်လျှင်ပင်၊ အများဆုံးအနေဖြင့် သင်သည် ဝိညာဉ်လောကတွင် လက်တိုလက်တောင်းလုပ်ရသူ တစ်ဦးသာဖြစ်၏။ သင်သည် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ တွေ့ရမည်မဟုတ်၊ သူ၏အသံ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို ကြားရမည်မဟုတ်၊ သို့မဟုတ် သူ၏ချစ်ခြင်းမေတ္တာနှင့် ကောင်းချီးမင်္ဂလာများကို ခံစားရမည်မဟုတ်သကဲ့သို့၊ သင်သည် သူနှင့် မျက်နှာချင်းဆိုင်လာရဖို့ မည်သည့်အခါမျှ ဖြစ်နိုင်မည် မဟုတ်ပေ။ ဗုဒ္ဓဘာသာဝင်များ ရှေ့မှောက်တွင် ရှိသည့်တစ်ခုတည်းသောအရာမှာ ရိုးရှင်းသည့် အလုပ်တာဝန်များသာ ဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်အားသိရန် မဖြစ်နိုင်ဘဲ ဆင်ကန်းတောတိုး လိုက်နာ၍ နာခံရုံသာ ဖြစ်နိုင်သည်။ အစေခံသူများမှာမူ အမှု၏ဤအဆင့်အတွင်း များစွာရရှိကြ၏။ ပထမအနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏အသံကို ကြားရန်၊ သူ၏နှုတ်ကပတ်တော်များကို ကြားရန်နှင့် လူတို့အား သူပေးသည့် ကျေးဇူးတော်များနှင့် ကောင်းချီးမင်္ဂလာများကို တွေ့ကြုံခံစားနိုင်ရန် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် နိုင်ကြပေသည်။ ထို့အပြင် ထိုသူတို့သည် ဘုရားသခင်မှပေးသည့် နှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို မွေ့လျော်နိုင်ကြ၏။ ၎င်းတို့သည် အကယ်စင်စစ်ပင် မြောက်မြားစွာရရှိကြ၏။ ထို့ကြောင့် အစေခံသူတစ်ဦးအနေဖြင့် သင်သည် သင့်တော်သည့် ကြိုးပမ်းအားထုတ်မှုပင် မပြုနိုင်ပါက ဘုရားသခင်သည် သင့်ကို ဆက်လက်ထားရှိမည်လော။ သူသည် သင့်ကို မထားရှိနိုင်ပေ။ သင့်အပေါ် များစွာသောတောင်းဆိုမှု မပြုသော်လည်း သင်သည် သူတောင်းဆိုသည့် မည်သည့်အရာကိုမျှ သင့်တော်စွာ မပြုလုပ်ပေ၊ သင်သည် သင်၏တာဝန်ကို စောင့်ထိန်းခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်သည် သင့်ကို မထားနိုင်သည်မှာ သံသယရှိဖွယ် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်သည်။ အလိုမလိုက်သော်လည်း သူသည် သင့်အပေါ် ခွဲခြားဆက်ဆံခြင်း မရှိပေ။ ဤသည်မှာ ဘုရားသခင် ပြုမူမှုများ၏ အခြေခံသဘောတရားများဖြစ်၏။ ဘုရားသခင်သည် လူများနှင့် သတ္တဝါများအားလုံးအပေါ် ဤသို့ပြုမူ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၅၆

သိပ္ပံကို လေ့လာကာ လျှို့ဝှက်ဆန်းကြယ်မှုများကို စူးစမ်းချင်သော လူသား၏ သိချင်စိတ်ပြင်းပြမှု၊ လူသား၏ဆန္ဒကို ဖြည့်ဆည်းပေးရန် စာတန်သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၂

ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ကမ္ဘာဦးကျမ်း ၁၇:၄-၆ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၁

ဘုရားသခင်သည် မယုံကြည်သူများ၏ ရှင်ခြင်းနှင့်သေခြင်း သံသရာအတွက် အလွန်ပင် အမှားမခံဘဲ တင်းကျပ်သော စစ်ဆေးမှုများနှင့် စီမံအုပ်ချုပ်မှု ရှိသည်ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၈

ယေရှုအပေါ် ဖာရိရှဲတို့၏ ဝေဖန်အကဲဖြတ်ခြင်း ရှင်မာကု ၃:၂၁-၂၂ ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။