ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၂

လူအများကြား ဘုရားသခင်၏ အလုပ်တွင် လူသည် ဤအလုပ်၏ ပြုလုပ်ခံရသူဖြစ်ပြီး၊ ဘုရားသခင်ကို သက်သေခံနိုင်သည့် ဘုရားသခင် ဖန်ဆင်းထားသည့် တစ်ခုတည်းသော သတ္တဝါ ဖြစ်သောကြောင့် ထိုအလုပ်နှင့် လူသည် ခွဲ၍ မရပေ။ လူ၏ အသက်တာနှင့် လူ၏ လှုပ်ရှားမှုအားလုံးသည် ဘုရားသခင်နှင့် ခွဲ၍မရဘဲ ဘုရားသခင်၏ လက်များက အားလုံးကို ထိန်းချုပ်ထားကာ ဘုရားသခင်နှင့် ကင်းကွာပြီး မည်သည့် ပုဂ္ဂိုလ်မျှ မတည်ရှိနိုင်ဟုပင် ပြောနိုင်သည်။ ယင်းသည် အချက်အလက်အမှန်ဖြစ်၍ မည်သူမျှ ယင်းကိုမငြင်းနိုင်။ ဘုရားသခင်လုပ်ဆောင်သမျှ အလုံးစုံသည် လူသားအကျိုးအတွက် ဖြစ်ပြီး၊ စာတန်၏ အကြံအစည်များကို ဦးတည်သည်။ လူ၏ လိုအပ်ချက်အားလုံးသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်သည် လူသား၏ အသက်တာအတွက် အရင်းအမြစ်ဖြစ်သည်။ သို့ဖြစ်ရာ လူသည် ရိုးရှင်းစွာပင် ဘုရားသခင်မှ ခွဲထွက်နိုင်ခြင်း မရှိပေ။ ထို့အပြင် ဘုရားသခင်တွင်လည်း လူသားနှင့်ခွဲရန် မည်သည့်အခါမျှ ရည်ရွယ်ချက် မရှိခဲ့ပေ။ ဘုရားသခင် လုပ်ဆောင်သော အလုပ်သည် လူသားမျိုးနွယ်အားလုံးအကျိုးအတွက်ဖြစ်ပြီး သူ၏ ကြံစည်ချက်များမှာ အစဉ်အမြဲ ကြင်နာမှုရှိသည်။ လူအတွက် ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ အကြံအစည် (ယင်းမှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်) နှစ်ခုစလုံးတို့သည် လူတို့သိသင့်သော “ရူပါရုံများ” ဖြစ်သည်။ ယင်းရူပါရုံများသည်လည်း ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်ပြီး လူသားတို့ လုပ်နိုင်စွမ်းမရှိသော အလုပ်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ အလုပ်လုပ်ဆောင်ချိန်တွင် လူသားအပေါ် ဘုရားသခင်ထားရှိသည့် သတ်မှတ်ချက်များကို လူ၏ “လက်တွေ့လုပ်ဆောင်မှု” ဟု ခေါ်သည်။ ရူပါရုံများသည် ဘုရားသခင် ကိုယ်တော်တိုင်၏အလုပ် သို့မဟုတ် လူသားများအပေါ် သူ၏ အလိုတော် သို့မဟုတ် သူ့အလုပ်၏ ရည်ရွယ်ချက်များနှင့် ထင်ရှားချက်များ ဖြစ်သည်။ ဤစီမံခန့်ခွဲမှုသည် ဘုရားသခင်၏ အလုပ်ဖြစ်သဖြင့် ရူပါရုံများကို စီမံခန့်ခွဲမှု၏ အစိတ်အပိုင်းဖြစ်သည်ဟုလည်း ပြောနိုင်ပြီး ထိုရူပါရုံများသည် လူသားအတွက် ရည်ရွယ်သည်။ ဆိုလိုသည်မှာ ယင်းအလုပ်သည် ဘုရားသခင်က လူအများကြားတွင် လုပ်သော အလုပ်ဖြစ်သည်။ ဤအလုပ်သည် ဘုရားသခင်ကို လူက သိလာသော အထောက်အထားနှင့် လမ်းကြောင်းဖြစ်ပြီး လူအတွက် အရေးအကြီးဆုံးလည်း ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် အသိပညာကို အာရုံစိုက်မည့်အစား ဘုရားသခင်ကို ယုံကြည်မှုနှင့်ပတ်သက်သည့် အယူဝါဒများ သို့မဟုတ် လုံးဝအရေးမကြီးသော အသေးစိတ်များကိုသာ အာရုံစိုက်ကြမည်ဆိုပါက သူတို့သည် အကယ်ပင် ဘုရားသခင်ကို သိကြမည်မဟုတ်ဘဲ၊ ထိုမျှသာမက ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း ညီညွတ်ကြမည်မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်သည် ဘုရားနှင့်ပတ်သက်သော လူ၏ အသိပညာကို အလွန်အထောက်အကူပြုပေးပြီး ယင်းကို ရူပါရုံများဟု ခေါ်သည်။ ယင်းရူပါရုံများသည် ဘုရားသခင်၏ အလုပ်၊ ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင် အလုပ်၏ ရည်မှန်းချက်များနှင့် ထင်ရှားချက်များဖြစ်သည်။ ယင်းတို့ အားလုံးသည် လူကို အကျိုးကျေးဇူး ရှိစေသည်။ လက်တွေ့လုပ်ဆောင်မှုဆိုသည်မှာ လူလုပ်သင့်သောအရာ၊ ဘုရားသခင်နောက်လိုက်သော သတ္တဝါများ လုပ်သင့်သောအရာကို ဆိုလိုသည်။ ယင်းမှာ လူ၏ တာဝန်လည်း ဖြစ်သည်။ လူသား လုပ်သင့်သော အရာသည် အစဦးကတည်းက လူသား နားလည်ခဲ့သော အရာမဟုတ်ဘဲ ဘုရားသခင်က သူ၏အလုပ်အတွင်း လူသားအပေါ် ထားရှိသော သတ်မှတ်ချက်များ ဖြစ်သည်။ ယင်းသတ်မှတ်ချက်များသည် တဖြည်းဖြည်း နက်ရှိုင်းလာပြီး ဘုရားသခင် အလုပ်လုပ်သည်နှင့်အမျှ ပို၍မြင့်မားလာခဲ့သည်။ ဥပမာ၊ ပညတ်တော်ခေတ်တွင် လူသည် ပညတ်တော်ကို လိုက်နာရပြီး ကျေးဇူးတော်ခေတ်တွင် လူသားသည် လက်ဝါးကပ်တိုင်ကို ထမ်းခဲ့ရသည်။ နိုင်ငံတော်ခေတ်တွင်မူ ကွာခြားသည်။ လူသားအပေါ် သတ်မှတ်ချက်များသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်များအတွင်းကထက် ပိုမိုမြင့်မားသည်။ ရူပါရုံများသည် ပိုမို မြင့်မားလာသည်နှင့်အမျှ၊ လူသားအပေါ် သတ်မှတ်ချက်များသည်လည်း ပိုမြင့်လာပြီး ယခင်ကနှင့် မတူအောင်ရှင်းလင်းလာကာ ပို၍စစ်မှန်လာသည်။ အလားတူပင် ရူပါရုံများသည်လည်း တိုး၍ စစ်မှန်လာသည်။ ယင်းစစ်မှန်သော ရူပါရုံ အများအပြားသည် လူသား၏ ဘုရားသခင်အား နာခံခြင်းကို အားဖြည့်ပေးရုံသာမက၊ ဘုရားသခင်နှင့်ပတ်သက်သော သူ၏ အသိပညာကိုလည်း ပိုမို အားဖြည့်ပေးသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၉

စမ်းသပ်မှုများ နောက်ပိုင်းမှ ယောဘ ယောဘ ၄၂:၇-၉ ထိုသို့ ယေဟောဝါက ယောဘကို ဤစကားများ မိန့်တော်မူပြီးလျှင်၊ တေမန်လူမျိုး ဧလိဖတ်အား ယေဟောဝါက၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၅၁

လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က လူမှုခေတ်ရေစီးကြောင်းများကို အသုံးပြုပုံ လူမှုခေတ်ရေစီးကြောင်းများက မည်သည့်အချိန်တွင် စတင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၀

ယနေ့တွင် အချို့ သောသူတို့သည် ဘုရားသခင် အသုံးပြုခြင်းကို ခံရရန် ကြိုးစားကြသည်၊ သို့သော် သိမ်းပိုက်ခံရပြီးနောက် သူတို့အား တိုက်ရိုက်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၃၇

သင်တို့အထဲတွင် ငါသည် ဤနည်းကဲ့သို့ စကားပြောပြီးပြီ၊ အလုပ်လုပ်ဆောင်ပြီးပြီ၊ များစွာသော ခွန်အားနှင့် အားထုတ်ကြိုးစားမှုများလည်း ပြုပြီ၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။