ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၇
လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က အသိပညာကို အသုံးပြုပုံ အသိပညာသည် အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် အယောက်တိုင်း စဉ်းစားသည့်အရာတစ်ခု...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
လူသားတို့ ချို့ယွင်းသည့်အရာမှာ ဝိညာဉ်ရေးရာ အသက်တာ၏ ထောက်မခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၏ အတွေ့အကြုံသာ မကဘဲ ထို့ထက်ပိုအရေးကြီးသည်မှာ ၎င်းတို့၏ စိတ်သဘောထား အတွင်း ပြောင်းလဲမှုများပင် ဖြစ်ကြောင်းကို နားလည် သဘောပေါက်ရန် လူသားသည် ယနေ့ထိတိုင် အချိန်ယူခဲ့ရသည်။ လူသားမျိုးနွယ်၏ သမိုင်းနှင့် ရှေးဟောင်းယဉ်ကျေးမှုတို့ကို လူသား၏ လုံးဝ မသိနားမလည်မှုကြောင့် ၎င်းတို့သည် ဘုရားသခင်၏ အမှုနှင့် ပတ်သက်၍ အသိပညာ စိုးစဉ်းမျှ မရှိကြ။ လူသားသည် ဘုရားသခင်နှင့် ဆက်သွယ်မှု ရှိနိုင်ရန် သူ၏စိတ်နှလုံးသား နက်ရှိုင်းရာ၌ မျှော်လင့်သော်လည်း လူ့ဇာတိပကတိ၏ လွန်ကဲသော ယိုယွင်းပျက်စီးမှု၊ ထုံထိုင်းမှုနှင့် အကင်းမပါးမှုတို့ကြောင့် လူသားသည် ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှ မရှိသည့် အဖြစ်သို့ ယုတ်လျော့သွားသည်။ လူသားတို့၏ အတွေးများနှင့် ဝိညာဉ်များ အပါအဝင် ၎င်းတို့ နှလုံးသားများထဲ၌ နှစ်ပေါင်းထောင်ချီ ရှိနေခဲ့သည့် ဘုရားသခင်၏ ပုံရိပ်ကိုပါ ပုံသဏ္ဌာန် ပြောင်းလဲရန် ရည်ရွယ်ချက်ဖြင့် ဘုရားသခင်သည် လူသားအကြား ယနေ့ဆင်းကြွလာသည်။ ဤအခွင့်အရေးမှ တစ်ဆင့် ဘုရားသခင်သည် လူသားကို စုံလင်စေခြင်းငှာ ပြုလိမ့်မည်။ တစ်နည်းအားဖြင့် ဆိုရလျှင် လူသား၏ အသိပညာမှတစ်ဆင့် ဘုရားသခင်သည် ၎င်းတို့ သူ့ကို သိကျွမ်းလာသည့် နည်းလမ်းနှင့် ၎င်းတို့ သူ့အပေါ် ထားရှိသော သဘောထားကို ပြောင်းလဲမည်ဖြစ်သည်၊ ထိုသို့အားဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အသိပညာသည် စင်ကြယ်သော အနေအထားမှ စတင်နိုင်ရန်ဖြစ်ပြီး ၎င်းတို့၏ နှလုံးသားများသည် ဤနည်းနှင့် အသစ်ပြုပြင်ခြင်း ခံရ၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ရန်ဖြစ်သည်။ ကိုင်တွယ် ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းသည် နည်းလမ်းများဖြစ်ပြီး သိမ်းပိုက်ခြင်းနှင့် အသစ်ပြုပြင်ခြင်းတို့မှာ ပန်းတိုင်များ ဖြစ်သည်။ မရေရာသော ဘုရားသခင်နှင့် ပတ်သက်၍ လူသား စွဲကိုင်ထားသော အယူသီးသည့် အတွေးများကို ပပျောက်စေခြင်းမှာ ဘုရားသခင်၏ ထာဝရ ရည်ရွယ်ချက် ဖြစ်ပြီး မကြာသေးမီ အချိန်ကပင် သူ့အတွက် ထိုရည်ရွယ်ချက်သည် အလောသုံးဆယ် ကိစ္စဖြစ်လာခဲ့သည်။ လူတိုင်းသည် ဤကိစ္စကို ဆင်ခြင်ကြရာတွင် ရေရှည်အမြင် ရှိနိုင်ပါမည်လော။ ဘုရားသခင်၏ ဤအရေးတကြီး ရည်ရွယ်ချက်သည် မကြာမီ ပြီးစီးနိုင်ရန်နှင့် ကမ္ဘာမြေကြီး ပေါ်ရှိ ဘုရားသခင် အမှု၏ နောက်ဆုံးအဆင့်သည် အသီးအပွင့်ဖြစ်ထွန်းသော နိဂုံးသို့ ရောက်ရှိနိုင်ရန် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ တွေ့ကြုံခံစားပုံကို ပြောင်းလဲပါ။ သင်တို့ပြုသင့်သည့်အတိုင်း သင်တို့၏ သစ္စာ စောင့်သိခြင်းကို ပြပြီး နောက်ဆုံးအကြိမ်အနေနှင့် ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်ပါ။ ညီအစ်ကို မောင်နှမများထဲမှ မည်သူကမျှ ဤဝတ္တရားကို ခေါင်းရှောင်မည် မဟုတ် သို့မဟုတ် စိတ်မပါဘဲနှင့် လုပ်မည် မဟုတ်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် ဤအကြိမ်တွင် ဖိတ်ခေါ်ချက်အရနှင့် လူသား၏အခြေအနေကို ထောက်ရှု၍ လူ့ဇာတိထဲသို့ ဆင်းကြွလာသည်။ တစ်နည်းအားဖြင့် ဆိုလျှင် သူသည် လူသားကို လိုအပ်သော အရာနှင့် ဖြည့်စွမ်းပေးရန် ကြွလာခြင်း ဖြစ်သည်။ သူသည် လူသားတိုင်းကို မည်သို့သော အရည်အသွေး သို့မဟုတ် မျိုးရိုးဖြစ်သည် ဖြစ်ပါစေ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မြင်နိုင်စေမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်မှ ဘုရားသခင်၏ တည်ရှိမှုနှင့် ထင်ရှားမှုကို မြင်ပြီး ၎င်းတို့အတွက် ဘုရားသခင်၏ စုံလင်စေမှုကို လက်ခံနိုင်စေမည်။ သူ၏ နှုတ်ကပတ်တော်သည် လူသား၏ အတွေးများနှင့် အယူအဆ များကို ပြောင်းလဲလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ဘုရားသခင်၏ စစ်မှန်သော မျက်နှာတော်သည် လူ့နှလုံး၏ နက်ရှိုင်းရာ အရပ်များထဲ၌ ခိုင်မြဲစွာ အမြစ်တွယ်စေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော အလို ဖြစ်သည်။ လူသား၏ စရိုက်သဘာဝသည် မည်မျှပင် ကြီးမြတ်နေပါစေ၊ လူသား၏ အနှစ်သာရသည် မည်မျှပင် ညံ့ဖျင်းနေပါစေ သို့မဟုတ် လူသားသည် အတိတ်တွင် မည်ကဲ့သို့ပင် လုပ်ဆောင်ခဲ့ပါစေ ဘုရားသခင်သည် ထိုအရာများကို အလေးမထား။ လူသားကို ၎င်းတို့၏ နှလုံးသားများထဲရှိ ဘုရားသခင်၏ ပုံရိပ်ကို လုံးလုံးလျားလျား အသစ်ပြုပြင်စေရန်နှင့် လူသားမျိုးနွယ်၏ အနှစ်သာရကို သိကျွမ်း လာစေရန်သာ သူမျှော်လင့်သည်၊ ထိုသို့ဖြင့် လူသား၏ အတွေးအမြင် သဘောတရားဆိုင်ရာ အမြင်သည် ပြောင်းလဲသွားမည် ဖြစ်သည်။ လူသားသည် ဘုရားသခင်ကို နက်ရှိုင်းစွာ တောင့်တနိုင်ရန် သူမျှော်လင့်ပြီး သူနှင့် ထာဝရ တည်သော သံယောဇဉ် ရှိနိုင်ရန်သာ သူမျှော်လင့်သည်။ ဤသည်မှာ လူသားကို ဘုရားသခင် တောင်းဆိုသော အရာအားလုံးပင် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က အသိပညာကို အသုံးပြုပုံ အသိပညာသည် အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် အယောက်တိုင်း စဉ်းစားသည့်အရာတစ်ခု...
ခရစ်တော်၏အလုပ်နှင့် ဖော်ပြမှုတို့က သူ၏ဂုဏ်ဒြပ်ကို သတ်မှတ်ပေးသည်။ ခရစ်တော်သည် မိမိအား တာဝန်ပေးစေခိုင်းထားသည့် အရာကို စစ်မှန်သော...
ဘုရားသခင်သည် သူ၏သာမန်လူ့သဘာဝကို ပြည့်စုံစေဖို့ မြေကြီးပေါ်သို့ ကြွလာခြင်းမဟုတ်ပါ။ သူသည် သာမန်လူ့သဘာဝ၏အလုပ်ကို လုပ်ဆောင်ရန် မဟုတ်ဘဲ၊...
လက်တွေ့တွင်၊ ပညတ်တော်များကို စောင့်ထိန်းခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်နွှယ်နေသင့်ပေသည်။ ပညတ်တော်များကို...