ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၅

နောက်ဆုံးသော ကာလရှိ ဘုရားသခင်၏ အလုပ်မှာ စိတ်ဒဏ်ရာ ကြီးမားစွာ ခံစားခဲ့ရသော ၎င်းတို့၏ နှလုံးသားသည် ပြန်လည် ပုံသွင်းခြင်း ခံရပြီး နတ်ဆိုး၏ အကြီးအကျယ် ထိခိုက်နစ်နာစေခြင်း ခံခဲ့ရသော ၎င်းတို့၏ ဝိညာဉ်သည် ကယ်နှုတ်ခြင်း ခံခဲ့ရသည်အထိ လူပုဂ္ဂိုလ် တစ်ဦးချင်းစီတိုင်း၏ ဝိညာဉ်ကို ပြုပြင်ရန်၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီတိုင်း၏ ဝိညာဉ်ကို ပြောင်းလဲစေရန် ဖြစ်သည်ဟု ကြိမ်ဖန်များစွာ ငါပြော ခဲ့ပြီ၊ ယင်းအလုပ်မှာ လူတို့၏ ဝိညာဉ်များကို နိုးကြားစေရန်၊ ၎င်းတို့၏ အေးစက်သော နှလုံးသားများကို အရည်ပျော်ကျစေရန်နှင့် ၎င်းတို့အား ပြန်လည် နုပျိုခွင့် ပြုရန် အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အကြီးမြတ်ဆုံးသော အလိုပင် ဖြစ်သည်။ လူသား၏ အသက်တာနှင့် အတွေ့အကြုံများသည် မည်မျှ မြင့်မားသည်၊ သို့မဟုတ် မည်မျှ လေးနက်သိမ်မွေ့သည် ဆိုသည်အား ဘေးချိတ်ထားပါ။ လူတို့၏ နှလုံးသား များသည် နိုးကြားစေခြင်း ခံရပြီးသောအခါ၊ ၎င်းတို့၏ အိပ်မက်များမှ နိုးထစေခြင်း ခံရပြီး အဆင်းနီသော နဂါးကြီးမှ ပြုလုပ်ဖြစ်ပေါ်စေသည့် အန္တရာယ်ကို ပြည့်စုံ ကောင်းမွန်စွာ သိလာသောအခါ ဘုရားသခင် အမှုတော်၏ အလုပ်သည်ပြီးစီးပြီး ဖြစ်နေပေလိမ့်မည်။ ဘုရားသခင်၏အလုပ် ပြီးဆုံးသွားသော နေ့ရက်သည် လူသားမှာ ဘုရားသခင်အား ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်၌ တရားဝင် စတင်သောနေ့ရက်လည်း ဖြစ်သည်။ ယခုအချိန်တွင် ဘုရားသခင်၏ အမှုတော်မှာ အဆုံးသတ်ခဲ့ပြီး ဖြစ်လိမ့်မည်။ ဘုရား သခင်၏ လူ့ဇာတိခံယူသော အလုပ်သည် လုံးလုံး ပြီးဆုံးသွား ခဲ့ပြီး ဖြစ်ပြီး လူသားသည် သူထမ်းဆောင် သင့်သည့် တာဝန်ကို တရားဝင် စတင်ထမ်းဆောင် လိမ့်မည်— လူသားသည် သူ၏ အမှုတော်ကို ထမ်းဆောင် လိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင် အလုပ်၏ အဆင့်များ ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဤအရာများ ကို သိခြင်းအပေါ် အခြေခံ၍ သင်တို့၏ ဝင်ရောက်ရန် လမ်းကြောင်းကို စမ်းတဝါးဝါး ရှာသင့်သည်။ ဤအရာအားလုံးသည် သင်တို့ နားလည်သင့်သည့် အရာများ ဖြစ်သည်။ လူသား၏ ဝင်ရောက်ခြင်းသည် သူ၏ နှလုံးသား နက်ရှိုင်းရာအတွင်း အပြောင်းအလဲများ ဖြစ်ပွားသောအခါမှသာလျှင် တိုးတက်ပေ လိမ့်မည်၊ အကြောင်းမှာ ဘုရားသခင်၏ အလုပ်သည်- ရွေးနှုတ်ခံရပြီးသော်လည်း အမှောင် စွမ်းအားများ၏ အောက်တွင် နေထိုင်လျက်ရှိသေးပြီး မိမိကိုယ်မိမိ လုံးဝနိုးထစေခြင်း မရှိသော မာရ်နတ်များ စုဝေးရာဤအရပ်မှ- လူသားအား ပြီးပြည့်စုံစွာ ကယ်တင်ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် နှစ်ပေါင်းထောင်ချီသည့် အပြစ်မှ လွတ်မြောက်ခြင်း ခံရပြီး ဘုရားသခင်၏ ချစ်မြတ်နိုးခြင်း ခံရရန်ဖြစ်သည်၊ အဆင်းနီသော နဂါးကြီးကို လုံးလုံး အလဲထိုးကာ ဘုရားသခင်၏ နိုင်ငံတော်ကို တည်ထောင်ပြီး ဘုရားသခင်၏ စိတ်နှလုံးသည် ဆောလျင်စွာ အနားယူနိုင်စေရန်ဖြစ်သည်၊ ယင်းသည် သင်တို့၏ ရင်ဘတ်ကို ဖောင်းကြွစေသော အမုန်းတရားကို ခြွင်းချန်ခြင်း မရှိဘဲ ဖွင့်ချပြောဆိုရန်၊ ထိုမှိုတက် နေသော ရောဂါပိုးများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန်၊ နွားထီး သို့မဟုတ် မြင်းတစ်ကောင်၏ ဘဝနှင့် ကွာခြားခြင်းမရှိသည့် ဤအသက်တာကို သင်တို့ စွန့်ခွာနိုင်ရန်၊ ကျွန်အဖြစ် ထပ်ဖြစ်မနေတော့ရန်၊ အဆင်းနီသော နဂါးကြီး၏ စိတ်ကြိုက် နင်းခြေခြင်းနှင့် အမိန့်ပေးစေခိုင်းခြင်းကို မခံရတော့ရန် ဖြစ်သည်။ သင်တို့ သည် ဤကျရှုံးသော တိုင်းနိုင်ငံနှင့် သက်ဆိုင်တော့မည် မဟုတ်၊ သင်တို့သည် ကောက်ကျစ်ယုတ်မာသည့် အဆင်းနီသော နဂါးကြီးနှင့်လည်း သက်ဆိုင်တော့မည် မဟုတ်၊ သင်တို့သည် ၎င်း၏ ကျွန်ပြုခြင်းလည်း ခံရတော့မည် မဟုတ်။ မာရ်နတ်၏ အသိုက်သည် ဘုရားသခင်၏ အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး သင်တို့သည် ဘုရားသခင်၏ နံဘေးတွင် ရပ်တည်ရကြလိမ့်မည်— သင်တို့သည် ဘုရား သခင်နှင့် သက်ဆိုင်ကြပြီး ဤကျွန်များ၏ အင်ပါယာနှင့် သက်ဆိုင်ခြင်းမရှိပေ။ ဘုရားသခင်သည် ကြာမြင့်စွာ ကတည်းက ဤအမိုက်မှောင် လူမှုအဖွဲ့အစည်းကို သူ၏ အရိုးများထိတိုင်အောင် ရွံရှာနေခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် အံသွားခဲကြိတ်လျက် ဤဆိုးညစ်၍ ကောက်ကျစ်ယုတ်မာကာ အိုသော မြွေအပေါ် သူ၏ ခြေအား အင်မတန်မှပင် ချချင်နေလေသည်၊ ထိုသို့အားဖြင့် ယင်းမြွေသည် မည်သည့်အခါမျှ ပြန်လည် ထကြွခြင်း မပြုရန်နှင့် လူသားအား နောက်တစ်ဖန် မည်သည့်အခါမျှ နှိပ်စက်ညှဉ်းပန်းခြင်း မပြုရန် ဖြစ်သည်။ ဘုရားသခင်သည် ၎င်းမြွေ၏ အတိတ်က လုပ်ရပ်များကို လွတ်ငြိမ်းခွင့် ပေးမည်မဟုတ်၊ လူသားအား ၎င်း၏ လှည့်ဖြားမှုကို သည်းခံလိမ့်မည် မဟုတ်၊ ခေတ်ကာလများ တစ်လျှောက်မှ ၎င်း၏ အပြစ်များ တစ်ခုချင်းစီ တိုင်းအတွက် ဆပ်ပေးစေလိမ့်မည်။ ဘုရားသခင်သည် ဆိုးညစ်မှုအားလုံး၏ ဤခေါင်သူကြီးအား စိုးစဉ်းမျှပင် အသက်ရှူချောင်ခွင့် ပေးလိမ့်မည်မဟုတ်၊ သူသည် ၎င်းကို ရှင်းရှင်း ဖျက်ဆီးပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၆

ယောဘနှင့်ပတ်သက်၍ လူတို့၏ များစွာသော နားလည်မှုလွဲမှားခြင်းများ ယောဘခံစားခဲ့ရသည့် ဆင်းရဲဒုက္ခသည် ဘုရားသခင် စေလွှတ်ခဲ့သော တမန်များ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၀

ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင်၏ ရည်ရွယ်ချက်များနှင့် အမြင်များကို မှန်ကန်စွာ စနစ်တကျ ထားရှိဖို့ လိုအပ်၏။ သင်သည် ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၇

ယုဒပြည်၌ ယေရှုအမှုထမ်းခဲ့ချိန်တွင် ပွင့်လင်းစွာ သူပြုခဲ့သည်၊ သို့သော် ယခုမူ ငါသည် သင်တို့ကြားထဲတွင် လျှို့ဝှက်စွာ အလုပ်လုပ်၍ စကားပြောသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၇

သူ၏ အနှစ်ခြောက်ထောင် အမှုကို လက်ရှိအချိန်အထိ ဆောင်ရွက်ပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် သူ၏ ဆောင်ရွက်ချက် များစွာကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။