ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၂၄

နိုင်ငံတော်အား အရိုအသေပေးခြင်းသည် မြည်ဟီးလေသောအခါ ယင်းသည် မိုးချုန်းသံ ခုနှစ်ချက် မြည်ဟီးသည့် အချိန်လည်း ဖြစ်သည်။ ဤအသံသည် ကောင်းကင်နှင့် မြေကြီးကို ပြင်းစွာတုန်လှုပ်စေပြီး အမြင့်ဆုံးသော ကောင်းကင်ဘုံကို လှုပ်ခါစေကာ လူသတ္တဝါတိုင်း၏ အသည်းညှာကို တုန်ခါစေသည်။ နိုင်ငံတော်အတွက် နိုင်ငံတော်သီချင်းသည် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် တခမ်းတနား ပေါ်လာပြီး ငါသည် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံကို ဖျက်ဆီးခဲ့ပြီးနောက် ငါ၏ နိုင်ငံတော်ကို တည်ထောင်ခဲ့ပြီးဖြစ်ကြောင်းကို သက်သေပြသည်။ သာ၍ အရေးကြီးသည်မှာ ငါ၏နိုင်ငံတော်သည် ကမ္ဘာ မြေကြီးပေါ်၌ တည်ထောင်ခဲ့ပြီးဖြစ်သည်။ ယခုအခိုက်အတန့်တွင် ငါ၏သားများ၊ ငါ၏လူများကို ထိန်းကျောင်းစေခြင်းငှာ ငါ၏ကောင်းကင်တမန်များကို လောကကြီး၏ တိုင်းနိုင်ငံခပ်သိမ်းထံသို့ ငါသည် စတင်၍ စေလွှတ်နေသည်၊ ဤသည်မှာ ငါ့အလုပ် နောက်တစ်ဆင့်၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်လည်း ဖြစ်သည်။ သို့သော်လည်း ငါသည်ကား အဆင်းနီသော နဂါးကြီးနှင့် တိုက်ပွဲဆင်နွှဲရန် ၎င်းခွေလျက် လဲလျောင်းနေရာ အရပ်သို့ ကိုယ်တိုင်ကိုယ်ကျ သွား၏။ လူသားမျိုးနွယ်အားလုံးသည် ဇာတိပကတိထဲမှ ငါ့ကို သိလာသောအခါနှင့် ဇာတိပကတိအထဲရှိ ငါ၏ လုပ်ဆောင်ချက်များကို မြင်တွေ့လာနိုင်သောအခါ အဆင်းနီသော နဂါးကြီး၏ သားရဲတွင်းသည် ပြာပုံအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကာ ခြေရာလက်ရာ မကျန်ဘဲ ပျောက်ကွယ်သွားလိမ့်မည်။ ငါ့နိုင်ငံတော်၏ လူများအနေဖြင့် သင်တို့သည် အဆင်းနီသော နဂါးကြီးကို သင်တို့၏ အရိုးများထဲမှပင် စက်ဆုပ်ရွံရှာကြသောကြောင့် သင်တို့သည် ငါ၏နှလုံးသားကို သင်တို့၏ လုပ်ရပ်များနှင့် ကျေနပ်စေရမည် ဖြစ်ပြီး ဤနည်းလမ်းအားဖြင့် နဂါးအား အရှက်ရစေရမည်။ အဆင်းနီသော နဂါးကြီးသည် အမုန်းတရားနှင့် ပြည့်နေသည်ဟု သင်တို့သည် အမှန်တကယ် ခံစားရသလော။ ၎င်းမှာ နိုင်ငံတော် ရှင်ဘုရင်၏ ရန်သူဖြစ်သည်ဟု သင်တို့သည် အမှန်တကယ် ခံစားရသလော။ သင်တို့သည် ငါ့အတွက် အံ့သြဖွယ် သက်သေခံနိုင်သည်ဟု ယုံကြည်ချက် အမှန်တကယ် ရှိသလော။ အဆင်းနီသော နဂါးကြီးကို အနိုင်ယူရန် သင်တို့သည် အမှန်တကယ် ယုံကြည်ခြင်း ရှိသလော။ ဤသည်မှာ သင်တို့အား ငါတောင်းဆိုသော အရာပင်ဖြစ်သည်။ ငါလိုအပ်သမျှမှာ သင်တို့သည် ဤအဆင့်ထိတိုင်အောင် လုပ်ဆောင်နိုင်ရန်ဖြစ်သည်၊ သင်တို့သည် ဤအရာကို လုပ်ဆောင်နိုင်မည်လော။ ဤအရာကို သင်တို့သည် စွမ်းဆောင်ရရှိနိုင်သည်ဟု ယုံကြည်ချက် ရှိသလော။ လူသားသည် အဘယ်အရာကို တတ်စွမ်းနိုင်သနည်း။ ငါကိုယ်တိုင်ပင် ယင်းအရာကို လုပ်ဆောင်လျှင် ပိုကောင်းသည် မဟုတ်လော။ အဘယ်ကြောင့် ငါသည် တိုက်ပွဲဖြစ်ပွားသော အရပ်သို့ ကိုယ်တိုင်ကိုယ်ကျ ဆင်းကြွလာသည်ဟု ပြောသနည်း။ ငါလိုသောအရာမှာ သင်တို့၏ ယုံကြည်ခြင်း ဖြစ်သည်၊ သင်၏ လုပ်ဆောင်ခြင်းများ မဟုတ်။ လူသတ္တဝါများသည် ငါ၏နှုတ်ကပတ်တော်များကို တိုက်ရိုက်နည်းလမ်းဖြင့် လက်ခံရရှိခြင်းငှာ မစွမ်းသာကြဘဲ ဘေးတစ်ဖက်မှ စူးစိုက်ကြည့်ရုံသာ တတ်နိုင်ကြသည်။ ဤနည်းအားဖြင့် သင်တို့သည် ပန်းတိုင်ကို ရရှိခဲ့ကြပြီလော။ ဤနည်းအားဖြင့် သင်တို့သည် ငါ့ကို သိကျွမ်းလာခဲ့ ကြလေသလော။ အမှန်တရားကို ပြောရပါလျှင် ကမ္ဘာမြေကြီးပေါ်ရှိ လူသားတို့တွင် မည်သူတစ်ဦးကမျှ ငါ၏ မျက်နှာကို တည့်တည့်မကြည့်နိုင်ကြ၊ မည်သူတစ်ဦးကမျှ ငါ့နှုတ်ကပတ်တော်၏ စစ်မှန်၍ ရောစပ်ထားခြင်း မရှိသော အဓိပ္ပာယ်ကို လက်ခံမရရှိနိုင်ကြ။ ထို့ကြောင့် ငါသည် ငါ၏ ပန်းတိုင်ကို ရရှိနိုင်ရန်နှင့် လူသားတို့၏ နှလုံးသားများထဲတွင် ငါကိုယ်တိုင်၏ စစ်မှန်သော ပုံရိပ်ကို တည်ထောင်နိုင်ရန် ယခင်တစ်ခါမျှ မကြုံစဖူးသည့် ပြုပြင်ဖန်တီးခြင်း စွမ်းဆောင်ချက်ကို ကမ္ဘာမြေကြီးပေါ်၌ စတင်လုပ်ဆောင်ခဲ့သည်၊ ဤနည်းလမ်းအားဖြင့် လူသားတို့အပေါ် အယူအဆတို့ သြဇာညောင်းသည့် ခေတ်ကာလကို အဆုံးသတ်စေမည် ဖြစ်သည်။

ယနေ့တွင် ငါသည် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံအပေါ်သို့ ဆင်းကြွလာနေသည်သာမကဘဲ ငါ၏ မျက်နှာကို စကြဝဠာတစ်ဝှမ်းလုံးဆီသို့ လှည့်နေ၏။ ထိုသို့အားဖြင့် အမြင့်ဆုံးသော ကောင်းကင်ဘုံ တစ်ခုလုံးသည် တုန်ခါသွားရန် ဖြစ်သည်။ ငါ၏ တရားစီရင်မှုနှင့် မကြုံတွေ့ရသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါပစ်ချလိုက်သော ပြစ်ဒဏ်များအောက်တွင် မတည်ရှိသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါသွားလေရာရာ အရပ်တိုင်းတွင် ငါသည် အမျိုးမျိုးသော ဘေးအန္တရာယ်များ၏ မျိုးစေ့များကို ကြဲချခဲ့သည်။ ဤသည်မှာ ငါအလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားအား ကယ်တင်ခြင်း၏ လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိဘဲ ငါမှ သူ့အား ကမ်းလှမ်းသည့် အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေပါသေးသည်။ ငါ့ကို သာ၍များစွာသော လူတို့ သိလာစေရန်၊ မြင်တွေ့နိုင်စေရန်နှင့် ဤနည်းအားဖြင့် သူတို့သည် နှစ်ပေါင်းများစွာ မတွေ့မြင်ခဲ့သော်လည်း ယနေ့တွင် စစ်မှန်သော ဘုရားသခင်ကို ရိုသေလေးမြတ်လာစေရန် ငါပြုလိုသည်။ အဘယ်အကြောင်းကြောင့် ငါသည် လောကကြီးကို ဖန်ဆင်းခဲ့ သနည်း။ လူသားမျိုးနွယ်သည် ယိုယွင်းပျက်စီးလာခဲ့သောအခါ အဘယ်အကြောင်းကြောင့် ငါသည် သူတို့ကို လုံးလုံးလျားလျား မဖျက်စီးခဲ့သနည်း။ အဘယ်အကြောင်းကြောင့် လူသားမျိုးနွယ်စု တစ်ရပ်လုံးသည် အပြစ်ဒဏ်များအောက်တွင် နေရသနည်း။ အဘယ်အကြောင်းကြောင့် ငါ ကိုယ်တိုင် သည် ဇာတိ ပကတိကို ယူတင် ဝတ်ဆောင်ထားခဲ့သနည်း။ ငါ၏ အလုပ်ကို ငါထမ်းဆောင်နေသောအခါ လူသားမျိုးနွယ်သည် ခါးသီးခြင်းအရသာကို သာမက ချိုမြိန်ခြင်းအရသာကိုလည်း သိခဲ့ကြရသည်။ လောကကြီးထဲရှိ လူများထဲတွင် မည်သူသည် ငါ၏ကျေးဇူးတော် အတွင်း၌ နေထိုင်ကြသနည်း။ လူသတ္တဝါများကို ငါသည် ရုပ်ပိုင်းဆိုင်ရာ ကောင်းချီးများကို မအပ်နှင်းခဲ့ပါက မည်သူသည် လောကကြီးထဲတွင် ပြည့်စုံကုံလုံမှုကို ခံစားနိုင်ခဲ့လိမ့် မည်နည်း။ ငါ၏ လူများအဖြစ် သင်တို့အား နေရာယူရန် အခွင့်ပေးခြင်းမှာ တစ်ခုတည်းသော ကောင်းချီး မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ သင်တို့သည် ငါ၏လူများမဟုတ်ခဲ့ဘဲ အစေခံများသာ ဖြစ်ခဲ့သည်ဆိုပါလျှင် သင်တို့သည် ငါ၏ ကောင်းချီး အတွင်းတွင် နေထိုင်နေခဲ့လိမ့်မည် မဟုတ်လော။ ငါ၏ နှုတ်ကပတ်တော်များသည် အဘယ်နေရာက လာသည် ဆိုခြင်းကို သင်တို့ထဲတွင် မည်သူကမျှ ဉာဏ်မမီ နိုင်ကြ။ လူသားမျိုးနွယ်— သင်တို့အား ငါအပ်နှင်းခဲ့သော အမည်နာမများကို တန်ဖိုးထားရန်ဝေးစွ၊ သင်တို့ထဲမှ များစွာတို့သည် “အစေခံသူများ” ဟူသော ဂုဏ်ပုဒ်အောက်တွင် သင်တို့၏ နှလုံးသားများထဲ၌ မကျေချမ်းမှု များကို သိုထားကြပြီး၊ သင်တို့ထဲမှ များစွာတို့သည် “ငါ၏လူများ” ဟူသော ဂုဏ်ပုဒ်အောက်တွင် သင်တို့၏ နှလုံးသားများထဲ၌ ချစ်ခြင်းမေတ္တာများကို ပေါက်ဖွား စေကြလေပြီ။ ငါ့အား လှည့်ဖြားရန် မကြိုးစားကြနှင့်၊ ငါ၏မျက်လုံးများသည် အရာအားလုံးကို မြင်တွေ့၍ ထွင်းဖောက်သည်။ သင်တို့အထဲမှ မည်သူသည် လိုလားစွာနှင့် လက်ခံသနည်း၊ သင်တို့အထဲမှ မည်သူသည် စုံလင်သော နာခံခြင်းပေးကမ်းသနည်း။ အကယ်၍ နိုင်ငံတော်အား အရိုသေပေးခြင်းသည် မြည်ဟီးခြင်း မရှိခဲ့ပါက သင်တို့သည် အဆုံးတိုင်အောင် နာခံခြင်းငှာ အကယ်ပင် တတ်စွမ်းနိုင်မည်လော။ လူသားသည် အဘယ်အရာကို လုပ်နိုင်စွမ်းသည်၊ တွေးနိုင်စွမ်းသည်၊ သူသည် အဘယ်ထိတိုင်အောင် လုပ်နိုင်စွမ်းသည်၊ ဤအရာအားလုံးတို့ကို ရှေးကတည်း ကပင် ငါသည် ခွဲခန့်မှတ်သားထားပြီး ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၀)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၇

ယနေ့တွင် ဘုရားသခင် မည်သည့်အလုပ်သစ်ကို အစပြုပြီးဖြစ်သည်ကို နားမလည်ကြသေးသောသူများရှိသည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၂၁

အစဦးတွင် ဓမ္မဟောင်း ပညတ်တော်ခေတ်အတွင်း လူသားအား လမ်းပြမှုသည် ကလေးငယ်၏ ဘဝကို လမ်းပြသည်နှင့် တူသည်။ အစောဆုံး လူသားမျိုးနွယ်သည် ယေဟောဝါ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၁

အကြိမ်ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်ပါ ရှင်မဿဲ ၁၈:၂၁-၂၂ ထိုအခါ ပေတရုသည်ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၆၄

မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် ကိုယ့်ကိုကိုယ်သိခြင်း သော့ချက်မှာ ဤသို့ဖြစ်သည်- အချို့သော ကဏ္ဍများတွင် သင်ကောင်းစွာပြုခဲ့ပြီးသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။