ဘုရားသခင်၏ နှုတ်ကပတ်တော် - ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော
【Myanmar Bible texts are used at the acknowledgment of the Bible Society of...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
လူအမျိုးအစား အမျိုးမျိုးရှိကြပြီး ၎င်းတို့၌ရှိသည့် စိတ်ဝိညာဉ်အမျိုးအစားအားဖြင့် ၎င်းတို့ကို ခွဲခြားလေသည်။ လူအချို့သည် လူ့စိတ်ဝိညာဉ်များရှိကြပြီး ၎င်းတို့သည် ဘုရားသခင် ကြိုတင်ပြဌာန်းပြီး ရွေးချယ်ထားသူများ ဖြစ်သည်။ အချို့တွင် လူ့စိတ်ဝိညာဉ်များ မရှိကြပေ။ ၎င်းတို့သည် လှည့်စားပြီးဝင်ရောက်လာသည့် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ဘုရားသခင်က ကြိုတင်ပြဌာန်းထားခြင်းနှင့် ရွေးချယ်ထားခြင်း မခံခဲ့ရသည့်သူများသည် ဘုရားအိမ်တော်ထဲသို့ ၎င်းတို့ ခိုးကြောင်းခိုးဝှက်ဖြင့် ဝင်ရောက်ဖို့ စီမံနိုင်လျှင် ကယ်တင်ခြင်း မခံရနိုင်ပေ၊ ပြီးလျှင် အဆုံး၌ ၎င်းတို့သည် ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မည်။ လူများသည် ဘုရားသခင်၏ အမှုကို လက်ခံနိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့ လက်ခံပြီးသည့်နောက် ၎င်းတို့ မည်သည့်လမ်းကြောင်းမျိုးကို လျှောက်သည်နှင့် ၎င်းတို့သည် ပြောင်းလဲနိုင်ခြင်း ရှိမရှိတို့အားလုံးသည် ၎င်းတို့အတွင်းရှိ စိတ်ဝိညာဉ်နှင့် သဘာဝတို့ပေါ်တွင် မူတည်သည်။ လူအချို့သည် လမ်းမှားလျက် မသွေဖည်ဘဲ မနေနိုင်ကြပေ။ ၎င်းတို့၏ စိတ်ဝိညာဉ်များက ၎င်းတို့ကို ထိုသို့သောလူများဖြစ်ဖို့ အဆုံးအဖြတ်ပေးပြီး ၎င်းတို့ မပြောင်းလဲနိုင်ကြပေ။ လူအချို့သည် လမ်းကြောင်းမှန်ကို မလျှောက်သောကြောင့်၊ ၎င်းတို့ထဲတွင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ် မလုပ်ပေ။ သို့သော် ၎င်းတို့သည် ပြောင်းလဲမှုတစ်ခု ပြုလုပ်ပါက သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်နိုင်သေးသည်။ ၎င်းတို့ မပြောင်းလဲပါက ယင်းမှာ ၎င်းတို့အတွက် ပွဲသိမ်းသွားလိမ့်မည် ဖြစ်သည်။ အခြေအနေအမျိုးအစား အားလုံး တည်ရှိသော်လည်း ဘုရားသခင်သည် လူတိုင်းကို သူ၏ဆက်ဆံမှုတွင် ဖြောင့်မတ်လေသည်။ လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မည်ကဲ့သို့ သိကျွမ်း၍ နားလည်သဘောပေါက်သနည်း။ ဖြောင့်မတ်သောသူတို့သည် ကိုယ်တော်၏ကောင်းချီး မင်္ဂလာများကို ရရှိကြ၍ ဆိုးယုတ်သောသူတို့သည် ကိုယ်တော်၏ကျိန်ခြင်းကို ခံကြရသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား ဖြစ်၏။ ဘုရားသခင်သည် ကောင်းမြတ်သူကို ဆုလာဘ်ချီးမြှင့်ပြီး ဆိုးယုတ်သူကို အပြစ်ဒဏ်ပေးကာ လူသားတိုင်းကို ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့်အညီ အကျိုးပေးသည်ဟု ဆိုထားသည်။ ဤသည်မှာ မှန်ကန်သော်လည်း၊ ယခုနေ့ရက်ကာလတွင် လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့် အဖြစ်အပျက်အချို့ရှိနေသည်။ အတိအကျပြောရသော် ဘုရားသခင်အား ယုံကြည်ပြီး ကိုးကွယ်သောသူများသည် အသေသတ် ခံရသည့်သူ၊ သို့မဟုတ် သူ၏ ကျိန်ခြင်းအမင်္ဂလာကို ခံရသည့်သူအချို့ ရှိကြသည်။ သို့မဟုတ် ဘုရားသခင် မည်သည့်အခါမျှ ကောင်းချီးမပေးသည့်သူ သို့မဟုတ် အရေးမစိုက်သည့်သူအချို့ ရှိပေသည်။ ထိုသူတို့သည် ဘုရားသခင်ကို မည်မျှကိုးကွယ် ကြစေကာမူ ကိုယ်တော်သည် သူတို့အား လျစ်လျူရှုသည်။ ဘုရားသခင်က ကောင်းချီးမပေးသကဲ့သို့ အပြစ်ဒဏ်လည်း မခတ်သည့် ဆိုးယုတ်သော လူအချို့ရှိသည်။ သို့တိုင်အောင် ၎င်းတို့သည် ချမ်းသာကြွယ်ဝ၍ သားသမီး မြောက်မြားစွာရှိကြကာ ၎င်းတို့အတွက် အစစအရာရာ အဆင်ပြေသည်။ ၎င်းတို့သည် အရာရာတိုင်း၌ အောင်မြင်ကြသည်။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်ပေသလော။ လူအချို့က “ကျွန်ုပ်တို့သည် ကိုယ်တော်ကို ကိုးကွယ်သော်လည်း ကိုယ်တော်ထံမှ မည်သည့်အခါမျှ ကောင်းချီးမရသေးသော်ငြားလည်း ကိုယ်တော့်အား မကိုးကွယ်ဘဲ ခုပင်ခုခံကြသည့် ဆိုးယုတ်သူများသည် ကျွန်ုပ်တို့ထက် ပိုကောင်းပြီး ပို၍ ကြီးပွားသော ဘဝ၌ အသက်ရှင်နေကြသည်။ ဘုရားသခင်သည် ဖြောင့်မတ်ခြင်း မရှိ” ဟု ဆိုကြသည်။ ဤအရာက သင်တို့အား မည်သည့် အချက်ကို ဖေါ်ပြသနည်း။ ငါသည် သင်တို့အား ဥပမာ နှစ်ခုသာ ပေးခဲ့သည်။ မည်သည့် ဥပမာက ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြောဆိုသနည်း။ လူအချို့က “ထိုဥပမာနှစ်ခုစလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ထင်ရှားပြသနေသည်တကား” ဟုဆိုကြသည်။ ၎င်းတို့ အဘယ်ကြောင့် ဤသို့ပြောဆို ကြသနည်း။ ဘုရားသခင်၏ လုပ်ရပ်များတွင် စည်းမျဉ်းများရှိသည်။ လူတို့က ၎င်းတို့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခြင်းသာဖြစ်သည်။ ရှင်းလင်းစွာ မမြင်နိုင်သောကြောင့် ဘုရားသခင်က ဖြောင့်မတ်သည်ဟု ၎င်းတို့ မပြောနိုင်ကြပေ။ လူသားသည် အပေါ်ယံတွင်ရှိသည့်အရာကိုသာ မြင်နိုင်သည်။ အမှုအရာများကို အရှိအတိုင်း မရိပ်စားမိနိုင်ပေ။ ထို့ကြောင့် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် ဖြောင့်မတ်သော်ငြားလည်း၊ လူသား၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီမှု နည်းပါးလှသည်။ ဘုရားသခင်က မဖြောင့်မတ်ဟု အစဉ် စောဒကတက်သောလူများစွာရှိကြသည်။ ဤသည်မှာ ၎င်းတို့သည် အခြေအနေကို အရှိအတိုင်း နားမလည်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို မိမိတို့၏ အယူအဆများ၊ စိတ်ကူးများအရ အစဉ် ကြည့်ရှုသောအခါ အမှားများပြုလုပ်ရန် လွယ်ကူသည်။ လူတို့၏ အသိပညာသည် ၎င်းတို့ကိုယ်တိုင်၏ အတွေးများ၊ အမြင်များတွင်၊ သို့မဟုတ် အပေးအယူလုပ်ခြင်းနှင့်ဆိုင်သော ၎င်းတို့၏ အကြံဉာဏ်များအတွင်းတွင်၊ သို့မဟုတ် ကောင်းမှု၊ မကောင်းမှု၊ အမှန်နှင့် အမှား၊ သို့မဟုတ် တွေးခေါ်ပုံစနစ်အပေါ် ၎င်းတို့၏ အမြင်ရှုထောင့်များအတွင်းတွင် တည်ရှိသည်။ လူတစ်ယောက်သည် ဤသို့သော အမြင်ရှုထောင့်များမှ အမှုအရာများကို မြင်သောအခါ ထိုသူသည် ဘုရားသခင်အား နားလည်မှုလွဲဖို့၊ အယူအဆများဖြစ်ပေါ်ဖို့ လွယ်ကူသည်။ ထိုသူသည် ဘုရားသခင်ကို အာခံပြီး စောဒကတက်လိမ့်မည်။ ဘုရားသခင်ကို ကိုးကွယ်ဖို့သာ သိသည့် ဆင်းရဲသားတစ်ဦး ရှိခဲ့သည်။ သို့သော် ဘုရားသခင်သည် သူ့ကို လျစ်လျူသာ ရှုထားပြီး ကောင်းချီးမပေးခဲ့ပေ။ သင်တို့ကမူ ဤသို့ တွေးနေနိုင်၏။ “ဘုရားသခင်သည် သူ့ကို ဤဘဝ၌ ကောင်းချီးမပေးခဲ့လျှင်ပင် ထာဝရအသက်တာတွင် သေချာပေါက် ကောင်းချီးပေးမည်ဖြစ်ပြီး အဆတစ်သောင်း ဆုလာဘ်အလီလီချီးမြှင့်လိမ့်မည်။ ယင်းက ဘုရားသခင်ကို ဖြောင့်မတ်စေမည် မဟုတ်လော။ လူချမ်းသာတစ်ဦးသည် ဤဘဝတွင် ကောင်းချီးအဆတစ်ရာ မွေ့လျော်ခံစားရကာ ထာဝရအသက်တာတွင် ပျက်စီးခြင်းနှင့် ကြုံရသည်။ ဤသည်မှာလည်း ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား ဖြစ်သည် မဟုတ်လော” ဟု တွေးကောင်းတွေးနေနိုင်သည်။ အကြင်သူသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မည်သို့နားလည်သင့်သနည်း။ ဘုရားအမှုတော်ကို နားလည်ခြင်းအား နမူနာယူကြည့်လော့။ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်ရှိ သူ၏အမှု ပြီးဆုံးသွားသည့်နောက် သူ၏အမှုကို အဆုံးသတ်လိုက်ပြီး နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်းအမှုကို မပြုသကဲ့သို့ လူသားမျိုးနွယ်ကိုလည်း လုံးလုံးလျားလျား မကယ်တင်ခဲ့၍ လူသားမျိုးနွယ်က အလုံးစုံ ပျက်သုဉ်းခြင်းသို့ ဆိုက်ရောက်သွားလျှင် ချစ်ခြင်းနှင့် ဖြောင့်မတ်ခြင်းတရားတို့ကို သူပိုင်ဆိုင်သည်ဟု သတ်မှတ်၍ ရနိုင်သလော။ ဘုရားသခင်ကို ကိုးကွယ်သူတို့သည် ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခံရသော်လည်း ဘုရားသခင်အား မကိုးကွယ်သကဲ့သို့ ဘုရားသခင် တည်ရှိကြောင်းပင် မသိသည့်သူများကိုမူ ဘုရားသခင်က အသက်ရှင်ကျန်ရစ်ခွင့် ပြုလျှင် ဤအရာကို အဘယ်သို့များ နားလည်သင့်သနည်း။ အယူဝါဒရေးရာအရ ပြောဆိုသည့်အခါတွင် လူများသည် ဘုရားသခင်က ဖြောင့်မတ်ကြောင်း ထုံးစံအတိုင်း အစဉ် ပြောဆိုကြသော်လည်း ဤအခြေအနေမျိုးနှင့် ရင်ဆိုင်ရလျှင်မူ ၎င်းတို့သည် သင့်တင့်လျောက်ပတ်စွာ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိဘဲ ဖြစ်နေနိုင်သကဲ့သို့ ဘုရားသခင်ကို စောဒကပင်တက်ပြီး မဖြောင့်မတ်ဟုပင် ဝေဖန်ကောင်း ဝေဖန်နိုင်သည်။
ဘုရားသခင်၏ ချစ်ခြင်းနှင့် ဖြောင့်မတ်ခြင်းတရားတို့ကို နှံ့နှံ့စပ်စပ် နားလည်ရမည်ဖြစ်သည့်အပြင် ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့အပေါ် အခြေပြု၍ ရှင်းလင်းပြပြီး သဘောပေါက်ရမည် ဖြစ်သည်။ ထို့အပြင် အကြင်သူသည် ဘုရားသခင်၏ ချစ်ခြင်းနှင့် ဖြောင့်မတ်ခြင်းတရားတို့ကို အမှန်တကယ် သိရှိနိုင်ရန်အတွက် စစ်မှန်သော အတွေ့အကြုံကို ကြုံတွေ့ပြီး ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကိုလည်း ရရှိရမည်ဖြစ်သည်။ သူ၏ ချစ်ခြင်းနှင့် ဖြောင့်မတ်ခြင်းတရားတို့အပေါ် အကြင်သူ၏ အကဲဖြတ်ချက်သည် မိမိ၏ အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေမပြုသင့်ချေ။ လူသားအယူအဆများအရ ကောင်းသူသည် ဆုချီးမြှင့်ခံရပြီး ဆိုးသူသည် အပြစ်ပေးခံရသည်။ ကောင်းသောသူတို့သည် ကောင်းသည့်အရာကို ရရှိပြီး ဆိုးသောသူတို့သည် ဆိုးသောအရာကိုရရှိသည်။ မည်သည့်မကောင်းမှုကိုမျှ မလုပ်ဆောင်သောသူအားလုံးတို့သည် ကောင်းသောအရာကို ရရှိသင့်ပြီး ကောင်းချီးများကို လက်ခံရရှိသင့်သည်။ လူတို့ ဆိုးယုတ်ခြင်းမရှိသည့် အကြောင်းကိစ္စများ အားလုံးတွင် ကောင်းသည့်အရာကို ရရှိသင့်သည့်ပုံစံပေါ်ပေမည်။ ဤအရာသည်သာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်သည်။ ဤသည်မှာ လူတို့၏ အယူအဆ မဟုတ်သလော။ သို့သော် ၎င်းတို့သည် ကောင်းသည့်အရာဖြင့် ချီးမြှင့်ခြင်းမခံရလျှင် အဘယ်သို့ဖြစ်မည်နည်း။ ထိုအခါတွင် ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ဆိုမည်လော။ ဥပမာအနေဖြင့် နောဧအချိန်ကာလတွင် ဘုရားသခင်က နောဧကို ပြောခဲ့သည်မှာ “သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်” (ကမ္ဘာဦးကျမ်း ၆:၁၃) ဟူ၍ဖြစ်သည်။ ထို့နောက်တွင် သူသည် နောဧကို သင်္ဘောတည်ဆောက်ရန် အမိန့်ပေးခဲ့သည်။ နောဧက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံကာ သင်္ဘောကို တည်ဆောက်ပြီးသည့်နောက်တွင် ကမ္ဘာမြေကြီးပေါ် အရက်လေးဆယ်ပတ်လုံး အကြီးအကျယ် မိုးသည်းထန်စွာ ရွာသွန်းလေရာ တစ်ကမ္ဘာလုံးသည် ရေလွှမ်းမိုးမှုအောက်တွင် မြုပ်သွားခဲ့သည်။ ဘုရားသခင်သည် နောဧနှင့် သူ၏မိသားစုဝင် ခုနစ်ဦးမှလွဲ၍ ထိုခေတ်မှ လူသားတစ်ရပ်လုံးကို ဖျက်ဆီးခဲ့လေသည်။ ဤအရာကို သင်အဘယ်သို့ သဘောရသနည်း။ ဘုရားသခင်သည် မေတ္တာမရှိဟု သင်ပြောမည်လော။ လူတို့၏အမြင်တွင်မူ လူသားမျိုးနွယ်သည် မည်မျှပင် ဖောက်ပြန်ပျက်စီးပါစေ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖျက်ဆီးသရွေ့ ဤသည်မှာ သူသည် မေတ္တာမရှိဟူသည့်သဘော ဖြစ်နေ၏။ ဤအရာကို ယုံကြည်ရာတွင် ၎င်းတို့သည် မှန်ကန်သလော။ ဤယုံကြည်မှုသည် အဓိပ္ပာယ်မမဲ့သလော။ ဘုရားသခင်သည် သူဖျက်ဆီးခဲ့သည့်သူများကို မချစ်ပေ။ သို့သော် ရှင်ကျန်ခဲ့ပြီး သူ၏ကယ်တင်ခြင်းကို ရရှိသည့်သူများအားလည်း သူမချစ်ဟု သင်အကယ်စင်စစ် ပြောနိုင်သလော။ ပေတရုသည် ဘုရားသခင်ကို အစွမ်းကုန် ချစ်ခဲ့ပြီး ဘုရားသခင်ကလည်း ပေတရုကို ချစ်ခဲ့သည်ဖြစ်ရာ ဘုရားသခင်သည် မေတ္တာမရှိဟု သင်အမှန်တကယ် ပြောနိုင်သလော။ ဘုရားသခင်သည် သူ့ကို အမှန်တကယ် ချစ်သူတို့အား ချစ်ပြီး သူ့ကို ခုခံကာ နောင်တရဖို့ ငြင်းဆန်သူတို့အား မုန်းတီး၍ ကျိန်ဆဲလေသည်။ ဘုရားသခင်သည် မေတ္တာရော အမုန်းတရားပါ ပိုင်ဆိုင်သည်။ ဤသည်မှာ အမှန်တရားဖြစ်၏။ လူများသည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများအတိုင်း ဘုရားသခင်ကို ပုံသေကားကျ အမျိုးအစား မသတ်မှတ်သင့်ပေ သို့မဟုတ် မဝေဖန်သင့်ပေ။ အကြောင်းမှာ အမှုကိစ္စများကို လူသားမျိုးနွယ်ရှုမြင်သည့် နည်းလမ်းဖြစ်လေသော ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများတွင် သမ္မာတရား လုံးဝ မရှိသောကြောင့်တည်း။ လူတို့အပေါ် ထားရှိသော ဘုရားသခင်၏ သဘောထားအရ၊ သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့အရ သူ့ကို သိရမည်ဖြစ်သည်။ ဘုရားသခင် ပြုလုပ်ပြီး ကိုင်တွယ်သည့်အရာများ၏ အပြင်ပန်း အခြေအနေများအပေါ် အခြေပြု၍ ဘုရားသခင်တွင် မည်သည့်အနှစ်သာရ ရှိသည်ကို အဓိပ္ပာယ်သတ်မှတ်ဖို့ လုံးဝ မကြိုးစားရ။ လူသားမျိုးနွယ်သည် စာတန်၏ အလွန် ပြင်းပြင်းထန်ထန် ဖျက်ဆီးခြင်းကို ခံထားရသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မည်သည့်အရာ ဖြစ်သည်ကိုသော်လည်းကောင်း၊ ဘုရား၏ ဖြောင့်မတ်သော စိတ်သဘောထားအတိုင်း ၎င်းတို့အနေဖြင့် မည်သို့ဆက်ဆံခံရသင့်သည်ကိုသော်လည်းကောင်း သိဖို့ မဆိုထားနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘောသဘာဝ အနှစ်သာရကိုပင် ၎င်းတို့မသိကြချေ။ ယောဘကို ဆင်ခြင်ကြည့်ရှုလော့။ သူသည် ဖြောင့်မတ်သူတစ်ဦးဖြစ်ပြီး ဘုရားသခင်၏ ကောင်းချီးပေးခံခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်သည်။ စာတန်က၊ “ယောဘသည် ဘုရားသခင်ကို အချည်းနှီး ကြောက်ရွံ့သလော။ ကိုယ်တော်သည် သူနှင့် သူ၏အိမ်၊ ပိုင်ဆိုင်သမျှတို့ကို အဘက်ဘက်မှ အကာအကွယ်ပြုထားသည် မဟုတ်လော။ သူ့လက်ဖြင့်လုပ်သော အမှုကို ကိုယ်တော်သည် ကောင်းကြီးပေးပြီး မြေတွင် သူ၏ပိုင်ဆိုင်မှု တိုးပွားပေပြီ။ သို့သော်၊ ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူပိုင်ဆိုင်သမျှတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။” (ယောဘ ဝတ္ထု ၁:၉-၁၁) ဟူ၍ ယေဟောဝါနှင့် အလောင်းအစားတစ်ခု လုပ်ခဲ့သည်။ ယေဟောဝါဘုရားသခင်က “သူ၌ ရှိသမျှတို့သည် သင်၏အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့်လက်မရောက်စေနှင့်၊” (ယောဘ ဝတ္ထု ၁:၁၂) ဟု ဆိုခဲ့သည်။ ထို့ကြောင့် စာတန်သည် ယောဘထံသို့သွားခဲ့ပြီး ယောဘကို တိုက်ခိုက်ကာ စုံစမ်းသွေးဆောင်ခဲ့သည်။ ပြီးလျှင် ယောဘသည် စမ်းသပ်မှုများကို ကြုံတွေ့ရခဲ့သည်။ သူ့တွင် ရှိသမျှအရာတိုင်းသည် ဖယ်ရှားခံရသည်။ သူ၏ သားသမီးများနှင့် သူ၏ စည်းစိမ်ဥစ္စာများကို ဆုံးရှုံးရသည်။ ပြီးလျှင် သူ၏တစ်ကိုယ်လုံးသည် အနာစိမ်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ဤတွင် ယောဘ၏ စမ်းသပ်မှုများအတွင်း၌ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားရှိသလော။ သင် ရှင်းရှင်းလင်းလင်း မပြောနိုင်ဖြစ်သည်၊ မဟုတ်လော။ သင်သည် ဖြောင့်မတ်သောသူ တစ်ယောက်ဖြစ်လျှင်ပင် ဘုရားသခင်သည် သင့်အား စမ်းသပ်မှုများ ကျရောက်စေရန်၊ ဘုရားသခင်ထံ သင်သက်သေခံရသောအခွင့်ကို ပေးပိုင်ခွင့်ရှိသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်သည်။ သူသည် လူတိုင်းအား ညီတူညီမျှ ဆက်ဆံသည်။ ထိုအချိန်က ဖြောင့်မတ်သောသူတို့သည် ခါးစည်းခံနိုင်လျှင် စမ်းသပ်မှုများအား ကြုံတွေ့ရန် မလိုဟုဖြစ်စေ၊ ထိုအချိန်က ၎င်းတို့ကို ကွယ်ကာခံရမည်ဟု ဖြစ်စေ မဆိုလိုပေ။ ယင်းမှာ မမှန်ပေ။ ဘုရားသခင်သည် သင့်အား စမ်းသပ်မှုများခံစေရန် ပြုလုပ်ပိုင်ခွင့်ရှိသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအား ထုတ်ဖော်ပြခြင်းဖြစ်သည်။ နောက်ဆုံးတွင် ယောဘသည် စမ်းသပ်မှုများကို ကြုံတွေ့ပြီး ယေဟောဝါအား သက်သေခံပြီးနောက်တွင် ယေဟောဝါသည် သူ့အား ယခင်ကထက် ပို၍ပင်များ၍ ယခင်ကထက် ပို၍ပင်ကောင်းသော ကောင်းချီးပေးတော်မူပြီး ကောင်းချီးနှစ်ဆ ပေးခဲ့သည်။ ထို့အပြင် ယေဟောဝါသည် ယောဘထံတွင် ပေါ်ထွန်းပြီး သူ့အား လေထဲမှ စကားပြောခဲ့ကာ ယောဘက ဘုရားသခင်အား မျက်နှာချင်းဆိုင်သကဲ့သို့ တွေ့မြင်ခဲ့ရသည်။ ဤသည်မှာ သူ့အား ဘုရားသခင် ပေးအပ်သည့် ကောင်းချီးတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်သည်။ အကယ်၍များ ယောဘသည် စမ်းသပ်မှုများကို ကြုံတွေ့ရခြင်းပြီးဆုံးပြီး စာတန်၏မျက်မှောက်တွင် ယောဘက ယေဟောဝါအား သက်သေခံခဲ့ကာ စာတန်ကို အရှက်ရစေခဲ့သည်ကို ယေဟောဝါက တွေ့မြင်သည့်အခါ၌ ယေဟောဝါက ယောဘကို လျစ်လျူရှုလျက် လှည့်ပြန်သွားခဲ့ပြီး ပြီးနောက်တွင်ယောဘက ကောင်းချီးများကို မရရှိခဲ့လျှင် အဘယ်သို့ဖြစ်မည်နည်း။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းပါဝင်မည်လော။ စမ်းသပ်မှုများပြီးနောက်တွင် ယောဘသည် ကောင်းချီးများရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ သို့မဟုတ် ယေဟောဝါက ယောဘထံသို့ ပေါ်ထွန်းသည်ဖြစ်စေ၊ မပေါ်ထွန်းသည်ဖြစ်စေ ဤအရာအားလုံးတွင် ဘုရားသခင်၏ ကောင်းမွန်သော အလိုတော်ပါဝင်သည်။ ယောဘထံပေါ်ထွန်းခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး ယောဘထံ မပေါ်ထွန်းခြင်းသည်လည်း ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်လိမ့်မည်။ မည်သည့်အကြောင်းရင်းအရ သင်သည် ဖန်ဆင်းခံတစ်ဦး ဘုရားသခင်ကို တောင်းဆိုမှုများပြုသနည်း။ လူများသည် ဘုရားသခင်ကို တောင်းဆိုမှုများ ပြုဖို့ အရည်အချင်းမပြည့်မီပေ။ ဘုရားသခင်ကို တောင်းဆိုမှုများပြုခြင်းထက် သာ၍မလျော်ကန်သည့်အရာ မည်သည့်အရာမျှမရှိပေ။ ဘုရားသခင်၏အလိုတော်သည် သူပြုသင့်သည့်အမှုကို ပြုမည်ဖြစ်ပြီး ကိုယ်တော်၏စိတ်သဘောထားသည် ဖြောင့်မတ်ပေသည်။ ဖြောင့်မတ်ခြင်းတရားသည် တရားမျှတခြင်း သို့မဟုတ် ကျိုးကြောင်းဆီလျော်ခြင်း မည်သို့မျှ မဟုတ်ပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာသည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ သမာသမတ်ကျပြီး သင့်မြတ်လျော်ကန်ခြင်းမျှသာ ဖြစ်သည်။ လူနည်းစုကသာလျှင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းနိုင်စွမ်း ရှိသည်။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့။ ဤသည်မှာ ဖြောင့်မတ်ပါမည်လော။ စင်စစ်အားဖြင့် ဖြောင့်မတ်ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ ဖြောင့်မတ်ခြင်းကို လူတို့က မည်သို့ရှုမြင်ကြသနည်း။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန် ခက်ခဲပေလိမ့်မည်။ ဘုရားသခင်သည် ယောဘကို ထိုအချိန်က ဖျက်ဆီးခဲ့ပါက၊ လူများက သူသည် ဖြောင့်မတ်သည်ဟု ပြောပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ အမှန်တွင် လူများသည် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ မပျက်စီးပြီးဖြစ်စေ၊ ၎င်းတို့သည် အလွန့်အလွန် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ၊ မပျက်စီးပြီးဖြစ်စေ ဘုရားသခင် ၎င်းတို့ကို ဖျက်ဆီးသည့် အချိန်တွင် သူ၏လုပ်ရပ်အတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ လိုသလော။ သူသည် မည်သည့်အကြောင်းရင်းအရ ထိုသို့လုပ်ဆောင်သည်ကို လူများကို ရှင်းပြဖို့ လိုအပ်သင့်သလော။ ဘုရားသခင်က သူပြဋ္ဌာန်းထားသည့် စည်းကမ်းများကို လူတို့အား ပြောပြရမည်လော။ မလိုအပ်ပေ။ ဘုရားသခင်၏အမြင်တွင် တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးပြီး ဘုရားကို ဆန့်ကျင်နိုင်ခြေ ရှိသည့်အပြင် အဘယ်တန်ဖိုးမျှ မရှိလျှင် ထိုသူကို ဘုရားက မည်သို့ကိုင်တွယ်သည်ဖြစ်စေ သင့်တော်နေပေလိမ့်မည်၊ ပြီးလျှင် အားလုံးသည် ဘုရားသခင်၏ အစီအစဉ်များဖြစ်သည်။ သင်သည် ဘုရားသခင်၏အမြင်တွင် သဘောမကျဖြစ်စေပါက၊ ပြီးလျှင် သင်၏သက်သေခံချက်ပြီးသည့်နောက် သူ့အတွက် သင်သည် အသုံးမတည့်တော့သောကြောင့် သင့်ကို ဖျက်ဆီးခဲ့သည် ဟု သူပြောခဲ့ပါက၊ ဤသည်မှာရော သူ၏ဖြောင့်မတ်ခြင်း ဖြစ်မည်လော။ ဖြောင့်မတ်ခြင်း ဖြစ်ပေမည်။ ယခုအခါတွင် အချက်အလက်များမှ သင်သည် သတိပြုနိုင်စွမ်း မရှိနိုင်သော်လည်း၊ အယူအဆအရ သင်နားလည်ရမည်။ သင်တို့ မည်သည့်အရာကို ပြောမည်နည်း။ စာတန်ကို ဘုရားသခင်၏ ဖျက်ဆီးခြင်းက သူ့ဖြောင့်မတ်ခြင်း၏ ဖော်ပြချက် တစ်ခုလော။ (ဟုတ်ပါသည်။) စာတန်ကို သူဆက်လက် တည်ရှိခွင့်ပေးခဲ့ပါက၊ မည်သည့်အရာ ဖြစ်မည်နည်း။ သင် မပြောဝံ့သည် မဟုတ်လော။ ဘုရားသခင်၏ အနှစ်သာရမှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကိုယ်တော်ပြုသောအမှုကို နားလည်ရန် မလွယ်ကူသော်လည်း ကိုယ်တော်ပြုသော အမှုအားလုံးသည် ဖြောင့်မတ်ပေသည်။ လူတို့က နားမလည်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်က ပေတရုကို စာတန်ထံပေးသောအခါ ပေတရုက မည်သို့ တုံ့ပြန်သနည်း။ “လူသားမျိုးနွယ်သည် ကိုယ်တော်ပြုသောအမှုကို နားလည်နိုင်စွမ်း မရှိပေ၊ သို့သော် ကိုယ်တော်ပြုသည့်အမှုအားလုံးတွင် ကိုယ်တော်၏ စိတ်စေတနာကောင်း ပါဝင်၏၊ ထိုအမှုတစ်ရပ်လုံးတွင် ဖြောင့်မတ်ခြင်းပါရှိသည်။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်မှုများအတွက် ကျွန်ုပ်သည် အဘယ်သို့ မချီးမွမ်းဘဲ နေနိုင်မည်နည်း။” ဘုရားသခင်သည် လူသားကို သူကယ်တင်သည့်အချိန်တွင် စာတန်ကို မဖျက်ဆီးရသည့်အကြောင်းအရင်းမှာ လူသားများကို စာတန်က မည်သို့ ဖျက်ဆီးခဲ့ကြောင်း၊ လူသားများကို ဖျက်ဆီးခဲ့သည့် အတိုင်းအတာနှင့် ဘုရားသခင်က လူသားတို့ကို မည်သို့ သန့်စင်ပြီး ကယ်တင်ကြောင်းတို့ကို လူသားများ ရှင်းလင်းစွာ မြင်နိုင်ဖို့ဖြစ်သည်ကို သင်သည် ယခုအခါ သိမြင်သင့်ပေသည်။ အဆုံးတွင် လူတို့သည် သမ္မာတရားကို နားလည်ပြီး စာတန်၏ စက်ဆုပ်ဖွယ် အမူအရာကို ရှင်းရှင်းလင်းလင်းမြင်ပြီး၊ ၎င်းတို့ကို စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့်သက်ဆိုင်သော ကြောက်စရာကောင်းသော အပြစ်တရားကို ရှုမြင်ပြီးသည့်အခါတွင် ဘုရားသခင်သည် စာတန်ကို ဖျက်ဆီးကာ လူတို့အား သူ၏ ဖြောင့်မတ်ခြင်းကို ပြလိမ့်မည်။ ဘုရားသခင်က စာတန်ကို ဖျက်ဆီးသည့်အချိန်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ဖြင့် ပြည့်နေသည်။ ဘုရားသခင် ပြုသောအမှုအားလုံးသည် ဖြောင့်မတ်သည်။ ယင်းသည် လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို သိမှတ်နားလည်ခြင်း မရှိနိုင်သော်လည်း ၎င်းတို့သည် မိမိတို့သဘောရှိ ဝေဖန်တိက မပြုသင့်ပေ။ ဘုရားပြုသော အမှုတစ်စုံတစ်ရာသည် လူတို့အတွက် ကျိုးကြောင်းမဆီလျော်သကဲ့သို့ ထင်ရလျှင်၊ သို့မဟုတ် ၎င်းတို့၌ ထိုအရာနှင့်ပတ်သက်၍ အယူအဆများရှိပြီး ယင်းကြောင့် ဘုရားသခင်သည် မဖြောင့်မတ်ဟု ၎င်းတို့ပြောလျှင် သင်သည် အကျိုးသင့် အကြောင်းသင့် မရှိဆုံးဖြစ်သည်။ ပေတရုသည် အချို့သော အမှုအရာများကို နားမလည်နိုင်ကြောင်း တွေ့ရှိသော်လည်း ထိုအမှုအရာများထဲတွင် ဘုရားသခင်၏ဉာဏ်ပညာ ပါရှိပြီး ကိုယ်တော်၏စိတ်စေတနာ ပါဝင်ကြောင်း သူသေချာသည်ကို သင်တွေ့ရမည်။ လူတို့သည် အရာခပ်သိမ်းကို နားလည်သဘောပေါက်နိုင်စွမ်း မရှိပေ။ ၎င်းတို့ နားလည်သဘောမပေါက်နိုင်သော အရာများစွာ ရှိသည်။ ထို့ကြောင့် ဘုရားသခင်၏စိတ်သဘောထားကို သိရန်မှာ လွယ်ကူသောအရာ မဟုတ်ပေ။ ဘာသာရေးလောကတွင် ဘုရားသခင်ကို ယုံကြည်သည့်သူ များစွာရှိသော်ငြားလည်း အနည်းငယ်သာ သူ၏စိတ်သဘောထားကို သိနိုင်ကြသည်။ အချို့သော လူတို့က ဘာသာရေးသမားများကို ဧဝံဂေလိ ဖြန့်ဝေရန်နှင့် ဘုရားနှုတ်ကပတ်တော်များ ဖတ်ခိုင်းရန် ကြိုးစားသည့်အခါတွင် ထိုဘာသာရေးသမားများသည် ရှာဖွေခြင်းနှင့် စုံစမ်းလေ့လာခြင်းတို့ မရှိရုံမျှမက ဘုရားနှုတ်ကပတ်တော် စာအုပ်များကိုပင် မီးရှို့ပစ်ကြ၍ အပြစ်ဒဏ်ပေးခံကြရသည်။ အခြားသူများက ကောလာဟလများကို ယုံကြည်ပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားကြ၍ အပြစ်ဒဏ်ပေးခြင်း ခံကြရသည်။ စင်စစ်အားဖြင့် ဤအရာမျိုး ဖြစ်ပျက်နေခြင်းနှင့် ပတ်သက်သည့် မရေမတွက်နိုင်သော နမူနာများစွာ ရှိ၏။ အချို့သော ယုံကြည်သူအသစ်များသည် မာနထောင်လွှားပြီး မောက်မာကြသောကြောင့် ယင်းကို ကြားသည့်အချိန်တွင် လက်မခံကြချေ။ ၎င်းတို့သည် အယူအဆများ ဖြစ်ပေါ်လာကြသည်။ သင်သည် မိုက်မဲကာ မသိနားမလည်ကြောင်းကို ဘုရားသခင်မြင်ပြီး သင့်အား လျစ်လျူရှုသော်လည်း သူ့အနေဖြင့် သင်နားလည်အောင် လုပ်မည့်တစ်ရက် ရောက်လာလိမ့်မည်။ သင်သည် ဘုရားသခင်နောက်သို့ နှစ်ပေါင်းများစွာ လိုက်လျှောက်နေခဲ့ပြီး ဖြစ်သော်လည်း ဤနည်းအားဖြင့် ဆက်လက် ပြုမူနေသေးလျှင်၊ နှစ်ပေါင်းမည်မျှရှိပါစေ သင်၏ အယူအဆများကို ဖက်တွယ်ထားလျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေရုံမက သင်၏ အယူအဆများကိုပင် နေရာတကာ လျှောက်ဖြန့်ကာ ဘုရားအိမ်တော်ကို လှောင်ပြောင်ပြီး သရော်လေလျှင် သင်သည် ဒဏ်ခတ်ခံရခြင်းဖြင့် ကြုံသင့်သည်။ အချို့သော ကိစ္စများတွင် သင်သည် မိုက်မဲပြီး မသိနားမလည်ခြင်းသာ ဖြစ်သောကြောင့် ဘုရားသခင်က သင့်အား ခွင့်လွှတ်နိုင်သော်လည်း သင်သည် ကောင်းစွာ သိလျက်နှင့် ထိုနည်းအတိုင်း တမင်တကာ ပြုမူနေဆဲဖြစ်လျှင်၊ သင့်ကို မည်မျှအကြံပြုပေးပါစေ နားထောင်ရန် ပျက်ကွက်လျှင် သင်သည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း ခံရသင့်သည်။ ဘုရားသခင်တွင် သည်းခံသည့်ဘက်ရှိကြောင်းသာ သင်သိ၏။ သို့သော် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်သည့် ပုန်ကန်ပြစ်မှား၍ မရနိုင်သောဘက်လည်း သူ့တွင် ရှိသည်ကို မမေ့လိုက်နှင့်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
【Myanmar Bible texts are used at the acknowledgment of the Bible Society of...