လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏ (အပိုင်း နှစ်)
လူအချို့သည် ငါနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံရပြီးဖြစ်ကာ ငါနှင့် သာ၍ ရင်းနှီးကြပြီး ငါ့ကို ၎င်းတို့၏ အပေါင်းအသင်း သို့မဟုတ် ၎င်းတို့နှင့် အဆင့်အတန်းတူသည့် တစ်စုံတစ်ဦးကဲ့သို့ မဆက်ဆံကြသော်လည်း ၎င်းတို့ လုံးဝ ချုပ်တည်းရသည်ဟု မခံစားရသကဲ့သို့ အချိန်ကုန်လွန်သည်နှင့်အမျှ ၎င်းတို့ အလွန် ရဲတင်းလာကြကာ ၎င်းတို့ စိတ်နှလုံးများထဲက စည်းများက တရွေ့ရွေ့ ပျောက်ကွယ်သွားသည်။ အရာရာကို ၎င်းတို့ သဘောပေါက်နားလည်သည်ဟု အမြဲ တွေးထင်ကြပြီး မည်သည့်အရာကိုမဆို ၎င်းတို့သာ နားလည်သည်ဟု တွေးထင်လျက် ၎င်းတို့ နားလည်သည့်အရာများကို ငါ့အား မကြာခဏ ပြောပြကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ (မာနထောင်လွှားခြင်း ဖြစ်သည်။) ဤသည်မှာ မာနထောင်လွှားခြင်း ဖြစ်သည်။ ထိုအပြင်ပန်းအရာများကို သာမန်ကာလျှံကာ ကြည့်ရုံဖြင့် နားလည်နိုင်ပြီး ဤလူများက မိမိတို့ကိုယ်ကို အလွန် လိမ္မာပါးနပ်သည်ဟု တွေးထင်ကြသေး၏။ ယင်းမှာ စက်ဆုပ်ဖွယ်ဖြစ်သည်။ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ၎င်းတို့ အသိစိတ်အားလုံး ဆုံးရှုံးသည့်အဆင့်ထိ ရောက်ရှိလျှင် ၎င်းတို့အား မကောင်းမှုကို လုပ်ဆောင်စေနိုင်ပြီး ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားက ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ဖြစ်လာလိမ့်မည်။ လူတစ်ယောက်သည် တော်လျှင် သူ၏ စကားများနှင့် လုပ်ရပ်များသည် အစဉ်သဖြင့် အကြံအစည်များ ပြည့်နေလျှင်၊ သူသည် ရှိန်ရလောက်သော အကျင့်စရိုက်ရှိလျှင်၊ ပြီးလျှင် သင်သည် ထိုသူနှင့်အတူရှိနေသောအခါ ထိုသူက သင့်ကို အစဉ်ထိန်းချုပ်ပြီး ဦးဆောင်လိုလျှင် ဤလူသည် သနားကြင်နာတတ်သည်ဟု ခံစားရသလော။ ရက်စက်ကြမ်းကြုတ်သည်ဟု သင် ခံစားရသလော။ (ရက်စက်ကြမ်းကြုတ်သည်။) ထိုသူကို သင်ကြောက်ရွံ့ပြီး “ဤလူသည် ငါ့ကို အစဉ် ထိန်းချုပ်ချင်သည်။ ၎င်းတို့၏ အဝေးသို့ အမြန်ဆုံးထွက်ခွာရမည်။ သူပြောသည့်အတိုင်း ငါမလုပ်လျှင် ငါ့ကို လက်စားချေဖို့ နည်းတစ်ခုကို သူ အကြံထုတ်လိမ့်မည်ဖြစ်ပြီး ငါ့ကို အပြစ်ပေးရန် မည်သည့်နည်းစနစ်များ သူသုံးမည်ကို မည်သူသိနိုင်မည်နည်း”ဟု စဉ်းစားသည်။ ၎င်းတို့၏ စိတ်သဘောထားသည် ရက်စက်ကြမ်းကြုတ်သည်ကို သင်ခံစားရနိုင်သည်မဟုတ်လော။ (ခံစားရနိုင်ပါသည်။) ယင်းကို သင် မည်သို့ ခံစားရနိုင်သနည်း။ (၎င်းတို့သည် လူတို့ကို ၎င်းတို့၏ တောင်းဆိုချက်များ၊ စိတ်ကူးများနှင့်အညီ အမှုအရာများကို အစဉ် လုပ်ဆောင်စေသည်။) အမှုအရာများကို ထိုထိုသော နည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ရန် အခြားလူတို့ကို ၎င်းတို့က တောင်းဆိုခြင်းသည် မှားယွင်းသလော။ သင့်ကို အခြားလူတို့က တောင်းဆိုမှုများ ပြုသောအခါ သေချာပေါက် မှားယွင်းသလော။ ဤစဉ်းစားနည်းသည် မှန်ကန်သလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) သင့်ကို စိတ်မသက်မသာ ဖြစ်စေသည်မှာ ၎င်းတို့၏ နည်းလမ်းများ ဖြစ်သလော၊ သို့မဟုတ် စိတ်သဘောထား ဖြစ်သလော။ (၎င်းတို့၏ စိတ်သဘောထားဖြစ်သည်။) မှန်သည်။ ၎င်းတို့၏ စိတ်သဘောထားက သင့်ကို စိတ်မသက်မသာဖြစ်စေသည်။ ဤစိတ်သဘောထားသည် စာတန်ဆီမှလာသည်ဟု သင့်ကို ခံစားရစေသည်။ သမ္မာတရားနှင့် မညီ၊ သင့်အတွက် အနှောင့်အယှက်ဖြစ်သည်၊ ထိန်းချုပ်သည်၊ ချည်နှောင်သည်ဟု ခံစားရစေသည်။ ဤသည်မှာ သင့်ကို စိတ်မသက်မသာ ဖြစ်စေရုံသာမက သင့်ကို ကြောက်ရွံ့စေသည်။ ၎င်းတို့ပြောသည့်အတိုင်း သင်မလုပ်ဆောင်ပါက ၎င်းတို့က သင့်ကို အပြစ်ဒဏ်ပေးနိုင်ချေရှိသည်ဟု သင့်ကို ထင်မြင်စေသည်။ ဤလူအမျိုးအစား၏ စိတ်သဘောထားသည် အလွန် ရက်စက်ကြမ်းကြုတ်သည်။ ၎င်းတို့က တစ်စုံတစ်ခုကို သာမန်ကာလျှံကာမပြောပေ။ သင့်ကို ထိန်းချုပ်ချင်သည်။ သင့်ကို အမှုအရာများလုပ်ဆောင်ရန် အလွန်ပြင်းထန်စွာ တောင်းဆိုပြီး ပုံစံတစ်ခုဖြင့် လုပ်ဆောင်ရန် တောင်းဆိုသည်။ ပြီးလျှင် ဤသည်မှာ စိတ်သဘောထား အမျိုးအစားတစ်ခုဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့က သင့်ကို တစ်ခုခု လုပ်ဆောင်ရန်မျှသာ မတောင်းဆိုပေ။ ၎င်းတို့သည် သင့်ကို ထိန်းချုပ်ချင်ကြသည်။ ၎င်းတို့က သင့်ကို ထိန်းချုပ်လျှင် သင်သည် ၎င်းတို့၏ ရုပ်သေးရုပ်ဖြစ်မည်၊ ၎င်းတို့၏ လက်ထဲမှ အရုပ်တစ်ခုဖြစ်မည်။ သင်ပြောသမျှ၊ သင်လုပ်ဆောင်သမျှနှင့် သင်လုပ်ဆောင်သည့်နည်းလမ်းတို့တွင် သင်သည် ၎င်းတို့ကို အပြည့်အဝ နားထောင်လျှင် ၎င်းတို့က ပျော်ရွှင်လိမ့်မည်။ ဤစိတ်သဘောထားကို သင် သတိမူမိသောအခါ သင့်စိတ်နှလုံးတွင် မည်သည့်အရာကို ခံစားရသနည်း။ (ကျွန်ုပ် ကြောက်ရွံ့သည်။) သင်ကြောက်ရွံ့သောအခါ ၎င်းတို့၏ ဤစိတ်သဘောထားကို သင်မည်သို့ အဓိပ္ပာယ် သတ်မှတ်သနည်း။ ဤသည်မှာ တာဝန်သိခြင်းလော။ သနားကြင်နာခြင်းလော၊ သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းလော။ ရက်စက်ကြမ်းကြုတ်သည်ဟု သင်ခံစားရသည်။ လူတစ်ယောက်၏ စိတ်သဘောထားသည် ရက်စက်ကြမ်းကြုတ်သည်ဟု သင် သတိမူမိသောအခါ သင်သည် ကျေနပ်မှုကို ခံစားရသလော သို့မဟုတ် စက်ဆုပ်ရွံရှာခြင်း၊ အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ကြောက်ရွံ့ခြင်းကို ခံစားရသလော။ (စက်ဆုပ်ရွံရှာခြင်း၊ အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ကြောက်ရွံ့ခြင်းကို ခံစားရသည်။) ဤမကောင်းသော ခံစားချက်များ ထွက်ပေါ်လာသည်။ သင်သည် စက်ဆုပ်ရွံရှာခြင်း၊ အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ကြောက်ရွံ့ခြင်းကို ခံစားရသောအခါ လွတ်မြောက်ပြီး လွတ်လပ်ခြင်းကို ခံစားရသလော၊ သို့မဟုတ် ချည်နှောင်ခြင်းကို ခံစားရသလော။ (ချည်နှောင်ခြင်းကို ခံစားရသည်။) ဤသဘောထားများနှင့် ခံစားချက်မျိုးသည် အဘယ်က လာသနည်း။ စာတန်ထံမှ လာသည်။ ပြီးလျှင် ဘုရားသခင်ထံမှ လာသည့် အရာများမှ မည်သည့် ခံစားချက်များကို လူတို့ မွေ့လျော်ခံစားကြသနည်း။ (လွတ်မြောက်ခြင်းနှင့် လွတ်လပ်မှု ဖြစ်သည်။) သင်၏ စိတ်နှလုံး အလွန် လွတ်မြောက်ပြီး လွတ်လပ်သည်။ သင့်အနေဖြင့် ပြုပြင်ခံရ၊ အပြစ်တင်ခံရ၊ ဆုံးမပဲ့ပြင်ခံရ သို့မဟုတ် တရားစီရင်ခံရပြီး ပြစ်တင်ဆုံးမခြင်း ခံရလျှင်ပင် ထိုသဘောထားနှင့် ခံစားချက်က မည်သည့်အရာနှင့် တူသနည်း။ (ကျွန်ုပ်၏ စိတ်နှလုံးတွင် အကြွေးတင်ရှိခြင်း၊ နောင်တနှင့်ဆိုင်သည့် အသိစိတ်တစ်ခုနှင့် တစ်စုံတစ်ရာကို အမှားလုပ်မိပြီးဖြစ်သည်ဟူသည့် ခံစားချက်ရှိပြီး ထို့နောက်တွင် ကျွန်ုပ် အမှန်တကယ် နောင်တရပြီး မှန်ကန်သည့် ဦးတည်ချက်ဖြင့် ရှေးရှုသွားနိုင်ပါသည်။ ကျွန်ုပ် စိတ်နှလုံးတွင် နာကျင်မှုတချို့ ခံစားရသော်လည်း ကျွန်ုပ်၏ စိတ်ဝိညာဉ်က ဘုရားသခင်၏ မေတ္တာ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို မွေ့လျော်ခံစားရပါသည်။) ရရှိသည့် ရလဒ်မှာ အပြုသဘောဆောင်ပြီး ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ဖြစ်သည်။ စာတန်၏ လုပ်ရပ်များ၏ အကျိုးဆက်များမှာ အဘယ်နည်း။ (လူတို့ကို အကျဉ်းကျစေပြီး ၎င်းတို့က လွတ်မြောက်မှု ရှာမတွေ့နိုင်ကြပါ။ ၎င်းတို့ စိတ်နှလုံးများတွင် ဆင်းရဲဒုက္ခခံစားပြီး မိမိတို့ကိုယ်ကို မည်သို့ လွတ်မြောက်စေရမည်ကို မသိကြပါ။) ထိုအရာက လူတို့ကို ဘောင်ခတ်သည်၊ နားလည်ရခက်၍ ထူးဆန်းသည့် အကြောက်တရားဖြင့် ပြည့်သွားစေသည်၊ ၎င်းတို့၏ စိတ်နှလုံးများကို ချည်နှောင်ကာ ဘောင်ခတ်သည်။ ပြုမူဆောင်ရွက်ရန် ၎င်းတို့ ကြိုးစားသည်နှင့်တစ်ပြိုင်နက် ထိုအရာက ၎င်းတို့ ခြေလက်ကို ချည်နှောင်ပြီး အလွန်တရာ ကြောက်လန့်သွားစေသည်။ ဤသည်မှာ စာတန်၏ လုပ်ဆောင်ချက်ဖြစ်ပြီး စာတန်ထံမှ လာ၏။ စာတန်နှင့် အန္တိခရစ်တို့က ဤနည်းဖြင့် ပြုမူဆောင်ရွက်သည့်အခါ မည်သည့် စိတ်သဘောထား ပေါ်လွင်သနည်း။ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားရှိသည့်လူများသည် အခြားလူများကို အမြဲ ထိန်းချုပ်ချင်ကြသည်။ လူတို့ကို ထိန်းချုပ်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအရာမှာ သင့်ကို အချို့သော စကားများ မပြောအောင် တားမြစ်ခြင်းသာ ဖြစ်သလော။ နည်းလမ်းတစ်ခုခုဖြင့် မစဉ်းစားအောင် သင့်ကို တားမြစ်ခြင်းသာ ဖြစ်သလော။ သေချာပေါက် မဟုတ်ချေ။ စကားတစ်ခွန်း သို့မဟုတ် အတွေးတစ်ခုနှင့်ဆိုင်သည့် ပြဿနာ မဟုတ်သည်မှာ သေချာသည်။ ၎င်းတို့၏ စိတ်သဘောထား ရက်စက်ကြမ်းကြုတ်ခြင်းသာ ဖြစ်သည်။ “ရက်စက်ကြမ်းကြုတ်သော”ဟူသည့် စကားလုံးအရ ၎င်းက ဤစိတ်သဘောထားကို ထုတ်ဖော်သည့်အခါ လူတစ်ဦး လုပ်ဆောင်မည့်အရာများမှာ အဘယ်နည်း။ ဦးစွာပထမ ၎င်းတို့သည် လူတို့ကို ကြိုးကိုင်ညွှန်ကြားချင်ကြလိမ့်မည်။ ကြိုးကိုင်ညွှန်ကြားခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အသင်းတော်တွင် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ၎င်းတို့က စွက်ဖက်ချင်ကြလိမ့်မည်၊ ကြားဝင်နှောင့်ယှက်ကာ အစီအစဉ်များ ပြုလုပ်ချင်ကြလိမ့်မည်ဟု ဆိုလိုသည်။ ၎င်းတို့က သင့်အတွက် စည်းမျဉ်းတစ်ခု ချမှတ်လိမ့်မည်ဖြစ်ပြီး ထို့နောက် သင်က ထိုစည်းမျဉ်းကို စောင့်ထိန်းရလိမ့်မည်။ သင် မစောင့်ထိန်းလျှင် ၎င်းတို့ ဒေါသထွက်ကြလိမ့်မည်။ ၎င်းတို့က သင့်ကို ကြိုးကိုင်ညွှန်ကြားချင်ကြသည်။ သင့်ကို အရှေ့အရပ်သို့ သွားရန် ၎င်းတို့ ပြောလျှင် သင် အရှေ့အရပ်သို့ သွားရမည်ဖြစ်ပြီး အနောက်အရပ်သို့ သွားရန် ပြောလျှင် အနောက်အရပ်သို့ သင် သွားရမည်ဖြစ်သည်။ ၎င်းတို့တွင် ဤစိတ်ဆန္ဒရှိကြပြီး ဤသို့ ပြုမူဆောင်ရွက်ကြသည်။ ဤသည်ကို ကြိုးကိုင်ညွှန်ကြားခြင်းဟု ခေါ်သည်။ ဤလူတစ်ဦး၏ စိတ်၊ စိတ်ကူးများ၊ နှစ်သက်မှုများနှင့် ဆန္ဒများက ဘုရားသခင် ပြောဆိုသည့်အရာနှင့် ကိုက်ညီသည်ထက် ၎င်းတို့ ပြောဆိုသည့်အရာ၊ အလိုရှိသည့်အရာတို့နှင့် ကိုက်ညီရန်အလို့ငှာ ဤလူများသည် ထိုလူ၏ကံကြမ္မာကို ချုပ်ကိုင်ချင်ကြသည်၊ ထိုလူ၏ ဘဝ၊ စိတ်၊ အပြုအမူနှင့် နှစ်သက်မှုများကို ချုပ်ကိုင်ကာ ထိန်းချုပ်ချင်ကြသည်။ ဤအရာကို ကြိုးကိုင်ညွှန်ကြားခြင်းဟု ခေါ်သည်။ ၎င်းတို့သည် မိမိတို့ အလိုဆန္ဒအတိုင်း ဤအရာ၊ သို့မဟုတ် ထိုအရာလုပ်ဆောင်ရန် လူတို့အတွက် အမြဲ စီစဉ်လိုကြသည်။ စည်းမျဉ်းများကို အခြေခံ၍ ပြုမူဆောင်ရွက်ခြင်း မရှိကြဘဲ ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် နှစ်သက်မှုများကို အခြေခံ၍ ပြုမူဆောင်ရွက်ကြသည်။ သင် မည်သို့ခံစားရမည်ကို ၎င်းတို့ ဂရုမစိုက်ကြ၊ သင့်ကို အဓမ္မ အမိန့်ပေးကြပြီး ၎င်းတို့က သင့်ကို လုပ်ရန် စေခိုင်းသည့် မည်သည့်အရာကိုမဆို သင် လုပ်ဆောင်ရမည်ဖြစ်သည်။ ၎င်းတို့၏ အလိုဆန္ဒအတိုင်း သင် ပြုမူဆောင်ရွက်ခြင်း မရှိလျှင် သင့်ကို ၎င်းတို့ ကိုင်တွယ်လိမ့်မည်ဖြစ်ကာ သင့်ထံတွင် အမှန်တကယ် ရွေးချယ်စရာမရှိသကဲ့သို့ မည်သည့်အရာမျှ လုပ်ဆောင်၍မရဟု ခံစားစေလိမ့်မည်။ သင့်အနေဖြင့် အရူးလုပ်ခံရကာ ထိန်းချုပ်ခံရကြောင်း သင်၏ စိတ်နှလုံးတွင် သင် သိသော်လည်း ထိုအရာအား အတိုက်အခံလုပ်ရန် မဆိုထားနှင့်၊ မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင် မသိသေးချေ။ ၎င်းတို့၏ လုပ်ရပ်များသည် စာတန်၏ အပြုအမူ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ စာတန်၏ အပြုအမူဖြစ်သည်။ စာတန်က လူတို့ကို ဤကဲ့သို့ အရူးလုပ်ပြီး ဤကဲ့သို့ လူများကို ထိန်းချုပ်သည်။ ထို့ကြောင့် စာတန်ဆန်သော စိတ်သဘောထားတစ်ခုသည် အခြားသူများကို ထိန်းချုပ်ကာ ကြိုးကိုင်ညွှန်ကြားရန် အစဉ်သဖြင့် ကြိုးစားစဉ် လူတို့တွင် ယင်းဘာသာ ထင်ရှားလေသည်။ အခြားသူများကို ထိန်းချုပ်ကာ ကြိုးကိုင်ညွှန်ကြားခြင်းနှင့်ဆိုင်သည့် ဤရည်မှန်းချက်ကို ၎င်းတို့ စွမ်းဆောင်ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ လူအားလုံးတွင် ဤစိတ်သဘောထားမျိုး ရှိကြ၏။ ဤစိတ်သဘောထားမှာ အဘယ်နည်း။ (ရက်စက်ကြမ်းကြုတ်မှု ဖြစ်သည်။) ဤသည်မှာ ရက်စက်ကြမ်းကြုတ်မှုဖြစ်၏။ အဘယ်ကြောင့် ရက်စက်ကြမ်းကြုတ်မှုဟု ခေါ်သနည်း။ ဤစိတ်သဘောထား၏ သိသာထင်ရှားသည့် ထုတ်ဖော်ခြင်းများမှာ အဘယ်နည်း။ အကျပ်ကိုင်မှုနှင့်ဆိုင်သည့် ခံစားချက်တစ်ခုကို ဖော်ပြသလော။ (ဖော်ပြပါသည်။) ယင်းမှာ သင် နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ သင် မည်သို့ ခံစားရသည်ဖြစ်စေ၊ ထိုအရာကို သင် နှစ်သက်ခံစားသည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ ၎င်းတို့က မည်သည့် ဆွေးနွေးမှုမျှမရှိဘဲ၊ သင့်ကို စကားပြောခွင့် မပေးသကဲ့သို့ မည်သည့် လွတ်လပ်မှုမျှ မပေးဘဲ ၎င်းတို့ကို နားထောင်ပြီး ၎င်းတို့ ပြောသည့်အရာကို လုပ်ဆောင်ရန် သင့်အား အတင်းအကျပ် တောင်းဆိုလေသည်။ ထိုအရာတွင် ဤအဓိပ္ပာယ် အတိမ်အနက် ရှိသလော။ (ရှိပါသည်။) ဤအရာကို “ကြမ်းကြုတ်ရက်စက်ခြင်း”ဟု ခေါ်သည်၊ ယင်းမှာ ရက်စက်မှုက၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ရက်စက်မှု၏ သွင်ပြင်လက္ခဏာ နောက်တစ်ခုမှာ “ဆိုးယုတ်ခြင်း”ခ ဖြစ်သည်။ “ဆိုးယုတ်ခြင်း”က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းသည် လူတို့က နိုင်ထက်စီးနင်း အယူဝါဒသွတ်သွင်းခြင်းနှင့် နှိပ်ကွပ်ခြင်းနည်းစနစ်များဖြင့် သင့်အား ထိန်းချုပ်ကာ ၎င်းတို့၏ ကြိုးကိုင်ညွှန်ကြားမှုကို နာခံစေပြီး ထိုသို့အားဖြင့် မိမိတို့ ကျေနပ်အားရသွားသည့် ရလဒ်တစ်ရပ်ကို ရရှိစေခြင်းအား ရည်ညွှန်းပေသည်။ ဤအရာကို “ဆိုးယုတ်မှု”ဟု ခေါ်သည်။ ထိုအရာ၏ လုပ်ဆောင်ချက်များတွင် သင်၏ အသက်တာ ရင့်ကျက်နိုင်ဖို့အတွက် လွတ်လပ်စွာ ဆုံးဖြတ်မှုရှိခြင်း၊ တွေးဆတတ်ရန်နှင့် ပိုင်းခြားသိမြင်တတ်ရန် သင်ယူခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းတို့မှ စာတန်က သင့်ကို တားဆီးလိုသည်။ စာတန်က သင့်ကို ထိုအရာများ လုပ်ဆောင်ခွင့် မပေးသကဲ့သို့ သင့်ကို ထိန်းချုပ်ချင်သည်။ စာတန်က သင့်ကို သမ္မာတရား ရှာဖွေကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခွင့်မပေးသကဲ့သို့ သင့်ကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်းမရှိဘဲ ထိုအစား မိမိ၏ရှေ့သို့ ခေါ်ဆောင်ကာ ၎င်းက သမ္မာတရားဖြစ်ကာ ၎င်း ပြောသည့်အရာ မည်သည့်အရာမဆို မှန်ကန်သည့်အလား၊ အရာခပ်သိမ်း၏ ဗဟိုဖြစ်သည့်အလား ၎င်းကို နာခံစေသည်၊ ထိုသို့ဖြင့် ၎င်းကို သင် နာခံရမည်ဖြစ်ပြီး ၎င်း၏ စကားများက မှန်ခြင်း၊ သို့မဟုတ် မှားခြင်း ရှိမရှိဟူသည်ကို စိစစ်ရန် မကြိုးစားရပေ။ လူတို့၏ အပြုအမူနှင့် စိတ်များကို နိုင်ထက်စီးနင်းနှင့် ပြင်းပြင်းထန်ထန် ကြိုးကိုင်ညွှန်ကြားကာ ထိန်းချုပ်သည့် စိတ်သဘောထားကို ရက်စက်ကြမ်းကြုတ်မှုဟု ခေါ်သည်။ သင်တို့၏ နေ့စဉ် အသက်တာများတွင် ဤသရုပ်သကန်များကို သင်တို့ မမြင်ကြသလော။ (မြင်ကြပါသည်။) သင်တို့သည် ထိုအရာများနှင့် ထိတွေ့လာသည့်အခါ ထိုအရာများက ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းများ ဖြစ်သည်ကို သင်တို့ သဘောပေါက်ကြသလော။ (ယခင်က သဘောမပေါက်ခဲ့သော်လည်း ယခု ကျွန်ုပ် နားလည်ပါသည်။) အခြားလူတို့က သင်တို့အား ထိုသို့သော အရာများကို လုပ်ဆောင်ကာ ထိုသို့သော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်လျှင် ထိုအရာကို သင်တို့ ခံစားမိကာ သိမြင်နိုင်သော်လည်း သင်တို့ကိုယ်တိုင်က ထိုသို့သော အရာများကို လုပ်ဆောင်ကာ ထိုသို့သော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်လျှင် ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည်ကို သင်တို့ သဘောပေါက်ကြလိမ့်မည်လော။ “ဤစိတ်သဘောထားမျိုးက ရက်စက်ကြမ်းကြုတ်လှပါတကား။ ဤနည်းဖြင့် ပြုမူဆောင်ရွက်ခြင်းသည် အလွန်ပင် ဆိုးရွားလှပါတကား။ လူတို့ကို အုပ်စိုးရန်၊ လူတို့ကို အတင်းအကျပ် ထိန်းချုပ်ရန် လိုအင်ဆန္ဒနှင့် ရည်မှန်းချက် အမြဲရှိခြင်းက မှားယွင်းသည်၊ ယင်းသည် စာတန်နှင့် သက်ဆိုင်သည်၊ စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ငါ ဤကဲ့သို့ ပြုမူ၍ မဖြစ်ပါ။ လူတို့ကို သဘောထားပြုမူပြီး ပေါင်းသင်းဆက်ဆံရန် သမ္မာတရားနှင့် ကိုက်ညီသည့် နည်းလမ်းတစ်ခုကို ငါ ရှာရမည်” ဟူ၍ သင် သဘောပေါက်လိမ့်မည်လော။ ဤအသိတရားကို သင်တို့ ရလာလိမ့်မည်လော။ (ရလာမည် မဟုတ်ပါ။) သင်တို့သည် ဤအရာကို သဘောပေါက်နိုင်စွမ်း မရှိသကဲ့သို့ ဤစိတ်သဘောထားကို မကြာခဏ ထုတ်ဖော်လျှင် အကျိုးဆက်များက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်တို့ သိကြသလော။ (ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို အချိန်ပေး၍ ပေါင်းသင်းဆက်ဆံရန် လိုလားနေကြလိမ့်မည် မဟုတ်သကဲ့သို့ ကျွန်ုပ်ကို သူတို့ ငြင်းပယ်ကြပါလိမ့်မည်။) ယင်းမှာ အကျိုးဆက်များထဲမှ တစ်ခုဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦးသည် အခြားသူများနှင့် သဟဇာတရှိစွာ မသင့်မြတ်နိုင်သကဲ့သို့ လူတို့က ၎င်းတို့အပေါ် လွန်စွာ မနှစ်မသက်ဖြစ်ကြလိမ့်မည်။ ၎င်းတို့က ကပ်ဆိုးတစ်ခုကဲ့သို့ ဖြစ်သည်။ ၎င်းတို့ ရောက်သည်နှင့် လူတိုင်း ထွက်သွားကြရပြီး ဤသည်မှာ အဘယ်ကြောင့်နည်း။ မည်သူကမျှ ၎င်းတို့၏ ထိန်းချုပ်ခြင်းကို မခံလိုပေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြပြီး ဘုရားသခင်နောက် လိုက်လိုကြကာ စာတန်နောက်လိုက်ရန် မလိုလားကြပေ။ သို့တိုင် ဤလူစားမျိုးက အခြားသူများကို အမြဲ ထိန်းချုပ်ချင်ကြသောကြောင့် လူတို့က ၎င်းတို့ကို အဘယ်သို့ မငြင်းပယ်ဘဲနေနိုင်မည်နည်း။ ဦးစွာပထမ ညီအစ်ကို မောင်နှမများ၏ ငြင်းပယ်မှုကို ၎င်းတို့ မကြာခဏ ခံရလိမ့်မည်ဖြစ်ပြီး ၎င်းတို့အပေါ် လူတို့အား စက်ဆုပ်ရွံရှာစေလိမ့်မည်။ ၎င်းတို့ နောင်တမရနိုင်လျှင် အခြားသူများနှင့် ၎င်းတို့ ညီညီညွတ်ညွတ် အလုပ်မလုပ်နိုင်ကြသောကြောင့် ထိုသို့သော လူတစ်ဦးသည် မိမိတို့၏တာဝန်ကိုပင် ကောင်းမွန်စွာ သို့မဟုတ် အချိန်ကာလတစ်ခု ကြာမြင့်စွာ ဖြည့်ဆည်းနိုင်မည် မဟုတ်။ ထို့ကြောင့် ၎င်းတို့ ဖယ်ရှားရှင်းလင်းခြင်းခံရဖို့သာ ရှိလိမ့်မည်။ ဤအရာအပြင် အခြားသော အကျိုးဆက်များမှာ အဘယ်နည်း။ (အသင်းတော် အသက်တာ နှောင့်ယှက်ခံရလိမ့်မည်။) ဤသည်မှာ နောက်ထပ် အကျိုးဆက်တစ်ခု ဖြစ်သည်။ ထိုလူသည် ညီအစ်ကို မောင်နှမများထဲတွင် သိုးမဲတစ်ကောင် ဖြစ်လာလိမ့်မည်ဖြစ်ပြီး အသင်းတော် အသက်တာကို အဖျက်အမှောင့်လုပ်လိမ့်မည်။ ဤအရာကြောင့် မည်သည့်အရာကို ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ ဆုံးရှုံးကြလိမ့်မည်နည်း။ (အသက်တာတွင် ကြီးထွားနိုင်ကြလိမ့်မည် မဟုတ်ပါ။) အသက်တာတွင် ၎င်းတို့ မုချ ကြီးထွားနိုင်ကြလိမ့်မည် မဟုတ်၊ ထို့ကြောင့် အဆုံးစွန် ရလဒ်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့ မုချ အပြစ်ပေးခံရကာ ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည် ဖြစ်သည်။ မိမိ ညီအစ်ကို မောင်နှမများ၏ အမြဲ ငြင်းပယ်ခြင်းခံရသည့် လူတစ်ဦး၊ အသက်တာတွင် လုံးဝ ကြီးထွားတိုးတက်ခြင်း မရှိသကဲ့သို့ လူတို့ကို ထိန်းချုပ်ရန်၊ ၎င်းတို့အား နာခံစေရန်၊ ထိုသူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်၏ နေရာကိုယူရန် အမြဲ အလိုရှိပြီး နောက်ဆုံးတွင် သီးခြားခွဲထားခြင်းခံရသည့် လူတစ်ဦး၊ ပြီးလျှင် နောင်တမရသေးသကဲ့သို့ လုံးဝ မပြောင်းလဲသည့်လူတစ်ဦးဖြစ်သည့် ထိုသို့သော လူတစ်ဦးကို ဘုရားသခင်က မည်သို့ ကိုင်တွယ်လိမ့်မည်နည်း။ ငါ့ကို ပြောလော့၊ ဘုရားသခင်က လူသားများကို ကယ်တင်သလော၊ သို့မဟုတ် လူသားမဟုတ်သူများကို ကယ်တင်သလော။ (လူသားများကို ကယ်တင်ပါသည်။) သို့ဆိုလျှင် ဤကဲ့သို့သော လူတစ်ဦးကို ဘုရားသခင် မည်သို့ သတ်မှတ်သနည်း။ (လူမဟုတ်သောသူတစ်ဦးအဖြစ် သတ်မှတ်ပါသည်။) ဘုရားသခင်က ထိုသို့သော လူတစ်ဦးကို လူမဟုတ်သူတစ်ဦးအဖြစ် သတ်မှတ်ပြီး ၎င်းတို့ကို မကယ်တင်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ အဆုံးသတ်ကို သတ်မှတ်ထားပါသလော။ ထိုသို့သော လူတစ်ဦးသည် မျှော်လင့်ချက်မရှိ၊ အသက်ရှင်ရာတွင် တန်ဖိုးမရှိပေ။ လူမဟုတ်သူအဖြစ် ဘုရားသခင်၏ သတ်မှတ်ခံရခြင်းသည် အလွန် သနားဖွယ်ဖြစ်၏။
အသက်ဝင်ရောက်မှုကို လိုက်စားခြင်းသည် နေ့စဉ်ဘဝ၏ ကိစ္စရပ်အားလုံးတွင် မိမိ၏ စကားများ၊ လုပ်ဆောင်ချက်များ၊ အတွေးများနှင့် စိတ်ကူးများကို ဆန်းစစ်ခြင်း၊ မိမိကိုယ်ပိုင် အခြေအနေကို သဘောပေါက်ခြင်းနှင့် ထို့နောက်တွင် ထိုအခြေအနေကို ဘုရားနှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ကြည့်ခြင်း၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် မိမိနားလည်နိုင်သလောက် ဆောင်ရွက်ခြင်းတို့ လိုအပ်သည်။ လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းဖြစ်စဉ်တွင် အကြင်သူသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရန် မိမိကို တားဆီးသည့် မည်သည့် အခြားသော အပျက်သဘောဆောင်သည့် အခြေအနေများနှင့် အမှုအရာများ ၎င်း၏ စိတ်နှလုံးတွင် ကျန်ရှိနေသည်ဆိုသည်ကို မြင်ရန် ကြည့်လျက် မိမိကိုယ်ပိုင် အခြေအနေကို စဉ်ဆက်မပြတ် ဆန်းစစ်ရန်လည်း လိုအပ်ပြီး ယင်းတို့ကို ဖော်ထုတ်ပြီးနောက်တွင် ဤမူမမှန်သည့် အခြေအနေများကို ဖြေရှင်းရန် ဘုရားသခင်ထံ ဆုတောင်းပြီး အသနားခံရန် လိုအပ်သည်။ ဤအရာက ၎င်းတို့အနေဖြင့် မိမိတို့ နားလည်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်ကို သေချာစေလိမ့်မည်။ အပျက်သဘောဆောင်သော အခြေအနေများ၊ အယူအဆများနှင့် စိတ်ကူးများကို စဉ်ဆက်မပြတ် ဖြေရှင်းခြင်းသည် အကြင်သူက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်ကို သေချာစေသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို လက်တွေ့လုပ်ဆောင်နေသည်ဖြစ်စေ အချို့သော အခက်အခဲများရှိလိမ့်မည်ဖြစ်ကာ ပတ်ဝန်းကျင်နှင့် ဆက်စပ်အခြေအနေ ပြောင်းလဲသည့်အခါ အသစ်သော အခက်အခဲများ ထွက်ပေါ်လိမ့်မည်။ ထို့အပြင် လူတို့၏ အမျိုးမျိုးသော အယူအဆများ၊ စိတ်ကူးများနှင့် မသန့်စင်သည့် ရည်ရွယ်ချက်များက ၎င်းတို့ကို သမ္မာတရားအား လက်တွေ့မလုပ်ဆောင်ရန် တားဆီးနိုင်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်သူများနှင့် မကြာခဏ ဖွင့်ဟကာ မိတ်သဟာယပြုရမည်ဖြစ်ပြီး အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် ဆက်စပ် အခြေအနေများအပြင် ကိစ္စမျိုးစုံတွင် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်သည်ကို သေချာစေရန်အလို့ငှာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းအတွက် လမ်းကြောင်းတစ်ခု ရှာရမည်ဖြစ်ကာ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရမည်ဖြစ်သည်။ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းကို ဤသို့ ရှာဖွေကာ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ စွမ်းဆောင်ရရှိနိုင်သည်။ လူတို့သည် မိမိတို့ကိုယ်ကို မကြာခဏ သုံးသပ်ခြင်းမရှိလျှင် မိမိတို့ကိုယ်တိုင်၏ အခြေအနေများကို သဘောပေါက်နိုင်ကြမည်မဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အခက်အခဲများက မည်သည့်နေရာတွင် တည်ရှိသည်ဆိုသည်နှင့် ထိုအတွက် အဟန့်အတားများက မည်မျှကြီးမားသည်ဆိုသည်တို့ကို သိမည်မဟုတ်သောကြောင့် ၎င်းတို့ သမ္မာတရား လက်တွေ့လုပ်ဆောင်နိုင်သည်ကို သေချာစေနိုင်ကြမည် မဟုတ်ပေ။ မိမိတို့ကိုယ်ကို သိရှိပြီး မိမိတို့ကိုယ်ပိုင် အခြေအနေများကို သဘောပေါက်သည့်သူများသာ ဘုရားသခင်အပေါ် မှီခိုကာ သူ့ကို ကိုးစားနိုင်ပြီး သမ္မာတရားကို အလွယ်တကူ လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ မိမိတို့ကိုယ်ကို မသိရှိကြသူများသည် မိမိတို့ အယူအဆများနှင့် စိတ်ကူးများအရ စည်းမျဉ်းစည်းကမ်းများကို အမြဲ လိုက်လျှောက်ကြသောကြောင့် ၎င်းတို့ ရင်ဆိုင်ရသည့် အတားအဆီးများမှာ များပြားပြီး ၎င်းတို့၏ အခက်အခဲများက ကြီးမား၏။ အမှန်တွင် လူတို့ ရင်ဆိုင်သည့် အကြီးမားဆုံး အခက်အခဲမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင်ရှိပြီး ထို့နောက်တွင် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို နားမလည်ခြင်းတွင် ရှိပေသည်။ ဤပြဿနာနှစ်ခု ပြေလည်သွားသည်နှင့်တစ်ပြိုင်နက် လူတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသွားသည်။ ဘုရားသခင်ကို ကျိုးနွံနာခံသည့် လူတစ်ဦးဖြစ်လာရန်နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်အလို့ငှာ အကြင်သူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ပထမဆုံး ကြိုးစားသင့်ပေသည်။ အကြင်သူသည် နေ့စဉ် ၎င်းကြုံရသည့် မတူကွဲပြားသော ကိစ္စရပ်များတွင် သမ္မာတရား၏ သွင်ပြင်လက္ခဏာအချို့ကို လက်တွေ့လုပ်ဆောင်နိုင်လျှင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နှင့်ပြီးဖြစ်သည်။ သင်သည် ဤပုံစံဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်ကာ မိမိကိုယ်ကို ပြန်သုံးသပ်ပြီး ဘုရားနှုတ်ကပတ်တော်၌ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှာတွေ့လျှင် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အခြေအနေကို သင် တဖြည်းဖြည်း ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဝင်ရောက်ခြင်းအတွက် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ တစ်ချိန်တည်းတွင် သမ္မာတရား၏ သွင်ပြင်လက္ခဏာ အားလုံးကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများကို အခြေခံကျကျ သင် သဘောပေါက်လိမ့်မည်။ လူတစ်ဦးသည် ဤအခြေအနေများနှင့် သမ္မာတရား သွင်ပြင်လက္ခဏာအားလုံးအပေါ် စစ်မှန်သည့် သိနားလည်မှုတစ်ခု ရှိသည့်အခါ ၎င်း၏ စိတ်နှလုံးက ကျေနပ်အားရပြီး ၎င်းက အလွန့်အလွန် တိုးတက်လာလိမ့်မည်။ ၎င်းတို့အနေဖြင့် နုံအပြီး ဉာဏ်ထိုင်းပုံ သို့မဟုတ် နုံချာပြီး သနားဖွယ်ဖြစ်ပုံမပေါ်ကြတော့ချေ။ ယခုခေတ်တွင် လူအများစုသည် အပြင်ပန်း ကိစ္စရပ်များအကြောင်း အနည်းငယ် ပြောဆိုနိုင်ကြသော်လည်း အမှန်နှင့်အမှား ကိစ္စရပ်များနှင့်ပတ်သက်၍ မှန်ကန်သည့် ရှုထောင့်အမြင်ကို ဖော်ပြရန်နှင့် ဤကိစ္စရပ်များအပေါ် ၎င်းတို့၏ သိနားလည်မှုအပြင် ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ၎င်းတို့၏ နည်းစနစ်များနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတို့အကြောင်း ပြောဆိုရန် တောင်းဆိုခြင်းခံရသည့်အခါ လူများစုသည် ရှင်းလင်းသည့် သိနားလည်မှု ကင်းမဲ့ကြပြီး စိတ်ထဲတွင် လုံးဝ ဘာမျှမသိမြင်ကြပေ။ လူအချို့က “သင် မှားသည်၊ ကျွန်ုပ်တို့သည် စိတ်ထဲတွင် လုံးဝ မသိမြင်ခြင်း မဟုတ်။ ဘုရားသခင်သည် မိုးအပေါ် အချုပ်အခြာအာဏာရှိကြောင်း၊ နွေဦးရာသီတွင် သစ်ပင်များကို အစို့ထွက်ရန် ဘုရားသခင် စီစဉ်ပေးကြောင်း၊ ငှက်များ အသိုက်ဆောက်သည့်အချိန်နှင့် ပန်းအမျိုးမျိုးသည် အဘယ်ကြောင့် ကွဲပြားခြားနားပြီး အရောင်များစွာဖြင့် ဖြစ်လာသည်ဆိုသည်နှင့် သစ်ပင်များ၏ အရွက်များ အဘယ်ကြောင့် အစိမ်းရောင် ဖြစ်ရသည်ဆိုသည်တို့ကို သတ်မှတ်သည့် နည်းဥပဒေသများကို ဘုရားသခင် စီမံထားကြောင်း ကျွန်ုပ်တို့သိကြသည်။ ဤအရာများသည် ဘုရားသခင်၏ အရာခပ်သိမ်း ဖန်ဆင်းခြင်း၏ နည်းဥပဒေသများဖြစ်ပြီး ဘုရားသခင်က စီမံထားခြင်းဖြစ်သည်။ မနက်တွင် ထလျက်၊ ညတွင် အိပ်ရာဝင်ကာ တစ်နေ့ ထမင်းသုံးနပ်စားလျက် ဘုရားသခင် စီမံထားသည့် နည်းဥပဒေသများအတိုင်း အသက်ရှင်သင့်သည်ကို ကျွန်ုပ်တို့ သိပြီး လူသားများအတွက် မွေးဖွားခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေခြင်းတို့နှင့်ဆိုင်သည့် နည်းဥပဒေသများ ရှိကြောင်းအပြင် ယင်းတို့ကို မည်သူမျှ ချိုးဖောက်၍မရကြောင်းကိုလည်း ကျွန်ုပ်တို့ သိကြပါသည်။ ထို့အပြင် ဘုရားသခင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ စောဒကမတက်ပါ။ ယနေ့ အသက်ရှင်နိုင်ခြင်းအတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ရှိပြီး မနက်ဖြန် သေရမည်ဆိုလျှင်လည်း ထိုနည်းတူ ဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတင်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ချွတ်ခြုံကျ၊ နုံအကာ ဉာဏ်ထိုင်းခြင်း မရှိကြပါ”ဟု ပြောကောင်းပြောနိုင်သည်။ ဤအယူဝါဒများကို နားလည်ခြင်းမျှသည် သမ္မာတရားကို နားလည်ခြင်းနှင့် တူညီသလော။ ထိုအရာသည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ဤအရာများကို သိနားလည်ခြင်းသည် ပထမခြေလှမ်းဖြစ်ပြီး ယင်းတို့သည် လူတို့ နားလည်ရန် လိုအပ်သည့် အရာများလည်း ဖြစ်သည်။ သို့သော် အားလုံးတွင် ၎င်းတို့ နားလည်ရန် အလိုအပ်ဆုံးသောအရာမှာ ၎င်းတို့ မည်သို့ အသက်ရှင်သင့်သည်၊ မည်သည့်အရာဖြင့် အသက်ရှင်သင့်သည်ဆိုသည်နှင့် မည်သည့်တာဝန်များကို ထမ်းဆောင်သင့်သည်ဆိုသည်တို့ ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို သင် မရှာဖွေနိုင်ပါက အသက်ဝင်ရောက်မှု ရှိလိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရားနှင့် အသက်ကို ရရှိမည်မဟုတ်သည့်အပြင် ဘုရားသခင်၌ ဤယုံကြည်ခြင်းမျိုးသည် အနှစ်မဲ့သည် မဟုတ်လော။ ဤသည်မှာ သင်သည် စိတ်ထဲတွင် လုံးဝ သိမြင်မှုကင်းမဲ့ကြောင်းကို ဆိုလိုပေသည်။ အခြားသူတို့က “ယခင်က ကျွန်ုပ်သည် ဝိညာဉ်ရင့်ကျက်မှုတွင် သေးငယ်ပြီး ကျွန်ုပ်အပေါ် ဖြစ်ပျက်သည့် အရာတိုင်းကို ဘုရားသခင် စီစဉ်ညွှန်ကြားခဲ့ကြောင်း မသိခဲ့သလို ဤအရာများကို မည်သို့ ရှုမြင်ရမည်၊ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိခဲ့ပါ။ ဤအရာများ ဖြစ်ပျက်သည့်အခါ ကျွန်ုပ် ဘာလုပ်ရမှန်းမသိဖြစ်ကာ လူသားနည်းစနစ်များကို အသုံးပြုလျက် ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ယခုတွင် နေ့စဉ် ဖြစ်ပျက်သည့်အရာများ မည်မျှ သေးငယ်သည်ဖြစ်စေ အားလုံးကို ဘုရားသခင် စီစဉ်ညွှန်ကြားထားခြင်းဖြစ်ကြောင်းနှင့် အရာရာကို ဘုရားသခင် စီမံထားကြောင်းကို ကျွန်ုပ် နားလည်သွားပြီဖြစ်ပြီး ‘ဘုရားသခင်၊ ကိုယ်တော်၏ အချုပ်အခြာအာဏာအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်။ ကိုယ်တော်၏ လက်ထဲတွင်လည်းကောင်း၊ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှု၏ ပြုသမျှကိုခံရန်လည်းကောင်း ကျွန်ုပ်၏ ကံကြမ္မာကို ထားရှိရန် လိုလားပါသည်။ ကျွန်ုပ် မပုန်ကန်ချင်ပါ၊ ကိုယ်တော်၏ စကားများကို ကျွန်ုပ် နားထောင်ချင်သလို ကျွန်ုပ်၏ တာဝန်ကို သေချာပေါက် ကောင်းစွာ ဖြည့်ဆည်းပြီး ထိုတာဝန်အတွက် ကျွန်ုပ် သစ္စာစောင့်သိကာ အစွမ်းကုန် အားထုတ်ပါမည်’ဟု ကျွန်ုပ် ပြောပါမည်။ ဤအရာအားလုံးကို ကျွန်ုပ် နားလည်သောကြောင့် ကျွန်ုပ်သည် အဘယ်သို့ဖြစ်ပြီး နုံချာကာ သနားဖွယ်ဖြစ်နိုင်ဦးမည်နည်း”ဟု ပြောကြသည်။ အမှန်တွင် ၎င်းတို့သည် နုံချာကာ သနားဖွယ်ဖြစ်၏။ အဘယ်ကြောင့် ဤအရာကို ငါ ပြောသနည်း။ (အဘယ်ကြောင့်ဆိုသော် သူတို့၏ စာတန်ဆန်သော စိတ်သဘောထားနှင့် သူတို့၏ သဘာဝ အနှစ်သာရကို သိသောအသိ ကင်းမဲ့သောကြောင့် ဖြစ်သည်။ ဝိညာဉ်ရေးရာ အယူဝါဒများစွာအကြောင်း သူတို့ ပြောဆိုနိုင်ကြသော်လည်း တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါမိမိတို့၏ စာတန်ဆန်သော စိတ်သဘောထားအတိုင်း အသက်ရှင်ကြဆဲဖြစ်ပြီး ဘုရားသခင်ကို နှစ်ချီ ယုံကြည်ပြီးသည့်နောက်တွင် သူတို၏ အသက်စိတ်သဘောထား အနည်းငယ်မျှ မပြောင်းလဲသေးပါ။) ၎င်းတို့ နားလည်သည့်အရာမှာ ၎င်းတို့ ဝတ်ဆင်သည့် အတုအယောင် ဝိညာဉ်ရေးရာ ဝတ်ရုံတစ်ခုသာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ပုံသဏ္ဌာန်နှင့် သန့်ရှင်းသူတစ်ဦး၏ ရည်မွန်မှုတို့ ရှိပုံရကာ နက်နဲပြီး ဝိညာဉ်ရေးရာဆန်သော ဓမ္မပညာဆိုင်ရာ သဘောတရားအချို့ကို ကျွမ်းကျင်နှံ့စပ်ပုံရသော်လည်း ၎င်းတို့ နားလည်သည့်အရာမှာ သမ္မာတရားမဟုတ်ဘဲ ဓမ္မပညာဆိုင်ရာ သဘောတရားတစ်မျိုးသာ ဖြစ်သည်။ ထိုအရာက လူတစ်ဦး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲနိုင်ရန် မဆိုထားနှင့်၊ လူတစ်ဦး၏ ဘဝ ဦးတည်ချက် သို့မဟုတ် အမှုအရာများအပေါ် လူတစ်ဦး၏ အမြင်များ သို့မဟုတ် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စည်းမျဉ်းများကို မပြောင်းလဲနိုင်ပေ။ ဤဓမ္မပညာဆိုင်ရာ သဘောတရားများ၊ ဤဝိညာဉ်ရေးရာ အယူဝါဒများသည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းမှတစ်ဆင့် ဘုရားသခင်ကို သိရှိကာ ကျိုးနွံနာခံခြင်းအဆင့်ထိ ရောက်ရှိရန် ၎င်းတို့ကို ထောက်ကူပေးဖို့မဆိုထားနှင့် ဘုရားသခင်နှင့် လူတစ်ဦး၏ ဆက်ဆံရေးကို လုံးဝ ပုံမှန် ဖြစ်အောင်မလုပ်နိုင်ချေ၊ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသိအမှတ်ပြုရန် ထောက်ကူပေးနိုင်ခြင်း မရှိချေ၊ သို့မဟုတ် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားအောင် မလုပ်နိုင်ချေ။ ထို့ကြောင့် ဤဝိညာဉ်ရေးရာ စကားလုံးများနှင့် အယူဝါဒများဟုခေါ်သည့် အရာများသည် လူတို့ကို အကျိုးကျေးဇူး အနည်းငယ်မျှ မဖြစ်စေနိုင်ဘဲ ဤဆိုးရွားသော အရာများသည် သမ္မာတရားနှင့် ဘာမျှပတ်သက်ခြင်းမရှိဘဲ လုံးလုံးလျားလျား စွန့်လွှတ်ကာ ပစ်ပယ်သင့်သည့် သူတော်ကောင်းအယောင်ဆောင်ခြင်းသာ ဖြစ်သည့်အတွက် ၎င်းတို့ကို မာနထောင်လွှားကာ စိတ်ကြီးဝင်အောင်သာ လုပ်နိုင်ပြီး ဘုရားသခင်ကို တိုး၍ ပုန်ကန်ခြင်းနှင့် အတိုက်အခံလုပ်ခြင်းတို့ကိုပါ ဖြစ်စေသည်။
ယခုအခါတွင် ဘုရားသခင်ကို ယုံကြည်သူများ လိုက်စားရန် လိုအပ်သည့် အရေးကြီးသော အရာမှာ အဘယ်နည်း။ (စိတ်သဘောထား ပြောင်းလဲခြင်းတစ်ခု ဖြစ်သည်။) အယူဝါဒများစွာအကြောင်း ပြောဆိုခြင်းသည် လူတစ်ဦး၏ စိတ်သဘောထားကို ပြောင်းလဲစေနိုင်သလော။ (မပြောင်းလဲစေနိုင်ပါ။) စိတ်သဘောထား ပြောင်းလဲခြင်းက အတိအကျ မည်သည့်အရာဖြစ်သနည်း။ စိတ်သဘောထား ပြောင်းလဲခြင်းသည် လူတစ်ဦး၏ အကျင့်စရိုက် ပြောင်းလဲကြောင်းနှင့် ၎င်းတို့ အလွန့်အလွန် အပူအပင်မရှိ၊ ပေါင်းသင်းရလွယ်ကူကာ လူတိုင်း၏ နှစ်သက်သဘောကျခြင်း ခံရကြောင်းကို ဆိုလိုသလော။ စိတ်သဘောထား ပြောင်းလဲခြင်းသည် လူတစ်ဦးက နှုတ်ဆိတ်လာကာ စကားပြောရန် သို့မဟုတ် ရယ်မောရန် ဝန်လေးလာသည်ဟု ဆိုလိုသလော။ စိတ်သဘောထား ပြောင်းလဲခြင်းမှာ လူတစ်ဦးသည် ရာသီဥတုဒဏ် မပြတ်ခံလာရသည်၊ သမ္ဘာရင့်ကာ ရင့်ကျက်လာသည်ဟု ဆိုလိုသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် စိတ်သဘောထား ပြောင်းလဲခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ မိမိ၏ စိတ်သဘောထားကို ပြောင်းလဲရန်အလို့ငှာ ပထမဆုံး နားလည်ရမည့်အရာမှာ မည်သည့်အရာနည်း။ ဦးစွာပထမ အကြင်သူသည် စိတ်သဘောထား ပြောင်းလဲခြင်းတစ်ခု စွမ်းဆောင်ရရှိရန်အတွက် အခြေခံအကြောင်းရင်းက မည်သည့်အရာဖြစ်သည်ကို နားလည်ရမည်။ ဆိုလိုသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့်နောက်တွင် လူ၏ သဘာဝ အနှစ်သာရက မည်သည့်အရာ ဖြစ်လာပြီး ဖြစ်သည်ဆိုသည်နှင့် လူ၏ စိတ်သဘောထားက မည်သည့်အရာ ဖြစ်လာပြီး ဖြစ်သည်ဆိုသည်တို့ကို ၎င်းတို့ ပထမဆုံး သတိပြုရမည်ဖြစ်သည်။ ဤအရာက ၎င်းတို့၏ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းနှင့်ပတ်သက်သော အမှန်တရားကို သတိပြုမိနိုင်စေလိမ့်မည်။ ဥပမာအနေဖြင့် လူအချို့သည် အထူးသဖြင့် လှည့်ဖြားတတ်ပြီး ဤလှည့်ဖြားတတ်ခြင်းက ၎င်းတို့၏ သဘာဝနှင့် ၎င်းတို့၏ စိတ်သဘောထားလည်း ဖြစ်ပေသည်။ လူအချို့သည် အထူးသဖြင့် မာနထောင်လွှားပြီး ဤမာနထောင်လွှားခြင်းက ၎င်းတို့၏ သဘာဝနှင့် ၎င်းတို့၏ စိတ်သဘောထားလည်း ဖြစ်ပေသည်။ ဥပမာတစ်ခု ငါပေးမည်။ တစ်စုံတစ်ရာ သင့်အပေါ် ကျရောက်သည်ဆိုပါစို့၊ သင့်ထံတွင် သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိသည်။ ဤရည်ရွယ်ချက်များ ဖြစ်ပေါ်သည့်အခါ ထိန်းချုပ်ထားသည့်အရာမှာ မည်သည့်အရာနည်း။ ပထမဦးစွာ ထိန်းချုပ်သည်မှာ သေချာပေါက် သင်၏ ပင်ကိုစရိုက် မဟုတ်သကဲ့သို့ သင်၏ မိသားစု နောက်ခံလည်းမဟုတ်၊ အခြားလူတစ်ဦးဦးလည်း သာ၍ပင် မဟုတ်ပေ။ သင်၏ ရည်ရွယ်ချက်များသည် သင့်စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် ရှိ၏။ ထို့ကြောင့် ဦးစွာပထမ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သည်ကိုလည်းကောင်း၊ ယင်းက မာနထောင်လွှားခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း သို့မဟုတ် စိတ်နှလုံးမာကျောခြင်း ဟုတ်မဟုတ်ဆိုသည်ကိုလည်းကောင်း မိမိဘာသာ သင် ဆန်းစစ်ရမည်။ ထိုအရာကို သင် နားလည်ပြီးသည့်အခါ ဤစိတ်သဘောထားက မည်သည့်အခြေအနေများ ဖြစ်ပေါ်စေမည်ကို သိရှိရန် နောက်ထပ် သင့်ကိုယ်သင် ဆန်းစစ်လော့။ ဥပမာအနေဖြင့် လှည့်ဖြားခြင်း ဖြစ်သည်ဆိုပါစို့။ လူတို့သည် လိမ်လည်လှည့်ဖြားမှုတွင် ပါဝင်သောအခါ ဤအရာမှ မည်သည့်ရည်ရွယ်ချက်များ လာသနည်း။ ပြီးလျှင် မည်သည့်ရည်မှန်းချက်ကို ၎င်းတို့ စွမ်းဆောင်ရရှိရန် ကြိုးစားနေသနည်း။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရဖို့အတွက် ဖြစ်သည်မှာ ခြွင်းချက်မရှိပေ။ လိုရင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအတွက် ဖြစ်သည်။ ပြီးလျှင် ကိုယ်ပိုင်အကျိုးစီးပွားများကို လိုက်စားခြင်း၏ အရင်းအမြစ်တွင် မည်သည့်အရာ တည်ရှိသနည်း။ ယင်းမှာ လူတို့က သူတို့ကိုယ်တိုင်၏ အကျိုးအမြတ်များသည် အခြားအရာအားလုံးထက် ပို၍အရေးကြီးသည်ဟု ရှုမြင်ခြင်းပင်ဖြစ်သည်။ သူတို့သည် မိမိတို့ကိုယ်ကို အကျိုးရှိရန်အလို့ငှာ လိမ်လည်လှည့်ဖြားခြင်း၌ ပါဝင်ကြပြီး ဤနည်းဖြင့် သူတို့၏ လိမ်လည်လှည့်ဖြားသော စိတ်သဘောထားက ထုတ်ဖော်ခံကြရသည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ရှေးဦးစွာ အကျိုးစီးပွားများသည် မည်သည့်အရာဖြစ်သည်၊ လူတို့အတွက် မည်သည့်အရာများ အတိအကျ ရရှိစေသည်၊ ထိုအရာများကို လိုက်စားခြင်းအတွက် အကျိုးဆက်များက မည်သည့်အရာဖြစ်သည်တို့ကို သင် ပိုင်းခြားသိမြင်ပြီး သိရမည်။ ဤအရာကို သင် အဖြေမရှာနိုင်လျှင် ထိုအရာများကို စွန့်ပစ်ခြင်းသည် ပြောဖို့လွယ်ပြီး လုပ်ဖို့ခက်သည်။ လူတို့သည် သမ္မာတရားကို နားမလည်လျှင် ၎င်းတို့အတွက် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခြင်းထက် ပို၍ ခက်သည့်အရာမရှိပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အသက်တာ အတွေးအခေါ်များသည် “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော၊” နှင့် “လူဆိုသည်မှာ ကြံရင်းသေကြသလို ငှက်ဆိုသည်မှာ ပျံရင်းသေကြသည်” ဆိုသည်တို့ ဖြစ်သောကြောင့်တည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက်သာ ရှင်သန်သည်မှာ ရှင်းသည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမရှိဘဲ ၎င်းတို့၏ အကျိုးစီးပွားများကို ဆုံးရှုံးခဲ့ရလျှင် ရှင်သန်နိုင်မည်မဟုတ်ဟု ထင်ကြသည်။ ယင်းမှာ ၎င်းတို့ ရှင်သန်ရေးသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ခွဲခြား၍မရသည့်အလား ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရာအားလုံးထက် မြင့်သည်ဟု မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် အသက်ရှင်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခိုင်းခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို စွန့်လွှတ်ရန် တောင်းဆိုသကဲ့သို့ဖြစ်သည်။ ဤသို့ဆိုလျှင် ဤသို့သော အခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူတို့သည် သမ္မာတရားကို လက်ခံရမည်။ သမ္မာတရားကို ၎င်းတို့ နားလည်သောအခါမှသာ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ၏ အနှစ်သာရကို ရိပ်စားမိနိုင်သည်။ ထိုအခါမှသာ ၎င်းတို့သည် ထိုအကျိုးစီးပွားများကို စွန့်လွှတ်ရန်နှင့် ပုန်ကန်ရန် စတင်နိုင်မည်ဖြစ်ပြီး ၎င်းတို့အလွန်ချစ်သည့် အရာကို လက်လွှတ်ခြင်း၏ နာကျင်မှုကို တောင့်ခံနိုင်မည်ဖြစ်သည်။ ဤအရာကို ပြုလုပ်နိုင်ပြီး သင်ကိုယ်တိုင်၏ အကျိုးစီးပွားများကို စွန့်ပစ်နိုင်သည့်အခါတွင် သင်သည် စိတ်နှလုံးထဲတွင် ပို၍ စိတ်သက်သာပြီး ပို၍ ငြိမ်းချမ်းလိမ့်မည်။ ပြီးလျှင် ဤသို့လုပ်ဆောင်ခြင်းတွင် သင်သည် ဇာတိပကတိကို အောင်မြင်ကျော်လွှားပြီး ဖြစ်လိမ့်မည်။ သင်၏ အကျိုးစီးပွားများကို ဖက်တွယ်ပြီး ယင်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်လျှင်၊ ပြီးလျှင် သမ္မာတရားကို အနည်းငယ်မျှ လက်မခံလျှင် သင်၏ စိတ်နှလုံးတွင် သင်က “မိမိအတွက် အကျိုးရှိရန် ကြိုးစားခြင်းနှင့် ဆုံးရှုံးမှုကို မခံစားရန် ငြင်းပယ်ခြင်းတို့တွင် မည်သည့်အရာမှားနေသနည်း။ ဘုရားသခင်က ငါ့ကို အပြစ်ဒဏ်မခတ်သေးပေ။ ပြီးလျှင် လူတို့ကရော ငါ့ကို ဘာလုပ်နိုင်မည်နည်း” ဟု ပြောကောင်းပြောနိုင်သည်။ မည်သူကမျှ သင့်အား မည်သည့်အရာမျှ မလုပ်နိုင်ပေ၊ သို့ရာတွင် ဘုရားသခင်အပေါ် ဤယုံကြည်ခြင်းဖြင့် သင်သည် နောက်ဆုံးတွင် သမ္မာတရားနှင့် အသက်ကို ရရှိရန် ပျက်ကွက်လိမ့်မည်။ ဤသည်မှာ သင့်အတွက် ကြီးမားသော ဆုံးရှုံးမှုပင်ဖြစ်သည်။ သင် ကယ်တင်ခြင်းကို ရရှိမည်မဟုတ်ချေ။ ပို၍ ကြီးမားသော နောင်တတစ်ခုတလေ ရှိသလော။ ဤသည်မှာ အဆုံးတွင် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားကို လိုက်စားခြင်းမှ လာသောအရာ ဖြစ်သည်။ လူတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ လိုက်စားလျှင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ လိုက်စားလျှင် သမ္မာတရားနှင့် အသက်ကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ ပြီးလျှင် အဆုံး၌ ဆုံးရှုံးမှုကို ခံစားရသည်မှာ ၎င်းတို့ပင် ဖြစ်လိမ့်မည်။ သမ္မာတရားကို လိုက်စားသူတို့ကို ဘုရားသခင်က ကယ်တင်သည်။ သမ္မာတရားကို သင်လက်မခံလျှင် သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် သိမြင်နိုင်စွမ်းတို့ မရှိလျှင် သင်သည် အမှန်တကယ် နောင်တရလိမ့်မည်မဟုတ်၊ ပြီးလျှင်အသက်ဝင်ရောက်မှုလည်း ရှိမည်မဟုတ်ပေ။ သမ္မာတရားကို လက်ခံပြီး မိမိကိုယ်ကို သိခြင်းသည် သင့်အသက်တာရှိ ကြီးထွားတိုးတက်မှုနှင့် ကယ်တင်ခြင်း ရရှိခြင်းဆီသို့ လမ်းကြောင်းဖြစ်သည်။ သူ၏စိစစ်မှု၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီး အသက်နှင့် သမ္မာတရားကို ရရှိရန်အတွက် ဘုရားသခင် ရှေ့မှောက်ကို လာဖို့ သင့်အတွက် အခွင့်အရေးဖြစ်သည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် သင်ကိုယ်တိုင်၏ အကျိုးစီးပွားတို့ကို လိုက်စားခြင်းအတွက် သမ္မာတရားကို လိုက်စားခြင်းအား စွန့်လွှတ်လျှင် ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းနှင့် ကယ်တင်ခြင်းကို ရရှိခြင်း အခွင့်အလမ်းကို စွန့်လွှတ်သည့် သဘောသက်ရောက်သည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို သင်ရွေးချယ်နေခြင်းဖြစ်သည်။ သို့သော် သင် စွန့်လွှတ်နေသည့်အရာမှာ သမ္မာတရားဖြစ်သည်။ ပြီးလျှင် သင်ဆုံးရှုံးနေသည့်အရာမှာ အသက်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးဖြစ်သည်။ မည်သည့်အရာက ပိုအရေးပါသနည်း။ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ရွေးချယ်ပြီး သမ္မာတရားကို စွန့်လွှတ်လျှင် ဤသည်မှာ မမိုက်မဲသလော။ ရှင်းရှင်းပြောရလျှင် ဤသည်မှာ သေးငယ်သော အကျိုးကျေးဇူးအတွက် ကြီးမားစွာ ဆုံးရှုံးခြင်းကို ခံစားရခြင်းဖြစ်သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ငွေကြေးနှင့် အကျိုးစီးပွားများအားလုံးတို့သည် ခဏတာသာ ဖြစ်သည်၊ ယင်းတို့သည် မီးခိုးငွေ့လေးတစ်ခုအလား ပျောက်ပြယ်သွားသည်။ သမ္မာတရားနှင့် အသက်မှာမူ ထာဝရဖြစ်ပြီး ပြောင်းလဲ၍ မရပေ။ လူတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုလိုက်စားဖို့ ဖြစ်လာစေသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းလျှင် ၎င်းတို့သည် ကယ်တင်ခြင်းရရန် မျှော်လင့်ချက်ရှိသည်။ ထို့အပြင် လူတို့ရရှိသည့် သမ္မာတရားများမှာ ထာဝရဖြစ်သည်။ စာတန်က ဤသမ္မာတရားများကို လူတို့ထံမှ နုတ်မယူနိုင်သကဲ့သို့ အခြားမည်သူကမျှ နုတ်မယူနိုင်ပေ။ သင်သည် သင်၏အကျိုးစီးပွားများကို စွန့်လွှတ်ပြီး သင်ရရှိသည့်အရာသည် သမ္မာတရားနှင့် ကယ်တင်ခြင်းတို့ဖြစ်ပါက ဤရလဒ်များသည် သင်၏ ရလဒ်များဖြစ်ပြီး သင့်ဘာသာသင် ရရှိသည့်အရာဖြစ်သည်။ လူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်ပါက သူတို့၏ အကျိုးစီးပွားများကို သူတို့ဆုံးရှုံးသော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ထာဝရအသက်ကို သူတို့ရရှိနေကြသည်။ ထိုသူတို့မှာ အတော်ဆုံးသောသူများ ဖြစ်ကြသည်။ အကယ်၍ လူတို့သည် မိမိတို့၏ အကျိုးစီးပွားများအတွက် သမ္မာတရားကို စွန့်လွှတ်လျှင် ၎င်းတို့သည် အသက်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းတို့ကို ဆုံးရှုံးရလေသည်။ ထိုသူတို့မှာ အမိုက်မဲဆုံးသောသူများ ဖြစ်သည်။ မိမိတို့၏ အကျိုးစီးပွားများကိုဖြစ်စေ၊ သမ္မာတရားကိုဖြစ်စေ လူတစ်ဦး ရွေးချယ်သည့်အရာသည် အလွန့်အလွန် ထုတ်ဖော်သည်။ သမ္မာတရားကို ချစ်မြတ်နိုးသောသူတို့က သမ္မာတရားကို ရွေးချယ်ကြလိမ့်မည်။ သူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် ရွေးချယ်ပြီး သူ့နောက်ကို လိုက်ကြလိမ့်မည်ဖြစ်သည်။ သူတို့က သမ္မာတရားကို လိုက်စားရန်အတွက် မိမိတို့ကိုယ်တိုင်၏ အကျိုးစီးပွားများကို စွန့်ပစ်ကြရန် သာ၍လိုလားသည်။ သူတို့ မည်မျှပင် ဒုက္ခခံရမည်ဖြစ်စေ ဘုရားသခင်ကျေနပ်စေဖို့ သက်သေရပ်တည်ရန် သန္နိဋ္ဌာန်ချထားကြသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်း၏ အခြေခံ လမ်းကြောင်းပင်ဖြစ်သည်။
ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လူတို့အားလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး မည်သူမျှ အခြားတစ်ဦးတလေထက် ပို၍ ဖောက်ပြန်ပျက်စီးခြင်း မရှိပေ။ အမှုအရာများအပေါ် လူတို့၏ အမြင်များ၊ စိတ်ကူးများနှင့် ပုန်ကန်ခြင်း အတိုင်းအတာတို့သည် များစွာ ကွာခြားခြင်းမရှိသကဲ့သို့ အဓိကအားဖြင့် တူညီပေသည်။ လူအားလုံးသည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်ကြပြီး ၎င်းတို့ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်ကြ၏။ တန်းတူဖြစ်သည့်အရာမှာ ဘုရားသခင်က လူအသီးသီးကို တူညီသည့် အခွင့်အရေး ပေးထားခြင်းဖြစ်သည်။ ဘုရားသခင်သည် လူတိုင်းအပေါ် တူညီသည့် သဘောထားရှိကာ ဘုရားသခင်၏ သမ္မာတရားနှင့် အသက်ထောက်ပံ့ပေးခြင်းသည် လူတိုင်းအတွက် တူညီသောကြောင့် လူအသီးသီးအတွက် ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းများသည်လည်း တူညီပေသည်။ သင်သည် ရွေးနုတ်ကယ်တင်၍မရနိုင်ကြောင်း၊ အခြားသူများထက် ပိုမိုဖောက်ပြန်ပျက်စီးကြောင်းနှင့် အခြားသူများက မြင်ပြီး အလွန်အမင်း မနှစ်မြို့ကြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို သင် ထုတ်ဖော်ပြပြီးဖြစ်သောကြောင့် ဘုရားသခင်က သင့်ကို ကယ်တင်လိမ့်မည် မဟုတ်ဟု တွေးထင်ပြီး သင်သည် မိမိကိုယ်ကို အဖြစ်မရှိသော သူတစ်ဦးအဖြစ် သဘောထားကာ စိတ်ထက်သန်မှုတစ်ခုမျှ မလှုံ့ဆော်နိုင်သကဲ့သို့ မည်သည့်အရာကိုမျှ လုပ်ဆောင်လိုစိတ်မရှိဘဲ အသက်ရှင်ရာတွင် အဓိပ္ပာယ်မရှိကြောင်းနှင့် သင့်အတွက် သေဆုံးခြင်းက ပိုကောင်းမည်ဟု တွေးထင်လျှင် ဤသည်မှာ မည်သည့် သဘောထားမျိုးဖြစ်သနည်း။ ဤသည်မှာ ရင့်ကျက်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု မဟုတ်သကဲ့သို့ ဘုရားသခင် မြင်လိုသည့်အရာလည်း မဟုတ်ပေ။ ဘုရားသခင်သည် ဤလူစားမျိုး သို့မဟုတ် ဤသဘောထားမျိုးကို မနှစ်သက်ပေ။ သမ္မာတရားကို လိုက်စားခြင်း ဖြစ်စဉ်တွင် လူတို့သည် မမှန်ကန်သည့် အခြေအနေများစွာကို ပြောင်းပြန်လှန်ရန် လိုအပ်ပြီး မိမိတို့၏ လိုက်စားမှုအပေါ် အမြင်များကို စဉ်ဆက်မပြတ် အမှန်ပြင်ကာ ဘုရားသခင်ရှေ့မှောက်သို့ စဉ်ဆက်မပြတ်လာသည့်အပြင် ၎င်းတို့ကို စိစစ်ရန် တောင်းလျှောက်ပြီး ၎င်းတို့ကို ဉာဏ်အလင်းပေးပြီး လမ်းပြရန် တောင်းလျှောက်ဖို့ လိုအပ်ပေသည်။ ဘုရားသခင်သည် ၎င်းတို့ကို ကူညီမှုနှင့် ကျေးဇူးတော် ပေးလိမ့်မည်ဖြစ်ပြီး လူတစ်ဦးစီတိုင်းကို များစွာသော သည်းခံခြင်း၊ ကြင်နာခြင်း၊ သနားကရုဏာနှင့် ခွင့်လွှတ်ခြင်းတို့ဖြင့် ဦးဆောင်လမ်းပြလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် လူတို့၏ မှန်ကန်သည့် သဘောထားများနှင့် သမ္မာတရား လိုက်စားရန်သော်လည်းကောင်း၊ တရားမျှတမှုနှင့် အလင်းကို တမ်းတရန်သော်လည်းကောင်း လိုအင်ဆန္ဒကို သံသယမရှိသင့်သကဲ့သို့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် သနားကရုဏာ၊ ခွင့်လွှတ်ခြင်းတို့ဖြစ်သည့် ဘုရားသခင်၏ အနှစ်သာရကိုလည်း သံသယမထားသင့်ပေ။ ဤစကားများကို သင် သတိရရမည်။ လူတို့အား ဤစကားများကို ပြောဆိုရခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ မည်သည့်အချိန်တွင်မဆို သမ္မာတရား လိုက်စားခြင်းကို ၎င်းတို့ လက်မလျှော့သင့်ကြောင်း၊ မိမိတို့ကိုယ်ကို အဖြစ်မရှိသော သူများအဖြစ် သဘောမထားသင့်ကြောင်း သို့မဟုတ် အပျက်သဘောမဆောင်သင့်ကြောင်းကို ဆိုလိုပေသည်။ အပျက်သဘောဆောင်ခြင်းထဲသို့ သင် ကျရောက်သွားသည့်အခါ သင့်ကိုယ်သင် စဉ်းစားရမည်။ ဘုရားသခင်က အဘယ်ကြောင့် သမ္မာတရားများစွာကို ဖော်ပြလေပြီနည်း။ ထိုအရာမှာ သမ္မာတရားကို သိနားလည်ခြင်းနှင့် မိမိတို့ကိုယ်ပိုင် တကယ့် ပြဿနာများကို ဖြေရှင်းခြင်းတွင် ပို၍ပင် များပြားသောလူတို့ကို ထောက်ပံ့ရန်ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များမှ များစွာ တိုက်ရိုက် ရရှိရုံမက သင်၏ ညီအစ်ကို မောင်နှမများနှင့်အတူ သမ္မာတရားကို မိတ်သဟာယပြုချိန်တွင်လည်း များစွာ သင် ရရှိပေသည်။ ယင်းမှာ ထိုအချိန်တွင် ဘုရားသခင်က သင့်ကို ထောက်ပံ့ပေးခြင်းနှင့် အတူတူပင်ဖြစ်သည် မဟုတ်လော။ ထိုသို့သင်တွေးထင်ပြီး ဤအရာကို သင် နားလည်နိုင်လျှင် အဘယ်ကြောင့် လက်လျှော့ချင်သနည်း။ သင်၏ စိတ်နှလုံးတွင် အဘယ်ကြောင့် စောဒကတက်ခြင်းများ ဖြစ်ပေါ်သနည်း။ သင့်ကို ကယ်တင်ရာတွင် ဘုရားသခင်၏ ရိုးသားစစ်မှန်မှုကို သင် အဘယ်ကြောင့် သံသယရှိသနည်း။ လူတို့အနေဖြင့် မိုက်မဲနိုင်သည်၊ ဝိညာဉ်ရင့်ကျက်မှုတွင် သေးငယ်ပြီး အားနည်းနိုင်သည်၊ သို့သော် ကယ်တင်ခြင်းနှင့်ပတ်သက်လာသည့်အခါ ယုံကြည်ခြင်းဆုံးရှုံး၍ မရပေ။ တစ်နေ့ သင်တို့ကို ငါ စကားပြောပြီး တစ်ဖန် ဆက်ဆံသည့်အခါ သင်တို့အနေဖြင့် နုံချာကာ သနားဖွယ် သို့မဟုတ် ထုံအကာ ဉာဏ်ထိုင်းသည့်ပုံမပေါ်ဘဲ တစ်စုံတစ်ရာကို သင်တို့ ရယူကာ ရရှိပြီးဖြစ်ကြောင်းကို ငါ မြင်လိမ့်မည်ဖြစ်သည်။ သင်တို့ များစွာ ကြားပြီးဖြစ်သည်၊ များစွာ မြင်ပြီးဖြစ်သည်၊ များစွာ နားလည်ပြီးဖြစ်သည်၊ သို့သော် သမ္မာတရားကို သင်တို့ ရရှိပြီးခြင်း ရှိမရှိဆိုသည်နှင့် သင်တို့အနေဖြင့် စုံလင်အောင်ပြုသည်ကို ခံရနိုင်ခြင်းရှိမရှိဆိုသည်မှာ သင်တို့၏ လိုက်စားမှုအပေါ် မူတည်ပေသည်။ ထိုအရာကို တစ်စုံတစ်ဦးက လိုက်စားလျှင် ရရှိနိုင်သော်လည်း ထိုအရာကို ၎င်းတို့ နားမထောင်သကဲ့သို့ လိုက်စားခြင်းမရှိလျှင် မည်သည့်အခါတွင်မျှ ရရှိလိမ့်မည်မဟုတ်သည်မှာ အမှန်ဖြစ်သည်။ သမ္မာတရားကို သင်တို့ အမှန်တကယ် လိုက်စားပြီး ပေတရုကဲ့သို့ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာနှင့် စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို လိုက်စားသရွေ့ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သင်တို့ ရရှိလိမ့်မည်။ ဤသည်မှာ သေချာပေသည်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်
အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာသားတွင် “ယင်းမှာ ရက်စက်မှု၏ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်” ဆိုသည့် စကားစု မပါဝင်ပါ။
ခ။ မူရင်းစာသားတွင် “ရက်စက်မှု၏ အခြား သွင်ပြင်လက္ခဏာတစ်ခုမှာ ‘ဆိုးယုတ်မှု’ဖြစ်သည်” ဆိုသည့် စကားစု မပါဝင်ပါ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။