မိမိကိုယ်ကို သိခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ (ကောက်နုတ်ချက် ၄၈)
ဘုရားသခင်ကို ယုံကြည်သူများထဲမှ မည်ကဲ့သို့သောလူမျိုးသည် ကယ်တင်ခြင်းခံရဖို့ အလားအလာအနည်းဆုံးဖြစ်သနည်း၊ ထို့အပြင် မည်သည့်သဘာဝမျိုးက ပျက်စီးခြင်းသို့ ဦးတည်ဖို့ အလားအလာအများဆုံး ဖြစ်သနည်း။ ဤသည်ကို သင်တို့ ရှင်းလင်းပြတ်သားစွာ မြင်သလော။ လူတစ်ဦးသည် ခေါင်းဆောင်တစ်ဦးဖြစ်သည်ဖြစ်စေ သို့မဟုတ် နောက်လိုက်တစ်ဦးဖြစ်သည်ဖြစ်စေ လူသား၏ ဖြစ်နေကျ သဘာဝမှာ အဘယ်နည်း။ လူသားသဘာဝအတွင်းရှိ ဖြစ်နေကျ အခြေခံသဘောတရားမှာ ဘုရားသခင်ကို သစ္စာဖောက်ခြင်းဖြစ်သည်။ လူတစ်ဦးချင်းစီတိုင်းသည် ဘုရားသခင်ကို သစ္စာဖောက်နိုင်စွမ်းရှိသည်။ ဘုရားသခင်ကို သစ္စာဖောက်ခြင်းဟူသည်မှာ အဘယ်နည်း။ ယင်း၏သရုပ်သကန်များမှာ မည်သည်တို့နည်း။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို ရပ်တန့်လိုက်သောသူများသာ သူ့ကို သစ္စာဖောက်သူများ ဖြစ်ကြသလော။ လူသား၏အနှစ်သာရက မည်သည့်အရာဖြစ်သည်ကို လူများသည် နားလည်ရမည်၊ ပြီးလျှင် ယင်း၏အရင်းခံအကြောင်းရင်းကို နားလည်သဘောပေါက်ရမည်။ သင်၏ဒေါသဖြင့် ဝုန်းဒိုင်းကြဲခြင်း၊ အပြစ်အနာအဆာများ၊ ဆိုးသောအလေ့အထများ၊ သို့မဟုတ် သွန်သင်ဆုံးမမှု မရှိခြင်းတို့အားလုံးသည် အပေါ်ယံအချက်များမျှသာ ဖြစ်ကြသည်။ အကယ်၍ သင်သည် ဤအသေးအဖွဲအရာများကိုသာ အစဉ်သဖြင့် ဖက်တွယ်နေပါက၊ စည်းမျဉ်းစည်းကမ်းများကို မဆင်မခြင် ကျင့်သုံးပြီး မည်သည့်အရာကို မုချလိုအပ်သည်ကို နားလည်သဘောပေါက်ဖို့ ပျက်ကွက်ပါက၊ သင်၏သဘာဝရှိ ရှိရင်းစွဲအရာများကို ထိုအတိုင်းထားပြီး သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းပါက သင်သည် နောက်ဆုံးတွင် လမ်းကြောင်းမှ သွေဖည်နေဆဲပင် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ခုခံခြင်းဖြင့်သာ အဆုံးသတ်သွားလိမ့်မည်။ လူများသည် ဘုရားသခင်ကို အချိန်မရွေး၊ နေရာမရွေး သစ္စာဖောက်နိုင်သည်၊ ဤသည်မှာ ပြင်းထန်လေးနက်သော ပြဿနာတစ်ခုဖြစ်သည်။ ခဏတာဖြစ်ဖြစ် ဘုရားသခင်ကို ချစ်သောစိတ်နှလုံး သင့်တွင် အနည်းငယ် ရှိကောင်းရှိမည်၊ စိတ်အားထက်သန်စွာ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံကောင်းခံမည်၊ ထို့ပြင် သစ္စာစောင့်သိခြင်းအနည်းငယ်ဖြင့် သင်၏တာဝန်များကို ထမ်းဆောင်ကောင်း ထမ်းဆောင်မည်၊ သို့မဟုတ် ဤအချိန်ကာလအတောအတွင်း သင့်တွင် လုံးဝပုံမှန်ဖြစ်သော အသိစိတ်နှင့် အသိတရား ရှိကောင်းရှိမည်။ သို့သော် လူများသည် တည်ငြိမ်မှုမရှိဘဲ ပြောင်းလဲလွယ်ကြသည်၊ အဖြစ်အပျက်တစ်ခုကြောင့် အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်နိုင်စွမ်းရှိသည်။ ဥပမာအနေဖြင့် လူတစ်ဦးသည် ၎င်း၏တာဝန်ကို ထမ်းဆောင်ရာတွင် လုံးဝပုံမှန်ဖြစ်သော အသိစိတ်ကို ပိုင်ဆိုင်နိုင်သည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်၊ လက်တွေ့ကျသောအတွေ့အကြုံ၊ ဝန်တာတစ်ခုနှင့် သစ္စာစောင့်သိခြင်းတို့ ရှိနိုင်သည်။ သို့သော် ၎င်း၏ယုံကြည်ခြင်းက အထူးသဖြင့် အားကောင်းရုံသာ ရှိသေးသောအခါတွင် ၎င်း ကိုးကွယ်သော အန္တိခရစ်တစ်ဦးကို ဘုရားအိမ်တော်က နှင်ထုတ်သဖြင့် ၎င်းတွင် အယူအဆများရှိစပြုလာသည်။ ၎င်းသည် ချက်ချင်းဆိုသလို အပျက်သဘောဆောင်လာသည်၊ ၎င်း၏အလုပ်အတွက် စိတ်အားထက်သန်မှုပျောက်ဆုံးကုန်သည်၊ ၎င်း၏တာဝန်ကို ဝတ်ကျေတမ်းကျေသာ ထမ်းဆောင်တော့သည်၊ ဆုမတောင်းချင်တော့ဘဲ “အဘယ်ကြောင့် ဆုတောင်းရမည်နည်း။ ထိုမျှကောင်းမွန်သော လူတစ်ဦး နှင်ထုတ်ခံရလျှင် မည်သူသည် ကယ်တင်ခြင်းခံရနိုင်မည်နည်း။ ဘုရားသခင်သည် လူများကို ဤသို့ မဆက်ဆံသင့်ပါ” ဟူ၍ စောဒကတက်သည်။ ၎င်း၏စကားလုံးများ၏ သဘာဝက အဘယ်နည်း။ အဖြစ်အပျက်တစ်ခုဖြစ်ရုံဖြင့် ၎င်း၏ လိုအင်ဆန္ဒများနှင့် မကိုက်ညီတော့ပေ၊ ပြီးလျှင် ၎င်းသည် ဘုရားသခင်အပေါ် ဝေဖန်သုံးသပ်သည်။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်ခြင်း၏ သရုပ်သကန်တစ်ခုမဟုတ်လော။ လူများသည် အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ထံမှ သွေဖည်သွားနိုင်သည်။ အခြေအနေအချို့ကို တွေ့ကြုံလိုက်ရာတွင် ၎င်းတို့သည် အယူအဆများ စိတ်ကူးများဖြစ်ပေါ်ကောင်း ဖြစ်ပေါ်လာနိုင်ပြီး ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကြသည်။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်ခြင်း၏ သရုပ်သကန်တစ်ခုမဟုတ်လော။ ဤသည်မှာ အရေးကြီးလေသည်။ ယခုအခါတွင် ဘုရားသခင်နှင့်ပတ်သက်၍ သင့်တွင် အယူအဆတစ်စုံတစ်ရာမရှိဘဲ သူ့ကို ကျိုးနွံနာခံနိုင်သည်ဟု သင်တွေးကောင်းတွေးနိုင်သည်၊ သို့သော် သင် တစ်ခုခုမှားယွင်းလုပ်မိပြီး ရုတ်တရက် ပြင်းပြင်းထန်ထန် ပြုပြင်ခြင်းကို ခံရပါက သင်သည် ကျိုးနွံနာခံနိုင်ဦးမည်လော။ ဖြေရှင်းချက်တစ်ခုအတွက် သမ္မာတရားကို သင်ရှာဖွေနိုင်သလော။ အကယ်၍ သင်သည် ကျိုးနွံနာခံနိုင်ခြင်း မရှိပါက သို့မဟုတ် သင်၏ပုန်ကန်လိုခြင်းပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာနိုင်ပါက ဘုရားသခင်ကို သင်သစ္စာဖောက်နိုင်သည့် အခွင့်အရေးတစ်ခု ရှိသေးသည်။ “ဘုရားသခင်အပေါ် ကျွန်ုပ် မယုံကြည်တော့ပါ” ဟူ၍ သင်အမှန်တကယ် ပြောနိုင်ခဲ့မည် မဟုတ်သော်လည်း ထိုအခိုက်အတန့်တွင် သင်၏စိတ်နှလုံးသည် သူ့ကို သစ္စာဖောက်ပြီးဖြစ်သည်။ လူ့သဘာဝက အတိအကျ မည်သည့်အရာဖြစ်သည်ကို သင်သည် ရှင်းလင်းပြတ်သားစွာ မြင်ရမည်။ ဤသဘာဝ၏အနှစ်သာရက သစ္စာဖောက်ခြင်းဖြစ်သလော။ အလွန်နည်းပါးသည့်လူများသာ လူ့သဘာဝအနှစ်သာရကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်သည်။ အခြားသူများတွင် လူ့သဘာဝ မရှိကြစဉ်တွင် လူအချို့တွင် အသိတရားအနည်းငယ်နှင့် အတော်ကောင်းမွန်သော လူ့သဘာဝရှိကြသော်လည်း တစ်ဦးတစ်ယောက်၏ လူ့သဘာဝက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ၎င်းတို့၏အစွမ်းအစက ကောင်းသည်ဖြစ်စေ၊ ညံ့ဖျင်းသည်ဖြစ်စေ ဖြစ်လေ့ရှိသည့် အကြောင်းရင်းမှာ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို သစ္စာဖောက်နိုင်ကြသည် ဟူ၍ဖြစ်သည်။ လူ့သဘာဝမှာ အခြေခံအားဖြင့် ဘုရားသခင်ကို သစ္စာဖောက်သည့်သဘာဝဖြစ်သည်။ “စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးသည့် လူများသည် သဘာဝအရ ဘုရားသခင်ကို သစ္စာဖောက်ကြသောကြောင့် ၎င်းနှင့်ပတ်သက်၍ ကျွန်ုပ် ဘာမျှမတတ်နိုင်သော်လည်း တဖြည်းဖြည်းတော့ ပြောင်းလဲနိုင်သည်” ဟု သင်တို့ တွေးလေ့ရှိကြသည်။ ယခု ဤအတိုင်း သင်တို့ ထင်နေကြဆဲဖြစ်သလော။ သို့ဆိုလျှင် ငါ့ကို ပြောလော့။ လူတစ်ဦးသည် ဖောက်ပြန်ပျက်စီးခြင်းမရှိဘဲ ဘုရားသခင်ကို သစ္စာဖောက်နိုင်သလော။ ဖောက်ပြန်ပျက်စီးခြင်းမရှိဘဲ လူများသည် ဘုရားသခင်ကို သစ္စာဖောက်နိုင်သေးသည်။ ဘုရားသခင်က လူသားကို ဖန်ဆင်းခဲ့သောအချိန်က သူသည် ၎င်းတို့အား လွတ်လပ်သောစိတ်ဆန္ဒကို ပေးခဲ့သည်။ လူသားများသည် အထူးသဖြင့် နုနယ်သည်။ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ဖို့ မွေးရာပါ လိုအင်ဆန္ဒကို ၎င်းတို့ မပိုင်ဆိုင်ကြပါ၊ ပြီးလျှင် “ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ဖြစ်ပြီး ကျွန်ုပ်တို့သည် ဖန်ဆင်းခံများဖြစ်ကြသည်” ဟု ပြောကြသည်။ လူများတွင် ထိုကဲ့သို့သော အမြင်သဘောထားမျိုးမရှိကြပေ။ ၎င်းတို့တွင် သဘာဝအားဖြင့် သမ္မာတရားမရှိကြသကဲ့သို့ ၎င်းတို့အတွင်းတွင် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် စပ်လျဉ်းသည့် အရာတစ်ခုတလေလည်း မရှိပေ။ ဘုရားသခင်က လူသားများကို တွေးဖို့ ခွင့်ပြုပေးရင်း ၎င်းတို့ကို လွတ်လပ်သောစိတ်ဆန္ဒကို ပေးခဲ့သော်လည်း လူများက သမ္မာတရားကို လက်မခံကြပေ။ ဘုရားသခင်ကို လုံးဝ မသိကြဘဲ သူ့ကို မည်သို့ကျိုးနွံနာခံပြီး ကိုးကွယ်ရမည်ကို နားမလည်ကြပေ။ ဤအရာများသည် လူသားများထံတွင် မရှိသောကြောင့် ဖောက်ပြန်ပျက်စီးခြင်း မရှိလျှင်ပင် ဘုရားသခင်ကို သင် သစ္စာဖောက်နိုင်ဆဲဖြစ်၏။ သင်သည် ဘုရားသခင်ကို သစ္စာဖောက်နိုင်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင့်ကို စုံစမ်းသွေးဆောင်ဖို့ စာတန်လာသောအခါ သင်သည် စာတန်နောက်သို့လိုက်ပြီး ဘုရားသခင်ကို သစ္စာဖောက်သည်။ သင့်ကို ဘုရားသခင်က ဖန်ဆင်းထားသော်လည်း သူ့နောက်သို့ လိုက်ရမည့်အစား စာတန်နောက်သို့ လိုက်သည်။ ဤသည်က သင့်ကို သစ္စာဖောက်တစ်ဦး ဖြစ်စေသည်မဟုတ်လော။ သစ္စာဖောက်တစ်ဦးဆိုသည်မှာ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ သစ္စာဖောက်သော လူတစ်ယောက်ဖြစ်သည်။ ဤအရာ၏ အနှစ်သာရကို သင်အပြည့်အဝ နားလည်သလော။ ထို့ကြောင့် လူများသည် ဘုရားသခင်ကို အချိန်မရွေး၊ နေရာမရွေး သစ္စာဖောက်နိုင်သည်။ ဘုရားသခင်၏ နိုင်ငံတော်တွင်လည်းကောင်း၊ သူ၏ အလင်းအောက်တွင်လည်းကောင်း ၎င်းတို့ လုံးလုံး နေထိုင်သောအချိန်၊ စာတန်၏အရာအားလုံး ပျက်စီးသွားသောအချိန်နှင့် ၎င်းတို့ကို အပြစ်တရားအထဲသို့ စုံစမ်းသွေးဆောင်သည့်အရာ သို့မဟုတ် ဆွဲဆောင်သိမ်းသွင်းသည့်အရာ တစ်ခုတလေ မရှိတော့သည့်အချိန်မှသာ လူများသည် ဘုရားသခင်ကို သစ္စာမဖောက်ကြတော့မည်ဖြစ်သည်။ အကယ်၍ လူများကို အပြစ်တရားထဲသို့ ဆွဲဆောင်သိမ်းသွင်းသည့်တစ်ခုခု ရှိနေသေးပါက ထိုအခါတွင် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်နိုင်ကြဦးမည်။ ထို့ကြောင့် လူသားများသည် အသုံးမကျသော အရာများဖြစ်ကြသည်။ အချို့သော စကားများနှင့် အယူဝါဒများကို သင်က စကားကြောရှည်လေပန်းနိုင်ရုံဖြင့် သင်သည် သမ္မာတရားအချို့ကို နားလည်ပြီး ဘုရားသခင်ကို သစ္စာမဖောက်နိုင်ကြောင်း၊ ရွှေ သို့မဟုတ် ငွေကဲ့သို့၊ ကြေး သို့မဟုတ် သံကဲ့သို့ မဟုတ်လျှင်ပင် မြေထည်ပစ္စည်းထက် ပို၍အဖိုးတန်သည်ဟု အနည်းဆုံး သင့်ကို ယူဆသင့်ကြောင်း သင်ထင်နေနိုင်သည်။ သို့သော် သင်သည် သင့်ကိုယ်သင် ပိုလွန်၍ ခန့်မှန်းနေခြင်းဖြစ်သည်။ လူသားများသည် အမှန်တကယ် မည်သည့်အရာ ဖြစ်သည်ဆိုသည်ကို သင်သိသလော။ လူများသည် ဘုရားသခင်ကို အချိန်မရွေး၊ နေရာမရွေး သစ္စာဖောက်နိုင်သည်၊ ၎င်းတို့သည် တစ်ပြားမျှပင် မထိုက်တန်ချေ။ ဘုရားသခင် ပြောခဲ့သကဲ့သို့ပင် လူသားများသည် အသုံးမကျသော အကောင်ယုတ်များ လူ့တိရစ္ဆာန်များ ဖြစ်ကြသည်။ သို့သော် လူများသည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ဤအတိုင်း မတွေးကြပေ။ “ငါသည် အသုံးမကျသော အကောင်ယုတ်ဖြစ်သည်ဟု ငါမထင်ပါ။ ဤကိစ္စကို ငါ အဘယ်ကြောင့် မရိပ်စားမိနိုင်သနည်း။ ယင်းကို ငါ အဘယ်သို့များ မတွေ့ကြုံရသေးသနည်း။ ဘုရားသခင်၌ ငါ၏ ယုံကြည်လက်ခံမှုသည် ရိုးသားစစ်မှန်သည်။ ငါ့ထံတွင် ယုံကြည်ခြင်း ရှိသောကြောင့် ဘုရားသခင်ကို ငါ သစ္စာမဖောက်နိုင်ပါ။ ဘုရာနှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်သော်လည်း ‘လူများသည် ဘုရားသခင်ကို အချိန်မရွေး၊ နေရာမရွေး သစ္စာဖောက်နိုင်သည်’ ဟူသည့် စကားရပ်ကို ငါနားကိုမလည်နိုင်ပါ။ ငါသည် ဘုရားသခင်၏ ချစ်ခြင်းကို မြင်ပြီးဖြစ်သည်။ သူ့ကိုအချိန်မရွေး သစ္စာဖောက်ခြင်းမျိုး မည်သည့်အခါမျှ မရှိနိုင်ပါ” ဟု ၎င်းတို့ ထင်ကြသည်။ ဤသည်မှာ လူများက ၎င်းတို့၏စိတ်နှလုံးများထဲတွင် အမှန်တကယ် တွေးသည့်အရာဖြစ်သည်၊ သို့သော် ဘုရားနှုတ်ကပတ်တော်များမှာ အဖြစ်မှန်များ ဖြစ်ကြသည်၊ ၎င်းတို့ကို အခြေအမြစ်မရှိဘဲ လုပ်ကြံပြောခြင်း မဟုတ်ပေ။ ကိစ္စတိုင်းကို သင်တို့အား အတိအလင်း လက်ခံယုံကြည်စေလျက် သင်တို့အတွက် ထင်ရှားအောင်လုပ်ပြီးဖြစ်သည်။ ဤနည်းအားဖြင့်သာ သင်တို့သည် သင်တို့၏ဖောက်ပြန်ပျက်စီးခြင်းကို မှတ်မိနိုင်လိမ့်မည်ဖြစ်ပြီး သစ္စာဖောက်ခြင်းပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။ နိုင်ငံတော်တွင် သစ္စာဖောက်ခြင်း ရှိလိမ့်မည်မဟုတ်ပေ။ လူများသည် စာတန်၏ ထိန်းချုပ်မှုအောက်တွင် မဟုတ်ဘဲ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ကြသောအခါ ၎င်းတို့သည် အစစ်အမှန် လွတ်လပ်ကြသည်။ ထိုအခါတွင် ဘုရားသခင်ကို သစ္စာဖောက်ခြင်းအကြောင်း စိုးရိမ်ပူပန်ဖို့ လိုအပ်လိမ့်မည်မဟုတ်ပေ။ ထိုကဲ့သို့သော စိုးရိမ်ပူပန်ခြင်းမျိုးသည် မလိုအပ်ပါ၊ မလိုလားအပ်ပေ။ အနာဂတ်တွင် သင်တို့၌ ဘုရားသခင်ကို သစ္စာဖောက်မည့်အရာ တစ်ခုမျှ မရှိတော့ကြောင်းကို ကြေညာနိုင်သော်လည်း ယခုတွင်မူကား ဤသို့ မလုပ်နိုင်သေးပေ။ အကြောင်းမှာ လူများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို အချိန်မရွေး သစ္စာဖောက်နိုင်သည်။ အချို့အခြေအနေများ ရှိခြင်းက သစ္စာဖောက်ခြင်းဆီသို့ ဦးတည်သွားစေခြင်းနှင့် အချို့သောအခြေအနေများ သို့မဟုတ် အကျပ်ကိုင်မှုသာမရှိလျှင် သင်သည် ဘုရားသခင်ကို သစ္စာဖောက်လိမ့်မည် မဟုတ်ခြင်းတို့ မဟုတ်ပေ။ အကျပ်ကိုင်မှုမရှိလျှင်ပင် သင်သည် သူ့ကို သစ္စာဖောက်နိုင်သေးသည်။ ဤသည်မှာ လူသား၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့်ဆိုင်သော ပြဿနာတစ်ခု၊ လူ့သဘာဝ၏ ပြဿနာတစ်ခုဖြစ်သည်။ သင်သည် ယခု မည်သည့်အရာကိုမျှ မတွေးဘဲ သို့မဟုတ် မလုပ်ဘဲ နေလျှင်ပင် သင့်သဘာဝ၏စစ်မှန်မှုက အမှန်တကယ် တည်ရှိနေပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ အမြစ်ပြတ် သုတ်သင်ရှင်းလင်းနိုင်မည် မဟုတ်ပေ။ သင်၏ အတွင်းတွင် ဘုရားသခင်ကို သစ္စာဖောက်ခြင်း သဘာဝရှိသည့်အတွက် သူသည် သင်၏ စိတ်နှလုံးထဲတွင် မရှိပေ။ သင့်စိတ်နှလုံး၏ နက်ရှိုင်းရာတွင် ဘုရားသခင်အတွက် နေရာမရှိသကဲ့သို့ သမ္မာတရား၏ တည်ရှိခြင်းလည်း မရှိပေ။ သို့ဖြစ်၍ သင်သည် ဘုရားသခင်ကို အချိန်မရွေး နေရာမရွေး သစ္စာဖောက်နိုင်သည်။ ကောင်းကင်တမန်များသည် မတူကွဲပြားသည်။ ၎င်းတို့တွင် ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် အနှစ်သာရ မရှိကြလင့်ကစား အထူးသဖြင့် သူ့ကို အစေခံမှုပေးဖို့အတွက်၊ နေရာတိုင်းတွင် သူ၏အမိန့်များကို ဆောင်ရွက်ဖို့အတွက် ၎င်းတို့ကို သူက ဖန်ဆင်းထားခဲ့သောကြောင့် ၎င်းတို့သည် ဘုရားသခင်ထံ လုံးဝ ကျိုးနွံနာခံနိုင်ကြသည်။ ဘုရားသခင်က ၎င်းတို့ကို လုံးလုံးလျားလျား ပိုင်ဆိုင်သည်။ လူသားများအတွက်မူ သူ့ကို ကိုးကွယ်ရန် စွမ်းရည်ဖြင့် ၎င်းတို့ကို မပြင်ဆင်ပေးဘဲ ကမ္ဘာမြေကြီးပေါ်တွင် ၎င်းတို့ နေထိုင်ဖို့ ဘုရားသခင်က ရည်ရွယ်ခဲ့သည်။ ဤအကြောင်းကြောင့် လူသားများသည် ဘုရားသခင်ကို သစ္စာဖောက်ပြီး ခုခံနိုင်ကြသည်။ ဤသည်က လူသားများကို မည်သူမဆိုက အသုံးချနိုင်ပြီး ယှဉ်ပြိုင်နိုင်သည်ကို သက်သေပြသည်။ ၎င်းတို့တွင် မိမိတို့ကိုယ်တိုင်အပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းမရှိပေ။ လူသားများသည် ထိုကဲ့သို့သောသတ္တဝါများ ဖြစ်ကြသည်။ လုံးလုံးလျားလျား ဂုဏ်သိက္ခာကင်းမဲ့ကြပြီး အသုံးမကျကြပေ။
လူသား၏ သစ္စာဖောက်တတ်သည့်သဘာဝကို ဘုရားသခင်က ထုတ်ဖော်သည်။ ဤသို့ဖြင့် လူများသည် ဤကိစ္စအပေါ်တွင်လည်းကောင်း၊ မိမိတို့ကိုယ်ကိုအပေါ်တွင်လည်းကောင်း စစ်မှန်သော နားလည်ခြင်းတစ်ခု ရှိနိုင်သည်။ မည်သည့်ကိစ္စများတွင် ဘုရားသခင်ကို သူတို့ သစ္စာဖောက်နိုင်သည်နှင့် ဘုရားသခင်ကို သစ္စာဖောက်ခြင်းသို့ ဦးတည်သွားနိုင်သည့် မည်သည့်ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ၎င်းတို့၌ ရှိသည်တို့ကို နားလည်ရင်း ဤကဏ္ဍမှစ၍ လူများသည် ပြောင်းလဲဖို့ စတင်နိုင်ပြီး လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများကို ရှာဖွေဖို့ကြိုးစားနိုင်သည်။ များစွာသောကဏ္ဍများတွင် ဘုရားသခင်ကို သင်မပုန်ကန်တော့ဘဲ ကဏ္ဍအများစုတွင် သူ့ကို သစ္စာမဖောက်တော့သည့် အဆင့်သို့ သင်ရောက်သည်နှင့်တစ်ပြိုင်နက် သင်၏ဘဝလမ်းခရီး၏ အဆုံးသတ်သို့၊ ဘုရားသခင်၏ အမှုတော်ပြီးဆုံးသည့် အခိုက်အတန့်သို့ သင်ရောက်သောအခါ အနာဂတ်တွင် ဘုရားသခင်ကို သင်သစ္စာဖောက်မည် မဖောက်မည်ကို စိုးရိမ်ပူပန်ဖို့ လိုအပ်တော့မည် မဟုတ်ပေ။ ဤသည်ကို အဘယ်ကြောင့် ငါ ပြောရသနည်း။ စာတန်ကြောင့် လူများ ဖောက်ပြန်ပျက်စီးမသွားမီက စာတန်က ဆွဲဆောင်သိမ်းသွင်းသောအခါ သူတို့သည် ဘုရားသခင်ကို သစ္စာဖောက်နိုင်သည်။ စာတန်ပျက်စီးသွားသောအခါ လူများသည် ဘုရားသခင်ကို သစ္စာဖောက်ခြင်း ရပ်တန့်သွားမည် မဟုတ်လော။ ထိုအချိန်သည် ယခုထက်ထိ မရောက်လာသေးပေ။ လူများသည် ၎င်းတို့အတွင်းတွင် စာတန်၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိနေကြဆဲပင် ဖြစ်သည်။ အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို သစ္စာဖောက်နိုင်သည်။ ဘုရားသခင်ကို ခုခံခြင်းနှင့် သစ္စာဖောက်ခြင်းတို့နှင့်ပတ်သက်သည့် ထိုမှားယွင်းသောအမြင်များ၊ အယူအဆများနှင့် စိတ်ကူးများအားလုံးကို သင်စွန့်ပယ်ပစ်လိုက်သည်မှာ သေချာသည့်အဆင့်တစ်ခုရောက်သည်အထိ အသက်တာကို သင်တွေ့ကြုံပြီးသည်နှင့်တစ်ပြိုင်နက် သင်၏စိတ်နှလုံးထဲတွင် အပြုသဘောဆောင်သည့်အရာများစွာနှင့်အတူ သင်သည် သမ္မာတရားကို နားလည်ခဲ့ချေပြီ။ သင်သည် သင့်ကိုယ်သင် ထိန်းချုပ်နိုင်ပြီဖြစ်ပြီး သင့်ကိုယ်ပိုင်လုပ်ရပ်များကို ထိန်းသိမ်းနိုင်ပေပြီ။ ထို့အပြင် အခြေအနေအတော်များများတွင် သင်သည် ဘုရားသခင်ကို သစ္စာမဖောက်တော့ပေ။ ထိုအခါ စာတန် ပျက်စီးသွားသောအခါ သင်သည်လည်း လုံးဝ ပြောင်းလဲသွားလိမ့်မည်။ လက်ရှိအမှုတော်အဆင့်မှာ လူသား၏သစ္စာဖောက်ခြင်းနှင့် ပုန်ကန်ခြင်းကို ဖြေရှင်းဖို့ဖြစ်သည်။ စာတန်ကို ကိုင်တွယ်ဖြေရှင်းပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့် အနာဂတ်လူသားမျိုးနွယ်သည် ဘုရားသခင်ကို သစ္စာဖောက်လိမ့်မည် မဟုတ်ပေ။ စာတန်က လူသားမျိုးနွယ်ကို အထင်အမြင်မှားစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်း ကိစ္စ ရှိတော့မည်မဟုတ်ပေ။ ဤကိစ္စသည် ထိုအခါတွင် လူသားမျိုးနွယ်နှင့် မဆက်စပ်ဘဲ ရှိနေလိမ့်မည်။ ယခုအခါတွင် အဆုံးစွန် အရေးပါသည့် ပြဿနာတစ်ခုဖြစ်သည့် လူသား၏ သစ္စာဖောက်ခြင်းသဘာဝကို နားလည်ဖို့ လူများသည် တောင်းဆိုခြင်း ခံရသည်။ ဤသည်မှာ သင်တို့ စတင်သင့်သည့်နေရာဖြစ်သည်။ ဘုရားသခင်ကို သစ္စာဖောက်ခြင်းသဘာဝတွင် မည်သည့်အရာ ပါဝင်သနည်း။ သစ္စာဖောက်ခြင်းကို ထုတ်ဖော်ခြင်းများတွင် မည်သည်တို့ ပါဝင်သနည်း။ လူများသည် မည်သို့ ပြန်လည်သုံးသပ်ပြီး နားလည်သင့်သနည်း။ ၎င်းတို့သည် မည်သို့ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်သင့်သနည်း။ ဤအရာများအားလုံးကို နားလည်သင့်ပြီး ရှင်းလင်းပြတ်သားစွာ မြင်သင့်သည်။ သစ္စာဖောက်ခြင်းသဘာဝက တစ်စုံတစ်ဦး၏အတွင်းတွင် တည်ရှိနေသေးသရွေ့ ၎င်းတို့သည် ဘုရားသခင်ကို အချိန်မရွေး၊ နေရာမရွေး သစ္စာဖောက်နိုင်သည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ငြင်းပယ်ခြင်း သို့မဟုတ် သစ္စာဖောက်ခြင်းတို့ မလုပ်လျှင်ပင် သစ္စာဖောက်ခြင်းဟု လူများက မယူဆနိုင်သော်လည်း အနှစ်သာရအားဖြင့် ထိုသို့ဖြစ်သည့် အရာများစွာကို ၎င်းတို့ လုပ်နိုင်ကြဆဲဖြစ်သည်။ ဆိုလိုသည်မှာ လူများတွင် ကိုယ်ပိုင်လုပ်ပိုင်ခွင့် မရှိကြပါ။ စာတန်က ၎င်းတို့ကို ပထမဦးစွာ သိမ်းပိုက်ခဲ့ပြီဖြစ်သည်။ အကယ်၍ သင်သည် ဖောက်ပြန်ပျက်စီးခြင်းမရှိဘဲ ဘုရားသခင်ကို သစ္စာဖောက်နိုင်ပါက သင့်တွင် ယခုဆိုလျှင် စာတန်၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အပြည့်ဖြစ်သည့်အတွက် သင်သည် မည်မျှများများ ပို၍ သစ္စာဖောက်နိုင်သနည်း။ သင်သည် ဘုရားသခင်ကို အချိန်မရွေး၊ နေရာမရွေး ပို၍ပင် သစ္စာဖောက်နိုင်သည်မဟုတ်လော။ လက်ရှိလုပ်ငန်းတာဝန်မှာ ဘုရားသခင်ကို သင်သစ္စာဖောက်အောင် လုပ်သည့်ကိစ္စများကို လျှော့ချရင်း၊ သင့်ကို စုံလင်အောင်ပြုဖို့နှင့် ဘုရားသခင်၏ မျက်မှောက်တော်တွင် သူ၏လက်ခံခြင်းကို ခံရဖို့ အခွင့်အရေးများကို ပို၍ ပေးရင်း ထိုဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ရှင်းလင်းဖယ်ရှားဖို့ ဖြစ်သည်။ သင်သည် အမျိုးမျိုးသောကိစ္စရပ်များတွင် ဘုရားသခင်၏ အမှုတော်ကို ပို၍ တွေ့ကြုံရသည့်အတွက် သမ္မာတရားအချို့ကို ရနိုင်လိမ့်မည်ဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ စုံလင်အောင်ပြုခြင်း ခံရလိမ့်မည်။ အကယ်၍ စာတန်နှင့် နတ်ဆိုးများက သင့်အား စုံစမ်းသွေးဆောင်ဖို့ လာနေဆဲဖြစ်ပါက၊ သို့မဟုတ် ဆိုးယုတ်သောဝိညာဉ်များက သင့်ကို အထင်အမြင်မှားစေဖို့နှင့် အဖျက်အမှောင့်လုပ်ဖို့ လာဆဲဖြစ်ပါက သင်သည် ချင့်ချိန်နိုင်စွမ်းအချို့ကို ဖြစ်မြောက်အောင် လုပ်နိုင်လိမ့်မည်။ ထို့အပြင် ထိုသို့ဖြင့် ဘုရားသခင်ကို သစ္စာဖောက်သည့် နည်းလမ်းများဖြင့် ပြုမူလုပ်ဆောင်ခြင်း ပို၍နည်းပါးလာလိမ့်မည်။ ဤသည်မှာ လူများအတွင်းတွင် အချိန်နှင့်အမျှ ကြီးထွားလာသည့်တစ်စုံတစ်ခုဖြစ်သည်။ လူသားများကို ပထမဦးစွာ ဖန်ဆင်းခဲ့သည့်အချိန်က ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ရမှန်းကိုဖြစ်စေ၊ ကျိုးနွံနာခံရမှန်းကိုဖြစ်စေ မသိကြပေ။ ဘုရားသခင်ကို သစ္စာဖောက်ဖို့ဆိုသည်မှာ မည်သည့်အရာမှန်းလည်း ၎င်းတို့ မသိခဲ့ကြပေ။ စာတန်က ၎င်းတို့ကို သွေးဆောင်ဖြားယောင်းဖို့ လာခဲ့သောအခါက ၎င်းတို့သည် ကောင်းမြတ်ခြင်းနှင့် ဆိုးယုတ်ခြင်းကို မခွဲခြားနိုင်ခဲ့ကြဘဲ ဘုရားသခင်ကို ကိုးကွယ်ဆည်းကပ်ဖို့ အစွမ်းအစ မရှိခဲ့ကြသော ၎င်းနောက်သို့ လိုက်ခဲ့ကြပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြသည်၊ သစ္စာဖောက်များဖြစ်လာကြသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖန်ဆင်းရှင်ဖြစ်ကြောင်းနှင့် သူ့ကို ၎င်းတို့ မည်သို့ကိုးကွယ်သင့်ကြောင်းကို ၎င်းတို့ နားလည်ခြင်း ပို၍ပင် နည်းပါးသည်။ ယခုတွင် သူ၏အနှစ်သာရ၊ စိတ်သဘောထား၊ အနန္တတန်ခိုး၊ လက်တွေ့ကျခြင်း စသည်တို့အပါအဝင် ဘုရားသခင်ကို သိခြင်းအကြောင်း သမ္မာတရားများကို ၎င်းတို့အတွင်းတွင် လုပ်ဆောင်ခြင်းအားဖြင့် လူများကို ဘုရားသခင်က ကယ်တင်သည်။ ဤသို့ဖြင့် ယင်းတို့သည် ၎င်းတို့အသက်များ ဖြစ်လာကြပြီး ၎င်းတို့ကို ကိုယ်ပိုင်လုပ်ပိုင်ခွင့်များ ပေးအပ်လျက် သမ္မာတရားနှင့်အညီ အသက်ရှင်နေထိုင်ဖို့ ထောက်ကူပေးသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်းကောင်း သင်ပို၍နက်ရှိုင်းစွာ တွေ့ကြုံရလေ၊ သင်၏ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပို၍နက်ရှိုင်းစွာ သင်နားလည်လေဖြစ်လိမ့်မည်ဖြစ်ပြီး ဤသည်က သင့်အား ဘုရားသခင်ကို ကျိုးနွံနာခံဖို့၊ ချစ်ဖို့နှင့် စိတ်ကျေနပ်စေဖို့ စိတ်ပိုင်းဖြတ်ချက် ပေးလိမ့်မည်။ ဘုရားသခင်ကို သင်ပို၍သိလေ၊ ထိုအခါတွင် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပို၍ သင်ဖယ်ရှားနိုင်လေဖြစ်ပြီး သင့်အတွင်းတွင် ဘုရားသခင်ကို သစ္စာဖောက်သည့်အရာများ ပိုနည်းပါးလာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် ပို၍သဟဇာတဖြစ်သည့်အရာများ ပိုများလာလိမ့်မည် ဖြစ်သည်။ ဤအကြောင်းကြောင့် စာတန်ကို လုံးလုံးလျားလျား အနိုင်ရပြီး အောင်ပွဲဆင်နိုင်လိမ့်မည်။ သမ္မာတရားကြောင့် လူများသည် ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို ရပြီး စာတန်၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် ဘောင်ခတ်ခံရခြင်းတို့ မရှိတော့ဘဲ စစ်မှန်သော လူသားအသက်တာတစ်ခုအတိုင်း အသက်ရှင်နေထိုင်ရလိမ့်မည်။ “အကယ်၍ လူသားသည် မိမိအတွင်းတွင် ဖောက်ပြန်ပျက်စီးသော သဘာဝတစ်ခုရှိပြီး အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို သစ္စာဖောက်နိုင်ပါက ဘုရားသခင်က သူသည် လူသားကို စုံလင်အောင်ပြုခဲ့ပြီဟု မည်သို့ပြောနိုင်သေးသနည်း” ဟူ၍ လူအချို့က မေးကြသည်။ စုံလင်အောင်ပြုခံရခြင်းဟူသည်မှာ ဘုရားသခင်ကို ကိုးကွယ်သည့်နည်းလမ်းနှင့် ကျိုးနွံနာခံသည့်နည်းလမ်းတို့ကို နားလည်လျက် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခြင်းမှတစ်ဆင့် လူများသည် ဘုရားသခင်နှင့် ၎င်းတို့၏ ကိုယ်ပိုင်သဘာဝကို သိလာခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် ဘုရားသခင်၏အမှုတော်နှင့် လူသား၏ အလုပ်တို့အကြား ခွဲခြားသိမြင်လာနိုင်သည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်နှင့် ဆိုးယုတ်သောဝိညာဉ်များ၏ အလုပ်တို့အကြားက ကွာခြားချက်ကို သတိပြုမိနိုင်ပြီး စာတန်နှင့် မကောင်းဆိုးဝါးများက ဘုရားသခင်ကို မည်သို့ခုခံပုံ၊ ဘုရားသခင်ကို လူသားမျိုးနွယ်က မည်သို့ ခုခံပုံ၊ ဖန်ဆင်းခံတစ်ဦးဆိုသည်မှာ မည်သည်ဖြစ်သည်နှင့် ဖန်ဆင်းရှင်က မည်သူဖြစ်သည်တို့ကို နားလည်နိုင်သည်။ ၎င်းတို့ကို ဖန်ဆင်းပြီးနောက်တွင် ဘုရားသခင်၏အမှုတော်မှတစ်ဆင့် လူများထံသို့ ဤအရာများအားလုံးကို ထပ်ထည့်ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့ထံ တစ်ခုခုကို ထည့်ပေးခဲ့ပြီး ၎င်းတို့အတွင်းတွင် တစ်ခုခုကို ပေါ်ပေါက်စေခဲ့သောကြောင့် အစပိုင်းတွင် ဖောက်ပြန်ပျက်စီးခြင်း မရှိခဲ့သောသူများထက် နောက်ဆုံး စုံလင်စေခြင်းခံရပြီးသော လူသားများသည် ပို၍မည်မည်ရရရှိပြီး ပို၍တန်ဖိုးရှိသည်။ ထိုသို့ဖြင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း၊ ကျိုးနွံနာခံခြင်းနှင့်လည်းကောင်း၊ ကျင့်ကြံပြုမူပုံနှင့်လည်းကောင်း သက်ဆိုင်သော သမ္မာတရားကို ပို၍ကောင်းမွန်စွာ နားလည်ခြင်းအားဖြင့် နောက်ဆုံး စုံလင်စေခြင်းခံရပြီးဖြစ်သည့် လူသားများသည် အာဒံနှင့် ဧဝတို့ထက် ကိုယ်ပိုင်လုပ်ပိုင်ခွင့် ပို၍ရှိကြလေသည်။ အာဒံနှင့် ဧဝတို့သည် ဤအရာများကို မသိခဲ့ကြပေ။ မြွေ၏ စုံစမ်းသွေးဆောင်ခြင်းကို ခံရသောအခါ ကောင်းမကောင်းသိကျွမ်းရာအပင်မှ အသီးကို ၎င်းတို့ စားသုံးခဲ့ကြသည်၊ ထို့နောက်တွင် ၎င်းတို့၏ရှက်ဖွယ်ကို သိမြင်လာခဲ့သည့်တိုင် ဘုရားသခင်ကို မည်သို့ကိုးကွယ်ရမည်ကို မသိခဲ့ကြသေးပေ။ ထိုအချိန်မှစ၍ ယခုအချိန်အထိ လူသားမျိုးနွယ်သည် တိုး၍တိုး၍ ဖောက်ပြန်ပျက်စီးလာခဲ့ကြသည်။ ဤသည်မှာ အလွန်သိမ်မွေ့နက်နဲသော ကိစ္စတစ်ရပ်ဖြစ်သည်။ ယင်းကို မည်သူမျှရှင်းလင်းစွာ နားမလည်နိုင်ကြပေ။ လူ့ဇာတိ၏ ပင်ကိုစရိုက်များကြောင့် လူများသည် အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို သစ္စာဖောက်နိုင်သော်လည်း နောက်ဆုံးတွင် ဘုရားသခင်က လူသားကို စုံလင်အောင်ပြုမည်ဖြစ်ပြီး နောက်တစ်ခေတ်ထဲသို့ ၎င်းတို့ကို ခေါ်ဆောင်သွားလိမ့်မည်။ ဤသည်မှာ လူများ နားလည်ဖို့ ခက်ခဲသည့်အရာတစ်ခုဖြစ်သည်။ ယင်းကို တဖြည်းဖြည်းချင်းသာ တွေ့ကြုံနိုင်သည်။ သမ္မာတရားကို နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းသည် အလိုအလျောက် ရှင်းလင်းသွားလိမ့်မည်။
လူများအတွက် ဘုရားသခင်ကို သိဖို့ အဘယ်ကြောင့် လိုအပ်သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သိခြင်းမရှိလျှင် လူများသည် သူ့ကို ခုခံလိမ့်မည်ဖြစ်သောကြောင့်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို နားမလည်ပါက ၎င်းသည် စာတန်နှင့် ဆိုးယုတ်သောဝိညာဉ်များက အထင်အမြင်မှားစေခြင်းနှင့် အသုံးချခြင်းကို ခံရနိုင်ဖွယ်ရှိသည်။ ၎င်းသည် စာတန်၏ စွမ်းအားမှ လွတ်မြောက်ဖို့ တတ်နိုင်မည်မဟုတ်ပေ။ ထိုသို့ဖြင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိဖို့ အရေးနိမ့်ခဲ့သည်။ သို့သော် တစ်စုံတစ်ဦးသည် သမ္မာတရားကို နားလည်ပါက ဘုရားသခင်နှင့်ပတ်သက်သော စစ်မှန်သောသိမြင်မှုကို ရလိမ့်မည်၊ သူ့ကို အမှန်တကယ် ကျိုးနွံနာခံနိုင်လိမ့်မည်၊ သူ့ကို သက်သေခံနိုင်လိမ့်မည်၊ ပြီးလျှင် သူက ရယူခြင်းကို ခံရလိမ့်မည်။ ထိုကဲ့သို့သောလူတစ်ယောက်ကို စာတန်က အထင်အမြင်လွဲမှားအောင် လုပ်လိုလျှင်ပင် လုပ်နိုင်မည် မဟုတ်ချေ၊ သို့မဟုတ် အသုံးချနိုင်မည် မဟုတ်ချေ။ ဤသည်မှာ စာတန်၏ စွမ်းအားမှ အပြည့်အဝ လွတ်မြောက်ခြင်းနှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိပြီးဖြစ်ခြင်းတို့ကို ဆိုလိုသည့်အရာဖြစ်သည်။ ထို့အပြင် ဤသည်မှာ ဘုရားသခင်ကို လူများ သိရှိဖို့အတွက် ဘုရားခင်၏ သတ်မှတ်ချက်နှင့်ပတ်သက်သော အရေးပါမှုဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သိပါက သူ၏ကယ်တင်ခြင်းကို သင်ခံရနိုင်သည်။ ဘုရားသခင်ကို သိခြင်းမရှိဘဲ သင်သည် ကယ်တင်ခြင်းမခံရနိုင်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို နားမလည်ဘဲ သမ္မာတရားကိုလည်း လုံးဝ မလိုက်စားပါက ထိုအစား ၎င်း၏စာတန်ဆန်သော စိတ်သဘောထားများအတိုင်း နေထိုင်ပြီး သမ္မာတရားအချို့ကို နားလည်လျှင်ပင် ယင်းကို လက်တွေ့မလုပ်ဆောင်ဘဲ သိလျက်နှင့် ပြစ်မှားနေဆဲဖြစ်ပါက ၎င်းကို အမှန်တကယ် ကယ်တင်၍ မရတော့ပေ။ ယခုတွင် သင်တို့သည် မည်သည့်အခြေအနေတွင် ရှိနေသနည်း။ ယခု သင်တို့တွင် မျှော်လင့်ချက်ရေးရေးမျှ ရှိနေသေးသရွေ့ သင်၏အတိတ်မှပြစ်မှားခြင်းများကို ဘုရားသခင်က အောက်မေ့သည်ဖြစ်စေ၊ မအောက်မေ့သည်ဖြစ်စေ သင်သည် မည်သည့်စိတ်နေစိတ်ထားမျိုးကို ထိန်းသိမ်းသင့်သနည်း။ “ကျွန်ုပ်၏စိတ်သဘောထားထဲတွင် အပြောင်းအလဲတစ်ခုကို ကျွန်ုပ် လိုက်စားရမည်၊ ဘုရားသခင်ကို သိကျွမ်းခြင်းကို လိုက်စားရမည်၊ စာတန်က အရူးလုပ်ခြင်းကို မည်သည့်အခါမျှ မခံတော့ပေ၊ ပြီးလျှင် ဘုရားသခင်၏နာမတော်ကို အရှက်ရစေမည့်တစ်ခုခုကို မည်သည့်အခါမျှ မလုပ်တော့ပြီ” ဟူ၍ ဖြစ်သည်။ ယခုခေတ်လူများသည် အလွန်နက်နဲစွာ ဖောက်ပြန်ပျက်စီးပြီး မည်သည့်တန်ဖိုးမျှ မရှိချေ။ ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့တွင် မျှော်လင့်ချက်တစ်စုံတစ်ရာ ရှိမရှိတို့အပေါ် မည်သည့်အဓိကအပိုင်းများက ဆုံးဖြတ်ပေးသနည်း။ အဓိကသော့ချက်မှာ တရားဒေသနာတစ်ခုကို နားထောင်ပြီးသည့်နောက်တွင် သမ္မာတရားကို သင် သဘောပေါက်နားလည်နိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ သင်ပြောင်းလဲနိုင်ခြင်း ရှိမရှိ တို့ဖြစ်ကြသည်။ ဤအရာများမှာ အဓိကအပိုင်းများဖြစ်ကြသည်။ အကယ်၍ သင်သည် နောင်တကြီးစွာရခြင်းကိုသာ ခံစားရပါက၊ ထို့အပြင် ကိစ္စများကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်သည့်အခါ ယခင်နည်းလမ်းဟောင်းများအတိုင်း သင်လုပ်ဆောင်လိုသည့်အရာ မှန်သမျှကိုသာ လုပ်ဆောင်ပါက၊ သမ္မာတရားကို မရှာဖွေရုံသာမက အမြင်ဟောင်းများ၊ နည်းစနစ်များနှင့် စည်းမျဉ်းစည်းကမ်းများကိုသာ တွယ်ဖက်ထားဆဲဖြစ်ပါက၊ ထို့အပြင် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ခြင်းနှင့် သိရှိရန် ကြိုးစားခြင်း မရှိသည်သာမက ထိုအစား ပို၍ပို၍ဆိုးဝါးလာပြီး သင်၏ လမ်းဟောင်းကို မရမက လျှောက်နေဆဲဖြစ်ပါက သင်သည် မျှော်လင့်ချက်မရှိဘဲ ဖြစ်လိမ့်မည်ဖြစ်ပြီး မျှော်လင့်ချက်မဲ့သဖြင့် သင့်ကို ဆုံးရှုံးမှုအဖြစ် သတ်မှတ်သင့်သည်။ ဘုရားသခင်နှင့်ပတ်သက်၍ ပို၍ကြီးမားသော သိမြင်မှုကြောင့်လည်းကောင်း၊ သင့်ကိုယ်သင် ပို၍နက်နက်နဲနဲ သိမြင်မှုကြောင့်လည်းကောင်း သင်သည် မကောင်းမှုကျူးလွန်ခြင်းနှင့် အပြစ်ပြုခြင်းတို့မှ သင့်ကိုယ်သင် ပို၍ကောင်းစွာ တားဆီးနိုင်လာလိမ့်မည်။ သင်၏သဘာဝနှင့်ပတ်သက်သော ပိုမိုသိမြင်မှုမှတစ်ဆင့် သင့်ကိုယ်သင် ပို၍ကောင်းစွာ ကာကွယ်နိုင်လာလေဖြစ်ပြီး သင်၏အတွေ့အကြုံများနှင့် သင်ခန်းစာများကို ပေါင်းရုံးသုံးသပ်ပြီးသည့်နောက်တွင် နောက်ထပ် ကျရှုံးတော့မည်မဟုတ်ပေ။ အကယ်စင်စစ်တွင်မူ လူတိုင်းတွင် အမည်းစက်အချို့ရှိကြသည်။ ဘုရားသခင်က ၎င်းတို့အား ဤအရာများအတွက် ဗွေမယူခြင်းသာဖြစ်လေသည်။ လူတိုင်းတွင် ထိုအရာများရှိကြသည်မှာ အတိုင်းအတာ အနည်းနှင့်အများသာ ကွာခြားသည်။ အချို့ကို ပြော၍ရနိုင်ပြီး အခြားမှာ ပြော၍မရနိုင်ပေ။ လူအချို့သည် အခြားလူများသိသည့် ကိစ္စများကို လုပ်ကြသည်၊ အချို့လူများကမူ မည်သူမျှ မသိအောင် ကိစ္စများကို လုပ်ကြသည်။ လူတိုင်း၌ ၎င်းတို့အထဲတွင် ပြစ်မှားမှုများနှင့် အမည်းစက်များရှိကြသည်။ ပြီးလျှင် မာနထောင်လွှားခြင်း သို့မဟုတ် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းတို့ကဲ့သို့သော အချို့သောဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ၎င်းတို့အားလုံး ထုတ်ဖော်ကြသည်။ ၎င်းတို့အားလုံးတွင် ၎င်းတို့၏ အလုပ်၌ လမ်းလွဲမှုအချို့ ရှိကြသည် သို့မဟုတ် ရံဖန်ရံခါ ပုန်ကန်ဖူးကြသည်။ ဤသည်တို့အားလုံးမှာ နားလည်၍ရနိုင်သည်။ ယင်းတို့မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက် ရှောင်လွှဲ၍မရချေ။ သို့သော် လူများ သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် ဤအရာကို ၎င်းတို့ ရှောင်လွှဲနိုင်သင့်ပြီး နောက်ထပ်မပြစ်မှားသင့်တော့ချေ။ ပြီးလျှင် ယခင်က ကျူးလွန်ခဲ့မိသည့် ပြစ်မှားမှုများကြောင့် သောကရောက်နေဖို့ မလိုအပ်တော့ပေ။ အဓိကအချက်မှာ လူများ နောင်တရခြင်း ရှိမရှိ၊ ၎င်းတို့အမှန်တကယ် ပြောင်းလဲပြီးခြင်း ရှိမရှိ ဖြစ်သည်။ နောင်တရပြီး ပြောင်းလဲသူများသည် ကယ်တင်ခြင်း ခံရသူများဖြစ်သော်လည်း တစ်လျှောက်လုံး နောင်တ မရသေးသကဲ့သို့ မပြောင်းလဲသေးသည့်သူများသည် ဖယ်ရှားရှင်းလင်းခြင်းခံရမည် ဖြစ်သည်။ သမ္မာတရားကို နားလည်ပြီးသည့်နောက် လူများသည် သိလျက်နှင့် ပြစ်မှားဆဲဖြစ်ပါက ၎င်းတို့သည် စွဲစွဲမြဲမြဲ နောင်တမရဘဲရှိကာ မည်မျှပြုပြင်ခြင်းခံရပါစေ သို့မဟုတ် သတိပေးခံရပါစေ လုံးလုံး မပြောင်းလဲပါက ထိုသို့သော လူများသည် ကယ်တင်၍မရနိုင်ပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။